Tuesday, May 15, 2012

ကာဇက်စတန် : အဟ်မဒီမွတ်စလင်မ်များ၏ ဘုရားဝတ်ပြုရာနေရာများ အင်အားသုံးပိတ်ပင်ခံရ၊ မက်သဒစ်ဘုရားကျောင်း များလည်း စိုးရိမ်ပူပန်နေရ။

Ahmadiyya Times | News Watch | Int'l Desk
Source/Credit: Forum 18 News Service
By Mushfig Bayram | April 24, 2012


ကာဇက်စတန်တွင် အဟ်မဒီယာမွတ်စလင်မ်များ၏ ဘုရားဝတ်ပြုရာနေရာများအားလုံးကို အာဏာပိုင် များက ပိတ်ပစ်ခဲ့ကြကြောင်း သိရသည်။ အဟ်မဒီယာမွတ်စလင်မ်များ၏ ဘုရားဝတ်ပြုရာနေရာများ မှာ လူနေအိမ်များတွင်ဖြစ်၍ ယင်းသို့ပိတ်ပြစ်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ဝင်များက Forum 18 News Service တွင် ဖော်ပြထားသည်။

မတ်လ ၂ ရက်နေ့၌ ကာဇက်စတန်၏ စီးပွားရေးအချက်အချာမြို့ဖြစ်သော အလ်မာတီရှိ အဟ်မဒီယာ မွတ်စလင်မ်များ၏ ဝတ်ပြုဆုတောင်းသည့်နေအိမ်ကို နယ်မြေထောက်လှမ်းရေးအဖွဲ့က အင်အားသုံး ပိတ်ပြစ်ခဲ့ကြောင်း၊ ထိုသို့မပိတ်ပစ်မီ လူနေအိမ်ကို ဘုရားဝတ်ပြုရာနေရာပြုလုပ်ထားမှုအတွက် ဒဏ်ငွေတပ်ရိုက်ခဲ့သေးကြောင်း သိရသည်။

ထိုသို့သောဆောင်ရွက်ချက်များကို နယ်မြေထောက်လှမ်းရေးအဖွဲ့နှင့်အခြားအာဏာပိုင်အဖွဲ့များက စစ်ဆင်ရေးတစ်ခုသဖွယ်လုပ်ဆောင်နေကြခြင်းဖြစ်ပြီး သာသနာရေးဆိုင်ရာ တွေ့ဆုံဝတ်ပြုပွဲများကို လူနေအိမ်များ၌ပြုလုပ်ခြင်းအား အပြစ်ပေးအရေးယူနေကြခြင်းဖြစ်ကြောင်း Forum 18 notes ၌ဖော်ပြသည်။

၂၀၁၂ အစောပိုင်းကတည်းက မှတ်ပုံတင်ထားသောသာသနာရေးအဖွဲ့အစည်းများကိုလည်းကောင်း၊ မှတ်ပုံမတင်ထားသည့်အဖွဲ့များကိုလည်းကောင်း ထိုစစ်ဆင်ရေးဖြင့် ဝင်ရောက်စစ်ဆေးအရေး ယူလျက်ရှိသည်။

အလ်မာတီအနီးရှိ အခြားမြို့တစ်မြို့ဖြစ်သော တယ်လ်ဒီကောဂန်ရှိ လူနေအိမ်တွင် ပြုလုပ်ထားသော မက်သဒစ်ချာခ်ျအသေးစားတစ်ခုကိုလည်း ပိတ်ပစ်မည်ဟု နယ်မြေထောက်လှမ်းရေးများဘက်မှ ခြိမ်းခြောက်ခဲ့ကြောင်း၊ ဧပြီလတွင် လူနေအိမ်၌ ချာခ်ျပြုလုပ်ထားမှုအတွက် အိမ်ပိုင်ရှင်ကို ဒဏ်ငွေ တပ်ရိုက်ခဲ့ကြောင်းသိရသည်။

ချာခ်ျရှိ ခရစ်ယာန်ဘုန်းကြီးက သူ၏ဘုရားကျောင်းအပိတ်ခံရမည်ကိုစိုးရိမ်ကြောင်း Forum 18 တွင် ဖော်ပြထားသည်။

နယ်မြေထောက်လှမ်းရေးများကမူ သူတို့အနေဖြင့် အလ်မာတီနှင့်ပတ်ဝန်းကျင်မြို့များရှိ လူနေအိမ် များ၌ ဝတ်ပြုရာဘုရားကျောင်းပြုလုပ်ထားခြင်းများအား စုံစမ်းစစ်ဆေးနေကြောင်း Forum 18 သို့ ပြောကြားသည်။

သာသနာရေးဝတ်တက်မှုများအတွက် ခွင့်ပြုချက်မရှိသော အဆောက်အအုံပိုင်ရှင်များအနေဖြင့် သူတို့၏အဆောက်အအုံများတွင် သာသနာရေးရာဆောင်ရွက်ချက်များကို ရပ်ဆိုင်းပစ်ရန်လိုကြောင်း၊ သို့မဟုတ်ပါက အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နယ်မြေထောက်လှမ်းရေးအဖွဲ့သားတစ်ဦးက ထိုသို့သောအမိန့်ကို ဥပဒေရေးရာဌာမှထုတ်ပြန် ခြင်း ဖြစ်ကြောင်းပြောကြားသော်လည်း ဥပေဒရေးရာဌာနကမူ Forum 18 ၏တွေ့ဆုံမေးမြန်းမှုအား တုန့်ပြန်ဖို့ငြင်းဆန်ခဲ့သည်။

ကာဇက်စတန်အာဏာပိုင်များအနေဖြင့် ဘက်ပ်တစ္စခရစ်ယာန်ချာခ်ျကျောင်းများကဲ့သို့ မှတ်ပုံတင် ထားခြင်းမရှိသော သာသနာရေးဆိုင်ရာအသင်းအဖွဲ့များကို လူနေအိမ်များ၌ ဘုရားဝတ်ပြုနေကြ ခြင်းမှ တားမြစ်ပိတ်ပင်သွားဖို့ အစီအစဉ်ရှိနေကြောင်းသိရသည်။

ထိုဘက်ပ်တစ္စခရစ်ယာန်အသင်းအဖွဲ့များကမူ လူစုလူဝေးဖြင့် လူနေအိမ်များတွင် ဘုရားဝတ်ပြုနေ ကြခြင်းအား ဒဏ်ငွေများတပ်ရိုက်ခံရသည့်တိုင် ဆက်လက်ပြုလုပ်နေကြဆဲဖြစ်သည်။

မကြာသေးမီက ကာဇက်စတန်၊ ကော်စ်တနိုင်းဒေသရှိ ဘက်ပ်တစ္စချာခ်ျတစ်ခုအား အာဏာပိုင်များ က သာသနာရေးကိစ္စရပ်များကို လူနေအိမ်များတွင်မဆောင်ရွက်ရန်နှင့် မှတ်ပုံတင်ထားခြင်းမရှိပဲ သာသနာရေးအဖွဲ့အစည်းအဖြစ် လူစုလူဝေးမပြုလုပ်ရန် သတိပေးမှုရှိခဲ့ကြောင်း သိရသည်။

နော်ဝေအကြမ်းဖက်လူသတ်ကောင်၊ တရားခွင်တွင်ဖိနပ်ဖြင့်ပစ်ပေါက်ခံရ




၂၀၁၂ မေလ ၁၁ ရက်၊ သောကြာနေ့
စီအင်အင်၊ source: http://goo.gl/LeCeF


နော်ဝေတွင်ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် လူသတ်မှုတရားခံ အန္ဒါးစ် ဘာရင်း ဘရိုင်ဗစ်၏ တရားခွင်တွင် အသတ်ခံခဲ့ရသည့် ဓားစာခံတစ်ယောက်၏ ညီအစ်ကိုတော်သူ တစ်ဦးက လူသတ်သမားအားဖိနပ်ဖြင့် ပစ်ပေါက်ခဲ့ကြောင်း စီအင်အင်သတင်းက ဖော်ပြသည်။

မေလ ၁၁ ရက် ၂၀၁၂ သောကြာနေ့တွင် တရားခွင်၌ ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဝိုင်းဝန်းကြည့်ရှု နေသူများက ဖိနပ်ဖြင့် ပစ်ပေါက်စဉ် “ငါ့ညီအစ်ကိုကို သတ်တဲ့လူ၊ ငရဲကိုသွား၊ ငရဲကိုသွား” ဟု အော်ဟစ်ခဲ့ကြသည်။ ဖိနပ်မှာမူ လူသတ်တရားခံအားမထိမှန်ခဲ့သော်လည်း သူ၏ရှေ့နေ ဗိုင်ဘိခ် ဟိန်း ဘဲရာကို ထိမှန်ခဲ့သည်။ ဘဲရာမှာ ထိုစဉ်က ပရိသတ်နှင့်အနီးဆုံးနေရာတွင် ထိုင်နေခဲ့ကြောင်း http://www.newsinenglish.no/2012/05/11/emotional-outburst-halted-terror-trial/ က ဖော်ပြသည်။

ဘီဘီစီသတင်းအရမူ လူသတ်သမား ဘရိုင်ဗစ်က “ကျွန်တော်အခန်းထဲက ထွက်သွားစဉ်၊ ဒါမှမဟုတ် ဝင်လာစဉ်မှာ တစ်ယောက်ယောက်က ပစ်ပေါက်ချင်တယ်ဆိုရင် ကျွန်တော့်ကို ပစ်ပေါက်ပါ။ ကျွန်တော့်ရှေ့နေကိုတော့ မပစ်ကြပါနဲ့” ပြောဆိုခဲ့ကြောင်းသိရသည်။

ဖိနပ်ဖြင့်ပစ်ပေါက်သူအား ရဲများက တရားခွင်မှဆွဲထုတ်သွားခဲ့သော်လည်း ပရိသတ်ကမူ သူ့ကို “ဘရာဗို ဘရာဗို” ဟုအော်ဟစ်အားပေးခဲ့ကြသည်။

နော်ဝေး VG Nett (Views and News ) အရ ဖိနပ်ဖြင့်ပစ်ပေါက်သူသည် နော်ဝေနိုင်ငံမြို့တော် အော်စလိုတွင်နေထိုင်သူမဟုတ်ကြောင်း၊ သူ၏အစ်ကို ရုပ်အလောင်းဆေးစစ်မှုကို ကြည့်ရှုရန် ဗုဒ္ဓဟူး နေ့က အော်စလိုသို့ရောက်ရှိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အချို့သောသတင်းများကမူ ဖိနပ်ဖြင့်ပစ်ပေါက်သူမှာ အီရတ်မှဖြစ်ကြောင်း၊ အီရတ်တွင် ဖိနပ်ဖြင့်ပစ် ပေါက်ခြင်းသည် အောက်ခြေမသန့်ရှင်းသည့်အစိတ်အပိုင်းဖြစ်၍ အလွန်ဆိုးရွားသော တုန့်ပြန်မှုပင် ဖြစ်ကြောင်း သိရသည်။

ထိုသို့သောလုပ်ရပ်သည် ၂၀၀၈ ခုနှစ်မှစတင်၍ အမေရိကန်သမ္မတ ဂျော့ဘုရ်ှအား အီရတ်စာနယ် ဇင်းသမားတစ်ဦးက ဘဂ္ဂဒက်သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဖိနပ်ဖြင့်ပစ်ပေါက်ရာမှ နိုင်ငံတကာတွင် ထင်ရှားလာခဲ့သည်။

သောကြာနေ့တွင် အော်စလို၌ဖြစ်ပွားခဲ့သည့် ဖိနပ်ပေါက်မှုကျူးလွန်သူမှာ ဘရိုင်ဗစ်ပစ်သတ်ခဲ့သဖြင့် သေဆုံးခဲ့သော ညီအစ်ကိုဖြစ်သူရုပ်အလောင်းဆေးစစ်ချက်အား တင်ပြအပြီးတွင် ထိုသို့ကျူးလွန်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ယူတိုရာကျွန်းရှိ လေဘာပါတီ၊ နွေရာသီလူငယ်စခန်းတွင် ဖြစ်ပွားခဲ့ သည့် ဘရိုင်ဗစ်ကျူးလွန်ခဲ့သော ထိုလူသတ်မှုတွင် ဓားစာခံ ၆၉ ဦး သေးဆုံးခဲ့ရသည်။

ဘရိုင်ဗစ်က သူ့အားတစ်စုံတစ်ယောက်က အရာ၀တ္ထုတစ်မျိုးဖြင့်ပစ်ခဲ့ရာ မျက်နှာကို ထိမှန်ခဲ့ကြောင်း ပြောခဲ့သော်လည်း မည်သည့်အရာဖြစ်ကြောင်းကိုမူ ထည့်သွင်းပြောကြားခြင်းမရှိခဲ့ချေ။

ဘရာဗစ်၏ရှေ့နေကမူ နော်ဝေအသံလွှင့်ဌာနသို့ တရားခွင်မှာနောက်ထပ် ရသတ္တ ၆ ပတ်ခန့်ကြာမြင့် ဦးမည်ဖြစ်ကြောင်း၊ လာမည့်တရားခွင်များ၌ မိမိတို့အနေဖြင့် လေးစားသမှုကို မြှော်လင့်ထားကြောင်း ပြောဆိုခဲ့သည်။

ဘရာဗစ်ကမူ နော်ဝေရှိ လူမျိုးပေါင်းစုံအသိုင်းအဝန်းအား ဖျက်ဆီးတိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သတ်၍ မိမိကိုယ်ကို လက်ယာစွန်းရောက် နိုင်ငံသားတစ်ယောက်အနေဖြင့် ဂုဏ်ယူကြောင်း ပြောဆိုခဲ့သည်။

The AhmadiPost Myanmar ၏အမြင်

နော်ဝေသတင်းဌာနဖြစ်သည့် Views and News ကမူအထက်ပါသတင်းကို Emotional outburst halted terror trial ဟုခေါင်းစဉ်တပ်ခဲ့သော်လည်း ဘီဘီစီ၊ စီအင်အင်အစရှိသည် ကမ္ဘာသိ သတင်း ဌာနများကမူ ထိုအကြမ်းဖက်လူသတ်ကောင်အား အကြမ်းဖက်သမား၊ (Terrorist) ဟု ခေါ်ဆိုသတ် မှတ်ရန် ပျက်ကွက်နေကြဆဲဖြစ်သည်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-