Sunday, June 7, 2020

ကနေဒါမှာကျင်းပတဲ့ အွန်လိုင်း ခလီဖာနေ့ အခမ်းအနား

အဟ်မဒီယာ ခလီဖာစနစ် တည်ထောင်တာ (၁၁၂) နှစ်မြောက်နေ့ အဖြစ် ကနေဒါနိုင်ငံအနှံ့မှာ ဂျလ်ဆာ (အခမ်းအနား) တွေကျင်းပနေခဲ့ကြပါတယ်။ ဒီနှစ်မှာ အခမ်းအနားတွေကို သက်ဆိုင်ရာ ဒေသအသီးသီးက အဖွဲ့ခွဲတွေမှာပဲ ကျင်းပကြပါတယ်။
 
ကိုဗစ် -၁၉ ကာကွယ်ရေးအကြောင်းပြုပြီး ကနေဒါက အဟ်မဒီယာ ဂျမာအတ် တော်တော်များများမှာ အွန်လိုင်းဆွေးနွေးပွဲ၊ အခမ်းအနားတွေ အသုံးပြုမှု တွင်ကျယ်လာပါတယ်။ အောက်ခြေကနေ ဗဟိုအထိ လစဉ်တွေ့ဆုံဆွေးနွေးမှုတွေကိုလည်း အင်တာနက်အသုံးပြုပြီး အွန်လိုင်းကနေ ပြုလုပ်ကြပါတယ်။
 
ပြီးခဲ့တဲ့အတောအတွင်းမှာ ကနေဒါနိုင်ငံရဲ့ အဟ်မဒီယာ ဗဟိုဌာနချုပ် စီစဉ်ပြီး အွန်လိုင်းအခမ်းအနားတွေ အများအပြားပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ခလီဖာနေ့အခမ်းအနားတွေကိုတော့ သက်ဆိုင်ရာ ဂျမာအတ်အသီးသီးမှာပဲ ပြုလုပ်လေ့ရှိကြပါတယ်။ ကနေဒါ Castlemore ဂျမာအတ်က မေလ (၂၇) ရက်နေ့က ဒီအခမ်းအနားကို အွန်လိုင်းအသုံးပြုပြီး ကျင်းပခဲ့ပါတယ်။ အခမ်းအနားကျင်းပမယ့် အချိန်ကို ကြိုတင်ကြေငြာထားပြီး တက်ရောက်ဖို့အတွက် ဆက်သွယ်တဲ့ လင့် (Invitation Link) တွေကို အီးမေးလ်၊ Viber ၊ WhatsApp စတာတွေကနေ တစ်ဆင့် အဖွဲ့သားတွေဆီကို ပေးပို့ခဲ့ပါတယ်။ လက်ခံရရှိသူဟာ လင့် (Link) ကို နှိပ်လိုက်တာနဲ့ မျက်နှာပြင် (screen) တစ်ခုပွင့်လာပြီး ဆွေးနွေးပွဲအခမ်းအနားကို ချိတ်ဆက်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ လူတော်တော်များများက ဒီလိုလုပ်ဆောင်တာကို ရင်းနှီးပြီးသားဖြစ်ပေမယ့် အချို့လိုအပ်တဲ့သူတွေကိုတော့ ဖုန်းဖြေကြားမှုကတစ်ဆင့် လမ်းညွှန်ပေးခဲ့ပါတယ်။

ဆွေးနွေးပွဲ မစခင်မှာ ကျမ်းတော်မြတ် ကိုရ်အာန် ဖတ်ရွတ်မယ့်သူ၊ နဇာမ် လင်္ကာရွတ်ဆိုမယ့်သူ ၊ စကားပြောမယ့်သူ တွေကို နမူနာ လေ့ကျင့်ပြောဆိုစေပါတယ်။ ဒီလိုအားဖြင့် တင်ပြပြောဆိုမယ့်သူတွေဟာ ဒီအွန်လိုင်း အခမ်းအနားမှာ ပြောဆိုတာနဲ့ ရင်းနှီးသွားမှာဖြစ်ပါတယ်။ သူတို့ရဲ့  PowerPoint presentation တွေ ဘယ်လိုပြမလဲ၊ နောက်ခံမြင်ကွင်း ၊ အလင်းအမှောင် စတာတွေကို ချိန်ညှိုဖို့ လမ်းညွှန်ပေးပါတယ်။ စည်းဝေးပွဲ အခမ်းအနားကို မစတင်ခင် မိနစ် (၂၀) အလိုမှာပဲ တက်ရောက်မယ့်သူတွေကို ချိတ်ဆက်ခွင့်ပြုပါတယ်။

ကနေဒါနိုင်ငံ Castlemore အရပ်က ဂျမာအတ် ဥက္ကဌ ရာစာရ် ဆာဟစ်ဗ်က ခလီဖာစနစ်ရဲ့ ကောင်းချီးမင်္ဂလာ အကြောင်းတင်ပြပါတယ်။ ဒီနောက်မှာ ကတိတော်ရ မဆီဟ်သခင်ရဲ့ သတင်းကောင်းကို တင်ပြပါတယ်။ ဒီနောက်မှာ တမန်တော်တိုင်းရဲ့ ဒုတိယနိမိတ်လက္ခဏာဖြစ်တဲ့ ခလီဖာစနစ်အကြောင်းကို တင်ပြပါတယ်။ နောက်ဆုံးမှာ မဆီဟ်သခင်ကို ဆက်ခံတဲ့ ခလီဖာ ငါးဦးစလုံးရဲ့ သမိုင်းကြောင်းတွေကို တင်ပြပြီး သူတို့ ဂျမာအတ်ကို ဘယ်လို ဦးဆောင် လမ်းညွှန်နေတယ်ဆိုတာကို တင်ပြခဲ့ပါတယ်။
Add caption


သာသနာပြုမှုးဖြစ်သူ အနီးက် အဟ်မဒ် ဆာဟစ်ဗ် က ဘုရားသခင်က ခလီဖာစနစ်ကို ဘယ်လိုခန့်အပ်ခဲ့ကြောင်း၊ အလ္လာဟ်အရှင်မြတ်ခန့်အပ်တဲ့ ခလီဖာတိုင်းကို အရှင်မြတ်က ကူညီကြောင်း နဲ့ ခလီဖာတိုင်းရဲ့ တာဝန်တွေကို တင်ပြပြောဆိုခဲ့ပါတယ်။

ဒီနောက်မှာ ဂျမာအတ် အခမ်းအနားအပိတ်မှတ်ချက် စကားပြောဆိုပြီး အသံတိတ် ဒိုအာဆုတောင်းကို ဦးဆောင်ခဲ့ပါတယ်။ အွန်လိုင်းအခမ်းအနားကို စုစုပေါင်း ချိတ်ဆက်သူပေါင်း ၃၅ ခုနဲ့ ချိတ်ဆက်တက်ရောက်မှုတိုင်းမှာ မိသားစု ၃/၄ ဦးရှိတဲ့အတွက် စုစုပေါင်း တက်ရောက်သူ ၁၃၀ ခန့် ရှိခဲ့ပါတယ်။

အလ္လာအရှင်မြတ် ခလီဖာစနစ်ကို ကာကွယ်စောင့်ရှောင့်တော်မူပြီး ကျွန်တော်တို့ကိုလည်း ခလီဖာစနစ်ရဲ့ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းဆောင်ရွက်နိုင်တဲ့ စွမ်းအားပေးပါစေ။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-