Monday, April 23, 2012

Humanity First လူသားချင်းစာနာထောက်ထားရေး၊ ဦးစားပေး

Humanity First အဖွဲ့အစည်းသည် လူသားချင်းစာနာထောက်ထားကုသိုလ်ယူမှုများပြုနိုင်ရန် ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ အဖွဲ့ကြီးမှ ဘော့စနီးယား၊ ကိုဆိုဗို၊ ဆီရီယာလီယွန်၊ လိုင်ဘေးရီးယား၊ တန်ဇန်နီးယား နှင့်အခြားနိုင်ငံများသို့ အထူးစီမံထားသော တာရှည်ခံစားနပ်ရိက္ခာများ၊ အဝတ်အထည်များနှင့် ဆေးဝါးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။

အဟ်မဒီယာမွတ်စလင်အဖွဲ့ ယူအက်()အေမှ ဆရာဝန်များက မိမိတို့ကိုယ်ပိုင်အစီအမံများဖြင့် ပုဂ္ဂလိကအချိန် များကိုအသုံးချ ကာ အရေးပေါ် ဆေးဘက်ဆိုင်ရာလိုအပ်ချက်များရှိနေသော ဆင်းရဲတွင်းနက်နေသည့်နိုင်ငံများသို့ သွားရောက်ကာ အကူအညီ ပေးခြင်းများနှင့် မျက်စိခွဲစိတ်ရေးလုပ်ငန်များ ဆောင်ရွက်ပေးလျက်ရှိပါသည်။

အဖွဲ့ကြီးသည် တတိယကမ္ဘာ့နိုင်ငံများမှ ဆင်းရဲပြီး အကူအညီလိုအပ်လျက်ရှိသော နိုင်ငံများသို့ စဉ်ဆက်မပြတ် ကူညီထောက်ပံ့ လျက်ရှိသည်သာမက သဘာ၀ဘေးအန္တရာယ်များနှင့် လူသားတို့ကြောင့်ဖြစ်ပေါ်လာသည့် အန္တရာယ် များကျရောက်လာတိုင်း ဒုက္ခသည်များကိုကူညီထောက်ပံ့ပေးလျက်ရှိပါသည်။ ၁၉၉၉ တွင် တူရကီတွင်ဖြစ်ပွားခဲ့သော လူပေါင်း သောင်း ထောင် အသက်ဆုံးရှုံးခဲ့သည်၌ စိတ်ပျက်ဖွယ်ငလျင်ဆိုးကြီးတွင် အဖွဲ့ကြီးမှ တူရကီအစိုးရကို များစွာထောက်ပံ့ပေးနိုင်ခဲ့သည်။ အဟ်မဒီ လူငယ်များအနေဖြင့်လည်း အဖွဲ့ကြီး၏ အစီအစဉ်ဖြင့်ပင် ကနေဒါ၊ နိုင်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ အမေရိကန်နှင့် ပါကစ္စတန်စသော နိုင်ငံများ၌ သွေးလှူးဒါန်းမှုများ မပြတ်တမ်းဆောင်ရွက် လျက်ရှိနေသည်။

ပါကစ္စတန်နိုင်ငံ၊ ရဗ္ဗဝါမြို့တွင် အမြဲတမ်းသွေးလှူဘဏ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ အဟ်မဒီ အမျိုးသမီးတစ်ထောင်မှ မိမိတို့၏မျက်လုံးများကို လှူဒါန်းခဲ့ကြသည်မှာ မှတ်တမ်းတင်စရာပင်ဖြစ်ခဲ့ပါသည်။  ၂၀၀၀ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၊ ရဗ္ဗဝါမြို့တွင်ပင် နိုဝင်ဘာ ၂၀ နူးရ်မျက်စိအလှူခံဘဏ်ကို ဖွင့်လှစ်ဆောင်ရွက် နိုင်ခဲ့ပါသည်။ ထိုဘဏ်ခွဲများကို လာဟိုရ်၊ အစ္စလာမ်မာဘတ်နှင့် ကရာချိမြို့များတွင် ဖွင့်လှစ်ထားပါသည်။ မျက်စိအလှူခံဘဏ်များတွင် အဟ်မဒီမျက်စိအထူးကုများ နှင့် ခွဒ္ဒါမ်မွလ်အဟ်မဒီယာ (အဟ်မဒီလူငယ်များ)အဖွဲ့မှ အခမဲ့လုပ်အားပေးလျက်ရှိကြပါသည်။

Humanity First ဆိုတာ

လူသားချင်းစာနာထောက်ထားရေးသည်ပထမ။ Humanity First ဆိုသည်မှာ လူသားချင်းစာနာထောက်ထားကုသိုလ် ယူမှုများပြု နိုင်ရန် ဖွဲ့စည်းထားသော နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ အဖွဲ့ကြီးမှာ နိုင်ငံပေါင်း ၄၀ ကျော်၊ ကမ္ဘာ့တိုက်ကြီးပေါင်း ၆ တိုက်တွင် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်များ ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် တရားဝင်အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားပြီးလည်းဖြစ်ပါသည်။

ရည်ရွယ်ချက်

 သဘာ၀ဘေးအန္တရာယ်များနှင့် လူသားတို့ကြောင့်ဖြစ်ပေါ်လာသည့်အန္တရာယ်များ ကျရောက်လျှင် အကူ အညီပေးရန် 

အပြန်အလှန်မေတ္တာထားလေးစားကြခြင်းဖြင့် ငြိမ်းချမ်းရေးကိုသာမက အချင်းချင်းနားလည်စာနာနိုင်ကြစေရေးစသည့် စိတ်ဓာတ်ကို မြှင့်တင်ရန်
 
-         လူသားများ မိမိတို့ဖာသာအကူအညီပေးနိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးရန်

အဖွဲ့ကြီးသည် လိုအပ်ချက်မှန်သမျှအတွက် ကူညီရန်သာဖြစ်ပြီး လူမျိုး၊ ဘာသာသာသနာ၊ အသားအရောင်နှင့် နိုင်ငံရေးပတ်သတ် ဆက်နွယ်မှုအားလုံးကို လုံး၀လျစ်လျူရှု၏။

ဖြစ်ပေါ်လာပုံ

လူသားချင်းစာနာထောက်ထားရေးသည်ပထမ။ Humanity First အဖွဲ့ကြီးကို ၁၉၉၄ခုနှစ်တွင် အင်္ဂလန် နိုင်ငံ၌ စတင်ဖွဲ့စည်း ခဲ့သည်။ ဆယ်စုနှစ် ၂ ခုအတွင်း Humanity First အဖွဲ့ကြီးသည် နိုင်ငံတကာဆိုင်ရာ အထောက်အပံ့ ပေးရေး အစိုးရမဟုတ် သည့်အဖွဲ့ကြီးအဖြစ် တိုးတက်လာခဲ့သည်။ ကမ္ဘာ့ကြက်ခြေနီအဖွဲ့၊ Oxfam ခေါ် ဆင်းရဲမှုနှင့် မတရားမှုပပျောက်ရေး နိုင်ငံတကာ အဖွဲ့အစည်း၊ Save the Children ခေါ် ကလေးသူငယ်များဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းနှင့် အခြားအဖွဲ့အစည်း များစွာနှင့် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 

Humanity First အဖွဲ့ကြီးတွင် ကမ္ဘာအနှံ့မှ အခမဲ့လုပ်အားပေးများစွာပါဝင်လျက်ရှိသည်။ အဖွဲ့ကြီးသည် ကမ္ဘာ့ကုလသမဂ္ဂု၏ စီးပွားရေးနှင့် လူမှုရေးကောင်စီများ၌ အထူးအကြံပေးအဖြစ်လည်း ဆောင်ရွက်နေပေသည်။ 

 Humanity First အဖွဲ့ကြီးတွင် ဧရိယာနှစ်မျိုးရှိပြီး တစ်မျိုးမှာ ဘေးအန္တရာယ်ကျရောက်မှုများအတွက် အရေးပေါ် ကယ်ဆယ် အကူအညီပေးရေးနှင့် အခြားတစ်မျိုးမှာ ကာလရှည်ဆောင်ရွက်ရမည့် လူသားအချင်းချင်းစာနာထောက်ထားအကူအညီပေး ရေးပရောဂျက်များဖြစ်သည်။

လူသားအရင်းအမြစ် တိုးတက်ဖြစ်ထွန်းရေး

ဒေသတွင်းရပ်၊ ရွာအုပ်စုများ ပြန်လည်ဖွဲ့စည်းလုပ်ဆောင်ရေးနှင့် အနာဂတ်တည်ဆောက်ရေးလုပ်ငန်းစဉ်များမှာ Humanity First USA ၏ အခြေခံ လမ်းညွန်မှုဖြစ်သည်။ Humanity First မှ သဘာ၀ဘေးအန္တရာယ်များ၊ စစ်ပွဲများနှင့် ဆင်းရဲမွဲတေမှုများ ဆိုက်ရောက်နေသည့်နေရာဒေသများသို့ ဘေးအန္တရာယ်မှ လွတ်မြောက်စေရေး အရေးပေါ်ကယ်ဆယ် ရေးအစီအမံများပေးခြင်း ကို အလျင်ဆောင်ရွက်ပေးလေ့ရှိပြီး ထိုနေရာဒေသများရှိ ရပ်ရွာမြို့ စသည်များပြန်လည်ဖွံဖြိုး စည်ပင်လာစေရေးအတို့အတွက် ကူညီဆောင်ရွက်ပေးသည်။ ဒေသနေပြည်သူများ ၎င်းတို့ခြေထောက်ပေါ်ပြန်လည်ရပ်တည်လာနိုင်စေရေးနှင့် မိမိတို့ကိုယ်ကို ယုံကြည်မှုပြန်လည်ရရှိလာနိုင်စေရေးတို့ မှာ Humanity First ၏ ရည်ရွယ်ချက်တစ်ခုပင်ဖြစ်သည်။

ချဉ်းကပ်ပုံ ။        ။ Humanity First အဖွဲ့သည် ရေရှည်စီမံကိန်းဖြင့်ဆောင်ရွက်သော လူသားအရင်းအမြစ်တိုး တက်ဖွံ့ဖြိုးရေး ပရောဂျက်များကို အဓိကဦးတည်ချက်ထားသည်။ ထိုပရောဂျက်များမှာ သဘာ၀ဘေးအန္တရာယ်များ၊ စစ်ပွဲများနှင့် ဆင်းရဲမွဲတေမှု ဒဏ်ခံစားနေရသည့် နေရာဒေသများသို့ နက်ရှိုင်းစွာ စိမ့်ဝင်ပျံ့နှံ့ အမြစ်တွယ်လျက် လုပ်ငန်းဆောင်တာများကို အကောင်အထည်ဖော်ဆောင်ရွက်သည်။ 

အရေးပေါ်အစီအစဉ်များပြီးပါက ရပ်ရွာဒေသများရှိ အမျိုးမျိုးသောအခွင့်အရးများကို လေ့လာသုံးသပ်ကာဒေသတွင်းပြန်လည် တိုးတက် ဖွံဖြိုးရေးကို ဆောင်ရွက်သည်။

အစီအစဉ်များ။    ။ ၁) ကျန်းမာရေးနှင့် ဆေးဝါးထောက်ပံ့ရေးအစီအစဉ် ၂) ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ အစီအစဉ်။ 

     ၁) ကျန်းမာရေးနှင့် ဆေးဝါးထောက်ပံ့ရေးအစီအစဉ် မှာ ကမ္ဘာပေါ်ရှိ အထိခိုက်ခံနေရာသည့် လူသားများအတွက် ကျန်းမာရေး ဆိုင်ရာ ဆောင်ရွက်ပေးမှုများ၊ ဆေးဝါးထောက်ပံ့ပေးမှုများကို အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

   ၂) ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ အစီအစဉ်မှာ ကလေးများအတွက် လုံလောက်သည့် အခြေခံပညာရေးရရှိရန်နှင့် အသက်အရွယ်ရောက်ရှိပြီးသူများအတွက် အသက်မွေးဝမ်းကျောင်းရေးရာ လေ့ကျင့် သင်ကြားပေးမှုများကို အမေရိကန် ပြည်ထောင်စုနှင့် အခြားကမ္ဘာ့နိုင်ငံများမှ အခွင့်အရေးကောင်းများရှိသည့်ဒေသ များတွင် ဆောင်ရွက်ပေးခြင်းဖြစ်သည်။

သဘာ၀ဘေးအန္တရာယ်များအတွက် ကူညီထောက်ပံ့မှုများ

အခြေခံလူနေမှုအတွက် အကူအညီပေးမှုများ၊ ဆေးဝါးဆိုင်ရာနှင့် နေထိုင်ရေး၊ စားနပ်ရိက္ခာနှင့် သောက်သုံးရေများကို သဘာ၀ နှင့် လူသားတို့ကြောင့်ဖြစ်ပေါ်သော အန္တရာယ် ကျရောက်နေသည့်ဒေသများ၌ကူညီထောက်ပံ့နေမှုများ ပါဝင်သည်။ ဥပမာ လွန်ခဲ့ သည့် ၁၀ စုနှစ်အတွင်း ဂျပန်နိုင်ငံ ကိုဘေငလျင်၊ ကိုဆိုဗိုစစ်ပွဲ၊ ၁၉၉၉ တူရကီနိုင်ငံ အိဇ်မစ်ငလျင်၊ ၂၀၀၄ အိန္ဒိယသမုဒ္ဒရာ ငလျင်နှင့် အင်ဒိုနီးရှားနိုင်ငံ ဆူနာမီ၊ သီရိလင်္ကာ ကက်ထရီနာ ဟာရီကိန်းမုန်တိုင်းနှင့် ၂၀၀၅ ခု ပါကစ္စတန် ကက်ရ်ှမီးငလျင်တို့ တွင် ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။ မကြာသေးမီက ဖြစ်ပွားလျက်ရှိသည့် ဆူရီနမ်၊ ဂူယာနာနှင့် ကင်ညာနိုင်ငံများမှ အင်အား ပြင်းထန်စွာ ပျံ့နှံနေသည့် ရေကြီးမှု၊ ၂၀၁၀ ဟိုင်တီငလျင်၊ ၂၀၁၀ ဂျပန်ငလျင်နှင့် ဆူနာမီတို့တွင်လည်း ကူညီထောက် ပံ့ရေးအစီအစဉ်များဆောင်ရွက်ခဲ့သည်။


ကာလရှည်ပရောဂျက်များ

Humanity First အနေဖြင့် ကာလရှည်ပရောဂျက်များကို အာရှနှင့် အာဖရိကနိုင်ငံများတွင် အများဆုံး ဆောင်ရွက်လျက် ရှိသည်။ 

·         မိသားစုကိုကျွေးမွေးပါ - အစီအစဉ်အရ ၆ လအတွင်း ငတ်မွတ်ခေါင်းပါးမှုဒဏ်ခံနေရသည့် မိသားစုများကို ကူညီရေးဖြစ်သည်။ စားနပ်ရိက္ခာတန်ပေါင်း ၇၀၀ ကို အာဖရိကရှိ ငတ်မွတ်မိသားစုများထံ တင်ပို့ပြီး။ ယခုအခါ ရွာသားများကို ကျွေးမွေးပါ အစီအစဉ် သစ်ကို အကောင်အထည်ဖော်လျက်ရှိ။ ဤမျှသာမက မွန်ထရီယယ်တွင် အိမ်ယာမဲ့များအား ကျွေးမွေးပါအစီအစဉ်ကိုလည်း အကောင်အထည်ဖော်လျက်ရှိ။

·         လူ့ဘ၀အတွက် ရေ - တတိယကမ္ဘာ့နိုင်ငံများအတွက် သောက်သုံးရေးရရှိရေး ရေပိုက်များစီစဉ်ပေးခြင်း၊ သန့်ရှင်းလုံခြုံသည့် ရေရရှိရေး စီစဉ်ပေးခြင်း။ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် Water Aid IAAAE တို့နှင့် ပူးပေါင်းပြီး အာဖရိကအနောက် ပိုင်း၊ လက်တင်အမေရိကနှင့် အာရှတို့တွင် ရေပန့်ပေါင်း ၄၂၀ ခု တည်ဆောက်ပြီးစီး။

·         ကျွမ်းကျင်မှုကို သင်ယူပါ - အိုင်တီသို့မဟုတ် စက်ချုပ်ပညာများကို လေ့ကျင့်ပေးခြင်း။ အိုင်တီပညာ သင်ကြားရေးအစီအစဉ် များမှ အောင်လက်မှတ်များထုတ်ပေးနိုင်သည်အထိ ဆောင်ရွက်လျက်ရှိ။ စက်ချုပ်ပညာအတွက် အပ်ချုပ်စက်များထောက်ပံ့ပေး ခြင်းသာမက အပ်ချုပ်ဆိုင်များဖွင့်လှစ်နိုင်သည်အထိ စီစဉ်ဆောင်ရွက်ပေးခြင်း။ ယခုအချိန်ထိ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကျောင်းသားပေါင်း ၂ သောင်းကျော်မှာ ထိုအစီအစဉ်မှ ဘွဲ့ရပြီးဖြစ်။

·         မိဘမဲ့ကို စောင့်ရှောက်ပါ- မိဘမဲ့များအတွက် နေရာထိုင်ခင်း၊ ပညာရေး၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေးထောက်ပံ့မှုများ စီစဉ်ပေး ခြင်း။ မိဘမဲ့ကို စောင့်ရှောက်ပါအစီအစဉ်ကို ဂမ်ဘီယာ၊ ပါကစ္စတန်၊ ဆီရီယာလီယွန်၊ အင်ဒိုနီးရှား၊ ဘူကီနာဖာဆိုနှင့် ဘီနင်တို့တွင် လက်ရှိဆောင်ရွက်လျက်ရှိ။

·         ကြည့်ရှုစောင့်ရှောက် မေတ္တာထား - ဆေးရုံအများအပြားကို ကွန်ယက်သဖွယ်တည်ထောင်၊ ထိုမှတဆင့် မျက်မှန်အစ၊ ရောဂါဗျာပါဒများအတွက်ကူညီမှု၊ အပြင်းအထန်ဝေဒနာသည်များအတွက် ခွဲစိတ်ကုသမှုများ အဆုံး အကူအညီပေးလျက်ရှိ။


မြန်မာ နာဂစ်မုန်တိုင်း အတွက် Humanity First Appeal  
























ရည်ညွန်း။ ။


၂) http://en.wikipedia.org/wiki/Humanity_First (Wirtten by Fazl Ahmad, Secretay, HF)

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-