Friday, March 28, 2014

အဟ်မဒီယာမွတ်စလင်ဂျမာအတ်(မြန်မာနိုင်ငံ)က ကြီးမှူးလျက် မတ်လ ၂၉ တွင် ကျင်းပမည့် 'မဟာတမန်တော်မြတ်နေ့' အခမ်းအနား




အဟ်မဒီယာမွတ်စလင်ဂျမာအတ်ကို တည်ထောင်သူ ကတိတော်လာ မဆီဟ်
ဟာဇရတ် မီရ်ဇာဂိုလာမ်အဟ်မဒ် ၊သခင်က တမန်တော်မြတ် မိုဟမ္မဒ်
၊သခင်၏ဂုဏ်ဘုန်းရှိန်ဝါကြီးမြတ်မှုကို ဖော်ကျူးရင်းဖြင့် သူ၏
ဘ၀သက်တမ်းတစ်လျှောက်လုံးကို ကုန်လွန်စေခဲ့သည်။ကျေးဇူးတော်ရှင်
မဟာလူသား၏ရှုမငြီးဖွယ် အလှတရားများကို ဖော်ထုတ်ပြသသွားခဲ့သည်။
၊ထို့နောက် အဟ်မဒီယာအဖွဲ့အစည်း၏ဒုတိယ 'ခလီဖာ' (ဦးစီးခေါင်းဆောင်)
လက်ထက် ၁၉၂၈ ခုနှစ်မှစတင်ကာ အိန္ဒိယနိုင်ငံတွင် 'မဟာတမန်တော်
မြတ်နေ့'အခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်လာခဲ့ပြီး ဘာသာတရား
အသီးသီးမှ ပုဂ္ဂိုလ်များကိုပါဖိတ်ကြားလျက် နားဆင်စေခဲ့သည်။
၊ထိုမှတစ်ဖန် ဘာသာမတူလူအုပ်စုများအကြား အပြန်အလှန် ချစ်ခင်
လေးစားရေး၊ ဘာသာတရားခေါင်းဆောင်များကို အပြန်အလှန် ကြည်ညို
လေးစားရေး၊ ဘာသာတရားတို့၏အထိမ်းအမှတ်လက္ခဏာများကို တန်ဖိုး
ထား အမြတ်တနိုးထားရေးတို့ကိုရှေ့ရှုလျက် 'ကမ္ဘာ့ဘာသာတရား
တည်ထောင်သူ အရှင်သူမြတ်များနေ့'ကို အဟ်မဒီယာမွတ်စလင်အဖွဲ့မှ
ဦးဆောင်ဦးရွက်ပြု၍ ၁၉၃၁ ခုနှစ်မှစတင်ကာ ကျင်းပပြုလုပ်လာခဲ့သည်။

ယခုအခါ၌ အဟ်မဒီယာမွတ်စလင်အဖွဲ့ ရုံးစိုက်ရာ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၄
နိုင်ငံတွင် 'မဟာတမန်တော်မြတ်နေ့'နှင့် 'ကမ္ဘာ့ဘာသာတရား တည်ထောင်
သူ အရှင်သူမြတ်များနေ့' (ဘာသာပေါင်းစုံချစ်ကြည်ရေး) အခမ်းအနားများ
ကို တစ်နှစ်တွင် တစ်ကြိမ်ထက်မက ကျယ်ကျယ်ပြန့်ပြန့် ကျင်းပပြုလုပ်လျက်
ရှိကြသည်။

အဟ်မဒီယာ မွတ်စလင်ဂျမာအတ် မြန်မာနိုင်ငံအစည်းအရုံးမှလည်း
'မဟာတမန်တော်မြတ်နေ့' အခမ်းအနားကို ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်၊
စနေနေ့တွင်'မြန်မာနိုင်ငံဆရာဝန်အသင်း'ခန်းမ၌ နံနက် (၉း၀၀)နာရီမှ
(၁၂း၀၀)နာရီထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ကမ္ဘာ့လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ကရုဏာတော်၊ မေတ္တာတရားဖြင့်
လွှမ်းမိုးအောင်နိုင်ခဲ့သည့် အမြတ်ဆုံးကိုယ်ကျင့်သိက္ခာတော်များကို ပိုင်သသူ၊
ကမ္ဘာလောက၏လူ့ယဉ်ကျေးမှုအဆင့်အတန်းကိုမြှင့်တင်ပေးခဲ့ပြီး
လူသားချင်းစာနာစိတ်မွေးမြူပေးခဲ့သူ၊ ကမ္ဘာလောက အေးချမ်းသာယာမှု
အတွက် ဘ၀တစ်သက်သာ စွန့်လွှတ်ကြိုးပမ်းခဲ့သူ မဟာတမန်တော်မြတ်
မိုဟမ္မဒ်(၊)သခင်၏သိက္ခာတော်များအကြောင်း တင်ပြကြမည်ဖြစ်သည်။
၊အခမ်းအနားတွင် ပညာရှင်အသီးသီး၏ဟောပြောမှုများအပြင် ဓာတ်ပုံပြ
ခန်း၊ စာအုပ်ပြခန်း၊ ကျမ်းမြတ်ကုရ်အာန် ပြခန်းများ အသီးသီး ပါဝင်မှာ
ဖြစ်ပြီး 'ထာ၀ရငြိမ်းချမ်းရေးလမ်းစဉ်'အစ္စလာမ်နှင့် 'ငြိမ်သက်ခြင်းအရှင်'
တမန်တော်မြတ် မိုဟမ္မဒ်(၊)သခင်တို့၏သွန်သင်ချက်များကို တခမ်းတနား
ပြသကြမည်။

ဧည့်ပရိသတ်အရေအတွက်နှင့် နေရာအခက်အခဲရှိနိုင်၍ အခမ်းအနားသို့
ဖိတ်စာနှင့်တကွကြွရောက်ရမည်ဖြစ်ပြီး ဖိတ်စာများကို အောက်ဖော်ပြပါ
လိပ်စာနှင့် ဖုန်းနံပတ်များတွင် မှာယူရရှိနိုင်သည်။

အဟ်မဒီယာမွတ်စလင်အဖွဲ့ချုပ်–အမှတ် ၁၉၁၊ ၂၈ လမ်း(အထက်)၊
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ဖုန်း-၀၁-၂၅၂၈၉၄၊ ၀၉-၇၃၀ ၉၀၀၃၇၊
၀၉-၇၃၀ ၄၇၀၅၄။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-