Monday, April 8, 2013

ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး



မျက်မှောက်ကာလ၏ အရေးကြီးဆုံးပုစ္ဆာမှာ 'ငြိမ်းချမ်းရေး' ဖြစ်သည်။ သိပ္ပံနှင့် နည်းပညာတို့ကြောင့် ယနေ့ခေတ်လူသားသည် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအရ အမြင့်ဆုံး အဆင့်သို့ ရောက်နေပြီဟု ဆိုနိုင်သည်။ အထူးသဖြင့် ပထမနှင့် ဒုတိယကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အမြင့်ဆုံးအဆင့်သို့တိုင် ရောက် ရှိနေကြပြီး တတိယနိုင်ငံများကလည်း ယင်းအတွက် လုံးပမ်းလျက်ရှိကြ၏။ ကမ္ဘာ၏ ခေတ်နောက်အကျဆုံး၊ အမှောင်မိုက်ဆုံးဟုဆိုသော တိုင်းနိုင်ငံများအထိပင် သိပ္ပံထွန်းကားမှုက ပျံ့နှံ့ရောက်ရှိသွားပြီဖြစ်သည်။ သို့သော် ယခုကဲ့သို့ ရုပ်ပိုင်းအရ ဘက်ပေါင်းစုံက ဖွံ့ဖြိုး တိုးတက်နေသော်ငြားလည်း မျက်မှောက်ကာလ လူသားတို့ထံမှ စစ်မှန်သော ပျော်ရွှင်ချမ်းမြေ့မှုသည် ပျောက်ဆုံးလာနေ၏။ လူတစ်ဦးချင်းစီ၌ စိတ်မချမ်းမြေ့မှု၊ တုန်လှုပ်ခြောက်ခြားမှု၊ ကြောက်ရွံ့စိုးထိတ်မှုတို့ တိုးပွားလာနေသလို လူ့အစုအဝေး၌လည်း စာနာထောက်ထားမှုကင်းမဲ့ခြင်း၊ မေတ္တာတရားခေါင်းပါးခြင်း၊ အချင်းချင်း မသင့်မြတ်ခြင်းတို့က တစ်နေ့ထက်တစ်နေ့ တိုးပွားလို့သာ လာနေတော့သည်။ ဤကိစ္စကိုမူ 'သိပ္ပံနှင့် နည်းပညာ'က ဖြေရှင်းမပေးနိုင်တော့ချေ။ ဤတွင် လူသားတို့၏ ပုဂ္ဂလဆိုင်ရာနှင့် လူ့အစုအဝေးဆိုင်ရာ အမှန်တကယ် လိုအပ်ချက်များအတွက် ဘာသာတရားနှင့် ဘာသာတရားကို တည်ထောင်သူ အရှင်သူမြတ်တို့၏ အခန်းကဏ္ဍမှာ အလွန်အရေးပါလာပေပြီ။ 

 ကျမ်းတော်မြတ်ကုရ်အာန်၌ ဤအကြောင်းအရာကို ပေါ်လွင်စေရန်အတွက် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ- 

ဆက်လက် ဖတ်ရှုရန် 

Sunday, April 7, 2013

သောကြာမိန့်ခွန်းများ (၇၊၁၂၊၂၀၁၂)

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ခေါင်းဆောင်ခလီဖာ၊ ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် မြွက်ကြားခဲ့သော သောကြာနေ့ မိန့်ခွန်း

သောကြာမိန့်ခွန်းများ (၂၆၊၁၀၊၂၀၁၂)



အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ခေါင်းဆောင်ခလီဖာ၊ ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် မြွက်ကြားခဲ့သော သောကြာနေ့ မိန့်ခွန်း

Saturday, March 30, 2013

သောကြာမိန့်ခွန်းများ (၁၇၊၀၈၊၂၀၁၂)

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ခေါင်းဆောင်ခလီဖာ၊ ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်မှ ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် မြွက်ကြားခဲ့သော သောကြာနေ့ မိန့်ခွန်း

သောကြာမိန့်ခွန်းများ (၀၃၊၀၈၊၂၀၁၂)

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ခေါင်းဆောင်ခလီဖာ၊ ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်မှ ၂၀၁၂ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် မြွက်ကြားခဲ့သော သောကြာနေ့ မိန့်ခွန်း

Tuesday, February 19, 2013

ယနေ့ နည်းပညာထွန်းကားပြီး လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေးများကို အကာအကွယ်ပေးနေတယ်ဆိုတဲ့ အနောက်ဥရောပတစ်ခုလုံးဟာ အစ္စလာမ်သာသာနာနဲ့ အစ္စလာမ့် တမန်တော်ကြီး မုဟမ္မဒ်(ဆွ) ရဲ့ ကျေးဇူးတရားကို မေ့ပျောက်လို့ ရနိုင်ပါ့မလား?

အစ္စလာမ်သာသနာ မပေါ်ထွန်းမီက အာရေဗျမှာ အမိုက်ဖုံးနေသလိုပဲ ကမ္ဘာ့အခြားနေရာတွေမှာလည်း အမိုက်အမှောင် ပိတ်ဖုံးလျှက်ပါပဲ။  ထိုစဉ်က အနောက်ဥရောပဟာ လည်း Dark Ages လို့ ခေါ်တဲ့ အမိုက်ခေတ်ဖြစ်ပါတယ်။ ထိုစဉ်က သူတို့ထံမှာ လူ့အခွင့်အရေး အမျိုးသမီး အခွင့်အရေးတို့ဆိုတာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ အမျိုးသမီးအရေအတွက် သန်းနဲ့ချီပြီး သူတို့သတ်ဖြတ်ခဲ့ကြောင်း သမိုင်းက ပြဆိုနေပါတယ်။ ဒီလိုအချိန်ကာလမှာပဲ မှောင်မိုက်နေတဲ့ ကမ္ဘာလောကကို အလင်းပေးဖို့ အတွက် အာရေဗျမှ တမန်တော် မိုဟမ္မဒ် ပွင့်ထွန်းလာခဲ့ပါတယ်။ တမန်တော်ဟာ ကမ္ဘာလောကမှာ ပျောက်ဆုံးခဲ့ပြီဖြစ်တဲ့ လူသားချင်း တန်ဖိုးထား လေးစားမှု၊ ချစ်ခင်မှုကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။ အမျိုးသမီးများဆိုင်ရာ အခွင့်အရေးကို အပြည့်အဝပေးခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ယနေ့ ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ သိပ္ပံနဲ့ နည်းပညာဟာ အစ္စလာမ်က ပေးခဲ့တဲ့ အမွေအနှစ်သာ ဖြစ်ပါတယ်။ ဒါကို ဘယ်သူမှငြင်းနိုင်မှာ မဟုတ်ပါဘူး။ အေဒီ ၄၀၀ မှ ၈၀၀ အထိကာလဟာ ဥရောပရဲ့ အမှောင်ခေတ်ပါ။ အစ္စလာမ်သာသနာတော် ပေါ်ထွန်းပြီး စပိန်နိုင်ငံကို အောင်နိုင်ပြီးနောက်မှာ မွတ်စလင်တွေဟာ ပညာရပ်အသီးသီးကို အသက်သွင်းပေးခဲ့ပါတယ်။


အစ္စလာမ်သာသနာတွင် ဘာသာအယူကူးပြောင်းမှုအတွက် သေဒဏ်အပြစ်ခံရမည်ဆိုသည်မှာ အမှန်လော ?

ကျမ်းမြတ်ကိုရ်အာန် နှင့် တမန်တော် မိုဟမ္မဒ် (sa) မိန့်ကြားချက်များမှ ထုတ်နှုတ်သုံးသပ်ချက် မြန်မာဘာသာဖြင့် ဗီဒီယိုဖိုင်။


Friday, February 15, 2013

အကြမ်းဖက် အသေခံဗုံးခွဲခြင်းကို အစ္စလာမ်က ခွင့်ပြုသလား?



 ယခုနှစ်တွေအတွင်းမှာ အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေဟာ မိမိကိုယ်ကိုမိမိအသေခံအကြမ်းဖက်မှုပုံစံမျိုး ပိုပိုပြီးပြီးပြုလုပ်လာကြပါတယ်။ ဒါကြောင့် အစ္စလာမ်သာသနာမှာ မိမိကိုယ်ကိုမိမိ အသေခံအကြမ်းဖက်မှုမျိုးကို ခွင့်ပြုသလားဆိုတာကို ဆန်းစစ်ကြည့်ကြပါစို့။

အစ္စလာမ်သာသနာမှာ အကြမ်းဖက်မှုအတွက် နေရာလုံးဝမရှိပါဘူး။ အသေခံဗုံးခွဲမှုတွေဟာ ကိုရ်အာန်ကျမ်းစာနဲ့ လားလားမှ မသက်ဆိုင်တဲ့ ဆိုးရွားတဲ့ လွဲမှားယူဆချက်တွေသာဖြစ်ပါတယ်။ ယခုအဲ့ဒီအကြောင်းအရာကို ရှင်းလင်းပြပါမယ်။

အသခံဗုံးခွဲမှုတွေကို ကမ္ဘာအနှံ့မှာ တွေ့မြင်နေရပြီးတော့ ဒီအပြုအမူတွေကို အစ္စလာမ်သာသနာထဲမှာ တရားဝင်တဲ့အပြုအမူသဖွယ် ကြိုးစားလုပ်ဆောင်နေတာမျိုးတွေ ရှိနေပါတယ်။ အစ္စလာမ့်အရင်းအမြစ်စာပေတွေကို သေချာစွာလေ့လာကြည့်ရှုမယ်ဆိုရင် ဒီလိုအပြုအမူတွေဟာ ဘယ်လိုမှ အခြေအမြစ်မရှိပါဘူး။ စစ်မှန်တဲ့ အစ္စလာမ်သာသနာကို လိုက်နာသူတွေအတွက်တော့ ဘယ်လိုအကြမ်းဖက်မှုမျိုးမှရှိမနေရပါဘူး။ ကိုရ်အာန်ကျမ်းစာ မှာ အလ္လာဟ်အရှင်မြတ်ပြောကြားတာက .....
" မိမိကိုယ်ကိုမိမိ သေကြောင်းမကြံကြနှင့်။ အရှင်မြတ်သည် အသင်တို့အား ကရုဏာထားတော်မူသော အရှင်ဖြစ်တော်မူ၏။" (ကိုရ်အာန်ကျမ်းစာ အခန်းကြီး ၄ အခန်းငယ် ၃၀)
" အသင်တို့၏လက်များဖြင့် အသင်တို့ကိုယ် အသင်တို့ မဖျက်စီးကြနှင့် " (ကိုရ်အာန်ကျမ်းစာ အခန်းကြီး ၂ အခန်းငယ် ၁၉၆)
" အစ္စလာမ်သာသနာဟာ အပြစ်ကင်းမဲ့သူများ ရန်လိုမှုမရှိသူများကို သတ်ဖြတ်ခြင်းမှ တင်းကျပ်စွာတားမြစ်ထားပါတယ်။ ထောင်ထားခြားနား ရန်လိုသူများမှ တပါး အခြားသူများအား ကြမ်းတမ်းစွာ ဆက်ဆံခြင်းမပြုရချေ။ " (ကိုရ်အာန်ကျမ်းစာ အခန်းကြီး ၂ အခန်းငယ် ၁၉၄)

ဒီမုက္ခပတ်တော် ၃ ခုနဲ့တင် မွတ်စလင်တွေရဲ့ လေယျာဉ်ပျံနဲ့ အဆောက်အဦးတွေကို အကြမ်းဖက်ဖျက်စီးဝင်တိုက်တာမျိုးတွေ၊ အပြစ်မဲ့ လူထုကြားထဲကို အသေခံဗုံးခွဲသူတွေစေလွှတ်တာတွေကို ရပ်တံ့ဖို့ လုံလောက်ပါတယ်။ ဒီလိုဆိုရင် သူတို့ ဘာကြောင့် ဒီလိုမှားယွင်းတဲ့အပြုအမူမျိုးတွေကို လုပ်ဆောင်နေကြရတာလဲ? ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ဒီလူတွေဟာ အစ္စလာမ်သာသနာရဲ့ မှန်ကန်တဲ့ သွန်သင်ချက်မဟုတ်ဘဲ မှားယွင်းတဲ့ ချွတ်ချော်မှုတွေ၊ ကတိပေးမှုတွေနဲ့ ရိုက်သွင်းခံထားရ(brain wash) လုပ်ခံထားရလို့ပဲဖြစ်ပါတယ်။ သူတို့ဟာ ဒီလိုအပြုအမူမျိုးလုပ်မယ်ဆိုရင် သာသနာ့အာဇာနည်အဖြစ်သတ်မှတ် ခံရပြီး ကောင်းကင်နိဗ္ဗာန်ဘုံကို ဝင်ရောက်ရလိမ့်မယ်လို့ လွဲမှားစွာ ယူဆနေကြတာဖြစ်ပါတယ်။ တကယ်တော့ ဒီအကြမ်းဖက်သူတွေကို သူတို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေအားဖြင့် ငရဲ့ဘုံကိုသာ ပို့ဆောင်ပေးခြင်းခံရမှာဖြစ်ပါတယ်။

တမန်တော်မိုဟမ္မဒ်(sa) ရဲ့ သာဝကတစ်ဦးဖြစ်သူ အဘူဟူရိုင်ရာဆိုသူက တမန်တော်ရဲ့မိန့်ကြားချက်ကို ယခုလိုပြန်ပြောပြပါတယ်။ (ဟဒီးစ်)
"အကြင်သူတစ်ဦးဟာ ဓား၊လှံ၊ လက်နက် သို့မဟုတ် မိမိလက်ဖြင့် မိမိကုယ်ကိုမိမိသေကြောင်းကြံပါက မိမိကိုယ်ကို မိမိ ငရဲသို့ သွတ်သွင်းခြင်းပင်ဖြစ်၏" (ဘူခါရီကျမ်း)

ဒါ့အပြင် ယခုလိုအကြမ်းဖက်အပြုအမူမျိုးတွေကျူးလွန်တဲ့အတွက်ကြောင့် အပြစ်မဲ့ လူသားတွေသတ်ဖြတ်ခြင်းခံရတဲ့အခါမှာ ကိုရ်အာန်ကျမ်းစာက မိန့်ကြားတာက ...
"မြေပြင်ပေါ်တွင် ခိုးဆိုးလုယက်၍ မတည်ငြိမ်မှုကိုဖန်တီးပြီး မကောင်းမှုကျူးလွန်ကာ သွားလာနေသူမဟုတ်က မည်သူမဆို လူတစ်ဦးအား သတ်ဖြတ်သည်ရှိသော် ထိုသူသည် လူသားထုတစ်ရပ်လုံးအား သတ်ဖြတ်သူမည်၏။" (ကိုရ်အာန်ကျမ်းစာ အခန်းကြီး ၅ အခန်းငယ် ၃၃)


ဒီမုက္ခပတ်တော်ကို အခြေခံပြီး ဟာဇရတ် မေရ်ဇာဂူလာမ် အဟ်မဒ်သခင် ရှင်းပြတာက ....
မြေပြင်ပေါ်တွင် ပုန်ကန်ထကြွ၍ မငြိမ်းချမ်းမှု၊ ဆူပူမှုကို ဖန်တီးနေသူမဟုတ်က မည်သူမဆို တစ်စုံတစ်ဦးအား သတ်ဖြတ်သော် လူသားထုတစ်ရပ်လုံးကို သတ်ဖြတ်ခြင်းဖြစ်၏။ ဆိုလိုသည်မှာ အကြောင်းတစ်စုံတစ်ရာ မရှိဘဲ လူတစ်ဦးအား သတ်ဖြတ်သော် ထာဝရဘုရားသခင်၏ အမြင်တွင် လူသားထုတစ်ရပ်လုံးအား သတ်ဖြတ်သကဲ့သို့ပင် ဖြစ်၏။ ဒီမုက္ခပတ်တော်နဲ့တင် အကြောင်းအရင်းမရှိဘဲ အခြားသူတစ်ဦးတစ်ယောက်အား သတ်ဖြတ်ခြင်းမှာ မည်မျှအပြစ်ကြီးသည်ကို သိရှိနီုင်ပါသည်။ (ကတ်ရှမာအေ မာရေဖတ် - စာ ၂၃-၂၄ မှ)

ထို့ကြောင့် မည်သူမဆို မိမိကိုယ်ကို အသေခံ၍ အကြမ်းဖက်မှုပုံစံတစ်မျိုးမျိုးဖြင့် အပြစ်မဲ့သူများ၏ အသက်အန္တရာယ်ကို ထိခိုက်ခြင်းဟာ အစ္စလာမ့်သွန်သင်ချက်တွေနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်တွေသာဖြစ်ကြောင်း ရှင်းလင်းထင်ရှားပါတယ်။

Monday, February 11, 2013

ဘင်္ဂလားဒေ့ရ်ှ : အကြမ်းဖက် လုပ်ရပ်များရှိသော်လည်း အဟ်မဒီယာ မွတ်စလင်မ် အဖွဲ့၏ နှစ်ပတ်လည်ညီလာခံ ကျင်းပ



ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ နှစ်ပတ်လည်ညီလာခံ ကျင်းပနေပုံ

ဖေဖော်ဝါရီ ၇ ရက်၊ ကြာသပတေးနေ့မှ စတင်ပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ အဟ်မဒီယာမွတ်စလင်မ် အဖွဲ့၏ နှစ်ပတ်လည်ညီလာခံကို ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ယခုနှစ်တွင် ဘင်္ဂလား ဒေ့ရ်ှနိုင်ငံ၊ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏သက်တမ်းမှာ နှစ်ပေါင်း တစ်ရာတင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။

ပထမပိုင်းက နှစ်ပတ်လည်ညီလာခံကို ဂါဇီပူးရ်ခရိုင်၊ ကာလီယာကိုင်းရ် ဥပဇီလာတွင်ကျင်းပဖို့ စီစဉ်ထားခဲ့သည်။ သို့သော် ဖေဖော်ဝါရီ ၆ ရက်နေ့က ညီလာခံကျင်းပမည့် ကွင်းပြင်ကို မွတ်စလင်မ်ဟုဆိုသော အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ညီလာခံကို အဖွဲ့၏ ဌာနချုပ်တည်ရှိရာ ဒါကာသို့ ပြောင်းရွှေ့ကျင်းပခဲ့ရကြောင်း rabwah.net က ဆိုသည်။


 အကြမ်းဖက်မီးရှို့မှုလုပ်ရပ်ကို အစွန်းရောက် မွတ်စလင်မ်ဘာသာရေးခေါင်းဆောင်များက ဦးဆောင်ခဲ့ကြောင်း၊ လူပေါင်း ၃၀၀၀ နီးပါး ပါဝင်အကြမ်းဖက်ခဲ့ကြကြောင်း၊ ၎င်းတို့မှာ ဂျမာအတ္တီ အစ္စလာမီ၊ ခါတမေနဗူဝါသ်စသော အကြမ်းဖက်သမား များမှ ကျောထောက်နောက်ခံပြု ပေးထားသည့် အဖွဲ့ဝင်များလည်း ဖြစ်ကြကြောင်း သိရသည်။


ဖေဖော်ဝါရီလ ၃ ရက်နေ့က ပါကစ္စတန်နိုင်ငံ၏ မွတ်စလင်မ်တရားဟောဆရာ ဟနီဖ် ဂျလန်ဒရီက အဟ်မဒီမွတ်စလင်မ်များနှင့်ဆန့်ကျင်ပြီး အမုန်းတရားကြီးထွားစေမည့် ဟောပြောချက်များကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ ဟောပြောမှုများအပြီး၌ပင် ဘင်္ဂါးဒေ့ရ်ှတွင် ဤသို့သော ခက်ထန်တင်းမာသည့် အခြေအနေများဖြစ်ပေါ်လာရကြောင်း အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ဘင်္ဂလားဒေ့ရ်ှနိုင်ငံလုံးဆိုင်ရာ ဥက္ကဌဖြစ်သူ မူဘတ်ရှီရွလ် ရာဟ်မားန်ကဆိုသည်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ ၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၏ ယခုနှစ် နှစ်ပတ်လည်အခမ်းအနားကို ပရိသတ်ပေါင်း ၇ သိန်းတက်ရောက်ပြီး ဩစတေးလျ၊ ကနေဒါ၊ ဂျာမနီ၊ အိန္ဒိယနှင့် ပါကစ္စတန်တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ကမ္ဘာလုံးဆိုင်ရာ ဝိညာဉ်ရေးရာခေါင်းဆောင် ခလီဖာ၊ ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်၏ ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့သူ မော်လာနာ မဟ်မူဒ်အဟ်မဒ်က မွတ်စလင်မ်များအားလုံးကို အစ္စလာမ်သာသနာတော်၏ သွန်သင်ချက်အစစ်အမှန်များနောက်သို့သာ လိုက်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့သည်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ကမ္ဘာလုံးဆိုင်ရာ ဝိညာဉ်ရေးရာခေါင်းဆောင် ခလီဖာ၊ ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်အနေဖြင့် မွတ်စလင်မ်ဆိုသူများ၏ ထိုသို့သော အကြမ်းဖက်လုပ် ရပ်ကို ပြင်းပြင်းထန်ထန်ရှုံ့ချခဲ့သလို အစ္စလာမ်သာသနာ၏ အလံတော်ကို ကိုင်ဆောင်ထားသူများ ဟု ၎င်းတို့ကိုယ်ကိုသမုတ်ထားကြသည့် အကြမ်းဖက်သမားများအား ရည်စူးပြီး ဆုတောင်းပတ္ထအချို့ ပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကို ၁၉၁၃ တွင် စတင်တည်ထောင်ခဲ့သည်။

source: www.rabwah.net

Saturday, January 5, 2013

ယုံကြည်မှုအား ကာကွယ်သူ (Defender of Faith)



အလ္လာဟ်အသျှင်မြတ်၏ နာမတော်အားဖြင့်အစပြုပါ၏။

          ၁၈၅၇ ခုနှစ်၊ တစ်ချိန်က ကမ္ဘာ့အိန္ဒိယတိုက်ငယ်ကို အုပ်စိုးခဲ့တဲ့ မဂိုအင်ပါယာဟာ လုံးဝဆုတ်ယုတ်ကျဆင်းသွားခဲ့ပြီ။ တချိန်က ဂုဏ်တန်ခိုးတက်ခဲ့တဲ့ လူတွေဟာ ယခုအခါမှာ တိုင်းတပါးအာဏာအောက် သူ့ကျွန်အဖြစ် ကျရောက်ခဲ့ရတယ်။ စိုးမိုးအုပ်ချုပ်သူအင်္ဂလိပ်တွေထံမှ အာဏာပြန်ရယူဖို့ မွတ်စလင််နဲ့ ဟိန္ဒူလူထုတွေရဲ့ စုပေါင်းကြိုးပမ်းမှုဟာ အရာမထင် ဆုံးရှုံးခဲ့ရတယ်။

          များစွာသော မွတ်စလင်ခေါင်းဆောင်တွေဟာ ဂျီဟတ်(သာသနာ့စစ်ပွဲ) လို့ အမည်တပ်ပြီး ပြည်သူလူထုထောင်ပေါင်းများစွာဟာ အုပ်ချုပ်သူအင်္ဂလိပ်တွေကို ပုန်ကန်ကြတယ်။

          ဒါပေမယ့် ဒီလုပ်ရပ်တွေဟာ အားလုံးအချည်းအနှီးပဲ ဖြစ်ခဲ့တယ်။ နှိပ်ကွပ်ခြင်းခံခဲ့ရတယ်။ သူတို့ဟာ နိမ့်ကျစွာ ပစ်ပယ်ခြင်းခံခဲ့ရတယ်။ အိန္ဒိယ မွတ်စလင်တွေဟာ အဆိုးဝါးဆုံး ပျက်စီးခဲ့ပါတယ်။ အဲ့ဒီအချိန်အခါမှာ အုပ်စိုးသူတွေ ဖြစ်ခဲ့တာကြောင့် ပုန်ကန်မှုဖြစ်တိုင်း မွတ်စလင်တွေဟာ အပြစ်တင်ခြင်းခံခဲ့ရပါတယ်။ မွတ်စလင််တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်မှုအာဏာကို လက်လွှတ်လိုက်ရတယ်။ သူတို့ကို အုပ်ချုပ်ရေးအစိုးရအဖွဲ့ကနေဖယ်ထုတ်ပစ်လိုက်တယ်။ သူတို့အလုပ်အကိုင်တွေ ဆုံးရှုံးကြတယ်။ လူမှုရေးအရ ပစ်ပယ်ခံရတယ်။ မွတ်စလင်တွေဟာ ဒီအုပ်ချုပ်သူတွေ လက်အောက်မှာ လွယ်လင့်တကူ ဖမ်းဆီးနိုင်တဲ့ သားကောင်သဖွယ် ဖြစ်နေပါတော့တယ်။

     ၁၈ဝဝ ခုနှစ် အစောပိုင်းမှာ အင်အားအလွန်ကောင်းလှတဲ့ ကမ္ဘာ့အနှံ့က ခရိယာန် သာသနာပြု မစ်ရှင် အဖွဲ့တွေဟာ မြောက်မြားလှစွာသော လူတွေကို ခရိယာန်သာသနာဘက်ကို ပြောင်းလဲ ဖိတ်ခေါ်ဖို့ အတွက် အိန္ဒိယပြည်ကို ဝင်ရောက်လာပါတယ်။ ပုန်ကန်ထကြွပြီးကာစ အားနည်းချည့်နဲ့ပြီး အကူအညီမဲ့နေတဲ့ မွတ်စလင်တွေကို မြင်တွေ့ရတဲ့အခါမှာတော့ သူတို့ရဲ့ အစီအစဉ်တွေကို လှုပ်ရှားမှုအဖြစ်ပြောင်းလဲဖို့အတွက် အခွင့်အရေးကောင်းကို ရရှိသွားကြပါတော့တယ်။

(စကားပြော) အဲ့ဒီအချိန်က ခရိယာန်ဘုန်းကြီးတွေဟာ အစ္စလာမ်သာသနာကို ဓားနဲ့လွှမ်းမိုးခဲ့တဲ့ သာသနာရယ်လို့ မှတ်ထင်ကြပါတယ်။ ဒါ့အပြင် တိုင်းပြည်တွေကိုလည်း အာဏာနဲ့အဓမ္မလွှမ်းမိုးထားတယ်လို့ယူဆကြပါတယ်။
        ဒါကြောင့်မွတ်စလင်တွေရဲ့ တန်ခိုးအာဏာ အိန္ဒိယမှာ ပထမဆုံးမှေးမှိန် ကျဆင်းလာတဲ့အခါမှာတော့ သူတို့ဟာ ဒီတန်ခိုးအာဏာ ရုတ်သိမ်းခံလိုက်ရတာကို ကြည့်ရှုပြီး အင်မတန်ပဲ စိတ်လှုပ်ရှားသွားကြတယ်။

      ၁၈၁၃ ခုနှစ်မှာ ခရိယာန်သာသနာပြုတွေကို တရားဟောခွင့် ပေးလိုက်တယ်။ သူတို့ဟာ နေရာအနှံ့မှာ သာသနာပြုကျောင်းတွေ တည်ထောင်ကြတယ်။ အစ္စလာမ်နဲ့ တမန်တော်မြတ်(ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) ကို ဆန့်ကျင် ပုတ်ခတ်တဲ့ စာအုပ်ပေါင်း သန်း (၆ဝ) လောက်ကို ရေးသားဖြန့်ဝေကြတယ်။
တမန်တော်မိုဟမ္မဒ်နဲ့ ပတ်သတ်ပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ မသင့်တော်တဲ့ စကားတွေကို သုံးစွဲကာ ဝေဖန်ပုတ်ခတ်ပြောဆိုကြတယ်။ ခရိယာန်ဘုန်းကြီးတွေဟာ ဘာသာတရားမဲ့ဝါဒ၊ ဒါမှမဟုတ် ဘုရားတရား မယုံကြည်တဲ့ဘက်ကို မွတ်စလင််တွေပြောင်းလဲသွားတာကို ကျေနပ်ကြပါတယ်။ ဒါပေမယ့် သူတို့ မွတ်စလင််ဖြစ်မြဲတိုင်းဖြစ်နေတာကိုတော့ မခံရပ်နိုင်ကြပါဘူး။

     အိန္ဒိယ မွတ်စလင်ထုတစ်ခုလုံးကို ဘာသာပြောင်းလဲဖို့ ကြိုးစားခြင်းဟာ တစ်ကယ်တော့ အစကနဦးပဲ ရှိပါသေးတယ်။ သူတို့ရဲ့ အကြံအစည်က တကယ့် ကိုပဲ အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းပါတယ်။
    (စကားပြော) သူတို့ပြောဆိုမှုတွေထဲကတစ်ခုကတော့ (ဒီအချက်ဟာ မှတ်တမ်းလည်း ရှိပါတယ်) အိန္ဒိယတိုက်တစ်ခုလုံးကို ခရိယာန်တွေအဖြစ် ပြောင်းလဲဖို့ ဖြစ်ပါတယ်။ အဲ့ဒီနောက် သူတို့ရဲ့လုပ်ငန်းကို အာရေးဘီးယားကို ဦးတည်ပြောင်းရွှေ့ဖို့ ရည်ရွယ်ထားပါတယ်။ အဆုံးမှာတော့ သူတို့ဟာ ခရိယာန်အလံတော်ကို မက္ကာမြို့တော်ရှိ ကာဗာကျောင်းတော်ပေါ်မှာ စိုက်ထူမှာဖြစ်ပါတယ်။ ဒါဟာသူတို့ရဲ့ ကြံစည် ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။

                 မွတ်စလင်တွေအတွက် ဘယ်လောက်တောင်အရေးကြီးတဲ့ အချိန်ဖြစ်ပါသလဲ။ ခရိယာန်သာသနာပြုတွေဟာ အစ္စလာမ့်အခြေခံယုံကြည်ချက်တွေကို ဆန့်ကျင်ပြောဆိုဟောပြောနေပါပြီ။ မွတ်စလင်တွေဟာ ခုခံကာကွယ်ဖို့ အင်အားမဲ့လျှက်ရှိနေပါတယ်။

(စကားပြော) မွတ်စလင််တွေဟာ ယေရှု (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) ကို ဘုရားသခင်ထံမှ စေတမန်အဖြစ် လက်ခံယုံကြည်မှုရှိပါတယ်။ ဒါအပြင် မွတ်စလင်တွေဟာ တမန်တော်ယေရှုကို ကောင်းကင်ဘုံ(မိုးလေးထပ်)မှာ အသက်ရှင်လျှက်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်ကိုလည်း ကိုင်စွဲထားကြပါတယ်။ ဟိန္ဒူလူထုမှာတော့ ခုလိုယုံကြည်မှုမျိုးမရှိပါဘူး။


           မွတ်စလင်တွေရဲ့ အခြေအနေက ဒီလိုပုံစံဖြစ်နေပါတယ်။ သူတို့ဟာ တမန်တော်ယေရှုကို ကောင်းကင်ဘုံမိုးကောင်းကင်ပေါ်တင်ထားတဲ့အတွက် ထာဝရဘုရားရှင် နဲ့ ဆက်ဆိုင်ပေါင်းစည်းနေသည့်အလား ရှုမြင်ဖော်ပြရင်းသဖွယ်ဖြစ်နေပါတယ်။ အခုအချိန်မှာတော့ ခရိယာန်ဘာသာဝင် ဗြိတိသျှတွေဟာ ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးအုပ်ချုပ်ထားပါပြီ။ ဒါကြောင့် မွတ်စလင််တွေ ဆုတ်ယုတ်ကျဆင်းရတာဟာ ခေတ်နဲ့အညီမလိုက်နာနိုင်တဲ့ မမှန်ကန်တဲ့ သူတို့ရဲ့ဘာသာကြောင့်ဖြစ်ကြောင်း စတင်ပြောဆိုလာကြပါတယ်။ သူတို့အောင်မြင်မှုရတာကတော့ တိုးတက်တဲ့ ခရိယာန်ဘာသာနဲ့ မှန်ကန်ဆက်စပ်မှုရှိလို့ ဖြစ်ကြောင်းပြောဆိုလာပါတယ်။
      “ ကြည့်ပါလား ! မင်းတို့ရဲ့ ဘာသာတရားသာစစ်မှန်တယ်ဆိုရင် အုပ်ချုပ်တဲ့ အစိုးရက အသင်တို့အစိုးရဖြစ်ရမှာပေါ့။ ငါတို့ကို ကြည့်ပါအုံး ငါတို့ရဲ့ အင်ပါယာကြီးဟာ  ငါတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ နေမဝင်ဘူး။ ရှရှားက ဇာဘုရင်ကိုကြည့်မလား သူတို့ဟာခရိယာန်တွေ။ ဂျာမနီနိုင်ငံကို ကြည့်ပါလား သူတို့လည်း ခရိယာန်တွေ။ တို့ တစ်ကမ္ဘာလုံး ခရိယာန်တွေချည်းပဲ။ ငါတို့ဟာ ကုန်သွယ်မှုနဲ့ ကုန်ထုတ်စက်ရုံတွေ မှာလည်း တိုးတက်နေတယ်။ တစ်ကယ်လို့ မင်းတို့ဘာသာတရားသာ မှန်ကန်တယ်ဆိုရင် အဲ့ဒါတွေကို မင်းတို့လုပ်နေရမှာပေါ့ ”

B)              မွတ်စလင်တွေထဲမှာ အကြီးဆုံးအကြပ်ရိုက်မှုနဲ့ ကြုံတွေ့နေရတာကတော့ ကျောင်းသားလူငယ်တွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ဘာသာရေးယုံကြည်မှုဆိုင်ရာ တိုက်ခိုက်တဲ့မေးခွန်းတွေတင်မကပါဘူး။ သူတို့ရဲ့ပညာရေးစနစ်ကိုလည်း အသုံးမဝင်အကျိုးမရှိကြောင်းမေးခွန်းထုတ်လာကြတယ်။ လူငယ်တွေဟာ သူတို့ဘိုးဘွားတွေရဲ့ ဘာသာတရားအပေါ်မှာ မျှော်လင့်ချက်တွေအားလုံးတစစ ပျက်သုန်းလာပါတော့တယ်။

(စကားပြော)   ကျွနု်ပ်တို့ရဲ့ ပညာရေးစနစ်က ဂရိအတွေးအခေါ်အယူအဆပေါ်မှာ အခြေခံထားပါတယ်။ ယခုအခါမှာတော့ များစွာသော သိပ္ပံဆိုင်ရာ တွေ့ရှိချက်တွေက အဲ့ဒါတွေကို စိန်ခေါ်နေပါပြီ။ တိုက်ခိုက်မှုတွေက ပိုပြင်းထန်လာပါတယ်။ မွတ်စလင်တွေရဲ့ ပညာရေးစနစ်၊ မွတ်စလင်တို့ရဲ့ စကြဝဠာနဲ့ ပတ်သတ်တဲ့ အယူအဆတွေကို မှားယွင်းကြောင်း ထောက်ပြလာကြပါတယ်။ အထူးသဖြင့် မွတ်စလင်လူငယ်တွေဟာ သူတို့ ဘာသာတရားရဲ့ အခြေခံတောင်မှ လုံခြုံခိုင်မာမှုမရှိကြောင်း ခံစားသိမြင်လာပါတယ်။ ဒီစိန်ခေါ်မှုအသစ်တွေကြောင့် မွတ်စလင်တွေဟာ ဒုက္ခပင်လယ်ဝေခဲ့ရပါတယ်။

C)     မွတ်စလင်တွေတင်မကပါဘူး။ အိန္ဒိယမှာရှိတဲ့ ဘာသာအားလုံးရဲ့ ဘာသာစွန့်လွှတ်ပြောင်းလဲမှုတွေအလွန်အမင်းများပြားလာမှုတွေကြောင့် သူတို့ဟာ ဒီအနဿတရာယ်ကို ကာကွယ်ရာရောက်အောင် အစ္စလာမ်ကို တိုက်ခိုက်တဲ့နေရာမှာ ခရိယာန်ဘာသာနဲ့ ပူးပေါင်းခြင်းက သူတို့ရဲ့တစ်ခုတည်းသော ရွေးချယ်စရာ ခုခံမှုအဖြစ် ပြောင်းလဲလိုက်ပါတော့တယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်သတိမထားမိတာကတော့ ခရိယာန်ဝါဒဟာ သူတို့ရဲ့အကြီးဆုံးထိတ်လန့်ဖွယ်ကောင်းတဲ့အန္တရာယ်ဖြစ်တယ်ဆိုတာပါပဲ။

(စကားပြော) အဆိုးဝါးဆုံးဝါဒအသစ်တစ်ခုပေါ်ထွက်လာပါတယ်။ အဲ့ဒါကတော့ ဘာသာတရားမဲ့ဝါဒ ဖြစ်ပြီး လူ့အဖွဲ့အစည်းအတွက် ဘာသာတရားဆိုတာမလိုအပ်ကြောင်း ပြောဆိုလာတဲ့ ကွန်မြူနစ်ဝါဒပါပဲ။ ဘာသာတရားမဲ့ဝါဒရဲ့သဘောကတော့ ဘုရားသခင်ရဲ့ ဥပဒေကို လူလုပ်တဲ့ ဥပဒေနဲ့ အစားထိုးတာပါပဲ။ ပညာရေးစနစ်က မြင့်တက်လာပါတယ်။ သူတို့ဟာ နယူတန်ရဲ့ သီအိုရီကို အခုလိုမျိုးတင်ပြပြောဆိုကြတယ်။ စကြာဝဠာဟာ နာရီတစ်လုံးနဲ့ တူတယ်။ အဲ့ဒီနာရီက သူ့ဘာသာသူ လည်ပတ်နေပြီး ဘုရားသခင်မလိုအပ်ဘူး။ သူတို့ဟာ ထာဝရဘုရားသခင်ကို မသင့်တော်တဲ့ပုံစံမျိုးနဲ့ တင်ပြပြောဆိုကြတယ်။ ဒီအချက်အလက်တွေကတော့ အဓိကကျတဲ့ အချက်တွေဖြစ်ပါတယ်။ အာရိယာ နဲ့ ဟိန္ဒူ တွေဟာ သူ့တိုကိုယ်တိုင်လည်း ဒုက္ခအခက်အခဲထဲရောက်နေတာကို တွေ့မြင်ပြီး အဲ့ဒီဒုက္ခက လွတ်မြောက်ဖို့အတွက် အစ္စလာမ်ကို ဦးတည်တိုက်ခိုက်လာပါတော့တယ်။ အကြောင်းက ဘာသာတရားမဲ့ဝါဒီတွေက ဒြပ်ဝတ္ထုတို့သည် ထုတ်လုပ်၍မရ၊ ဖျက်စီး၍မရစသဖြင့် ပြောလာတဲ့အခါမှာ အာရိယာနဲ့ ဟိန္ဒူတွေဟာ “ကျွန်ုပ်တို့က ဟိုးအရင်ကတည်းက ဒြပ်ဝတ္ထုတွေဟာ တည်မြဲတယ်လို့ ပြောခဲ့တယ်မဟုတ်လား ” စသည်ဖြင့် ပြောဆိုပြီး အခုလို သီအိုရီမျိုးတွေနဲ့ အစ္စလာမ်ကို တိုက်ခိုက်လာပါတယ်။

D)              မွတ်စလင်တွေဟာ ခရိယာန်တွေရဲ့ ထိုးနှက်တဲ့ မေးခွန်းတွေကို ခုခံနိုင်စွမ်းကင်းမဲ့လျှက်ရှိနေချိန်မှာ တစ်ခြားဘာသာအားလုံးရဲ့ ပြင်းထန်စွာစုပေါင်းဝိုင်းရံတိုက်ခိုက်မှုအောက်မှာ လုံးဝ အကာအကွယ်မဲ့နေပါတော့တယ်။

(စကားပြော)  မခံမရပ်နိုင်အောင် ထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံက တိုက်ခိုက်မှုတွေဖြစ်လာပါတယ်။ ပထမ နိုင်ငံရေး လွတ်လပ်ခွင့် ဆုံးရှုံးမှု၊ ဒုတိယ အလုပ်အကိုင် ဆုံးရှုံးမှု၊ အခွင့်အရေးတွေ ဆုံးရှုံးမှုတွေနဲ့အတူ ဘာသာတရားဟာလည်း အကျပ်အတည်း ဒုက္ခထဲရောက်နေပါပြီ။ ဒါတင်မက ခရိယာန်တွေရဲ့ မေးခွန်းတွေ၊ အာရိယာ၊ ဗြဟ္မဏနဲ့ ဘာသာတရားမယုံကြည်သူ တွေက နေရာတိုင်းမှာ ထိုးနှက်နေပါတော့တယ်။

E)     မွတ်စလင်တို့ရဲ့ယုံကြည်မှုတွေကို မေးခွန်းထုတ်ခံနေရတာနဲ့အတူ သူတို့ရဲ့ ပညာရေးကလည်း ခေတ်နောက်ကျနေခဲ့ပါပြီ။ မွတ်စလင်တွေဟာ ထောင့်ပေါင်းစုံက တိုက်ခိုက်ခံနေရပါတယ်။ မွတ်စလင်တွေဟာ လုံးဝခုခံနိုင်စွမ်းကင်းမဲ့လျှက်ရှိနေပါတော့တယ်။ ဒီလိုနဲ့ ထောင်ပေါင်းများစွာသော မွတ်စလင်တွေဟာ ခရိယာန်ဘာသာဘက်ကို စတင်ပြောင်းလဲလာပါတော့တယ်။
         ၁၈ဝဝ ပြည့်နှစ်အစောပိုင်းမှာ အိန္ဒိယခရိယာန်လူဦးရေဟာ ၉၁,ဝဝဝ ဝန်းကျင်ခန့်ရှိပါတယ်။ ဒါပေမယ့် ၁၈ဝဝ ပြည့်နှောင်းပိုင်းမှာ အရေအတွက်ဟာ ၄၅ဝ,ဝဝဝ ထိတိုးလာပါတယ်။ ဘာသာမပြောင်းလဲတဲ့မွတ်စလင်တွေဟာ ပစ်ပယ်ခြင်းခံရပါတော့တယ်။

(စကားပြော)  ဒီလိုစိတ်ပျက်အားငယ်မှုတွေကို တွေ့ကြုံဖြတ်သန်းရင်းနဲ့ မွတ်စလင်အချင်းချင်းဟာ ညီညွတ်မှုပျက်ပြားလာပါတယ်။ တစ်ချို့လူတွေကတော့ ဒါဟာ ငါတို့ ဘာသာတရား၊ ငါတို့ဂုဏ်၊ ဘာကြောင့် စွန့်ခွာရမလဲဆိုတဲ့အတွေးမျိုးရှိကြပါတယ်။

     မွတ်စလင်တွေဘက်ကတော့ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် မည်သူမျှ ရှေ့ထွက်လာနိုင်ခြင်းမရှိခဲ့ပါဘူး။ သူတို့ဟာ သူတို့ရဲ့ ဘိုးဘွားတွေအတွက်နဲ့ အလွန်ပဲဂုဏ်ယူခဲ့ကြဖူးတယ်။ သူတို့ကိုသူတို့ ခြင်္သေ့တွေအလား ထင်မှတ်ခဲ့ကြဖူးတယ်။ ဒါပေမယ့် အစဦးပိုင်းမှာ သူတို့ဟာ ဘာကြောင့် ခြင်္သေ့တွေဖြစ်ခဲ့သလဲဆိုတာကို မေ့ထားကြတယ်။ သူတို့ဟာ ထာဝရဘုရားသခင်နဲ့ ဆက်သွယ်မှုရှိခဲ့ကြတယ်။ ဘုရားသခင်နဲ့ နီးစပ်မှုရှိခဲ့ကြတယ်။ သူတို့ဟာ ကျမ်းမြတ်ကိုရ်အာန်ကို အဆင့်မြင့်ဆုံး လေးစားခဲ့ကြတယ်။ အဲ့ဒီအချိန်မှာ သူတို့ဟာ ခြင်္သေ့တွေအလားဖြစ်ခဲ့ကြတယ်။ အခုလည်း အဲ့ဒီအတိုင်းကျင့်သုံးမယ်ဆိုရင် ဆက်လက်ပြီး ခြင်္သေ့တွေလိုပဲ ဖြစ်နေမှာပါပဲ။ အခုတော့သူတို့ရဲ့ အခြေအနေက နွားသတ္တဝါနဲ့ အလားတူသွားပါပြီ။ ဘယ်သူမှာ ကြိုးရှိမလဲ အဲ့ဒီလူဟာ သူတို့ကို နွားများသဖွယ် နဖားကြိုးထိုးပြီး လိုရာခေါ်သွားနိုင်ပါတယ်။ သူကြိုက်တာလုပ်နိုင်တယ်။ သူတို့သတ်ချင်ရင်လည်းသတ်နိုင်တယ်။

F)      ဝိုင်းပယ်ခြင်း၊ နှိမ်ချဆက်ဆံခြင်း တွေနဲ့အတူ မွတ်စလင်တွေဟာ မျှော်လင့်ချက်ကင်းမဲ့ပြီး စိတ်ပျက်ဖွယ် အခြေအနေတွေနဲ့ကြုံတွေ့နေရပါတယ်။ ခေတ်ကာလက ကယ်တင်ရှင်တစ်ဦးကို စောင့်မျှော်နေပါတော့တယ်။ ဒါပေမယ့်ဘယ်သူမှ အစ္စလာမ်ကို ကာကွယ်ဖို့ ထွက်လာခြင်းမရှိသေးပါဘူး။

(စကားပြော) ခေတ်ကာလရဲ့ တောင်းဆိုချက်ကအနေနဲ့က တစ်စုံတစ်ယောက်က ဒီရှုပ်ထွေးမှုကို မွတ်စလင်တွေထံကနေ ရှင်းလင်းဖယ်ရှားပစ်ရမယ်။ သူတို့ကို ရှင်းလင်းတဲ့လမ်းညွှန်မှုပေးရမယ်။ ရှင်းလင်းတဲ့ထွက်ပေါက်ကို ပေးရမယ်။ အဲ့ဒီအချိန်က အိန္ဒိယမွတ်စလင်တွေဟာ ကမ္ဘာတစ်ခုလုံးနဲ့ ချိတ်ဆက်မှုရှိနေတဲ့အတွက် နေရာတိုင်းမှာ ရှုတ်ထွေးမှုတွေရှိနေကြောင်းသိနေရတယ်။ ဘယ်တိုင်းပြည် တော့ဆုံးရှုံးသွားပြီ၊ ကျရှုံးသွားပြီ စသဖြင့် သတင်းတွေ တစ်ချိန်လုံးကြားနေရပါတယ်။ အပြင်ဘက်မှာက အခုလိုကျဆင်းနေတဲ့ သတင်းတွေ အတွင်းပိုင်းမှာလဲ ကျဆင်းနေတဲ့အခြေအနေ။ ဒီအရာတွေပေါင်းစုံစည်းလာတဲ့အခါမှာတော့ မွတ်စလင်တွေဟာ စိတ်ဓာတ်ရေးရာကျဆင်းလာပါတော့တယ်။

G)     နိုင်ငံရေးအရ နှိမ်ချခံရခြင်းနဲ့ လူမှုရေးဆိုင်ရာ ကျဆင်းမှုတွေရဲ့ အကျိုးရလာဒ်အနေနဲ့ မွတ်စလင်တွေဟာ တုန်လှုပ်နေပါတော့တယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေလည်း ပျက်ပြားနေပြီး သူတို့ရဲ့ဘာသာရေးယုံကြည်မှုတွေနဲ့ပတ်သတ်ပြီးတော့လည်း တိုးလျှိုးနိမ့်ကျတဲ့ အနေအထားမှာ ရပ်တည်နေရပါတယ်။ အိန္ဒိယမွတ်စလင်တွေဟာ သူတို့ရဲ့ ဇာတ်သိမ်းခန်းကိုစောင့်မျှော်နေရပါတော့တယ်။

         ဒီအချိန်မှာပဲ သတိမထားမိတဲ့အသံတစ်ခုက မျှော်လင့်ချက်ရောင်ခြည်ကို ဖျတ်ခနဲထွန်းညှိုလိုက်ပါတယ်။ အဲ့ဒီအသံကတော့ ဟာဇရတ်မေရ်ဇာ ဂူလာမ် အဟ်မဒ် ကာဒီယာနီ (a.s) သခင်ရဲ့ အသံပဲဖြစ်ပါတယ်။

(စကားပြော) ဟာဇရတ်မေရ်ဇာဂူလာမ်အဟ်မဒ်သခင်က ကျွန်ုပ်တို့ဟာ ကျွနု်ပ်တို့ရဲ့ဘာသာတရားကို အသိဉာဏ်အကြောင်းအကျိုးနဲ့ အထောက်အထားပြပြီး မကာကွယ်ဘူးဆိုရင် ကျွနု်ပ်တို့ရဲ့ ယုံကြည်မှုကို နှုတ်ဆက်လိုက်ရတော့မှာဖြစ်တယ်လို့ ခံယူပါတယ်။ သူရေးသားတာက ဗျာဒိတ်အပေါ်အခြေခံထားတယ်လို့ ကြေငြာထားတဲ့ ဗျာဒိတ်ရကျမ်းစာဟာ အကြောင်းအကျိုး နဲ့ ကိုက်ညီမှုမရှိဘူး၊ ယုတ္တိဗေဒနဲ့ ဆန်းစစ်လို့မရဘူးဆိုရင် အဲ့ဒါကို လက်မခံသင့်ပါဘူး။ ဒါကတော့ သူတင်ပြတဲ့ နည်းလမ်းဥပဒေဖြစ်ပြီး အစ္စလာမ်ဘာသာရဲ့ သင်ကြားမှု၊ ကျမ်းမြတ်ကိုရ်အာန်ရဲ့ သင်ကြားမှုတွေဟာ နှစ်ခုမရှိ ပြိုင်စံမမီဖြစ်တယ်၊အကြောင်းအကျိုး ယုတ္တိဗေဒနဲ့ ဆန်းစစ်နိုင်တယ်၊ လူ့သဘာဝနဲ့ ကိုက်ညီမှုရှိတယ် ဆိုတာကို သူကိုယ်တိုင် သက်သေပြခဲ့ပါတယ်။ ကျမ်းမြတ်ကိုရ်အာန်ဟာ ဘယ်အရာကို ဖော်ထုတ်ပြသသလဲ အဲ့ဒီအရာနဲ့ သက်ဆိုင်တဲ့အထောက်အထားကို ကျမ်းမြတ်ကိုရ်အာန်အတွင်းမှာပဲ အခြားတနေရာမှာ နောက်ထပ်ထောက်ခံတဲ့ မုက္ခပတ်တော်တစ်ခု ထပ်ရှိနေပြန်တယ်။ ဒါကြောင့် မည်သည့်ဘာသာတရားကမှ ဤကျမ်းစာကို ဆန့်ကျင် စိန်ခေါ်မှုမျိုးမပြုနိုင်ပါဘူး။ ခေတ်ကာလကတောင်းဆိုမှုဖြစ်တာကတစ်ကြောင်း၊ လောကဓာတ် သိပ္ပံပညာထွန်းကားတဲ့ ခေတ်ကာလဖြစ်ခြင်းနဲ့ လူတိုင်းလူတိုင်းက အရာရာတိုင်းအတွက် သက်သေပြချက်ကို တောင်းဆိုနေကြပြီး သက်သေပြချက်မရှိတဲ့ အရာတွေအပေါ်မှာ ယုံကြည်မှုမရှိကြတော့တဲ့ အကြောင်းအဖုံဖုံကြောင့် မေရ်ဇာဂူလာမ်အဟ်မဒ်သခင်ဟာ ယုတ္တိရှိတဲ့ အကြောင်းအကျိုးတွေအပေါ်မှာ သူ့ရဲ့ဟောပြောတင်ပြမှုကို အခြေခံပါတယ်။ “ငါတွေးတယ် ငါရှိတယ်” ။ ဒီသဘောတရားကို ငါကိုယ်တိုင်နားလည်တယ် အကြောင်းက အဲ့ဒီအပေါ်မှာ ကိုယ်တိုင်စမ်းသပ်ထားလို့ပဲ။ မှန်တယ်ဆိုရင် အဲ့ဒီအတွက်သက်သေအထောက်အထားပေး။ ဒီလိုပေးခဲ့ရင် အမှန်တရားအဖြစ်သူတို့လက်ခံကြတယ်။ ဒီအခြေခံအပေါ်မှာ မည်သူတစ်ဦး တစ်ယောက်မျှ သူနဲ့ အငြင်းအခုန်လုပ်ဖို့ မဝံ့ရဲကြပါဘူး။ အိုလမာပညာရှင်တွေလည်း သူနဲ့ ပြိုင်ဆိုင်ဝံ့ခြင်းမရှိပါဘူး။ ဟာဇရတ်မေရ်ဇာဂူလာမ်အဟ်မဒ် သခင်ပြောဆိုတာက ဘုရားသခင်ဟာ စကားပြောတော်မူတယ်။ ထာဝရဘုရားသခင်က ဟိုးအရင်ကတည်းက ရှင်သန်လျှက်ရှိသည့်အတိုင်း ယခုလည်းရှင်သန်လျှက်ရှိတော်မှုတယ်။ လူသားကို ဟိုးအရင်က စကားပြောတော်မှုခဲ့သည့်နည်းတူ ယခုလည်းစကားပြောတော်မူတယ်။ အဲ့ဒီအတွက် သက်သေပြချက်ကဘာလဲ? အဲ့ဒီသက်သေပြချက်ကတော့ ကျွနု်ပ်ကိုယ်တိုင်ပဲဖြစ်တယ်။ ဒီသက်သေပြချက်ကို ဘယ်သူအလိုရှိသလဲ … ကျွန်ုပ်နဲ့အတူလာနေထိုင်ပါ။ ကုန်ကျစရိတ်အားလုံးကို ကျွန်ုပ်ကကျခံပါမယ်။ အကယ်၍ ထာဝရဘုရားသခင်နဲ့ ကျွန်ုပ်နဲ့ ပေါင်းစည်းစပ်သွယ်မှုရှိတဲ့ နိမိတ်လက္ခဏာတစ်ရပ်ရပ်ကို မမြင်တွေ့ရပါဘူးဆိုလျှင် အဲ့ဒီအတွက် ကျွန်ုပ်အစားလျော်ကြေးပြန်ပေးပါမယ်။ အသင်တို့ ကျွန်ုပ်နဲ့အတူလာရောက်နေထိုင်ပါလျှင် အမှန်တရားနဲ့ဆက်ဆိုင်တဲ့ နိမိတ်လက္ခဏာ တစ်ခုမဟုတ်တစ်ခုကို မြင်တွေ့ရပါမယ်။ မေရ်ဇာဂူလာမ်အဟ်မဒ်သခင်က ဒီလိုသက်သေပြချက်မျိုးကို ပေးပါတယ်။ အကြောင်းအကျိုးကို ထင်ရှားပြပါတယ်။ သူကိုယ်တိုင်ရဲ့ ဝိညာဉ်ရေးရာအတွေ့အကြုံကို စမ်းသပ်စစ်ဆေးဖို့ရာ ဖိတ်ခေါ်ပါတယ်။ ရုပ်ဝါဒကြီးစိုးတဲ့ ပတ်ဝန်းကျင်မှာ မွန်းကျပ်နေသူတွေအတွက် သူ့ရဲ့ဖိတ်ခေါ်သံဟာ လတ်ဆတ်တဲ့လေရဲ့ ရနံ့ကို ရှုရှိုက်လိုက်ရသလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ အထက်ပါအကြောင်းအရင်းတွေကြောင့်ပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ သူ့ရဲ့သက်သေပြချက်က ဘုရားမဲ့ဝါဒရဲ့ ကျောရိုးကိုပါ ရိုက်ချိုးလိုက်ပါတော့တယ်။ဒါ့အပြင် အဲ့ဒီအချိန်ကာလမှာရှိတဲ့ ဗြဟ္မဏကျမ်းဂန်တွေကို ကိုင်စွဲထားပြီး အမှောင်ထုထဲမှာ နှစ်မြုပ်လျှက်ရှိတဲ့ ဟိန္ဒူဗြဟ္မဏတွေကိုလည်း ဒီရှင်သန်လျှက်ရှိတဲ့ ထာဝရဘုရားရှင် ထင်ရှားရှိမှုကို သက်သေပေးခဲ့ပါတယ်။

(H)    အစ္စလာမ်ကို ခုခံကာကွယ်တဲ့ ဟာဇရတ်မေရ်ဇာ ဂူလာမ်အဟ်မဒ်သခင်ရဲ့ အကြောင်းအကျိုးပြ ချေပချက်တွေဟာ ခရိယာန်တွေတင်မကဘဲ ဟိန္ဒူ၊အရိယာ၊ ခရိယာန်နဲ့ အိန္ဒိယတိုက်က ဘာသာအားလုံးကို တုန်လှုပ်သွားစေပါတယ်။ အဲ့ဒီအချိန်ကာလမှာ အိန္ဒိယတိုက်မှာ လောကီရေးတစ်ဖက်စောင်းနင်းဝါဒလည်း ဖြစ်ပေါ်နေပါတယ်။ ဘာသာတရားကိုလည်း အရေးမပါလေဟန် ပစ်ပယ်ထားကြပါတယ်။ ထာဝရဘုရားရှင်ကိုလည်း အရေးမပါတဲ့ အရာတစ်ခုအနေနဲ့ ဖော်ပြကြတယ်။ ဟာဇရတ် မေရ်ဇာ ဂူလာမ် အဟ်မဒ် က ဘုရားသခင်တည်ရှိကြောင်း ကျမ်းမြတ်ကိုရ်အာန်မှ ခိုင်မာတဲ့ ချေပချက်များအားဖြင့် အခြေအနေကို လှည့်ပြောင်းပစ်လိုက်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ကို စိန်ခေါ်ရဲခြင်းမရှိပါဘူး။ အကြောင်းက ဟာဇရတ် မေရ်ဇာ ဂူလာမ်အဟ်မဒ်သခင်က ထာဝရဘုရားရှင်နဲ့ မိမိကိုယ်တိုင် အဆက်အသွယ်ရှိကြောင်း ကြေငြာထားလို့ပါပဲ။ ဒါနဲ့ ဟာဇရတ် မေရ်ဇာ ဂူလာမ်အဟ်မဒ်သခင်က ဘယ်ကလဲ ?

(စကားပြော)ဟာဇရတ်မေရ်ဇာဂူလာမ်အဟ်မဒ်သခင်ကို အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် ကာဒီယန်ဆိုတဲ့ အရပ်မှာ ၁၈၃၅ ခုနှစ်မှာ ဖွားမြင်ခဲ့ပါတယ်။ သူ့ရဲ့ဖခင်ကတော့ မေရ်ဇာဂူလာမ် မွရ်တေဇာ ဆဟစ်ဗ် ဖြစ်ပြီး အစိုးရဝန်ထမ်းဖြစ်ပါတယ်။ ဖခင်ရဲ့ ဆန္ဒကတော့ သူ့ကိုအစိုးရဝန်ထမ်းလုပ်စေချင်ခဲ့ပါတယ်။ ဖခင်ရဲ့ စိတ်ဆန္ဒကြောင့်ပဲ သူဟာ အစိုးရဝန်ထမ်း အလုပ်ကို ကာလတစ်ခုထိအခိုက်အတန့်လုပ်ကိုင်ခဲ့ပြီး မကြာမီမှာပဲ အိမ်ကိုပြန်လာခဲ့ပြီး အဲ့ဒါကသူနဲ့ ကိုက်ညီအဆင်ပြေမှုမရှိကြောင်း ဖခင်ကိုပြောပြပါတယ်။ အဲ့ဒီအချိန်ကတည်းက သူ့ရဲ့စိတ်ဆန္ဒဟာ ဘာသာရေးဘက်ကိုသာယိမ်းညွတ်နေခဲ့ပါတယ်။

         သူ့ရဲ့ငယ်စဉ်ဘဝမှာတော့ လူတွေကသူ့ကိုမြင်တွေ့ရတဲ့အနေအထားက သူဟာဘုရားသခင်နဲ့ နီးစပ်တဲ့လက္ခဏာရှိကြောင်းပြောဆိုကြပါတယ်။ သူဟာဘာသာရေးစာပေတွေလေ့လာခြင်းထဲမှာပဲ နစ်မြုပ်နေတတ်တယ်။ သူဟာစနစ်တကျ ပညာသင်ပေးတာမျိုးတော့မခံခဲ့ရပေမဲ့ ပါရှန်ဘာသာနဲ့ အာရဗီဘာသာ ကိုတော့ ပညာရှင်အများအပြားထံမှ သင်ယူခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အသိပညာအများစုကိုကတော့ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ အစပိုင်းမှာတော့ သူ့ဘာသာသူလေ့လာလိုက်စားနေခဲ့ပါတယ်။ သို့ပေမယ့် တစ်နေရာမှာ သူပြောဆိုတာက “ အလ္လာဟ်အရှင်မြတ်က ညတစ်ညထဲနဲ့ သူ့ရဲ့အခြေအနေကို ပြောင်းလဲပစ်လိုက်တယ်” လို့ ပြောဆိုပါတယ်။ သူ့ရဲ့စာပေနဲ့စာအုပ်စာတန်းတွေမှာလည်း ဒီအကြောင်းအရာကိုပဲ အမြဲမီးမောင်းထိုးပြခဲ့ပါတယ်။ အဲ့ဒါကတော့ စစ်မှန်တဲ့ အသိဉာဏ်ပညာရဲ့အရင်းအမြစ်က ဗျာဒိတ်တော်သာလျှင်ဖြစ်ပြီး ယင်းကို အရှင်မြတ်ကိုယ်တော်တိုင် ပေးသနားတော်မူကြောင်းပဲဖြစ်ပါတယ်။

         ရွာလေးတစ်ရွာမှာနေထိုင်တဲ့လူရဲ့အသိဉာဏ်ပညာဟာ ပြောလောက်တဲ့အရာမဟုတ်ဘူးလို့ ပြောချင်ပြောနိုင်ကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့အထင်ကရ သမိုင်းပညာရှင်တစ်ဦးဖြစ်သူ အာနိုး တွိုင်ဘီက ဒီရွာငယ်မှာနေထိုင်တဲ့ မေရ်ဇာဂူလာမ်အဟ်မဒ်သခင်နဲ့ ပတ်သတ်ပြီးပြောဆိုတာက ….

“ ဒီလှုပ်ရှားမှုဟာ ကမ္ဘာ့နာမ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကွက်လပ်ကို အပြည့်အဝဖြည့်ဆည်းနိုင်ပါတယ် ” ဆိုတဲ့ အံ့မခန်း မှတ်ချက်ကိုပေးပါတယ်။

I)               ဘာသာတရားမဲ့ဝါဒ၊ ဘုရားမဲ့ဝါဒတွေဟာ အဲ့ဒီအချိန်မှာ ကြီးစိုးနေပါတယ်။ မွတ်စလင်လူငယ်တွေဟာ အနောက်တိုင်း ယဉ်ကျေးမှုနဲ့ လူနေမှုပုံစံတွေရဲ့ လွှမ်းမိုးမှုအောက်မှာပညာသင်ကြားခြင်းခံခဲ့ရပါတယ်။ ဒီကြီးမားတဲ့ ပြောင်းလဲချက်တွေကြောင့် ဟာဇရတ်မေရ်ဇာဂူလာမ်အဟ်မဒ်သခင်သုံးသပ်တာကအစ္စလာမ့်အသိဉာဏ်အရင်းအမြစ်တွေက ထုတ်နှုတ်ယူတဲ့ အသိဉာဏ်နဲ့ ဆက်စပ်တဲ့ရေးသားချက်တွေဟာ အကယ်၍ ခိုင်မာတဲ့ အကြောင်းအကျိုးပြချက်တွေအပေါ်အခြေခံထားမှုမရှိပါလျှင် အဲ့ဒါတွေဟာ အသုံးမဝင်ဖြစ်သွားပါလိမ့်မယ်။ ကျမ်းမြတ်ကိုရ်အာန်အရ သူထုတ်နှုတ်ပြတာက ဗျာဒိတ်ရကျမ်းစာရဲ့ သွန်သင်ညွှန်ကြားချက်တွေဟာ ရှိရင်းစွဲ သဘာဝဓမ္မဥပဒေနဲ့ ဆန့်ကျင်မှုမရှိရပါဘူး။ ၁၈၈ဝ ခုနှစ်မှာ သူ့ရဲ့ အထင်ကရဖြစ်လှတဲ့ ဘရာဟီနေအဟ်မဒီယာကျမ်းကို ပုံနှိပ်ခဲ့ပါတယ်။

(စကားပြော)ဘရာဟီနေအဟ်မဒီယာကျမ်းနဲ့ပတ်သတ်လို့ကတော့ ဒီကျမ်းစာကို ရန်သူ၊မိတ်ဆွေ အားလုံးက အ့ံအားတသင့် လက်ခံကြတယ်။ အကြောင်းက အဲ့ဒီအချိန်မှာ ဘာသာတိုင်းလိုလိုဟာ ဘာသာရေးမလိုအပ်ဘူးဆိုတဲ့လောကီရေးဝါဒနဲ့ ဘုရားတရားမယုံကြည်မှုဝါဒရဲ့ အန္တရာယ်တွေသက်ရောက်နေပြီး ဒီကျမ်းစာကတော့ ဘာသာတရားတွေကိုအရေးပေးကာကွယ်ထားလို့ပါပဲ။ ဒါ့ကြောင့် ဘရာဟီနေအဟ်မဒီယာကျမ်းကို လူတိုင်းလိုလိုကကြိုဆိုကြတယ်။ ဒါတင်မကပါဘူး။ လူတိုင်းကို အ့ံအားအသင့်ကြီး သင့်သွားစေတယ်။  ရန်သူတွေ (ခရိယာန်နှင့် အာရိယာ) ဟာ နားမလည်နိုင်ဖြစ်သွားတယ်။ ကြက်သေသေသွားတယ်။ ဘယ်လိုပြန်ဖြေရှင်းရပါ့မလဲဆိုပြီး စိတ်ရှုပ်ထွေးသွားကြတယ်။ ဟာဇရတ်မေရ်ဇာဂူလာမ်အဟ်မဒ်က အဲ့ဒီအချိန်မှာ ယခုလိုခိုင်မာတဲ့ ချေပမှုကိုပြုလုပ်ခဲ့တယ်။ တစ်ယောက်စ နှစ်ယောက်စကတော့ ဒါကိုချေပရေးဖို့ကြိုးစားပါတယ်။ ဒါပေမယ့်သူတို့အားလုံး ရေးသားဖို့ မတတ်နိုင်ခဲ့ကြပါဘူး။ ဒီလိုနဲ့ ဟာဇရတ်မေရ်ဇာဂူလာမ်အဟ်မဒ်ဟာ အစ္စလာမ့်ရဲ့ ခိုင်မာပြတ်သားတဲ့ တရားအလင်းပြသူအဖြစ်အခြေချပြီးဖြစ်လာခဲ့ပါတယ်။

J)      ဘာမှပြန်မပြောနိုင်လောက်အောင် ခိုင်မာတဲ့ချေပချက်တွေကို ဒီစာအုပ်ထဲမှာ တင်ပြထားပါတယ်။ အစဿစလာမ့်ရန်သူမည်သူတစ်ဦးတစ်ယောက်ကမှ ဒါကိုချေဖျက်နိုင်စွမ်းမရှိခဲ့ပါဘူး။ တကယ်တော့ ဒီကျမ်းကို ပြန်လည်ချေပဖို့ရာ မဖြစ်နိုင်တာကိုလည်းသူတို့ သိရှိသွားခဲ့ကြပါတယ်။

(စကားပြော)      သူမမှိတ်မသုန်ယုံကြည်တာက အစောပိုင်းကာလမှာ အစ္စလာမ်ဟာ ဓားကိုကိုင်ဆွဲပြီး တိုက်ခိုက်ခဲ့ရတယ်။ ယခုအချိန်ကာလမှာတော့ အကြောင်းအကျိုး ယုတ္တိဗေဒနဲ့တိုက်ခိုက်ရမှာဖြစ်တယ်။ စဦးအချိန်ကာလမှာ အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့တယ်။ ဓားကိုဓားနဲ့ပြန်တုံပြန်ခဲ့တယ်။ ယခုအချိန်မှာတော့ ဓားကိုဖယ်ပြီး ကလောင်ကိုကိုင်ဆွဲကာ အစ္စလာမ့်ရန်သူများကို ကလောင်လက်နက်နဲ့ ခုခံတိုက်ခိုက်မှာဖြစ်ပြီး ယင်းကိုသူ့ရဲ့အချိန်ကာလမှာပဲ သက်သေပြခဲ့ပါတယ်။ သိထားရမယ့် အချက်တစ်ခုက ကတိတော်လာမစီဟ်သခင်ဖော်ပြတဲ့အချက်အလက်ထင်ရှားမှုတွေဟာ အစ္စလာမ့်သဘောတရားတွေကို မိမိဘာသာ မိမိစိတ်သဘောနဲ့ ပြန်ဆိုတင်ပြတာတွေမဟုတ်ဘဲနဲ့ အချိန်ကာလများစွာကြာပြီးတဲ့နောက် ကိုရ်အာန်ကျမ်းစာနဲ့ တမန်တော်မြတ်သြဝါဒတော်တွေထဲက ပထမဆုံးပြန်လည်ကောက်နှုတ်ယူခြင်းပဲဖြစ်ပါတယ်။ ဤအချက်အလက်တွေဟာ မွတ်စလင််တွေရဲ့ ယုံကြည်မှုအရင်းအမြစ်ဖြစ်လာပါတယ်။ ဒီလိုပုံစံမျိုးနဲ့ ဒီ့အရင်ကဘယ်သူမှ ပြောဆိုနိုင်ခြင်းမရှိခဲ့ပါဘူး။ မွတ်စလင််တွေဟာ ခုခံရတဲ့အနေအထားနဲ့သာရှိနေခဲ့ပြီး ပုန်းလျှိုးနေကြရပါတယ်။ ယခုအခါမှာတော့ သူတို့ဟာ ဒါငါတို့ရဲ့ကိုရ်အာန်ကျမ်းစာ၊ ငါတို့ရဲ့တမန်တော်ဆိုပြီး ပြန်လည်ဂုဏ်ယူလာကြပါတယ်။ ဟာဇရတ်မေရ်ဇာဂူလာမ်အဟ်မဒ်ဟာ ဒီသက်သေအထောက်အထားတွေကို ကိုရ်အာန်ကျမ်းစာမှ ထုတ်နှုတ်ယူတယ်ဆိုတာ ခရိယာန်နဲ့ ဟိန္ဒူပညာရှင်တွေဟာ ယုံပင်မယုံကြည်နိုင်ခဲ့ပါဘူး။ ဟာဇရတ်မေရ်ဇာဂူလာမ်အဟ်မဒ်က သူတို့ရဲ့ ကိုယ်ပိုင်ကျမ်းစာတွေကနေ ယခုလိုထုတ်နှုတ်ယူနိုင်ရင် ထုတ်နှုတ်ကြဖို့ ပြောဆိုပါတယ်။ ဟာဇရတ်မေရ်ဇာဂူလာမ်အဟ်မဒ်က သူတို့ရဲ့ သမ္မာကျမ်းစာနဲ့ အခြားဘာသာရေးကျမ်းစာများထဲမှ ထုတ်နှုတ်ပြပြီး သူတို့ရဲ့အမှားအယွင်းကို ဖော်ထုတ်ပြသပါတယ်။ သူတို့ကို သူတို့ရဲ့သမ္မာကျမ်းစာနဲ့ သူတို့ရဲ့ကိုယ်ပိုင် အထောက်အထားတွေကို သုံးကာ သူတို့ရဲ့အမြင်တွေကို ပြန်လည်ချေပခဲ့ပါတယ်။ ဒီလိုနဲ့ ကျမ်းမြတ်ကိုရ်အာန်နဲ့ တမန်တော်မြတ်ရဲ့ မြင့်မားတဲ့အဆင့်အတန်းကို ပြန်လည်မြှင့်တင်ပေးခဲ့ပါတယ်။

K)ဟာဇရတ်မေရ်ဇာဂူလာမ်အဟ်မဒ်သခင်ဟာအစဿစလာမ့်ချန်ပီယံအဖြစ်ရပ်တည်ခဲ့ပာတယ်။ ဘရာဟီနေအဟ်မဒီယာကျမ်းကိုရေးသားထုတ်ဝေပြီးတဲ့နောက်ပိုင်းမှာ အစဿစလာမ့်မြင့်မားတဲ့အခြေအနေကို ပြန်လည်တည်ဆောက်လာနိုင်ရုံမျှမက အခြားဘာသာတွေရဲ့ အဆင့်အတန်းကိုလည်းမြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဘာသာရေးဆန့်ကျင့်မှုတွေရဲ့ ကျောရိုးကိုလည်း ရိုက်ချိုးပစ်လိုက်ပါတယ်။ ဘရာဟီနေ အဟ်မဒီယာစာအုပ်ထုတ်ပြီးပြီးခြင်းမှာပဲ အဲ့ဒီအချိန်ကထင်ရှားကျော်ကြားတဲ့ အဟ်လေဟဒီးစ်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူမော်လဝီ မိုဟမ္မဒ် ဟူစိန် ဘာတလဝီက အခုလိုကြိုဆိုတဲ့ မှတ်ချက်ကိုပေးပါတယ်။

“ကျွန်ုပ်တို့သဘောအရ ခေတ်သစ်ကာလ၏အမြင်ဖြင့်ပြောရလျှင် ဤစာအုပ်သည် အစ္စလာမ့်သမိုင်း၌ ပြိုင်ဘက်မရှိထူးခြားဆန်းကျယ်၍ ထင်ရှားပေါ်လွင်နေမည့် စာအုပ်ဖြစ်လေသည်။ နောင်ကာလကိုမူ အသျှင်မြတ်သာလျှင် သိတော်မူသဖြင့် ကျွန်ုပ်တို့က မည်သို့မျှ မပြောလိုသော်လည်း ရှေးယခင်က အစ္စလာမ်တရားတော်၏ အဆီအနှစ်ကို ဤစာအုပ်မှာကဲ့သို့ မည်သည့်ပုဂ္ဂိုလ်ကမှ ရေးသားတင်ပြခဲ့ခြင်းမရှိဘူးသေးပါ။”



(စကားပြော)          အစ္စလာမ်ဟာ အခုလိုအခြေအနေမျိုးမှာ ရောက်နေပါတယ်။ ဘယ်လိုလဲဆိုတော့ ကျမ်းမြတ်ကိုရ်အာန်ဟာ သူတို့(မွတ်စလင်)တွေရဲ့ နည်းပေးလမ်းပြဖြစ်သင့်ပေမယ့် ဒီကျမ်းစာကို အရေးမစိုက်ဘေးဖယ်ထားကြပါတယ်။ ဘာနဲ့အလားသဏ္ဍန်တူသလဲဆိုရင် စိန်ကောင်းတစ်လုံးကို ရွှံ့သုတ်ပြီး မြေကြီးထဲမြုပ်ထားသလိုပါပဲ။ အဲ့ဒါဟာ တောက်ပစွာ အလင်းပြန်နိုင်ခြင်းမရှိတော့သလို နှစ်သက်ဖွယ်လည်းမကောင်းတော့တဲ့အတွက် ဘယ်သူမှမလိုချင်တော့တဲ့အရာသဖွယ်ပါပဲ။ တမန်တော်မြတ်ရဲ့အနေအထားကလည်း အခုလိုအခြေအနေမျိုးရောက်နေပါတယ်။ တစ်ယောက်ယောက်က ထရပ်ပြီး တမန်တော်မြတ်နဲ့ ပတ်သတ်ပြီး ပြောချင်တာပြောမယ်။ မွတ်စလင်ဆိုသူတွေဟာ ပြန်လည်ချေပနိုင်ခြင်းမရှိဘဲသူတို့ရဲ့တွင်းထဲမှာပဲအောင်းနေရပါတယ်။ ဘရာဟီနေ အဟ်မဒီယာ စာအုပ်ထွက်ရှိလာတဲ့အခါမှာတော့ ကျမ်းမြတ်ကိုရ်အာန်ကို အကွယ်ကနေဆွဲထုတ်လိုက်ပြီး ကိုရ်အာန်ကျမ်းရဲ့ဆန်းသစ်မှုကို တဖန်ပြန်လည်တင်ပြပြီး ဘာသာအားလုံးရဲ့ အလယ်မှာ အစ္စလာမ်သာသနာရဲ့ မြင့်မားတဲ့ ဂုဏ်ဒြပ်ကို ပြန်လည်မြှင့်တင်ခဲ့ပါတယ်။

         ဒီစာအုပ်ဟာဘာသာရေးလောကမှာ တကယ့်ကိုကြီးကျယ်တဲ့အပြောင်းအလဲတစ်ခုကို ဖော်ဆောင်လိုက်ပါတယ်။ ဒီစာအုပ်ဟာ မွတ်စလင်တွေရဲ့ အတွေးအခေါ်အပေါ်မှာ တိုက်ရိုက် (သို့) သွယ်ဝိုက်ပြီး အကျိုးသက်ရောက်မှုရှိပါတယ်။ ဒီစာအုပ်ရိုက်နှိပ်ပြီးတဲ့နောက်ပေါ်ထွက်လာတဲ့ မွတ်စလင်ခေါ်င်းဆောင်တွေမှာ ဒီစာအုပ်ရဲ့ ထူးခြားတဲ့ သက်ရောက်မှုကို တွေ့ရပါတယ်။ စာအုပ်မထုတ်ခင်နဲ့ စာအုပ်ထုတ်ပြီးတဲ့နောက်မှာ ထူးခြားတဲ့ ခြားနားမှုတွေရှိလာပါတယ်။ ဒီစာအုပ်မရှိခင်က ခရိယာန်တွေဟာ ဘယ်လိုနည်းမျိုးနဲ့ အစ္စလာမ်သာသနာကို တိုက်ခိုက်နေတယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ ဒီစာအုပ်နဲ့ ဟာဇရတ်မေရ်ဇာဂူလာမ်အဟ်မဒ် ရဲ့ ရှင်းလင်းပြသမှုတွေဟာ ဘာသာရေးအရ အစ္စလာမ်ကို တိုက်ခိုက်မှုတွေအားလုံးရဲ့အရှေ့မှာ တံတိုင်းတစ်ခုကာရံထားလိုက်သလို အကွာအကွယ်ရပြီး လုံခြံုသွားပါတယ်။

L)      ထာဝရဘုရားရှင်အလ္လာဟ်အရှင်မြတ်က မွတ်စလင်တွေကို ကောလိပ်တွေ၊ ကော်မတီတွေ၊ အဖွဲ့အစည်းတွေက တဆင့်ပြုပြင်ပြောင်းလဲမှုပြုလုပ်ဖို့အတွက် မလိုလားခဲ့ပါဘူး။ ထာဝရဘုရားသခင်က ဝိဉာဉ်ရေးရာနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို တမန်တော်မြတ် မိုဟမ္မဒ် သခင် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) ရဲ့ မဆီဟ်မှ တဆင့်ပဲ ပြုလုပ်လိုခဲ့ပါတယ်။ ပွင့်ပေါ်လာမယ့် မဆီဟ် အားဖြင့်သာလျှင် မွတ်စလင်တွေရဲ့ ဝိဉာဉ်ရေးရာဘဝအသက်ကို ပြန်လည်သင်ကြားပေးမှာဖြစ်ပါတယ်။
ဒီလိုနဲ့ အစဿစလာမ့်ရဲ့ အမှောင်မိုက်ဆုံးအချိန်မှာ ဟာဇရတ် မေရ်ဇာ ဂူလာမ်အဟ်မဒ် ကတိတော်ရ မဆီဟ်သခင်ဟာ အစ္စလာမ့်ယုံကြည်မှုကို ကာကွယ်သူအဖြစ် အမှန်တရားရဲ့ မီးပြတိုက်သဖွယ် လင်းဝင်းပေါ်ထွက်ခဲ့ပါတော့တယ်။


Janhangeer Khan Sub စီစဉ်ရေးသားသော Defender of Faith Movie Clip ကို သင့်လျှော်အောင်ဘာသာပြန်ဆိုပါသည်။ ဗီဒီယို ဖိုင်နှင့် တွဲဖတ်ရှုပါရန်။

Movie Clip URL=>http://www.youtube.com/watch?v=0PX2QfTdSQE

Sunday, September 23, 2012

ယူကေ၊ အဟ်မဒီယာမွတ်စလင်မ် နှစ်ပတ်လည်ညီလာခံ : အစ္စလာမ့်ခလီဖာကိုးကားတင်ပြခဲ့သော ဂျော်ဒေဗင်ပို့ထ်၏ An Apology for Mohammed and the Koran

၂၀၁၂ ခုနှစ်၊ ယူကေနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၊ နှစ်ပတ်လည်ညီလာ ခံ၌ မြွက်ကြားခဲ့သော အစ္စလာမ့်ခလီဖာ၊ ဟာဇရသ်မီရ်ဇာ မဆ်ရူးအဟ်မဒ် ایدہ الله تعالى بنصرہ العزیز ၏ နိဂုံးချုပ်မိန့်ခွန်း။

အစ္စလာမ့်ခလီဖာမှ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့အား တည်ထောင်ခဲ့သူ အရှင်သူမြတ် ကတိတော်လာ မဆီဟ်နှင့်မဟ်ဒီဘွဲ့ခံ ဟာဇရသ်မီရ်ဇာဂူလာမ်အဟ်မဒ် علیه السلام က ၎င်း၏ ကိုယ်ပိုင်ရေးသားမှုများတွင် ထည့်သွင်းဖော်ပြခဲ့သော အနောက်တိုင်းစာရေးဆရာ ဂျော်ဒေဗင်ပို့ထ်၏ An Apology for Mohammed and the Koran ဆိုသည့်စာအုပ်မှ ဖော်ပြထားချက်များအား မိန့်ခွန်းတွင် ထပ်ဖန်တလဲလဲ ကိုးကားသွားခဲ့ပါသည်။

အစ္စလာမ့်ခလီဖာကိုးကားခဲ့သော ဖော်ပြချက်မှာ -

`ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ၊ ဘာသာရေးယုံကြည်မှုပိုင်းဆိုင်ရာ ဆိုးဝါးသော လုပ်ရပ်များသည် ခရစ်ယာန်များနှင့် ယဟူဒီများထံတွင် ရှိပြီးဖြစ်၏။ ၎င်းတို့သည် ကာလတစ်ခုအရင်ကပင် အာရေဗျကျွန်းဆွယ်များ၌ လာရောက်အခြေချ နေထိုင်ခဲ့ကြ၏။ ၎င်းတို့သည် အလွန်ကြီးစွာသော အင်အားများဖြင့် အုပ်စုများ ဖွဲ့ထားကြ၏။ ထိုစဉ်က ခရစ်ယာန်သာသနာထက်ပို၍ ၀မ်းနည်းစိတ်ပျက်ဖွယ်ကောင်းသောအရာဟူ၍ တွေးတောကြံဆနိုင်မည်ပင် မဟုတ်ချေ။ အမှန်တကယ်တွင် ခရစ်ယာန်ကျမ်းစာပြဆရာများ၏ ဆိုးဝါးသော လုပ်ရပ်များကြောင့် ဉာဏ်ပညာထက်သန်သော လူပုဂ္ဂိုလ်များက သာသနာကို ရွံမုန်းလာကြ၏။ ရှေးယခင် သူတော်စင်များ၊ ၎င်းတို့၏ တန်ခိုးပြာဋိဟာများနှင့် စပ်လျဉ်း၍ သူတို့ပြုလုပ်ဖန်တီးထားသော လီဆည်လုပ်ကြံမှုများနှင့် အထူးသဖြင့် ခရစ်ယာန် ဓမ္မဆရာများ၏ မမှန်ကန်သော ပြုကျင့်မှုများက အာရေဗျမြေ၌ ဘုရားကျောင်းများကို လူသူဆိတ်သုဉ်းသွားစေခဲ့၏။ အခြားတစ်ဘက်တွင် အာရှနှင့် အာဖရိကရှိ ခရစ်ယာန်များကို ကြည့်ပြန်လျှင်လည်း ကစဉ့်ကလျား ဖြစ်နေသော ချာချ်ကျောင်းများ၌ အမျိုးမျိုး ကွဲပြားလျှက် ရှိသည်ကို တွေ့ရဦးမည်။ ယင်း၌ လွန်စွာအဓိပ္ပာယ်ကင်းမဲ့သော အသစ်တီထွင်မှုများနှင့် စိတ်ကူးယဉ်လုပ်ရပ်များကို ကျင့်သုံးလျှက်ရှိကြ၏။´

`၎င်းတို့သည် အစဉ်သဖြင့် ကွဲလွဲမှုများကို ရှာဖွေနေကြပြီး ယင်းကြောင့် သူတို့သည် အစိတ်စိတ်အမွှာမွှာ ဖြစ်လျက်ရှိ၏။ အတိုးစားခြင်း၊ ဇိမ်ခံပျော်ပါးခြင်း၊ လူသားမဆန်ခြင်းနှင့် အသိတရားမဲ့ခြင်း အစရှိသည်တို့ကို ခရစ်ယာန် ဓမ္မဆရာများ၌ တွေ့ရသောအခါ ယင်းသည် ခရစ်ယာန်သာသနာအတွက် အလွန်ကြီးစွာသော ပြဿနာရပ်တစ်ခုဖြစ်နေ၏။ ထို့အပြင် ၎င်းတို့သည်ပင် ကမ္ဘာအနှံ့အပြား၌ လူသားတို့အတွင်း ဇိမ်ခံပျော်ပါးမှု နည်းလမ်းကို မိတ်ဆက်ပေးခဲ့၏။ အာရေဗျ၏ သဲကန္တာရသည် မိုက်မဲမှုများ၊ အသိဉာဏ်ကင်းမဲ့သော တရားဇရပ်များ၊ ရသေ့ချောင်များဖြင့် ပြည့်လျှက်ရှိ၏။ ထိုသူတို့သည် ဘဝကို အချည်းနှီး အဓိပ္ပာယ်မဲ့ ဖြုန်းတီးဖျက်ဆီးပစ်နေကြပြီး သူတို့၏ ဦးနှောက်အတွင်း၌ ရံဖန်ရံခါ အလွန်အန္တရာယ်ကြီးမားသော အတွေးစိတ်ကူးများ ပေါ်ပေါက်လာလေ့ရှိ၏။ ဤသို့ဖြင့် အများစုမှာ အတွေးပေါက်လျှက် ပြဿနာဖန်တီးရန်အလို့ငှာ မြို့ရွာများအတွင်းသို့ လက်နက်ကိုင်ဝင်ရောက်ကြ၏။ ဘုရားကျောင်းများ၌ သူတို့ကိုယ်တိုင် ကြံစည်ထားသော အတွေးအခေါ်များကို ၀ါဒဖြန့်ပြောဆိုကြ၏။ ထို့အပြင် သူတို့၏ အယူအဆများကို ဓားလက်နက်ကိုင် ချိမ်းခြောက်၍ လူအများအား လက်ခံစေ၏။ အလွန်ကြီးစွာသော ရုပ်တုကိုးကွယ်မှုကြီးက ယေရှုခရစ်တော် သင်ကြားခဲ့သော တုဖက်နှိုင်းယှဉ်ရာမရှိ၊ တစ်ပါးတည်းသော `ရာဟ်မာန်´ဂုဏ်တော်ရှင်အား ကိုးကွယ်မှုနေရာကို ၀င်ယူထား၏။´ တစ်ဖန် သူရေးသားသည်မှာ- `အဆောင်အဖွဲ့များနှင့် သူတို့စိတ်ကူးအတိုင်း ရေးဆွဲထားသော ပုံများသည် သူတို့ စိတ်ကြိုက်ဘုရားများ ဖြစ်လာခဲ့၏။ စင်စစ် ၎င်းတို့အား ယေရှုခရစ်တော်က တစ်ပါးတည်းသောအရှင်၊ ထာဝရရှင်သန်တော်မူသောအရှင်အား ကိုးကွယ်ရန်သာ သင်ကြားပေးခဲ့ခြင်းဖြစ်၏။ ဤသည်ကို ယေရှု၏ ချာခ်ကျောင်းတော်ဝါဒီများက အလက်ဇန်ဒရီးယားရှိ အလက်ပိုနှင့် ဒမတ်စကပ်တို့၌ ပြသခဲ့၏။´
တစ်ဖန်သူရေးသားသည်မှာ- '' မိုဟမ္မဒ်(ဆွ) ပွင့်ပေါ်ချိန်တွင်ကား ဘာသာတရားအားလုံးသည် မိမိတို့၏ အခြေခံပင်မ သွန်သင်ချက်များမှ ဖယ်ခွာပြီး သာသနာအသစ်များကို တီထွင်ထားကြလျှက် အဆုံးမရှိသော စစ်ပွဲများကို ဆင်နွှဲလျှက်ရှိကြ၏။ အာရေဗျတိုင်းသားတို့ မြင်တွေ့နိုင်၏။ သာသနာတိုင်းသည် သူတို့နှင့်ဆိုင်ရာ ကျမ်းဂန်များ၌ လာရှိသော အခြေခံပင်မအချက်မှ ဖယ်ခွာသွားပြီဖြစ်၏။ ဘုရားရှင်အား စိတ်ဖြူစင်စွာဖြင့် ခဝပ်ကိုးကွယ်ခြင်းကို အချည်းနှီးလုပ်ရပ်တစ်ခုမျှလောက်သာ သဘောထားလာကြ၏။ ထိုစဉ်က ခရစ်ယာန်သာသနာသည်လည်း တစ်ခေတ်တည်းရှိသည့် ရုပ်တုကိုးကွယ်သူများထက် ဘာမျှ သာလွန်ထူးခြားမှုမရှိချေ။ '' (An apology for Muhammed and Quran –John Davenport - 1882 Pg 2-4)

အစ္စလာမ့်ခလီဖာ၊ ဟာဇရသ်မီရ်ဇာ မဆ်ရူးအဟ်မဒ်မိန့်ကြားခဲ့သော မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


Monday, September 17, 2012

ခေတ်စားနေသော အန္တီ အစ္စလာမ်ရုပ်ရှင်၏ ကျောဘက်ဝယ်..

နာကောက်လာအား ရဲများက စစ်ဆေးမေးမြန်းရန် နေအိမ်မှ ခေါ်ထုတ်လာစဉ်


အမှန်တရားသည် ခုတုံးလုပ်အခံရဆုံးနှင့် ခါးသီးမှုမြင့်မား

အမှန်တရားသည် ခါးသီး၏၊ ခုတုံးလုပ်ခံ ရ၏၊ ရောဂါပျောက်ကင်းရေး အတွက် ဆေးစွမ်းကောင်း တလက်ဖြစ်၍ ရောဂါကျွမ်းနေသော ခန္ဓာများအတွက်မူ ပို၍ပင်ခါးသီးသေး၏။

အစ္စလာမ်သာသနာအား ခုတုံးလုပ်ကာ နာမည်ကျော်ကြားရေး၊ သူတစ်ပါးနိုင်ငံအား သယံဇာတရရှိရေး အလို့ငှာ ကျူးကျော်ရန်စရေးစသည်များနှင့် အခကြေးငွေရယူကာ အသရေဖျက်လုပ်ငန်းများလုပ်ဆောင် လျက်ရှိသည်မှာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါကြီး ပေါ်ထွက်လာလျက်ရှိပါသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ဆလ်မန်ရက်ရှ်ဒီ၏ အစ္စလာမ့်အသရေဖျက် ၀တ္ထုစာအုပ်၊ ကနေဒါနိုင်ငံသား စာရေးဆရာမ အိရ်ရှက် မန်ဂျီ၏ သည်ထရောက်ဘဲလ်ဝိသ် အစ္စလာမ် စသည့် စာအုပ်များ ထွက်ပေါ်လာခဲ့ဖူးသည်။ ဆလ်မန်ရှက်ရှ်ဒီက ဆာဘွဲ့ ရရှိခဲ့သလို မန်ဂျီမှာလည်း ၂၁ ရာစု၏ အကျော်ကြားဆုံး အမျိုးသမီးဆုအဖြစ် Ms Magazine က ရွေးချယ်မှုခံခဲ့ရသည်အထိ အနေအစားပြေလည်မှု များကိုသာမက ထင်ပေါ်မှုများကိုပါ တပွေ့တ ပိုက်ကြီး ရရှိသွားကြတော့သည်။

ထို့အတူ အန္တီအစ္စလာမ်မစ် ခရစ်ယာန်ဘုန်းကြီး တယ်ရီဂျုံးစ်မှာလည်း အလွန်တရာသေးငယ်လှသော ချာ့ချ်မှ ဘုန်းကြီးဖြစ်နေသော်လည်း အန္တီအစ္စလာမ်မစ်လုပ်ရပ်များကြောင့် အလွန်တရာ ကျော်ကြားလာကာ အနေအစားချောင်လည်ပြီး လူအများစု၏ထောက်ပ့ံမှုကိုပါ ရရှိလာခဲ့ရသည်။

ယခုတဖန် အန္တီအစ္စလာမ်မစ်ရုပ်ရှင်ကို ရိုက်ကူးဖြန့်ချိသူမှာလည်း ငွေကြေးလိမ်လည်မှုများ၊ မူးယစ်ဆေးဝါးမှုများ၊ ဒေဝါလီခံမှုများစသည့် ရာဇဝတ်မှုများစွာကို ကျူးလွန်ထားသူဖြစ်ပြီး ၄င်း၏နောက်ကွယ်တွင် ကြိုးကိုင်လှုပ်ရှားနေသည့် ကြေးရတက်အန္တီအစ္စလာမ်မစ်များ ရှိနေနိုင်ကြောင်း ခန့်မှန်းချက်ကိုမူ မည်သူမျှ ငြင်းချက်ထုတ်နိုင်လိမ့်မည်မဟုတ်ပါ။

အန္တီအစ္စလာမ်ရုပ်ရှင်

ယူနိုက်တက်ကင်းဒမ်းနိုင်ငံထုတ် ဒေးလီးမေးလ် သတင်းစာမှ စက်တင်ဘာ ၁၅ ရက်၊ ၂၀၁၂ နေ့စွဲဖြင့် အန္တီအစ္စလာမ်မစ် ရုပ်ရှင်ဖန်တီးသူအား ရဲများကစစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးမေးမြန်းရန် ယင်းအန္တီအစ္စလာမ်မစ် ရုပ်ရှင်ဖန်တီးသူကို နေအိမ်မှ ခေါ်ထုတ်လာစဉ် ၄င်းက မိမိ၏မျက်နှာအား အဝတ်ဖြင့် ပတ်ဆီးလျက် ရှက်ရွ့ံစွာဖြင့် လိုက်ပါလာကြောင်း သတင်းတင်ပြထားသည်။ (http://www.dailymail.co.uk/news/article-2203663/Nakoula-Basseley-Nakoula-Interviewed-police.html)

အန္တီအစ္စလာမ်မစ် ရုပ်ရှင်ဖန်တီးသူမှာ နာကောက်လာ ဘတ်ဆဲလေ နာကောက်လာဆိုသူ၊ အီဂျစ်လူမျိုး အမေရိကန်နိုင်ငံသား ကော့ပ်တစ်ခရစ်ယာန်တစ် ဦးဖြစ်သည်။ သူသည် “အင်နိုးဆင့် မွတ်စလင်မ် (စ်)” ဟု အမည်ပေးထားသော အန္တီအစ္စလာမ်မစ် ရုပ်ရှင်အား ဇတ်ညွှန်းရေးသူ၊ ထုတ်လုပ်သူနှင့် ဖြန့်ချိသူအဖြစ် သတ်မှတ်ခြင်းခံထားရသည်။ သူ၏ရုပ်ရှင်ကို ဇူလိုင်လ ၂ ရက်နေ့၊ ၂၀၁၂ က ယူတျူဗ်(Youtube) ပေါ်တွင် ထရေလာ ၁၅ မိနစ်စာခန့် တင်ထားသည်။ ထိုဖလင်အား အာရဗစ်ဘာသာစကားဖြင့် တင်ဆက်ပြသပြီးနောက်တွင်မူ အမေရိကန်နိုင်ငံ သံရုံးများ တိုက်ခိုက်ခြင်းခံရတော့သည်။

နာကောက်လာ ဘတ်ဆဲလေ နာကောက်လာ



နာကောက်လာသည် အကျဉ်းသားရာဇဝတ်ကောင်ဖြစ်ခဲ့ဖူးကြောင်း အမေရိကန် ဖယ်ဒရယ်ဗျူရို ၊ အကျဉ်းဦးစီးဌာနမှ ဖော်ပြထားစဉ်

အထက်ပါပုံကို www.bop.gov တွင် ကြည့်ရှုနိုင်ပါသည်။

နာကောက်လာသည် အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိစ်ဧရိယာတွင် နေထိုင်သည်။ ဗွီအိုအေအင်တာ ဗျူးတစ်ခုတွင် နာကောက်လာက မိမိကိုယ်ကို ကိုင်ရိုတက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရတစ်ဦးဖြစ်ကြောင်း ဆိုခဲ့သည်။

လော့အိန်ဂျလိစ်တိုင်းမ်စ် သတင်းဖော်ပြချက်အရ နာကောက်လာသည် မူးယစ်ဆေးနှင့် ငွေကြေးမတရားရယူရန် ကြိုးစားမှုများစသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။ နာကောက်လာသည် ငွေကြေးမတရားရယူသည့် ရာဇဝတ်မှုမကျူးလွန်မီက ငွေကြေးပြဿနာအခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ လော့အိန်ဂျလိစ် ကောင်တီ၊ စာရင်းစစ်အဖွဲ့ရုံး၏ မှတ်တမ်းအရ နာကောက်လာသည် နိုင်ငံတော်နှင့် ဖယ်ဒရယ်ပြည်နယ်ဆိုင်ရာ အခွန်ငွေများကို ပေးချေခြင်းမရှိသည့် အမှုကိုလည်း ကျူးလွန်ထားကြောင်း သိရသည်။  ၁၉၉၆ တွင် နာကောက်လာဦးစီးသော ဓာတ်ဆီဆိုင်သည် ဒေါ်လာ ၁၉၄၀၀၀ ကျော် အခွန်ငွေပေးဆောင်ရန် ကျန်ရှိထားကြောင်း သိရသည်။ ထို့ပြင် ၁၉၈၉ မှ ၁၉၉၂ ထိ ဒဏ်ကြေးငွေများနှင့် အတိုးများပေးဆောင်ရန်လည်း ရှိနေကြောင်း သိရသည်။ အခွန်ငွေအပြင် အခြားပေးဆောင်ရန်ရှိနေသော အကြွေးများစုစုပေါင်းမှာ ဒေါ်လာ ၅၉၀၀၀ နီးပါးရှိသည်။ နာကောက်လာသည် ၂၀၀၀ ခုနှစ်ကလည်း အမေရိကန်ဘဏ် (Bank of America) တွင် ဒေါ်လာ ၁၆၆၅၀၀ အကြွေးတင်နေသဖြင့် ဒေဝါလီခံခဲ့ဖူးသည်။

သည်ဒေးလီးဘိစ်သတင်းစာကမူ နာကောက်လာသည် ၁၉၉၇ ခုနှစ်၌ လော့အိန်ဂျလိစ်ကောင်တီရဲအဖွဲ့၏ ဖမ်းဆီးမှုကို ခံခဲ့ရဖူးကြောင်း၊ အကြောင်းမှာ အက်ဖက်ဒရင်းမူးယစ်ဆေးဝါး၊ ဟိုက်ဒရီအော်ဒစ်အက်ဆစ်နှင့် ငွေစက္ကူဒေါ်လာ ၄၅၀၀၀ လက်ဝယ်တွေ့ရှိရ၍ ဖြစ်ကြောင်း၊ ၄င်းပြင် သူသည် မသာမ်ဖတာမင်းခေါ်သည့် မူးယစ်ဆေးဝါးတစ်မျိုးကို ထုတ်လုပ်ရန် ကြိုးပမ်းမှုဖြင့် စွဲချက်တင်ခံရဖူးကြောင်း သိရသည်။ (http://www.thedailybeast.com/articles/2012/09/13/mohammed-movie-s-mystery-director.html

၁၉၉၇ တွင်ပင် နာကောက်လာက အပြစ်ရှိကြောင်းဝန်ခံပြီး အသနားခံသဖြင့် လော့အိန်ဂျလိစ်ကောင်တီအကျဉ်းထောင်တွင် တစ်နှစ်အကျဉ်းချခံခဲ့ ပြီး ကျန်သည့် သုံးနှစ်ကိုမူ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ လော့အိန်ဂျလိစ်ကောင်တီ ရာဇဝတ်မှု ရှေ့နေဌာန၏ မှတ်တမ်းများအရ နာကောက်လာသည် ၂၀၀၂ ခုနှစ်တွင် ဆိုင်းငံ့ပြစ်ဒဏ် အတွက် လျော့ပေါ့ပေးမည့် အမူအကျင့်ဆိုင်ရာ အခြေအနေကို ချိုးဖောက်ခဲ့သဖြင့် နောက်ထပ်တစ်နှစ် အကျဉ်းချခံခဲ့ရကြောင်း သိရသည်။ (http://www.nytimes.com/2012/09/14/us/origins-of-provocative-video-are-shrouded.html) (http://www.huffingtonpost.com/2012/09/13/innocence-of-muslims-filmmaker-nakoula-basseley-nakoula_n_1880706.html)


၂၀၁၀ တွင် နာကောက်လာသည် ဖယ်ဒရယ်အစိုးရ၏ ဒဏ်ကြေးငွေများကို ပေးဆောင်ရန် ဆန္ဒမရှိဘဲ အသနားခံခဲ့သဖြင့် ဒဏ်ငွေကို ရ၉၄ ရ၀၁ ဒေါ်လာပေးဆောင်ရန် ပြန်လည် ပြဌာန်းပေးခဲ့သည်။ အမေရိကန်နိုင်ငံ ရာဇဝတ်မှု လက်ထောက်ရှေ့နေ၊ ဂျနီဖာ လိုင်းဝီလီယံက နာကောက်လာသည် သူတစ်ပါး၏ကိုယ်ရေးမှတ်တမ်းနှင့် လုံခြုံရေးနံပါတ်များခိုးယူပြီး ဘဏ်စာရင်းဖွင့်ခဲ့ဖူးကြောင်း၊ ထိုသို့ဖြင့် အေတီအမ်စက်များတွင် ယင်းလုံခြံုရေးနံပါတ်များထည့်ကာ ငွေထုတ်ယူခဲ့ကြောင်း၊ ထိုသို့ လုံခြံုရေးနံပါတ်ခိုးယူမှုများထဲတွင် ၆ နှစ်အရွယ် ကလေးတစ်ဦး၏ ပိုင်ဆိုင်မှုကို ခိုးယူခဲ့ခြင်းမျိုးလည်း ပါ၀င်ကြောင်း ထုတ်ဖော်တင်ပြခဲ့သည်။

နာကောက်လာသည် ဖယ်ဒရယ်အကျဉ်းထောင်တွင် ၂၁ လတိတိအကျဉ်းချခံခဲ့ရသည်။ နာကောက်လာသည် ၂၀၁၁ ဇွန်တွင် ထောင်မှလွတ်လာခဲ့ပြီးနောက် ၅ နှစ်အတွင်း အင်တာနက်နှင့် ကွန်ပျူတာကို စောင့်ကြည့်ရှေ့နေ၏ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုခွင့်ရခဲ့ကြောင်း၊ နာကောက်လာသည် သူ၏ အန္တီအစ္စလာမ် ရုပ်ရှင်မရိုက်မီ ရက်သတ္တပတ်အနည်းငယ် ခန့်ကမှ (အကျင့်စာရိတ္တနှင့်အမူအကျင့်ဆိုင်ရာ) ပြန်လည်ပြုပြင်ရေးစခန်းမှ လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။ (http://www.thesmokinggun.com/file/nakoula-charges)


အင်နိုးဆင့် မွတ်စလင်မ် (စ်)

နာကောက်လာကမူ “အင်နိုးဆင့် မွတ်စလင်မ် (စ်)” ရုပ်ရှင်အား မိမိဒါရိုက်တာလုပ်ထားခြင်းမဟုတ်ဟု ငြင်းဆိုထားသည်။ ၄င်းဖလင်တွင် ဒါရိုက်တာမှာ Sam Bacile ဆိုသူဖြစ်ပြီး ဂါးဒီးယန်းနှင့် အခြားဆက်စပ်သတင်းများကမူ အင်တာဗျူးတစ်ခုအတွက် Sam Bacile  အသုံးပြုခဲ့သည့် ဖုန်းနံပါတ်မှာ နာကောက်လာ၏ လိပ်စာနှင့် ဆင်တူနေကြောင်း ဖော်ပြခဲ့ကြ သည်။ 

၁.http://www.guardian.co.uk/world/2012/sep/13/anti-islamic-film-us-nakoula 

၂.http://www.npr.org/blogs/thetwo-way/2012/09/12/161003427/what-we-know-about-sam-bacile-the-man-behind-the-muhammad-movie 

၃.http://www.sgvtribune.com/news/ci_21530557/movie-that-set-off-violence-middle-east-produced

နာကောက်လာအသုံးပြုခဲ့ဖူးသည့် အခြားအမည်တုများမှာလည်း Sam Bacile ဟူသည့် အသံထွက်မျိုးနှင့် ခပ်ဆင်ဆင်ဖြစ်နေကြောင်း သိရသည်။ အမည်မဖော်ပြလိုသည့် ဖယ်ဒရယ် တရားရုံးတာဝန်ရှိသူများကမူ နာကောက်လာကို ထိုအန္တီအစ္စလာမ်ရုပ်ရှင်အား ကြိုးကိုင်ရိုက်ကူးသူအဖြစ် သတ်မှတ်ကြသည်။ စက်တင်ဘာ ၁၅ ရက်၊ ၂၀၁၂ နေ့ကမူ ရဲများက နာကောက်လာကို စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခဲ့သည်။

ထိုအန္တီအစ္စလာမ်ရုပ်ရှင်တွင် အဓိကဇတ်ကောင် မင်းသမီးနေရာမှ ပါ၀င်သရုပ်ဆောင်ထားသည့် အမည်မဖော်လိုသည့်သူကမူ သူမအနေဖြင့် ရုပ်ရှင်တွင်ပါ၀င်သည့်အချက်အလက် အစစ်အမှန်များကို မသိရှိခဲ့ရဘဲ သူတစ်ပါး၏ကွပ်ကဲမှုကို ခံခဲ့ရကြောင်း၊ သူမအနေဖြင့် ရုပ်ရှင်တွင် သရုပ်ဆောင်ဖို့ သဘောတူပြီးသည်အထိ ရုပ်ရှင်ပါအကြောင်းအရာများ ကို သိရှိခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ယူကေထုတ် ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။ (http://www.dailymail.co.uk/news/article-2203663/Nakoula-Basseley-Nakoula-Interviewed-police.html)

ရုပ်ရှင်တွင် ပါ၀င်ခဲ့သူ ဆင်ဒီလီးဆိုသူကလည်း သူမအနေဖြင့် ထုတ်လုပ်သူ၏ အမုန်းတရားရည်ရွယ်ချက်များကို မသိရှိခဲ့ကြောင်းနှင့် ရုပ်ရှင်ကိုလည်း အန္တီအစ္စလာမ်မစ်ဖြစ်စေဖို့ ဖြတ်တောက်ပြင်ဆင်မှုများ ရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။ (http://www.dailymail.co.uk/news/article-2203663/Nakoula-Basseley-Nakoula-Interviewed-police.html)

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကမူ ထိုရုပ်ရှင်ဒါရိုက်တာအမည်ခံ Sam Bacile မှာ မီဒီယာအများစု၏ အင်တာဗျူးခြငး်ကို ခံခဲ့ရသည်။ Sam Bacile က ဝေါလ်စထရိဂျာနယ်သို့ မိမိသည် ကာလီဖိုးနီးယားတွင်နေထိုင်သည့် အသက် ၅၂ နှစ်အရွယ်၊ အစ္စရေးလူမျိုး အိမ်ယာခြံမြေတီထွင်လုပ်ဆောင်သူဖြစ်ကြောင်း၊ သူ့အဖြင့် ဂျူးလူမျိုးအလှူရှင် ၁၀၀ ခန့်မှ ထည့်ဝင် လှူဒါန်းထားသည့် ဒေါ်လာ ၅ မီလီယံဖြင့် ယင်းအန္တီအစ္စလာမ်ရုပ်ရှင်ကို ရိုက်ကူးခဲ့ကြောင်း ပြောဆိုခဲ့သည်။ (http://online.wsj.com/article/SB10000872396390443884104577647691429314660.html?mod=googlenews_wsj)

ရုပ်ရှင်တွင်ပါ၀င်သရုပ်ထားသည့် သရုပ်ဆောင်များကမူ ၄င်းတို့အားလုံးစုပေါင်းထားသည့် ကြေငြာချက်တစ်ခုကိ ထုတ်ပြန်ခဲ့ရာ ထိုကြေငြာချက်တွင် မိမိတို့အား Sam Bacile ဆိုသူက လှည့်ဖျားခဲ့ကြောင်း ဖော်ပြထားသည်။  (http://gawker.com/5942748/it-makes-me-sick-actress-in-muhammed-movie-says-she-was-deceived-had-no-idea-it-was-about-islam)

ထိုရုပ်ရှင်တွင် ကုရ်အာန်ကျမ်းစာအားမီးရှို့မှုများအဆက်မပြတ်လုပ်ဆောင်ခဲ့ဖူးသည့် အလွန်တရာသေးငယ်လှသော ချာ့ချ်၏ ခရစ်ယာန်ပါစတာဖြစ်သူ တယ်ရီဂျုံးပါ၀င်နိုင်ကြောင်းလည်း သံသယရှိနေကြသည်။ (http://video.msnbc.msn.com/msnbc/49004610/#49004610)

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

Twitter Delicious Facebook Digg Stumbleupon Favorites More

 
-