Monday, May 14, 2012

အမေရိကန် စစ်ဘက်ဆိုင်ရာသင်တန်းများက အစ္စလာမ်သည် ရန်သူဖြစ်ကြောင်း သင်ကြားခဲ့



မေလ ၁၁ ရက်၊ ၂၀၁၂

အမေရိကန် စစ်သားအရာရှိများသင်တန်းတစ်ခုတွင် အမေရိကန်၏ရန်သူမှာ ယေဘုယျအားဖြင့် အစ္စလာမ်သာသနာဖြစ်ကြောင်း သင်ကြားပို့ချခဲ့သည်။ ထို့ပြင် ယင်းသင်တန်းတွင် အစ္စလာမ်သာသ နာဝင်များ အထွတ်အမြတ်ထားရာ မက္ကာနှင့်မဒီနာမြို့များကိုလည်း သာမာန်အရပ်သားများ ထိခိုက် မှုမရှိစေဘဲ ချေမှုန်းပြစ်ရန် အကြံပေးတင်ပြမှုများရှိခဲ့ကြောင်း၊ သို့ချေမှုန်းပြစ်ခြင်းမှာ ဒုတိယကမ္ဘာစစ် အတွင်း ဟီရိုရှီးမားကိုအနုမြူဗုံးကြဲချသည့် တရားဝင်ဆုံးဖြတ်ချက်အတိုင်း ခြေရာခံရမည်ဖြစ်ကြောင်း စသဖြင့် ယူကေထုတ်ဂါးဒီးယန်းသတင်းစာ ဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည်။

ပန်တဂွန်တွင်ကျင်းပခဲ့သည့် အစည်းအဝေးပွဲတစ်ခု၌ ဗိုလ်ချုပ်ဒမ့်ပ်ဆေးမှ စစ်ကောလိပ်များ၏ အန္တီအစ္စလာမ် သင်ရိုးများ ရပ်တန့်သည့်အကြောင်း တင်ပြနေစဉ်။

သင်တန်းကို သင်တန်းသားတစ်ဦးကကန့်ကွက်သဖြင့် ယခုနှစ် ဧပြီလကုန်ပိုင်း၌ ရပ်ဆိုင်းခဲ့သည်။ အက်ဖ်ဘီအိုင်၏ အစ္စလာမ်သာသနာနှင့်အဓိကပတ်သတ်သည့် စုံထောက်လေ့ကျင့်ရေးများကိုလည်း ထိုသည့်ကန့်ကွက်ချက်ကြောင့် ပြောင်းလဲပြစ်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း အမေရိကန်မှာ အစ္စလာမ်မစ် အစွန်းရောက်များကို စစ်ပွဲဆင်နွှဲခဲ့ခြင်း ဖြစ်သော်လည်း အစ္စလာမ်သာသနာကို စစ်ဆင်နွှဲခြင်းမဟုတ် ကြောင်း စသဖြင့် အမေရိကန်တာဝန် ရှိသူများ၏ အပြုသဘောဆောင် ကြေညာမှုများကို ထိုသင်တန်းကဆက်တိုက်ဆိုသလို ရင်ဆိုင်ခဲ့ရ သည်။

ဗာဂျီးနီးယားနယ်၊ နော်ဖော်လ်က်၊ Joint Forces Staff College တွင် ပို့ချခဲ့သည့် သင်တန်းတစ်ခု၌ လက်ထောက်ဗိုလ်မှူးကြီး မက်သရူးဒူးလေးဆိုသည့် သင်တန်းပို့ချသူက “သူတို့ (မွတ်စလင်မ်)က ခင်ဗျားတို့ဘယ်လိုရပ်တည်သည်ဖြစ်ပါစေ ခင်ဗျားတို့ကိုမုန်းမှာပဲ၊ အတူတကွနေထိုင်ရေးကို ဘယ်တော့မှပြုလုပ်လိမ့်မှာမဟုတ်ဘူး၊ ခင်ဗျားတို့ သူတို့ဘာသာထဲကို မဝင်ရောက်မချင်းအထိပေါ့။” ဟု လွန်ခဲ့သည့်ဂျူလိုင်လတွင် ပို့ချသည့်သင်တန်းသရုပ်ပွဲပြတွင် ပြောခဲ့သည်။ ထိုကောလိပ်က စစ်ဘက်ဆိုင်ရာများတွင် အလယ်အလတ်တန်းစား ရာထူးရှိသူများနှင့် အစိုးရဝန်ထမ်းများကို စစ်ပွဲ တိုက်ခိုက်ပုံနှင့် စီစဉ်ပုံများကို သင်ကြားပေးသော ကောလိပ်ဖြစ်ကြောင်း ဂါးဒီးယန်းက ဖော်ပြသည်။

လက်ထောက်ဗိုလ်မှူးကြီး မက်သရူးဒူးလေးကပင် ဂျီနီဗာကွန်ဗင်းရှင်း၏ စံသတ်မှတ်ချက်များမှာ စစ်ဘက်ဆိုင်ရာပြဿနာရပ်များ၌ ဆီလျော်အပ်စပ်မှုမရှိတော့ဟု ထင်မြင်ကြောင်းတင်ပြခဲ့သည်။

“ ဒီအကြောင်းအရာတွေကြောင့်ပဲ အရပ်သားတွေကိုလိုအပ်တဲ့အခါ စစ်ခင်းတိုက်ခိုက်ရမယ်ဆိုတဲ့ ချွင်းချက်ကို ပြန်ပြီးဖွင့်ပေးရပါလိမ့်မယ်။ (ဒရက်စ်ဒန်၊ တိုကျို၊ ဟီရိုးရှီးမားနှင့် နာဂါစကီမြို့များတွင် ဖြစ်ပျက်ခဲ့သည့် အရပ်ဘက်ပစ်မှတ်များအား တိုက်ခိုက်သည့်ပုံစံအတိုင်း မက္ကာနှင့်မဒီနာကို ဖျက်ဆီး ပြစ်ရန် ဆုံးဖြတ်ချက်ချသည့်အခါ ထည့်သွင်းစဉ်းစားရမည့်အချက်အဖြစ် တင်ပြခဲ့ခြင်းဖြစ် သည်။)” ဟု မက်သရူးက ဆက်လက်ပြောကြားခဲ့သည်။

သူ၏ စစ်ပွဲအတွက်အစီအစဉ်မှာ Saudi Arabia threatened with starvation ... Islam reduced to cult status ဆိုသည့် ဆော်ဒီအာရေဗျအား အငတ်အပြတ်ဖြစ်စေပြီး ခြိမ်းခြောက်ရန်နှင့် အစ္စလာမ်သာသနာအား သာသနာတစ်ခုအဖြစ်မှ သာမာန်ဘာသာရေးအဖွဲ့တစ်ခုအဖြစ် အဆင့်လျော့ချရန်ဖြစ် သည်။ 

သူ၏ တင်ပြချက်ကို U.S. Military Taught Officers: Use ‘Hiroshima’ Tactics for ‘Total War’ on Islam တွင်လေ့လာနိုင်သည်။ ကောလိပ်ကမူ ဂါးဒီးယန်းသတင်းစာ၊ ဝါရှင်တန်ပုံနှိပ်တိုက်၏ စာမူကော်ပီတောင်းခံမှုကို တစ်စုံတစ်ရာမတုန့်ပြန်သော်လည်း ပန်တဂွန်ကမူ ထိုတင်ပြချက်စာမူကို အတည်ပြုပေးခဲ့သည်။

 မက်သရူးဒူးလေးက ကော်လိပ်အတွက်ဆက်လက်တာဝန်ထမ်းနေသော်လည်း စာသင်ကြားမှုတွင် မဟုတ်တော့ကြောင်း ဝန်ထမ်းများ၏ ပူးတွဲအကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မာတင်ဒမ်ပ့်ဆေးက ပြော ကြားခဲ့သည်။ ဒူးလေးကမူ တစ်စုံတစ်ရာမှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

စစ်ဘက်ဆိုင်ရာ မှတ်တမ်းများအရ မက်သရူးဒူးလေးသည် ၁၉၉၄ ၌၊ နယူးယောက်မြို့ ၊ အနောက်ဘက်ပွိုင့်ရှိ အမေရိကန်စစ်ဘက်အကယ်ဒမီတွင် ဘွဲ့ရပြီးနောက် ဒုဗိုလ်ရာထူးရရှိခဲ့ကြောင်း၊ ဂျာမနီ၊ ဘော့စနီးယား၊ ကူဝိတ်နှင့်အီရတ်တို့သို့ သွားရောက်ခဲ့ဖူးပြီး ဆုတံဆိပ်မျိုးစုံရရှိခဲဖူးကြောင်း၊ ထိုတံဆိပ်များထဲတွင် အမေရိကန်၏ တိုက်ပွဲထူးချွန်ဆု စတုတ္ထမြောက်အမြင့်ဆုံးဖြစ်သည့် ကြေးနီကြယ်တံဆိပ်လည်းပါဝင်ကြောင်း သိရသည်။

အစ္စလာမ်ပြောင်းလဲရေးနှင့်ပတ်သတ်ပြီး မက်သရူးဒူးလေး၏စံပြပုံစံမှာ အစ္စလာမ်သာသနာနှင့် အတွေးအခေါ်ပိုင်းအရလည်းကောင်း၊ ဒဿနပိုင်းအရလည်းကောင်း တိုက်ရိုက်ရင်ဆိုင်ရန်နှင့် သူ၏ ကိုယ်ပိုင်ယူဆချက်အရ အစ္စလာမ်သည် သာသနာတစ်ခုထက် အတွေးအခေါ်အယူအဆ တစ်မျိုးသာ ဖြစ်ကြောင်း သိရသည်။

သူက အစ္စလာမ်သည် အနောက်နိုင်ငံများနှင့် အထူးသဖြင့်အမေရိကန်တို့ကို စစ်ကြေညာပြီးဖြစ် ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်၏ လက်ရှိမူဖြစ်သည့် စစ်ပွဲရင်ဆိုင်ရေးကိုရှောင်ကာ အစ္စလာမ့်ခေါင်းဆောင်များနှင့် ဘုံတူညီချက်ရှာဖွေနေခြင်းကို အမေရိကန်ဗျူဟာအဖြစ်ဆက်လက်ကျင့်သုံးနေခြင်းမှာ ဆီလျော် အပ်စပ်မှုမရှိတော့ကြောင်း မက်သရူးဒူးလေးက တင်ပြသည်။

သင်တန်းတွင် အစ္စလာမ်သာသနာအကြောင်းကို အဓိကသင်ခန်းစာများ၏ အစိတ်အပိုင်းအဖြစ် ၂၀၀၄ မှစတင်သင်ကြားခဲ့ပြီး တစ်နှစ်တွင် ငါးကြိမ်ခန့်သင်တန်းပို့ချခဲ့ကာ တစ်ကြိမ်ဆီတွင် သင်တန်း သား ၂၀ ရှိခဲ့ကြောင်း သိရသည်။

သင်တန်းကို ကျောင်းသားတစ်ဦး၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့ပြီး ရက်အနည်းငယ်၌ ဗိုလ်ချုပ် ဒမ့်ပ်ဆေးက ဌာနခွဲအားလုံး၏ သင်တန်းများတွင် အန္တီအစ္စလာမ်သင်ခန်းစာများ ထည့်သွင်းမထားဖို့ ပြန်လည်စစ်ဆေးသုံးသပ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ဒမ့်မ်ပ်ဆေးက နော်ဖော်လ်က်ရှိသင်တန်း၏ သင်ရိုးများမှာ အမေရိကန်၏ သာသနာရေးလွတ် လပ်ခွင့်နှင့် ယဉ်ကျေးမှုဆိုင်ရာ အသိများကို တန်ဖိုးထားရေးတို့အတွက်ဖြစ်ကြောင်း ရှင်းပြသည်။

အမေရိကန် ဖက်ဒရယ်အစိုးရ၏ အစ္စလာမ်သာသနာအတွက် မကောင်းထင်မြင်နေမှုမှာ ပြဿနာအ သစ်အဆန်းမဟုတ်ပေ။ အက်ဖ်ဘီအိုင်၏ ခြောက်လကြာ စုံထောက်သင်တန်းတစ်ခု၌ မသင့်တော် သည့် တိုက်ခိုက်ရေးဆန်ဆန် တရားဝင်ဖော်ပြမထားသော သင်ရိုး ၈၇၆ ခုရှိခဲ့ကာ ၃၉၂ ခုသော သရုပ်ပြတင်ဆက်မှုများတွင် ထိုသင်ရိုးများကို သုံးစွဲခဲ့ကြောင်း၊ ပါဝါပွိုင့်ဆလိုက်များတွင်ပင် အသုံးပြု ခဲ့ကြောင်း၊ ထိုပါဝါပွိုင့်များတွင် အကြမ်းဖက်မှုများစုံစမ်းစစ်ဆေးသည့်အခါ ရုံးချုပ်က ဥပဒေကို အင်အားသုံးရပ်တန့်ရန် သို့မဟုတ် ရပ်တန့်ပြစ်ရန် အခွင့်ရှိကြောင်း ဖော်ပြထားသည်။


တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-