Wednesday, November 26, 2014

ဒုတိယခလီဖတွလ်မဆီဟ် – အသိပညာ ပုလဲလုံးများ

ဒုတိယခလီဖတွလ်မဆီဟ် – အသိပညာ ပုလဲလုံးများ 


အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ဦးစီးခေါင်းဆောင် အစ္စလာမ့်ခလီဖာမှ ဩဂုတ်လ ၁၄ ရက်၊ ၂၀၁၄ (သောကြာနေ့) တွင် ဟောကြားခဲ့သော မိန့်ခွန်းဖြစ်ပါသည်။



၊ 'အကြင်သူဟာ သားသမီးတွေကို အသိပညာ၊ ဉာဏ်စဉ်အသိထူးတွေကနေ
ဆုံးရှုံးစေခဲ့တယ်ဆိုရင် သူ့ဦးခေါင်းက ဘယ်လောက်ပင်ကြီးနေပါစေ ထိုသူကို
အသိဉာဏ်ကင်းမဲ့သူလို့သာ ဆိုရမှာဖြစ်ပါတယ်။ အလ္လာဟ်နှင့် တမန်တော်ဆို
တာက ဘာလဲ၊ ကုရ်အာန်ဆိုတာဘာလဲ နားလည်နိုင်လောက်အောင် အကြင်သူ
ထံမှာ အသိတရားမရှိဘူးဆိုရင် ထိုသူဟာ ဉာဏ်စဉ်အသိထူးကို ဘယ်လိုလုပ်
ရနိုင်ပါ့တော့မလဲ။'
၊ 'ကျွန်တော်မြင်ရသလောက် လူငယ်တွေဟာ အစ္စလာမ်က သင်ပြတဲ့ ယဉ်ကျေးမှု
ကိုသင်ယူဖို့ အာရုံမရှိကြပါဘူး။ လူငယ်တွေ တစ်ဦးနဲ့ တစ်ဦး အတားအဆီးမရှိ
ပုခုံးဖက်ပြီး လျှောက်လှမ်းသွားလာနေကြပါတယ်။ ... ယခုလိုဖြစ်ရခြင်း
အကြောင်းက ဒီကိစ္စဟာ မလျော်ကန်တဲ့ကိစ္စဖြစ်တယ်ဆိုတာ သူတို့ မစဉ်းစားမိ
လို့ပါပဲ။ အကြောင်းကတော့ မိခင်ဖခင်တွေနဲ့ ဆရာသမားတွေက ဒါနဲ့ပတ်သက်
လို့ သူတို့ကို ဘယ်တုန်းကမှ သင်ကြားမှုမပြုခဲ့တာကြောင့် ဖြစ်ပါတယ်။
၊ 'လူသားဟာ အမြင့်ဆုံးအဆင့်ထိ ကြိုးပမ်းမှုမပြုသမျှ ဆုလာဘ်မရနိုင်ပါဘူး။
သာသနာရေးကိစ္စမှာလည်း အဆုံးအစွန်တိုင်ပြုလုပ်ခြင်းကသာ အကျိုးအမြတ်ရှိ
စေပါလိမ့်မယ်။ မဆီဟ်မော်အူးဒ် (အ.စ)သခင် မိန့်ကြားတော်မူလေ့ရှိပါတယ်။
ကျွန်ုပ်နှင့် နက်ရှိုင်းစွာဆက်နွယ်သူသာလျှင် အကျိုးအမြတ်ရရှိသူတွေဖြစ်တယ်။
မော်လဝီဆနာအွလ္လာဟ်လို အဆုံးအစွန်တိုင်အောင် ဆန့်ကျင်သူဖြစ်လျှင်ဖြစ်၊
ဒါမှမဟုတ် အကြွင်းမဲ့ ဖြူစင်သစ္စာရှိသူ ဖြစ်ရမယ်။'
၊ မဆီဟ်မော်အူးဒ်ဌသခင်ထံမှာ ဘိုင်အတ်သစ္စာခံယူပြီးတဲ့နောက် ကျွန်တော်တို့
ဟာ အခြားသူတွေနဲ့မတူ တစ်မူထူးခြားစွာရှိသင့်ပါတယ်။ အလ္လာဟ်အရှင်မြတ်
အပေါ် ယုံကြည်သက်ဝင်မှုကလည်း အခြားသူတွေထက် ထူးခြားတဲ့အခြေအနေ
မှာရှိပြီး တိုးတက်မြင့်မားနေသင့်ပါတယ်။ ဒါ့အပြင် 'အေဘာဒတ်'တွေမှာလည်း
အခြားသူတွေထက် ထူးခြားတဲ့အသွင်မျိုးရှိသင့်ပါတယ်။

၊ ဂျနာဇာ (ဈာပနဆုတောင်း)- 'ဂျနာဇာ' နမာဇ်ဝတ်ပြုခြင်း။ 



ယနေ့လည်းပဲ မဆီဟ်မော်အူးဒ် (အ.စ)သခင်ရဲ့ ဘ၀ရှုထောင့်အသွယ်သွယ်နှင့်
ဆက်နွယ်လျက် မွတ်စ်လေမော်အူးဒ်(ႊၽ)သခင် ပြောပြတဲ့ အဖြစ်အပျက်
တချို့ကို တင်ပြပါ့မယ်။
မွတ်စ်လေမော်အူးဒ်သခင်က အခုလို ပြောပြပါတယ်။
'ကျွန်တော်ဟာ (မဆီဟ်မော်အူးဒ်ဌ) သခင်ကြီးကို မိမိရဲ့ဖခင်ဖြစ်တာကြောင့်
လက်ခံယုံကြည်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော် အသက် ၁၁ နှစ်ခန့်အရွယ်
ကပင် အခိုင်အမာ သန္နိဋ္ဌာန်ချခဲ့ပြီးဖြစ်ပါတယ်။ အကယ်၍ ကျွန်တော့်ရဲ့
လေ့လာဆန်းစစ်မှုအရ  သခင်ဟာ (နအူဇုဘိလ္လာဟ်) လိမ်ညာကြွေးကြော်သူဖြစ်
တယ်ဆိုရင် အိမ်ပေါ်က ဆင်းသွားမယ်လို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့
လေ့လာမှုကြောင့် ကျွန်တော်ဟာ သခင့်ရဲ့မှန်ကန်မှုကို နားလည်သိရှိခဲ့ရသလို
ကျွန်တော့်ရဲ့ ယုံကြည်သက်ဝင်မှုကလည်းတိုးပွားလာခဲ့ပါတယ်။ သခင်ကွယ်လွန်
ချိန်မှာ ကျွန်တော့်ရဲ့ ယုံကြည်ချက်ဟာ ပိုလို့တောင် ခိုင်မာလာခဲ့ပါတယ်။'
တစ်ဖန် မဆီဟ်မော်အူးဒ် (အ.စ)သခင်က 'ဒိုအာ'ဆုတောင်းမှုနဲ့ပတ်သက်ပြီး
ကလေးတွေကို ငယ်ရွယ်စဉ်ကပင် မည်သို့အလေးအနက်ထား၍ နှိုးဆော်ခဲ့သလဲ
ဆိုတာနဲ့စပ်လျဉ်းလို့ မွတ်စ်လေမော်အူးဒ်သခင်က တစ်နေရာမှာ အခုလို ပြောပြ
ပါတယ်။
'အလ္လာဟ်အရှင်မြတ်ထံတော်မှ စေလွှတ်ခြင်းခံရသူ မဆီဟ်မော်အူးဒ် (အ.စ)သခင်
ကို အလ္လာဟ်အရှင်မြတ်က  (အသင့်ရဲ့ သားချင်း 
 များနှင့်ဆက်နွယ်မှုမှတစ်ပါး ငါအရှင်သည် အသင်၏တောင်းဆုများကို လက်ခံ
တော်မူမည်။ တာဇ်ကီရာ၊ စာ-၃၃)လို့ ကတိပြုထားပြီးဖြစ်ပါတယ်။
ဟင်နရီ မာတင်ကလာက် အမှုမှာ မဆီဟ်မော်အူးဒ် (အ.စ)သခင်က အသက် ၉
နှစ်သာရှိသေးတဲ့ ကျွန်တော့်(မွတ်စ်လေမော်အူးဒ်သခင်)ကို ဒိုအာဆုတောင်းနေ
ဖို့ မှာကြားပါတယ်။ အိမ်က အလုပ်သမားတွေကိုလည်း ဒိုအာ ဆုတောင်းကြဖို့
မှာကြားတော်မူပါတယ်။
ဒီတော့ ဒိုအာဆုတောင်းဟူသမျှကို အရှင်မြတ်က လက်ခံတော်မူမှာဖြစ်ကြောင်း
ကတိတော်ပေးထားခြင်းခံရပြီးဖြစ်တဲ့ မဆီဟ်မော်အူးဒ် (အ.စ)သခင်ကပင်လျှင်
အခြားသူတွေထံမှာ မိမိအတွက်ဒိုအာဆုတောင်းပေးဖို့ပန်ကြားခြင်းကို လိုအပ်တဲ့
ကိစ္စတစ်ခုအဖြစ် မှတ်ယူခဲ့တယ်ဆိုရင် ကျန်သူတွေအဖို့ ဘယ်လောက်တောင်
သတိရှိဖို့ လိုအပ်မယ်ဆိုတာကို စဉ်းစားကြည့်နိုင်ပါတယ်။'
အထက်မှာဖော်ပြခဲ့တဲ့   ဆိုတဲ့ 'အိလ်ဟာမ်'ဗျာဒိတ်နဲ့
စပ်လျဉ်းလို့ သဘောမပေါက်သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ အမှုတစ်ခုနဲ့
စပ်လျဉ်းလို့ သခင်ကြီးက 'ဒိုအာ'ပြုလုပ်ခဲ့ပါတယ်။ ထိုအမှုက သခင်ကြီးရဲ့
သားချင်းတွေဘက်မှ ပိုင်ဆိုင်မှုမှာ ဝေစုရဖို့ပြုလုပ်ခဲ့တဲ့ အမှုဖြစ်ပါတယ်။
မဆီဟ်မော်အူးဒ် (အ.စ)သခင်ရဲ့အစ်ကိုဖြစ်သူ မီရ်ဇာဂိုလာမ် ကာဒရ် ဆာဟိဘ်က
ထိုပိုင်ဆိုင်မှုဟာ ဘိုးဘွားအစဉ်အဆက် မိမိတို့လက်ထဲမှာပဲရှိခဲ့တာကြောင့်
ဒီအမှုမှာ မုချအနိုင်ရမယ်လို့တွက်ထားပါတယ်။ ဒါပေမဲ့ မဆီဟ်မော်အူးဒ် (အ.စ)
သခင်က ဒိုအာပြုလုပ်တဲ့အခါမှာ သခင့်ထံ အခုလို အိလ်ဟာမ် ဗျာဒိတ်ကျ
ရောက်လာခဲ့ပါတယ်။ ထိုဗျာဒိတ်တော်ရဲ့အဓိပ္ပာယ်က 'အသင့်ရဲ့ဒိုအာ အားလုံး
ကို အရှင်မြတ်လက်ခံတော်မူမှာဖြစ်တယ်၊ သို့သော် အသင့်ရဲ့သားချင်းတွေနဲ့
စပ်လျဉ်းလို့ပြုလုပ်တဲ့ ဒိုအာကိုတော့လက်မခံဘူး'လို့ ဖြေကြားတော်မူခဲ့ပါတယ်။
ဒီအခါမှာ သခင်ကြီးက မိမိရဲ့ဆွေမျိုးသားချင်းတွေကို အမှုရှုံးမှာဖြစ်တာကြောင့်
အမှုလိုက်ရင်းဖြင့် ရှေ့နေတွေအတွက် အလဟဿပိုက်ဆံမဖြုန်းဖို့ သတိပေးခဲ့ပါ
တယ်။ ဒါပေမဲ့ အစ်ကိုဖြစ်သူကတော့ ကျိန်းသေအမှုနိုင်မယ်လို့သာ အခိုင်အမာ
ယူဆနေခဲ့ပါတယ်။ နောက်ဆုံး အောက်ရုံးတော်မှာ သခင်ကြီးရဲ့အစ်ကိုက 
 အနိုင်ရသွားပါတယ်။ အဲဒီနောက် အထက်ရုံးတော်ကို ထပ်မံလျှောက်တဲ့အခါ
မှာတော့ အမှုရှုံးသွားပါတယ်။ ဒီအခါမှာ မဆီဟ်မော်အူးဒ် (အ.စ)သခင်က-
'အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်က အထင်အရှား မိန့်ကြားထားပြီးကာမှ
ဒီအမှုမှာနိုင်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ'လို့ မိန့်ကြားတော်မူခဲ့ပါတယ်။'
ဒီနေရာမှာ မွတ်စ်လေမော်အူးဒ်သခင်က နောက်ထပ်အချက်တစ်ခုကို ရှင်းလင်း
မိန့်ဆိုထားပါတယ်။ ထိုအကြောင်းအရာမှာ ဒိုအာဆုတောင်းမှုနဲ့ဆက်နွယ်ပြီး
ဆရာဝန်တွေကို သခင်က နားလည်သဘောပေါက်စေလိုခြင်းဖြစ်ပါတယ်။ ယနေ့
ခေတ်မှာတော့ တစ်စုံတစ်ရာ အရေးပေါ်အခြေအနေတစ်ခုခု ဖြစ်လာပြီဆိုရင်
ဆရာဝန်တွေစုစည်းတိုင်ပင်မှုပြုကြပါတယ်။ ပါကစ္စတန်နှင့် အခြားနိုင်ငံတွေမှာ
လည်းပဲ ဒီလိုအခြေအနေမျိုးပါပဲ။ ဒါပေမဲ့ တစ်ခါတစ်ရံ တချို့ဆရာဝန်တွေက
လူနာတစ်ဦးကို မိမိတို့ကုသနေတာကြောင့် မိမိတို့ရဲ့ကုသမှုသာလျှင်လုံလောက်
ပြီ၊ အခြားတစ်စုံတစ်ယောက်ရဲ့ အကြံပြုချက်မလိုအပ်ဘူးလို့ ယူဆကြပါတယ်။ 
ဒုတိယခလီဖတွလ်မဆီဟ်သခင်ရဲ့ ကြင်ရာတော် ဟာဇရတ် ဆာရာဘေဂမ်
ဆာဟီဘာက မီးဖွားစဉ်အခိုက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ထိုအချိန်က
အခြေအနေကို သခင်က အခုလိုပြောပြပါတယ်။ 'ဆရာဝန်တွေဟာ အခုလို
အခြေအနေမျိုးမှာ တိုင်ပင်ဆွေးနွေးမှုပြုခဲ့မယ်ဆိုရင် အသက်တစ်ချောင်းကို
ကယ်တင်ကောင်း ကယ်တင်လိုက်နိုင်ပါတယ်။'
မဆီဟ်မော်အူးဒ် (အ.စ)သခင်နဲ့စပ်လျဉ်းလို့ အလ္လာဟ်အရှင်မြတ်က သခင့်ရဲ့ဒိုအာ
အားလုံးကို လက်ခံတော်မူမှာဖြစ်ကြောင်း ကတိပြုထားပြီးဖြစ်ပါလျက် သခင်ကြီး
က အရေးကိစ္စတစ်ခုခုပေါ်ပေါက်လာတဲ့အခါ အခြားသူတွေကိုပါ ဒိုအာပြုလုပ်
ကြဖို့ နှိုးဆော်လေ့ရှိခဲ့တယ်ဆိုရင် ကျန်တဲ့သူတွေက မိမိတို့ရဲ့ လုပ်ငန်းကိစ္စတွေ
မှာ အကြံဉာဏ်တောင်းခြင်းသော်လည်းကောင်း၊ ဒိုအာဆုတောင်းဖို့ ပန်ကြား
ခြင်းသော်လည်းကောင်းပြုလုပ်သင့်ကြောင်း မွတ်စ်လေမော်အူးဒ်သခင်က
မိန့်ကြားခဲ့ခြင်း ဖြစ်ပါတယ်။
သခင်က အဖြစ်အပျက်တစ်ခုကို အခုလို ပြောပြပါတယ်။ 'မဆီဟ်မော်အူးဒ်
 (အ.စ)သခင် ကွယ်လွန်ခဲ့တဲ့ ခရီးစဉ်က အဖြစ်အပျက်ဖြစ်ပါတယ်။  တစ်ခါက 
 ဒေါက်တာ ယာအ်ကူးဗ်ဘေးဂ်ဆာဟိဘ်က သခင်ကြီးနဲ့တွေ့ဆုံဖို့ ဟိန္ဒူတရား
သူကြီးဟောင်းတစ်ဦး ရောက်ရှိလာမှာဖြစ်ကြောင်း သတင်းပေးပါတယ်။
ထိုအချိန်မှာ မဆီဟ်မော်အူးဒ် (အ.စ)သခင်က- 'ကျွန်တော်လည်း နာမကျန်း
ဖြစ်နေသလို၊ မာဟ်မူးဒ်လည်း နာမကျန်းဖြစ်နေတယ်။ ကျွန်တော့်မှာ သူ့
ကျန်းမာရေးအတွက် ပိုပြီးသောကဖြစ်နေရတယ်။ ဒါကြောင့် သူ့ကို ဂရုစိုက်ပြီး
ကုသပေးပါ'လို့ မှာကြားတော်မူပါတယ်။
(ထိုအချိန်က မဆီဟ်မော်အူးဒ် (အ.စ)သခင်က မိမိရဲ့ဝေဒနာကို မေ့ထားခဲ့ပြီး
မွတ်စ်လေမော်အူးဒ်ဖြစ်လာမယ့် သားတော်အတွက် သောကဖြစ်ခဲ့ပါတယ်။) 
မဆီဟ်မော်အူးဒ် (အ.စ)သခင်လက်ထက်မှာ ရင်ဆိုင်ခဲ့ရတဲ့ 'အုတ်တံတိုင်း'အမှုက
လည်း တော်တော်ထင်ရှားတဲ့ အမှုတစ်ခုဖြစ်ပါတယ်။ သခင်ကြီးရဲ့ ဆွေမျိုးထဲမှ
ဆန့်ကျင်သူတွေက ဗလီကိုလာတဲ့လမ်းကြောင်းမှာ အုတ်တံတိုင်းတစ်ခုကာရံ
လျက် ဗလီသွားရာလမ်းကြောင်းကို ပိတ်ပစ်ခဲ့ပါတယ်။ 
ဒါနဲ့ပတ်သက်လို့ မွတ်စ်လေမော်အူးဒ်(ႊၽ)သခင်က အခုလို ပြောပြခဲ့ပါတယ်။ 
'ထိုစဉ်က ကျွန်တော် ငယ်ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် ကောင်းစွာ
မှတ်မိပါတယ်။ ကျွန်တော်တို့ သားချင်းထဲကပဲ တချို့က ဗလီကိုလာတဲ့ လမ်း
တစ်လျှောက်မှာ ငုတ်တိုင်တွေထောင်ထားကြပါတယ်။ ဧည့်သည် တစ်ယောက်
ယောက် ဗလီကိုလာတဲ့အခါ ညအမှောင်ထဲမှာ ခလုတ်တိုက်ပြီး လဲကျသွား
အောင် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ဒီလိုပဲ အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။
ငုတ်တိုင်တွေကို နုတ်ပစ်တယ်ဆိုရင်လည်း ရန်လိုကြပါတယ်။ ကျွန်တော်
ကောင်းကောင်းမှတ်မိပါသေးတယ်။ ဆန့်ကျင်သူတွေက မိုဘာရက်ဗလီရှေ့မှာ
အုတ်တံတိုင်းတစ်ခု တည်ဆောက်ခဲ့ကြပါတယ်။ အဟ်မဒီတချို့က စိတ်ဆိုးလျက်
ထိုအုတ်တံတိုင်းကို ဖြိုချပစ်လိုကြပါတယ်။ ဒါပေမဲ့ မဆီဟ်မော်အူးဒ် (အ.စ)သခင်
က 'ကျွန်ုပ်တို့ဘက်က သည်းခံရမယ်။ ဥပဒေကိုလိုက်နာရမယ်'လို့ မိန့်ကြား
တော်မူပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ကျေးဇူးတော်ကြောင့် ကျွန်တော်ဟာ
ငယ်စဉ်ကတည်းက မှန်ကန်တဲ့ အိပ်မက်တွေမြင်မက်ခဲ့ပါတယ်။ ထိုကာလ
အတွင်းမှာ အိပ်မက်တစ်ခုမြင်မက်ခဲ့ရပါတယ်။ အုတ်တံတိုင်းဖြိုချခြင်းခံရပြီး 
 လူတွေက အုတ်တစ်ချပ်ချင်းစီကိုလွှင့်ပစ်နေကြပါတယ်။ ထိုအချိန်မှာ မိုးရွာထား
သလိုရှိပြီး၊ ဗလီကျောင်းဘက်မှ ပထမခလီဖာသခင် ကြွမြန်းလာတာကို
အိပ်မက်မှာ မြင်မက်ခဲ့ရပါတယ်။
ဒီလိုနဲ့ အမှုကိုဆုံးဖြတ်ချက်ပေးပြီး အုတ်တံတိုင်းကိုဖြိုချခဲ့ချိန်မှာ အိပ်မက်ထဲ
ကအတိုင်း တစ်ထပ်တည်းဖြစ်ခဲ့ပါတယ်။ ထိုနေ့က မိုးဖွဲဖွဲရွာပါတယ်။ ပြီးတော့
ပထမခလီဖာသခင်က 'ဒရဆ်'ပြီးတဲ့နောက် ဗလီထဲမှ ပြန်လာတဲ့အချိန်
အရှေ့ဘက်မှာက အုတ်တံတိုင်းကိုဖြိုချနေကြပါတယ်။ ထိုအနီးအနားမှာ
ကျွန်တော် ရပ်နေပါတယ်။ ဒီအိပ်မက်နဲ့ပတ်သက်လို့ ပထမခလီဖာသခင်ကို
နဂိုကတည်းက ကျွန်တော်ပြောပြထားပါတယ်။ ဒီလိုကြောင့် သခင်က
ကျွန်တော့်ကိုမြင်တယ်ဆိုရင်ပဲ 'မီယာန်၊ ကြည့်စမ်းပါဦး။ အသင့်ရဲ့ အိပ်မက်က
ပြည့်စုံသွားပြီ'လို့ မိန့်ကြားတော်မူပါတယ်။
သခင်က ထိုအချိန်ကာလမှ အဖြစ်အပျက်တစ်ခုနဲ့စပ်လျဉ်းလို့ ပြောပြပါတယ်။
'အခုလို အချိန်ကာလတစ်ခုလည်း ရှိခဲ့ပါတယ်။ မဆီဟ်မော်အူးဒ် (အ.စ)သခင်
အသက်ထင်ရှားရှိစဉ် ဆန့်ကျင်သူတွေက ဗလီအဝင်တံခါးကို ပိတ်ပစ်ခဲ့ကြပါ
တယ်။ သခင်ကြီးက မိမိအိမ်အတွင်းမှာ လိုက်ကာတစ်ခုပြုလုပ်ပြီး လူတွေကို
ဗလီသို့ အဝင်အထွက်ပြုစေခဲ့ရပါတယ်။ တချို့ကလည်း ကွေ့ပတ်ပြီး အပေါ်ထပ်
ကနေ သွားရပါတယ်။ ထိုလမ်းကို တစ်နှစ် သို့မဟုတ် ၆ လနီးပါးကြာ
ပိတ်ထားခဲ့ပြီး နောက်ဆုံး အမှုဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ စီမံမှုကြောင့်
ထိုအုတ်တံတိုင်းဟာ ဖြိုချခြင်းခံခဲ့ရပါတယ်။'
ကလေးတွေရဲ့စိတ်ကို ကျေနပ်နှစ်သိမ့်ပုံနဲ့စပ်လျဉ်းလို့ အဖြစ်အပျက်တစ်ခုကို
တစ်နေရာမှာ သခင်က အခုလို ပြောပြပါတယ်။
'ကျွန်တော် ငယ်စဉ်က ဖြစ်ရပ်တစ်ခုကို မှတ်မိပါတယ်။ ကျွန်တော် ငယ်ငယ်က
ကျွန်တော့်မိခင်ဟာ တစ်ခါတစ်ရံ စိတ်ဆိုးပြီဆိုရင် 'ခေါင်းသေးတဲ့ ကောင်လေး'
လို့ ကျွန်တော့်ကို ပြောလေ့ရှိပါတယ်။ ဒီအခါမှာ မဆီဟ်မော်အူးဒ် (အ.စ)သခင်က
'ဒါက ကိစ္စမရှိပါဘူး။ နိုင်ငံကျော်ရှေ့နေကြီး ြၽအေအငါညေ လည်းပဲ ဦးခေါင်းက 
 သေးသေးလေးပါ။ ဦးခေါင်းကြီးတိုင်း အသိဉာဏ်ရှိတယ်လို့ မဆိုနိုင်ဘူး'လို့
မိန့်ကြားတော်မူပါတယ်။ 
အကြင်သူဟာ မိမိရဲ့သားသမီးတွေကို အသိပညာ၊ ဉာဏ်စဉ်အသိထူးတွေကနေ
ဆုံးရှုံးအောင်ပြုတယ်ဆိုရင် သူ့ဦးခေါင်းက ဘယ်လောက်ပင်ကြီးနေပါစေ ထိုသူ
ကို အသိဉာဏ်မဲ့သူလို့သာဆိုရမှာဖြစ်ပါတယ်။ အလ္လာဟ်နှင့် တမန်တော်ဆိုတာ
က ဘာလဲ၊ ကုရ်အာန်ဆိုတာဘာလဲ နားလည်နိုင်လောက်အောင် အကြင်သူထံ
မှာ အသိတရားမရှိဘူးဆိုရင် ထိုသူဟာ ဉာဏ်စဉ်အသိထူးကို ဘယ်လိုလုပ်
ရနိုင်ပါ့မလဲ။'
ဒါကြောင့် ကျွန်တော်တို့အတွက် အဓိကလိုအပ်ချက်က အလ္လာဟ်နှင့် အရှင့်
တမန်တော်ရဲ့အမိန့်တွေကို နားလည်သိရှိပြီး ထိုအမိန့်တွေအပေါ် စဉ်းစား
တွေးခေါ်လျက် အရင်းအမြစ်ကို သဘောပေါက်အောင်ကြိုးပမ်းရမှာဖြစ်ပါတယ်။
ဒါသာလျှင် အစစ်အမှန်ဖြစ်ပြီး ဒီလိုအားဖြင့် ဦးနှောက်ကို လင်းဝင်းတောက်ပ
စေပါတယ်။'
အစိုးရအပေါ် သစ္စာစောင့်သိခြင်းနှင့်ဆက်နွယ်ပြီး မွတ်စ်လေမော်အူးဒ်သခင်က
အခုလို ပြောပြပါတယ်။ 
'ကျွန်တော်ငယ်ရွယ်စဉ် သိတတ်စအရွယ်မှာပဲ တိုင်းပြည်အစိုးရအပေါ်
သစ္စာစောင့်သိဖို့အမိန့်ကို မဆီဟ်မော်အူးဒ် (အ.စ)သခင်ရဲ့ နှုတ်မှ ကျွန်တော်
ကြားခဲ့ရပါတယ်။ ကျွန်တော်ဟာ ထိုအမိန့်အပေါ်မှာ ဘယ်လောက်တောင်
အခိုင်အမာရပ်တည်ခဲ့သလဲဆိုရင် ဒါနဲ့ပတ်သက်လို့ အလွန်ရင်းနှီးတဲ့ မိတ်ဆွေ
တွေနဲ့လည်း အယူအဆကွဲပြားခဲ့ပါတယ်။ ဒါတင်မက ဂျမာအတ်ထဲက အချို့
ခေါင်းဆောင်တွေနဲ့လည်း ကျွန်တော့်အယူအဆ ကွဲပြားခဲ့ပါတယ်။'
မဆီဟ်မော်အူးဒ် (အ.စ)သခင်က မိန့်ကြားတော်မူပါတယ်။ 'ဗြိတိသျှအစိုးရဟာ
အလ္လာဟ်အရှင်မြတ်ဘက်မှ ပေးသနားထားတဲ့ ကရုဏာတော်တစ်ရပ် ဖြစ်တယ်။
ဒီလိုပြောလိုက်တာကြောင့် အင်္ဂလိပ်လူမျိုးတွေဟာ အလွန်ကောင်းမြတ်သူတွေ၊
အစ္စလာမ့်သွန်သင်ချက်နှင့်နီးစပ်သူတွေပါဆိုတဲ့ အဓိပ္ပာယ်မျိုး မဟုတ်ပါဘူး။ 
 သူတို့ထဲမှာလည်း ဆိုးသွမ်းမိုက်မဲသူတွေ၊ မတရားပြုသူတွေ၊ ပုန်ကန်ခြားနားသူ
တွေ၊ အမျိုးမျိုးဖောက်ပြန်ပျက်စီးနေသူတွေရှိပါတယ်။ အခြားအုပ်စုတွေထဲမှာ
လည်း ရှိပါတယ်။ တစ်ဖန် သူတို့အတွင်းမှာ ကောင်းမြတ်သူတွေရှိသလို အခြား
လူမျိုးအုပ်စုတွေထဲမှာလည်း ကောင်းမြတ်သူတွေရှိပါတယ်။ ဘုရားသခင်ရဲ့
ကရုဏာတော်လို့ ပြောရခြင်းအကြောင်းက ဒီအစိုးရဟာ လူတစ်ဦးချင်းရဲ့
အခွင့်အရေးမှာ ဝင်ရောက်စွက်ဖက်မှုမပြုခြင်းပါပဲ။ အစိုးရတစ်ရပ်က ဝင်ရောက်
စွက်ဖက်မှုတွေမပြုတာကြောင့် ကျွန်တော်တို့အနေနဲ့ အစ္စလာမ့်သွန်သင်ချက်ကို
ဖြန့်ချိဖို့ အခွင့်အရေးရတာကြောင့်ပါပဲ။ ဒါကြောင့် အခုလို အုပ်စုတစ်ခုကို
ကျွန်တော်တို့အပေါ် အစိုးရစေခြင်းကလည်း အလ္လာဟ်အရှင်မြတ်ရဲ့ ကရုဏာ
တော်တစ်ရပ်ဖြစ်ပါတယ်။'
သခင်က ဆက်လက်ပြောပြပါတယ်။ 'နာဇီ သို့မဟုတ် ဖက်ဆစ်တွေကသာ
ကျွန်တော်တို့ကို အုပ်ချုပ်ခဲ့မယ်ဆိုရင် သူတို့ဟာ တချို့ကိစ္စတွေမှာ အင်္ဂလိပ်တွေ
ထက် ပိုကောင်းနိုင်ပါတယ်။ သူတို့ဟာ အင်္ဂလိပ်တွေထက်ပိုပြီး ဘုရားသခင်ကို
ကြောက်ရွံ့စိတ်ရှိသူတွေ၊ ပိုပြီးတရားမျှတသူတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါ
တယ်။ ဒါပေမဲ့ လူတစ်ဦးချင်း လွတ်လပ်ခွင့်မှာတော့ အင်္ဂလိပ်တွေက ပေးတဲ့
အခွင့်အရေးမျိုးကို သူတို့ပေးနိုင်မှာမဟုတ်ပါဘူး။ လူပုဂ္ဂိုလ်တစ်ဦးချင်းအရ
ထိုအုပ်ချုပ်ရေးတွေဟာ အကျိုးရှိနိုင်ပေမဲ့ အသင်းတော်ဘက်ကကြည့်မယ်ဆိုရင်
ကျွန်တော်တို့အတွက် ထိခိုက်နိုင်ပါတယ်။
ဒါရဲ့အဓိပ္ပာယ်က အစ္စလာမ့်အုပ်ချုပ်ရေး မတည်တံ့သေးသရွေ့၊ အစ္စလာမ့်
သွန်သင်ချက်ကိုစိုက်ထူဖို့အတွက်အဝန်းအဝိုင်းက ကျွန်တော်တို့အတွက် အလွန်
ကျဉ်းမြောင်းနေပါသေးတယ်။ ဒါ့အပြင် အစ္စလာမ့်အမိန့်ပညတ်များအနက်
အနည်းငယ်မျှကိုသာ ကျွန်တော်တို့ ကျင့်သုံးတည်ဆောက်နိုင်ပါလိမ့်မယ်။
မဆီဟ်မော်အူးဒ် (အ.စ)သခင်က ထိုအဓိပ္ပာယ်သဘောမျိုးဖြင့် အင်္ဂလိပ်အစိုးရကို
'ရာဟ်မတ်'ကရုဏာအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ချီးကျူးဖွယ်အချက်
တစ်ခုက ထိုလူမျိုးအုပ်စုရဲ့ယဉ်ကျေးမှုအရ လူထုကအစိုးရကို ပုဂ္ဂလတစ်ဦးချင်း
စီရဲ့အခွင့်အရေးမှာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မပေးထားတဲ့အချက်ပါပဲ။' 
 ကလောင်တိုက်ပွဲနဲ့စပ်လျဉ်းလို့ သခင်က အခုလို ပြောပြပါတယ်။
'တမန်တော်တွေဟာ ကျေးဇူးကို အလွန်သိတတ်သူတွေဖြစ်ပါတယ်။ အသေး
တကာ့ အသေးဖွဲဆုံးကိစ္စမှာပင်လျှင် အလွန်ကြီးကျယ်တဲ့ ကျေးဇူးတော်ကို
သတိရတတ်ပါတယ်။ မဆီဟ်မော်အူးဒ် (အ.စ)သခင်ရဲ့ကျမ်းစာအုပ်တွေကို နေ့စဉ်
ရက်ဆက် ပုံနှိပ်ဖြန့်ချိနေချိန်က ဖြစ်ပါတယ်။ သခင်ဟာ ညဉ့်တော်တော်များများ
မှာ အလျှင်းအိပ်စက်ခြင်းမပြုခဲ့ပါဘူး။ တစ်စုံတစ်ယောက်က ညဘက် စာစစ်ဖို့
ယူလာတဲ့အခါ အသံပြုလိုက်တယ်ဆိုရင်ပဲ သခင်ကြီးက ကိုယ်တော်တိုင်
ထသွားလျက် ထိုစာမူကို လှမ်းယူလိုက်ပြီး 'ဂျဇာကလ္လာဟ်- အဟ်ဆနွလ်ဂျဇာ'လို့
ပြောကြားပါတယ်။ ဒါတင်မက 'သူတို့တတွေ ဘယ်လောက်တောင် ကြိုးစားပြီး
လုပ်ဆောင်ထားသလဲဆိုတာ ကြည့်ပါဦး၊ ဘယ်လောက်ပင်ပန်းလိုက်ကြမလဲ။
အလ္လာဟ်အရှင်မြတ် သူတို့ကို အကျိုးဆုလာဘ်ပေးသနားတော်မူပါစေ'ဆိုပြီး
တဖွဖွပြောဆိုလျက်ရှိပါတယ်။ တကယ်ဆိုရင် သခင်ကြီးကိုယ်တိုင်က တစ်ညလုံး
မအိပ်ဘဲမနားမနေ အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။ ကျွန်တော်ဟာ သခင်ကြီး
အလုပ်လုပ်နေတာကိုကြည့်ရင်းက အိပ်ပျော်သွားပြီး မျက်စိပွင့်တဲ့အခါတိုင်းမှာ
သခင်ကြီး အလုပ်လုပ်နေတာကိုသာ တွေ့ခဲ့ရပါတယ်။ အဲဒါက မနက်ထိ
အောင်ပါပဲ။ အခြားသူတွေက အလ္လာဟ်အရှင်မြတ်ရဲ့ကျေနပ်နှစ်သက်မှုအတွက်
အလုပ်လုပ်ကြတာဖြစ်ပေမဲ့လည်း သခင်ကြီးက သူတို့ရဲ့ အခက်အခဲဒုက္ခကို
အလွန်ပင် သိတတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် တမန်တော်တွေရဲ့
နှလုံးသားဟာ ကျေးဇူးတရားကို အလွန် သိတတ်တာကြောင့် ဖြစ်ပါတယ်။'
မဆီဟ်မော်အူးဒ် (အ.စ)သခင်ရဲ့ 'ဆွဟာဘာ'သာဝကတွေက သခင့်ကို ရိုသေ
လေးစားမှု၊ သခင့်ရဲ့ဂုဏ်အဆင့်ကို ကြည်ညိုလေးစားမှုနှင့် ဒါနဲ့ပတ်သက်လာရင်
ဘယ်သူ့ကိုမှ ထောက်ထားငဲ့ကွက်မှုမပြုဘူးဆိုတဲ့အကြောင်းကို မွတ်စ်လေ
မော်အူးဒ်(ႊၽ)သခင်က မိမိရဲ့ဖြစ်ရပ်တစ်ခုဖြင့်ကိုးကားလျက် ပြောပြပါတယ်။ 
'ကျွန်တော်မြင်ရသလောက် လူငယ်တွေဟာ အစ္စလာမ်က သင်ပြတဲ့ ယဉ်ကျေးမှု
ကိုသင်ယူဖို့ အာရုံမရှိကြပါဘူး။ လူငယ်တွေဟာ တစ်ဦးနဲ့ တစ်ဦး အတားအဆီး
မရှိ ပုခုံးဖက်ပြီး လျှောက်လှမ်းသွားလာနေကြပါတယ်။ နောက်ဆုံး ကျွန်တော့် 
 အရှေ့မှာပင်လျှင် အခုလိုပုံစံမျိုးနဲ့ နေထိုင်ကြပါတယ်။ ... ဒါက ဘာကြောင့်
ဖြစ်ရသလဲဆိုတော့ ဒီကိစ္စဟာ မလျော်ကန်တဲ့ကိစ္စဖြစ်တယ်ဆိုတာ သူတို့
မစဉ်းစားမိလို့ပါပဲ။ အကြောင်းကတော့ မိခင်ဖခင်တွေနဲ့ ဆရာသမားတွေက
ဒါနဲ့ပတ်သက်လို့ သူတို့ကို ဘယ်တုန်းကမှ သင်ကြားမှုမပြုခဲ့တာကြောင့်
ဖြစ်ပါတယ်။ တကယ်တော့ ဒီကိစ္စတွေက သူတို့ဘဝမှာ နက်ရှိုင်းစွာ
သက်ရောက်မှုရှိပါတယ်။ ကျွန်တော်ငယ်စဉ်မှာ အချို့ပုဂ္ဂိုလ်တွေရဲ့ သွန်သင်
ဆုံးမမှုက ယခုတိုင်အောင် ကျွန်တော့်အပေါ် သက်ရောက်မှုရှိပါတယ်။
ထိုအကြောင်းဖြစ်ရပ်တွေကိုသတိရမိတိုင်း သူတို့အတွက် ဒိုအာပြုလုပ်ပါတယ်။
တစ်ခါမှာ ကျွန်တော်ဟာ ကောင်လေးတစ်ယောက်ရဲ့ပုခုံးပေါ်မှာ လက်ထောက်
မှီရင်း မတ်တတ်ရပ်နေပါတယ်။ မော်လဝီ အဗ်ဒွရ် ရဟီမ်ဆာဟိဘ် ဒရ်ဒ်ရဲ့ဖခင်
မာစတာ ကာဒရ်ဘခ်ရှ်ဆာဟိဘ်က ဒီလိုပြုလုပ်ခြင်းကိုတားမြစ်လျက် 'ဒါဟာ
အလွန်မကောင်းတဲ့အကျင့်တစ်ခုပဲ'လို့ဆုံးမပြောဆိုခဲ့ပါတယ်။ ထိုစဉ်တုန်းက
ကျွန်တော်အသက်ဟာ ၁၂ နှစ်၊ ၁၃ နှစ်ခန့်သာရှိပါသေးတယ်။ ဒါပေမဲ့
ထိုအချိန်က ပုံရိပ်ကလေးကိုမြင်ယောင်မိတိုင်း ထိုပုဂ္ဂိုလ်အတွက် ကျွန်တော်
ဒိုအာပြုမိပါတယ်။
ထိုနည်းတူ 'မူရာဒ်အာဘာဒ်'မှာနေထိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့စကားကိုလည်း
ကျွန်တော်မှတ်မိပါသေးတယ်။ ကျွန်တော့်မိခင်က ဒေလီမြို့သူဖြစ်ပါတယ်။
ဒေလီနဲ့ လက္ခနောင် မြို့သူမြို့သားတွေက အချင်းချင်းစကားပြောတဲ့အခါ
'သွန်မ်'(သင်)လို့ သုံးနှုန်းပြောဆိုလေ့ရှိပါတယ်။ လူကြီးတွေကို 'အားပ်'လို့
ပြောဆိုသုံးနှုန်းပေမဲ့ ဒီမှာက ကျွန်တော့်မိခင်ဘက်က လူကြီးသူမဆိုတာလည်း
မရှိတာကြောင့် 'အားပ်'ဆိုတဲ့ စကားလုံးနဲ့ပြောဆိုသုံးစွဲတာကို ကျွန်တော်
မသင်ယူခဲ့ရပါဘူး။ ကျွန်တော်ဟာ အသက် ၁၀ နှစ်၊ ၁၁ နှစ်အထိ
မဆီဟ်မော်အူးဒ် (အ.စ)သခင်ကို 'သွန်မ်'(သင်)ဆိုတဲ့ အသုံးအနှုန်းနဲ့ပဲ ပြောဆို
လေ့ရှိပါတယ်။ 
မိုဟမ္မဒ်အိုက်ယူဘ်ဆာဟိဘ်ဟာ 'မူရာအာဘားဒ်'မှာ နေထိုင်သူဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ်သည် ထိုပုဂ္ဂိုလ်အပေါ် သနားကြင်နာတော်မူပါစေ၊ သူ့ရဲ့ 
 အဆင့်အတန်းကို မြှင့်တင်ပေးတော်မူပါစေ။ 'ဂူရ်ဒါစ်ပူးရ်'မှာ အမှုရင်ဆိုင်ဖို့
ရောက်နေတုန်း ကျွန်တော်က စကားပြောရင်း မဆီဟ်မော်အူးဒ် (အ.စ)သခင်ကို
'သွန်မ်'ဆိုတဲ့ အသုံးအနှုန်းနဲ့ပြောလိုက်မိပါတယ်။ ဒီအခါမှာ မိုဟမ္မဒ် အိုက်ယူဘ်
ဆာဟိဘ်က ကျွန်တော့်ကို သီးသန့်ခေါ်ထုတ်သွားပြီး- 'အသင်ဟာ မဆီဟ်
မော်အူးဒ် (အ.စ)သခင်ရဲ့သားတော်ဖြစ်တယ်။ ဒါကြောင့် ငါတို့ လေးစားပါတယ်။
ဒါပေမဲ့ တစ်ခုတော့မှတ်ထားပါ။ 'သွန်မ်'ဆိုတဲ့စကားလုံးက ရွယ်တူ၊ တန်းတူ
တွေအတွက်ပဲ သုံးနှုန်းလေ့ရှိတယ်။ လူကြီးတွေကိုမသုံးရဘူး။ မဆီဟ်မော်အူးဒ်
 (အ.စ)သခင်ကို ဒီအသုံးအနှုန်းနဲ့ခေါ်ဝေါ်တာကို လုံးဝသည်းမခံနိုင်ဘူး'လို့
ပြောပါတယ်။ ဒါက ကျွန်တော့်ကို သူပေးခဲ့တဲ့ ပထမဆုံးသင်ခန်းစာဖြစ်ပါတယ်။
(အစ္စလာမ်က သင်ပြထားတဲ့ယဉ်ကျေးမှုကို ကျွန်တော်တို့လည်း အထူးဂရုစိုက်
သင့်ပါတယ်။ အထူးသဖြင့် အမ်တီအေမှာ အစီအစဉ်တင်ဆက်နေသူတွေအနေ
နဲ့ ပိုပြီးဂရုစိုက်သင့်ပါတယ်။ အမ်တီအေမှာ များသောအားဖြင့် အစီအစဉ်
တင်ဆက်မှုတွေက အလွန်ကောင်းမွန်ပါတယ်။ ဒါပေမဲ့ 'ရဗ္ဗဝါ'ကနေ စီစဉ်
တင်ဆက်တဲ့ အစီအစဉ်တစ်ခုနဲ့ပတ်သက်လို့ပြောစရာရှိပါတယ်။ ဒီအစီအစဉ်မှာ
ပါဝင်သူတွေက 'မိုရဗ္ဗီ'တွေ၊ 'ဝါကဖေဇင်ဒဂီ'တွေဖြစ်ပေမဲ့ သူတို့ နေထိုင်တဲ့
ပုံစံက မသင့်တော်ပါဘူး။ ခြေနှစ်ချောင်းကိုကားထိုင်ပြီး ခြေထောက်ကို
လှုပ်ရမ်းနေတာဟာ တည်ကြည်ခန့်ညားမှု လုံးဝမရှိပါဘူး။ ဦးထုပ်လည်း
မဆောင်းထားဘူး။ 'ရဗ္ဗဝါ'ကနေ အခုလို အစီအစဉ်မျိုး တင်ဆက်ပြုလုပ်ထား
တာက လုံးဝသည်းမခံနိုင်စရာပါပဲ။ ဒါကြောင့် နောင်ကို ပါကစ္စတန်မှ
အမ်တီအေအဖွဲ့တွေက ဒီအချက်ကို အထူးဂရုပြုဖို့လိုပါတယ်။ တင်ဆက်တဲ့
အစီအစဉ်အကြောင်းအရာက ဘယ်လောက်ပင်ကောင်းနေပါစေ၊ အကယ်၍
တင်ဆက်သူတွေက မကောင်းဘူးဆိုရင် အဲဒီအစီအစဉ်ကို လုံးဝတင်ဆက်မှာ
မဟုတ်ပါဘူး။ ဒါကြောင့် ထိုအစီအစဉ်ကိုလည်း ရပ်နားလိုက်ပါပြီ။ အထူးသဖြင့်
'မိုရဗ္ဗီ'တွေက ပိုပြီး ဂရုပြုသင့်ပါတယ်။ သူတို့မှာ ကိုယ်ပိုင်သိက္ခာနဲ့ တည်ကြည်မှု
ရှိရမှာဖြစ်ပြီး သူတို့ဟာ မိမိတို့ရဲ့သိက္ခာကို ထိန်းသိမ်းရမယ်ဆိုတာ အလေး
အနက် သိထားသင့်ပါတယ်။ သာမန်လောကီသား လူငယ်တစ်ယောက်က
အခုလို ပြုလုပ်တယ်ဆိုရင် သည်းခံလို့ရပါသေးတယ်။ ဒါပေမဲ့ 'မိုရဗ္ဗီ' 
 တစ်ယောက်က ပြုလုပ်တယ်ဆိုရင်တော့ လုံးဝသည်းမခံနိုင်စရာပါပဲ။ ဒီကိစ္စနဲ့
ပတ်သက်လို့ တချို့ကလည်း ကျွန်တော့်ထံ စာရေးလျက် အသိပေးကြပါတယ်။
'ရဗ္ဗဝါ'မှ တင်ဆက်တဲ့ အစီအစဉ်တစ်ခုမှာ ပါဝင်တင်ဆက်သူတွေဟာ လုံး၀
တည်ကြည်ခန့်ညားမှုမရှိဘူးလို့ ရေးသားကြပါတယ်။)
အဖြစ်အပျက်တစ်ခုနဲ့ပတ်သက်လို့ မွတ်စ်လေမော်အူးဒ်(ႊၽ)က ပြောပြပါတယ်။
'ကျွန်တော်တို့ ငယ်စဉ်က ကစားနည်းအမျိုးမျိုး ကစားကြပါတယ်။ ကျွန်တော်က
များသောအားဖြင့် ဘောလုံးကစားပါတယ်။ နောက်ပိုင်း ခရစ်ကတ်ကစားတဲ့
အုပ်စုတစ်ခု ကာဒီယာန်ရောက်လာတဲ့အခါ သူတို့က ခရစ်ကတ်အသင်းတစ်ခု
တည်ထောင်ခဲ့ပါတယ်။ တစ်ရက်မှာ သူတို့က ကျွန်တော့်ထံ ရောက်လာကြပြီး
'မဆီဟ်မော်အူးဒ် (အ.စ)သခင်ကိုလည်း ဒီကစားပွဲမှာပါဝင်ဖို့ ပြောပေးပါဦး'လို့
ဆိုကြပါတယ်။ ဒီအခါ ကျွန်တော်က အိမ်ထဲဝင်သွားပါတယ်။ ထိုအချိန်မှာ
သခင်ကြီးက စာအုပ်တစ်အုပ်ရေးနေပါတယ်။ ကျွန်တော်က သခင်ကြီးကို
ထိုအကြောင်းပြောပြတဲ့အခါ သခင်က ကလောင်တံကိုဘေးချထားလျက် အခုလို
မိန့်ကြားတော်မူပါတယ်။ 'မင်းတို့ရိုက်တဲ့ဘောလုံးက ကစားကွင်းထဲကနေ
အပြင်ကိုထွက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဖေ အခု ကစားနေတဲ့ ခရစ်ကတ်ရဲ့
ဘောလုံးက ကမ္ဘာမြေကြီးအစွန်အဖျားတွေအထိ ရောက်သွားလိမ့်မယ်'လို့
မိန့်ကြားတော်မူပါတယ်။ အခု ကြည့်ပါ။ သခင်ကြီးရိုက်ခဲ့တဲ့ ဘောလုံးဟာ ကမ္ဘာ
မြေကြီး အစွန်အဖျားတွေအထိ ရောက်ခဲ့ပြီမဟုတ်ပါလား။ ယနေ့ အမေရိကန်၊
ဟော်လန်၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ အင်ဒိုနီးရှား
နှင့် အခြားနိုင်ငံတော်တော်များများမှာ သခင်ကြီးကို သိကျွမ်းသူတွေရှိနေပါပြီ။
ဖိလစ်ပိုင်အစိုးရက ကျွန်တော်တို့ထံမှ သာသနာပြုစေလွှတ်ခြင်းကိုခွင့်မပြုပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အဲဒီကနေ 'ဘိုင်အတ်'တွေ ဆက်တိုက်ရောက်လာ
ပါတယ်။ သုံးလေးရက်အရင်ကပဲ ဖိလစ်ပိုင်က ပုဂ္ဂိုလ်တစ်ဦးထံမှ စာရောက်လာ
ပါတယ်။ စာမှာ သူက အခုလိုရေးထားပါတယ်။ 'ယခုရေးလိုက်တဲ့စာက
ကျွန်တော့်ရဲ့ ဘိုင်အတ်လျှောက်ထားလွှာလို့ပဲ သဘောထားလိုက်ပါ၊ ကျွန်တော့်
ထံ နောက်ထပ်စာအုပ်စာပေတွေပို့ပေးပါ။ အစ္စလာမ်ကို အလုပ်အကျွေးပြုနေ
တယ်လို့သိရတဲ့ အဖွဲ့အစည်းတိုင်းကို ကျွန်တော် စာရေးဆက်သွယ်ခဲ့ပါတယ်။ 
 လာဟိုရ်က အန်ဂျူမန် အေရှာအတ် အစ္စလာမ်ကိုလည်း ကျွန်တော်
စာတစ်စောင်ရေးခဲ့ပါတယ်။ လန်ဒန်ဗလီလိပ်စာနဲ့လည်း စာတစ်စောင်ရေးသား
ခဲ့ပါတယ်။ ဒါ့အပြင် ဝါရှင်တန်လိပ်စာနဲ့လည်း စာတစ်စောင်ရေးခဲ့ပါတယ်။'
ယခုကြည့်ပါ။ ဖိလစ်ဖိုင်နိုင်ငံကို ကျွန်တော်တို့ဆီက သာသနာပြုတစ်ဦးမှ
မရောက်ခဲ့ပါဘူး။ အခုလို ထိုနိုင်ငံက လူတွေထံမှာ အဟ်မဒီယတ်ဘက်ကို
အလိုအလျောက် အာရုံစူးစိုက်မှုပေါ်ပေါက်လာရခြင်းအကြောင်းက တကယ်
တော့ ကာဒီယာန်မှာထိုင်ရင်း မဆီဟ်မော်အူးဒ် (အ.စ)သခင် ရိုက်လိုက်တဲ့
ဘောလုံးရဲ့လှုပ်ရှားမှုဖြစ်ပြီး ကမ္ဘာလောက အစွန်အဖျားတွေတိုင်အောင်
ရောက်ရှိသွားပါပြီ။'
တစ်ဖန် မွတ်စ်လေမော်အူးဒ်သခင်က အဖြစ်အပျက်တစ်ခုကို ပြောပြပါတယ်။
'သာသနာရေးအရ လုံ့လစိုက်ထုတ်ခြင်း သို့မဟုတ် လောကီရေးအရ လုံ့လစိုက်
ထုတ်ခြင်းမပြုဘဲလျက် မည်သည့်လူသားမျှ ဂုဏ်သိက္ခာကိုမရနိုင်ပါဘူး။ မဆီဟ်
မော်အူးဒ် (အ.စ)သခင် မိန့်ကြားတော်မူလေ့ရှိပါတယ်။ ကျွန်ုပ်ရဲ့ခေတ်ကာလမှာ
အလ္လာဟ်အရှင်မြတ်က ဂုဏ်သိက္ခာဟူသမျှကို ကျွန်ုပ်နှင့် ဆက်နွယ်ထားလိုက်ပြီ။
ယခု ဂုဏ်သိက္ခာရရှိသူဟာ ကျွန်ုပ်ရဲ့ တပည့်နောက်လိုက်ဖြစ်လျှင်ဖြစ်၊
ဒါမှမဟုတ်ရင် ကျွန်ုပ်ကိုဆန့်ကျင်သူပဲဖြစ်ရမယ်။ (ဆိုလိုတာက ဆန့်ကျင်သူတွေ
ရရှိတဲ့ ဂုဏ်သိက္ခာဆိုတာကလည်း မဆီဟ်မော်အူးဒ်ဌသခင်ကို ဆန့်ကျင်မှု
ကြောင့်ပဲ ရရှိပါလိမ့်မယ်။)
သခင်ကြီး မိန့်ကြားတော်မူပါတယ်။ 'မော်လဝီ ဆနာအွလ္လာဟ်ဆာဟိဘ်ကိုပဲ
ကြည့်ပါ။ သူဟာ မော်လဝီကြီးတစ်ယောက် မဟုတ်ပါဘူး။ သူ့လို မော်လဝီတွေ
ပန်ဂျပ်မှာ ထောင်နဲ့ချီရှိပါတယ်။ သူ ရရှိတဲ့ဂုဏ်သိက္ခာက ကျွန်ုပ်ကို ဆန့်ကျင်မှု
ကြောင့်ပါပဲ။ ဒီအချက်ကို သူတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊
ဒါဟာအဖြစ်မှန်ပါပဲ။ ယနေ့ ကျွန်ုပ်ကိုထောက်ခံခြင်းအားဖြင့် ဂုဏ်သိက္ခာရရှိနိုင်
သလို၊ ကျွန်ုပ်ကို ဆန့်ကျင်မှုကြောင့်ပဲ ဂုဏ်သိက္ခာရရှိကြမှာ ဖြစ်ပါတယ်။
တစ်နည်းဆိုရရင် အဓိကဗဟိုချက်က ကျွန်ုပ်သာလျှင်ဖြစ်ပါတယ်။ ဆန့်ကျင်သူ
တွေရရှိတဲ့ ဂုဏ်သိက္ခာဆိုတာကလည်း ကျွန်ုပ်ကြောင့်သာလျှင် ဖြစ်ပါတယ်။' 
 ဒီအကြောင်းအရာကို ထပ်မံရှင်းလင်းလျက် သခင်က အခုလို မိန့်ကြားထားပြန်
ပါတယ်။ လူသားဟာ အမြင့်ဆုံးအဆင့်ထိ ကြိုးပမ်းမှုမပြုသမျှ ဆုလာဘ်မရရှိနိုင်
ပါဘူး။ သာသနာရေးကိစ္စမှာလည်း အဆုံးအစွန်တိုင် ပြုလုပ်ခြင်းကသာ အကျိုး
အမြတ်ရှိစေပါလိမ့်မယ်။ မဆီဟ်မော်အူးဒ် (အ.စ)သခင် မိန့်ကြားတော်မူလေ့ရှိပါ
တယ်။ ကျွန်ုပ်နှင့်နက်ရှိုင်းစွာဆက်နွယ်သူသာလျှင် အကျိုးအမြတ်ရရှိသူတွေ
ဖြစ်တယ်။ မော်လဝီဆနာအွလ္လာဟ်လို အဆုံးအစွန်တိုင်အောင် ဆန့်ကျင်သူဖြစ်
လျှင်ဖြစ်၊ ဒါမှမဟုတ် အကြွင်းမဲ့ ဖြူစင်သစ္စာရှိသူ ဖြစ်ရမယ်။'
(ယနေ့မှာတော့ မော်လဝီပေါက်စတွေကလည်း သူတို့နယ်မြေအသီးသီးမှာ
မဆီဟ်မော်အူးဒ်ဌသခင်အား ဆန့်ကျင်မှုကိုဘန်းပြပြီး ငွေရပေါက်ထွင်ထားကြ
ပါတယ်။)
သခင်က ဆက်လက်မိန့်ကြားတော်မူပါတယ်။ 'သာမန်ဆက်နွယ်မှုက ဘာမျှ
အကျိုးရှိစေမှာမဟုတ်ပါဘူး။ အမှန်တော့ အထွတ်အထိပ်ရောက်အောင် ပြုလုပ်
ခြင်းဖြင့်သာ ကောင်းချီးဆုလာဘ်တွေကိုရရှိမှာဖြစ်တယ်။ ယခုလို မပြုလုပ်ရင်
လူသားဟာ ကောင်းချီးမင်္ဂလာတွေကိုလက်လွတ်ဆုံးရှုံးရပါလိမ့်မယ်။ အကယ်၍
လူသားက 'ယခုဖြစ်ချင်ရာဖြစ်၊ ငါကတော့ မြစ်ထဲမှာ လှေကို ချထားပြီးပြီ'လို့
ပြောလျက်သူဟာ အလ္လာဟ်အရှင်မြတ်ဘက်သို့ ထွက်ခွာခဲ့မယ်ဆိုရင် ရှေးဦး
လူတွေကဲ့သို့ပဲ သူ့ကိုလည်း အရှင်မြတ်က ဆက်ဆံတော်မူလိမ့်မယ်။ အရှင်မြတ်
ဟာ ဘယ်သူ့ကိုမှ ရန်ငြှိုးဖွဲ့ထားသူမဟုတ်ပါဘူး။ လိုအပ်တာက လူသား
အနေဖြင့် မိမိကိုယ်ကို အလ္လာဟ်အရှင်မြတ်ရှေ့တော်၌ တင်ဆက်လျက်
အရှင်မြတ်ရဲ့ ခြေတော်ရင်းမှာ ဝပ်ဆင်းလိုက်ရမယ်။ ဒီလိုအားဖြင့် သူဟာ
အလုံးစုံကို အလိုအလျောက် ရရှိသွားလိမ့်မယ်။ သူ့အတွက် လိုအပ်တဲ့
အောင်မြင်တိုးတက်မှုတွေကိုလည်း သူဟာ အလိုအလျောက်ရရှိသွားလိမ့်မယ်။
မီးရဲ့အနီးအနားမှာ ထိုင်နေသူတွေကို ကြည့်ပါ။ အားလုံး ပူနွေးနေကြမှာပါပဲ။
သူ့ရဲ့ မျက်နှာ၊ လက်၊ ခြေထောက် စသဖြင့် ဘယ်နေရာကိုပင်ဖြစ်စေ
စမ်းကြည့်ရင် ပူနွေးနေတာကိုသာ ခံစားရပါမယ်။ ဒီတော့ လူတစ်ယောက်က
အရာအားလုံးကိုစွန့်လွှတ်လျက် အလ္လာဟ်အရှင်မြတ်ထံသွားရောက်ပြီး အရှင် 
 မြတ်ရဲ့အနီးအပါးမှာထိုင်နေခဲ့ပါလျက် အရှင်မြတ်က သူ့အတွင်းမှာ ထင်ရှားခြင်း
မရှိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ စင်စစ် သံဟာ မီးမဟုတ်ပေမဲ့ သူ့ကို
မီးထဲ ထည့်လိုက်တဲ့အခါ  မီးရဲ့ဂုဏ်သတ္တိကို ရယူလိုက်ပါတယ်။ ထိုနည်းတူစွာပဲ
အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်မှုကိုရရှိသွားသူတွေထံမှာ ထူးခြားတဲ့အသွင်
အပြင်ကို တွေ့ရလိမ့်မယ်။ အရှင်မြတ်က သူတို့ကိုလည်း 'ကွန် ဖယကူးန်'ဆိုတဲ့
ဝတ်ရုံကိုခြုံလွှားပေးတယ်။ ဘယ်လောက်ထိအောင်ဆိုရင် အသိတရားနည်းပါး
သူတွေက သူတို့ကို ဘုရားသခင်လို့တောင် ထင်မှတ်သွားကြတဲ့အထိပါပဲ။
တကယ်တော့ သူတို့ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ဂုဏ်တော်တွေကို ပုံရိပ်သဏ္ဌာန်
မျှတင်ပြနေကြခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် အကယ်၍ တစ်စုံတစ်ယောက်
ဟာ သာသနာမှ အကျိုးအမြတ်ရယူလိုတယ်ဆိုရင် ဒီအတွက် နည်းလမ်းက
သူ့အနေနဲ့ မိမိကိုယ်ကို အလ္လာဟ်အရှင်မြတ်ရှေ့တော်မှာ လုံးလုံးလျားလျား
အပ်နှံလိုက်ရမှာသာဖြစ်တယ်။ အကယ်၍ လူမျိုးအုပ်စုတစ်ခုလုံးက အခုလို
ပြုလုပ်ခဲ့မယ်ဆိုရင် သူတို့အပေါ် ထူးခြားတဲ့ကောင်းချီးမင်္ဂလာတွေ သက်ဆင်း
ကျရောက်မှာဖြစ်ပြီး သူတို့ဟာ နယ်ပယ်တိုင်းမှာ အောင်မြင်မှုရရှိကြလိမ့်မယ်။
ကျွန်ုပ်ရဲ့ ဂျမာအတ်သားတွေကလည်း အခုလို ခြေလှမ်းကြဖို့ လိုအပ်တယ်။
အများစုက နှုတ်ပြောသက်သက်မျှဖြင့် လုံလောက်တယ်လို့ ယူဆနေကြပါတယ်။
တကယ်ဆိုရင် အလ္လာဟ်အရှင်မြတ်အပေါ် ပင်ကိုအလျောက် ပကတိချစ်စိတ်
ထားသူ ဖြစ်သင့်ပါတယ်။ မမှန်ကန်တဲ့ အပြောသက်သက်မျိုး မဖြစ်သင့်ပါဘူး။
အကြောင်းကတော့ လိမ်ညာခြင်းနှင့် အရှင်မြတ်ကိုချစ်ခြင်းဆိုတဲ့ အကြောင်း
အရာနှစ်ခုက တစ်နေရာတည်းမှာအတူမရှိနေနိုင်တာကြောင့်ပဲ။ လိမ်ညာခြင်းက
အမှောင်ထုတစ်ခုဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ကိုချစ်ခြင်းက အလင်းတစ်ခု ဖြစ်ပါ
တယ်။ ဒီတော့ အလင်းနဲ့ အမှောင်ဟာ ဘယ်လိုလုပ်ပြီး ပေါင်းစည်းနိုင်ပါ့မလဲ။'
(အဟ်မဒီတစ်ဦးချင်းစီက ဆန်းစစ်လေ့လာသင့်ပါတယ်။ ဒီအကြောင်းအရာကို
မကြာခဏ ကျွန်တော် သတိပေးပြောကြားခဲ့ပါတယ်။ မဆီဟ်မော်အူးဒ်ဌ
သခင်ထံမှာ ဘိုင်အတ်သစ္စာခံယူပြီးတဲ့နောက်မှာ ကျွန်တော်တို့ဟာ အခြား
သူတွေနဲ့မတူ သိသာထင်ရှားနေသင့်ပါတယ်။ အလ္လာဟ်အရှင်မြတ်အပေါ်
ယုံကြည်သက်ဝင်ခြင်းကလည်း အခြားသူတွေထက် ထူးခြားတဲ့အခြေအနေမှာ 
 ရှိသင့်ပါတယ်။ တိုးတက်မြင့်မားနေသင့်ပါတယ်။ ဒါ့အပြင် 'အေဘာဒတ်'တွေ
မှာလည်း အခြားသူတွေထက် ထူးခြားတဲ့အသွင်မျိုးရှိသင့်ပါတယ်။ မြင့်မားတဲ့
အဆင့်တွေကိုရရှိအောင် ကြိုးပမ်းသူတွေလည်းဖြစ်ရပါမယ်။ ဒါတင်မက
မြင့်မားတဲ့ ကိုယ်ကျင့်သိက္ခာတွေမှာလည်း ကျွန်တော်တို့ဟာ အခြားသူတွေထက်
ထူးထူးခြားခြား ပေါ်လွင်နေသင့်ပါတယ်။ ဥပဒေကို လေးစားလိုက်နာခြင်းကိစ္စ
မှာလည်း ကျွန်တော်တို့ဟာ စံနမူနာတစ်ရပ်သဖွယ်ရှိရမှာဖြစ်ပါတယ်။ အချုပ်ဆို
ရရင် ကိစ္စအဝဝမှာ အဟ်မဒီတွေဟာ အခြားသူတွေနဲ့မတူ တစ်မူထူးခြားနေရမှာ
ဖြစ်ပါတယ်။ ဒီတော့မှသာ မဆီဟ်မော်အူးဒ် (အ.စ)သခင် မိန့်ကြားတော်မူသလို
ကျွန်တော်တို့ဟာ 'ဘိုင်အတ်'ကတိသစ္စာပြုခြင်းမှ အမှန်တကယ် အကျိုးခံစားရရှိ
သူတွေ ဖြစ်နိုင်ပါလိမ့်မယ်။)
ကာဒီယာန်မှာနေထိုင်တဲ့ ဆန့်ကျင်သူတွေက အာဏာပိုင်တွေထံမှာ မဆီဟ်
မော်အူးဒ်ဌသခင်နှင့်ဆန့်ကျင်လျက် မဟုတ်မမှန်တိုင်တန်းကြပါတယ်။ တစ်ခါ
မှာ အရာရှိတစ်ဦးက မဆီဟ်မော်အူးဒ် (အ.စ)သခင်နှင့် တွေ့ဆုံဖို့ရောက်ရှိလာပြီး
'ဒီလူတွေဟာ ခင်ဗျားနဲ့ တစ်မြို့တည်းသားတွေပဲ။ ခင်ဗျားအနေနဲ့ သူတို့အပေါ်
နူးညံ့စွာဆက်ဆံပါ'လို့ ပြောပါတယ်။
သခင်ကြီးက မိန့်ကြားတော်မူပါတယ်။ '(အနားမှာထိုင်နေတဲ့) ဘူဒေးရှာဟ်ကို
မေးကြည့်ပါဦး။ သူဟာ ကျွန်ုပ်ကို ထိခိုက်ဆုံးရှုံးအောင်ပြုလုပ်ဖို့အတွက် အခွင့်
အရေးရတိုင်းမှာ လက်လွတ်ခံခဲ့သလား မေးကြည့်ပါ။ ဒါ့အပြင် သူ့ကိုပဲ
မေးကြည့်ပါဦး။ သူ့အပေါ် ကျွန်တော့်ဘက်က ကျေးဇူးပြုဖို့ အခွင့်အခါကြုံတိုင်း
ကျွန်တော်ဟာ သူ့အပေါ်ကျေးဇူးပြုဖို့ ပျက်ကွက်ခဲ့တာမျိုးရှိခဲ့ဖူးသလားဆိုတာ
မေးကြည့်ပါ။' ထိုအချိန်မှာ သူ(ဘူဒေးရှာဟ်)ဟာ ဘာမှမပြောဘဲ ခေါင်းအောက်
စိုက်လျက် ထိုင်နေပါတယ်။
ဒါဟာ သခင်ကြီးရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်သိက္ခာအတွက် အလွန်ကြီးကျယ်တဲ့
စံနမူနာတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဂျမာအတ်သားတွေအနေနဲ့ကလည်း
ကိုယ်ကျင့်သိက္ခာအပိုင်းမှာ စံနမူနာတစ်ရပ်ဖြစ်ရပါမယ်။ ခင်ဗျားတို့ရဲ့ အရေး
ကိစ္စတွေမှာ ဘယ်လောက်တောင် သန့်ရှင်းမှုရှိရမလဲဆိုရင် အိမ်မှာ ပိုက်ဆံ 
 တစ်ပြားတစ်ချပ်မှမရှိရင်လည်းပဲ 'အမာနတ်'ယုံကြည်အပ်နှံရာတွေကို မထိမိပါ
စေနဲ့။ အခြားသူတွေရဲ့နှလုံးသားကို စွဲမက်သွားစေလောက်အောင် စကားကို
ချိုသာစွာ ချစ်ခင်မှုအပြည့်အဝဖြင့် ပြောကြပါ။'
တစ်ဖန် လူသားအနေဖြင့် တစ်စုံတစ်ရာကို အကျင့်ဖြစ်သွားပြီဆိုရင် ထိုအရာနဲ့
ပတ်သက်လို့ သူ့ထံမှာ ဘယ်လိုခက်ခဲပင်ပန်းမှုမျှမရှိတော့ကြောင်း အဖြစ်အပျက်
တစ်ခုဖြင့် သခင်က ပြောပြပါတယ်။
'မဆီဟ်မော်အူးဒ် (အ.စ)သခင်ရဲ့နှုတ်မှ ဒီအကြောင်းအရာကို ကျွန်တော်ဟာ
နားဖြင့် ဆတ်ဆတ်ကြားခဲ့ရပါတယ်။ အလ္လာဟ်အရှင်မြတ်ထံတော်မှ စမ်းသပ်မှု
နှစ်မျိုးရောက်လာလေ့ရှိတယ်။ စမ်းသပ်မှုတစ်ခုက လူသားကို ရွေးချယ်ခွင့်ပေး
ပါတယ်။ ဒီကိစ္စမှာ သူဟာ ကိုယ်တိုင် ရွေးချယ်နိုင်ပါတယ်။ ဒိအတွက် ဥပမာက
ဝူဇူဖြစ်ပါတယ်။ ဆောင်းရာသီမှာ အလွန်အေးတဲ့အခိုက်၊ အေးစက်တဲ့ လေတွေ
တိုက်နေချိန်၊ လေအနည်းငယ်မျှထိရုံဖြင့် ချမ်းအေးမှုဒဏ်ကို ခံစားရတဲ့အချိန်မျိုး
မှာ 'ဝူဇူ'ဟာလည်းစမ်းသပ်မှုတစ်ခုပါပဲ။ အရှင်မြတ်ထံတော်မှ လူသားကို နမာဇ်
ဝတ်မပြုမီအလျင် ဝူဇူပြုလုပ်ဖို့အမိန့်ရှိပါတယ်။ များသောအားဖြင့် နမာဇ်အချိန်
တွေမှာ ရေပူမရနိုင်ပါဘူး။ ဒါမဟုတ် နမာဇ်အချိန်မှာ အဆင်သင့် မဖြစ်တာမျိုး
လည်း ရှိပါတယ်။ တချို့အခါတွေမှာ ရေနွေးကို ဘယ်လိုမှမရနိုင်ဘဲ အေးခဲနေ
တဲ့ရေကိုသာ ရရှိပါတယ်။ ဒီလို အေးခဲတဲ့ရေနဲ့ပဲ ဝူဇူပြုလုပ်ပြီး နမာဇ်ဝတ်ပြု
ရပါတယ်။
ဒါကလည်း လူသားတွေအတွက် အလ္လာဟ်အရှင်မြတ် စီစဉ်ထားတဲ့ စမ်းသပ်မှု
တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစမ်းသပ်မှုမှာ လူသားကို ရွေးချယ်ခွင့်ပြုထားပါ
တယ်။ အကယ်၍ ရေက အေးနေတယ်ဆိုရင် နွေးအောင်လုပ်ဖို့ ခွင့်ပြုထား
ပါတယ်။ ဒါက ရွေးချယ်ခွင့်ပြုထားတဲ့ စမ်းသပ်မှုဖြစ်ပါတယ်။ ဒီလိုပုံစံမျိုးပဲ
များစွာသော ဥပမာတွေရှိပါသေးတယ်။ အကယ်၍ အေးမြတဲ့ရေနဲ့ ဝူဇူ မပြုနိုင်
ရင် ရေကို နွေးအောင်ပြုလုပ်ဖို့ ကြိုးစားပါ။ မိမိအိမ်မှာ မီးမရှိဘူးဆိုရင်
အိမ်နီးချင်းဆီက မီးယူပြီး ရေကိုနွေးအောင်လုပ်ပါ။ ရေနွေးဖြင့် ဝူဇူလုပ်ပြီး
နောက်မှာ အအေးဒဏ်မခံရစေဖို့အတွက် နွေးတဲ့အဝတ်အထည်တွေကို 
 ကောင်းစွာဝတ်ဆင်ပါ။ တချို့ဗလီတွေမှာ ရေပူစက်တွေ တပ်ဆင်ထားတာ
ကြောင့် ရေနွေးရနိုင်ပါတယ်။ ဒါကြောင့် နွမ်းပါးသူတွေက မိမိတို့အိမ်မှာ
ရေနွေးမရနိုင်ဘူးဆိုရင် ဗလီမှာ ရေနွေးဖြင့် ဝူဇူပြုလုပ်ပါ။ ဗလီကျောင်းမှာလည်း
ရေနွေးမရနိုင်ပြန်ဘူးဆိုရင် တွင်းရေဖြင့် ဝူဇူလုပ်ပါ။ ဆောင်းတွင်းမှာ
တွင်းရေက နွေးပါတယ်။ ထိုနည်းတူ နံနက်စောစောထက်လျက် ဖဂျရ်နမာဇ်
ဝတ်ပြုဖို့ အလ္လာဟ်အရှင်မြတ်က အမိန့်ရှိပါတယ်။ ယခု ဆောင်းတွင်းကာလမှာ
နံနက်စောစောထဖို့ဆိုတာ ဘယ်လောက်ခက်ပါသလဲ။ ဒါပေမဲ့ လူသားထံမှာ
များပြားတဲ့ အကြောင်းခံ ဝတ္ထုပစ္စည်းတွေရှိခဲ့မယ်ဆိုရင် သူ့အတွက် အခက်အခဲ
ရှိမှာ မဟုတ်ပါဘူး။ သူ့မှာ တာဟ်ဂျွတ်နမာဇ် ဝတ်ပြုတဲ့ အလေ့အကျင့်ရှိတယ်
ဆိုရင် သူ့အနေနဲ့ တာဟ်ဂျွတ်နမာဇ် ဝတ်ပြုချိန်မှာ တံခါးကို ကောင်းစွာပိတ်
ခြင်းဖြင့် အခန်းကိုပူနွေးအောင်ပြုလုပ်နိုင်ပါတယ်။ ထိုနည်းတူ နံနက်ဖဂျရ်အချိန်
ဗလီကိုသွားတဲ့အခါ ခြုံထည်တစ်ခုခု ခြုံလွှားသွားနိုင်ပါတယ်။ နွမ်းပါးသူတွေက
လည်း မိမိတို့ထံမှာရှိတဲ့ ဖာတေးထားတဲ့ ဆွယ်တာ သို့မဟုတ် ကုတ်အင်္ကျီကို
ဝတ်ဆင်သွားနိုင်ပါတယ်။ ဒီလိုအားဖြင့် အအေးဒဏ်ကို ကာကွယ်နိုင်ပါတယ်။
အကြင်သူတစ်ဦးဟာ အလွန်ဆင်းရဲနွမ်းပါးမှုကြောင့် သူ့ထံမှာ ခြုံထည်လည်းမရှိ၊
ဆွယ်တာလည်းမရှိ၊ ကုတ်အင်္ကျီလည်းမရှိဘူးဆိုရင် သူ့အတွက် ထူးထူးခြားခြား
အအေးဒဏ်ခံစားရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ အအေး
ဒဏ်ကို ခံနိုင်တဲ့အကျင့်ဖြစ်သွားတာကြောင့်ပါပဲ။ ဒါဟာ အလ္လာဟ်အရှင်မြတ်ရဲ့
ဥပဒေပါပဲ။ အကြင်အရာတစ်ခုကို လူသားဟာ အကျင့်ဖြစ်သွားပြီဆိုရင်
ထိုအရာက သူ့အတွက် အခက်အခဲမဖြစ်စေတော့ပါဘူး။ တချို့ အမျိုးသမီး
တွေဟာ မီးဖိုထဲကနေ မီးခဲကို လက်နဲ့ကိုင်ပြီး အပြင်ကိုထုတ်ကြတာ တွေ့ဖူးပါ
တယ်။ သူတို့အတွက် ဘာအခက်အခဲမှမရှိပါဘူး။ သာမန်လူတွေအတွက်
မီးခဲအနားတောင် ကပ်နိုင်မှာမဟုတ်ပါဘူး။'
မဆီဟ်မော်အူးဒ် (အ.စ)သခင် မိန့်ကြားတော်မူတဲ့ စမ်းသပ်မှုရဲ့ ဒုတိယအပိုင်းကို
တော့ မွတ်စ်လေမော်အူးဒ်သခင်က တင်ပြမသွားခဲ့ပါဘူး။ ဒါပေမဲ့ စမ်းသပ်မှု
လာရောက်ခြင်းနဲ့ပတ်သက်လို့ မဆီဟ်မော်အူးဒ် (အ.စ)သခင်ရဲ့ မိန့်ကြားချက်
တစ်ခုကို ဖတ်ကြားပြပါမယ်။ သခင်ကြီး မိန့်ကြားတော်မူတာက- 
 'ကြည့်ကြကုန်။ အလ္လာဟ်အရှင်မြတ်သည် အလုံးစုံကို စွမ်းနိုင်တော်မူသောအရှင်
ဖြစ်၏။ မိမိ၏ဖန်ဆင်းခံ လူသားတို့အပေါ် မည်သို့သော ဒုက္ခအခက်အခဲမျှ
မရောက်စေဘဲ သူတို့အား အလုံးစုံသော သာယာချမ်းမြေ့သည့် ဘဝကို
ပေးသနားနိုင်တော်မူသောအရှင်ဖြစ်ပြီး သူတို့အားဘဝတွင် ရှင်ဘုရှင်များကဲ့သို့
ပြုလုပ်နိုင်ပေသည်။ သို့သော် အရှင်မြတ်သည် ထိုသို့ မပြုလုပ်ချေ။ ဤအချက်
တွင် အလွန်နက်နဲသည့် လျှို့ဝှက်ချက်များတိမ်မြုပ်နေ၏။ မိဘတို့သည် သမီးကို
အဘယ်မျှ ချစ်လိုက်ပါသနည်း။ တချို့က သားတွေထက်ပင် သမီးကို ပို၍
ချစ်ကြ၏။ သို့သော် အချိန်တစ်ခုရောက်သည့်အခါ မိဘများက သူ့ကို မိမိတို့
ထံမှာ သီးခြားခွဲခွာသွားစေရ၏။ သမီးဖြစ်သူအား ထိမ်းမြားပေးလျက် နှုတ်ဆက်
ခွဲခွာချိန်မှာ မိဘနှင့် သမီးတို့အကြား အလွန်ကြေကွဲစရာကောင်းသည့်အချိန်
ဖြစ်ပြီး ဤအခြေအနေကို အသည်းငယ်သူတို့ ကြည့်နိုင်မည်မဟုတ်ချေ။
တစ်နေရာတွင် ၁၄ နှစ်၊ ၁၅ နှစ်ခန့်မျှ နေထိုင်ပြီးနောက် ခွဲခွာရသည့်အဖြစ်မှာ
အလွန်စိတ်ထိခိုက်စရာဖြစ်၏။ သို့သော် မိန်းကလေးထံတွင်ရှိသည့် အချို့သော
အစွမ်းသတ္တိများသည် ယခုကဲ့သို့ သီးခြားနေခြင်း၊ ယောက္ခမနှင့် ခင်ပွန်းဖြစ်သူ
တို့ထံရောက်ရှိလျက် ပတ်ဝန်းကျင်သစ်တစ်ခုသို့ရောက်မှသာ ထင်ရှားလာ၏။
ထိုအရာသည် နှစ်ဖက်မိသားစုအတွက် ကောင်းချီးမင်္ဂလာနှင့် ကရုဏာတော်
အတွက် အကြောင်းခံဖြစ်သွားပေသည်။
အလ္လာဟ်အရှင်မြတ်၏ ဘက်တော်သားများ အခြေအနေမှာလည်း ဤသို့သာ
လျှင်ဖြစ်၏။ သူတို့ထံတွင် အချို့သော ကိုယ်ကျင့်သိက္ခာများသည် ဖုံးကွယ်လျက်
ရှိပြီး သူတို့ထံ ဒုက္ခနှင့် အခက်အခဲတို့မကျရောက်လေသမျှ ထိုအရာများသည်
မထင်ရှားနိုင်ချေ။ တမန်တော်မြတ်(ံ)၏ ကိုယ်ကျင့်သိက္ခာတော်များအကြောင်း
ကို ကျွန်ုပ်တို့ တင်ဆက်ကြသည့်အခါတွင် အလွန်ဂုဏ်ယူကြ၏။ ဤသည်မှာ
လည်း တမန်တော်မြတ်(ံ)ထံ ခေတ်ကာလနှစ်ခုစလုံး ရောက်ရှိလာခဲ့ခြင်း
ကြောင့်သာဖြစ်၏။ အကယ်၍ ထိုသို့သာမရှိခဲ့လျှင် ကျွန်ုပ်တို့သည် ကိုယ်တော်
မြတ်၏ ကောင်းမြတ်သော ကိုယ်ကျင့်သိက္ခာတော်များကို မည်ကဲ့သို့ တင်ဆက်
ပြသနိုင်ပါမည်နည်း။ ဒုက္ခအခက်အခဲကျရောက်သည့်အချိန်ကို မကောင်းမမြင်
လင့်။ ဤသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ စည်းစိမ်အရသာနှင့် အရှင်မြတ် ၀
 နှင့်နီးစပ်ခြင်းကို မိမိဘက်သို့ ဆွဲငင်သောအချိန်ကာလဖြစ်သည်။ အလ္လာဟ်
အရှင်မြတ်နှင့်နီးစပ်သူတို့သာရရှိသော ထိုသည့်စည်းစိမ်အရသာကို ရယူခံစား
နိုင်ရန်အတွက် လောက၏ မမြဲသော အတုအယောင်စည်းစိမ်များကို စွန့်လွှတ်
ခွဲခွာလိုက်ရပေမည်။ အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်ခွင့်ရဖို့ရန် လိုအပ်သည်ကား
ဒုက္ခအလုံးစုံကိုသည်းခံလျက် ကျေးဇူးတော်ကိုအောက်မေ့နေရမည်။ ထို့ပြင်
နေ့သစ်တိုင်းတွင် သေခြင်းတရားအသစ်တစ်ခုကို မိမိအတွက် ခံယူလိုက်ရပေ
မည်။ အကြင်အခါ လူသားသည် လောကီဆိုင်ရာ အလိုဆန္ဒများနှင့် အတ္တမှ
မိမိကိုယ်ကို လုံး၀ဥဿုံ သေခြင်းဆိုက်ရောက်စေသောအခါတွင်မှ သူသည်
မည်သည့်အခါမျှပျက်စီးမသွားမည့် ရှင်သန်ခြင်းအသစ်ကိုရပေမည်။ ယင်း၏
နောက်တွင် သူ့အတွက် သေခြင်းတရား မရှိတော့ချေ။'
မွတ်စ်လေမော်အူးဒ်သခင်က အဖြစ်အပျက်တစ်ခုကို ပြောပြပါတယ်။
'ကျွန်တော့် အသက် ၉ နှစ်၊ ၁၀ နှစ်ခန့်မှာ တစ်ခါက ကျွန်တော်နဲ့ အခြား
ကျောင်းသားတစ်ယောက် အိမ်မှာ ကစားနေကြပါတယ်။ အိမ်ရဲ့ ဗီရိုပေါ်မှာ
စာအုပ်တွေတင်ထားပါတယ်။ အဲဒီက စာအုပ်တစ်ခုကို ဖွင့်ကြည့်တဲ့အခါ
'ဂျီဗရာအီလ် ကောင်းကင်တမန် သက်ဆင်းခြင်းမရှိတော့ကြောင်း' ရေးထားတာ
ကို တွေ့ရပါတယ်။ ကျွန်တော်က 'ဒါဟာ မှားတယ်၊ ဒို့အဖေဆီကို ဂျီဗရာအီလ်
သက်ဆင်းတယ်'လို့ ပြောလိုက်ပါတယ်။ ကျွန်တော့် သူငယ်ချင်းက 'ဂျီဗရာအီလ်
မလာတော့ဘူး၊ ဒီစာအုပ်မှာ ရေးထားတယ်'လို့ပြောပါတယ်။ ကျွန်တော်တို့
အခြေအတင်ပြောကြပါတယ်။ နောက်ဆုံး ကျွန်တော်တို့နှစ်ယောက်လုံး
မဆီဟ်မော်အူးဒ် (အ.စ)သခင်ထံ ရောက်သွားကြပြီး တစ်ဦးချင်းစီက မိမိတို့
အယူအဆတွေကို တင်ပြကြပါတယ်။ သခင်ကြီးက မိန့်ကြားတော်မူပါတယ်။
'စာအုပ်မှာ ရေးထားတာက မှားတယ်။ ဂျီဗရာအီလ် ကောင်းကင်တမန်ဟာ
ယခုလည်းပဲ သက်ဆင်းလျက်ရှိပါတယ်'လို့ မိန့်ကြားတော်မူပါတယ်။'
မွတ်စ်လေမော်အူးဒ်သခင်က အဖြစ်အပျက်တစ်ခုကို ပြောပြပါတယ်။
'ကျွန်တော်ငယ်စဉ်က အဖြစ်အပျက်တစ်ခုကို အမှတ်ရမိပါတယ်။ ဒီအဖြစ်
အပျက်လေးကို တွေးမိတိုင်း ကျွန်တော် ပြုံးရယ်မိသလို၊ အချို့အခါတွေမှာ ၁
 ကျွန်တော် မျက်ရည်လည်မိပါတယ်။ ဒီဖြစ်ရပ်ကို ကျွန်တော်ဟာ
အလွန်တန်ဖိုးထားခဲ့ပါတယ်။ ကျွန်တော်ငယ်ရွယ်စဉ် အဖြစ်အပျက်တွေထဲကမှ
ကျွန်တော့်အတွက် ဂုဏ်ယူမဆုံးဖြစ်ရတဲ့ဖြစ်ရပ်တွေထဲမှာ ဒီအသိတရားနုနယ်
တဲ့ ဖြစ်ရပ်လည်းပါဝင်ပါတယ်။ ထိုဖြစ်ရပ်က အခုလိုပါ။ မဆီဟ်မော်အူးဒ် (အ.စ)
သခင် သက်တော်ထင်ရှားရှိစဉ် တစ်ညမှာ ကျွန်တော်တို့ အိမ်ရှေ့ မြေကွက်လပ်
ကလေးမှာ အိပ်စက်နေကြပါတယ်။ နွေရာသီဖြစ်ပါတယ်။ ကောင်းကင်မှာ
တိမ်တွေတက်လာပြီး ပြင်းထန်တဲ့ မိုးချုန်းသံတွေ ထွက်ပေါ်လာပါတယ်။
ဒီအချိန်မှာပဲ ကာဒီယာန်မြို့အနီး တစ်နေရာမှာ မိုးကြိုးကျရောက်ခဲ့ပါတယ်။
ဒီမိုးကြိုးသံက ဘယ်လောက်တောင် ပြင်းထန်လိုက်သလဲဆိုရင် ကာဒီယာန်မှာ
နေထိုင်သူတိုင်းက မိမိတို့အိမ်ပေါ်ကိုပဲ မိုးကြိုးပစ်ချသလားလို့တောင် ထင်ရပါ
တယ်။ ယခုလို ပြင်းထန်တဲ့ မိုးကြိုးသံတွေနဲ့ တိမ်တိုက်တွေတက်လာတာကြောင့်
တချို့လူတွေက အိမ်ခန်းထဲ ဝင်သွားကြပါတယ်။ မိုးကြိုးသံကြားရတဲ့အချိန်
အိမ်ရှေ့မြေကွက်လပ်မှာ အိပ်နေကြတဲ့ ကျွန်တော်တို့လည်း အိမ်ထဲဝင်ဖို့လုပ်ပါ
တယ်။ အဲဒီမြင်ကွင်းကို ယနေ့ထိမြင်ယောင်မိပါတယ်။ မဆီဟ်မော်အူးဒ် (အ.စ)
သခင်က အိမ်ထဲဝင်ဖို့ ပြင်တဲ့အခါ ကျွန်တော်ဟာ မဆီဟ်မော်အူးဒ် (အ.စ)သခင်
ရဲ့ ဦးခေါင်းထက်မှာ လက်နှစ်ဖက်ကို အုပ်မိုးထားလိုက်ပါတယ်။ အကယ်၍
မိုးကြိုးပစ်ချမယ်ဆိုရင် ကျွန်တော့်အပေါ်ကိုသာကျရောက်ပြီး သခင့်အပေါ်
မကျစေဖို့ပါပဲ။ နောက်ပိုင်း ကျွန်တော် သိတတ်တဲ့အရွယ်ကိုရောက်တဲ့အခါ
ဒီလုပ်ရပ်အတွက် ကျွန်တော်ရယ်မိပါတယ်။ သခင့်ကြောင့်သာလျှင် ကျွန်တော်
တို့ဟာ မိုးကြိုးအန္တရာယ်ကနေ လွတ်မြောက်ကြရမှာဖြစ်ပြီး ကျွန်တော်တို့ကြောင့်
သခင်က မိုးကြိုးအန္တရာယ်မှ လွတ်မြောက်ရမှာမဟုတ်ပါဘူး။'
ဟာဇရတ် မော်လဝီအဗ်ဒွလ်ကရီးမ်ဆာဟိဘ် ကွယ်လွန်ခြင်းနဲ့ပတ်သက်လို့
အဖြစ်အပျက်ကို မွတ်စ်လေမော်အူးဒ်သခင်က ပြောပြပါတယ်။
'၁၉၀၅ ခုနှစ်ရောက်တော့ မော်လဝီ အဗ်ဒွလ်ကရီမ်ဆာဟိဘ် နာမကျန်းဖြစ်ပါ
တယ်။ ထိုစဉ်က ကျွန်တော့်အသက် ၁၇ နှစ်ခန့်ဖြစ်ပါတယ်။ ဆော့ကစားနေတဲ့
အရွယ်ပါပဲ။ မော်လဝီဆာဟိဘ်က မကျန်းမမာဖြစ်နေပါတယ်။ ကျွန်တော်တို့ ၂
 တစ်နေကုန် ကစားနေခဲ့ပါတယ်။ တစ်ခါမှာ စွတ်ပြုပ်အနည်းငယ်ယူပြီး မော်လဝီ
ဆာဟိဘ်ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ထိုတစ်ကြိမ်ကလွဲလို့ နောက်ထပ်
သွားရောက်ကြည့်ရှုခဲ့သလားဆိုတာတောင် သတိမရတော့ပါဘူး။
ထိုအချိန်က အခြေအနေအရ မော်လဝီဆာဟိဘ် ကွယ်လွန်သွားလိမ့်မယ်လို့
တောင် မထင်မိပါဘူး။ မဆီဟ်မော်အူးဒ် (အ.စ)သခင် ကွယ်လွန်ပြီးနောက်မှသာ
ကွယ်လွန်လိမ့်မယ်လို့သာ ယူဆခဲ့ပါတယ်။ မော်လဝီအဗ်ဒွလ်ကရီမ်ဆာဟိဘ်က
စိတ်ဆတ်ပါတယ်။ ကျွန်တော်ဟာ သူ့ထံမှာ သင်ခန်းစာအနည်းငယ်မျှသင်ယူပြီး
နောက်ပိုင်းမှာ ဆက်မသင်တော့ပါဘူး။ ဒိထက်ပိုပြီး မော်လဝီဆာဟိဘ်နဲ့
ကျွန်တော့်ကြားမှာ အခြားဆက်နွယ်မှုတစ်စုံတစ်ရာမရှိခဲ့ပါဘူး။ မဆီဟ်မော်အူးဒ်
 (အ.စ)သခင်ရဲ့ လက်ယာဘက် ကောင်းကင်တမန်က ဘယ်သူလဲ၊ လက်ဝဲဘက်
ကောင်းကင်တမန်က ဘယ်သူလဲဆိုတာနဲ့ပတ်သက်လို့ ထိုအချိန်တုန်းက
တော်တော်လေး အခြေအတင်ပြောဆိုကြပါတယ်။ အချို့က မော်လဝီအဗ်ဒွလ်
ကရီမ်ဆာဟိဘ်က လက်ယာဘက်ဖြစ်တယ်လို့ပြောကြသလို၊ အချို့က ပထမ
ခလီဖာသခင်က လက်ယာဘက်ဖြစ်ကြောင်း ပြောကြပါတယ်။ ငယ်ရွယ်သူဖြစ်
တာကြောင့် အသိပညာနှင့် လုပ်ဆောင်ချက်တွေပေါ်မူတည်ပြီး ကျွန်တော်
မဝေခွဲနိုင်ခဲ့ပါဘူး။ ပထမခလီဖာသခင်က ကျွန်တော့်အပေါ်ထားရှိတဲ့ ချစ်စိတ်
တစ်ခုတည်းကြောင့်ပဲ ကျွန်တော်ဟာ 'နူရွတ်ဒီးန်'(ပထမခလီဖာသခင်ကို
လက်ယာဘက်ကောင်းကင်တမန်အဖြစ် လက်ခံသူ) အုပ်စုထဲမှဖြစ်ခဲ့ပါတယ်။
ကျွန်တော်ဟာ တစ်ခါမှာ မဆီဟ်မော်အူးဒ် (အ.စ)သခင်ထံမှာလည်း မေးမြန်းခဲ့ပါ
တယ်။ သခင်က ကျွန်တော့်ရဲ့ အယူအဆကို ထောက်ခံပါတယ်။
အချုပ်ဆိုရရင် မော်လဝီအဗ်ဒွလ်ကရီမ်ဆာဟိဘ်ရဲ့ အင်အားပြင်းထန်တဲ့
မိန့်ခွန်းတွေ၊ မဆီဟ်မော်အူးဒ် (အ.စ)သခင်အပေါ်ထားရှိတဲ့ ချစ်စိတ်တွေကို
ယုံကြည်လက်ခံရုံကလွဲလို့ ကျွန်တော်နဲ့ မော်လဝီဆာဟိဘ်ကြားမှာ အခြား
ဘယ်လို နီးကပ်တဲ့ဆက်နွယ်မှုမရှိပါဘူး။ ဒါပေမဲ့ မော်လဝီဆာဟိဘ်
ကွယ်လွန်ပြီဆိုတဲ့သတင်းကို ကြားတယ်ဆိုရင်ပဲ ကျွန်တော့်အခြေအနေမှာ
ရုတ်ချည်းပြောင်းလဲသွားခဲ့ပါတယ်။ ထိုသတင်းဟာ လျှပ်စစ်မိုးကြိုးတစ်ခုလို ၃
 ကျွန်တော့်အတွင်းမှာ ဖြတ်စီးသွားပါတယ်။ မော်လဝီဆာဟိဘ် ကွယ်လွန်ပြီဆိုတဲ့
သတင်းကို ကြားတဲ့အချိန် ကျွန်တော့်မှာ ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါဘူး။
အခန်းထဲပြေးဝင်သွားပြီး အခန်းတံခါးကိုပိတ်လျက် အသက်မရှိတော့တဲ့
ရုပ်အလောင်းတစ်ခုလို အိပ်ယာထက်မှာလှဲနေရင်း ကျွန်တော့်မျက်လုံးတွေကနေ
မျက်ရည်တွေ စီးကျခဲ့ပါတယ်။ တကယ်တော့ ဒါက မျက်ရည်တွေမဟုတ်ပါဘူး၊
မြစ်တစ်စင်းလိုပါပဲ။ မဆီဟ်မော်အူးဒ် (အ.စ)သခင်အပေါ်ထားရှိတဲ့ မော်လဝီ
ဆာဟိဘ်ရဲ့ချစ်စိတ်၊ မော်လဝီဆာဟိဘ်ရဲ့ အစ္စလာမ့်အကျိုးဆောင်မှု အစရှိတာ
တွေကို ပြန်လည်မြင်ယောင်မိခဲ့ပါတယ်။ သူဟာ မဆီဟ်မော်အူးဒ် (အ.စ)သခင်ရဲ့
လုပ်ငန်းမှာ များစွာ အကျိုးဆောင်ခဲ့သူဖြစ်ကြောင်း တွေးမိပြီး ယခု သခင်ကြီး
အတွက် အခက်အခဲ အများကြီးရှိလာနိုင်ကြောင်း တွေးမိပါတယ်။ ကျွန်တော့်
မျက်လုံးမှ မျက်ရည်တွေဟာ မြစ်တစ်ခုလိုစီးနေခဲ့ပါတယ်။ ထိုနေ့က ကျွန်တော်
ဟာ ဘာတစ်ခု စားသောက်ခြင်းမပြုနိုင်ခဲ့သလို မျက်ရည်လည်း မတိတ်ခဲ့ပါဘူး။
နောက်ဆုံး ကျွန်တော့်ရဲ့ ဖြေမဆည်နိုင်တဲ့ ဖြစ်အင်ကိုကြည့်ပြီး မဆီဟ်မော်အူးဒ်
 (အ.စ)သခင် ကိုယ်တိုင်က အံ့ဩခဲ့ရပါတယ်။ သခင်က အလွန်အံ့ဩလျက်
'မာဟ်မူးဒ်၊ ဘယ်လိုဖြစ်သွားရတာလဲ။ မော်လဝီဆာဟိဘ်နဲ့ သူဟာ ဒီလောက်ထိ
ဆက်နွယ်မှုလည်းမရှိပါဘူး။ ဒီလိုသာငိုနေရင် သူ့ကျန်းမာရေးထိခိုက်တော့မှာပဲ'
လို့ မိန့်ကြားခဲ့ပါတယ်။
တစ်ဖန် ၁၉၀၈ ခုနှစ်က အဖြစ်အပျက်တစ်ခုကို မွတ်စ်လေမော်အူးဒ်သခင်က
အခုလို ပြောပြပါတယ်။
'ထိုနေ့ဟာ ကျွန်တော့်အတွက် အလွန်ခံစားရတဲ့နေ့ပါပဲ။ ကျွန်တော့်အတွက်တင်
မဟုတ်ပါဘူး။ အဟ်မဒီအားလုံးအတွက် ခေတ်သစ်တစ်ခုစတင်ဖို့ အကြောင်းဖန်
လာတဲ့နေ့ပါပဲ။ အသက်မဲ့နေတဲ့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက် အသက်
တစ်ခု၊ အလင်းမဲ့နေတဲ့ ကျွန်တော်တို့ရဲ့မျက်လုံးတွေအတွက် အလင်းတစ်ခု၊
မှောင်မိုက်နေတဲ့ ကျွန်တော်တို့ရဲ့ နှလုံးသားတွေအတွက် အလင်းရောင်တစ်ခု
ဖြစ်တဲ့ သခင်ဟာ ကျွန်တော်တို့ကို ခွဲခွာသွားခဲ့ပါတယ်။ ဒါဟာ ခွဲခွာမှုတစ်ခုမျှ
သာ မဟုတ်ပါဘူး။ ကေယာမတ်တစ်ခုပါ။ ခြေထောက်အောက်က မြေကြီးတွေ ၄
 လွတ်ထွက်သွားသလို ကောင်းကင်ဟာ နေရာမှရွေ့သွားသလိုပါပဲ။ အလ္လာဟ်
အရှင်မြတ် သက်သေရှိပါတယ်။ ထိုအချိန်က အစားအသောက် အဝတ်အထည်
ဆိုတာတွေကို ကျွန်တော် လုံး၀သောကမရှိတော့ပါဘူး။ ကျွန်တော့်ထံမှာ
အတွေးတစ်ခုတည်းသာရှိပါတယ်။ 'အကယ်၍ တစ်လောကလုံးက မဆီဟ်မော်
အူးဒ် (အ.စ)သခင်ကို စွန့်လွှတ်သွားမယ်ဆိုရင်တောင် ကျွန်တော် လုံးဝစွန့်လွှတ်
မှာ မဟုတ်ဘူး။ ဒီအသင်းတော်ကို ကမ္ဘာလောကမှာ တည်တံ့သွားစေရမယ်'လို့
ကတိသစ္စာဆိုခဲ့ပါတယ်။ ကျွန်တော်ဟာ ဒီကတိကို ဘယ်အတိုင်းအတာထိ
ဖြည့်ဆည်းနိုင်ခဲ့သလဲဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ ဒီကတိတော်အတိုင်းသာ
ကျွန်တော်လုပ်ဆောင်မယ်ဆိုတဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်သာလျှင် ကျွန်တော့်မှာ
ရှိပါတယ်။'
မွတ်စ်လေမော်အူးဒ်သခင်ဟာ ထိုကတိကို အပြည့်အဝ အလွန်ကောင်းမွန်စွာ
ထမ်းဆောင်ခဲ့တယ်ဆိုတာ ယနေ့ ဂျမာအတ်တစ်ခုလုံးက သက်သေဖြစ်ပါတယ်။
ဒါတင်မက သခင်က ကတိသစ္စာစောင့်ထိန်းခြင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့
အတွက် အလွန်ကောင်းမွန်စွာ လမ်းပြသွားခဲ့ပါတယ်။ အလ္လာဟ်အရှင်မြတ်သည်
ကျွန်တော်တို့အားလုံးကို မိမိတို့ရဲ့ကတိသစ္စာများကို စောင့်ထိန်းလိုက်နာနိုင်စွမ်း
ပေးသနားတော်မူပါစေ။ -အာမီးန်-

ထို့နောက် ခလီဖတွလ်မဆီဟ်သခင်က မန်ချက်စတာမှSurriya Begum
Sahiba နှင့် ယီမင်နိုင်ငံမှ Mahmood Abdullah Shabouti Sahib
တို့အတွက် ဂျနာဇာနမာဇ် ဝတ်ပြုခဲ့သည်။

 

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-