Tuesday, February 11, 2014

စံပြုထိုက်သော အဟ်မဒီ မွတ်စလင်မ်














ဖေဖေါ်ဝါရီလ ၇ ရက်၊ ၂၀၁၄ ခုနှစ် (သောကြာနေ့) တွင် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှ ဟောကြားတင်ပြခဲ့သည့် မိန့်ခွန်း (မြန်မာပြန်)

- "ကျွန်ုပ်လာရောက်ရလာခြင်း၏အဓိကရည်ရွယ်ချက်မှာ စစ်မှန်သည့် "မို့အ်မင်န်"
(ယုံကြည်သူ)တို့၏ ဂျမာအတ်တစ်ခုကို မွေးဖွားပေးရန်ဖြစ်သည်။"
- "သိမှတ်ကြကုန်။ ညီညွတ်ခြင်းသည် တစ်ခုသော တန်ခိုးပြာဋိဟာ ဖြစ်၏။
မှတ်သားကြကုန်။ အသင်တို့အနက် တစ်ဦးချင်းစီက မိမိနှစ်သက်သော အရာကို
မိမိညီနောင်အတွက် နှစ်သက်ခြင်းမရှိပါက ထိုသူသည် ကျွန်ုပ်၏ ဂျမာအတ်
အတွင်းမှမဟုတ်။ သူသည် ဘေးအန္တရာယ်နှင့် ဒုက္ခအတွင်း၌ရှိပြီး နိဂုံးကောင်း
မည်မဟုတ်ချေ။"
- "အကြင်သူသည် စာနာထောက်ထားမှုကို စွန့်လွှတ်လိုက်ပါက ထိုသူသည်
သာသနာကို စွန့်ခြင်းသာဖြစ်၏။"
- "အကြင်သူသည် လူတစ်ဦးဦးအား အကြောင်းမဲ့ သတ်ဖြတ်ခြင်းပြုသော် သူသည်
လူသားထုတစ်ရပ်လုံးကို သတ်ဖြတ်လိုက်ခြင်းပင် ဖြစ်၏။ ထိုနည်း တူစွာပင်
ကျွန်ုပ်ပြောလိုသည်ကား အကယ်၍ တစ်စုံတစ်ဦးသည် မိမိညီနောင်အား စာနာ
ထောက်ထားမှုမပြုပါလျှင် တစ်နည်းအားဖြင့် သူသည် လူသားထုတစ်ရပ်လုံး
အပေါ် စာနာထောက်ထားမှုကင်းမဲ့ခြင်းသာ ဖြစ်၏။"
- "အသင်တို့သည် အစ္စလာမ်သာသနာတော်အား ကူညီပံ့ပိုးလိုပြီး အလုပ်အကျွေး
ပြုလိုကြသည်ဆိုပါမူ ဦးစွာ အသင်တို့ကိုယ်တိုင်က "တက္ကဝါ" (ဖြူစင်ဖြောင့်မတ်
ခြင်း)နှင့် စင်ကြယ်ခြင်းတရားများကိုကျင့်သုံးဆောက်တည်ကြကုန်။"
- "အကယ်၍ မည်သူမဆို ဤအသင်းတော်အတွင်းသို့ ဝင်ရောက်ပြီးပါလျက်နှင့်
အသင်းတော်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်းလည်းမပြု၊ ထို့ပြင် မိမိတို့၏
ကျင့်ကြံတည်ဆောက်မှုများဖြင့် စစ်မှန်သည့်ပြုပြင်ပြောင်းလဲမှုကို မပြသပါလျှင်၊
မှတ်သားထားလော့။ ထိုသူသည် ရန်သူတို့၏ဆန္ဒကို ဖြည့်ဆည်းသူ ဖြစ်လိမ့်မည်။
စင်စစ် သူသည် ၎င်း(ရန်သူ)တို့၏ ရှေ့မှောက်တွင် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။"
(ကတိတော်လာမဆီဟ်သခင်)

 တရှာဟွဒ်၊ တအာဝိုဇ်နှင့် စူရာဟ် ဖာတီဟာတို့ကို ဖတ်ရွတ်ပြီးနောက် ...

အပတ်စဉ် စနေနေ့ ညနေတိုင်းမှာ အမ်တီအေ ရုပ်သံလိုင်းမှ ထုတ်လွှင့်နေတဲ့
"ရာဟေဟူဒါ"အစီအစဉ်မှာ အကြောင်းအရာအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးနဲ့
ပတ်သက်လို့ (အဟ်မဒီယာ)ဂျမာအတ်မှ သာသနာ့ပညာရှင်တွေက ဆွေးနွေး
ဖြေကြားပေးလျက်ရှိပါတယ်။ တယ်လီဖုန်းလိုင်းမှတစ်ဆင့် တိုက်ရိုက်
အမေးအဖြေ အစီအစဉ်လည်းရှိပါတယ်။ အဟ်မဒီယတ်ပြင်ပမှ ပုဂ္ဂိုလ်တွေက
လည်း ဒီအစီအစဉ်မှာ ဝင်ရောက်မေးမြန်းလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ "ရာဟေဟူဒါ"အစီအစဉ် တစ်စိတ်တစ်ပိုင်းကို ကျွန်တော်ကြည့်ရှုခဲ့ရ
ပါတယ်။ အဲဒီနေ့က မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့ "အိလ်ဟာမ်"ဗျာဒိတ်
တစ်ခုနဲ့စပ်လျဉ်းလို့ ပြင်ပမှပုဂ္ဂိုလ်တစ်ဦးရဲ့ မေးခွန်းတစ်ခုတက်လာပါတယ်။
မေးခွန်းဆိုပေမဲ့လည်း ဝေဖန်စောဒကပြုချက်လို့ ပြောလို့ရပါတယ်။
ထိုပုဂ္ဂိုလ်က ပဏာမစကားအစချီပြီး အခုလိုပြောခဲ့ပါတယ်။ "အလ္လာဟ်အရှင်
မြတ်ရဲ့မုက္ခပါဌ်တော်ဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန်၊ ပြီးတော့ အချို့သော
ဟဒီးစ်တော်များနဲ့ အခြား သူတော်စင်ပုဂ္ဂိုလ်တွေရဲ့ နှုတ်ထွက်စကားတွေကို
ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါ တစ်ခုနှင့်တစ်ခုကြားမှာ ဆက်နွယ်မှုတွေ
ရှိနေတာကို တွေ့ရပါတယ်။" ပြီးနောက် သူက မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့
"အီလ်ဟာမ်"တစ်ခုကိုဖတ်ပြပြီးနောက် ထိုဗျာဒိတ်စကား၌ ဆက်နွယ်မှုမရှိ
ကြောင်း၊ ယင်းကို နားမလည်နိုင်ကြောင်း ပြောခဲ့ပါတယ်။ မည်သို့ဆိုစေ ဒါက
ဝေဖန်စောဒကပြုချက်အသွင်ကို ဆောင်နေပါတယ်။ သူ့ထံမှာ စောဒကပြုလိုတဲ့
ရည်ရွယ်ချက်မရှိဘူးဆိုရင်လည်းပဲ သူ့ရဲ့ မေးမြန်းတဲ့ အသံအနေအထားအရ
အဲဒီလိုပဲ ထင်ရပါတယ်။
မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့ အီလ်ဟာမ် စာသားက -
 "(အူရ်ဒူ) ၁၀ ရက်လွန်ပြီးနောက် ငါအရှင်သည် မိမိ၏ နိမိတ်လက္ခဏာကို
ပြသတော်မူမည်။ (အာရဗီ) သတိပြုလော့၊ အလ္လာဟ်၏ ကူညီဆောင်မမှုသည်
အလွန်နီးကပ်စွာရှိ၏။ ပမာအားဖြင့် သားဖွားခါနီးသည့် ကုလားအုတ်မကဲ့သို့
ဖြစ်သည်။ (အင်္ဂလိပ်) ထို့နောက်တွင် အသင်သည် အမရစ်ဆာ(မြို့)သို့
သွားရမည်။"

ဒီမေးခွန်းနဲ့ပတ်သက်လို့ ပညာရှင်တွေက အကျဉ်းချုံးပြီးဖြေကြားခဲ့ကြပါတယ်။
သို့သော် ကျွန်တော့်အနေနဲ့ ဒါနဲ့ပတ်သက်လို့ မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့
ရှင်းလင်းမိန့်ကြားချက်များဖြင့် အကျယ်တဝင့်ရှင်းပြဖို့ လိုအပ်မယ်လို့
ယူဆပါတယ်။ ဒီလိုအားဖြင့် အခြားသော ဝေဖန်စောဒကပြုလိုသူတွေနဲ့
ကျွန်တော်တို့ဂျမာအတ်အတွင်းက ပညာနုနယ်တဲ့ လူငယ်တွေအဖို့ အထက်က
မေးမြန်းသူရဲ့ အနေအထားကြောင့် တွေဝေမသွားစေဖို့ ဖြစ်ပါတယ်။ ဒါမျိုး
မေးခွန်းတွေကို ပြင်ပပုဂ္ဂိုလ်တွေက "ရာဟေဟူဒါ"အစီအစဉ်မှာ မကြာခဏ
မေးမြန်းတတ်ပါတယ်။ ဂျမာအတ်ရဲ့ပညာရှင်တွေကလည်း တစ်ထိုင်တည်း
အဖြေပေးခဲ့တာမျိုးလည်းရှိသလို၊ အချို့ အကျယ်တဝင့် ရှင်းလင်းဖို့လိုအပ်တဲ့
အခါ နောက်အစီအစဉ်တစ်ခုမှာ (ပြည့်ပြည့်စုံစုံ) ဖြေကြားတတ်ပါတယ်။
ဒီလိုကြောင့်ပဲ ပြင်ပပုဂ္ဂိုလ်တွေရဲ့ မေးမြန်းမှုတိုင်း၊ စောဒကပြုချက်တိုင်းအတွက်
ခွတ္တဘာမိန့်ခွန်းတိုင်းမှာ ကျွန်တော့်ဘက်က ဖြေကြားဖို့မလိုအပ်ခဲ့ပါဘူး။
ဒီလိုရှိပေမဲ့လည်း ယခုအကြောင်းအရာနဲ့ပတ်သက်လို့ ကျွန်တော့်ဘက်က
ရှင်းလင်းတင်ပြရခြင်းအကြောင်းက ပြီးခဲ့တဲ့ ခွတ္တဘာတွေမှာ အစဉ်အဆက်
တင်ပြလာခဲ့တဲ့ အကြောင်းအရာတွေနဲ့ ဆက်နွယ်နေတာကြောင့် ဖြစ်ပါတယ်။
မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့ သက်သေလက္ခဏာတွေ၊ အလ္လာဟ်အရှင်မြတ်ရဲ့
ထောက်ခံအားပေးမှုတွေဟာ အရေအတွက်အလွန်များပြားစွာဖြင့် ကျွန်တော်တို့
ထံမှာရှိနေပြီး အဲဒါရဲ့ အစိတ်အပိုင်းကလေးတစ်ခုမျှလောက်တောင် ဆန့်ကျင်သူ
တွေထံမှာမရှိပါဘူး။ မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့ အီလ်ဟာမ်ဗျာဒိတ်နဲ့
စပ်လျဉ်းလို့ ထိုမေးမြန်းသူက ပြောင်လှောင်သရော်စရာအသွင်မျိုး ပြုလုပ်ဖို့
ကြိုးစားခဲ့ပါတယ်။ တကယ်တော့ သခင်ကြီးက ဒီ အီလ်ဟာမ်စာသားကို
"ဘရာဟီနေအဟ်မဒီယာ"ကျမ်းမှာ မိမိရဲ့မှန်ကန်မှုအတွက် သက်သေလက္ခဏာ
 အဖြစ်တင်ပြထားပါတယ်။ ထိုနည်းတူစွာပဲ ဒီဗျာဒိတ်ကို "တာဇ်ကီရာ"ကျမ်းမှာ
လည်း ဖော်ပြထားပါတယ်။

မည်သို့ဆိုစေ မေးမြန်းသူရဲ့ မေးခွန်းအရ သူဟာ အနည်းဆုံးတော့ "တာဇ်ကီရာ"
ကျမ်းကို ဖတ်ထားတယ်လို့ ခန့်မှန်းလို့ရပါတယ်။ ဒါပေမဲ့ အထက်အောက်
စာသားတွေကို မဖတ်တာပဲလား၊ ဒါမှမဟုတ် ရှုပ်ထွေးသွားစေဖို့အတွက်
သိလျက်နဲ့တမင် ချန်ခဲ့တာလားဆိုတာ မပြောတတ်ပါဘူး။ ဘရာဟီနေ
အဟ်မဒီယာကျမ်းမှာလည်း ထိုဗျာဒိတ်အကြောင်းကိုပဲ ဖော်ပြထားပါတယ်။
အဲဒီကျမ်းကလည်း သေသေချာချာ အာရုံစိုက်ပြီး ဖတ်ရတဲ့ စာအုပ်ဖြစ်ပါတယ်။
ကျွန်တော် ယူဆရသလောက်တော့ မေးမြန်းသူပုဂ္ဂိုလ်ထံမှာ ဒီလောက်
အရည်အချင်း မရှိနိုင်ပါဘူး။ မည်သို့ဆိုစေ မူရင်းစာသားကို တင်ပြလိုက်ပါ့မယ်။
၁၈၈၂ ခုနှစ်က ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ ဟာဇရတ် မဆီဟ်မော်အူးဒ်(အ)
သခင်ကြီး မိန့်ကြားတော်မူသည်မှာ-
"မကြာမြင့်မီကပင် တစ်ကြိမ်၌ အလွန် ငွေလိုအပ်နေသော အကြပ်အတည်းနှင့်
ရင်ဆိုင်ခဲ့ရသည်။ ကျွန်ုပ်နှင့်အတူနေသော အာရီယာအုပ်စုကလည်း ကျွန်ုပ်၏
လိုအပ်ချက်နှင့်စပ်လျဉ်း၍ ကောင်းစွာသိကြ၏။ ထို့အတွက်ကြောင့် ကျွန်ုပ်၏
စိတ်၌ အခက်အခဲများပြေလည်စေရေးအတွက်အလ္လာဟ်အရှင်မြတ်ထံတော်တွင်
ဒိုအာပြုလုပ်ရန် ရုတ်တရက် စိတ်အားတစ်ခု ပြင်းထန်စွာဖြစ်ပေါ်လာခဲ့၏။
ထိုသို့ ဒိုအာဆုတောင်းမှုအားဖြင့် တစ်ဖက်တွင် ကျွန်ုပ်၏ အခက်အခဲများ
ပြေလည်သွားစေရန်နှင့် အခြားတစ်ဖက်တွင် ဆန့်ကျင်သူတို့အဖို့ အလ္လာဟ်
အရှင်မြတ်ထံတော်မှ (ကျွန်ုပ်အား)ထောက်ခံအားပေးမှုဆိုင်ရာ သက်သေလက္ခ
ဏာတစ်ရပ် ပေါ်လွင်ထင်ရှားလာစေရန်ဖြစ်သည်။ ထိုသက်သေလက္ခဏာ
မှာလည်း ယင်း၏ မှန်ကန်ပြည့်စုံခြင်းအတွက် (ဆန့်ကျင်)သူတို့ကိုယ်တိုင်က
သက်သေဖြစ်သွားကြရမည်။ ဤသို့ဖြင့် ထိုနေ့မှာပင် ဒိုအာဆုတောင်းခဲ့၏။
အရှင်မြတ်ထံတော်မှ သက်သေလက္ခဏာအဖြစ် ငွေကြေးကူညီမှုဆိုင်ရာ
သတင်းတစ်ရပ်ကိုပေးပါရန် တောင်းခံခဲ့သည်။ ထိုအချိန်၌ ယခုကဲ့သို့
"အီလ်ဟာမ်"ဗျာဒိတ်ရရှိခဲ့ပေသည်။"

ဒီဗျာဒိတ်တော်နဲ့စပ်လျဉ်းလို့ မဆီဟ်မော်အူးဒ်(အ)သခင်ကြီး ကိုယ်တိုင်က ယခုလို
ရှင်းလင်းမိန့်ကြားတော်မူခဲ့ပါတယ်။
"(၁၀)ရက်ကြာပြီးနောက် (လိုအပ်သော)ငွေ ရောက်လာလိမ့်မည်။ အလ္လာဟ်၏
ကူညီဆောင်မမှုသည် အနီးဆုံး၌ရှိတော်မူ၏။ ကုလားအုတ်မသည် သားဖွားရန်
အမြီးကိုမြှောက်လိုက်သည့်အခါ ကုလားအုတ်သားငယ်သည် ပေါက်ဖွားလာရန်
နီးကပ်ပြီဖြစ်သည်ကိုသိနိုင်သကဲ့သို့ အလ္လာဟ်အရှင်မြတ်၏ ကူညီစောင်မမှုသည်
လည်း နီးကပ်စွာရှိတော်မူ၏။ ထို့နောက် အင်္ဂလိပ်စာသားတွင် အရှင်မြတ်
မိန့်ကြားတော်မူသည်မှာ-"(၁၀)ရက်လွန်ပြီးနောက် ငွေရောက်လာသည့်အခါ
အသင်သည် အမရစ်ဆာ(မြို့)သို့လည်း သွားရဦးမည်။"
ကြိုတင်ဗျာဒိတ်၌လာရှိချက်အတိုင်းပင် ဟိန္ဒူများ၊ ဆိုလိုသည်မှာ အာရီယာများ
ရှေ့မှောက်မှာပင် ထိုဖြစ်ရပ်သည် ပေါ်ပေါက်လာခဲ့သည်။ ကြိုတင်ဗျာဒိတ်၏
အလိုသဘောအတိုင်းပင် ၁၀ ရက် ကြာသည့်တိုင်အောင် ခြူးတစ်ပြားမျှ
ရောက်မလာခဲ့ချေ။ (၁၀)ရက်လွန်ပြီး (၁၁)ရက်မြောက်နေ့တွင် မိုဟမ္မဒ်
အဖ်ဇလ်ခန်(အကောက်ခွန်အရာရှိ)ထံမှ ရူပီငွေ ၁၁၀ ပို့လိုက်သည်။ ထို့ပြင်
အခြားတစ်နေရာမှ ရူပီငွေ ၂၀ ရလိုက်သည်။ ထို့နောက် ပုံမှန် အဆက်မပြတ်
ငွေကြေးများရောက်လာခဲ့ပြီး ယင်းကို ယခင်က မျှော်လင့်မထားခဲ့ချေ။ ထိုသို့
၁၀ ရက် လွန်ပြီးနောက် မိုဟမ္မဒ်အဖ်ဇလ်ခန် အစရှိသော ပုဂ္ဂိုလ်အသီးသီးထံမှ
ငွေကြေးများ ရောက်လာခဲ့သည့် ထိုနေ့မှာပင် အမရစ်ဆာသို့လည်း သွားရန်
အကြောင်းပေါ်လာ၏။ (အမှုတစ်ခုအတွက်)သက်သေထွက်ဆိုပေးရန် ထိုနေ့မှာ
ပင် အမရစ်ဆာမြို့ တရားရုံးတစ်ခုက ကျွန်ုပ်အမည်ဖြင့် ဆင့်ခေါ်စာတစ်စောင်
ရောက်လာသည်။"
(ဘရာဟီနေအဟ်မဒီယာ၊ အတွဲ-၄၊ စာ- ၄၆၈-၄၇၀၊ ထပ်ဆင့် အောက်ခြေမှတ်စု-၃)
တစ်ဖန် ထိုဗျာဒိတ်တော်အားဖြင့် အခြားနိမိတ်လက္ခဏာတစ်ခုလည်း ပေါ်လွင်
ထင်ရှားခဲ့ကြောင်း သခင်ကြီးက အခုလို မိန့်ကြားတော်မူခဲ့ပါတယ်။
 "များမကြာမီကပဲ ...ဟာဖီဇ်၊ ဟာဂျီတစ်ဦးဖြစ်သူ နူးရ်အဟ်မဒ်အမည်ရှိသည့်
ပုဂ္ဂိုလ်တစ်ဦး၊ သူသည် အာရဗီစာပေ တတ်ကျွမ်းသူလည်း ဖြစ်နိုင်သည်။
ကျမ်းမြတ်ကုရ်အာန် သင်ကြားပို့ချသူတစ်ဦးဖြစ်သည်။ အထူးသဖြင့် သူသည်
အမရစ်ဆာတွင် နေထိုင်သည်။ တစ်ခါတွင် သူက "ဒရ်ဝေ့ရှ်"(ပသီဘုန်းကြီး)
ဘ၀ဖြင့် လှည့်လည်ရင်း ဤနေရပ်(ကာဒီယာန်)သို့လည်း ရောက်လာဖူးသည်။
ကျွန်ုပ်ထံ၌ပင် တည်းခိုနေထိုင်ခဲ့သည်။ သူက ကျွန်ုပ်အား အီလ်ဟာမ်ဗျာဒိတ်နှင့်
စပ်လျဉ်း၍ "အီလ်ဟာမ်"ဆိုသည်မှာ လူသား၏ဦးနှောက်၌ ဖြစ်ပေါ်တတ်သော
အတွေးစိတ်ကူးတို့၏အမည်သာဖြစ်ကြောင်း သူ၏စိတ်၌ရှိသော လွဲမှားသည့်
အတွေးအမြင်ကို အတိအလင်း ပြောဆိုခဲ့၏။ ထိုစကားကြောင့် ကျွန်ုပ်၏စိတ်၌
အလွန်ထိခိုက်ခဲ့ရသည်။ သူ၏ဆရာသမားက "ဝလီသူတော်စင်တို့၏
အီလ်ဟာမ်များနှင့်စပ်လျဉ်း၍ သံသယရှိကြောင်း" သူ့အား ပြောဆိုလေ့ရှိခဲ့သည်။
ထို့ကြောင့် တပည့်ဖြစ်သူ နူးရ်အဟ်မဒ်ထံတွင်လည်း ထိုအယူအဆ၏
သက်ရောက်မှုများက ရှိနေပေသည်။

သူ့အား ယုတ္တိဗေဒနည်းကျ ဘက်ပေါင်းစုံမှ ရှင်းလင်းပြောပြခဲ့၏။ သို့သော်
မည်သို့မျှ အကြောင်းမထူးခဲ့ချေ။ နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်ထံ၌
အာရုံပြုရသည့်အဆင့်ထိ ရောက်သွားတော့၏။ ထိုသည့်နောက် ရှေ့ဖြစ်နိမိတ်
စကား မကျရောက်မီကပင် သူ့အား ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ထံ
တော်တွင် ဒိုအာဆုတောင်းမှုပြုမှာဖြစ်ကြောင်း၊ ထိုသည့် ဒိုအာဆုတောင်းသည်
နှစ်သက်လက်ခံခြင်းခံရသော အဆင့်သို့တိုင်ရောက်ရှိလျက် အသင်ကိုယ်တိုင်က
မျက်စိဖြင့်တပ်အပ်မြင်တွေ့နိုင်လောက်သော ကြိုတင်ဗျာဒိတ်တစ်ရပ်ကို အရှင်
မြတ်သည် ထုတ်ပြန်တော်မူမှာဖြစ်ကြောင်း တင်ကူးပြောကြားခဲ့သည်။
သို့ဖြစ်ရာ ထိုသည့်ည၌ ဤရည်ရွယ်ချက်အတွက် တန်ခိုးတော်အနန္တအရှင်
အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒိုအာပြုဆုပန်ခဲ့၏။ နံနက်မိုးသောက်ချိန်တွင်
"ကရှ်ဖ်"(ရူပါယုံမြင်ကွင်း)၌ လူတစ်ဦးထံမှ စာတိုက်မှတစ်ဆင့်ပို့လိုက်သော
စာတစ်စောင်ကို ပြသခြင်းခံရ၏။ ထိုစာ၌ အင်္ဂလိပ်ဘာသာစကားဖြင့်
ရေးသားထားသည်မှာ-  (I am quarreler.)

 ထို့နောက် အာရဗီဖြင့် ရေးသားထားသည်မှာ-
တစ်ဖန် ဤစကားလုံးများကို ဗျာဒိတ်အားဖြင့် ကျွန်ုပ်အား ကြားစေခဲ့သည်။
ထို့နောက် မြင်ကွင်းမှာ ကွယ်ပျောက်သွားခဲ့သည်။
ကျွန်ုပ်မှာ အင်္ဂလိပ်ဘာသာစကားကို မတတ်ကျွမ်းသည်ဖြစ်၍ နံနက်မိုးသောက်
ချိန်တွင် ဦးစွာ မီယာန်နူးရ်အဟ်မဒ်ဆာဟိဘ်အား ဤရူပါယုံမြင်ကွင်း၊
ဗျာဒိတ်တို့နှင့်စပ်လျဉ်း၍ သတင်းပေးခဲ့ပြီး မကြာမီရောက်ရှိလာမည့်
စာတစ်စောင်နှင့်ပတ်သက်၍ သိစေခဲ့သည်။ ထို့နောက် တစ်ဆက်တည်းမှာပင်
အင်္ဂလိပ်စာတတ် ပုဂ္ဂိုလ်တစ်ဦးထံတွင် ဗျာဒိတ်ပါ အင်္ဂလိပ်စာသားကို
မေးမြန်းခဲ့သည်။ အဓိပ္ပာယ်သိရသည်မှာ "ငါသည် ရန်ဘက်ပြုသူဖြစ်၏။"
ထို့ကြောင့် ဤသည့် သေးငယ်သောစာသားအရ ပြဿနာတစ်စုံတစ်ရာနှင့်
ပတ်သက်၍ စာတစ်စောင်စောင် ရောက်လာတော့မည်ဆိုသည်ကို သိလိုက်ရ
သည်။ တစ်ဖန် စာရေးသူထံမှ ဒုတိယဝါကျဖြစ်သော
(ဤသည် ကြေမွကွဲထွက်သွားစေမည့် သက်သေဖြစ်သည်)ဆိုသည့် စာသားအရ
စာရေးသူသည် အမှုတစ်ခုအတွက် သက်သေလိုအပ်၍ ရေးသားလိုက်ခြင်း
ဖြစ်ကြောင်း အဓိပ္ပာယ်ပေါ်လွင်ပေသည်။
ထိုနေ့၌ မိုးတိမ်များ မည်းတက်လာသည့်အတွက် ဟာဖီဇ်နူးရ်အဟ်မဒ်သည်
အမရစ်ဆာမြို့သို့ မသွားနိုင်ဘဲဖြစ်ခဲ့သည်။ အကယ်စင်စစ် ကောင်းကင်နိမိတ်
တစ်ခုဖြင့် သူ့အား ဟန့်တားခံရခြင်းဖြစ်ပြီး ဤသည်မှာလည်း ဒိုအာဆုတောင်း
ပြည့်၀ခြင်းအတွက် သက်သေတစ်ခုဖြစ်သည်။ ကြိုတင်ဗျာဒိတ်ပြည့်စုံလာသည်
ကို သူကိုယ်တိုင် မျက်စိဖြင့်တပ်အပ်မြင်တွေ့နိုင်စေရန် အလ္လာဟ်အရှင်မြတ်ထံ
တော်တွင် ဒိုအာဆုတောင်းခဲ့သည့်အတိုင်းပင်ဖြစ်ခဲ့ပေသည်။ ဤသို့ဖြင့် ကြိုတင်
ဗျာဒိတ်ပါ အကြောင်းအရာအားလုံးကို ပြောပြခဲ့၏။ ညနေ၌ သူ့ရှေ့မှာပင်
"စဖီရေဟင့်န်ဒ်"ပုံနှိပ်တိုက်မှ ခရစ်ယာန်ဘုန်းကြီး ရဂျဗ်အလီဆာဟိဘ် ထံမှ
"ရီဂျစ္စတာ"လုပ်ပြီး ပို့လိုက်သောစာတစ်စောင် အမရစ်ဆာရ်မြို့မှ ရောက်လာ
သည်။ ယင်းအားဖြင့် (ပုံနှိပ်တိုက်ပိုင်ရှင်) ခရစ်ယာန်ဘုန်းကြီးက  လက်ရေးစာစီ
သမားကို တရားရုံးတွင် အမှုဆွဲဆိုခဲ့ပြီး ကျွန်ုပ်အား အဖြစ်အပျက်တစ်ခုနှင့်
စပ်လျဉ်း၍ သက်သေအဖြစ် ဖော်ပြခဲ့ကြောင်းသိရသည်။ ယင်းနှင့်အတူ
ရုံးမှဆင့်စာတစ်စောင်လည်း ရောက်လာ၏။ ထိုစာရောက်လာပြီးနောက်
ရူပါယုံမြင်ကွင်း၌ မြင်ခဲ့ရသော  (ဤသည် အစိတ်စိတ်
ကွဲကြေစေမည့် သက်သေပြုချက်ဖြစ်သည်)ဆိုသည့် စာသားအရ "စဖီရေဟင့်န်ဒ်"
ပုံနှိပ်တိုက်ပိုင်ရှင်က ကျွန်ုပ်၏ သက်သေသည် တကယ့်ဖြစ်ရပ်နှင့် လုံးဝထပ်တူ
အမှန်ဖြစ်လိမ့်မည်။ ထို့ပြင် လင်းဝင်းထင်ရှားလျက်၊ မှန်ကန်ပြည့်စုံပြီး ယုံကြည်
စိတ်ချတန်ဖိုးထားအပ်သည်ဖြစ်၍ ယင်းသို့ သက်သေထွက်ဆိုချက်သည်
တစ်ဖက်လူကို လုံး၀ ရှုံးနိမ့်သွားစေမည်ဟူ၍ သူသည် အပြည့်အဝ ယုံကြည်
ထားကြောင်း (အီလ်ဟာမ်ဗျာဒိတ်ပါစာသားအရ) သိရပေသည်။ ထိုသည့်
အတွက်ကြောင့်လည်း ပုံနှိပ်တိုက်ပိုင်ရှင်က ကျွန်ုပ်ကို သက်သေလိုက်ရန်
ဆင့်ခေါ်လျက် အခက်တွေ့စေခဲ့သည်။

ထိုမျှမက တိုက်ဆိုင်စွာပင် ကြိုတင်ဗျာဒိတ်ပြည့်စုံသောနေ့၊ အမရစ်ဆာမြို့သို့
သွားရန် အကြောင်းပေါ်လာသည့်အခါ ထိုနေ့မှာပင် ကြိုတင်ဗျာဒိတ်၏
ပထမပိုင်း ပြည့်စုံသည့်နေ့လည်း ဖြစ်သည်။ ဤသို့ဖြင့် ကြိုတင်ဗျာဒိတ်၏
ပထမပိုင်းသည်လည်း မီယာန်နူးရ်အဟ်မဒ်၏ ရှေ့မှောက်မှာပင် ပြည့်စုံခဲ့သည်။
ဆိုလိုသည်မှာ ထိုသည့်နေ့၊ ၁၀ ရက်လွန်ပြီး နောက်တစ်နေ့မှာပင် ပိုက်ဆံ
ရောက်လာ၏။ အမ်ရစ်ဆာရ်မြို့သို့လည်း သွားခဲ့ရ၏။  ""
(ဘရာဟီနေအဟ်မဒီယာ၊ အတွဲ-၄၊ စာ- ၄၇၁-၄၇၄၊ ထပ်ဆင့် အောက်ခြေမှတ်စု-၃)
သက်သေလက္ခဏာများနဲ့စပ်လျဉ်းလို့ ယနေ့ ဒီလောက်ပဲ တင်ပြလိုပါတယ်။
"ရာဟေဟူဒါ"အစီအစဉ်မှာ မေးလာတဲ့ မေးခွန်းတစ်ခုကြောင့် တင်ပြလိုက်ရခြင်း
ဖြစ်ပါတယ်။ အင်ရှာအလ္လာဟ်- သက်သေလက္ခဏာများအကြောင်းကို
နောင်မှာလည်း တင်ပြသွားဦးမှာ ဖြစ်ပါတယ်။
အဲဒီနောက် ကျွန်တော့်အနေနဲ့ မဆီဟ်မော်အူးဒ်(အ)သခင်ကြီးက မိမိ ဂျမာအတ်
အဖွဲ့ဝင်များရဲ့ လက်တွေ့ပိုင်းအခြေအနေနဲ့စပ်လျဉ်းလို့ သောကဖြစ်ခဲ့ရတဲ့
 အကြောင်းကို သခင်ကြီးရဲ့ မိန့်ကြားချက် အချို့ဖြင့် တင်ပြပါ့မယ်။ သခင်ကြီးရဲ့
သွန်သင်ဆုံးမမှုတွေနဲ့ မျှော်လင့်ထားမှုတွေကို မတင်ပြမီမှာ ဟာဇရတ် မီရ်ဇာ
ဘရှီးရ်အဟ်မဒ်(ရဒီ)က "ဆီရတွလ်မဟ်ဒီ"စာအုပ်မှာ မှတ်တမ်းတင်ထားတဲ့
အဖြစ်အပျက်တစ်ခုကို ဖတ်ကြားပြပါ့မယ်။

အဟ်မဒီယာဂျမာအတ်မှာ အလ္လာဟ်အရှင်မြတ်ရဲ့"ဖဇလ်"ကျေးဇူးတော်ကြောင့်
ခေတ်ကာလရှိ ခလီဖာက အကြောင်းအရာတစ်ခုခုဘက်သို့ အာရုံစူးစိုက်လျက်
နှိုးဆော်မှုပြုတဲ့အခါ၊ အကယ်၍ ဒီနှိုးဆော်မှုက ပြုပြင်တည့်မတ်ရေးအပိုင်းနဲ့
ဆက်နွယ်တယ်ဆိုရင် ဂျမာအတ်ရဲ့အစိတ်အပိုင်းအများစုက ပြုပြင်တည့်မတ်မှု
ဘက်သို့ အာရုံဖြစ်ပေါ်လာပါတယ်။ ကျွန်တော့်ထံသို့ ရောက်ရှိလာတဲ့
စာတွေအားဖြင့်လည်း ဒါကို ခန့်မှန်းသိရှိရပါတယ်။ တစ်ဖန် ခေလာဖတ်အတွက်
အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ထားတဲ့ ကူညီသူတွေကလည်း အချို့သော
အကိုးအကားတွေကို ရှာဖွေလျက်ပေးပို့တတ်ပါတယ်။ အဲဒီ အကိုးအကားတွေ
ဟာ ယခင်က ဖတ်ရှုပြီးဖြစ်ပေမဲ့လည်း တစ်ခါတစ်ရံ ရှာမတွေ့ဘဲ ဖြစ်တတ်ပါ
တယ်။ မဆီဟ်မော်အူးဒ်(အ)သခင်ကြီးဟာ ဂျမာအတ်အတွက် ပူပင်သောကဖြစ်ရ
ပုံနဲ့ ပတ်သက်လို့ "ဆီရတွလ်မဟ်ဒီ"ထဲမှ ယခု ကျွန်တော်ဖတ်ကြားတင်ပြမယ့်
ကိုးကားချက်ကလည်း ကျွန်တော်တို့ရဲ့ မိုရဗ္ဗီ(သာသနာပြု)တစ်ဦးက ကျွန်တော့်
ထံသို့ ပေးပို့လိုက်တာဖြစ်ပါတယ်။ သူက "သခင်ကြီးက ခွတ္တဘာ မိန့်ခွန်းတွေမှာ
လက်တွေ့ပြုပြင်တည့်မတ်မှုဆိုင်ရာ အကြောင်းအရာတွေကို မိန့်ကြားလျက်ရှိတာ
ကြောင့် မဆီဟ်မော်အူးဒ်(အ)သခင်ကြီး သောကဖြစ်ရတဲ့အကြောင်းတစ်ခုကို
လည်း တင်ပြအပ်ပါတယ်"ဆိုပြီး စာရေးသားပေးပို့လိုက်ပါတယ်။ အလ္လာဟ်
အရှင်မြတ် သူ့ကို အကျိုးဆုလာဘ် ပေးသနားတော်မူပါစေ။
မီရ်ဇာဘရှီးရ်အဟ်မဒ်ဆာဟိဘ်(ရဒီ)က "ဆီရတွလ်မဟ်ဒီ"ကျမ်းမှာ အဖြစ်အပျက်
တစ်ခုကို ဖော်ပြထားပါတယ်။ "ကျွန်ုပ်ကို မော်လဝီ မိုဟမ္မဒ်ဆရ်ဝရ်ရှားဟ်
ဆာဟိဘ်က ပြောပြပါတယ်။ တစ်ခါမှာ ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး
မီးရ်နာဆီရ်နဝါဘ်ဆာဟိဘ်နဲ့ မော်လဝီမိုဟမ္မဒ်အလီဆာဟိဘ်တို့ သဘောထား
ကွဲလွဲခဲ့ကြပါတယ်။ မီးရ်ဆာဟိဘ်က စိတ်ဆိုးလျက် ထိုအကြောင်းကို သခင်ကြီး
ထံမှာ တင်ပြခဲ့ပါတယ်။ ဒါကို မော်လဝီ မိုဟမ္မဒ်အလီဆာဟိဘ်က သိသွားတဲ့
 အခါ သူက မဆီဟ်မော်အူးဒ်(အ)သခင်ကြီးထံမှာ လျှောက်ထားတာက
"ကျွန်တော်တို့ဟာ သခင်ကြီးကြောင့် ဒီအရပ်ဒေသကို လာခဲ့ရခြင်းဖြစ်ပါတယ်။
ဒီလိုအားဖြင့် သခင်ကြီးရဲ့ထံတော်ပါးမှာ နေထိုင်လျက် သာသနာ့အလုပ်အကျွေး
ပြုဖို့ အခွင့်အလမ်း ရလိုတာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ အကယ်၍
ကျွန်တော်နဲ့ပတ်သက်လို့ သခင်ကြီးထံမှာ အခုလိုမျိုး တိုင်ကြားချက်တွေသာ
ရောက်နေမယ်ဆိုရင် သခင်ကြီးကလည်း လူသားပါပဲ။ တစ်ကြိမ်ကြိမ်
သခင်ကြီးရဲ့စိတ်ထဲမှာ ကျွန်တော်နဲ့ပတ်သက်လို့ အထင်လွဲသွားနိုင်ပါတယ်။
ဒီလိုဆိုရင်တော့ ကျွန်တော့်အဖို့ ကာဒီယာန်သို့လာရောက်ခြင်းဟာ အကျိုးမများ
တော့ဘဲ ဆုံးရှုံးမှုသာ ဖြစ်ရတော့မှာပဲ။"

ဒီအခါမှာ သခင်ကြီးက မိန့်ကြားတော်မူတယ်။ "မီးရ်ဆာဟိဘ်က ကျွန်ုပ်ကို
တစ်ခုခုတော့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ထိုအချိန်က ကျွန်ုပ်ဟာ မိမိရဲ့
အတွေးထဲမှာ ဘယ်လောက်တောင် နစ်နေခဲ့သလဲဆိုရင် အလ္လာဟ်အရှင်
မြတ်ကို သက်သေထားကျိန်ဆိုပြီး ကျွန်ုပ်ပြောမယ်။ ထိုအချိန်က မီးရ်ဆာဘ်ဟာ
ဘာတွေပြောသွားသလဲ၊ ဘာတွေမပြောသွားဘူးလဲဆိုတာကိုတောင် ကျွန်ုပ်မသိ
ဘူး။" ထို့နောက် သခင်ကြီးက ဆက်လက်မိန့်ကြားတော်မူတယ်။ "အတွေးတစ်ခု
ဟာ ရက်အတန်ကြာကတည်းက ကျွန်ုပ်ရဲ့ဦးနှောက်ထဲမှာ အလွန်ပြင်းထန်တဲ့
အရှိန်နဲ့ ပေါ်ပေါက်လျက်ရှိတယ်။ ဒီအတွေးကပဲ ကျွန်ုပ်အား အခြားသော
အကြောင်းကိစ္စအားလုံးကို မေ့သွားစေခဲ့တယ်။ မတ်တပ်ရပ်နေစဉ်၊ ထိုင်နေစဉ်
အချိန်တိုင်းမှာ ထိုသည့်အတွေးသာလျှင် ကျွန်ုပ်ရှေ့မှာ ရှိနေတယ်။ ကျွန်kပ်ဟာ
ပြင်ပမှာ လူတွေနဲ့အတူရောနှောထိုင်နေပြီး လူတစ်ယောက်က ကျွန်ုပ်ကို
စကားတစ်စုံတစ်ရာ ပြောနေချိန်မှာလည်း ကျွန်ုပ်ရဲ့ဦးနှောက်ထဲမှာ ထိုသည့်
အတွေးကသာလျှင် တဝဲလည်လည် လွှမ်းမိုးလျက်ရှိတယ်။ တစ်ဖက်လူကတော့
သူ့ရဲ့စကားကို ကျွန်ုပ်က နားထောင်နေတယ်လို့ ထင်ပါလိမ့်မယ်။ ဒါပေမဲ့
ကျွန်ုပ်ကတော့ ထိုအတွေးထဲမှာသာ နစ်လျက်ရှိပါတယ်။ ကျွန်ုပ် အိမ်၌ရှိစဉ်
အခါမှာလည်း ထိုသည့်အတွေးကသာလျှင် ကျွန်ုပ်နှင့်အတူ ရှိနေတယ်။
အချုပ်ပြောရရင်တော့ ဒီရက်ပိုင်းထဲမှာ အဲဒီအတွေးကပဲ ကျွန်ုပ်ရဲ့
 ဦးနှောက်ထဲမှာ အပြင်းအထန် လွှမ်းမိုးထားတာကြောင့် အခြား ဘာအတွေးမှ
ကျွန်ုပ်ထံမှာရှိမနေနိုင်ပါဘူး။"

တစ်ဖန် သခင်ကြီးက တစ်ဆက်တည်း မိန့်ကြားတော်မူသည်မှာ- "ကျွန်ုပ်ကို
လွှမ်းမိုးထားသည့် အတွေးက ဘာလဲဆိုရင် "ကျွန်ုပ်လာရောက်ရခြင်း၏
အဓိကရည်ရွယ်ချက်မှာ စစ်မှန်သည့် "မို့အ်မင်"(ယုံကြည်သူ)တို့၏ ဂျမာအတ်
တစ်ခုကို မွေးဖွားပေးရန်ဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်
စစ်မှန်သည့် ယုံကြည်မှု ထားရှိသူများဖြစ်ကြရမည်။ အရှင်မြတ်နှင့် စစ်မှန်သော
ဆက်နွယ်မှုတစ်ရပ်ကို တည်ဆောက်ကြရမည်။ အစ္စလာမ်သာသနာကို မိမိတို့၏
လမ်းစဉ်အဖြစ် ပြုလုပ်ကြရမည်။ တမန်တော်မြတ်ကြီး(ဆွ)၏ စံနမူနာများအတိုင်း
လိုက်နာကျင့်သုံးသူများ ဖြစ်ကြရမည်။ ပြုပြင်တည့်မတ်ကြရမည်။ တက္ကဝါ
တရား၏လမ်းပေါ်၌ လျှောက်လှမ်းသူများ ဖြစ်ကြရမည်။ ကိုယ်ကျင့်သိက္ခာ
ပိုင်းအရ မြင့်မားသော စံနမူနာကို တည်ဆောက်ပြသကြရမည်။ တစ်ဖန်
ထိုဂျမာအတ်အုပ်စုအားဖြင့် ကမ္ဘာလောကသည် တရားလမ်းမှန်ကို ရရှိသွားစေရ
မည်။ ဤသို့အားဖြင့် အလ္လာဟ်အရှင်မြတ်၏အလိုတော်သည် ပြည့်စုံလာစေရ
မည်။ အကယ်၍ ဤရည်ရွယ်ချက် မပြည့်ဝခဲ့ပါမူ၊ ကျွန်ုပ်တို့သည် ဆန့်ကျင်
ဘက်ပြုသူ ရန်သူတို့အပေါ် သက်သေသာဓက၊ ကျိုးကြောင်းပြချက်များဖြင့်
အနိုင်ယူလိုက်နိုင်ပြီး သူတို့ကို လုံး၀ဥဿုံ ရှုံးနိမ့်သွားအောင် ပြုလိုက်နိုင်စေ
ကာမူ၊ ထိုသို့ရှိလင့်ကစား ကျွန်ုပ်တို့၏ အောင်နိုင်မှုသည် မည်သို့သော
အောင်မြင်မှုမျှ မဟုတ်သေးချေ။ အကြောင်းမူ ကျွန်ုပ်စေလွှတ်ခြင်းခံရသည့်
အဓိကရည်ရွယ်ချက်သည် ပြည့်စုံခြင်းမရှိခဲ့လျှင် တစ်နည်းအားဖြင့် ကျွန်ုပ်၏
လုပ်ငန်းစဉ်တစ်ခုလုံးသည် အချည်းနှီးသာ ဖြစ်သွားလိမ့်မည်။ ကျွန်ုပ်မြင်နေရ
၏။ သက်သေသာဓက၊ ကျိုးကြောင်းပြချက်များဖြင့် အောင်နိုင်မှုသည် အလွန်
ထင်ရှားလင်းဝင်းစွာဖြင့် နိမိတ်လက္ခဏာများ ပေါ်လွင်ထင်ရှားလျက်ရှိပေ
သည်။ ထို့ပြင် ဆန့်ကျင်သူများဘက်မှလည်း မိမိတို့၏အားနည်းမတတ်သာမှုကို
ခံစားမိလာကြပြီဖြစ်သည်။ သို့သော် ကျွန်ုပ်စေလွှတ်ခြင်းခံရသည့် အဓိက
ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ ဂျမာအတ်အတွင်း၌ ယခုတိုင် နည်းပါးလျက်သာ
ရှိသေး၏။ သို့ဖြစ်ရာ များစွာအာရုံစူးစိုက်ရန် လိုအပ်ပေသည်။ ယခုရက်များ၌
 ဤသည့် အတွေးစိတ်ကူးကသာ ကျွန်ုkပ်၏အတွင်း၌ လှိုက်စားလျက် ရှိပေသည်။
ယင်းအတွေးစိတ်ကူးသည် ကျွန်ုပ်အား မည်သည့် အချိန်တွင်မှ အလွတ်မပေးဘဲ
လွှမ်းမိုးထားလျက်ရှိ၏။"

ဒါသာလျှင် သခင်ကြီးအား စိတ်သောကဖြစ်စေခဲ့တဲ့ ခံစားချက်ဖြစ်ပါတယ်။
အဟ်မဒီတစ်ဦးဟာ ဘယ်လိုရှိသင့်သလဲဆိုတာနဲ့ပတ်သက်လို့ သခင်ကြီးက
အခြေအနေအမျိုးမျိုးမှာ ဂျမာအတ်သားတွေကို သွန်သင်ဆုံးမတော်မူခဲ့ပါ
တယ်။ အခြားသော ကျမ်းစာအုပ်များအပြင် သခင်ကြီးရဲ့ စကားဝိုင်းများနဲ့
ပတ်သက်လို့ မှတ်တမ်းတင်ထားတဲ့ "မာလ်ဖူဇာတ်" (အဆိုအမိန့်များ)ကလည်း
ကျမ်းစာအုပ်(၁၀)တွဲရှိပါတယ်။ ဒီ(၁၀)တွဲထဲမှာ မည်သည့်အတွဲကိုပင်
ကြည့်သည်ဖြစ်စေ၊ အဲဒီမှာ ဂျမာအတ်သားတွေထံမှ သခင်ကြီးရဲ့ မျှော်လင့်ချက်၊
ဂျမာအတ်သားတွေကို သွန်သင်ဆုံးမမှု၊ လက်တွေ့ပိုင်းအခြေအနေကို ပြုပြင်
တည့်မတ်မှုများအကြောင်းတွေကို နည်းလမ်းအသွယ်သွယ်၊ ရှုထောင့်အမျိုးမျိုးမှ
သခင်ကြီးက မိန့်ကြားတော်မူခဲ့ပါတယ်။
ထိုမိန့်ကြားချက်များအနက်မှ အနည်းငယ်ကို ယခု တင်ပြပါ့မယ်။ တစ်နေရာ၌
သခင်ကြီး မိန့်ကြားတော်မူသည်မှာ-
"ဂျမာအတ်အတွင်း၌ စုစည်းညီညွတ်မှုရှိရန်နှင့် အချင်းချင်း ချစ်ခင်မှုထားရှိကြ
ရန် ကျွန်ုပ်သည် ယခင်ကလည်း ကြိမ်ဖန်များစွာ ပြောကြားခဲ့ပြီးဖြစ်သည်။
အသင်တို့သည် အချင်းချင်း စုစည်းညီညွတ်စွာဖြင့် စုရုံးလျက်ရှိကြကုန်။
အလ္လာဟ်အရှင်မြတ်သည် မွတ်စလင်မ်တို့အား ဤသို့သာ မိန့်မှာတော်မူ၏။
အသင်တို့သည် စုစည်းညီညွတ်လျက်ရှိသော ရုပ်ခန္ဓာတစ်ခုတည်းပမာ
ရှိကြကုန်။ သို့မဟုတ်ပါက အသင်တို့၏ ဂုဏ်သိက္ခာ ပျက်ပြယ်သွားလိမ့်မည်။
နမာဇ်ဝတ်ပြုသည့်အခါတွင်လည်း တစ်ဦးနှင့်တစ်ဦး ထိကပ်လျက်ရပ်ကြရန်
အမိန့်ပေးရခြင်းအကြောင်းမှာလည်း အချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်
အတွက်သာဖြစ်၏။ လျှပ်စစ်စွမ်းအင်ကဲ့သို့ တစ်ဦး၏ကောင်းမှုသည် အခြား
တစ်ဦးသို့ ကူးစက်သွားလိမ့်မည်။ အကယ်၍ ကွဲလွဲမှုသာရှိပြီး စည်းလုံးညီညွတ်မှု
မရှိပါလျှင် ကံခေသူများဖြစ်ကြလိမ့်မည်။ တမန်တော်မြတ်ကြီး(ဆွ)က "အချင်းချင်း
 ချစ်ခင်မှု မေတ္တာတရားထားရှိကြကုန်၊ တစ်ဦးနှင့်တစ်ဦး အကွယ်တွင်
ဆုတောင်းပေးကြကုန်။ အကယ်၍ တစ်စုံတစ်ဦးက အခြားတစ်ဦးအတွက်
အကွယ်တွင် ဆုတောင်းပေးသည်ဆိုပါက "ဖရီရှ်တာ"(ကောင်းကင်တမန်)များက
"အသင့် အတွက်လည်း ထိုသို့သာရှိပါစေ"ဟူ၍ ဆုတောင်းပေးကြကုန်၏"ဟု
သွန်သင်မိန့်ကြားတော်မူ၏။ (ခလီဖာသခင်ကြီး မိန့်ကြားတော်မူသည်မှာ-
ကျွန်တော်တို့အတွင်းမှာ မိမိတို့အချင်းချင်း အကွယ်ကနေ အပြန်အလှန်
ဆုတောင်းပေးနေသူတွေ ဘယ်နှစ်ဦးလောက်ရှိသလဲဆိုတာကို တစ်ဦးချင်းစီက
ဆန်းစစ်ကြည့်သင့်ပါတယ်။) ဤသည် အဘယ်မျှ မြင့်မားလိုက်ပါဘိနည်း။
အကယ်၍ လူသား၏ "ဒိုအာ"ဆုတောင်းမှုသည် မပြည့်ဝခဲ့ပါလျှင်လည်း
"ဖရီရှ်တာ" (ကောင်းကင်တမန်)များ၏ "ဒိုအာ"သည် ပြည့်ဝသည်သာ ဖြစ်၏။
ကျွန်ုပ်သည် သွန်သင်မိန့်မှာလို၏။ အချင်းချင်း ကွဲလွဲမှုမဖြစ်ကြကုန်လင့်။
ကျွန်ုပ်သည် အကြောင်းအချက် နှစ်ရပ်ကိုသာ ယူဆောင်လျက် ရောက်ရှိလာ၏။
ပထမသည်ကား- အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းတည်တော်မူခြင်း
"တောင်ဟီးဒ်"ကို နှစ်သက်လက်ခံကြစေရန်နှင့် ဒုတိယသည်ကား- အချင်းချင်း
ချစ်ခြင်းမေတ္တာ၊ စာနာထောက်ထားမှုတို့ဖြင့် ဆက်ဆံမှုပြုကြစေရန် ဖြစ်သည်။
အခြားသူများအတွက်"ကရာမတ်"(တန်ခိုးပြာဋိဟာ)အသွင်ဆောင်သော နမူနာကို
ပြသကြကုန်။ ဤသည့် သက်သေသာဓကသည်သာလျှင် "ဆွဟာဘာ"
သာဝကကြီးများ အတွင်း၌ ပေါက်ဖွားခဲ့ခြင်း ဖြစ်သည်။
(အသင်တို့သည် တစ်ဦးနှင့်တစ်ဦး ရန်ဘက်များ
ဖြစ်ခဲ့ကြ၏။ ထိုအရှင်မြတ်သည် အသင်တို့၏ နှလုံးသားများကို အချင်းချင်း
ပေါင်းစည်းညီညွတ်စေတော်မူခဲ့၏။ ၃း၁၀၄)

သိမှတ်ကြကုန်။ ပေါင်းစည်းညီညွတ်ခြင်းသည် တစ်ခုသော တန်ခိုးပြာဋိဟာ
ဖြစ်၏။ မှတ်သားကြကုန်။ အသင်တို့အနက် တစ်ဦးချင်းစီက မိမိနှစ်သက်သော
အရာကို မိမိညီအစ်ကိုအတွက် နှစ်သက်ခြင်းမရှိပါက ထိုသူသည် ကျွန်ုပ်၏
ဂျမာအတ်အတွင်းမှ မဟုတ်ချေ။ သူသည် ဘေးအန္တရာယ်နှင့် ဒုက္ခအတွင်း၌
ရှိ၏။ သူသည် နိဂုံးကောင်းမည်မဟုတ်ချေ။"
 တစ်ဖန် သခင်ကြီး မိန့်ကြားတော်မူ၏။ "မှတ်သားကြကုန်။ ရန်ငြှိုးဖွဲ့ခြင်းကို
ဖယ်ရှားခြင်းသည် "မဟ်ဒီ"၏ နိမိတ်လက္ခဏာတစ်ရပ်ဖြစ်၏။ အသို့နည်း၊ ဤ
နိမိတ်လက္ခဏာသည် မပြည့်စုံဘဲရှိမည်လော။ မုချ ပြည့်စုံရလိမ့်မည်။
အသင်တို့သည် အဘယ်ကြောင့် သည်းခံစောင့်ဆိုင်းမှုမပြုသနည်း။ ပမာအား
ဖြင့် ဆေးပညာ၌ အချို့သော ရောဂါများကို အမြစ်ဖြတ်ဖယ်ရှားခြင်း မပြုပါလျှင်
ရောဂါပျောက်ကင်းသွားနိုင်မည်မဟုတ်ချေ။ ကျွန်ုပ်အားဖြင့် (အင်ရှာအလ္လာဟ်)
"ဆွာလေဟ်" သူမွန်သူမြတ်တို့၏ ဂျမာအတ်တစ်ခု မွေးဖွားလာလိမ့်မည်။
အချင်းချင်း ရန်လိုမုန်းတီးမှု၏ အရင်းအမြစ်က အဘယ်အရာပါနည်း။
စေးနှဲတွန့်တိုခြင်း၊ မောက်မာခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စိတ်မာန်
အဟုန်များဖြစ်၏။ မိမိတို့၏ စိတ်မာန်ထကြွမှုများကို မထိန်းချုပ်နိုင်သူ၊
အချင်းချင်း ချစ်ခင်မှု၊ ညီအစ်ကိုဖွဲ့မှုတို့ဖြင့် မနေနိုင်သူ အားလုံးကို ဂျမာအတ်မှ
သီးခြားဖယ်ရှားပစ်လိမ့်မည်။ ထိုသူတို့သည် ကောင်းမွန်သော နမူနာကို
မပြသသေးသရွေ့ ရက်အနည်းငယ်မျှအတွက် လာရောက်သော ဧည့်သည်ဖြစ်
ကြောင်းကို မှတ်သားလော့။ ကျွန်ုပ်သည် မည်သူ့ကြောင့်မှ မိမိအပေါ် ပြစ်တင်
ဝေဖန်မှုကို အလိုမရှိပြီ။ အကြင်သူသည် ကျွန်ုပ်၏ ဂျမာအတ်အတွင်း၌ရှိလျက်
ကျွန်ုပ်၏ အလိုသဘောအတိုင်း မဖြစ်ပါလျှင် သူသည် သစ်ကိုင်းခြောက်နှင့်ပမာ
တူ၏။ ဥယျာဉ်မှူးက သူ့အား ဖြတ်တောက်ပစ်ရုံမှတစ်ပါး အခြားမည်သို့
ပြုရအံ့နည်း။ သစ်ကိုင်းခြောက်သည် အခြား စိမ်းစိုသောသစ်ကိုင်းများနှင့်
အတူရှိလျက် ရေကိုစုပ်ယူသော်လည်း စိမ်းစိုလန်းဆန်းခြင်းကား ဖြစ်မလာချေ။
ထိုသစ်ကိုင်းခြောက်သည် အခြားသစ်ကိုင်းများကိုပါ စွဲယူသွားနိုင်၏။ သို့ဖြစ်ရာ
ကြောက်ကြလော့။ မိမိကိုယ်ကို ကုသမှုမခံယူသူသည် ကျွန်ုပ်နှင့်အတူရှိနိုင်မည်
မဟုတ်ချေ။"

တစ်ဖန် လူတစ်ဦးဟာ ဘယ်လိုအခြေအနေမျိုးမှာ စစ်မှန်တဲ့ မို့အ်မင်န်အဖြစ်
ခေါ်ဆိုခြင်းခံထိုက်ကြောင်း မဆီဟ်မော်အူးဒ်(အ)သခင်ကြီး မိန့်ကြားတော်မူ
သည်မှာ-
 "ကျွန်ုပ်ရှင်းလင်းစွာပြောကြားမည်။ အရေးကိစ္စဟူသမျှ၌ အလ္လာဟ်အရှင်မြတ်
အား ဦးထိပ်ထားခြင်းမရှိ၊ ထို့ပြင် အကြင်သူ၏ နှလုံးသားအား အရှင်မြတ်က
ကြည့်ရှုလျက် အရှင့်အတွက်သာလျှင်ဖြစ်သည်ဟု မပြောနိုင်သေးသရွေ့
မည်သူမျှ စစ်မှန်သော မို့အ်မင်န်တစ်ဦးအဖြစ် ခေါ်ဆိုခြင်းမခံထိုက်သေးချေ။
ထိုကဲ့သို့သော လူသားသည် လူအများရှေ့မှောက်တွင်မူ "မို့အ်မင်န်"
သို့တည်းမဟုတ် "မွတ်စလင်မ်" ဖြစ်နိုင်၏။ ... စင်စစ် မွတ်စလင်မ်ဆိုသည်
ကား (မိမိကိုယ်ကို အလ္လာဟ့်ထံပုံအပ်သူ။ ၂း၁၁၃) ဆိုသည့်
အတိုင်း ဖြစ်နေရမည်။ "ဝဂ်ျဟွန်"ဆိုသည်မှာ မျက်နှာကိုခေါ်၏။ သို့ရာတွင်
ယင်းသည် ဇာတိတော်နှင့် ရုပ်ခန္ဓာအတွက်လည်း သုံးစွဲနိုင်ပေသည်။
အကြင်သူသည် စွမ်းအားအလုံးစုံကို အလ္လာဟ်အရှင်မြတ်ရှေ့တော်တွင်
တင်ဆက်လိုက်ပါက ထိုသူသာလျှင် စစ်မှန်သည့် မွတ်စလင်မ်အဖြစ်
ခေါ်ဆိုခြင်းခံထိုက်ပေသည်။
ကျွန်ုပ် အမှတ်ရမိ၏။ မွတ်စလင်မ်တစ်ယောက်က ရဟူဒီတစ်ဦးကို "အသင်
အစ္စလာမ်ကို လက်ခံပါ"ဟူ၍ ဖိတ်ခေါ်၏။ ယခုကဲ့သို့ ဖိတ်ခေါ်သူ မွတ်စလင်မ်
ကိုယ်တိုင်က ပျက်စီးမှုအမျိုးမျိုးတွင် နစ်မွန်းနေသူဖြစ်၏။ ရဟူဒီပုဂ္ဂိုလ်က
သူ့အား ပြောသည်မှာ- "ဦးစွာ အသင့်ကိုယ်အသင် ပြန်ကြည့်ပါဦး။ အသင်သည်
မွတ်စလင်မ်ဟုအခေါ်ခံရသည့်အတွက် ဂုဏ်ယူဝင့်ကြွားမနေနှင့်။ အလ္လာဟ်
အရှင်မြတ်သည် "အစ္စလာမ်"၏အနက်သဘောကိုသာ အလိုရှိတော်မူပြီး
နာမည်သက်သက်၊ စကားလုံးသက်သက်ကို အလိုရှိသည်မဟုတ်ချေ။"
တစ်ဖန် သခင်ကြီး မိန့်ကြားတော်မူသည်မှာ-
"မှတ်သားကြကုန်။ လက်တွေ့ကျင့်သုံးမှုမရှိသေးသရွေ့ စကားလုံးသက်သက်၊
နှုတ်ပြောသက်သက်ဖြင့် ဘာမျှဖြစ်မလာနိုင်ချေ။ ပြောဆိုမှုသက်သက်ဖြင့်
အလ္လာဟ်အရှင်မြတ်ထံတော်၌ မည်သို့မျှတန်ဖိုးမရှိချေ။ အရှင်မြတ် မိန့်ကြား
တော်မူသည်မှာ-
"အသင်တို့မပြုလုပ်သည်ကို ပြောဆိုခြင်းမှာ အလ္လာဟ်၏ထံတော်ဝယ် အလွန်
ကြီးလေးသော အပြစ်ဖြစ်၏။" (၆၁း၄)
တစ်ဖန် အစ္စလာမ်အတွက် အလုပ်အကျွေးပြုလိုပါလျှင် ကိုယ်တိုင်က ဦးစွာ
"တက္ကဝါ"(ဖြူစင်ဖြောင့်မတ်ခြင်း)တရားကို ကျင့်သုံးရန်လိုအပ်ကြောင်း သခင်ကြီး
မိန့်ကြားတော်မူသည်မှာ-
 (သည်းခံမြဲမြံမှုပြုကြရန် သွန်သင်တိုက်တွန်းကြကုန်၊ ထို့ပြင်
နယ်နိမိတ်များကို ကာကွယ်စောင့်ရှောက်ရန် အသင့်ဖြစ်နေကြကုန်။ ၃း၂၀၁)
ရန်သူနှင့်ရင်ဆိုင်ရာတွင် ရန်သူသည် ကန့်သတ်စည်းကို ကျော်၍မလာနိုင်စေရန်
အတွက် နယ်နိမိတ်စည်းပေါ်၌ မြင်းတပ်ကိုထားရှိရန် လိုအပ်သကဲ့သို့
အသင်တို့သည်လည်း အသင့်ရှိနေကြကုန်။ ရန်သူသည် ကန့်သတ်နယ်ခြားစည်း
ကို ကျော်လွန်လျက် အစ္စလာမ်ကို ထိခိုက်နစ်နာအောင် ပြုလုပ်လိုက်နိုင်ခြင်းမျိုး
မဖြစ်စေနှင့်။ ကျွန်ုပ်သည် ယခင်ကလည်း ပြောကြားခဲ့ပြီးဖြစ်၏။ အကယ်၍
အသင်တို့သည် အစ္စလာမ်သာသနာတော်အား ကူညီပံ့ပိုးလိုပြီး အလုပ်အကျွေး
ပြုလိုကြသည်ဆိုပါမူ ဦးစွာ အသင်တို့ကိုယ်တိုင်က "တက္ကဝါ" (ဖြူစင်ဖြောင့်
မတ်ခြင်း)နှင့် စင်ကြယ်ခြင်းတရားများကို ကျင့်သုံးတည်ဆောက်ကြကုန်။
ယင်းအားဖြင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကာကွယ်စောင့်ရှောက်မှု
ခံတပ်အောက်သို့ ရောက်လာနိုင်မည်ဖြစ်သည်။ ထို့ပြင် အသင်တို့သည် ထိုသို့
အလုပ်အကျွေးပြုခြင်းအတွက် ဂုဏ်ပြုခံရခြင်းနှင့် ထိုက်သင့်သော အကျိုး
ဆုလာဘ်ကို ရရှိကြမည်ဖြစ်၏။ အသင်တို့ မြင်တွေ့ကြသည်မဟုတ်လော။
မွတ်စလင်မ်တို့၏ ပြင်ပစွမ်းအင်များသည် အဘယ်မျှချည့်နဲ့သွားပြီနည်း။ အခြား
လူမျိုးအုပ်စုများက ၎င်းတို့အား ရွံရှာမုန်းတီးခြင်းနှင့် အထင်အမြင်သေးခြင်း
တို့ဖြင့် ကြည့်ရှုကြ၏။ အသင်တို့၏ အတွင်းပိုင်းနှင့် နှလုံးသားစွမ်းအင်တို့
သည်လည်း (ထိုကဲ့သို့ပင်) အားအင်နည်းပါးလျက် ချည့်နဲ့သွားမည်ဆိုပါမူ
အဆုံးသတ်သွားပြီဟုသာ မှတ်ယူလော့။ အသင်တို့သည် မိမိတို့၏စိတ်ဝိညာဉ်
 များကို သန့်ရှင်းစင်ကြယ်အောင်ပြုကြကုန်။ ဤသို့အားဖြင့် သန့်ရှင်းသော
ဝိညာဉ်တော်၏ စွမ်းအားသည် ယင်း၌ ကိန်းဝပ်လာစေရန် ဖြစ်သည်။ တစ်ဖန်
ယင်းသည် နယ်နိမိတ်စည်းပေါ်တွင် စောင့်ကြပ်လျက်ရှိသော သန်မာသည့်
မြင်းများသဖွယ် ဖြစ်စေရမည်။ အလ္လာဟ်အရှင်မြတ်၏ "ဖဇလ်"ကျေးဇူး
တော်သည် စင်ကြယ်သူများ၊ ဖြောင့်မတ်မှန်ကန်သူများနှင့်သာ အစဉ်အမြဲ
အတူတကွရှိတော်မူ၏။ မိမိတို့၏ ကိုယ်ကျင့်တရားနှင့် အလေ့အထများကြောင့်
အစ္စလာမ်သာသနာကို အမည်းစက်စွန်းထင်းစေအောင် မပြုကြကုန်လင့်။
အကျင့်ဆိုးယုတ်သူများနှင့် အစ္စလာမ်၏သွန်သင်ချက်များအတိုင်း လိုက်နာကျင့်
သုံးမှုမရှိသော မွတ်စလင်မ်များကြောင့် အစ္စလာမ်ကို အစွန်းအထင်းဖြစ်စေ၏။
မွတ်စလင်မ်တစ်ဦးသည် အရက်သောက်ပြီး နေရာတကာတွင် မူးယစ်အော့အန်
နေ၏။ ခေါင်းပေါင်းပဝါစက လည်ပင်းသို့ ရောက်နေ၏။ လမ်းကြိုလမ်းကြား
ရေမြောင်းများ၌ လဲကျလျက် ရဲသားတို့၏ ကန်ကျောက်ခြင်းကို ခံရ၏။ ဟိန္ဒူနှင့်
ခရစ်ယာန်တို့က သူ့အားကြည့်လျက် ပြက်ရယ်ပြုကြ၏။ ဤကဲ့သို့ ထိုသူ၏
တရားတော်နှင့်ဆန့်ကျင်သောပြုလုပ်မှုသည် သူတစ်ဦးတည်းအတွက်သာ
ပြောင်လှောင်ပြက်ရယ်ပြုခံရသည်မဟုတ်ဘဲ ယင်းသည် အစ္စလာမ်သာသနာကို
ထိပါးသွားစေ၏။ ကျွန်ုပ်သည် ဤကဲ့သို့သော သတင်းများနှင့်
ထောင်မှတ်တမ်းများကို ဖတ်ရှုခြင်းဖြင့် များစွာ စိတ်ထိခိုက်မှု ဖြစ်ရ၏။
မွတ်စလင်မ်တို့သည် ၎င်းတို့၏ မလျော်ကန်သော လုပ်ရပ်များကြောင့် ဤမျှ
ပြစ်တင်ရှုတ်ချခြင်းကိုခံနေကြရ၏။ ဖြောင့်မတ်မှန်ကန်သော လမ်းကို
ညွှန်ပြခြင်းခံရသော ဤအုပ်စုသည် ၎င်းတို့၏ မလျော်ကန်သော ပြုကျင့်မှုများ
ကြောင့် မိမိတို့ကိုယ်တိုင်ကို ဆုံးရှုံးအောင်ပြုနေရုံမျှမက အစ္စလာမ်သာသနာ
ကိုပါ ပြက်ရယ်ပြုစရာအဖြစ် ပြုလုပ်နေကြသည်ကိုကြည့်လျက် ကျွန်ုပ်၏
စိတ်နှလုံးသည် ဆောက်တည်ရာမရခံစားရ၏။ ကျွန်ုပ် ပူပင်ကြောင့်ကြဖြစ်ရ
သည်ကား မွတ်စလင်မ်တို့သည် "မွတ်စလင်မ်"ဟု အမည်ခံထားကြလျက် ဤသို့
တားမြစ်ထားသည့်ကိစ္စများကို ကျူးလွန်ဖောက်ဖျက်ကြသည်ဖြစ်၍ ယင်းက
၎င်းတို့ကိုယ်တိုင်ကိုသာမက အစ္စလာမ်သာသနာကိုပါ အယုံအကြည် ကင်းမဲ့
သွားစေနိုင်၏။ သို့ဖြစ်ရာ မယုံကြည်သူတို့အဖို့ အစ္စလာမ်သာသနာအပေါ်
 ပြစ်တင်ဝေဖန်မှုမပြုနိုင်လောက်အောင် အသင်တို့သည် မိမိတို့၏ ကြံစည်လုပ်
ဆောင်မှုများနှင့် အပြုအမူများကို ပြုပြင်ကြကုန်။"

ယနေ့မှာလည်း ပြင်ပက ဒါကိုပဲ ပြစ်တင်ဝေဖန်နေကြပါတယ်။ အကယ်၍
ကျမ်းမြတ်ကုရ်အာန်ရဲ့ သွန်သင်ချက်က အမှန်ပဲဆိုရင် မွတ်စလင်မ်တွေရဲ့
ပြုကျင့်မှုက အဲဒီအတိုင်း ဘာကြောင့်မရှိရတာလဲ။ ရောက်တဲ့နေရာဒေသ
တိုင်းမှာ ဒီမေးခွန်း၊ ဒီဝေဖန်မှုကိုသာကြားရပါတယ်။ ယနေ့ အဟ်မဒီတွေကသာ
မိမိတို့ရဲ့ အခြေအနေတွေကို ပြုပြင်ပြောင်းလဲလျက် ၎င်းတို့ရဲ့ ဝေဖန်ပြစ်တင်မှု
တွေကို ဆေးကြောရမှာ ဖြစ်ပါတယ်။ ဒီအတွက် များစွာကြိုးစားကြရမှာ
ဖြစ်ပါတယ်။
တစ်ဖန် "ရှူကူရ်"(ကျေးဇူးသိတတ်ခြင်း)ပြုဖို့အတွက် ဖြူစင်ဖြောင့်မတ်ခြင်းတရား
ကို ကျင့်သုံးဖို့ လိုအပ်ကြောင်းကို သခင်ကြီး မိန့်ကြားတော်မူသည်မှာ-
"အသင်တို့၏ အမှန်တကယ်ဖြစ်သော ကျေးဇူးသိတတ်ခြင်းသည်ကား "တက္ကဝါ"
ဖြူစင်ဖြောင့်မတ်ခြင်းနှင့် စင်ကြယ်ခြင်းတရားတို့သာလျှင် ဖြစ်၏။ "မွတ်စလင်မ်"
ဟုတ်မဟုတ် မေးမြန်းမှုအပေါ် "အလ်ဟမ်ဒုလိလ္လာဟ်"ဟု ပြောဆိုခြင်းသက်သက်
သည် စစ်မှန်သော ကျေးဇူးသိတတ်မှုအသွင်မဟုတ်သေးချေ။ (တစ်စုံတစ်ဦးက
မိမိအား မွတ်စလင်မ် ဟုတ်မဟုတ် မေးမြန်းလာမှုအပေါ် "အလ်ဟမ်ဒုလိလ္လာဟ်"
ကျွန်တော် မွတ်စလင်မ်ပါလို့ ပြောရုံလောက်နဲ့ ဒါဟာ ကျေးဇူးသိတတ်မှုအတွက်
ပြည့်စုံမသွားပါဘူး။)
အကယ်၍ အသင်တို့သည် အမှန်တကယ်အားဖြင့် ကျေးဇူးသိတတ်မှု၊
ဆိုလိုသည်မှာ စင်ကြယ်မှုနှင့် "တက္ကဝါ" ဖြူစင်ဖြောင့်မတ်ခြင်းတို့၏ လမ်းကို
ရွေးချယ်လျှောက်လှမ်းခဲ့ပါမူ ကျွန်ုပ်သည် အသင်တို့အား သတင်းကောင်း
ပြောကြားလိုက်မည်။ အသင်တို့သည် နယ်နိမိတ်စည်းများပေါ်တွင် စောင့်ကြပ်
နေသူများဖြစ်ပြီး မည်သူကမျှ အသင်တို့ကို လွှမ်းမိုးနိုင်မည် မဟုတ်ချေ။
ကျွန်ုပ်မှတ်မိသေး၏။ "ဂျဂန်နာထ်"အမည်ရှိအစိုးရအရာရှိတစ်ဦးဖြစ်သူ အယူသီး
ဟိန္ဒူတစ်ဦးက ပြောပြသည်။ "အမရစ်ဆာမှာနေထိုင်သော ကျွန်တော့်ရဲ့ဆွေမျိုး
ဟိန္ဒူတစ်ဦးက အစ္စလာမ်ကိုလက်ခံလိုက်ပြီး အပြင်ပန်းအရ ဟိန္ဒူတစ်ယောက်
 ကဲ့သို့နေထိုင်သော်လည်း သူဟာ လျှို့ဝှက်စွာဖြင့် နမာဇ်ဝတ်ပြု နေပါတယ်။
ကျွန်တော်နဲ့ အခြားအပေါင်းအဖော်တွေက သူ့ကို မကောင်းမြင်ခဲ့ ကြပြီး ဒီလိုနဲ့
ကျွန်တော်တို့အားလုံးပူးပေါင်းလျက် ထိုသူ့အား အလုပ်မှထုတ်ပယ်
ခြင်းခံရအောင် ကြိုးစားခဲ့ကြတယ်။ သူနဲ့ပတ်သက်လို့ ရန်လိုမှုက ကျွန်တော့်
စိတ်ထဲမှာ အပြင်းထန်ဆုံးပါပဲ။ ကျွန်တော်ဟာ သူနဲ့ပတ်သက်လို့ အထက်အရာ
ရှိတွေကို အကြိမ်ကြိမ် တိုင်တန်းခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို ဘယ်လို အရေးယူမှုမှ
မရှိခဲ့ပါဘူး။ ကျွန်တော်တို့စိတ်ထဲမှာတော့ သူ့ကို မဖြစ်မနေ အလုပ်ထုတ်ခံရ
အောင် လုပ်မယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားခဲ့ပြီးပါပြီ။ ပြီးတော့ ကျွန်တော်တို့ရဲ့
ရည်ရွယ်ချက်မှာ အောင်မြင်ဖို့အတွက် သူနဲ့ပတ်သက်တဲ့ အပြစ်တွေကိုလည်း
အများအပြား စုထားခဲ့ပါတယ်။ ကျွန်တော်ဟာ အခါအားလျော်စွာ
သူနဲ့ပတ်သက်လို့ အပြစ်ဆိုစကားတွေကို အထက်အရာရှိထံမှာ တင်ပြလေ့ရှိခဲ့
ပါတယ်။ ခဏတာအခိုက်အတန့်လေးမှာ အရာရှိက စိတ်ဆိုးအမျက်ထွက်ပြီး
သူ့ကို ဆင့်ခေါ်ခဲ့တာမျိုးရှိပေမဲ့လည်း အရာရှိရဲ့ရှေ့မှောက်ကို ရောက်လာတယ်
ဆိုရင်ပဲ မီးကိုရေနဲ့ငြှိမ်းလိုက်သလို ဖြစ်သွားပါတယ်။ အရာရှိက ထိုသူ့ထံမှာ
ဘာအပြစ်မှမရှိသလိုပဲ မူလကအတိုင်း ချိုချိုသာသာနဲ့ပဲပြောဆိုဆက်ဆံပါတယ်။"
"တက္ကဝါ"တရားရှိသူ၊ အလ္လာဟ်အရှင်မြတ်နဲ့ဆက်နွယ်မှုရှိသူတစ်ယောက်အဖို့
ဘယ်လိုအခက်အခဲမျိုးမှမရှိသလို၊ မည်သို့သောသူကမှ သူ့ကိုဆုံးရှုံးနစ်နာအောင်
ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။

တစ်ဖန် သခင်ကြီး မိန့်ကြားတော်မူသည်မှာ-
"ဤအကြောင်းကိုလည်း ကောင်းစွာ မှတ်သားထားရမည်။ အရေးကိစ္စတိုင်းတွင်
အကျိုးအမြတ်ဟူသည်ရှိ၏။ ကမ္ဘာလောက၌ပင် ကြည့်ကြကုန်။ အဆင့်မြင့်မား
သော ကောက်ပဲသီးနှံပင်များမှသည် ပိုးမွှားများတိုင်အောင် လူသားအတွက်
အကျိုးမရှိသောအရာဟူ၍ မရှိချေ။ ကောင်းကင်မှဖြစ်စေ၊ မြေပြင်မှဖြစ်စေ
ဤအရာဝတ္ထုအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်ထွန်းပခြင်း၏
ပုံရိပ်ဖြစ်ပေသည်။ သို့ဖြစ်ရာ ဂုဏ်တော်များ၌ပင် အကျိုးဖြစ်ထွန်းမှုများရှိသည်
ဆိုပါလျှင် (အရှင်မြတ်၏)ဇာတိတော်သည် အဘယ်မျှ အကျိုးရှိသောအရာ
 ဖြစ်မည်နည်း။ ဤနေရာတွင် ဤအချက်ကိုလည်း မှတ်သားထားသင့်သည်။
ပမာအားဖြင့် ထိုသည့် အရာဝတ္ထုများမှ ဆုံးရှုံးမှုနှင့်ကြုံခဲ့ရသည်ဆိုပါမူ
ယင်းသည် မိမိကိုယ်တိုင်၏ မှားယွင်းမှုနှင့် မသိနားမလည်မှုတို့ကြောင့်သာ
ဖြစ်၏။ ထိုသို့မဟုတ်မူဘဲ ထိုအရာဝတ္ထုများ၏ ဗီဇမှာကိုက ဆုံးရှုံးမှုသက်သက်
ကို ထည့်သွင်းထားခြင်းကြောင့် မဟုတ်ချေ။ အမှန်တွင် မိမိ၏ မှားယွင်းမှုနှင့်
ပေါ့ဆမှုတို့ကြောင့်သာ ဆုံးရှုံးမှုသည် ဖြစ်ပေါ်ရ၏။ ထိုနည်းတူစွာပင်
ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ အချို့သော ဂုဏ်တော်များနှင့်စပ်လျဉ်း၍
နားလည်သိမြင်မှုမရှိခြင်းကြောင့်သာ အခက်အခဲဒုက္ခများတွင် ကျရောက်သွား
တတ်ကြ၏။ ထိုသို့မဟုတ်ပါမူ အလ္လာဟ်အရှင်မြတ်သည်ကား စင်စစ် ပကတိ
သနားကြင်နာတော်မူသောအရှင်နှင့် ကောင်းချီးပေးတော်မူသောအရှင်
ဖြစ်တော်မူ၏။ လောကတွင် ဘေးဒုက္ခကြုံရခြင်းနှင့် ဆုံးရှုံးမှုဖြစ်ရခြင်းတို့၏
လျှို့ဝှက်ချက်သည်ကား ကျွန်ုပ်တို့သည် မိမိတို့၏လက်များ၊ ဆိုးယုတ်သော
အတွေးများ၊ အသိပညာနည်းပါးမှုများကြောင့်သာ ဘေးဒုက္ခများ၌ နစ်မွန်းကြရ
ခြင်း ဖြစ်သည်။

ထို့ကြောင့် ဤသည့် ဂုဏ်တော်များဆိုင်ရာ မျက်လုံးများဖြင့်ပင် ကျွန်ုပ်တို့သည်
အလ္လာဟ်အရှင်မြတ်အား နေ့ရက်ပေါင်းများစွာ အလျင်ကပင် "ရဟီးမ်"
(ကရုဏာတော်ရှင်)၊ "ကရီးမ်"(ကောင်းချီးပေးတော်မူသောအရှင်) ဖြစ်ကြောင်း
မြင်တွေ့ရပေသည်။ အရှင်မြတ်နှင့် အနီးဆုံးသူ၊ အရှင်မြတ်နှင့် နီးစပ်သွားသူတို့
သာလျှင် ထိုသည့် ကောင်းကျိုးချမ်းသာများဖြင့် စီခြယ်ခြင်းခံရသူများ ဖြစ်ကြ၏။
"မွတ္တကီ"တို့သာလျှင် ဤအဆင့်အတန်းကိုရရှိကြ၏။ ၎င်းတို့သည် အလ္လာဟ်
အရှင်မြတ်၏ အနီးအပါးတွင် နေရာရကြ၏။ "မွတ္တကီ"တစ်ဦးသည် အလ္လာဟ်
အရှင်မြတ်နှင့် နီးစပ်သွားသည်နှင့်အမျှ တရားလမ်းညွှန်တော်၏ အလင်းရောင်
တစ်ခုကို သူ့အား ချီးမြှင့်ခြင်းခံရ၏။ ယင်းက သူ၏ အသိပညာများနှင့်
ဦးနှောက်တွင် ထူးခြားသော အလင်းရောင်တစ်ခုကို ပေါက်ဖွားလာစေ၏။
တစ်ဖန် အရှင်မြတ်နှင့် ဝေးကွာသွားသူအဖို့ ထိုသို့ ဝေးကွာသည်နှင့်အမျှ
သူ့အား ပျက်စီးစေမည့် အမှောင်ထုတစ်ခုသည် သူ၏ ဦးနှောက်နှင့်
နှလုံးသားတို့ကို လွှမ်းမိုးသွားပေသည်။ အဘယ်မျှထိဆိုလျှင် သူသည်-
(ထိုသူတို့သည်ကား နားပင်းသူများ၊ ဆွံ့အသူများ
နှင့် မျက်ကန်းများ ဖြစ်ကြ၏။ ၂း၁၉)ဆိုသည့် မုက္ခပါဌ်တော်၏ ရည်ညွှန်းခံရသူ
ဖြစ်သွားလျက် ဂုဏ်သရေယုတ်လျော့ခြင်းနှင့် ဖျက်ဆီးခြင်းကို ခံကြရ၏။
သို့ရာတွင် ယင်းနှင့်ယှဉ်လိုက်လျှင် အလင်းရောင်များဖြင့် စီခြယ်ခြင်းခံရသော
လူသားသည် အလွန်မြင့်မားသော စည်းစိမ်ချမ်းသာနှင့် ဂုဏ်သိက္ခာကို
ရရှိပေ၏။ အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင် မိန့်ကြားတော်မူသည်မှာ-
 (အို-ငြိမ်သက်အေး
ချမ်းခြင်း၌တည်သောစိတ်ဝိညာဉ်၊ မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်
မြတ်ထံတော်သို့ ကျေနပ်စွာဖြင့်လည်းကောင်း၊ ကျေနပ်နှစ်သက်မှုကိုရရှိလျက်
လည်းကောင်း ပြန်သွားပါလေ။ ၈၉း၂၈-၂၉)
လူအချို့သည် တန်ခိုးအာဏာဖြင့် အပြင်ပန်းအရ အေးချမ်းမှုရယူကြသည်။
အချို့အတွက် ၎င်းတို့၏ ဓနဥစ္စာနှင့် ဂုဏ်သိက္ခာတို့က ၎င်းတို့၏ အေးချမ်း
သာယာမှုကို ဖြစ်စေ၏။ အချို့က မိမိတို့၏လှပပြီး အသိဉာဏ်ကြွယ်သော
သားသမီးများကိုကြည့်လျက် စိတ်အေးချမ်းမှုကို ခံစားနေကြ၏။ သို့ရာတွင်
ဤကဲ့သို့သော သာယာမှုနှင့် လောကီဆိုင်ရာဝတ္ထုပစ္စည်းများမှရရှိသော
စိတ်အေးချမ်းမှုတို့သည် လူသားအား အမှန်တကယ်ဖြစ်သော ငြိမ်းအေးခြင်းနှင့်
သာယာကျေနပ်မှုကို မပေးနိုင်ချေ။ ထိုမျှမက ယင်းတို့သည် တစ်မျိုးသော
မစင်ကြယ်သည့် အလိုလောဘကို မွေးဖွားပေးလျက် ရမ္မက်နှင့် ပြင်းပြသည့်
ဆန္ဒတို့ကိုသာ ပေါက်ဖွားစေ၏။ ဝေဒနာသည်တစ်ဦးပမာ သူတို့၏ ဆာလောင်
မွတ်သိပ်မှုက သူတို့အား ပျက်စီးခြင်းသို့မရောက်စေသမျှ သူတို့၌ မငြိမ်းနိုင်
သေးချေ။

သို့ရာတွင် ဤမုက္ခပါဌ်တော်၌ အရှင်မြတ် မိန့်ကြားတော်မူသည်မှာ- ထိုသည့်
တည်ငြိမ်အေးချမ်းခြင်း၌ရှိသော စိတ်ဝိညာဉ်၊ သူသည် မိမိ၏ အေးချမ်းသာယာ
မှုကို မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်၌ ရှာဖွေခဲ့၏။
ဤဂုဏ်အဆင့်အတန်းသည် လူသားအတွက် ရရှိနိုင်၏။ ထိုအချိန်တွင် သူ၏
 အေးချမ်းသာယာမှုသည် ပစ္စည်းဥစ္စာများ၊ လောကီ ခမ်းနားထည်ဝါမှုများ
ရှိပါလျက်နှင့် သူသည် အရှင်မြတ်ထံတော်၌သာ ပျော်ပိုက်၏။ ဤသည့်
ကျောက်သံပတ္တမြား၊ လောကီဂုဏ်ရှိန်နှင့် ထည်ဝါမှုတို့သည် သူ၏ စိတ်နှလုံး
သာယာချမ်းမြေ့မှုအတွက် အမှန်တကယ်ဖြစ်သောအကြောင်းခံများ မဟုတ်
တော့ချေ။
သို့ဖြစ်ရာ လူသားသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အေးချမ်းမှုနှင့်
ကျေနပ်ပျော်ရွှင်မှုကိုမရပါလျှင် သူသည် ကယ်တင်ခြင်းကို မရနိုင်ချေ။
အကြောင်းမူ ကယ်တင်ခြင်းဟူသည် "စိတ်နှလုံးတည်ငြိမ်အေးချမ်းမှု"၏
နောက်တစ်မျိုး အခေါ်အဝေါ်သာ ဖြစ်ပေသည်။"
တစ်ဖန် "နဖ်စေမွတ်မာအင်န္နာ"မရှိဘဲနှင့် လူသားသည် ကယ်တင်ခြင်းကို
မရနိုင်ကြောင်း သခင်ကြီး မိန့်ကြားတော်မူသည်မှာ-
"ကျွန်ုပ်သည် လူပုဂ္ဂိုလ်အချို့ကို မြင်တွေ့ခဲ့ရပြီး လူအများစု၏ အကြောင်းအရာ
များကို ဖတ်ရှုခဲ့ရ၏။ လောက၏ ဓနဥစ္စာများ၊ လောက၏ မမှန်ကန်သော
စည်းစိမ်ချမ်းသာများနှင့် အလုံးစုံသော ကောင်းကျိုးချမ်းသာများ၊ သားသမီးများ၊
အခြွေအရံများရှိကြ၏။ အကြင်အခါ သူသည် ကွယ်လွန်သေဆုံးတော့မည်၊
ဤလောကကို စွန့်ခွာရတော့မည်၊ ယင်းနှင့်တစ်ပြိုင်တည်း သူ၏ ပိုင်ဆိုင်မှု
ပစ္စည်းဥစ္စာများကို ထားရစ်ခဲ့ရတော့မည်၊ အခြားသော လောကတစ်ခုသို့
သွားရောက်ရတော့မည်ကို သိသွားသည့်အခါ သူ့ထံ၌ ကြီးစွာသော
နောင်တရခြင်း၊ မျှော်လင့်တောင့်တခြင်းများ၏ မီးတောက်တစ်ခုဖြစ်ပေါ်လာပြီး
ပြင်းစွာသော (သက်ပြင်းချခြင်း)ပင့်သက်ရှူရှိုက်မှုကို ပြုလေ၏။ သို့ဖြစ်ရာ
ဤသည်မှာလည်း တစ်မျိုးသော "ဂျဟန္နမ်"(ငရဲ)ဖြစ်၏။ ယင်းသည် လူသား၏
စိတ်နှလုံးကို သာယာချမ်းမြေ့ခြင်းအမှန်ကို မပေးစွမ်းနိုင်ချေ။ ထိုမျှမက သူ့အား
စိုးရိမ်ကြောင့်ကြမှုနှင့် ဆောက်တည်ရာမရဖြစ်မှု၌သာ ထည့်သွင်း၏။
သို့ဖြစ်ပေရာ ဤသည်ကို ကျွန်ုပ်၏မိတ်ဆွေများအနေဖြင့် မျက်စိမှောက်ခြင်း
မဖြစ်သင့်ချေ။ များသောအားဖြင့် လူသားသည် ဇနီးသားသမီးနှင့် ဓနဥစ္စာ
များကို ချစ်ခြင်း၊ မှန်ပေ၏၊ ထိုသည့်မလျော်ကန်သော အတိုင်းထက်အလွန်
 ဖြစ်သော ချစ်ခင်မှု၌ နစ်မွန်းသွားပေသည်။ ထိုသည့် ချစ်ခြင်း၏ ယစ်မူးမှု၌
မလျော်ကန်သော အလုပ်များကို ပြုလုပ်မိတတ်ကြသည် ဖြစ်၍ သူနှင့်
ဘုရားသခင်အကြားတွင် အကာအဆီးတစ်ခုကို ဖြစ်ပေါ်စေ၏။ ထို့ပြင်
သူ့အတွက် ငရဲတစ်ခုကို ဖန်တီးပေး၏။ သို့သော် သူသည် ယင်းကို မသိရှိချေ။
အကြင်အခါတွင် သူ့အား ထိုသည့်အရာဝတ္ထုများမှ ရုတ်တရက် သီးခြား
ဖယ်ထုတ်လိုက်မည်ကို သူသည် သတိမထားမိချေ။ ထိုအချိန်သို့ ရောက်သော
အခါ သူသည် အလွန်ပြင်းစွာသော ပူဆွေးသောက၌ ကျရောက်လေတော့
သည်။ ဤအကြောင်းကို အလွန် လွယ်ကူစွာဖြင့် အကဲခတ်သိနိုင်၏။
တစ်စုံတစ်ရာကို ချစ်မြတ်နိုးသည့်အခါ ယင်းမှ ခွဲခွာရခြင်းဖြင့် နာကျင်မှု၊
သောကတစ်ခုကိုခံစားရ၏။ ဤအကြောင်းကိစ္စသည် ယခု စာသားသက်သက်
မဟုတ်တော့ဘဲ ယုတ္တိဗေဒကျသော အကြောင်းကိစ္စလည်း ဖြစ်၏။ အရှင်မြတ်
မိန့်ကြားတော်မူသည်မှာ-
 (ထိုအရာသည် တောက်လောင်လျက်
ရှိသော အလ္လာဟ်၏ မီးဖြစ်၏။ ယင်း(မီး)သည် စိတ်နှလုံးများကို တွယ်ကပ်ပေ
လိမ့်မည်။ ၁၀၄း၇-၈)
ဤသည်ကား အရှင်မြတ်မှတစ်ပါးဖြစ်သော အရာများကို ချစ်ခင်မှုကြောင့်
ဖြစ်ပေါ်လာသော မီးတောက်ဖြစ်၏။ ယင်းသည် လူသား၏ စိတ်နှလုံးကို
လောင်ကျွမ်းလျက် ပြာကျသွားစေ၏။ ထို့ပြင် အလွန် အံ့ဖွယ်ဖြစ်သော
ပြစ်ဒဏ်တစ်ရပ်နှင့် နာကျင်မှုတို့တွင် နစ်မွန်းသွားစေ၏။
ကျွန်ုပ် တစ်ဖန် ထပ်၍ ပြောမည်။ ဤသည် လုံး၀ဥဿုံမှန်ကန်ပြီး
ယုံကြည်စိတ်ချရသောစကားဖြစ်၏။ ယင်းကား "နဖ်စေမွတ်မာအင်န္နာ" မရှိဘဲ
လျက် လူသားသည် ကယ်တင်ခြင်းကို မရရှိနိုင်ပေ။"
တစ်ဖန် သခင်ကြီးသည် ဂျမာအတ်အဖွဲ့ဝင်များကို သွန်သင်ဆုံးမလျက်
မိန့်ကြားတော်မူသည်မှာ-
 "အလ္လာဟ်အရှင်မြတ်သည် "ဆွာလေ့ဟ်"သူမွန်သူမြတ်တို့မှတစ်ပါး မည်သူ့ကိုမျှ
အရေးစိုက်တော်မမူချေ။ အချင်းချင်း ချစ်ခင်မှုမေတ္တာတရားကို ပေါက်ဖွားစေကြ
ကုန်။ ထို့ပြင် ရိုင်းပြမှုနှင့် ကွဲပြားခြားနားမှုတို့ကို စွန့်ကြကုန်။ အမျိုးမျိုးသော
ပြောင်လှောင်ပြက်ရယ်ပြုမှုများမှ လုံး၀ဥဿုံ ရှောင်ကြဉ်လျက်နေကြကုန်။
အကြောင်းမူ ပြောင်လှောင်ပြက်ရယ်ပြုခြင်းသည် လူသား၏ စိတ်နှလုံးကို
အမှန်တရားမှ ဝေးရာသို့တွန်းပို့လျက် လွင့်ထွက်သွားစေ၏။ အချင်းချင်း
တစ်ဦးကိုတစ်ဦး ဂုဏ်သိက္ခာပေး၍ ဆက်ဆံကြကုန်။ လူတိုင်းသည် မိမိတို့၏
သာယာချမ်းမြေ့မှုထက် မိမိညီနောင်၏သာယာမှုကို ဦးစားပေးကြကုန်။
အလ္လာဟ်အရှင်မြတ်နှင့် စစ်မှန်သည့် ပြေငြိမ်းမှုတစ်ရပ်ကို ပြုလုပ်ကြကုန်။
ထို့ပြင် အရှင်မြတ်အားနာခံခြင်းအောက်သို့ ပြန်လှည့်လာကြကုန်။ အလ္လာဟ်
အရှင်မြတ်၏ အမျက်တော်သည် ကမ္ဘာမြေသို့ ကျရောက်လာနေပေပြီ။ မိမိ၏
အပြစ်အမှားများမှ အပြည့်အဝ ဝန်ချတောင်းပန်ခြင်းပြုလျက် အရှင်မြတ်၏
ရှေ့တော်သို့ လာရောက်သူသာလျှင် ယင်းမှလွတ်မြောက်သူ ဖြစ်၏။
အသင်တို့ မှတ်သားထားကြကုန်။ အကယ်၍ အသင်တို့သည် မိမိတို့ကိုယ်ကို
အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားမှုအောက်တွင် ရောက်စေကြမည်၊ ထို့ပြင် အရှင့်
သာသနာတော်အား ကူညီဆောင်မခြင်းကိစ္စ၌ ကြိုးပမ်းအားထုတ်မည်ဆိုပါမူ
အရှင်မြတ်သည် အတားအဆီးဟူသမျှကို ဖယ်ရှားပေးတော်မူလိမ့်မည်။ ထိုအခါ
အသင်တို့ အောင်မြင်သွားကြပေမည်။

အသို့နည်း၊ အသင်တို့ မမြင်ကြသလော။ လယ်သမားသည် ကောင်းသော
ပျိုးပင်များအတွက် လယ်မြေမှ အဖြုန်းများကို နုတ်၍ဖယ်ရှားပစ်၏။ ထို့ပြင်
မိမိ၏ လယ်မြေအား လှပဝေဆာပြီး သစ်ပင်များ၊ သီးပွင့်ဝေဆာသော
ပျိုးပင်များဖြင့် ပြည့်စေ၏။ ထို့ပြင် ယင်းအပင်များကို စောင့်ရှောက်မှုပြု၏။
အလုံးစုံသော ဖျက်ပိုးများနှင့် ဆုံးရှုံးမှုမှ ကာကွယ်၏။ သို့သော် ထိုအပင်သည်
သီးပွင့်ဝေဆာခြင်းမရှိဘဲ ညှိုးနွမ်းခြောက်သွေ့လာသည်ဆိုပါမူ လယ်ရှင်သည်
ယင်းကို အရေးစိုက်လိမ့်မည်မဟုတ်ချေ။ ကျွဲနွားတိရစ္ဆာန်တစ်ကောင်ကောင်
သည် ယင်းအား ကိုက်ဖြတ်စားလိုက်သည်ဖြစ်စေ၊ ထင်းခုတ်သမားတစ်ဦးက
 ယင်းအား ခုတ်ဖြတ်လျက် မီးလင်းဖိုအတွင်းသို့ ထည့်သွင်းလိုက်သည်ဖြစ်စေ
(လယ်ရှင်သည် အရေးစိုက်မည်မဟုတ်ချေ)။
ထိုနည်းတူစွာပင် အသင်တို့သည်လည်း မှတ်သားထားကြကုန်။ အသင်တို့သည်
အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်တွင် ဖြောင့်မတ်မှန်ကန်သူများအဖြစ်
သတ်မှတ်ခြင်းခံရပါမူ မည်သူတစ်ဦးတစ်ယောက်၏ ဆန့်ကျင်မှုကမျှ
အသင်တို့အား ဆုံးရှုံးနစ်နာအောင် ပြုနိုင်မည်မဟုတ်ချေ။ သို့သော် အကယ်၍
အသင်တို့သည် မိမိတို့၏ အခြေအနေများကို တည့်မတ်ခြင်းမပြု၊ ထို့ပြင်
အလ္လာဟ်အရှင်မြတ်အား နာခံပျပ်ဝပ်ခြင်းအတွက် မှန်ကန်သော ကတိကဝတ်
ကိုလည်းမပြုပါလျှင် အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦး တစ်ယောက်ကိုမျှ
အရေးစိုက်တော်မမူချေ။ ထောင်ပေါင်းများစွာသော သိုးများ၊ ဆိတ်များသည်
နေ့စဉ်နှင့်အမျှ လှီးဖြတ်ခြင်းခံကြရ၏။ ယင်းတို့အတွက် မည်သူကမျှ ကရုဏာ
မဖြစ်မိချေ။ သို့ရာတွင် လူတစ်ဦးတစ်ယောက် သတ်ဖြတ်ခြင်းခံရပါက
အဘယ်မျှ စစ်ဆေးမေးမြန်းခြင်း ခံရပါသနည်း။
သို့ဖြစ်ရာ အသင်တို့သည် မိမိတို့ကိုယ်ကို တိရစ္ဆာန်များပမာ ဘာမျှအသုံးမဝင်၊
အရေးစိုက်စရာမဟုတ်သော အရာတစ်ခုအဖြစ် ပြုလုပ်ကြမည်ဆိုပါက
အသင်တို့၏ အခြေအနေသည်လည်း ထိုသို့သာ ဖြစ်လိမ့်မည်။ အသင်တို့သည်
အလ္လာဟ်အရှင်မြတ်၏ ချစ်ခင်နှစ်သက်ရသူများတွင် အပါအဝင်ဖြစ်သွားကြ
ကုန်။ ဤသို့ဖြင့် မည်သို့သော ကပ်ဘေးနှင့် ဘေးဒုက္ခတစ်စုံတစ်ရာကမျှ
အသင်တို့အား လက်ဖြားနှင့်ပင် ထိဝံ့လိမ့်မည်မဟုတ်ချေ။ အကြောင်းမူ
အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ မည်သည့် အရေးကိစ္စမျှ ကမ္ဘာမြေတွင်
မဖြစ်ပေါ်နိုင်ချေ။ မိမိတို့ အချင်းချင်းကြားတွင်ရှိသော ရန်ငြှိုးရန်စွယ်များ၊
စိတ်မာန်ထကြွမှုများ၊ ရန်လိုမုန်းထားမှုများကိုဖယ်ရှားကြကုန်။ ယခု အချိန်
ရောက်ပြီဖြစ်၏။ အသင်တို့သည် သာမန်အသေးအဖွဲကိစ္စများမှ မျက်နှာလွှဲလျက်
အရေးပါပြီး အလွန်ကြီးကျယ်သော လုပ်ငန်းများတွင် ပျော်ပိုက်သွားကြကုန်။"
သခင်ကြီး မိန့်ကြားတော်မူ၏။ "ဤအကြောင်းကို မှာတမ်းစကားအဖြစ်
မှတ်ယူထားကြကုန်။ အသင်တို့သည် ခွန်အားကိုသုံးလျက် ကြမ်းကြမ်းတမ်းတမ်း
 ပြောဆိုခြင်းမပြုကြကုန်လင့်။" (အမြဲတမ်း နူးညံ့သိမ်မွေ့စွာပြောဆိုပြီး
စိတ်မာန်ထကြွမှုကို မပြသကြလင့်။)
တစ်ဖန် သခင်ကြီး မိန့်ကြားတော်မူသည်မှာ- "နောင်ကာလအတွက်
မှတ်သားထားကြကုန်။ ညီနောင်များ၏ ရပိုင်ခွင့်ကို လက်မလွှတ်ကြလင့်။
သို့မဟုတ်ပါက "ဟကူကွလ္လာဟ်"(အလ္လာဟ်အရှင်မြတ်နှင့် သက်ဆိုင်သောတာဝန်
များ)လည်း ကျန်ရှိတော့မည်မဟုတ်ချေ။"
တစ်ဖန် သခင်ကြီး မိန့်ကြားတော်မူသည်မှာ- "ကျွန်ုပ်အား ဤသို့သာ မိန့်ကြား
ခြင်းခံရ၏။ (စင်စစ်
အလ္လာဟ်သည် မည်သည့်လူမျိုးနွယ်၏ အခြေအနေကိုမျှ ၎င်းတို့၏
စိတ်များတွင်ရှိသည်တို့ကို သူတို့ကိုယ်တိုင်က ပြောင်းလဲခြင်းမပြုသရွေ့
ပြောင်းလဲပေးတော်မမူချေ။ ၁၃း၁၂)
ဤစကားကိုကြားရလျက် လူပုဂ္ဂိုလ်တိုင်းက မိမိတို့သည် နမာဇ်ဝတ်ပြု
တည်ဆောက်ကြပြီး အီစ်တိဂ်ဖာရ်(အပြစ်မှဝန်ချတောင်းပန်ခြင်း) ပြုလုပ်ကြ
သော်လည်း အဘယ်ကြောင့် ဘေးဒုက္ခများနှင့် အခက်အခဲများကို ကြုံနေရပါ
သနည်းဟု ရုတ်ချည်းပင်မေးမြန်းလာကြ၏။ အဖြစ်မှန်အကြောင်းရင်းသည်ကား
အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်ကို နားလည်သဘောပေါက်သူသာလျှင်
ကံကောင်းထောက်မသူဖြစ်၏။ အလ္လာဟ်အရှင်မြတ်၏ အလိုတော်သည်
တစ်စုံတစ်ခုဖြစ်နေပြီး မိမိတို့နားလည်ထားသည်က အခြားတစ်ခု ဖြစ်နေတတ်
၏။ တစ်ဖန် မိမိတို့၏ အသိဉာဏ် ဦးနှောက်၏ အတိုင်းအတာကလေးနှင့်
ယင်းအား တိုင်းထွာကြည့်တတ်၏။ ဤသို့ပြုလုပ်ခြင်းမှာ မမှန်ကန်ချေ။
အရာဝတ္ထုတိုင်းကို သတ်မှတ်ထားသော ပမာဏထက် လျှော့၍သုံးစွဲပါက
ယင်း၌ ထည့်သွင်းထားသည့် အကျိုးအာနိသင်သည် ထင်ရှားလိမ့်မည် မဟုတ်
ချေ။ ဥပမာ- ဆေးဝါးတစ်မျိုးကို သတ်မှတ်ထားသော ပမာဏအထိမသုံးစွဲဘဲ
အစက်တစ်စက်မျှသာ သုံးစွဲမည်ဆိုပါက ယင်းအားဖြင့် မည်သို့ အကျိုးရှိစေနိုင်
မည်နည်း။ တစ်ဖန် တစ်စုံတစ်ဦးသည် မုန့်စားရမည့်နေရာတွင် အစေ့တစ်စေ့မျှ
သာ စားလျက်ဖြင့် သူ၏ ဝမ်းသည် ဝလင်သွားမည်လော။ ရေတစ်ခွက်သောက်
 သုံးရမည့်အစား ရေတစ်စက်ရေတစ်ပေါက်မျှက သူ့အား ရေငတ်ပြေစေမည်
လော။ လုံးဝမဟုတ်ချေ။ ကျင့်ကြံတည်ဆောက်မှုတို့၏ အခြေအနေမှာလည်း
ဤသို့သာရှိ၏။ ယင်းသည် သတ်မှတ်ထားသော ပမာဏအတွင်း မရှိလေသမျှ
အပေါ်သို့တက်ရောက်မသွားနိုင်ချေ။ ဤသည် အလ္လာဟ်၏ "စွန္နတ်"နိယာမ
အစဉ်အလာဖြစ်ပြီး ယင်းကို ကျွန်ုပ်တို့သည် ပြောင်းလဲ၍မရနိုင်ချေ။"
သခင်ကြီး မိန့်ကြားတော်မူ၏။ "မိမိညီနောင်အား ကိုယ်ချင်းစာနာခြင်းသည်
"ဆဒကာ"အလှူဒါနပြုသကဲ့သို့ဖြစ်သည်။ တစ်ဖန် ဤရပိုင်ခွင့်သည် လူသားတို့
နှင့်သက်ဆိုင်သော ရပိုင်ခွင့်ဖြစ်ပြီး "ဖရက်ဇ်"မပြုမနေရ တာဝန်လည်း ဖြစ်၏။
ပမာအားဖြင့် အရှင်မြတ်သည် မိမိအတွက် "ဆွလားတ်"(နမာဇ်ဝတ်ပြုခြင်း)နှင့်
ဥပုသ်ဆောက်တည်ခြင်းတို့ကို မပြုမနေရတာဝန်အဖြစ် ပြဋ္ဌာန်းတော်မူဘိသကဲ့
သို့ လူသားတို့နှင့်သက်ဆိုင်သော တာဝန်ဝတ္တရားများကိုလည်း ထိန်းသိမ်းစောင့်
ရှောက်ရန် "ဖရက်ဇ်"တာဝန်အဖြစ် ပြဋ္ဌာန်းထားတော်မူ၏။"
သခင်ကြီး မိန့်ကြားတော်မူ၏။ "အကြင်သူသည် စာနာထောက်ထားမှုကို
စွန့်လွှတ်လိုက်ပါက သူသည် သာသနာကို စွန့်ခြင်းသာဖြစ်၏။ ကျမ်းတော်မြတ်
ကုရ်အာန်တွင် မိန့်ကြားထားတော်မူ၏။

(အကြင်သူသည် အခြားသူတစ်ဦးဦးအား သတ်ဖြတ်ခြင်းကိုလည်းကောင်း၊
ကမ္ဘာမြေပြင်တွင် ပျက်စီးရာပျက်စီးကြောင်းကိုလည်းကောင်း မပြုပါဘဲလျက်
အကြင်မည်သူမဆို ထိုသူအား သတ်ဖြတ်ပါမူ သူသည် လူသားအားလုံးကို
သတ်ဖြတ်လိုက်ခြင်းပင်ဖြစ်၏။ ၅း၃၃)
ဆိုလိုသည်မှာ- အကြင်သူသည် လူတစ်ဦးဦးအား အကြောင်းမဲ့
သတ်ဖြတ်ခြင်းပြုသော် သူသည် လူသားထုတစ်ရပ်လုံးကို သတ်ဖြတ်လိုက်ခြင်း
ပင် ဖြစ်၏။ ထိုနည်းတူစွာပင် ကျွန်ုပ်ပြောလိုသည်ကား အကယ်၍ တစ်စုံတစ်ဦး
သည် မိမိညီနောင်အား စာနာထောက်ထားမှု မပြုဘူးဆိုပါလျှင် တစ်နည်းအား
ဖြင့် သူသည် လူသားထုတစ်ရပ်လုံးအပေါ် စာနာထောက်ထားမှု ကင်းမဲ့ခြင်းသာ
လျှင် ဖြစ်၏။ အီမာန်ကို လက်လွှတ်ရသည့်အခြေအနေရောက်သည်အထိ
 လောကီဘဝအသက်ကို ဤမျှ မြတ်နိုးခင်တွယ်မှု မပြုကြကုန်လင့်။ ညီနောင်များ
၏ ရပိုင်ခွင့်ကို မည်သည့်အခါမျှ မပစ်ပယ်လင့်။"
အကယ်၍ ဒီမိန့်ကြားချက်ကိုသာ ကျွန်တော်တို့ ကောင်းစွာနားလည်
သဘောပေါက်သွားပြီဆိုရင် ကျွန်တော်တို့အကြားမှာရှိတဲ့ များစွာသော
ရန်ငြှိုးရန်စွယ်တွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေ၊ တရားတဘောင် ဖြစ်နေမှုတွေ
အားလုံးဟာ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။
သခင်ကြီး မိန့်ကြားတော်မူ၏။ "မှတ်သားထားကြကုန်။ အလုံးစုံသော
"ဖဇလ်"ကောင်းချီးများသည် အီမာန်(ယုံကြည်မှု)နှင့် ဆက်နွယ်လျက်ရှိ၏။
ယုံကြည်မှုကို ခိုင်မာအောင် တည်ဆောက်ကြကုန်။ တာဝန်ပျက်ကွက်ခြင်းသည်
အပြစ်ဖြစ်၏။ အလ္လာဟ်အရှင်မြတ်က ဤဂျမာအတ်ကို စံနမူနာတစ်ရပ်အဖြစ်
ပြုလုပ်ရန် အလိုရှိတော်မူ၏။ အကယ်၍ ယင်းတို့၏ အခြေအနေကလည်း
ညီနောင်ချင်း ချစ်ခင်ရင်းနှီးမှုနှင့် စာနာထောက်ထားမှုတို့မရှိပါလျှင် အလွန်
ကြီးမားသော ပျက်စီးမှုသာလျှင် ဖြစ်လိမ့်မည်။"

တစ်ဖန် သခင်ကြီး မိန့်ကြားတော်မူ၏။ "ဆန့်ကျင်သူများက ကျွန်ုပ်၏
ဂျမာအတ်ကို ရန်လိုမုန်းထားကြ၏။ ဤဂျမာအတ်အား ဖျက်ဆီးသုတ်သင်ပစ်လို
ကြ၏။ သူတို့သိထားကြရမည်မှာ- ဆန့်ကျင်သူတို့၏ ရန်လိုမုန်းထားမှုကို ခံရ
သော်လည်း ကျွန်ုပ်သည် ၎င်းတို့နှင့် ကိစ္စတစ်ရပ်တွင် သဘောတူပါ၏။ ယင်း
ကား- အလ္လာဟ်အရှင်မြတ်သည် ဤဂျမာအတ်ကို အပြစ်များမှ စင်ကြယ်စေရန်
လိုလားတော်မူပြီး ၎င်းတို့၏ ကြံစည်လုပ်ဆောင်မှုတိုင်းသည် အကောင်းဆုံး
စံနမူနာများ ဖြစ်ကြစေလို၏။ ယင်းတို့သည် ကျမ်းမြတ်ကုရ်အာန်၏ စစ်မှန်သည့်
သွန်သင်ချက်များအတိုင်း အမှန်တကယ် လိုက်နာကျင့်သုံးသူများ ဖြစ်ကြစေ
လို၏။ ထို့ပြင် တမန်တော်မြတ်ကြီး(ဆွ)အား နောက်လိုက်နာခံမှု၌ မိမိကိုယ်ကို
ချုပ်ငြိမ်းစေသူများဖြစ်ကြစေလို၏။ သူတို့အချင်းချင်းအကြား၌ မည်သို့သော
ရန်လိုမုန်းတီးမှုမျှ မရှိစေလိုပေ။ ယင်းတို့သည် အလ္လာဟ်အရှင်မြတ်အား
အပြည့်အဝ အမှန်တကယ် ချစ်ခြင်းဖြင့် ချစ်မြတ်နိုးသူများ ဖြစ်ကြရမည်။
သို့သော် အကယ်၍ မည်သူမဆို ဤဂျမာအတ်အတွင်း၌ ဝင်ရောက်ပြီးပါလျက်
နှင့် ဤရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်းမပြု၊ မိမိတို့၏ ကျင့်ကြံတည်
 ဆောက်မှုများဖြင့် စစ်မှန်သည့်ပြုပြင်ပြောင်းလဲမှုကို မပြသပါလျှင်၊ မှတ်သား
ထားလော့။ ယင်းသည် ရန်သူတို့၏ ဆန္ဒကို ဖြည့်ဆည်းသူဖြစ်လိမ့်မည်။ စင်စစ်
သူသည် ၎င်း(ရန်သူ)တို့၏ ရှေ့မှောက်တွင် ဖျက်ဆီးခြင်းခံရလိမ့်မည်။ အလ္လာဟ်
အရှင်မြတ်သည် မည်သူနှင့်မျှ ဆွေမျိုးတော်စပ်သည်မဟုတ်ချေ။ ထို့ပြင် အရှင်
မြတ်သည် မည်သူ့ကိုမျှ အရေးမစိုက်ချေ။ တမန်တော်တို့၏ သားမြေးများဟု
အခေါ်ခံခဲ့ရသည့် "ဘနီအစ္စရာအီလ်"တို့ကိုကြည့်လော့။ ယင်းတို့အနက်မှ
မြောက်မြားစွာသော "နဗီ"၊ "ရစူလ်"များ ပွင့်ပေါ်ခဲ့၏။ ထို့ပြင် ယင်းတို့သည်
အလ္လာဟ်အရှင်မြတ်၏ အလွန်ကြီးကျယ်သော "ဖဇလ်"ကောင်းချီးဆုလာဘ်များ
အတွက် အမွေခံထိုက်သူများအဖြစ် သတ်မှတ်ခြင်းခံခဲ့ရ၏။ သို့ရာတွင် ယင်းတို့
၏ ဝိညာဉ်ရေးဆိုင်ရာအခြေအနေဖောက်ပြန်လာပြီး သူတို့သည် ဖြောင့်မတ်မှန်
ကန်သောလမ်းကို စွန့်လွှတ်လိုက်ကြသည့်အခါ၊ ထို့ပြင် ပုန်ကန်ခြားနားခြင်းနှင့်
အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးမှုတို့၌ နစ်မွန်းသွားကြသည့်အခါ နောက်ဆုံး
ရလဒ်က မည်သို့ ဖြစ်ခဲ့ပါသနည်း။

 (ထို့နောက် ထိုသူတို့သည် ဂုဏ်ရည်ညှိုး
နွမ်းခြင်းနှင့် ဆင်းရဲခြင်း၏ ရိုက်နှက်မှုကိုခံခဲ့ရလေသည်။ ၂း၆၂) ဆိုသည့်
မုက္ခပါဌ်တော်၏ ရည်ညွှန်းခံများဖြစ်သွားခဲ့ကြ၏။ အလ္လာဟ်အရှင်မြတ်၏
အမျက်တော်သည် သူတို့အပေါ် ပြိုကျခဲ့၏။ ဤသည် အဘယ်မျှ သတိသံဝေဂ
ရဖွယ် ဖြစ်ရပ်ပါနည်း။ ဘနီအစ္စရာအီလ်တို့၏ ဖြစ်ရပ်သည် အချိန်တိုင်းအတွက်
အကျိုးရှိသော သင်ခန်းစာတစ်ရပ်ဖြစ်၏။ ထိုနည်းတူစွာပင် အလ္လာဟ်အရှင်မြတ်
၏လက်တော်ဖြင့် မွေးမြူပျိုးထောင်ခြင်းခံရသော ဤအုပ်စုသည်လည်း
အရှင်မြတ်၏ ကြီးစွာသော ကောင်းချီးဆုလာဘ်တော်များကို ရရှိပေလိမ့်မည်။
သို့သော် မည်သူမဆို ဤဂျမာအတ်အတွင်းသို့ ဝင်ရောက်လျက် အလ္လာဟ်အရှင်
မြတ်အား စစ်မှန်သော ချစ်ခြင်းနှင့် တမန်တော်မြတ်(ဆွ) အား စစ်မှန်ပြည့်၀သော
နောက်လိုက်နာခံမှုမပြုပါလျှင် ထိုသူသည် ကြီးသူဖြစ်စေ၊ ငယ်သူဖြစ်စေ
ဖြတ်တောက်ခြင်းကိုခံရလိမ့်မည်။ အလ္လာဟ်အရှင်မြတ်၏ အမျက်တော်စူးရှခြင်း
အတွက် ပစ်မှတ်ဖြစ်လိမ့်မည်။ သို့ဖြစ်ရာ အသင်တို့သည် ပြည့်၀သော ပြုပြင်
ပြောင်းလဲမှုကိုပြုကြကုန်။ အသင်းတော်ကိုနာမည်ဖျက်သူများမဖြစ်ကြကုန်လင့်။"
 အထက်မှာ တင်ပြခဲ့တဲ့ အဆင့်အတန်းတွေကို ကျွန်တော်တို့အနက်
တစ်ဦးချင်းစီက အရယူဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ "တက္ကဝါ"တရား
လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခြင်း၊ မိမိတို့၏ ကျင့်ကြံတည်ဆောက်မှု
များကို ပြုပြင်တည့်မတ်ခြင်း၊ မိမိတို့ရဲ့ ယုံကြည်မှု အဆင့်အတန်းများကို
မြင့်မားအောင် ပြုလုပ်ခြင်း အစရှိတာတွေဟာ သာမန် အသေးအဖွဲကိစ္စတွေ
မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ခေတ်ကာလ အေမာမ်ခေါင်းဆောင်ကို
လက်ခံယုံကြည်ထားသူတွေဖြစ်တာကြောင့် သခင်ကြီးရဲ့ မျှော်လင့်ထားချက်များ
အတိုင်း ပေါ်လွင်ထင်ရှားလာစေဖို့အတွက် ကျွန်တော်တို့ဟာ အပြည့်အဝ
ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ အသေးတစ်ကာ့အသေးဆုံးသော
ကောင်းမှုကိုပင်လျှင် ဖြည့်ဆည်းဆောင်ရွက်ဖို့အတွက် ကြိုးစားရမှာ
ဖြစ်ပါတယ်။ ဒါ့အပြင် မကောင်းမှုဟူသမျှကို လုံး၀ဥဿုံ ရွံရှာမုန်းတီးမှု
ဖြစ်လာစေရပါမယ်။ ချစ်ခြင်းမေတ္တာနှင့် ညီနောင်ဖွဲ့ခြင်းတို့ကို တိုးပွားအောင်
ပြုလုပ်ဖို့အတွက် လိုအပ်ပါတယ်။ ဒါတင်မက ကျွန်တော်တို့ဟာ တစ်ဦးကို
တစ်ဦး ကူညီပံ့ပိုးသူတွေ ဖြစ်ကြရပါမယ်။ ဒီတော့မှသာလျှင် ကျွန်တော်တို့ဟာ
မိမိတို့ရဲ့ ဘိုင်အတ်ကတိသစ္စာကို ဖြည့်ဆည်းသူတွေ ဖြစ်ကြပါလိမ့်မယ်။
အလ္လာဟ်အရှင်မြတ်သည် ကျွန်တော်တို့အားလုံးကို ဤသို့ပြုလုပ်နိုင်ရန်
စွမ်းအားပေးတော်မူပါစေ။ - အာမီးန် –

အစ္စလာမ်နိုင်ငံများအတွက် ဒိုအာဆုတောင်းပေးကြဖို့ တစ်ကြိမ်ထပ်ပြီး ခင်ဗျား
တို့ကို နှိုးဆော်လိုပါတယ်။ အထူးသဖြင့် ဆီးရီးယား၊ အီဂျစ် အစရှိတဲ့ ပြည်တွင်း
ပြဿနာတွေပေါ်ပေါက်နေတဲ့ နိုင်ငံတွေအတွက် ဒိုအာပြုလုပ်ပါ။ ဆီးရီးယား
မှာက အလွန်ပြင်းထန်လျက်ရှိပြီး ကျူးလွန်ရက်စက်မှုတွေဖြစ်နေပါတယ်။
ထိုနည်းတူစွာပဲ ပါကစ္စတန်မှာ အဟ်မဒီတွေနဲ့ပတ်သက်လို့ မတရားဖိနှိပ်မှုတွေ
ပြုလုပ်လျက်ရှိပါတယ်။ သူတို့အတွက် ဘက်ပေါင်းစုံက လုံခြုံမှုမရှိသလို ခံစား
နေကြရပါတယ်။ အလ္လာဟ်အရှင်မြတ်သည် အဟ်မဒီများကို ကာကွယ်စောင့်
ရှောက်တော်မူပါစေ။ ဒါ့အပြင် ပြဿနာဖန်တီးသူတွေ၊ ငြိမ်းချမ်းရေးပျက်ပြား
အောင် ပြုလုပ်နေသူတွေကို အရှင်မြတ်သည် အမြန်ဆုံး ဖမ်းဆီးအရေးယူ
တော်မူပါစေ။ -အာမီးန်-

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-