Friday, July 20, 2012

အစ္စရေးသမ္မတ ရှီမွန်ပီရက်ဇ်၏ ရမ်ဇာန်အတွက် ငြိမ်းချမ်းရေးသတင်းစကား

စတူးဝပ်ဝင်းနား
ဇူလိုင် ၁၉၊ ၂၀၁၂
source : http://goo.gl/9UdAI



အစ္စရေးသမ္မတက အစ္စလာမ်သာသနာအရ မြင့်မြတ်သည့် လ(ရမ်ဇာန်)အတွင်း ကျင့်သုံးကြ ရသည့် တရားမျှတမှုတန်ဖိုး၊ ဝိညာဉ်ရေးနှင့် ငြိမ်းချမ်းရေးတို့အကြောင်းကို ယူကျူဘ်ဗွီဒီယိုဖြင့် ထုတ်ဖော် ပြောဆိုခဲ့သည်။

ရှီမွန်ပီရက်ဇ်က ကမ္ဘာ့မွတ်စလင်မ်ထုအား ငြိမ်းချမ်းသော ရမ်ဇာန်လမြတ်အား ဆန္ဒပြုပါကြောင်းဖြင့် ဗုဒ္ဓဟူးနေ့က အင်တာနက်ပေါ်တင်ထားသည့် ထိုဗွီဒီယိုဖိုင်တွင် ပြောကြားထားသည်။

ထိုသတင်းစကားတွင် ပီရက်ဇ်က မွတ်စလင်မ်နှင့် ဂျူးများအကြား စိတ်ဓာတ်ရေးရာခံစားမှုများ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးတို့ သာတူညီမျှကျင့်သုံးကြသည့်အကြောင်းကို (အာရဗစ်စကားလုံးများ ကြားညှပ်ကာ) ပြောဆိုသွားခဲ့သည်။ အစ္စရေးတို့အား ကိုယ်စားပြုပြောကြားသော ထိုသတင်းစကားတွင် ပီရက်ဇ်က မွတ်စလင်မ်တို့အား ငြိမ်းချမ်းသော လမြတ်တစ်ခု ဖြစ်စေလိုပါကြောင်း ဆန္ဒပြုခဲ့သည်။ ထို့ပြင် ဗွီဒီယိုဖိုင်အား ဆလာမ် အလိုက်ကွမ်းဟု အစပြုထားသည်။

သောကြာနေ့တွင် အစပြုမည့် ရမ်ဇာန်မှာ အစ္စလာမ့်ပြက္ခဒိန်အရ လထူးလမြတ်ဖြစ်ပြီး နေ့အချိန်တွင် ဥပုသ်ဆောက်တည်ကာ ညဉ့်အချိန်၌သာ အစာစားသုံးနိုင်သည်။

အသက် ၈၀ ကျော်နေပြီဖြစ်သည့် ပီရက်ဇ်က သူ့အနေဖြင့် နည်းပညာများနှင့် အကျွမ်းတဝင်ရှိနေဆဲ ဖြစ်ကြောင်းကို ထိုသတင်းစကားပါ ဗွီဒီယိုအား ယူကျူဘ်ပေါ်ရှိ ကိုယ်ပိုင် ချဲနယ်လ်တွင် တင်ပေး လိုက်ခြင်းဖြင့် သက်သေပြခဲ့သည်။ ပီရက်ဇ်က အရေးကြီးသည့် အခါသမယများနှင့် ပွဲတော်များအလိုက် ဗွီဒီယိုဖိုင်များကိုလည်း ယခင်က တင်ပေးထားခဲ့ဖူးသည်။

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-