Thursday, May 31, 2012

စိတ်ကူးပုံဖော်မှုများထဲတွင် အဆင့်အမြင့်ဆုံး နူးကလီးယားပါဝါ ဆောင်ရွက်အောင်မြင်ရန် အီရန်ကို အမေရိကန်ကုမ္ပဏီတစ်ခု ကူညီမည်

မေလ ၃၀ ရက်၊ ၂၀၁၂
အီလွိုက်စ် လဲး နှင့် ရော်ဘတ် ဂျွန်ဆင်တို့ တင်ပြသည်။
သတင်းအရင်းအမြစ် - www.businessinsider.com

အမေရိကန်က အီရန်အပေါ်မှာ ပိတ်ဆို့မှုတွေ ဆထက်တပိုးဆောင်ရွက်နေပါတယ်။ ဒီ(အခုဖော်ပြ မယ့်) အကြောင်းကတော့ ကျွန်တော်တို့အားလုံးမျှော်လင့်မထားတဲ့ ကိစ္စရပ်ပါပဲ။

နယူးဂျာစီအခြေစိုက် အမေရိကန်ထိပ်သီးနူးကလီးယား သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ အီရန်နဲ့ပူး ပေါင်းဆောင်ရွက်မှု ရှိနေပါတယ်။

နယူးဂျာစီအခြေစိုက် လောရင့်စီဗီလီး ပလတ်စမာ ဖိစစ် Lawrenceville Plasma Physics (LLP) ဆိုတဲ့ သုတေသနကုမ္ပဏီတစ်ခုက အီရန်နိုင်ငံ၊ တီဟီရန်တက္ကသိုလ်၊ အိုင်.အဇတ်ဒ်မှာရှိတဲ့ ပလတ်စ မာ ဖိစစ် ရိဆာခ်ျစင်တာ  Plasma Physics Research Center (PPRC) ခေါ် ရူပဗေဒ သုတေသန ဌာနနဲ့ မေလ ၂၀ ရက်နေ့က သဘောတူစာချုပ် လက်မှတ်ထိုးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

တီဟီရန်မှာရှိတဲ့ အဲဒီတက္ကသိုလ်ရဲ့ အမည်အပြည့်အစုံကတော့ "အစ္စလာမ်မစ် အဇတ်ဒ် ယူနီဗာစီတီ" ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီးတော့ အသေးစိတ်ကတော့ အနည်းအကျဉ်းလောက် ပါပဲ။ အနည်းငယ်ထူးခြားနေတာကတော့ လောရင့်စီဗီလီး ပလတ်စမာ ဖိစစ် (LLP) ကုမ္ပဏီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကုမ္ပဏီက သူတို့ရဲ့အီရန်ပူးပေါင်းဆောင်ရွက်သူ အမည်ကို အနည်း အကျဉ်းသာဖော်ပြမှုပါ။ တစ်ဦးဦးကတော့ ကြမ်းခင်းကောဇောအောက်က ဖုံမှုန့်တွေကို ကြမ်းခင်း အောက်မှာပါ ရှင်းလင်းပြစ်ချင်ခဲ့ပုံပါပဲ။

ဤသို့သော အီရန်-အမေရိကန်အဆက်အဆံကို ဘယ်လိုအကြောင်းများက ဖန်တီးခဲ့တာပါလဲ? အဖြေ ကတော့ ရှုပ်ထွေးနေပါတယ်။

အမေရိကန်ရဲ့ အီရန်အပေါ်ပိတ်ဆို့ထားတဲ့ အရေးယူမှုဥပဒေတွေထဲကနေ ဒီသဘောတူညီချက်က ကင်းလွတ်ခွင့်ရထားပါတယ်။ အမေရိကန် ပြည်သူ့ဘဏ္ဍာရေးဌာန (US Department of Treasury) မှာ ပိတ်ဆို့အရေးယူခံထားရတဲ့ နိုင်ငံတွေက တက္ကသိုလ်ပညာရေးနဲ့သုတေသနဌာန များနဲ့ ပူးပေါင်းလက်တွဲနိုင်ဖို့ အထွေထွေလိုင်စင်ထုတ်ပေးခွင့်ရှိတဲ့ ဥပဒေပါဝင်နေပါတယ်။ စာရေး သားဆက်သွယ်ပြီးအကူအညီပေးမှုကို ပိုမိုဆောင်ရွက်မယ်၊ ဒါမှမဟုတ် အဲဒီလိုအဆက်အသွယ် မျိုးလုံး၀မရှိသေးရင် ရှိလာအောင်ဖန်တီးနိုင်မယ်ဆိုတဲ့ နည်းလမ်းနှစ်သွယ်ပေါ်မှာ အခြေခံပြီး အပိတ် ဆို့ခံနိုင်ငံများရဲ့ သုတေသနဌာများနဲ့ ပူးပေါင်းနိုင်ခွင့်ပေးထားပါတယ်။

Aneutronic Fusion လို့ခေါ်တဲ့ နူးကလီးယားသိပ္ပံထဲက ပညာရပ်တစ်ခုကို ပူးပေါင်းရှာဖွေရာမှာ အမေရိကန်နဲ့ အီရန်တို့ အတူတကွဆောင်ရွက်မှာ ဖြစ်ပါတယ်။ နည်းလမ်းကတော့ အထက်မှာ တင်ပြထားသလို သိပ္ပံနဲ့ပတ်သတ်တဲ့ စာရေးသားဆက်သွယ်မှုကို အခြေခံမှာပါ။

လောရင့်စီဗီလီး ပလတ်စမာ ဖိစစ် (LLP) ကုမ္ပဏီ ကတော့ အောက်ပါအတိုင်း ရှင်းလင်းပြောကြားပါ တယ်။ 

"လွန်ခဲ့တဲ့ ၃နှစ်လောက်ကစပြီး အီရန်ဟာ သေးငယ်ပေမယ့်၊ ကမ္ဘာ့အဆင့် Aneutronic Fusion ပါဝါ ရှာဖွေလေ့လာရေးမှာ အဓိကဇတ်ကောင်အနေနဲ့ ပါဝင်လာပါတယ်။ Aneutronic Fusion ပါဝါ ဆိုတာကတော့ ထိန်းချုပ်ခြင်းခံထားရပြီး နယူထရွန်လုံး၀ထုတ်လွှတ်ခြင်းမရှိတဲ့ နူးကလီးယား ဓာတ်ပေါင်း(nuclear fusion) တွေပါပဲ။ အဲဒီထိန်းချုပ်ခံ နူးကလီးယားဓာတ်ပေါင်း ကတော့ လောင်စာကို အသုံးပြုပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ရည်ရွယ်ပြီး ထိန်းချုပ်ခံ ဓာတ်ပေါင်းတွေဟာ နေကို အပူဓာတ်တွေ ထုတ်ပေးနေတဲ့ နူးကလီးယားဖျူးရှင်းခေါ် ဟိုက်ဒရိုဂျင် ကနေ ဟီလီယမ်ဓာတ်ပြုမှုများမှ အပူထုတ်လွှတ်တဲ့ပုံစံမျိုးရှိတဲ့ စွမ်းအင်ကို (လောင်စာ အဖြစ်) သုံးတာပါ။ နူထရွန်မထုတ်လွှတ်တဲ့ လောင်စာကတော့ တော်တော်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင် နေတာပါ။ ဘာကြောင့်လဲဆိုရင် နူထရွန်က အဖျက်စွမ်းအား တော်တော်ကြီးမားပါတယ်။ ဓာတ်ပြု နေတဲ့ ပုံစံကို ဖျက်ဆီးပြစ်နိုင်သလို ရေဒီယိုသတ္တိကြွမှုလည်း ဖြစ်စေပါတယ်။"

အီရန်-အမေရိကန် ပူးပေါင်းမှုအပေါ်မှာတော့ LLP ဥက္ကဌနဲ့ သိပ္ပံပညာရှင်ခေါင်းဆောင် အဲရစ်ဂျေ လန်းနာက "ဒီပူးပေါင်းမှုက Aneutronic Fusion ဖွံဖြိုးရေးကို တော်တော်ကြီး ထောက်ကူနိုင် ပါတယ်။ Aneutronic Fusion ကတော့ ဈေးပေါတယ်၊ လုံခြုံတယ်၊ သန့်ရှင်းပြီး ကန့်သတ်ချက်ကင်း တဲ့ အမြဲရနေမယ့် စွမ်းအင်တမျိုးပါပဲ။" ဟု ကုမ္ပဏီကြေညာချက်တွင် ထည့်သွင်းပြောကြားထား သည်။

"သိပ္ပံဂျာနယ်တွေမှာ ကျွန်တော်တို့ရဲ့ရလဒ်တွေကို ထည့်သွင်းဖော်ပြခြင်းအားဖြင့် ဒီလို အချက် အလက်ဖလှယ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းနဲ့ လက်တွေ့နည်းလမ်းတွေ ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်တွေကလည်း သိပ္ပံတွေ့ရှိချက်များကို ဖန်တီးဖြန့်ချိခြင်းအတွက် တော်တော်များများ အရှိန်မြှင့် ပေးလိုက်တာပါ။ (အီရန်ရဲ့) PPRC မှာ လေ့ကျင့်မှုကောင်းကောင်းရှိထားတဲ့ ပညာရှင်တွေရှိနေပါ တယ်။ LLP ကလည်း Aneutronic Fusion နဲ့ပတ်သတ်ပြီး ထိပ်သီးသုတေသနစင်တာအဖြစ်နဲ့ နှစ်ပေါင်းများစွာစုစည်းလာတဲ့ အတွေ့အကြုံတွေ ကို ဖလှယ်ပေးနိုင်ပါတယ်။" ဟု ဆက်လက်ပြော ကြားထားသည်။

Fars News Agency က သတင်းထုတ်ပြန်ရာ၌ "LLP ရဲ့ ဒီဆောင်ရွက်မှုကတော့ ဂိမ်းကစားမှုရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်နိုင်ကြောင်း၊ ကုမ္ပဏီအသေးစားတွေထဲက တစ်ခုဖြစ်တဲ့သူတို့ (LLP) အနေနဲ့ ကာလီးဖိုးနီးယား၊ လီဗာမိုးအခြေစိုက် ITER နဲ့ National Ignition Facility (NIF) တို့လို ကြီးမားတဲ့သိပ္ပံစင်တာတွေထက် ပိုပြီးလျင်မြန်စွာ Aneutronic Fusion ကို ဖော်ထုတ်ဆောင်ရွက် နိုင်မယ်လို့ ယုံကြည်ထားပါတယ်။" ဟု ဖော်ပြထားသည်။

LLP ရဲ့ ဝက်ဘ်ဆိုဒ်ကို ဒီကနေ့ဝင်ကြည့်တဲ့အခါ ဂူးဂဲလ်က "This site may be compromised" လို့ အသိပေးပါတယ်။ ဆိုလိုတာက အင်တာနက်ရှာဖွေရေးအင်ဂျင် (ဂူးဂဲလ်) က LLP ဆိုဒ်၊ ဟက်ကာ များရဲ့တိုက်ခိုက်မှုခံထားရတယ်လို့ မှတ်ယူထားလို့ပါ။ ကျွန်တော်တို့ကတော့ သတင်းရှာဖွေရေးကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့တာကြောင့် LLP နဲ့ အီရန် PPRC တို့ရဲ့ ကန်ထရိုက်စာချုပ်ကို စာရှုသူများကိုယ်တိုင် အကဲဖြတ်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။



ဒီလို နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့ ကနဦးအကြံပြုခဲ့တာက တီဟီရန်ဘက်ကဖြစ်တယ်လို့ LLP ဆိုပါတယ်။ 

ဧပြီလ ၁၇ ရက်နေ့က PPRC ရဲ့ ပါမောက္ခချုပ် ဒေါက်တာမာမွတ် ဂိုရန်နီဗစ်က ပူးပေါင်းဆောင်ရွက် ဖို့ LLP ကို ကမ်းလှမ်းခဲ့တာပါ။ ပါရှန်းဘာသာနဲ့ထုတ်လွှင့်တဲ့ ပါရှန်းသတင်းကွန်ယက်၊ အမေရိကန် အသံ Voice of America (Persian News Network) ရဲ့ အဆိုပြုချက်တစ်ခုကို ဒေါက်တာမာမွတ် က အဲဒီရုပ်မြင်သံကြားကစီစဉ်တဲ့ April 10 broadcast of a report on the “Fusion for Peace”  မှာ တုန့်ပြန်ပြောကြားသွားတာဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာပဲ ဖျူးရှင်းစွမ်းအင်အဖွဲ့ Fusion Energy League ရဲ့ အကြီးအကဲနဲ့ Focus Fusion Society ရဲ့ တွဲဖက်ဒါရိုက်တာများဖြစ်ကြတဲ့ လန်းနာနဲ့ ရာဇ်ဝန်း ရာဇာနီတို့က ကနဦးခြေလှမ်းများကို တင်ပြခဲ့ပါတယ်။ ဟာမစ် ရီဇာ ယူစွဖ္ဖီလို့ အမည်ရတဲ့ အီရန်-အမေရိကန်သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့သူတစ်ဦးဖြစ်တဲ့ PPRC ပရောဖက်ဆာက ဒေါက်တာမာမွတ်ကို ဒီလိုကမ်းလှမ်းဆောင်ရွက်မယ့်အကြောင်း သတင်းပေးခဲ့တာ ပါ။ နောက်တစ်လအကြာမှာပဲ LLP နဲ့ PPRC တို့အကြား သဘောတူညီချက်တစ်ခုကို လက်မှတ်ရေး ထိုး နိုင်ခဲ့ပါပြီ။

သောကြာနေ့ညနေမှာတော့ ဝါရှင်တန်ဒီစီက အိုဘာမားနဲ့သူ့ရဲ့ သိပ္ပံနှင့်နည်းပညာအကြံပေးတွေထံ ဒီသ​ဘောတူညီချက်ကို တရားဝင်အကြောင်းသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်း Fars News Agency ကဖော်ပြပါတယ်။

စာချုပ်ချုပ်ဆိုပြီး တစ်ပတ်ကျော်လောက်ကြာမှပဲ အသိအမှတ်ပြုကြေညာချက် ထွက်ပေါ်လာပါလိမ့် မယ်။

မူရင်း သတင်း - http://goo.gl/gYDMc

Wednesday, May 30, 2012

ပါလစ္စတိုင်း - အစ္စရေး : အစ္စရေးတို့ သင်္ချိုင်းဂူအတုအမြောက်အမြား အလ်အက္ကဆာဗလီ ဝတ်ကျောင်း တော်တဝိုက်တွင် ဆောက်လုပ်နေကြ

မေလ ၂၉ ရက်နေ့ ၂၀၁၂
သတင်းအရင်းအမြစ် - www.middleeastmonitor.org.uk



သတင်းသုံးသပ်ချက်။ ။ ၁၉၆၇ ကမ္ဘာ့ကုလသမ္မဂမှ တရားဝင်ဆုံးဖြတ်ခဲ့သည့် ပါလစ္စတိုင်း နိုင်ငံတော်ပိုင်နယ်မြေဖြစ်သော ဂျေရုစလင်မြို့ဟောင်းနှင့် အလ်အက္ကဆာဗလီဝတ်ကျောင်းတော်ကြီး ပတ်ဝန်းကျင်တွင် မွတ်စလင်မ်တို့၏ သမိုင်းတန်ဖိုးမဖြတ်နိုင်သော အုတ်ဂူရာအမြောက်အမြား တည်ရှိနေပေသည်။ ထိုအုတ်ဂူရာများထဲတွင် အစ္စရေးတို့က ဂျူးအုတ်ဂူအမြောက်အမြားကို တရားမဝင် ဗြောင်ကျကျူးကျော်ဆောက်လုပ်လာနေကြသည်။ အစ္စရေးဆောက်လုပ်ထားသော အုတ်ဂူအတုများထဲတွင် သေဆုံးသူတစ်ဦးတစ်ယောက်မှမပါဝင်ပေ။ သို့ကြောင့်လည်း အလ်အက္က ဆာအဖွဲ့ အစည်းမှ အစ္စရေးတို့၏ ထိုသို့လုပ်ဆောင်နေမှုများမှာ မွတ်စလင်မ်သမိုင်း ဝင်သင်္ချိုင်းရာများအတွင်း မိမိတို့၏ သမိုင်းဝင်သင်္ချိုင်းများလည်းရှိပါသည်၊ မိမိတို့ကို ယခင်က ဤ နေရာများ၌ မြှပ်နှံသင်္ဂြိုလ်ခွင့် ပေးခဲ့ပါသည်ဟု သမိုင်းကြောင်းလိမ်လည်ကာ ထိုနယ်ပယ်မြေနေရာ များအား ထိန်းချုပ်ပြီး ဇီယွန်ဝါဒကို ဖြန့်ချိရန်ရည်ရွယ်နေခြင်းဖြစ်ကြောင်း၊ သို့အားဖြင့် မဆ်ဂျီဒ် အလ် အက္ကာဆာဗလီဝတ်ကျောင်းတော်ကြီးကို ဂျူးဘုရားကျောင်းအဖြစ်ပြောင်းလဲရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မှတ်ချက် - သတင်းသဘောအရ မူရင်းတွင် accuse ၊ allege စသဖြင့် သုံးနှုံးထားမှုကြောင့် စွပ်စွဲ ပြောကြားသည်ဟုသာ မြန်မာပြန်ဆိုရန် တာဝန်တင်သဖြင့် ထိုအတိုင်းပြန်ဆိုတင်ဆက်အပ်ပါသည်။

အလ်အက္ကဆာဗလီ၊ ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေးနှင့် သာသနာရေးဆိုင်ရာ လှူဒါန်းမှုများ (၀ကဖ်) အဖွဲ့အစည်းက အစ္စရေးအာဏာပိုင်အဖွဲ့က အက္ကဆာဗလီပတ်ဝန်းကျင်နှင့် ဂျေရုစလင်မြို့ ဟောင်းတွင် သင်္ချိုင်းအုတ်ဂူအတုအမြောက်အမြားကို လာရောက်ပြုလုပ် ထားကြကြောင်း စွပ်စွဲ ပြောကြားလိုက်သည်။ ထိုဂူအတုများက အက္ကဆာဗလီဝတ်ကျောင်းတော် အရှေ့ဘက်ရှိ သံလွင် တောင်ပေါ်တွင်လည်းကောင်း၊ တောင်ဘက်ရှိ ဝါဒီဆဲလ်ဝါးန်နှင့် ဝါဒီအလ်ရ ဘာဘာတို့တွင် လည်း ကောင်း ပျံ့နှံ့တည်ရှိနေကြောင်း ထိုအဖွဲ့အစည်းက ပြောကြားသည်။

အလ်အက္ကဆာဗလီပတ်ဝန်းကျင်မှ အစ္စရေးတို့၏ သင်္ချိုင်းဂူအတုများ

ထိုအဖွဲ့အစည်း၏ ကြေငြာချက်တစ်စောင်အရ အစ္စရေးအစိုးရက အီလက်ဒ်အဖွဲ့အစည်းနှင့် သဘာ၀နှင့် အမျိုးသားဥယျဉ်များ အာဏာပိုင်အဖွဲ့တို့ကို အသုံးချကာ ထိုသင်္ချိုင်းဂူအတု ဆောက်လုပ် ရေးလုပ်ငန်းအား လုပ်ကိုင်နေ​စေခြင်းဖြစ်ကြောင်း သိရသည်။ အစ္စရေးတို့၏ ထိုအဖွဲ့ အစည်းများက ပြန်လည်တည်ဆောက်ရေး၊ ထိန်းသိမ်းရေး၊ ပုံစံသစ်ချမှတ်ရေး၊ ဖွံ့ဖြိုးရေး၊ အင်ဂျင်နီ ယာစာရင်း ဇယားနှင့် သဘောထားကောက်ခံရေးတို့ကို လုပ်ကိုင်နေစဉ် (ထိုသည်များကို အကြောင်းပြပြီး) သင်္ချိုင်းအုတ်ဂူများ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလ်အက္ကဆာ အဖွဲ့အစည်းက အစ္စရေးတို့၏ အက္ကဆာဗလီဝတ်ကျောင်းတော်တဝိုက်နှင့် ဂျေရုစလင်မြို့ဟောင်းတို့ ၌ ယဟူဒီပေါလ စီပျံ့နှံ့ရေးဆောင်ရွက်နေမှုများကို အသားပေးဖော်ပြခဲ့ကြသည်။ အလ်အက္ကဆာ အဖွဲ့အစည်းက အစ္စရေးတို့အနေဖြင့် မိမိတို့အဖွဲ့အစည်း(အလ်အက္ကဆာအဖွဲ့အစည်း)ကို လုံး၀ချုပ်ကိုင်ပြီး ပါလစ္စတိုင်းမြေများ အား သုဿာန်များ၊ အခြေချနေထိုင်ရာ လူနေနေရာများ၊ ဘိုင်ဘလ်နှင့် အမျိုးသားဥယျဉ်များသာမက ဂျူး ဧရိယာများအဖြစ်ပါ အသွင်ပြောင်းဖို့ အလိုရှိနေကြောင်း စွပ်စွဲ ပြောကြားသည်။

သမိုင်းအရမူ၊ အော်တိုမန်အင်ပါယာလက်ထက်၌ ဂျူးများအနေဖြင့် ဝကဖ်မြေပေါ်တွင် လူသေများ မြှပ်နှံခွင့်ရရှိခဲ့ဖူးသည်။ သို့သော် ထိုမြှပ်နှံခွင့်ရရှိခဲ့သော မြေဧရိယာပမာဏမှ ယခုလက်ရှိ အစ္စရေး တို့ ပြောဆိုတင်ပြနေသည့် ပမာဏထက် လွန်စွာလျော့နည်းလှသည်။ အစ္စရေးတို့၏ ပိုင်ဆိုင်မှုများ ကြောင့် ထိုမြှပ်နှံခွင့်ရှိသည့် မြေနေရာ သဘောတူညီထားမှုကိုပင် ဆက်လက်သက်တမ်း တိုးမြင့် ခဲ့ခြင်းမရှိပေ။ ထို့ပြင် ၁၉၆၇ ၌ အစ္စရေးတို့က ၀ကဖ်မြေအစိတ်အပိုင်း စတုရန်းပုံသဏ္ဌာန်မြေကွက် ဒါဇင်ပေါင်းမြောက်မြားစွာကိုသာမက ပါလစ္စတိုင်းပိုင်မြေများကိုပါ ထိန်းချုပ်ခဲ့ပြီး ထိုမြေနေ ရာများ၌ လူသေအလောင်း လုံး၀မပါသော အုတ်ဂူသင်္ချိုင်းရာများကို ဆောက်လုပ်ထားလာခဲ့ကြ သည်။

အလ်အက္ကဆာအဖွဲ့အစည်းက အစ္စရေးတို့သည် ပထဝီအနေအထားနှင့် သမိုင်းကြောင်းတို့ကို ကမောက်ကမဖြစ်အောင် ဖန်တီးနေသူများဖြစ်ကြောင်း၊ သို့အားဖြင့် သူတို့၏ သင်္ချိုင်းဂူအတုများ တရားဝင်ဖြစ်စေရေး ကြိုးပမ်းနေကြကြောင်း၊ ထိုမှနောက်တဆင့်တက်ကာ ဤမြေများသည် ဂျူးတို့၏ မြင့်မြတ်နယ်မြေများဖြစ်သည်ဟု သက်သေပြလာမည်ဖြစ်ကြောင်း ဆိုသည်။ အလ်အက္ကာ ဆာအဖွဲ့အစည်းက မိမိတို့၏ တင်ပြချက်များကို အက္ကာဗလီဝတ်ကျောင်းတော်တဝိုက်ရှိ နယ်မြေထိန်း များ၊ စဉ်ဆက်မပြတ် အကဲဖြတ်နေသူများ၊ သမိုင်းသုတေသနများနှင့် မျက်မြင်သက်သေများအပေါ် အခြေခံခဲ့ခြင်းဖြစ်သည်။ အဖွဲ့အစည်း၏ အစီရင်ခံစာ အဆုံး၌ အစ္စရေးတို့က မွတ်စလင်များ၏ သမိုင်းဝင်ဂူသင်္ချိုင်းရာများအား ပြန်လည်တည်ဆောက်မွမ်းမံခြင်းအား တားမြစ်ပြီး ဂျူးသင်္ချိုင်းတု ထောင်ပေါင်းများစွာကို တည်ဆောက်ပြုလုပ်နေကြကြောင်းဖော်ပြထားသည်။

အချက်အလက်များအရ အစ္စရေးတို့က သမိုင်းဝင် မမန်းအလ်လာဟ်သုဿာန်ရှိ မွတ်စလင်မ်သင်္ချိုင်း ဂူမြောက်မြားစွာကိုလည်း ဖျက်ဆီးပြီးဖြစ်သည်။

ဂျူးတို့၏ မြို့ဟောင်းအပေါ်ဖန်တီးနေသည့် ထိုလုပ်ဇတ်များက အစ္စလာမ်ဘာသာဝင်တို့၏ သည်းခံ နိုင်စွမ်းကို စိန်ခေါ်သည့်နှယ်ဖြစ်နေပေသည်။ ဂျူးအလောင်းများ ဝကဖ်မြေပေါ်တွင် မြှပ်နှံခွင့်ပေးခဲ့ ကြောင်းပြန်လည်တူးဆွတင်ပြရင်း သမိုင်းတုကို ဖန်တီးနေခြင်းလည်းဖြစ်သည်။ အစ္စရေးတို့က အစ္စလာမ်သာသနာဝင်များ၏ သည်းခံမှုကို အခွင့်ကောင်းယူကာ ဇီယွန်ဝါဒကို ပျံ့နှံ့စေဖို့ရည်ရွယ် နေကြောင်း၊ သို့အားဖြင့် အလ်အက္ကာဆာဗလီဝတ်ကျောင်းတော်ကြီးကိုလည်း ဂျူးဘုရားကျောင်း အဖြစ် ပြောင်းလဲပြစ်ဖို့ လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

သတင်းဖော်ပြချက်တွင် အလ်အက္ကဆာပတ်ဝန်းကျင်လှည့်လှည်မှုရလဒ်များနှင့် မျက်မြင်သက်သေ များနှင့် အင်တာဗျူးထားမှုများကိုလည်း ဖော်ပြထားသည်။

မူရင်းသတင်းအကျယ်ဖတ်ရှုရန် - http://goo.gl/uxs2Z

အဟ်မဒီမွတ်စလင်မ်များအတွက် နောက်ထပ်အောက်မေ့ဖွယ်နေ့တစ်နေ့

မေလ ၂၉ ရက်၊ ၂၀၁၂
ဝါရှင်တန်ပို့စ်သတင်းစာ
ရေးသားသူ - ဟဲရစ် ဇဖဲရ်၊ အမေရိကန်နိုင့် အဟ်မဒီမွတ်စလင်မ်အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်

မေလ ၂၈ ရက်နေ့ကတော့ အမေရိကန်နိုင်ငံရဲ့ အောက်မေ့ဖွယ်နေ့ပါ။ နိုင်ငံတော်အတွက် တာဝန် ထမ်းဆောင်ရင်း အသက်ပေးသွားကြသူများအတွက် ဂုဏ်ပြုပြီး အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ် ထားတာပါ။ ဒါပေမယ့် ဒီနှစ် အောက်မေ့ဖွယ်နေ့မှာတော့ ကျွန်တော့်အနေနဲ့ အခြားသော တာဝန် ၀တ္တရားတစ်ခုဖြစ်တဲ့ မိမိတို့ရဲ့ သက်ဝင်ယုံကြည်မှုအတွက် အသက်ပေးခဲ့ကြရတဲ့ ဝိညာဉ်တွေ ကိုလည်း ပြန်လည်အောက်မေ့ခဲ့မိပါတယ်။ မေလ ၂၈ ရက်နေ့ကတော့၊ ကျွန်တော်တစ်ယောက် တည်းမှမဟုတ်ဘဲ၊ ကမ္ဘာပေါ်ရှိ မီလီယံပေါင်းမြောက်မြားစွာသော အဟ်မဒီမွတ်စလင်မ်များအတွက် လည်း ထူးခြားတဲ့အမှတ်အသားတွေရှိနေပါတယ်။ ငြိမ်းချမ်းရေးကို မြတ်နိုးပြီး လူ့အခွင့်အရေးစိုးမိုး ကာ သာသနာရေးနဲ့ အခြားကိစ္စတွေအတွက် ညှဉ်းပမ်းနှိပ်စက်မှုကင်းစင်တဲ့ ကမ္ဘာကို လိုးလားသော မျှတမှုရှိကြတဲ့ သူများအတွက်လည်း ဒီနေ့ဟာ ထူးခြားတဲ့အမှတ်အသားတွေ ပေးနေပါတယ်။

လာဟိုရ်အကြမ်းဖက်မှုတွင် သေဆုံးခဲ့ရသည့် အသက် ၁၇ နှစ်အရွယ် ဆေးကျောင်းသား ၀လီဒ် အတွက် အုတ်ဂူ၌ဆုတောင်းပေးနေသည့် ဖခင်ဖြစ်သူ မုဟမ္မဒ် မူနဝဲရ်။ ၂၀၁၀ ခုနှစ် ဂျူလိုင်လ ၁၄။ (Daniel Berehulak - GETTY IMAGES)

မေလ ၂၈ ရက်နေ့ ၂၀၁၂ ခုနှစ်မှာတော့ ပါကစ္စတန်နိုင်ငံ၌ မိမိတို့ရဲ့ဖန်ဆင်းရှင်ကို ငြိမ်းချမ်းစွာ ဝတ်ပြုဦးချနေစဉ် အပြစ်မဲ့ဝိညာဉ်များ ရက်စက်ကြမ်းကြုတ်စွာ အသတ်ခံခဲ့ရတာဟာဆိုရင် ၂ နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ အပတ်စဉ် သောကြာနေ့ ဝတ်ပြုဆုတောင်းနေစဉ် လာဟိုရ်မြို့ အဟ်မဒီ မွတ်စလင်မ်များရဲ့ ဗလီဝတ်ကျောင်းတော် နှစ်ခုကို အသေခံဗုံးများတပ်ဆင်ထားတဲ့ အဝတ်အစား တွေဝတ်ဆင်ပြီး၊ အလိုအလျောက်ပစ်ခတ်နိုင်တဲ့ လက်နက်များတပ်ဆင်ထားတဲ့ လက်နက်ကိုင်အဖွဲ့ ဝင်များ ဝင်ရောက်လာခဲ့ပြီး ဝတ်ပြုဆုတောင်းနေကြ သူများကို အကွပ်အထိန်းမဲ့ ပစ်ခတ်သတ်ဖြတ် သွားခဲ့ပါတယ်။ 

အကြမ်းဖက်သမားတွေက လူတွေဆီကို တိုက်ရိုက်ပစ်ခတ်ခဲ့တာကြောင့် လူကြီးလူရွယ် ကလေး သူငယ်များပါမကျန် အသက်အရွယ်မျိုးစုံဟာ လဲကျသေဆုံးခဲ့ရပြီး စုစုပေါင်း ၈၆ ဦးသေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ ကျွန်တော့်မိသားစုကိုလည်း အဲဒီနေ့က ဆုံးရှုံးခဲ့ရပါတယ်။ တာရိကေ တာလီဘန်ဆိုတဲ့ တီတီပီအဖွဲ့က သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဒီလိုမျိုးကြမ်းကြုတ်မှုတွေ ဆက်လက်ပြုလုပ်ဦးမယ်လို့လည်း ဖော်ပြခဲ့ကြပါတယ်။

အပြစ်မဲ့သူများ အသက်ဆုံးရှုံးခဲ့ရတာကို ဘယ်သူမှ ကိုယ်ချင်းစာနာစိတ် မထားခဲ့ကြဘူး။ ဒီလို ကြမ်းကြုတ်ရက်စက်စွာ သတ်ဖြတ်မှုခံခဲ့ရတဲ့ လူအသိုက်အဝန်းအတွက် စဉ်းစားပေးခြင်း မရှိခဲ့ပါ။ မှတ်သားလောက်စရာကောင်းတဲ့ မုန်းတီးစိတ်က သူတို့လုံး၀မသိတဲ့သူများရဲ့ အသက်ကို ဆောင်ယူဖို့ လှုံဆော်ပေးခဲ့တယ်။ လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အကြမ်းဖက်သမားနှစ်ဦးကို ဖမ်းဆီးမိခဲ့ တယ်လို့ မကြာသေးမီက ဖော်ပြပါတယ်။ အဲဒီအကြမ်းဖက်သမားနှစ်ဦးကို တရားရုံးမှာ စစ်ဆေးတော့ အစိုးရနဲ့ သူတို့ကို အကာအကွယ်ပေးနေသူတွေက အပြီးသတ်အမှုဆုံးဖြတ်စီရင်မှုကို အကြိမ်ကြိမ်ရွှေ့ ဆိုင်းသွားရအောင် ကြိုးပမ်းအောင်မြင်နေကြပါတယ်။

အာရှရဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ဒါရိုက်တာ ဘရက်အာဒမ်စ်ကတော့ ဒီတပတ်ထဲမှာ ပါကစ္စတန်ရဲ့ ဒီကိစ္စကိုကိုင်တွယ်နေပုံနဲ့ပတ်သတ်ပြီး ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပါတယ်။ (သတင်းရှု စားရန်)

နယူးယောက်တိုင်းမ်စ်သတင်းစာက ပါကစ္စတန်နိုင်ငံရေးကို အကြမ်းဖက်နိုင်ငံရေးအဖြစ် ဖော်ပြလိုက် တဲ့အတွက် လူ့အခွင့်အရေးနှင့် သာသနာရေးလွတ်လပ်ခွင့်လှုပ်ရှားဆောင်ရွက်နေသူ များအဖို့ ခြောက်ခြားဖွယ်ဖြစ်ခဲ့ပါတယ်။

၂ နှစ်အကြာမှာတော့၊ နိုင်ငံတော်ရဲ့ ညှဉ်းပမ်းနှိပ်စက်မှုအခံရဆုံး အဖွဲ့ကို ပိုမိုလုံခြုံမှုပေးရမယ့်အစား အစိုးရက တခြားတဘက်ကိုပဲ အာရုံများနေပါတယ်။ Amnesty International လို့အမည်ရတဲ့ နိုင်ငံ တကာ လူ့အခွင့်အရေးဆောင်ရွက်မှုအသင်းက ပါကစ္စတန်နိုင်ငံ၊ ရာဝင်ပန်ဒီ ခရိုင်က တာဝန်ရှိ သူများဟာ အစွန်းရောက်သာသနာပိုင်များရဲ့ တောင်းဆိုမှုကိုလိုက်လျောပြီး အဟ်မဒီမွတ်စလင်မ် များကို မိမိတို့ဗလီများမှာ ဝတ်ပြုဆုတောင်းခွင့်ပိတ်ပင်ခဲ့တယ်လို့ မကြားသေးမီက ဖော်ပြထား ပါတယ်။ 

လော့အိန်ဂျလိစ်တိုင်းမ်စ်သတင်းစာကလည်း လာဟိုရ်မြို့မှာ ပါကစ္စတန်ရဲတွေက တူများ၊ ဖောက် ထွင်းရေးကိရိယာများကိုင်ဆောင်ပြီး အဟ်မဒီများရဲ့ဗလီဝတ်ကျောင်းတော်များကို အစိတ်အပိုင်း အလိုက် ဖျက်ဆီးနေကြကြောင်း၊ သူတို့အဲဒီလိုပြုလုပ်နေခြင်းဟာကတော့ အဲဒီအဆောက်အဦ တွေပေါ်က မီနာပုံစက်ဝန်းများနဲ့ ကုရ်အာန်စာသားဖော်ပြချက်များကြောင့် အဆောက်အဦသည် ဗလီပုံသဏ္ဌာန်ဖြစ်နေခြင်းကြောင့် ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

မေလ ၂၈ ရက်နေ့ကတော့ ပါကစ္စတန်သည် တရားမမျှတမှု၊ ဘာသာသာသနာများအချင်းချင်း လိုက်လျော ညီထွေသည်းမခံတတ်မှု၊ သဟာဇာတမရှိမှုစတဲ့အရာတွေပိတ်ဆို့နေကြောင်း ဖော်ပြ လိုက်တဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။ အစိုးရအနေနဲ့ လူတိုင်းကို သူတို့ယုံကြည်ရာ လွတ်လပ်စွာ ကိုးကွယ်ဖို့ အခွင့်ပေးပြီး အဆင့်အဆင့်ပုံစံပြောင်းရပါမယ်။ အကြမ်းဖက်သာသနာပိုင်တွေ၊ အထူး သဖြင့် ကျွန်တော်တို့ ယုံကြည်ချက်ကို အလွန်လွဲမှားစွာနားလည်နေတဲ့သာသနာပိုင်တွေ ရဲများအပေါ် အာဏာသုံးခြယ်လှယ်နေခြင်းကနေ တားမြစ်သင့်ပါတယ်။ 

ပါကစ္စတန်မှာ အဲဒီလိုခေါင်းဆောင်တွေက အကြမ်းဖက်စိတ်ဓာတ်ကို ပေါက်ဖွားစေရုံတင်မက သူတို့ ကိုယ်သူတို့ အစ္စလာမ့်အကျိုးသယ်ပိုးနေသူတွေပါလို့ ကြွေးကြော်ခြင်းဖြင့် အစ္စလာမ်သာသနာတော် ကို ကျိုးယုတ်ရှက်နေစေသူတွေပါ။ သူတို့ကိုယ်သူတို့ သာသနာ့အရေးအကာ အကွယ်ပေးနေသူတွေ လို့ ကြွေးကြော်နေပြီး အကြမ်းဖက်မှုအတွက် ကဏ္ဍတစ်ရပ်ပြုလုပ်နေသူ တွေကို အစ္စလာမ်က အလိုမရှိပါ။ အစ္စလာမ်က အကြမ်းဖက်မှု၊ အပြစ်မဲ့များကို သတ်ဖြတ်မှု စတာတွေကို ရှုံ့ချပါတယ်။ အစ္စလာမ့်နည်းနာတွေကို လိုက်နာနေသူတွေပါလို့ ကြွေးကြော်နေတဲ့ အကြမ်းဖက်သမားအားလုံးကို အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကို ငြင်းပယ်ပါတယ်။

အဟ်မဒီများရဲ့ ဝိညာဉ်ရေးရာခေါင်းဆောင်ခလီဖာက မိမိတို့အသင်းအဖွဲ့ဝင်များအနေနဲ့ ငြိမ်းချမ်း ရေးကို ဘ၀တသက်တာကျင့်သုံးသွားဖို့ ဆော်ဩခဲ့ပါတယ်။ အသက်ဆုံးရှုံးခဲ့ရတဲ့ သူများကို အကောင်းဆုံးဂုဏ်ပြုဖို့ကတော့ သူတို့အသက်တွေ အလဟဿဆုံးရှုံးသွားခဲ့ရတာ မဟုတ်ဘူးဆိုတာ သက်သေပြဖို့ပါ။ သူတို့ရဲ့ ဝိညာဉ်တွေကို အရင်းတည်ပြီး ကမ္ဘာပေါ်က အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ၊ သွေးထွက်သံယိုမှု၊ တရားမမျှတမှုစတဲ့အရာတွေကို အမြစ်ကနေသုတ်သင်ပြစ်ရပါမယ်။ မိမိတို့ အသက်များကို ယုံကြည်ချက်အတွက် ဒါမှမဟုတ် တိုင်းပြည်အတွက် စွန်ခဲ့ကြတဲ့သူများ၊ မိမိတို့ရဲ့ အသိဉာဏ်တွေကို အခြားသူများအသက်ရှင်ရေးအတွက် ရည်စူးထားတဲ့သူများ၊ ဒီလိုလူတွေကို သတိ ရဖို့၊ ဂုဏ်ပြုထောမနာဖို့ တခြားကောင်းတဲ့နည်းလမ်း ရှိပါသေးရဲ့လား?


Tuesday, May 29, 2012

အိုင်လိုက်ဗ် (timeslive.co.za) : လေဒီဂါးဂါးကို ပေါ်ပေါ်ထင်ထင်ဆန့်ကျင်ခဲ့တဲ့ မွတ်စလင်မ်ဆန္ဒ ဖော်ထုတ်သူများ မှန်ကန်

မေလ ၂၉ ရက်၊ ၂၀၁၂
ရေးသားသူ - ပေါလ် ကိုကိုစကီး
iLive Article Section, www.timeslive.co.za, တောင်အာဖရိကသတင်းစာ

အင်ဒိုနီးရှားမှာ ပြုလုပ်ဖို့စီမံထားတဲ့ လေဒီဂါးဂါးရဲ့ Born This Way Ball ဖျော်ဖြေပွဲကို ကန့်ကွက်ခဲ့ ကြတဲ့ မွတ်စလင်မ်များအား ကျွန်တော်က ဂုဏ်ပြုလိုက်ပါတယ်။ (သူမရဲ့ဖျော်ဖြေပွဲကို အင်ဒိုက တာဝန်ရှိသူတွေက မနေ့ကတရားဝင်ဖျက်သိမ်းလိုက်တော့ Hardliners rain on Gaga parade ၊ ဂါးဂါးအထိမ်းအမှတ်နေ့ကြီးပေါ် မိုးသက်မုန်တိုင်းတိုက်ခတ်ခြင်းဆိုပြီး နိုင်ငံတကာ သတင်းတွေမှာ ပွထခဲ့ပါတယ်။)


ဂါးဂါးရဲ့သီချင်းတွေက ကြီးကြီးမားမားဖြစ်စဉ်တွေအတွက် ရည်ရွယ်ထားပြီး စက်ရုံတွေ ပစ္စည်းဖြန့် တဲ့သဏ္ဌာန်မျိုး ထုတ်ဝေဖြန့်ချိတယ်။ အဆုံးစွန်ဖော်ပြရမယ်ဆိုရင်တော့ သူ့သီးချင်းတွေက သမရိုး ကျတွေထဲက အုပ်စုအသစ်ကလေးတစ်ခုပါပဲ။ Born This Way ဆိုတဲ့ သူမရဲ့ အလ်ဘမ်ကတော့ တသီးပုဂ္ဂလပျော်ဝင်စီးမျောရင်းနဲ့ လိင်ပိုင်းဆိုင်ရာ ခံစားကျေနပ်မှုဖြစ်စေတဲ့ လေ့ကျင့်ခန်း တစ်မျိုး ပါပဲ။ သီးချင်းတွေက ခေါင်းစဉ်နဲ့လိုက်ဖိုက်တဲ့ အဓိကမေးခွန်းကို ဖြေပေးဖို့ ကြိုးစားထား တာမျိုး လုံး၀မရှိပါဘူး။ (မိမိဟာ လူဖြစ်တယ်၊ ဒါပေမယ့် အဲဒီ) လူဆိုတာ တရားဝင်လူဖြစ်ကြောင်း အမှန် တကယ်ဆိုလိုရင်းအဓိပ္ပါယ် (ပေးမထားသလိုပါပဲ။)

ဂါးဂါးအတွက်တော့ "Born this Way" ဆိုတဲ့ ဂါထာမန္တယာဟာ လိင်ပိုင်းဆိုင်ရာ ဝိသေသနဲ့ အကွပ် မဲ့နေတဲ့ စည်းအပြင်က ကိစ္စတွေကို ခွင့်ပြုပေးဖို့ (ဖန်တီးထားတဲ့) ချောမွတ်ပြေပြစ်တဲ့ ဆောင်ပုဒ် တစ်ခုပါပဲ။

သူမဝတ်ဆင်တဲ့ (ကိုယ်ခန္ဓာ)အလယ်ပိုင်းလောက်သာ (ဖုန်းထားတဲ့) အဝတ်အစားကနေစပြီး သီဆို နေစဉ် ကိုယ့်ကိုယ်ကို ကျေနပ်ပြီး အတုအယောင်စိတ်ကြီးဝင်မှုတွေက ဆီးကျလာတဲ့ ဇောချွေးတွေ အထိ၊ လေဒီဂါးဂါးကတော့ လူ့အသိုက်အဝန်းနဲ့ ဆန့်ကျင်မှုအားလုံးဘက်မှာ ရပ်တည်နေပါတော့ တယ်။

Source: http://goo.gl/GpvhA

အဟ်မဒီမွတ်စလင်မ်များအား သတ်ဖြတ်မှုကြီး : Human Rights Watch က ပါကစ္စတန်အစိုးရအား အပြစ်ရှိသူများကို တရားမျှတစွာဆုံးဖြတ်စီရင်ပေးဖို့ တောင်းဆို

မေလ ၂၈ ရက်၊ ၂၀၁၂

 HRW က လူနည်းစုသာသနာဝင်များအပေါ် ဆန့်ကျင်ပြုလုပ်နေသည့် အမုန်းတရားပွားများစေရေး လှုပ် ရှားမှုများအား သတိပေးစာ၌ ရေးသားဖော်ပြခဲ့သည်။

ပါကစ္စတန်နိုင်ငံ လာဟိုရ်မြို့တွင် အဟ်မဒီယာမွတ်စလင်မ်များ၏ ဗလီဝတ်ကျောင်းများ၊ အကြမ်းဖက် တိုက်ခိုက်မှုခံခဲ့ရသည်မှာ ၂ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါသည်။ 

ထိုအကြမ်းဖက်တိုက်ခိုက်မှုကြောင့် အဟ်မဒီမွတ်စလင်မ်ပေါင်း ၉၄ ဦးတိတိ သေဆုံးခဲ့ရသည်။ ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်။ နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (Human Rights Watch – HRW) က ထိုအမှုကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးပြီး ရာဇဝတ်မှုအား တရားမျှမျှတတဖြေရှင်းရန် ပါကစ္စတန်အစိုးရထံ သတိပေးစာတစ်စောင် ထပ်မံထုတ် ပြန်လိုက်ကြောင်း သိရသည်။

HRW ၏ အာရှတိုက်တာဝန်ခံဒါရိုက်တာဖြစ်သူ ဘရက်အာဒမ်စ်က “ အိန္ဒိယနဲ့ ပါကစ္စတန်ခွဲပြီး ကတည်းက အဆိုးဆုံးလူသတ်မှုကြီးဖြစ်တဲ့ ဒီလာဟိုရ်လူသတ်မှုကြီးရဲ့ သံသယဖြစ်ဖွယ် တရားခံတွေ ကို အစိုးရက တရားခွင်မှာ မစစ်ဆေးသေးတာ ၂ တောင်ကြာညောင်းသွားပါပြီ။ ဒါဟာ လက်မခံနိုင် စရာပါ။ အစိုးရက စစ်တပ်ကို အဟ်မဒီတွေကို အကြမ်းဖက်မှုများအတွက် ကြားနေကြဖို့တိုက်တွန်းနေ ပါတယ်။ အားလုံးသော လူနည်းစုဘာသာခြားများအတွက် ကြောက်ရွံ့ထိတ်လန့်ဖွယ် လုံခြုံမှုမရှိတဲ့ အခြေအနေကို ထပ်ပြီးအင်အားဖြည့်ပေးနေသလိုပါပဲ။” ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့ သည်။

ထိုအစီရင်ခံစာတွင် လာဟိုရ်အကြမ်းဖက်မှုအပြီး ပါကစ္စတန်၌ ဆက်တိုက်ဆိုသလိုပေါ်ထွက်ခဲ့သည့် လူနည်းစု သာသနာဝင်များအပေါ်ခက်ထန်တင်းမာသည့် အမုန်းတရားပွားများစေရေးလှုပ်ရှားမှုများ အကြောင်းကို တဆက်တည်းဖော်ပြထားသည်။ ၂၀၁၁ ဇွန်လတွင် ဖိုင်ဆာလဘတ်မြို့၌ ပျံ့နှံ့ခဲ့သော လက်ကမ်းစာစောင်တစ်ခုတွင် ထိုမြို့ရှိ အဟ်မဒီမွတ်စလင်မ်များ၏ အမည်စာရင်းကို ကြေငြာထားပြီး လူသိများထင်ရှားသည့် အဟ်မဒီအယောက် ၅၀ ဦးကို သတ်ပြစ်ဖို့ ထိုက်တန်သူများအဖြစ် ဖော်ပြ ထားသည်။ ၂၀၁၁ စက်တင်ဘာတွင် ထိုအမည်စာရင်း၌ပါရှိသော အဟ်မဒီတစ်ဦး အသတ် ခံခဲ့ရ သည်။ ၂၀၁၁ တွင် အနည်းဆုံး အဟ်မဒီ ငါးဦးအသတ်ခံခဲ့ရသည်။ ဒီဇင်ဘာတွင် ပန်ဂျပ် ပြည်နယ် လော့ဒရန်မြို့၌ အဟ်မဒီယာမွတ်စလင်မ်များ၏ သုဿာန်ကို ရာဇဝတ်ကောင်များက ဝင် ရောက်ဖျက် ဆီးရာ သင်္ချိုင်းအုတ်ဂူပေါင်း ၂၉ ခုပျက်စီးခဲ့သည်။

HRW က ၂၀၁၂ တွင်လည်း ထိုအမုန်းတရားခက်ထန်ပွားများ စေရေးလှုပ်ရှားမှုများ ဆက်လက်ဖြစ် ပျက်နေကြောင်း မီးမောင်းထိုးပြသည်။ လာဟိုရ်မြို့ရှိ သာသနာရေးအဖွဲ့တစ်ခုမှ ပါကစ္စတန်နိုင်ငံ၏ ဥပဒေဖြစ်သော အခန်းနံပါတ် ၂၉၅၊ ၂၉၈ တို့ကို အသုံးချကာ အဟ်မဒီယာမွတ်စလင်မ်တို့၏ ဝတ်ပြု ကျောင်းဆောင်ရှိ (မီနာရာပုံသဏ္ဌာန်) စက်ဝန်းကို ဖောက်ခွဲဖျက်ဆီးဖို့ ဖိအားပေးတောင်းဆို ခဲ့ကြ သည်။ ရာဝင်ပင်ဒီခရိုင်တွင်လည်း အာဏာပိုင်များက အဟ်မဒီများ၏ ဝတ်ပြုကျောင်းဆောင်ကို အကာများတားဆီး၍ အသုံးပြုခွင့်ပိတ်ပင်ခဲ့ကြောင်း၊ ထိုသည်မှာလည်း သာသနာရေးအဖွဲ့များ၏ ဖိအားပေးမှု များကြောင့်ဖြစ်ကြောင်း HRW က ဖော်ပြသည်။

“ပန်ဂျပ်ပြည်နယ်အစိုးရအနေနဲ့ ဒီလိုအကြမ်းဖက်သမား ဝတ်ပြုကိုးကွယ်သူများဘက်က ရပ်တည် မယ့်အစား အဟ်မဒီယာများရဲ့ ဝတ်ပြုရာဌာနများကို ပိုပြီးတော့လုံလုံခြုံခြုံရှိစေဖို့ အကာအကွယ် ပေးသင့်ပါတယ်။ ပါကစ္စတန်ရဲ့ အန္တီအဟ်မဒီဥပဒေကို အသက်ဝင်နေစေမယ့်အစား အစားထိုးဖို့ လိုအပ်နေပါပြီ။” ဟု အာဒမ်စ်က ပြောကြားခဲ့သည်။

အာဒမ်စ်က ဆက်လက်၍ “ဒီလို အဟ်မဒီအပါအဝင် လူနည်းစုဘာသာဝင်တွေနဲ့ဆန့်ကျင်ပြီး အစိုးရ က ခွဲခြားရေးရာဇဝတ်ဥပဒေတွေ ဆက်လက်ကျင့်သုံးနေတာဟာဖြင့် ခွင့်လွှတ်နိုင်စရာ အကြောင်း မရှိပါဘူး။ ဒီလိုဥပဒေတွေ သက်ဆိုးရှည်နေသရွေ့တော့ ပါကစ္စတန်ကို လူနည်းစုများအား နှိပ်စက် ညှဉ်းပမ်းတဲ့နိုင်ငံ၊ မိုက်ရိုင်းရင့်သီးမှုများကို ပြုလုပ်နေတဲ့နိုင်ငံအနေနဲ့ပဲ မြင်ကြပါလိမ့်မယ်။” ဟု ပြောကြားသည်။

၂၀၁၀ လာဟိုရ်တွင် အဟ်မဒီယာမွတ်စလင်မ်များအား အကြမ်းဖက်မှု၌ ဗလီကျောင်းတွင်ဝတ်ပြု နေကြ သော အဟ်မဒီများက အကြမ်းဖက်သမားနှစ်ဦးကို ဖမ်းဆီး၍ ရဲထံအပ်နှံခဲ့ကြကြောင်း သိရ သည်။ ထိုသူတို့နှစ်ဦး၏ တရားရုံးဆုံးဖြတ်ချက်ရင်ဆိုင်ရေးကိုလည်း အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ကြပြီး ဖြစ်သည်။ လာဟိုရ်အကြမ်းဖက်မှုကြီးကို တာရီကေတာလီဘန်၏ မဟာမိတ်အဖွဲ့ဖြစ်သော ပန်ဂျာဘီ တာလီဘန်တို့က မိမိတို့လက်ချက်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

Monday, May 28, 2012

Humanity First မှ ဖီဂျီရေဘေးဒုက္ခသည်များကို ကူညီထောက်ပံ့



၂၅ရက် မေလ ၂၀၁၂

လူသားချင်းစာနာထောက်ထားရေးဦးစားပေးဟု အမည်ပေးထားသည့် Humanity First မှာ လူသားအကျိုးပြု အလှူဒါနပြုသည့် အသင်းအဖွဲ့တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၃၆ (တိုက်ကြီး ၆ တိုက်) နိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော အဖွဲ့အစည်းလည်းဖြစ်ပါသည်။ ရရှိသည့်လှူဒါန်းငွေများ၏ ၉၃ ရာခိုင်နှုန်းကို လူသားအကျိုးပြုလုပ်ငန်းများ၌ တိုက်ရိုက်အသုံးချပါသည်။ ဖီဂျီနိုင်ငံမှ အဟ်မဒီယာမွတ်စလင်မ်လူငယ်များအဖွဲ့ (ခွဒ္ဒါမ်မွလ်အဟ်မဒီယာ) နှင့် နယူးဇီလန်နိုင်ငံ Humanity First တို့ပူးပေါင်းပြီး ဖီဂျီနိုင်ငံမှ ရေဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရ သည်။


အထောက်အပံ့အနေဖြင့် တာရှည်ခံစားသောက်ဖွယ်များ၊ အိပ်ယာအစုံ ၁၂၀၊ လူသုံးကုန်ပစ္စည်း အထုပ်ပေါင်း ၃၀၊ အဝတ်အစား ၁.၂ တန်၊ လေ့ကျင့်ခန်းစာအုပ် ၁၀၀၀ နှင့် စာရေးကိရိယာ များပါဝင်ကြောင်းသိရသည်။

ဖီဂျီနိုင်ငံ နာဒီမြို့ရှိ အမျိုးသားသဘာ၀ဘေးဒုက္ခများစီမံခန့်ခွဲရေး (DISMAC) သို့ သွားရောက် ပေးပို့လှူဒါန်းခဲ့ကြောင်း၊ ထိုမြို့ရှိဒုက္ခသည်များကို အခြား NGO အသင်းအဖွဲ့များ အကူအညီ မပေးနိုင်သေးမီ မိမိတို့က ကနဦးစတင်အကူအညီပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမြို့ရှိ ဒုက္ခသည်စခန်း ပေါင်း ၄ ခုကို အကူအညီပေးနို်င်ခဲ့ကြောင်း၊ အဟ်မဒီယာလူငယ်များအသင်း ဖီဂျီ၏ ဥက္ကဌဖြစ်သူ အရ်ှရဖ်အဟ်မဒ်ခန်းက ပြောပြသည်။ ထို့ပြင် Humanity First အဖွဲ့၌ အမျိုးသမီး အဖွဲ့တစ်ခုလည်းပါဝင်ခဲ့ပြီး ထိုအဖွဲ့မှ ဒုက္ခသည်များကို တစ်အိမ်တက်ဆင်း အားပေးကူညီမှုများ ပြုလုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

အဟ်မဒီယာလူငယ်များအဖွဲ့ ဖီဂျီနှင့် နယူးဇီလန် Humanity First အဖွဲ့တို့အနေဖြင့် လူသားချင်း စာနာထောက်ထားကုသိုလ်ယူခြင်းမှာ ဘုရားရှင်၏ သွန်သင်ချက်များအား လိုက်နာနေခြင်းသာ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖီဂျီဒုက္ခသည်များကို အခြားနည်းလမ်းပေါင်းစုံဖြင့် အကူအညီထပ်မံ ပေးသွားရန် မြော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

နေတိုးတို့ အာဖဂန်အရပ်သားများကို လေကြောင်းမှတိုက်ခိုက်ရာ မိသားစုဝင် ၈ ဦးသေဆုံး



ဘီဘီစီ သတင်းစဉ်
မေလ ၂၇ ရက်၊ ၂၀၁၂


နေတိုး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်အရှေ့ဘက်ခြမ်း၊ ပတ်က္တီးယားနယ်ရှိ မိသားစု တစ်ခုမှ မိသားစုဝင် ၈ ယောက်တိတိ သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြား လိုက်သည်။

စနေနေ့က နေတိုး၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဂူရဒါ ဆာရီးယားခရိုင်၊ ဆူရီခေးလ်ရွာမှ လင်နှင့်မယားဖြစ်သူအပါအဝင် ကလေး ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီသို့ ပြောကြားသည်။

နေတိုးကမူ သူတို့အနေဖြင့် စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း တုန့်ပြန်သည်။ ထိုသတင်းမထွက်လာ မီကမူ နေတိုးက စနေနေ့တွင် မိမိတို့စစ်သား ၄ ဦး အာဖဂန်ဗုံးကွဲမှုတစ်ခု ကြောင့် သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

တာလီဘန်နှင့် အဆက်အဆံလုံး၀မရှိ

ပတ်က္တီးယားနယ် ပြောရေးဆိုခွင့်ရှိသူ ရူဟုလ်လာ ဆမူးန်ကမူ ထိုသို့အရပ်သားများသေဆုံးမှုမှာ နေတိုး၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်သည်ဟု အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့ သည်။ ထို့ပြင်သူက "(သေဆုံးခဲ့တဲ့ မိသားစုထဲက ဖခင်ဖြစ်သူဟာ) တာလီဘန် ဒါမှမဟုတ် ဘယ် အကြမ်းဖက်အဖွဲ့နဲ့မှ အဆက်အဆံမရှိပါဘူး" ဟု ပြောကြားသည်။

နေတိုး၏ ပြောခွင့်ရပုဂ္ဂိုလ် လက်ထောက်ဗိုလ်မှူး ဂျင်မီကန်းမင်းက နေတိုးအနေဖြင့် အာဖဂန်နစ္စ တန်နိုင်ငံ၊ ပတ်က္တီးယားနယ်ရှိ အစိုးရသူပုန်များအား စနေနေ့ညက လေကြောင်းမှ ထိုးစစ်ဆင်ခဲ့ ကြောင်းကိုမူ အတည်ပြုပြောကြားခဲ့သည်။ သူက မဟာမိတ်တို့အနေဖြင့် အရပ်ဘက်ပြည်သူများ သေဆုံးခဲ့ကြောင်း သတင်းရရှိထားကြောင်းနှင့် ထိုသည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ထည့်သွင်းပြော ကြားသည်။

ဘီဘီစီသတင်းထောက် ဘီလားဆာဝေးအဆိုအရ အာဖဂန်ရှိ ဂူရဒါ ဆာရီးယားခရိုင်မှာ နေတိုးနှင့် အမေရိကန်တို့အား တိုက်ခိုက်နေသည့် ဟက္ကာနီသူပုန်များ(Haqqani network) ၏ ခြေကုပ်စခန်း တစ်ခုဖြစ်ပြီး ထိန်းချုပ်မရနိုင်သည့်အနေအထားတွင် ရှိသည်ဟု သတင်းပေးပို့သည်။

နေတိုးအနေဖြင့် သူတို့၏ စစ်သား ၄ယောက် သေဆုံးရခြင်းသတင်းအသေးစိတ်ကို မထုတ်ပြန်သလို ဓားစာခံအရပ်သားများသေဆုံးရခြင်းကိုလည်း နုတ်ဆိတ်နေသေးသည်။

သို့သော် ယူကေကာကွယ်ရေးဝန်ကြီးဌာနကမူ စနေနေ့က သေဆုံးခဲ့သော စစ်သားများစာရင်းတွင် ဗြိတိသျှစစ်သား ၁ ဦးပါဝင်ကြောင်း ဘီဘီစီသို့ အတည်ပြုပြောကြားခဲ့သည်။

တော်ဝင် ဝဲလ်ရ်ှ စစ်ကြောင်းမှ ဗြိတိသျှစစ်သားတစ်ဦးသည် နဟဲရေဆာရာဂ်ျနယ်တွင် ဗုံးပေါက်ကွဲခဲ့ ရာ၌ သေဆုံးခဲ့ရခြင်းဖြစ်သည်။

ယခုလအစောပိုင်းက အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက နေတိုးအား သူတို့၏တိုက်ခိုက်မှုများ ကြောင့် အရပ်သားများသေဆုံးနေကြောင်း၊ သို့ကြောင့် မိမိအနေဖြင့် အမေရိကန်တို့နှင့် သဘောတူ ထားသည့် မဟာဗျူဟာရေးဆိုင်ရာ စာချုပ်ကို ယုံကြည်မှုအားနည်းအောင် ပြုနေရာရောက်ကြောင်း သတိပေးခဲ့သည်။

၂၀၁၄ တွင် နေတိုးစစ်ဆင်ရေးပြီးနောက် နေတိုးနိုင်ငံများနှင့် အာဖဂန်တို့အကြား ၁၀ နှစ်တာ စစ်ရေးအရပူးပေါင်းဆောင်ရွက်မျှများပြုလုပ်ရန်လည်း သဘောတူထားကြသည်။


အိန္ဒိယ : တိဘက်ခေါင်းဆောင်ဒလိုင်းလားမားက သူ့အနေဖြင့် အစ္စလာမ်ကို ကာကွယ်ပေးနေကြောင်း ပြောကြားခဲ့



နိုဝင်ဘာ ၂၄၊ ၂၀၁၀ Times of India သတင်းစဉ်
source: http://goo.gl/9MfQK


တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင် ဒလိုင်းလာမားကို ဂျာမီယာ မိလ္လီးယား အစ္စလာမ္မီးယားဆိုသည့် နယူးဒေလီမြို့ရှိ အမျိုးသားအစ္စလာမ်မစ်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။

"မွတ်စလင်မ်တွေရဲ့ လိုလားမှုအရ ဒီတက္ကသိုလ်က ချီးမြှင့်တဲ့ ဘွဲ့ကတော့ ကျွန်တော့်အတွက် ထူးခြားပါတယ်။ သူတို့က ကျွန်တော့်ရဲ့ ဘာသာပေါင်းစုံသဘောမျှတညီမျှရေး ဆောင်ရွက်ချက်တွေ အတွက် ချီးမြှင့်ခဲ့တာပါ။ စက်တင်ဘာ ၁၁ (ကမ္ဘာကုန်သွယ်မှုအဆောက်အအုံတိုက်ခိုက်ခံရပြီး) ကတည်းက ကျွန်တော်အနေနဲ့ အစ္စလာမ်ကို ကာကွယ်ပေးခဲ့တာပါ။ လမ်းလွဲရောက်နေတဲ့ လူနည်းစုကလေးကြောင့် သာသနာတစ်ခုကို အပြစ်မတင်သင့်ပါဘူး။ အစ္စလာမ်က ကမ္ဘာပေါ်မှာ အရေးကြီးသာသနာတစ်ခုဖြစ် သလို မီလီယံပေါင်းမြောက်မြားစွာသော လူထုရဲ့ မြော်လင့်ယုံကြည် ချက်လည်းဖြစ်ပါတယ်။" ဟု ဒလိုင်လားမားက ပြီးခဲ့သည့်တပတ် အင်္ဂါနေ့ကပြောကြားလိုက်သည်။

ဂျာမီယာတက္ကသိုလ်၏ တွဲဘက်အဓိပတိဖြစ်သူ နာဂျီဘ်ဂျန်ဂ်က ၁၄ကြိမ်မြောက်ဒလိုင်လားမားအား နှစ်စဉ်ဘွဲ့နှင်းသဘင်တွင် အော်နိုရစ်ကောင်ဆာ (Honoris Causa) ဟုခေါ်သည့် စာပေရေးရာ ပါရဂူဘွဲ့ကို ချီးမြှင့်ပေးအပ်ခဲ့သည်။ ထိုအခမ်းအနားကို အိန္ဒိယနိုင်ငံ၊ ပြည်ထောင်စုလူ့အရင်းအမြစ် ဖွံ့ဖြိုးရေး၊ သိပ္ပံနှင့်နည်းပညာ၊ ဆက်သွယ်ရေးနှင့်ကွန်ပျူတာသိပ္ပံဝန်ကြီးဌာနမှ ဝန်ကြီး ကာပီလ် ဆီဘဲလ်တက်ရောက်ခဲ့သည်။

ထို့နောက် ဒလိုင်းလားမားက ဟောပြောတင်ပြခဲ့ရာ ကျောင်းသားများကို ငြိမ်းချမ်းသည့်ကမ္ဘာဆီသို့ ချီတက်ကြရန်ဆော်ဩခဲ့သည်။ "မကောင်းမှုကျူးလွန်နေကြပြီး အစ္စလာမ်နောက်လိုက်များလို့ မိမိတို့ ကိုယ်ကိုခံယူထားတဲ့လူတစ်စုကြောင့် မွတ်စလင်မ်တွေကို အားလုံးတူတူပဲဆိုပြီး မဆက်ဆံသင့်ပါဘူး။ ဒီလိုမကောင်းတဲ့အုပ်စုက သာသနာတိုင်းမှာ ရှိပါတယ်။ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာတွေမှာလည်းရှိပါတယ်။ ယနေ့ကမ္ဘာ့ပြဿနာတွေအရပ်ရပ်ကို ကျွန်တော်တို့ဘာသာဖန်တီးခဲ့တာပဲမဟုတ်လား။ လိုက်လျော ညီထွေဖြစ်တဲ့ အသိုင်းအဝန်းဖန်တီးဖို့ဆိုရင်တော့ အမြော်အမြင်ရှိတဲ့လူငယ်များကို ပညာပေးပြီး စိတ်ဓာတ်ဝိညာဉ်ပိုင်းဆိုင်ရာ သဘောတရားတွေ လက်ဆင့်ကမ်းပေးရမှာဖြစ်ပါတယ်။" ဟု ဒလိုင်း လားမားက ပြောကြားခဲ့သည်။

ထို့နောက်တက္ကလိုလ်၏ တွဲဘက်အဓိပတိက မိန့်ခွန်းပြောကြားရာ၌ "ယခုလို ဒလိုင်းလားမား၏ ရှေးကျသော ကျွန်တော်တို့မြေကြီးအတွက် တန်ဖိုးရှိသော စကားများကို နားသောတဆင်ရင်း စီးမျောလိုက်ပါသွားဖို့လိုကြောင်း၊ တက္ကသိုလ်အနေဖြင့် ဟိန္ဒူမွတ်စလင်မ်ချစ်ကြည်ရေးကို ရှေးရှုသည့် ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော အစုအဖွဲ့၏ သဘောညီမျှခြင်းအကြောင်းများကို သင်ကြားပေးနေကြောင်း၊ ထိုအကြောင်းမှာ အိန္ဒိယ၏ မဟာပရောဂျက်ကြီးလည်းဖြစ်ကြောင်း၊ မွတ်စလင်မ်များမှာ ထိုပရောဂျက်ကြီး၏ ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြောင်း" ထည့်သွင်းပြော ကြားခဲ့သည်။

တက္ကသိုလ်မှ ယခုနှစ်အတွက် အမျိုးမျိုးသော ပညာရပ်ဆိုင်ရာများတွင် ၂၀၀၈-၀၉ ပညာသင်နှစ် အတွက် ဘွဲ့ဒီဂရီပေါင်း ၃၅၂၉ ခုချီးမြှင့်ခဲ့ကြောင်း သိရသည်။ တက္ကသိုလ်အနေဖြင့် ထူးချွန်သူများကို ရွှေတံဆိပ် ၁၄၇ ခုချီးမြှင့်ခဲ့သလို ပါရဂူဘွဲ့ ၁၂၇ ဘွဲ့လည်းချီးမြှင် ခဲ့ကြောင်းသိရသည်။



Sunday, May 27, 2012

စင်ကာပူ : စင်ကာပူ စာအုပ်ပြပွဲ ၂၀၁၂ တွင် အဟ်မဒီယာမွတ်စလင်မ်မစ်ရှင်စာအုပ်ဆိုင်မှ ကျမ်းမြတ်ကုရ်အာန် ဘာသာပြန်အမျိုး ၅၀ ကျော်ပြသထား




စင်ကာပူ စန်းတက်စီးတီး ကွန်ဗင်းရှင်းစင်တာ
မေလ ၂၆ ရက် ၂၀၁၂



နှစ်စဉ်ကျင်းပမြဲဖြစ်သော စင်ကာပူ စာအုပ်ပြပွဲ ၂၀၁၂ တွင် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့မှ ကျမ်း မြတ် ကုရ်အာန်စာအုပ်ပေါင်း ၅၀ ကို ခင်းကျင်းပြသထားကြောင်း သတင်းရရှိသည်။ စန်းတက်စီးတီး၊ နိုင်ငံတကာအစည်းအဝေးများနှင့် ပြပွဲများကျင်းပသည့် စင်တာတွင် ၁၀ ရက်တာကျင်းပလျက်ရှိ သော ထိုစာအုပ်ပွဲတော်ကို မေလ ၂၅ ရက်၊ သောကြာနေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ပြပွဲမှာ ပညာရေး ဆန်ဆန်ပြ ပွဲမျိုးဖြစ်သည်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့အနေဖြင့် ထိုပြပွဲတွင် နှစ်စဉ်ပါဝင်နေကျဖြစ်ပြီး ယခုနှစ်တွင်လည်း ဆိုင်ခန်းဖွင့်ပြသထားရာ ၄ လွှာရှိ၊ ဆိုင်ခန်းနံပါတ် အီး-၂၅တွင် ကျမ်းမြတ်ကုရ်အာန်ဘာသာပြန် ၅၀ ကျော်အား သွားရောက်လေ့လာနိုင်ပါသည်။ ထို့ပြင် ပြခန်း၌ အခြားကုရ်အာန်နှင့်ဆိုင်သော စာအုပ် များကိုလည်း ပြသထားရာ အများစုမှာ မန်ဒရင်းဘာသာစကားဖြင့် ဖြစ်သည်။ စနေနေ့မှာ ပြပွဲ၏ ဒုတိယမြောက်နေ့ဖြစ်သဖြင့် လာရောက်ကြည့်ရှုသူနည်းပါးသော်လည်း မနက်ဖြန် (တနင်္ဂနွေ)မှ စတင်၍ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားနေမည်ဟု မျှော်လင့်ရပေသည်။


အခြားပညာပေးအနေဖြင့် ကျမ်းမြတ်ကုရ်အာန်၏ စစ်ပွဲများအပေါ်သွန်သင်ထားချက်ကို ကြော်ငြာ ဆိုင်းဘုတ်ဖြင့် ပြသထားရာ ကျမ်းမြတ်ကုရ်အာန်မုက္ခပါတ် ၂၂.၄၀ နှင့် ၆၀.၉ တို့ကို ကိုးကားတင် ပြထားသည်။ ထိုဆိုင်းဘုတ်တွင် ဂျီဟတ်၏ အစစ်အမှန်အဓိပ္ပါယ်ကိုပါ ထပ်ဟပ်ဖော် ပြထား၍ အခြား ဆိုင်ခန်းများမှ ပြပွဲပြသသူများအနေဖြင့် စိတ်ဝင်စားကာ လာရောက်လေ့လာကြကြောင်း သိရသည်။ အထူးသဖြင့် ဆော်ဒီသံရုံး၊ ယဉ်ကျေးမှုနှင့် အဆင့်မြင့်ပညာဌာနပြခန်းမှ အာရပ်စကားပြော ပရိသတ် များအနေဖြင့် ထိုဆိုင်းဘုတ်ကို အထူးစိတ်ဝင်စားနေကြကြောင်း သိရသည်။


အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ပြခန်းမှ စတုတ္ထမြောက် ခလီဖတွလ်မဆီဟ်၊ ဟာဇရသ်မီရ်ဇာသာဟီရ် အဟ်မဒ်၏ "Revelation, Rationality, Knowledge and Truth" စာအုပ်အား စိတ်ပါဝင်စားသူများ ကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ ပြပွဲအသေးစိတ်ကို www.bookfair.com.sg တွင် လေ့လာနိုင်ပါသည်။

စာရှုသူအနေဖြင့် ပြပွဲကိုမသွားရောက်နိုင်ခဲ့သော် ကျမ်းမြတ်ကုရ်အာန်ဘာသာပြန်အား ကိုယ်ပိုင် ဘာသာစကားဖြင့် အလိုရှိပါက အဟ်မဒီယာမွတ်စလင်မ်စာအုပ်ဆိုင်၊ သာဟာဗလီဝတ်ကျောင်းတော်၊ အမှတ် ၁၁၈၊ အိုနန်လမ်း၊ စင်ကာပူ၊ စာတိုက်သေတ္တာအမှတ် ၄၂၄၅၃၀ သို့ ဆက်သွယ်နိုင်ပါသည်။

ဂျာမန်အများစုက အစ္စရေးကို ရန်လိုသူဟုမြင်

မေလ ၂၆ ရက် ၂၀၁၂။ ဘင်ဂျမင် ဝိန်ထဲလ်။
ဂျေရုစလင်မ် ပို့စ်သတင်းစာ။

ဘာလင် : ဂျာမနီရှိ ဂျူးပင်မကောင်စီ(Central Council of Jews) ခေါင်းဆောင် ဒေါက်တာဒီရက် တာ ဂရောင်းမန်းက စောင်ရေအများအပြားထုတ်ဝေသည့် ဘိုင်းသတင်းစာသို့ ဂျာမန်အများစု (၅၉ ရာခိုင်နှုန်း)က အစ္စရေးကို ရန်လိုသည့်နိုင်ငံအဖြစ် ဖော်ပြနေသည့် စစ်တမ်းတစ် ခုအပေါ် ဝမ်းနည်း စိုးရိမ်မိသည်ဟု ကြာသပတေးနေ့က ပြောကြားသွားသည်။ ထို့ပြင်သူက နာဇီ ခေတ်တွင် ဂျူးများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသည့် ကိစ္စရပ်တွင် ဂျာမန်တို့၌တာဝန်မရှိ ဟူသည့် စစ်တမ်း ဖော်ပြချက်ကိုလည်း ဝမ်းနည်းစိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။



စတန်းမဂ္ဂဇင်းက ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ကောက်ယူခဲ့သည် စစ်တမ်းတွင် အန္တီအစ္စရေးအရေအ တွက် ကျယ်ပြောစွာပါဝင်နေသည်ဖြစ်၍ ဂရောင်းမန်းကို အခက်တွေ့သွားစေသည်။

"ဂျူးအမျိုးသားတိုင်းပြည်နဲ့ပတ်သတ်ပြီး သူတို့အမြဲလိုလိုရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုများအတွက် နားလည်စာနာမှုနှင့် (အဲဒါတွေနဲ့ပတ်သတ်ပြီး) အေးအေးစက်စက်တုန့်ပြန်မှုလျော့နည်းရေးတို့ကို ကျွန်တော်ဆန္ဒရှိနေတယ်" ဟု ဂရောင်းမန်းက ပြောကြားသည်။ မေလ ၂၈ မှ ၃၁ အတွင်း၊ ဂျာမန် သမ္မတအသစ်ဖြစ်သည့် ဂျိုအာချင်မ် ဂေါက်၊ အစ္စရေးသို့မသွားမီ ဖော်ဆာဟုခေါ်သော စစ်တမ်း ကောက်ယူရေးအေဂျင်စီမှ စတန်းမဂ္ဂဇင်းအတွက် စစ်တမ်းကောက်ယူပေးခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။

နာဇီတို့ ဂျူးများကို အစုလိုက်အပြုံလိုက်စီရင်ခဲ့ခြင်းအပေါ် ဂျာမနီတွင်တာဝန်မရှိဟူသည့်ဘက်မှ ထောက်ခံခဲ့သူ ဂျာမန်လူမျိုး ၆၀ ရာခိုင်နှုန်းရှိနေကြောင်း စတန်းမဂ္ဂဇင်းစစ်တမ်းက ဖော်ပြသည်။ ၃၃ ရာခိုင်နှုန်းကမူ ဂျာမနီတွင် တာဝန်ရှိကြောင်း မဲပေးခဲ့ကြသည်။

ဂရောင်းမန်းက "တကယ့်ကိုပါပဲ၊ ဒီရလဒ်က ကျွန်တော့ကို ဝမ်းနည်းစေရုံတင်မက စိုးရိမ်စိတ်လည်း ကြီးထွားစေပါတယ်။ ဂျာမန်နဲ့ အစ္စရေးတို့ဟာ ဒီမိုကရေစီ၊ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းစွာ အတူ တကွရှိရေးစတဲ့ စစ်မှန်တဲ့ အသိုက်အဝန်းတန်ဖိုးတွေကို ပူးပေါင်းဆောင်ရွက် နေကြတဲ့အကြောင်း ရှင်းရှင်းလင်းလင်းဖြစ်အောင် ကျွန်တော်တို့ပြုလုပ်ကြရမယ်" ဖြည့်စွက်ပြောကြားခဲ့သည်။

စတန်းမဂ္ဂဇင်းစစ်တမ်းက အစ္စရေးသည် အခြားသူများအရေးအတွက်မစဉ်းစားဘဲ သူ၏အရေးကိုသာ ထုတ်ဖော်တင်ပြလေ့ရှိသည် ဆိုသည့်အဆိုဘက်မှလည်း ဂျာမန် ၇၀ ရာခိုင်နှုန်းထောက်ခံခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၀၉ က ပြုလုပ်ခဲ့သည့် အလားတူစစ်တမ်းနှင့်နှိုင်းယှဉ်လျှင် ယခုစစ်တမ်းမှာ အခြားသူများ၏အရေးကိစ္စများကို လျစ်လျူပြုပြီး အစ္စရေးတို့က သူတို့လုပ်ချင်ရာလုပ်သည်ဟု ယူဆသော ဂျာမန်လူမျိုးအရေအတွက် ၁၁ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်းလည်း သိရ သည်။ 

ဂျာမန်လူမျိုးအများစု ၆၅ ရာခိုင်နှုန်းက လွတ်လပ်သည့်ပါလစ္စတိုင်းနိုင်ငံထူထောင်ရေးကို အသိ အမှတ်ပြုသင့်ကြောင်း အရေးဆိုထားသည်။

သတင်းအရင်းအမြစ် - www.jpost.com/International/Article.aspx?id=271494

Saturday, May 26, 2012

အင်္ဂလန် နိုင်ငံ မန်ချက်စတာတွင် ကမ္ဘာ့မွတ်စလင်ခေါင်းဆောင်မှ အစ္စလာမ့်ဝတ်ပြုကျောင်း(ဗလီ)အသစ်ဖွင့်လှစ်

ဟာဇရသ် မေရ်ဇာ မဆ်ရူးရ် အဟ်မဒ် မှ ဒါရုလ် အာမန် ဗလီဝတ်ပြုကျောင်းအား
အခမ်းအနားဖြင့်ဖွင့်လှစ်ခြင်း




အဟ်မဒီယာ မွတ်စလင်အဖွဲ့ခေါင်းဆောင် ပဥ္စမမြောက် ခလီဖာ ဟာဇရသ် မေရ်ဇာ မဆ်ရူးရ် အဟ်မဒ် ဟာ  ၂၀၁၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာ မြို့မှာ ဒါရုလ် အာမန် ဗလီဝတ်ပြုကျောင်းအသစ်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါဟာ အင်္ဂလန်နိုင်ငံမှာ ခလီဖာ ကိုယ်တိုင်ဖွင့်လှစ်ပေးတဲ့ ဗလီဝတ်ပြုကျောင်းတွေထဲက ၆ ခုမြောက် ဗလီဖြစ်ပါတယ်။

ဗလီဖွင့်လှစ်ပြီးတဲ့အခါ သောကြာနေ့ဓမ္မသဘင်(ဂျွန်မာခွတ်သဗာ) နဲ့အတူ ဘုရားဝတ်ပြုခဲ့ကြပါတယ်။ ဒါကို အဟ်မဒီယာ မွတ်စလင် ဂြိုဟ်တု ရုပ်သံလွှင့်ဌာန (MTA International) ကနေတကမ္ဘာလုံးကို ထုတ်လွှင့်ခဲပါတယ်။ သောကြာနေ့ဓမ္မသဘင်အတွင်းမှာ ဟာဇရသ် မေရ်ဇာ မဆ်ရူးရ် အဟ်မဒ်က ဗလီတစ်လုံးဆောက်ပြီးရုံနဲ့ လုံလောက်သေးတာမဟုတ်ဘဲ ထာဝရဘုရားကို ကျွိုးနွံစွာဝတ်ပြုသူတွေနဲ့ ဖြည့်တင်းရမှာ ဖြစ်ကြောင်း ဝတ်ပြုသူတွေကို သတိပေးပြောကြားပါတယ်။




အဲ့ဒီနေ့ နောက်ပိုင်းမှာတော့ ခလီဖာသခင်က မြို့တော်ရှိ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဗလီဝင်းထဲမှာပဲ ဗလီဖွင့်ပဲအထိမ်းအမှတ်အနေနဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေနဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေကို ဧည့်ခံကျွေးမွေးမှုလည်း ပြုလုပ်ခဲ့ပါတယ်။

ဒေသဆိုင်ရာ အဟ်မဒ်ဒီယာ မွတ်စလင်အဖွဲ့ဥက္ကဌ ဖြစ်တဲ့ ဒေါက်တာ နာဆေးရ် ချောင်ဒရီ က ဗလီဟာ ဝတ်ပြုသူ (၂၀၀၀) ခန့်ဝတ်ပြုနိုင်ကြောင်း သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဗလီဆောက်လုပ်ဖို့အတွက် ကုန်ကျစရိတ်အားလုံးကို အဟ်မဒီယာမွတ်စလင် ဂျမာအတ်အဖွဲ့သားတွေကသာလျှင် ထည့်ဝင်လှူဒါန်းခဲ့ကြတာဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က မန်ချက်စတာမြို့တော်ဝန် ဟယ်ရီ လိုင်ယွန် က ဝတ်ပြုရာဗလီက သူမွေးဖွားကြီးပြင်းခဲ့တဲ့နေရာကနေ မီတာရာပေါင်းအနည်းငယ်ပဲဝေးတဲ့နေရာမှာတည်ရှိတဲ့အတွက် ဝမ်းမြောက်မိကြောင်း နဲ့ အဟ်မဒီယာမွတ်စလင်အဖွဲ့ဟာ မန်ချက်စတာ ဒေသကောင်စီကို အပြည့်အဝထောက်ပံ့ကူညီမှုတွေရှိကြောင်းပြောခဲ့ပါတယ်။


မန်ချက်စတာဗဟိုရဲ့ ပါလီမန် အဖွဲ့ဝင်ဖြစ်တဲ့ တိုနီ လှိုက်ဒ် ကလည်း သူဟာ အဟ်မဒီယာ မွတ်စလင်အဖွဲ့နဲ့ ကြာရှည်စွာလက်တွဲခဲ့ကြောင်း ဟာဇရသ် မေရ်ဇာ မဆ်ရူးရ်အဟ်မဒ်ရဲ့ ခေါင်းဆောင်မှုအောက်မှာ အဟ်မဒီ မွတ်စလင်တွေဟာ ချစ်ခင်မှုနဲ့ ငြိမ်းချမ်းမှုတန်ဖိုးတွေကို ပြသလျှက် ရှိနေတယ်လို့ပြောခဲ့ပါတယ်။



စထရ်ဖို့ နဲ့ အမ်စတန်တွေရဲ့ ပါလီမန်မန်ဘာဖြစ်သူ ကိတ် ဂရင်း က ဗလီဝတ်ပြုကျောင်းဟာ မန်ချက်စတာကို ထပ်မံအလှဆင်တဲ့ အဆောက်အဦးဖြစ်ကြောင်း နဲ့ ဒါရုလ် အာမန် ဗလီဝတ်ကျောင်း ဖွင့်လှစ်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း အဟ်မဒီယာမွတ်စလင်အဖွဲ့ကို ပြောကြားပါတယ်။



မန်ချက်စတာ ဂေါ်တန်ရဲ့ ပါလီမန် အဖွဲ့ဝင်ဖြစ်သူ ဆာ ဂျရလ် ကော့ဖ်မန် က ပါလီမန်အဖွဲ့ထဲမှာ သူရှိနေတာဟာ နှစ်ပေါင်း ၄၂ နှစ်ရှိပြီဖြစ်ကြောင်းနဲ့ ဒါရုလ် အာမန် ဗလီဝတ်ပြုကျောင်းဖွင့်ပွဲကို တက်ရောက်ရတာဟာ သူ့ရဲ့သက်တမ်းမှာ တမူထူးခြားတဲ့ ဖြစ်စဉ် ဖြစ်ကြောင်းနဲ့  "ထာဝရဘုရားရှင်က အသင်တို့အသင်းအဖွဲ့အပေါ်မှာ ပြုံးရွှင်လျှက်ရှိပါစေကြောင်း" ဆုတောင်းပေးခဲ့ပါတယ်။


ဝတ်သင်တန်ရဲ့ ပါလီမန်မန်ဘာတစ်ဦးဖြစ်တဲ့ ဂျွန်လီချ် ကလည်း ဒီနယ်မြေလေးအတွင်းက တခြားအဆောက်အဦးတွေကြားမှာ ဗလီဟာ မီးပြတိုက်သဖွယ်ဖြစ်ပြီး အနီးဝန်းကျင်နေရာမှာ အံ့သြဖွယ် ဖြည့်စွက်တဲ့ အဆောက်အဦးတစ်ခုဖြစ်ကြောင်းလည်းပြောကြားပါတယ်။ တိုတောင်းတဲ့အချိန်တိုအတွင်း ခုလို ဗလီတည်ဆောက်ဖို့အတွက် ကိုယ်တိုင်စုပေါင်းငွေကြေး မတည်ခဲ့နိုင်တာအတွက်လည်း ဂုဏ်ယူပါကြောင်းပြောကြားခဲ့ပါတယ်။

ညနေပိုင်းမှာတော့ ဟာဇရသ် မေရ်ဇာ မဆ်ရူးရ် အဟ်မဒ်က ဗလီတစ်လုံးရဲ့ အဓိက ရည်ရွယ်ချက်တွေကို တင်ပြခဲ့ပါတယ်။ ဒါအပြင့် နယ်ပယ်အသီးသီးကလူတွေအားလုံး ပိုမိုညီညွတ်မှုရှိကြဖို့နဲ့ ကွဲပြားတဲ့ ယုံကြည်မှုတွေနဲ့ အပြန်အလှန်သဟဇာတဖြစ်မှု တိုးမြှင့်ရေးအတွက်လည်း ပြောကြားခဲ့ပါတယ်။

ခလီဖာသခင်က ပြောကြားရာမှာ လူတွေဟာ ပုံမှန်အားဖြင့် သူတို့နဲ့ စိတ်ဝင်စားမှု၊ အနေအထားသဘောသဘာဝ တူညီတဲ့ သူတွေနဲ့ အပေါင်းအဖော်ဖြစ်ခြင်းထဲမှာသာ ကိုယ့်ကိုယ်ကို ကန့်သတ်ထားလေ့ရှိကြပါတယ်။ တကယ်တော့ စုပေါင်းညီညွတ်တဲ့ လူမှုအဖွဲ့အစည်းတည်ထောင်ဖို့ဆိုတာဟာ နယ်ပယ်အသီးသီးက လူတိုင်းဟာ အတူတကွ ကူးလူးစုစည်းနေထိုင်ဆက်ဆံကြဖို့လိုအပ်ကြောင်း အသိပေးပါတယ်။

ခလီဖာသခင်က ...
" အဟ်မဒီမွတ်စလင်တွေဟာ မိမိတစ်ဦးတည်းသီးခြားမနေဘဲ လူမှုအဖွဲ့ထဲက အနိမ့်အမြင့်မရွေး လူတန်းစားအဖုံဖုံနဲ့ ရင်းနှီးဆက်ဆံနေထိုင်ကြတာအတွက် ကျွနု်ပ်က အင်မတန်ပဲ ပျော်ရွှင်ဝမ်းမြောက်မိပါတယ်။ အမှန်တကယ်တော့ ဒါဟာ အဟ်မဒီမွတ်စလင်တိုင်းရဲ့ အမှတ်လက္ခဏာပဲ ဖြစ်သင့်ပါတယ်။  "




ဟာဇရသ် မေရ်ဇာ မဆ်ရူးရ် အဟ်မဒ်က အနောက်နိုင်ငံက လူတွေဟာ အစ္စလာမ်နဲ့ ဗလီဝတ်ကျောင်းတွေကို ကြောက်လန့်တတ်ကြလေ့ရှိကြောင်း ပြောပါတယ်။ ထပ်မံပြောကြားတာက လူတွေဟာ ဗလီဝတ်ကျောင်းကို ကြောက်လန့်စရာမလိုကြောင်း  အကြောင်းက ဒါဟာ ထာဝရဘုရားရှင်ကို ဝတ်ပြုတဲ့နေရာဖြစ်ပြီး၊ လူသားချင်းစာနာထောက်ထားမှုကို တွန်းအားပေးတဲ့နေရာ ဖြစ်တဲ့ အပြင် တရားမျှတစွာ ဆုံးဖြတ်ရမယ့်နေရာလည်းဖြစ်ကြောင်း ပြောဆိုပါတယ်။

ခလီဖာသခင်က ....
"သူ့ရဲ့ဘဝကို ကိုရ်အာန်ကျမ်းစာရဲ့ သွန်သင်ချက်နဲ့ ထိန်းကျောင်းတယ်၊ သူ့ရဲ့ ရည်ရွယ်ချက်က ထာဝရဘုရားသခင်ရဲ့ နှစ်သက်ကျေနပ်မှုကိုရဖို့အတွက် အဲ့ဒီလိုလူက လူ့အဖွဲ့အစည်းထဲမှာ မတည်ငြိမ်မှုတွေအမျိုးမျိုးကို ပြုလုပ်လိမ့်မယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ? ဒါ့အပြင် ဗလီဝတ်ကျောင်းထဲက မွတ်စလင်တစ်ယောက်ဟာ တခြားသူတွေရဲ့အခွင့်အရေးကို  နှောက်ယှက်လုယူတာမျိုးလည်း ဘယ်ဖြစ်နိုင်ပါ့မလဲ ?။ အဲ့ဒီလိုမျိုး အခြေအနေတွေမဖြစ်နိုင်ပါဘူး အကြောင်းက ဒါတွေဟာ အစ္စလာမ့် သင်ကြားမှုနဲ့ ဆန့်ကျင်ဖက်ဖြစ်နေလို့ပါပဲ။"



ခလီဖာသခင်က အခမ်းအနားတက်ရောက်လာသူတွေကို  အဟ်မဒီ ဗလီဝတ်ကျောင်းတွေဟာ စစ်မှန်တဲ့ ဗလီဝတ်ကျောင်းတွေဖြစ်ပြီး လုံခြုံမှုနဲ့ ငြိမ်းချမ်းမှုပေးတဲ့နေရာဖြစ်ကြောင်း ထပ်မံဖြည့်စွက်ပြောကြားပါတယ်။

အသင်တို့အားလုံးကို စိတ်ချယုံကြည်စွာနဲ့ ပြောကြားလိုတာက အဟ်မဒီဗလီဝတ်ကျောင်းတွေရဲ့ ခေါ်သံဟာ အသင်တို့ကို ထာဝရဘုရားသခင်ဖက်ကိုခေါ်ဆောင်မှာဖြစ်ပြီး ထာဝရဘုရားသခင်ဖန်ဆင်းထားတဲ့ ဖန်ဆင်းခံတွေရဲ့ အခွင့်အရေးကို ဖြည့်ဆည်းပေးဖို့သာ ခေါ်ဆိုမှာဖြစ်တယ်ဆိုတာပါပဲ။ဖွင့်ပွဲအခမ်းအနားပြုလုပ်တဲ့ ဗလီရဲ့အမည်ဟာ " ငြိမ်းချမ်းမှုနဲ့ လုံခြုံရာ " လို့အဓိပ္ပာယ်ရပြီး၊ အကာအကွယ်လုံခြုံမှုဟာ ဗလီအတွင်းကလူတွေကိုသာလျှင် ဆိုလိုတာမဟုတ်ဘဲ ဗလီဝန်းကျင်က လူတွေအတွက်ပါ လွှမ်းခြုံမှုရှိကြောင်း နိဂုံးချုပ်ပြောကြားပါတယ်။

ခလီဖာသခင်ပြောကြားတာက ...
" အမှန်တကယ်ပဲ အဟ်မဒီမွတ်စလင်တွေဟာ မနာလိုမုန်းတီးမှုတွေနဲ့ ရန်ငြိုးတွေကို ချစ်ခင်မှုနဲ့ ငြိမ်းချမ်းမှုအဖြစ်ပြောင်းလဲဖို့အတွက် အစွမ်းကုန်ကြိုးစားအားထုတ်ကြမှာကို ဒေသခံလူတွေအားလုံးတွေ့မြင်ကြရမှာပါ။ ဒီလိုနဲ့ ဒီဗလီဝတ်ကျောင်းတော်ဟာ ငြိမ်းချမ်းမှုရဲ့ သင်္ကေတသဖွယ်ဖြစ်လာမှာဖြစ်ပြီး ဒီဒေသရဲ့ အလင်းပေးတဲ့ မီးပြတိုက်အဖြစ်သာမက မြို့တော်တစ်ခုလုံး၊ အဲ့ဒီနောက် ကျယ်ပြန့်တဲ့ ကမ္ဘာတစ်ခုလုံးအတွက် အလင်းရောင် မီးပြတိုက်သဖွယ်ဖြစ်လာပါလိမ့်မယ်။"


Source: http://www.alislam.org/egazette/press-release/new-mosque-opened-by-world-muslim-leader-in-manchester/

Friday, May 25, 2012

အမေရိကန်/အစ္စရေး : ကန်ရွေးကောက်ပွဲမတိုင်မီ အီရန်အားမတိုက်ပါဟူသော အိုဘာမားထံပေးထား သည့် ကတိအား အစ္စရေးတို့ ရုပ်သိမ်း



မေလ ၂၄ ရက် ၂၀၁၂
rt.com ၊ ရုရှထုတ် အင်္ဂလိပ်သတင်းစဉ်

အစ္စရေးခေါင်းဆောင်ပိုင်းက အမေရိကန်သမ္မတအိုဘားမား၏ အီရန်နူကလီးယားအရေးအပေါ်ကိုင် တွယ်ပုံအား စိတ်ပျက်လျက်ရှိကြောင်း ဝါရှင်တန်ဒီစီ သတင်းအရင်းအမြစ်များမှ နိုင်ငံတကာမီဒီ ယာများသို့ ပြောကြားလိုက်သည်။ အစ္စရေးအနေဖြင့် အမေရိကန်၏ နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ အီရန်ကို စစ်ရေးအရအရေးယူနိုင်ကြောင်းလည်း သိရသည်။ 

 ဧပြီ ၂၆ ၂၀၁၂ အစ္စရေးလွတ်လပ်ရေးနေ့က ဂျေရုစလင်ဝေဟင်တွင် ပျံသန်းပြသခဲ့သည့် T-6A Texan အမျိုးအစား တိုက်လေယာဉ်များ

အစ္စရေးထောက်လှမ်းရေးဝက်ဘ်ဆိုဒ်ဖြစ်သည့် ဒက်ဘ်ကာ၏ အမေရိကန်နိုင်ငံမြို့တော်လာ သတင်း အပေါ် အခြေတည်ပြီး ဖော်ပြထားချက်အရ ယခုနှစ် ဆောင်းဦးတွင် ကျင်းပမည့် အမေရိကန်ရွေး ကောက်ပွဲမတိုင်မီ အီရန်အား စစ်ကြေငြာခြင်းမပြုဟု အစ္စရေးဘက်က အမေရိကန်ကို ကတိပေးထား ခြင်းအား ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ 


အက်ဘ်ကာအစီရင်ခံစာအရ  အစ္စရေးအနေဖြင့် အီရန်နူးကလီးယားခြိမ်းခြောက်မှု ကောလဟလ များကို သမ္မတအိုဘာမားက အရေးတယူပြုဆောင်ရွက်ရန်ငြင်းဆန်နေခြင်းကြောင့် ထိုသို့ဆုံးဖြတ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်၏ နိုင်ငံတကာစစ်ပွဲတွင်ပါဝင်မှုဖြစ်နိုင်ခြေကို မထိခိုက်စေမှသာ အီရန်ကိုတိုက်ခိုက်ရာ တွင် အင်အားကြီးကြီးမားမား ဖြစ်မည်ဟု အစ္စရေးကယူဆသည်။ ထို့ကြောင့်လည်း အမေရိကန်ရွေး ကောက်ပွဲနေ့မတိုင်မီ အီရန်အားမတိုက်ခိုက်ပါဟု အိမ်ဖြူတော်ကို ကတိပြုခဲ့ခြင်းဖြစ်သည်။ သမ္မတအိုဘာမားက အီရန်၏ တိတိကျကျမပြောနိုင်သော နူးကလီးယားထိပ်ဖူးအစီအစဉ်အပေါ် ယတိပြတ်အာရုံစူးစိုက်မှု မရှိသေးသဖြင့် အစ္စရေးဘက်လည်း အီရန်ကိုအချိန်မရွေးတိုက်နိုင်သည့် အခွင့်အလမ်းနည်းပါး နေခြင်းဖြစ် သည်။ 

အစ္စရေးကာကွယ်ရေးဝန်ကြီးချုပ် အုဟုဒ်ဘာရတ်က ယခုအပတ်စဉ်တွင် ဟီဘရူးဘာသာဖြင့် ထုတ် ပြန်ခဲ့သည့် ကြေငြာစာတမ်း၌ “ကျွန်တော်တို့ကို ဘာလုပ်ပါလို့ ပြောနေစရာမလိုဘူး၊ ကျွန်တော်တို့ မှာ ဘာအကြောင်းကြောင့်မှ ကြောက်နေစရာမရှိဘူး၊ အစ္စရေးဆိုတာ အလွန့်အလွန်   အင်အားကြီး နိုင်ငံပါ၊ ဒါပေမယ့် အီရန်တွေဟာ ဆုံးဖြတ်ချက်ကို ပြီးမြောက်အောင်ဆောင်  ရွက်တတ်တာကြောင့် နူးစွမ်းအင်ကိုရအောင် သူတို့လုပ်ကိုလုပ်မယ်ဆိုတာ ကျွန်တော်တို့သိထား တယ်၊ ကျွန်တော်တို့အနေ အထားကတော့ မပြောင်းလဲသေးဘူး၊ ကမ္ဘာက အီရန်ရဲ့နူးအစီအစဉ်ကို တားမြစ်ရမယ်၊ ရွေးချယ်စရာ နည်းလမ်းတွေကတော့ စားပွဲဝိုင်းဆွေးနွေးမှုနဲ့ ပြုလုပ်နိုင်ပါတယ်။” ဟု ပြောကြားထားသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးက ထိုကြေငြာချက်ကို ဝါရှင်တန်မှ အစည်းအဝေးပွဲတက်ရောက်ခဲ့အ ပြီး အပြန်၊ မေလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဒက်ဘ်ကာအစီရင်ခံစာအရ သိရသည် မှာ မေလ ၁၇ရက်နေ့က အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပနက်တာနှင့် အစ္စရေး ကာကွယ် ရေးဝန်ကြီးတို့ ပင်တဂွန်တွင် အီရန်အရေး ဆွေးနွေးခဲ့ကြောင်း၊ ဤတွင် အိုဘာမားက အစ္စရေး၏ (အီရန်အားတိုက်ရန်) တောင်းဆိုမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။ ဒက်ဘ်ကာက ဆက်လက် ဖော်ပြသည်မှာ အိုဘာမားအနေဖြင့် အီရန်၏ အဆင့်မြင့်ယူရေနီယမ် သန့်စင်နေခြင်းကို တားမြစ်ဖို့ လည်း ဆန္ဒမရှိကြောင်း သိရသည်။ ထို့ပြင် ဂရိတ်အဆင့် ၃.၅ ရာနှုန်းကျော် သန့်စင်ထားသော ယူရေနီယမ်များ တင်သွင်းနေခြင်းနှင့် တီဟီရန် အနောက်တောင် ဘက် ကမ်းမြို့ရှိ ဖော်ဒိုနူးကလီး ယားစက်ရုံကို ပိတ်ပစ်ဖို့ တောင်းဆိုရန်လည်း မလိုလားကြောင်း သိရ သည်။

ဒက်ဘ်ကာအစီရင်ခံစာအရ အစ္စရေးက အမေရိကန်တို့နှင့်ဆွေးနွေးပြီးနောက် ကာကွယ်ရေးဝန်ကြီး အုဟုဒ်ဘာရတ်သည် အမေရိကန်နိုင်ငံဆိုင်ရာ အထွေထွေအတွင်းရေးမှူး ကလင်တန်နှင့် နိုင်ငံတော် လုံခြုံရေးအကြံပေး တော်မ်ဒိုနီလန်တို့နှင့် အီရန်ပြဿနာအကြောင်း ပြောဆိုခဲ့ကြောင်း၊ သို့ပြောဆို ရာတွင်လည်း အိုဘာမားကြီးကဲသည့် ကန်တို့ဘက်မှ အစ္စရေး၏တောင်းဆိုမှုဖြစ်သည့် အီရန်ကို ပိတ်ဆို့မှုအတွက် အကူအညီပေးရန်ကို သဘောမတူခဲ့ကြောင်း သိရသည်။

ယခင်ကမူ အိုဘာမားက ကန်တို့အနေဖြင့် အစ္စရေးနှင့် မဟာမိတ်ဖွဲ့ထားမှုအရ အစ္စရေးဘက်မှ ရပ်တည်မည်ဖြစ်ကြောင်း ပြောထားခဲ့ဖူးသည်။ ယခုနှစ်အစောပိုင်းက အတ္တလန်တာ သတင်းဌာနကို အိုဘာမားက “အစ္စရေးအစိုးရအနေနဲ့ အမေရိကန်သမ္မတတစ်ယောက်ကလှည့်ဖျားမှာမဟုတ်ဘူး ဆိုတာ သိထားမှာပါ။”  ဟု ပြောထားခဲ့ဖူးသည်။

ကန်အစ္စရေးတို့၏ ပြည်သူ့ရေးရာကော်မတီ (အေအိုင်ပီအေစီ)၏ နှစ်ပတ်လည်ညီလာခံကို ယခုနှစ် မတ်လအတွင်းကျင်းပခဲ့ရာ ထိုညီလာခံတွင် အစ္စရေးဝန်ကြီးချုပ် နတန်ယာဟုနှင့် အိုဘာမားတို့သည် အီရန်အကြောင်းကို အဓိကထားဆွေးနွေးခဲ့ကြသေးသည်။ အစ္စရေး၏ ဖိအားပေးတောင်းဆိုမှုမရှိ ပါက အိမ်ဖြူတော်အနေဖြင့် အီရန်ကို စစ်ရေးအရတိုက်ခိုက်ဖို့ဘက်မှ ရပ်တည်ရန်ငြင်းဆန်ခဲ့ ကြောင်း သိရသည်။


အမေရိကန်: ဂါးတ်ဝီလ်ဒါးစ်၏ စာအုပ် "Marked for Death" (သေခြင်းတရား အတွက် ရေးမှတ်ခြင်း ခံရပြီး။) အတွက် မွတ်စလင်မ်တစ်ဦး၏ တုန့်ပြန်မှု



အမေရိကန်: နယ်သာလန်နိုင်ငံ၊ အစ္စလာမ်မိုဖိုးဘစ်အမတ် ဂါးတ်ဝီလ်ဒါးစ် ၏စာအုပ် "Marked for Death" (သေခြင်းတရားအတွက် ရေးမှတ် ခြင်းခံရပြီး။)  အတွက် မွတ်စလင်မ်တစ်ဦး၏ တုန့်ပြန်မှု

၂၃ ရက်၊ မေလ ၂၀၁၃။ 
ကာဆင်မ် ရာရှိဒ်
မွတ်စလင်မ်စာရေးဆရာ။ Guild of America
www.huffingtonpost.com

ဟောလန်ရဲ့ နာမည်ကြီး အန္တီအစ္စလာမ်အမတ်ဖြစ်တဲ့ ဂါးတ်ဝီလ်ဒါးစ်ကို လူတိုင်းသိပြီးဖြစ်မှာပါ။ သူရဲ့ "Marked for Death" (သေခြင်းတရားအတွက် ရေးမှတ်ခြင်းခံရပြီး။) လို့အမည်ပေးထားတဲ့ အန္တီအ စ္စလာမ်စာအုပ်၊ ကျောဘက်မျက်နှာဖုန်းအတွင်းမှာ သူ့အကြောင်းအားလုံးကို ဖော်ပြထားပြီးဖြစ်နေပါ ပြီ။ "ဗြိတိန်က ဝင်ခွင့်မပေးဘူး၊ အင်ဒိုကလည်း ဘန်းထားပြန်တယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကလည်း ရှုံ့ချထားတယ်။... ဝီလ်ဒါးစ်ကတော့ ဦးမကျိုးနောင်တမရသေးပါ။"


သူ့စာအုပ်ကိုဖတ်အပြီးမှာတော့ သူ့အတွက်နောက်ထပ်ကင်ပွန်းတပ်စရာတစ်ခု ရရှိလာပါတယ်။ ကိုယ်ရေးမယ့်အကြောင်းအရာနဲ့ ပတ်သတ်ပြီး လုံလောက်တဲ့ဗဟုသုတမရှိဘဲ မရမ်းပတာနိုင်လွန်း တဲ့သူ ဆိုပြီးတော့ပါ။ 

ဝီလ်ဒါးစ်ကတော့ သူ့စာအုပ်ထဲမှာ ကတိတွေအများကြီးပေးထားပါတယ်။ အဲဒီထဲက အရေးအကြီးဆုံး တစ်ခုကတော့ "ကျွန်တော်တို့အားလုံး အမှန်ကိုပြောကြရမယ်" ဆိုတဲ့ကတိပါ။ ဝီလ်ဒါးစ်ကတော့ ကတိမတည်ခဲ့ဘူး၊ အမှန်တရားကို မျက်ကွယ်ပြုထားတာကတော့ အံ့အားသင့်စရာအကောင်းဆုံးပါပဲ။ တစ်ဦးတစ်ယောက်တည်းရဲ့ အထင်အမြင်ကနေ သူ့စာအုပ်တစ်အုပ်လုံးကို တုန့်ပြန်ဖို့မဖြစ်နိုင်တာ ကြောင့် ဝီလ်ဒါးစ်ချပြထားတဲ့အချက်တွေထဲက နှစ်လိုဖွယ်မကောင်းဆုံးသော တလွဲဋီကာဖွင့်မှုများကို ချယ်မှုန်းပြသသွားပါ့မယ်။ ကျွန်တော်ရဲ့ ဒီစာတန်းက သူ့စာအုပ်ကို ဆင်ဆာဖြတ်တာမျိုးမဟုတ်ပါဘူး၊ စာဖတ်သူအနေနဲ့ သူ(ဝီလ်ဒါးစ်)ရဲ့စာအုပ်ကို စိတ်ကြိုက်ဖတ်ခွင့်ရှိပါတယ်။

ဝီလ်ဒါးစ်ရဲ့ အမှားတွေကို ကဏ္ဍသုံးခုခွဲထုတ်နိုင်ပါတယ်။ နံပါတ် ၁ က သူအနေနဲ့ လောကီရေးရာ ဆိုရှယ်ကိစ္စရပ်တွေကို တလွဲကြီးကိုယ်စားပြုထားပါတယ်။ နောက်တစ်ခုက သူဟာ အစ္စလာမ့် တမန် တော် မုဟမ္မဒ်(ငြိမ်းချမ်းခြင်းသက်ဆင်းပါစေ)နဲ့ ကျမ်းမြတ်ကုရ်အာန်တို့ကို နှိမ့်ချတဲ့အသုံး အနှုန်းတွေ သုံးပြီး အထောက်အထားမဲ့စွပ်စွဲချက်အမြောက်အမြားကို ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံး မှာတော့ ဝီလ်ဒါးစ်ဟာ အစ္စလာမ့်သမိုင်းကို  အမှားအယွင်းများနဲ့ ထပ်ကာထပ်ကာမှုန်းခြယ်ပြသခဲ့ မှုပါ။ ဒီတစ် ကြိမ်မှာလဲ အထောက်အထားတစ်စုံတစ်ရာမှ ဖော်ပြမထားပါဘူး။ သူက တစ်ခါတရံမှာ ကဲရန်အမ်းစ ထရောင်းနဲ့ Pew Research တို့ကို ကိုးကားထားပေမယ့် အများစုကိုတော့ အထောက် အထားမဲ့ ရေးထားတာပါ။ သူတင်ပြချင်တဲ့ အရေးကြီးညွှန်ပြချက်တွေကိုတော့ အမုန်းတရားကြီး ထွားအောင်ပြု လုပ်နေတဲ့ အန္တီအစ္စလာမ်ဝက်ဘ်ဆိုဒ်တွေကနေ ထက်ထက်သန်သန်ကို အထောက်အထားပြုထား တာ တွေ့ရပါတယ်။

ဝီလ်ဒါးစ်ရဲ့နည်းလမ်းကို အသုံးပြုပြီး ခရစ်ယာန်သာသနာကို ဝေဖန်မယ်ဆိုပါတော့။ အဲဒီလိုလုပ် မယ့်သူဟာ ကေကေကေ(Ku Klux Klan) အဖွဲ့ဝင်တွေကို တရားဝင်ခရစ်ယာန်များလို့ ခေါ်ပါလိ့မ် မယ်။ ဘိုင်ဘလ်ကိုအခြေခံထားတဲ့ ခရစ်ယာန်မုန်းတီးရေးဝက်ဆိုဒ်တွေကို ကိုးကားပြီး ခရစ်ယာန် သာသနာဟာ လူထုကြီးကို ခြိမ်းခြောက်နေတဲ့ သာသနာပါဆိုပြီး မှားယွင်းမှုတွေတင်ပြရပါလိမ့်မယ်။ 

ဝီလ်ဒါးစ်က လောကီရေးရာသာမာန်အချက်အလက်တွေကိုတောင် မှန်မှန်ကန်ကန်ကိုးကား တင်ပြနိုင် တဲ့ အရည်အချင်းမရှိတော့ ရှုပ်ထွေးတဲ့ သာသနာသမိုင်းတွေ ဒေသနာတွေကို ဘယ်လိုလုပ်တိတိပပ တင်ပြနိုင်တော့မှာလဲ။  ဝီလ်ဒါးစ်က "အမေရိကန်မှာတော့ နယ်သာလန်၊ ကနေဒါနဲ့ ဥရောပတို့နဲ့ မတူဘဲ မုန်းတီးရေးအခြေခံ ဝါဒဖြန့်ပြောဆိုမှုများအတွက် ဥပဒေမရှိပါဘူး၊.. ဒီအတွက် အမေရိကန်ရဲ့ လွတ်လပ်စွာဟောပြောခွင့် ၁၇၉၁ ဥပဒေပြင်ဆင်မှု(First Amendment) ကို ကျေးဇူးတင်ရမှာပါ။" လို့ဖော်ပြထားပါတယ်။ ဒီလိုတင်ပြခြင်းဟာ အချက်အလက်များအရတော့ လုံး၀မှားယွင်းပါတယ်။ အမေရိကန်ရဲ့ ၁၇၉၁ ဥပဒေပြင်ဆင်မှု(First Amendment)က တခြားသူများကို ပြင်းပြင်းထန်ထန် ထိခိုက်စေတဲ့ ပြောဆိုမှုတွေကနေ အတားအဆီးဖြစ်စေတယ်။ ဒါပေမယ့် အဲဒီဥပဒေက မုန်းတီးရေး အခြေခံ ဝါဒဖြန့် ပြောဆိုမှုတွေကိုတော့ မတားဆီးဘူးလို့ ဆိုရင်တော့ ဒါဟာ စိတ်ဓာတ်ချွတ် ယွင်းမှု၊ မျှမျှတတမဆုံးဖြတ်နိုင်မှုနဲ့ လူထုအုံကြွစေမယ့် တိုက်ခိုက်ရေးစကားလုံးများပါပဲ။ ဒီလိုပါပဲ၊ ၂၀၀၃ ခုနှစ်တုန်းက (ကေကေကေမန်ဘာတွေ) ဟာ ဗာဂျီးနီးယားရုပ်တုလို့ခေါ်တဲ့ ဗာဂျီးနီးယားက လက်ဝါး ကပ်တိုင်ကြီးကို မီးရှို့ပြစ်ခဲ့ကြတယ်၊ ရည်ရွယ်ချက်ကတော့ (ခရစ်ယာန်ဘာသာဝင်) တွေကို ခြောက် လှန့်တဲ့သဘောပါပဲ၊ ဒါမျိုးဆောင်ရွက်တာကလည်း မုန်းတီးရေးအခြေခံ ဝါဒဖြန့်ချိခြင်းမျိုးပဲ လို့ ယူဆ ခံရတာကြောင့် ဗဟိုတရားရုံးမှာ ၁၇၉၁ ဥပဒေပြင်ဆင်မှု(First Amendment) အရ အမှုစစ်ဆေး ခံခဲ့ရပါတယ်။

ဝီလ်ဒါးစ်ကတော့ အစ္စလာမ့်တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းခြင်းသက်ဆင်းပါစေ)နဲ့ ကျမ်းမြတ် ကုရ်အာန်တို့ကို ဆန့်ကျင်ကိုယ်စားပြုမှုအမြောက်အမြားလုပ်ထားပါသေးတယ်။ ဥပမာအနေနဲ့ သူ(ဝီလ်ဒါးစ်)က တမန်တော်မုဟမ္မဒ်သည် မက္ကာမှာရှိနေစဉ် လူထုအုံကြွအကြမ်း ဖက်မှုတွေဖြစ် အောင် ဖန်တီးသွေးထိုးခဲ့တယ်လို့ (ဝီလ်ဒါးစ်၏ စာအုပ် စာမျက်နှာ ၃၅-၃၆) မှာ ဖော်ပြထားပါတယ်။ မက္ကာမှာ မွတ်စလင်မ်တွေကို တန်ပြန်တိုက်ခိုက်ခြင်းမပြုဖို့ တမန်တော်မုဟမ္မဒ်ကတားမြစ်ခဲ့တာ၊ ဒါကိုမွတ်စလင်မ်တွေက လိုက်နာ နာခံခဲ့ကြတာ၊ အဲဒီနောက် တမန်တော်မုဟမ္မဒ်ကို လုပ်ကြံသတ် ဖြတ်ဖို့ စီစဉ်ကြတာကြောင့်လည်းကောင်း၊ နှိပ်စက်ကလူပြုခြင်း များကြောင့်လည်းကောင်း မက္ကာက နေ မိုင် ၂၄၀ဝေးတဲ့ မဒီနာကို ထွက်သွားခဲ့ရတာတွေ၊ ဒါတွေ အားလုံးကို ဝီလ်ဒါးစ်က လျစ်လျူရှုခဲ့ ပါတယ်။ ဝီလ်ဒါးစ်က စာမျက်နှာ ၃၆ မှာတော့ မဒီနာမှာ တမန်တော်မုဟမ္မဒ်က ကုရ်အာန်ဗျာဒိတ် များကိုအခြေခံကာ နိုင်ငံရေးဆန်တဲ့ အာဏာရှင်စနစ်ကို တစင်ခဲ့တယ်လို့ အထောက်အထားမဲ့ ဆိုထားပါတယ်။ ဒီနေရာမှာလည်း ဝီလ်ဒါးစ်က သာသနာရေး သွန်သင်ချက်တွေ စွက်ဖက်မှုမရှိတဲ့ မဒီနာသဘောတူညီမှု (Charter of Medina)ကို လျစ်လျူပြခဲ့ပါ တယ်။ အဲဒီသဘောတူညီချက်ကို မဒီနာက မွတ်စလင်မ်တွေနဲ့ ဂျူးတွေကိုယ်တိုင် လိုလိုလားလား လက်မှတ်ထိုး အတည်ပြုခဲ့ကြတာပါ။ အဲဒီ Charter of Medina၊ မဒီနာသဘောတူညီမှုကြီးက ညီမျှတဲ့ကာကွယ်ရေး၊ ယူနီဗာဆယ် ဘာသာ ရေးလွတ်လပ်ခွင့်နဲ့၊ သာသနာရေးဥပဒေကင်းတဲ့ အစိုးရ တစ်ရပ် စတာတွေအတွက် အာမခံချက် ပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဝီလ်ဒါးစ်က ဘဒရ်စစ်ပွဲအကြောင်းဖော်ပြထားရာမှာလည်း တမန်တော်မုဟမ္မဒ်က မက္ကာသားအစုအဖွဲ့တွေကို ချေမှုန်းခဲ့တယ်၊ ဓားပြတိုက်ခဲ့တယ်၊ အစုလိုက်အပြုံလိုက်အမျိုးတုန်းစီရင် ခဲ့တယ်လို့ အထောက်အထားမဲ့ ဖော်ပြထားပြန်ပါတယ်။ ဒီနေရာမှာလည်း ဝီလ်ဒါးစ်က မွတ်စလင်မ် လူဦးရေ ၃၁၃ ယောက်၊ လက်နက်အပြည့်အ၀တပ်ဆင်ထားခြင်းလည်းမရှိ၊ မဒီနာအပြင်ဘက် မိုင်အနည်းငယ်အကွာလောက်မှာ မိမိတို့ကိုယ်ကိုကာကွယ်ဖို့ ရောက်ရှိလာတဲ့ မွတ်စလင်မ်ထုဟာ သူတို့အားလုံးကို လုံး၀ချေမှုန်းသုတ်သင်ဖို့ မိုင် ၂၄၀ အကွာအဝေးကနေ စစ်သားပေါင်း ၁၀၀၀ ပါဝင်တဲ့စစ်တပ်ကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတာကို လျစ်လျူရှုခဲ့ပြန်ပါတယ်။

အနိုင်ရခဲ့တဲ့ မွတ်စလင်မ်စစ်တပ်က စစ်သုံ့ပန်း ၇၀ကို လက်ရဖမ်းဆီးမိခဲ့ပေမယ့် သူတို့ရဲ့ လွတ်လပ် ခွင့်ကို ကိုယ့်ဖာသာပြန်လည်ဝယ်ယူကြဖို့ အခွင့်ပေးခဲ့ပါတယ်။ အဲဒီအချိန်က အာရပ်ဓလေ့အရတော့ လက်ရဖမ်းမိတဲ့ စစ်သုံ့ပန်းကို တစ်သက်လုံးကျွန်အဖြစ်ထားရမယ်၊ ဒါမှမဟုတ် သတ်ပြစ်ရမယ် ဆိုတာကို (သတိမူကြရပါမယ်။) ဝီလ်ဒါးစ်က စာ ၃၉-၄၀မှာတော့ တမန်တော်မုဟမ္မဒ်က ၁၀နှစ် သဘောတူစာချုပ်ကို စတင်ချိုးဖျက်ပြီး သူရဲ့ ကြင်နာခြင်းကင်းတဲ့ စစ်တပ်ကိုခေါင်းဆောင်ကာ မက္ကာသို့ ချီတက်တိုက်ခိုက်ခဲ့တယ်၊ ပြီးတော့ သူ့ရဲ့ သာသနာ ကိုဖြန့်ချိတယ် လို့ ရေးသားထားပြန်ပါ သေးတယ်။ မက္ကာသားတွေက စတင်ပြီး ဟိုဒိုင်ဘီယာ စာချုပ်ကိုချိုးဖောက်ကာ လက်ဦးမှုယူတိုက် ခိုက်ခဲ့တာကြောင့် မွတ်စလင်မ်တွေ မက္ကာကိုချီတက်ခဲ့ ရတာဖြစ်တယ်ဆို တဲ့အချက်ကို ဝီလ်ဒါးစ်လျစ် လျူရှုခဲ့ပြန်ပါတယ်။ မွတ်စလင်မ်စစ်တပ်မက္ကာကို ရောက်တော့ တမန်တော်မုဟမ္မဒ်က စတင် တိုက်ခိုက်ဖို့ တားမြစ်ခဲ့ပါသေးတယ်၊ မက္ကာသားတွေအတွက် ယူနီဗာဆယ်ဘာသာရေး လွတ်လပ်ခွင့် ကို ရွေးချယ်ဖို့ အခွင့်ရေးပေးခဲ့ပါသေးတယ်။  ဝီလ်ဒါးစ်ယိုးစွပ်ခဲ့တဲ့ ကြင်နာမှုကင်းတဲ့ စစ်တပ်ကြီးက ဓားတစ်ချက်တောင် မဝင့်ခဲ့ပါလားဗျာ။

အထက်ဖော်ပြပါအကြောင်းများကတော့ ဝီလ်ဒါးစ်ရဲ့ မှားယွင်းဖော်ပြမှုတွေထဲက အပိုင်းအစလေး များပါ။ 

အစ္စလာမ်နဲ့ပတ်သတ်ပြီး မှန်ကန်စွာ ယထာဘူတကျစွာ၊ ပညာရှင်ဆန်ဆန်လေ့လာလိုတဲ့သူတွေ အတွက်တော့ ရိုးသားပြီး ရည်ရွယ်ချက်ရှိတဲ့ သုတေသနတွေ လုံလုံလောက်လောက်ရှိပါတယ်။ သုတေသီ ကရန်အမ်းစထရောင်း၊ ကုလသမဂ္ဂ ဥက္ကဌဟောင်း ဆာမုဟမ္မဒ်ဇဖရုလ္လာဟ်ခန်နဲ့ သမိုင်း ပညာရှင် မိုက်ကယ်ဟတ်၊ သာသနာရေးပညာရှင် ဒေါက်တာ ဖီးလစ်ယန်းကင်းစ်တို့တွေဟာ မဟာ အကိုးအကားများအဖြစ် ထည့်သွင်းစဉ်းစားနိုင်တဲ့သူတွေပါ။

ဝီလ်ဒါးစ်ရဲ့ အစွန်းရောက်မှု၊ သည်းမခံနိုင်မှု၊ အကြမ်းဖက်ရုန့်ရင်းဆန်ခတ်မှု၊ မုန်းတီးမှုနဲ့ ဖက်ဆစ် စနစ်တွေကို အမြစ်ကနေတွန်းလှန်လိုတဲ့ ဆန္ဒတွေကို ကျွန်တော်ကိုယ်ချင်းစာမိပါတယ်။ ကိုယ့်ကိုယ် ကို မွတ်စလင်မ်လို့ဆိုနေကြတဲ့ အချို့သူတွေဆီက အသက်အန္တရာယ်ခြိမ်းခြောက်စာတွေ ဝီလ်ဒါးစ် လက်ခံရရှိနေတာတွေကိုလည်း ကျွန်တော်သဘောမကျပါ။ တနေ့နေ့မှာ သူ့အနေနဲ့ ဒါတွေကနေ ကင်းကင်းပပနေနိုင်မယ့်ရက်ကို မျှော်လင့်ပါတယ်။ ဝီလ်ဒါးစ်က တိုက်ခိုက်ချေမှုန်းသွား မယ်လို့ ကြွေးကြော်ထားတဲ့ အစွန်းရောက်မှုတွေ သက်တမ်းမရှည်စေလိုရင်တော့ သူ့အနေနဲ့ အမှန်တရား နဲ့ တရားမျှတမှုကို ကျင့်သုံးဖို့လိုတယ်လို့ အကြံပြုချင်ပါတယ်။ သူ့ရဲ့နှစ်လိုဖွယ်မကောင်းတဲ့ အပြုအမူ တွေကြောင့်လည်း တိုင်းပြည်တော်တော်များများက သူ့ကို မောင်းထုတ်ခဲ့ပြီးပါပြီ။ အခုတော့ လွတ်လပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်တွေးခေါ်တတ်တဲ့ စိတ်ဓာတ်တွေကနေ သူ့ကို ဖယ်ထုတ်ပြစ်ခြင်းဖြင့် ထောက်ခံမှုကျဆင်းလာမယ့် အခြေအနေတွေကို စောင့်ကြည့်ရပါတော့မယ်။

ကာဆင်မ် ရာရှိဒ် (www.qasimrashid.com) ၏ http://goo.gl/bVStP တွင်ဖော်ပြထားသော ဆောင်းပါးအား မြန်မာမှုပြုပါ သည်။

Thursday, May 24, 2012

နှစ်ပေါင်း ၂၇၀၀ သက်တမ်းရှိနေပြီဖြစ်သော အာဖဂန်နှင့် ပါကစ္စတန်တို့ရှိ ပက်ရ်ှတန်စ် (ပထန်) များသည် အစ္စရေးအနွယ်များလော



နှစ်ပေါင်း ၂၇၀၀ သက်တမ်းရှိနေပြီဖြစ်သော အာဖဂန်နှင့် ပါကစ္စတန်တို့ရှိ ပက်ရ်ှတန်စ် (ပထန်) များသည် အစ္စရေးအနွယ်များလော

http://archives.dawn.com

ပျောက်ဆုံးနေသော ဣသရေလလူမျိုး (အစ္စရေးလူမျိုး) နွယ်ထဲမှ အနွယ်တစ်ခုနှင့် အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်မြောက်ပိုင်းမှ ပက်ရ်ှတန်စ် (ပထန်)များ ဗီဇပုံစံတူညီမှုကို လေ့လာဆန်းစစ်ရန် အစ္စရေးမှ အကူအညီပေးမည်ဖြစ်ကြောင်း ဗြိတိသျှအခြေစိုက် ဂါးဒီးယန်းသတင်းစာ၏ The Observer သတင်းအရသိရသည်။

အာဖဂန်မှ ပက်ရ်ှတန်စ် (ပထန်) လုံမေတစ်ဦး

အစ္စရေး၏ လူ့ဗီဇမျိုးရိုးဆိုင်ရာသုတေသီများက ပက်ရ်ှတန်စ် (ပထန်)များသည် ပျောက်ဆုံးနေသော အစ္စရေးမျိုးနွယ် ၁၀ ခုထဲမှ ၁ ခုဖြစ်နိုင်ကြောင်းဆိုကြသည်။ ၎င်းတို့က ယင်းသို့သောအဆိုကို အချိန် ကြာမြင့်ပြီဖြစ်သော သမိုင်းကြောင်းကိုလည်းကောင်း၊ သိပ္ပံဆန်းစစ်မှုများမပါသော အကြမ်းဖျင်း သုံးသပ်ချက်များကိုလည်းကောင်း အခြေခံ၍ ပြောဆိုကြခြင်းဖြစ်သည်။ ထိုအဆိုအတွက် သိပ္ပံဆိုင်ရာ တွေ့ရှိချက် တစ်ခုမျှမရှိသေးချေ။

ယခုမူ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှ နိုင်ငံပိုင် Institute of Immuno-haemotology မှ သုတေသီများက အစ္စရေး၏ ထိပ်သီးတက္ကသိုလ်တစ်ခုဖြစ်သော Technion တွင် ဖော်ပြပါအကြောင်းကို သုတေသနပြု လုပ်တော့မည်ဖြစ်သည်။ သုတေသီများထဲမှ ရှဟာနာဇ်အလီဆိုသူက အိန္ဒိယနိုင်ငံ၊ လက္ခနောမြို့အနီး နေထိုင်သော ပက်ရ်ှတန်စ် (ပထန်) အနွယ်များထံမှ သွေးနမူနာကို စုဆောင်းပြီးဖြစ်ကြောင်း လည်းသိရသည်။ ယခင် ထိုကိစ္စနှင့်စပ်လျဉ်း၍ ပြုလုပ်ခဲ့သော သုတေသနများကမူ အဖြေတစ်စုံ တစ်ရာထုတ်မပေး နိုင်ခဲ့ချေ။

သတင်းတင်ပြချက်အရ အစ္စရေးအနွယ် ၁၂ နွယ်မှ အနွယ် ၁၀ ခုသည် လွန်ခဲ့သောနှစ်ပေါင်း ၂၇၃၀ က အစ္စရေးဘုရင့်နိုင်ငံကို အဆီးရီးယန်းလူမျိုးများ သိမ်းပိုက်စဉ်က ပြည်နှင်ဒဏ်ပေးခြင်းခံခဲ့ ရကြောင်း သိရသည်။ ဂျူးသမိုင်းအရ ယနေ့ဂျူးလူမျိုးများမှ အခြားဂျူးအနွယ် ၂ ခုဖြစ်သော ဘန်ဂျမင်နှင့် ဂျူဒတို့မှ အဆက်များဖြစ်ကြောင်း သိရသည်။ ထိုအချိန်မှစ၍ ပျောက်ဆုံးနေသော ဂျူးအနွယ်များအကြောင်းမှ တဝဲလည်လည်ဖြစ်နေခဲ့ရသည်။ လွန်ခဲ့သော အချိန်များကမူ ထိုဂျူး အနွယ်များကို တရုတ်၊ မြန်မာ၊ နိုင်ဂျီးရီးယားနှင့် အာရှအလယ်ပိုင်းတို့ရှိ လူမျိုးနွယ်များ၌ တွေ့ရှိနိုင် ကြောင်းလည်း ဆိုခဲ့ကြဖူးသည်။ နှောင်းပိုင်းအချိန်များတွင်မူ ပျောက်ဆုံးနေသော ဂျူးအနွယ်များမှာ အီရတ်မြောက်ပိုင်းနှင့် အာဖဂန်တို့တဝိုက်တွင် အခြေချနေထိုင်ခဲ့ကြောင်း ယုံကြည်ကြသဖြင့် ယခုအခါထိုနေရာများရှိ ပက်ရ်ှတန်စ် (ပထန်) များကို ပို၍ စိတ်ဝင်စားမှုပိုစေခဲ့သည်။

လက္ခနောတက္ကသိုလ်မှ နက်ဖ်ရာအားစ် အာဖရီဒီဆိုသူက "ပက်ရ်ှတန်စ် ဒါမှမဟုတ် ပထန်ပေါ့ဗျာ။ သူတို့တွေက ကမ္ဘာပေါ်က လူမျိုးနွယ်တွေထဲမှာ ပျောက်ဆုံးနေတဲ့ အစ္စရေးအဆက်အနွယ် တွေဖြစ်နိုင်တယ်။ ၁၀ ရာစုနှစ်တွေတုန်းက ဘာသာရေးသဘောနဲ့ပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကရေးသဘောနဲ့ ပဲဖြစ်ဖြစ်ရေးခဲ့ကြတဲ့ ဂျူး၊ ခရစ်ယာန်၊ မွတ်စလင်မ်ပညာရှင်တွေရဲ့ စာပေတော်တော်များများမှာ အဲဒီ အကြောင်းကို ရှာဖွေတွေ့နိုင်ပါတယ်။" ဟု ပြောခဲ့သည်။

ရှဟာနာဇ်အလီကမူ "သီအိုရီကိုတော့ လွန်ခဲ့အချိန်တော်တော်ကြာကြာကပဲအလိုရှိခဲ့ကြတာပါ။ အခု တော့ အက်ဖ်ဖရီဒီ ပထန်တွေရဲ့ အစ္စရေးဆက်နွယ်မှုအကြောင်း သိပ္ပံဘက်မှ ခွဲခြမ်းစိတ်ဖြာထားတဲ့ သီအိုရီတစ်ခု ကျွန်တော်တို့ထုတ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ အမှန်တရားဘာလဲ ဆိုတာတော့ ခုထိမသိသေးဘူး၊ ဝိရိယစိုက်ထုတ်မယ်ဆိုရင်တော့ နည်းလမ်းတစ်ခုတော့ ရနိုင် ကောင်းမှာပါ" ဟု Times of India သို့ ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့သည်။

Rory McCarthy, Jerusalem ၏ ၂၀၁၀ ခု ဇန်နဝါရီလ ၁၇ ၊ တနင်္ဂနွေနေ့နေ့စွဲပါ မူရင်းဆောင်းပါး ကို http://www.guardian.co.uk/world/2010/jan/17/israel-lost-tribes-pashtun တွင်လည်း လေ့လာနိုင်ပါသည်။ 

အမေရိကန်: နိုင်ငံတော်အတွင်း ပြဿနာအရပ်ရပ်ကိုဖြေရှင်းနိုင်ဖို့ အစ္စလာမ့်အဖြေ ကမ်းလှမ်းခြင်း




ယူအက်စ်အေ
၂၃ ရက်၊ မေလ၊ ၂၀၁၂။

အမေရိကန်နိုင်ငံသားများကို စစ်မှန်သောငြိမ်းချမ်းရေးဆီသို့ သယ်ဆောင်ပေးရန်ရည်သန်၍ အမေရိ ကန်နိုင်ငံ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ မှ နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုကို စတင်လိုက် ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့အနေဖြင့် နိုင်ငံအတွင်း တွေ့ကြုံနေရသော ပြဿနာ အရပ်ရပ်ကို ဖြေရှင်းနိုင်ရန် ဘုံအဖြေကိုထုတ်ပေးသည့် သစ်လွင်သောလှုပ်ရှားမှုတစ်ခုကို စတင် လိုက်ကြောင်း အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဟာရစ်ဇဖရ်မှ http://www.cisionwire.com/ahmadiyya-muslim-community-usa တွင် ဖော်ပြထားသည်။

ဇဖရ်၏ ထိုကြေညာချက်ဆောင်းပါးကို ahmadipostmyanmar.org မှ အောက်ပါတိုင်း သုံးသပ်လေ့ လာထားပါသည်။


ကမ္ဘာလောကကြီး၏ အခြေအနေယိုယွင်းပျက်ဆီးလာသည့်နည်းတူ အမေရိကန်နိုင်ငံသားများ ကလည်း ဝမ်းနည်းပူဆွေးမှု၊ တရားမမျှတမှု၊ အလုပ်လက်မဲ့၊ ကြွေးမြီပြဿနာများနှင့် အခြားအခက် အခဲများ ရင်ဆိုင်နေရကြောင်း၊ အာဏာဩဇာရှိလူတန်းစားထဲမှ အချို့ကလည်း မိမိတို့ကိုယ်ပိုင်၏ မတော်လောဘကိုသာ ဖြည့်တင်းနေကြကြောင်း၊ ထိုသို့သောအခြေအနေတွင် ပြည်သူအများမှာ လူမှုငြိမ်းချမ်းရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပုဂ္ဂလိက ငြိမ်းချမ်းရေးများသာမက သာသနာဝင်အချင်းချင်း ငြိမ်းချမ်းမှုရရှိရေးတို့ကိုပါ ရှာဖွေကြလျက်ရှိသည်ဟု ဇဖရ်၏ ဆောင်းပါးက အစချီထားသည်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၊ အမေရိကန်၏ ဤလှုပ်ရှားမှုကို "မဆီဟ်အားဖြင့် ငြိမ်းချမ်းမှုကိုရှာ" (Peace Through the Messiah) ဟု အမည်ပေးထားကြောင်း၊ ယနေ့တွင် ထိုငြိမ်းချမ်းရေးကို မဆီဟ်အားလက်ခံခြင်းဖြင့်သာ ရရှိနိုင်တော့မည်ဖြစ်ကြောင်း၊ မဆီဟ်(မဆိုင်ယာ၊ Messiah) မှာ ဘုရားရှင်ထံမှစေလွှတ်ခြင်းခံရသည့် သူဖြစ်၍ လူအများအား ဘုရားရှင်ဘက်တော်သို့ ပြန်လည်ဖိတ်ခေါ်ကာ ကမ္ဘာလောက၏ ပြဿနာအားလုံးကိုပပျောက်စေကြောင်း တင်ပြထားသည်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၊ အမေရိကန်အနေဖြင့် တစ်နိုင်ငံတည်းနေ အမေရိကန်နိုင်ငံသား လူကြီးလူကောင်းများအား စစ်မှန်သော လေးစားမှုအားဖြင့်လည်းကောင်း၊ အလေးထားမှု၊ ကိုယ်ချင်း စာနာတတ်မှုများအားဖြင့်လည်းကောင်း ဤလှုပ်ရှားမှုကို စတင်ရခြင်းဖြစ်ကြောင်း၊ ဤလှုပ်ရှားမှုကြီး မှာ ခေတ်အခါ၏ မဆီဟ်၊ မီရ်ဇာဂူလာမ်အဟ်မဒ်ကာဒီယာနီ၏ သွန်သင်ချက်များကို ပျံ့နှံ့စေရန် ရည်သန်ကြောင်း၊ မဆီဟ်သခင်ကြီးမှာ ရှေးယခင်တမန်တော်များ တင်ကြိုဟောကြားခဲ့သည့်အတိုင်း ပွင့်ပေါ်လာသည့် မဆီဟ်ဖြစ်သည်နှင့်အညီ ဘုရားရှင်တစ်ပါးတည်းအား ယုံကြည်မှုကို ပြန်လည် စတင်ပေးရန်၊ စစ်မှန်သော သန္တိသုခ ငြိမ်းချမ်းမှုကို လူသားထုအတွင်း စည်းလုံးညီညွတ်ခြင်းဖြင့် ပြန်လည် သွတ်သွင်းပေးရန်အတွက်ဖြစ်ကြောင်း တင်ပြထားသည်။

အဟ်မဒ်သခင်သည် မဆီဟ်ဖြစ်သည်နှင့်အညီ လူသားအားလုံးအား ချစ်မြတ်နိုးတော်မူသော ဘုရားရှင်နှင့် လူသား၊ ပုဂ္ဂလိကအဆက်အသွယ်ရခြင်းဖြင့် ငြိမ်းချမ်းမှုကို ရှာဖွေနိုင်ဖို့နည်းလမ်းအား ပြန်လည်စတင် ခဲ့ကြောင်း၊ အဟ်မဒ်သခင်၏ သွန်သင်ချက်မှာ သာသနာရေးဆိုင်ရာ ငြိမ်းချမ်းမှုအတွက်သက်သက် မဟုတ်ဘဲ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးငြိမ်းချမ်းမှုများအတွက်လည်းဖြစ်ကြောင်း၊ အဘယ် ကြောင့်ဆိုသော် အဟ်မဒ်သခင်၏ သွန်သင်ချက်မှာ လုံး၀ဥဿုံတရားမျှတညီမျှခြင်းကို အခြေခံထား၍ဖြစ် ကြောင်း၊ ထို့ပြင် အဓိကအရေးအကြီးဆုံး ဆီလျော်အပ်စပ်သည့် သွန်သင်ချက်မှာ ဘုရားရှင် အားယုံကြည်ဖို့နှင့် ဘုရားရှင်နှင့်လူသားအကြား အဆက်အသွယ်ရရှိကာ ငြိမ်းချမ်းရေးသန္တိသုခကို ခံစားစေနိုင်ဖို့ဖြစ်ကြောင်း ဇဖရ်ကတင်ပြထားသည်။

ဆက်လက်၍ ဇဖရ်က နိုင်ငံလုံးဆိုင်ရာ "မဆီဟ်အားဖြင့် ငြိမ်းချမ်းမှုကိုရှာ" လှုပ်ရှားမှုကို ဇီယွန်၊ အီလီနွိုက်စ်မြို့တွင် မေလ ၂၂ ရက်နေ့က စတင်ခဲ့ကြောင်း။ ထိုမြို့မှာ ခရစ်ယာန်ဘုန်းကြီး ဒေါက်တာ အလက်ဇန်းဒါးဒိုဝီ တည်ခဲ့သော မြို့ဖြစ်ကြောင်း၊ ထိုပုဂ္ဂိုလ်မှာ လွန်ခဲ့သောနှစ် ၁၀၀က မိမိကိုယ်ကို ကမ္ဘာ့နောက်ဆုံနေ့များအတွက် ပွင့်ပေါ်မည့် မဆီဟ်အား ကြိုတင်သတင်းပေးသည့် တမန်တော် အီလီယားစ်နံပါတ် ၃ (Prophet Elijah III) အဖြစ်ကြွေးကြော်ခဲ့ကြောင်း၊ သူက ဘုရားရှင် ထံမှ စေလွှတ်ခြင်းခံရသော မဆီဟ်ဖြစ်သည့် မီရ်ဇာဂူလာမ်အဟ်မဒ် (အလိုင်စလာမ်)နှင့် စကားလုံးများ၊ အမြင်များဖလှယ်ခဲ့ပြီး အဆုံးတွင် အရှိန်အဝါကြီးမားသော နှစ်ဦးနှစ်ဘက်ဆုတောင်းခံရင်း ဘုရားရှင် ထံတော်ပါး၌ တိုက်ရိုက်အဆုံးအဖြတ်ခံယူခြင်း (Prayer Duel) ကို လူသိရှင်ကြားပြုလုပ်ကြရန် သဘောတူညီခဲ့ကြောင်း၊ ထို့နောက်တွင်မူ အလက်ဇန်းဒါးဒိုဝီ သေဆုံးခဲ့ရခြင်းဖြင့် မီရ်ဇာဂူလာမ် အဟ်မဒ်(အလိုင်စလာမ်)၏ အမှန်တရားကို အမေရိကန်နိုင်ငံအတွင်း ပိုမိုခိုင်မာလာစေခဲ့ကြောင်း၊ ထိုအကြောင်းများကြောင့်လည်း အမေရိကန်နိုင်ငံ၏ ကနဦးအကျဆုံးမွတ်စလင်မ်အသင်းအဖွဲ့ ဖြစ်သည့် အဟ်မဒီယာမွတ်စလင်မ် အဖွဲ့အနေဖြင့် ဇီယွန်မြို့၌ ယခုလှုပ်ရှားမှုကို ပထမဦးစွာ စတင်ခြင်း ဖြင့် ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ရှင်းပြထားသည်။

မဆီဟ်မီရ်ဇာဂူလာမ်အဟ်မဒ်(အလိုင်စလာမ်)နှင့် ဒေါက်တာဒိုဝီတို့၏ ဘုရားရှင်ထံတိုက်ရိုက်အဆုံးအဖြတ်ခံယူခဲ့မှု၏ ရလဒ်ကို Great is Mirza Ghulam Ahmad The Messiah ခေါင်းစဉ်ဖြင့် အမေရိကန်သတင်းစာ The Sunday Herald Boston 1907 June 23 က တင်ပြထားပုံ (ဆက်လက်လေ့လာရန် - http://goo.gl/DOYtd)

အစ္စလာမ်၏ ဝိညာဉ်ရေးရာစွမ်းပကားမှာ လူသားတို့ဘ၀အလွှာအားလုံးအတွက် စစ်မှတ်သောသန္တိ သုခကို ဖန်တီးပေးသည်။ ထိုလူသားမှာကား နိုင်ငံရေးသမား၊ စီးပွားရေးသမား၊ လူမှုရေးသို့မဟုတ် ပုဂ္ဂလိကကြင်လည်နေသူဖြစ်ပါစေ၊ မည်သို့သောသူကိုမဆို အစ္စလာမ်၏သွန်သင်ချက်က အကျိုး သက်ရောက်စေသည်။ ထိုသည့် အရေးကြီးသော တန်ဖိုးတစ်ခုကို လက်လွှတ်ခြင်းဖြင့် မိသားစုများ၊ အသင်းအဖွဲ့များနှင့် နိုင်ငံတော်အတွင်း ပျက်ဆီးမှုအကျိုးရလဒ်များဖြစ်ပေါ်လာပေမည်။ ငြိမ်းချမ်းရေး မှာကား ထိုသည့်တန်ဖိုးကို လက်တွေ့ကျင့်ကြံတည်ဆောက်ခြင်းဖြင့် ရရှိနိုင်ပါသည်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၊ အမေရိကန်၏ "မဆီဟ်အားဖြင့် ငြိမ်းချမ်းမှုကိုရှာ" (Peace Through the Messiah) လှုပ်ရှားမှုသည် အစ္စလာမ်နှင့်စပ်လျဉ်း၍ စကားစစ်ထိုးရန်ကမ်းလှမ်းမှု (Debate) သို့မဟုတ် အပြန်အလှန်ဆွေးနွေးအဖြေရှာရန်ကမ်းလှမ်းမှု (Interfaith Dialogue) များအားလုံးကို ကြိုဆိုပါသည်ဟု ဇဖရ်၏ ဆောင်းပါးက နိဂုံးချုပ်တင်ပြထားသည်။

ဆက်သွယ်ရန်

ဟာရစ်ဇဖရ် ၊ National Spokesperson ၊ အမေရိကန်
email: harris.zafar@ahmadiyya.us

မူရင်း - http://goo.gl/QI9D0

ဘာသာပေါင်းစုံချစ်ကြည်ရေး : သင်္ခန်းစာ


Religion Without Borders

Topic(s):
Immigration


နယူးယောက်မြို့ပတ်ဝန်းကျင်က ဆစ်ခ်၊ မွတ်စလင်မ်နဲ့ ဟိန္ဒူကျောင်းသားကလေးများဟာ လွန်ခဲ့တဲ့ ၆ လအတွင်း လူဘုံအလယ်မှာစကားအခြေအတင်ပြောဆိုဆွေးနွေးခြင်းဖြင့် အများသဘောတူ အဖြေ ရှာ ထုတ်နည်းပညာ (Art of Debate) ကို လေ့လာခဲ့ကြပါတယ်။ "Debate in Neighborhood" ဆိုတဲ့ အိမ်နီး နားချင်းများအကြား ရှိနေနိုင်သည့် ပြဿနာလေးများ အပေါ်အခြေအတင် ပြောဆိုဆွေး နွေးနိုင်မယ့် အချက်အလက်ကလေးတွေကို အခြေခံအဖြစ်အသုံးပြုခဲ့ကြတယ်လို့ ဆိုပါ တယ်။ ဒီသင်တန်းကိုတော့ နိုင်ငံတကာ အခြေအတင်ပြောဆိုခြင်းဖြင့် သဘောတူညီမှုတစ်ခုရရှိရေး နည်းပညာ အဖွဲ့ (International Debate Education Association) နဲ့ နယူးယောက်မြို့က ဘာသာ ပေါင်းစုံစင်တာ (Interfaith Center of New York) တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တာပါ။

Interfaith Center of New York ရဲ့ အစီအစဉ်ပူးပေါင်းဆောင်ရွက်သူ ကယ်ဗင် ချိုင်းလ်ဒရက်စ်က "ရည်ရွယ်ချက်ကတော့ အခြေချနေထိုင်လာတဲ့ နိုင်ငံသားအသစ်များနဲ့ မျိုးဆက်သစ်လူငယ် လေးများကို ဘာသာပေါင်းစုံနဲ့ လိုက်လျောညီထွေစွာ ကြင်လည်လှုပ်ရှားနိုင်ဖို့၊ အခြေအတင်ပြောဆို အဖြေရှာနိုင် မယ့် အရည်အချင်းတွေလေ့လာနိုင်ဖို့၊ သူတို့ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ဘာသာတရားတွေ ကို အချင်းချင်း ဖလှယ်နိုင်ဖို့၊ အပြန်အလှန်လေးစားမှုတိုးတက်ဖြစ်ထွန်းလာဖို့နဲ့ အပြန်အလှန်နား လည်စာနာပေးမှုလေးတွေ ဖြစ်ထွန်းလာစေဖို့ပါ။" ဟု ပြောပြခဲ့သည်။




http://www.odysseynetworks.org/video/religion-without-borders မှ မြန်မာပြန်ပါသည်။


သင်ခန်းစာ

ဒီမိုကရေစီစနစ်ကို သွားနေသော မြန်မာနိုင်ငံအနေဖြင့်လည်း အခြားနိုင်ငံများ၌ ငယ်စဉ်ကာလက တည်း က Racial Harmony ၊ Religious Harmony ခေါ် လူမျိုးဘာသာခြားများအချင်းချင်း လိုက် လျောညီ ထွေနေထိုင်ကြင်လည်နိုင်စေရန် ပဲ့ပြင်ထိန်းသိမ်းပေးနေမှုများအား အတုယူလေ့လာသင့် ပါသည်။ သို့မှသာ မြန်မာပြည်သားများလည်း Globalization နှင့်အမှီ ရင့်ကျက်တည်ငြိမ်သော Interfaith Dialogue များဖြင့် အချင်းချင်းအပြန်အလှန် နားလည်စာနာစွာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်လာနိုင် ကြမည်ဟု ယူဆမိသည်။

Wednesday, May 23, 2012

သုံးသပ်ချက် : သဘာ၀ကမ္ဘာ ဆဗားနား၏ ပျားဘုရင်မ ဘီဘီစီ ၂


အာဖရိကန် ပျားတွေရဲ့ဘ၀ကို တင်ဆက်ပေးထားတဲ့ BBC Two’s Natural World ရဲ့ ဆဗားနား ဘုရင်မအစီအစဉ်ကတော့ တကယ့်ကို ကောင်းမွန်လှတဲ့ အစီအစဉ်လေးပါ။ ကျွန်တော်မြင်ဖူးသမျှ တွေထဲမှာ ပျားတွေကို အနီးကပ်ဆုံးအနေအထားနဲ့ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။


ကင်ညာနိုင်ငံက ပျားဘုရင်မ မရှိတဲ့ ပျားအုံတွေဟာ ဘယ်လောက်ထိပျားဘုရင်မလိုအပ် နေသလဲ ဆိုတာလေးနဲ့ အစပြုထားပါတယ်။ နောက်တော့ ပျားဘုရင်မနှစ်ကောင် တပြိုင်နက်ထွက်ပေါ်လာပြီး အုပ်ချုပ်ရေးအာဏာအတွက် သေသည်အထိတိုက်ပွဲဝင်ကြတာကို မြင်တွေ့ရမှာပါ။ အနိုင်ရတဲ့ ပျားဘုရင်မကတော့ ပျားအုံကို စိုးမိုးရသူပေါ့။

အပျိုစစ်စစ်ပျားဘုရင်မရဲ့ တောင်ပံနှစ်စုံကို ရိုက်မပြတာတော့ တော်တော်ဆိုးတာပဲ။ ဘာပဲဖြစ်ဖြစ် ဒီအစီအစဉ်လေးမှာ ပျားတွေကိုစားတဲ့ ငှက်တွေကို ပျားတွေက ဘယ်လိုတိုက်ခိုက်သလဲဆိုတာ ရိုက်ပြထားတာတော့ တော်တော်ကောင်းပါတယ်။ အဲဒီပျားတွေက ငှက်တွေတင်မကဘူး၊ လူတွေနဲ့ ဆင်တွေကိုတောင် အန်တုတိုက်ခိုက်ကြတဲ့အကြောင်း မြင်တွေ့ရမှာပါ။ 

ပျားတွေအုံလိုက်ကျင်းလိုက်က ပျားဘုရင်မရဲ့ခေါင်းဆောင်မှုနဲ့ နယ်မြေချဲ့ထွင်တဲ့အကြောင်း ရိုက်ပြ ထားတာကတော့ အလွန်စိတ်ဝင်စားဖွယ်ပါပဲ။ အာဖရိက ပျားတွေအုံလိုက်ကျင်းလိုက်စုပြီး ဒီလောက် ဝေးဝေးထိပျံသန်းနိုင်လိမ့်မယ်ဆိုတာ ကျွန်တော်အတွက်အံ့အားသင့်စရာပါ။

နောက်ဆုံးမှာတော့ ပျားဘုရင်မ သေပွဲဝင်ပုံ၊ ဘုရင်မဆဲလ်တစ်ခုကနေ အုပ်ချုပ်ရေးအာဏာဆက် ခံမယ့် နောက်ထပ်ပျားဘုရင်မအသစ်ထွက်လာပုံတွေကို ရိုက်ပြထားပါတယ်။

အစီအစဉ်လေးရဲ့ နောက်ဆုံး ၁၀ မိနစ်ကတော့ လန်ဒန်လိုမြို့ကြီးပြကြီးပုံစံ၊ ပျားမြို့တော်အကြောင်း တင်ဆက်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ပျားရည်ထုတ်ပေးတဲ့ ဟန်နီဘီးခေါ် ပျားတစ်မျိုးကို ဘယ်လိုကယ်တင် နိုင်မလဲဆိုတာကိုလည်း သိရမှာပါ။ အင်းဆက်အကြောင်းလေ့လာတဲ့ entomologist နဲ့ တီဗွီရုပ်သံ တင်ဆက်သူ George McGavin တို့က တင်ဆက်ထားတာပါ။ 

ကျွန်တော်နှစ်သက်တာလေးတွေကတော့ ရိုးရှင်းလှတဲ့ ကင်ညာမှာဈေးပေါတဲ့ top-bar hive လို့ခေါ်တဲ့ ပျားလှောင်အိမ်ကလေးတွေနဲ့ ပျားမွေးမြူပုံနဲ့ လန်ဒန်က ခေါင်မိုးတွေထိပ်မှာ ဈေးကြီးကြီး ပေးပြီး ဆောက်လုပ်ပေးထားရတဲ့ Beehaus ခေါ် ပျားအုံတွေအကြောင်းပါ။

ကျွန်တော်ကတော့ အမှတ် ၁၀ မှာ ၁၀ မှတ်စလုံးပေးလိုက်ပါတယ်။ ပျားစိတ်ဝင်စားသူတွေ  ကြည့် ဖြစ်အောင်ကြည့်ရမယ့် အစီအစဉ်လေးပါ။

ဒီမှာ ကြည့်နိုင်ပါပြီ။ iPlayer Link HD | YouTube Link

စိတ်ဝင်စားစရာအချက်ကလေးများ

- ယူကေမှာ ပျားရည်ထုတ်ပျားရိုင်းတွေမရှိတော့ပါ။ ဒါပေမယ့် ပျားတွေက မြို့တွေပေါ်မှာ ဖြစ်ထွန်း ပါတယ်။

- အကြောင်းကတော့ ပျားတွေက ပန်းတွေ၊ ပန်းခြံတွေများများရှိမှ သူတို့အတွက် စားသောက်ဖွယ် များများရနိုင်မှာမို့ပါ။

- လန်ဒန်က ခေါင်မိုးတွေမှာ ပျားပေါင်း ၅၀ ဘီလီယံလောက်ရှိနေပါတယ်။

- မိုင် ၂၅ မိုင်အတွင်း ပျားရည်ထုတ်ပျားမွေးမြူရေးသမား ၅၀၀၀ ရှိနေပါတယ်။

- လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဗြိတိသျှပျားမွေးမြူရေးအသင်းရဲ့ အသင်းဝင်ပေါင်းက နှစ်ဆမြင့်သွားပြီး ၂ သောင်း ထိရောက်သွားခဲ့ပါပြီ။

- လုပ်သားပျားက ပျားရည်ကလေးတစ်စက်အတွက် ပန်းပေါင်း ၁၅၀၀ ကို လှည့်လည်ပြီး ဝတ်ရည် စုပ်ယူရတယ်။

- ပျားရည်တစ်ဂျားကတော့ ပျားရည်ထုတ်ပျားတွေ အကြိမ်ပေါင်း ၁၀ မီလီယံလောက် ဝတ်ရည်စုပ်ယူ ထားခြင်းရဲ့ ရလဒ်ပေါ့။

- တကယ်လို့ ပျားတွေမရှိတော့ဘူးဆိုရင် ဝါဂွမ်းပင်တွေ ဝတ်မှုန်ကူးဖို့ လက်နဲ့ဆောင်ရွက်ရမယ်။ အဲဒီလိုလုပ်ရမယ်ဆိုရင်တော့ အကြမ်းဖျင်းအားဖြင့် စတာလင်ပေါင် ၁.၅ ဘီလီယံလောက် ကုန်ကျ မယ်ဆိုပဲ။
Tauseef Khan Bee Researcher ၏ ရီဗျူးအား ဘာသာပြန်ဆိုတင်ဆက်ပါသည်။



အာရပ်လိဂ် : အီရန်၏ အန္တီဘာရိန်းလှုပ်ရှားမှုရပ်တန့်ရမည်။


Arab League to Iran: stop anti-Bahrain campaign
Mon, May 21 10:52 AM EDT
မေလ ၂၁ ရက် တနင်္လာနေ့ ၂၀၁၂။

အာရပ်လိဂ် : အီရန်၏ အန္တီဘာရိန်းလှုပ်ရှားမှုရပ်တန့်ရမည်။

ကိုင်ရို : ဘာရိန်းနိုင်ငံမှ ပင်လယ်ကွေ့နိုင်ငံများအကြား နိုင်ငံရေးနှင့်စစ်ရေးပူးပေါင်းရန် အာရပ်လိဂ်၌ တင်ပြထားသည်။ ၎င်းကို မီဒီယာအားဖြင့်ဆန့်ကျင်ရန် အီရန်က လှုပ်ရှားဆောင်ရွက်နေခြင်းအား ရပ်တန့်ရန် အာရပ်လိဂ်က တီဟီရန်ကို သတိပေးလိုက်ကြောင်း ကိုင်ရိုမှလာသည့် သတင်းအရသိရ သည်။

ဆော်ဒီအာရေဗျအနေဖြင့် ပင်လယ်ကွေ့နိုင်ငံများပူးပေါင်းအစီအစဉ်ကို ဖိအားပေးတိုက်တွန်းနေ သည်။ တိုက်တွန်းရခြင်းမှာ ဘာရိန်းရှိ ရှီယာမွတ်စလင်မ်များအခက်အခဲတွေ့စေရန်နှင့် အီရန်ဩဇာခံ ဒေသတွင်းနေ ရှီယာများ၏ အာဏာပျံ့နှံ့နေမှုကို တုန့်ပြန်ရန်ဖြစ်သည်။

ဆော်ဒီရီယဒ်၏ အဓိကရည်ရွယ်ရင်းမှာ ဘာရိန်းနှင့်ပူးပေါင်းရန်ဖြစ်သည်။ ဘာရိန်းတွင် လူများစု ရှီယာများက စွန္နီမွတ်စလင်မ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပြီး ဒီမိုကရေစီဆန္ဒပြမှုများပြုလုပ်လျက် ရှိသည်မှာ တစ်နှစ်ခန့်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဘာရိန်းခေါင်းဆောင်များက အာရပ်နိုင်ငံများပူး ပေါင်း ရေးကို နှစ်ချိုက်သဘောကျနေသည်မှာ လူသိရှင်ကြားကိစ္စတစ်ခုပင်ဖြစ်သည်။

"အီရန်အစိုးရက ဒါကိုဆန့်ကျင်တဲ့ မီဒီယာလှုပ်ရှားမှုမြှင့်တင်ဆောင်ရွက်နေတာတွေ၊ ဘာရိန်းက အခြေအနေတွေနဲ့ပတ်သတ်ပြီး ပဋိပက္ခဖြစ်စေမယ့် မှတ်ချက်မျိုးတွေ အီရန်ဌာနဆိုင်ရာတွေက ပြောနေတာတွေကို ရပ်တန့်ရမယ်။" ဟု အာရပ်လိဂ်အထွေအထွေအတွင်းရေးမှူး နဘိလ် အလာရဘီ က ပြောကြားထားသည်။

သူက "ဘာရိန်းနဲ့ ဆော်ဒီကြားမှာ (စစ်ရေးနဲ့ နိုင်ငံရေး) ပူးပေါင်းဖို့ ဆောင်ရွက်ချက်ခြေလှမ်းတိုင်း ဟာ နိုင်ငံနှစ်ခုရဲ့ လွတ်လပ်တဲ့လှုပ်ရှားမှုတွေပဲဖြစ်တယ်။ ဘယ်ပင်လယ်ကွေ့တိုင်းပြည်ကမှလည်း ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိသလို တခြားဘယ်တိုင်းပြည်ကမှလည်း စွက်ဖက်ပိုင်ခွင့်မရှိဘူး" ဟု ပြောကြားခဲ့သည်။


အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဘာရိန်းဆော်ဒီပူးပေါင်းမှု (မနားမား-ရီယဒ် ယူနီယံ) ကို ပြီးခဲ့သည့် တပတ်က နိုင်ငံနှင့်အဝှမ်း ဆန့်ကျင်ဆန္ဒပြနေကြသည့် ထောင်ပေါင်းများစွာသော လူထူကြီးကို ထုတ်လွှင့်ပြသခဲ့သလို နိုင်ငံတွင်း ဩဇာရှိသာသနာပိုင်များကလည်း ထိုအစီအစဉ်အား "ကြမ္မာဆိုး အကောက်ကြံမှု" အဖြစ်ရှုံ့ချခဲ့သည်များကိုလည်း ထုတ်လွှင့်ပြသခဲ့သည်။

မိုဘိုင်း ရိုက်တာသတင်း။
Source: http://goo.gl/cJkf8

လန်ဒန် : အဟ်မဒီယာမွတ်စလင်မ်များ၏ ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ


လန်ဒန် မတ်လ ၂၄ ရက်နေ့ ၂၀၁၂။
The Review of Religion

မတ်လ ၂၄ ရက်နေ့ ၂၀၁၂ တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲကို လန်ဒန် မြို့၊ မော်ဒန်ရပ်ရှိ၊ ဥရောပအနောက်တွင်အကြီးဆုံးဖြစ်သော ဘိုင်တုလ်ဖုသုဗလီဝတ်ကျောင်းတော်၌ ကျင်းပခဲ့ပါသည်။ ထိုနှီးနှောပွဲကို အဟ်မဒီယာမွတ်စလင်မ်အဖွဲ့အစည်းမှ နှစ်စဉ်ကြီးမှူးကျင်းပနေခြင်း ဖြစ်သည်။


ယခုနှစ်တွင် ထိုနှီးနှောပွဲကြီးသည် ပရိသတ်ပေါင်း ၁၀၀၀ကျော်ကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုအထဲ တွင် အစိုးရဝန်ကြီးများ၊ ပါလီမန်အမတ်များ၊ သံအမတ်ကြီးများ၊ ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ လန်ဒန်မြို့တော်ဝန်နှင့် အခြားသော ဂုဏ်သရေရှိဧည့်သည်တော်များပါဝင်သည်။ ယခုနှစ်၏ အဓိကဦးတည်ချက်ထား ဆွေးနွေးသွားသည်မှာ "နိုင်ငံတကာ ငြိမ်းချမ်းရေး" နှင့်ဆိုင်သော အကြောင်းကိစ္စရပ်များဖြစ်သည်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၊ လန်ဒန်၏ဥက္ကဌဖြစ်သူ ရဖိက်ဟရာသ်မှ အဖွင့်စကားပြောကြားရာ၌ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့အနေဖြင့် ခလီဖာ၏ခေါင်းဆောင်မှုအောက်တွင် ငြိမ်းချမ်းရေးတန်ဖိုး မြှင့် တင်ရန်ဆောင်ရွက်ချက်များ၊ သည်းခံမှုနှင့် မိမိ၏နိုင်ငံအပေါ်သစ္စာစောင့်သိမှုများအတွက် အချိန်နှင့်အမျှ ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားသွားသည်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့အတွက် ယူကေနိုင်ငံလုံးဆိုင်ရာ ပါတီစုံပါလီမန်အဖွဲ့ဥက္ကဌဖြစ်သူ မစ်ချန်မ်နှင့် မော်ဒန်ဒေသတို့၏ ပါလီမန်အမတ်၊ ဆီယိုဘိန်း မတ်ဒိုနတ်ခ်က တိုးတက်မှုများရှိလာ သော်လည်း ကမ္ဘာ့နေရာအနှံ့မှ လူအများ၊ သာသနာရေးယုံကြည်ချက် လွတ်လွတ်လပ်လပ်ရရှိရေး အတွက် အာမခံချက်ရှိစေရန် ဆောင်ရွက်ရာတွင် အောင်မြင်မှုများပိုမိုရရှိဖို့ လိုအပ်သေးကြောင်း ပြောကြားခဲ့သည်။

ပါလီမန်အမတ်လည်းဖြစ်၊ စွမ်းအင်နှင့် ရာသီဥတုပြုပြင် ပြောင်းလဲမှုအတွက် နိုင်ငံလုံးဆိုင်ရာ အတွင်း ရေးမှူးလည်း ဖြစ်သူ Right Honourable အက်ဒ် ဒေးဗီး(Rt Hon Ed Davey) က အဟ်မဒီယာ မွတ်စလင်မ် အဖွဲ့၏ ခေါင်းဆောင် ဟာဇရသ်မီရ်ဇာမဆ်ရူးရ် အဟ်မဒ်မှာ ငြိမ်းချမ်းရေးအတွက် မဟာ ခေါင်းဆောင်တစ်ယောက်ပင် ဖြစ်ကြောင်းပြောကြားခဲ့ပြီး ကမ္ဘာနှင့်အဝှမ်း ရာသီဥတု ပြုပြင်ပြောင်းလဲ၍ အစားအစာနှင့်ရေတို့အပေါ် အကျိုးသက်ရောက်ပုံကို ရှင်းလင်း ပြောကြားခဲ့သည်။

လန်ဒန်မြို့တော်ဝန် ဘော်ရစ်ဂျွန်ဆင်ကမူ အဟ်မဒီယာ မွတ်စလင်မ်ဂျမာအသ်အား လန်ဒန်မြို့တွင် ငြိမ်းချမ်းရေးနှင့် သည်းခံစွာအတူယှဉ်တွဲနေထိုင်ရေး တို့အတွက် ဆောင်ရွက် ရာ၌ နည်းလမ်းမျိုးစုံဖြင့် ပါဝင်ဆောင်ရွက်မှုအတွက် လည်းကောင်း၊ လူအများပါဝင်လာအောင် စည်းရုံးလှုံဆော် မှုများအတွက် လည်းကောင်း ကျေးဇူးတင်ပါကြောင်းနှင့် အဟ်မဒီယာဂျမာအသ်နှင့် အသင်း၏ လူမှုရေးဆောင်ရွက် ချက်များကို အမြဲတမ်း ကူညီပံ့ပိုးပေးမည်ကို ကတိပြုပါကြောင်း ပြောကြား သွားသည်။

ပါလီမန်အမတ် Right Honourable အဲရစ်ပစ်ကဲလ်စ်၊ ဒေသဆိုင်ရာအစိုးရအဖွဲ့နှင့် အသင်းအဖွဲ့များ နှင့်ဆိုင်သော နိုင်ငံတော်အတွင်းရေးမှူး၏ သတင်းစကားကို ပါလီမန် အမတ် စတီဖင် ဟမ်မွန်းဒ်က ဖတ်ကြားပြရာ ဗြိတိသျှ အတွင်း တစ်ဦးနှင့်တစ်ဦး သည်းခံစွာ အတူယှဉ်တွဲ နေထိုင်ရေး ဆောင်ရွက်ချက် များအတွက် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့အား ဂုဏ်ယူပါကြောင်း ဖော်ပြထားသည်။

ပါလီမန်အမတ် အန်ဒရူး စတန်နယ်လ် (အိုဘီအီး)က အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ လူမှုရေး ဆောင်ရွက် ချက်များနှင့် ဒေသတွင်းပူးပေါင်းပါဝင်မှုများ အတွက် ယူကေအစိုးရက အထူးတန်ဖိုးထား ပါကြောင်း၊ မိမိအနေဖြင့် ဘိုင်တုလ်ဖုသုဟ်ကို ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ကြောင်း၊ အဆောက်အဦမှာ အလွန်ခံ့ညားကြောင်း ပြောကြားသွားခဲ့သည်။

လော့ဒ် အဲရစ် အီဗ်ဘာရီကမူ စစ်ပွဲများနှင့် ပဋိပက္ခများကို တားဆီးခြင်းမှာ လုံလောက်သည်ဟု မရှိကြောင်း၊ ထိုကိစ္စများမှ ရှောင်လွှဲထွက်သွားခြင်းမှာ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ချို့ယွင်းမှုပင်ဖြစ် ကြောင်း၊ အချို့သောနိုင်ငံအများ၌ ဖိနှိပ်ခံအသင်းအဖွဲ့ဖြစ်နေသော်လည်း အဟ်မဒီယာ မွတ်စလင်မ် အဖွဲ့မှာ ကမ္ဘာတဝှမ်းတွင် ငြိမ်းချမ်းရေးအတွက်တိုက်ပွဲဝင်ရာလမ်းကြောင်း၌ ခေါင်းဆောင်ပိုင်းက ပါဝင်နေကြောင်းဖြင့် ပြောကြားသွားခဲ့သည်။

မာတန်ကောင်စီ၏ ခေါင်းဆောင်၊ ကောင်စစ်ဝန် စတီဖင် အလမ်ဘရီတစ်ကမူ အဟ်မဒီယာဗလီနှင့် အဟ်မဒီယာ မွတ်စလင်မ်အဖွဲ့တို့အတွက် ကောင်စီက ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။



ထို့နောက် နှစ်စဉ်ချီးမြှင့်သည့် "အဟ်မဒီယာမွတ်စလင်မ်တို့၏ ငြိမ်းချမ်းရေးတိုးတက်လုပ်ဆောင်မှုဆု တံဆိပ်" ကို ‘SOS Children’s Villages UK’ အား ယခုနှစ်အတွက်ရွေးချယ်ခဲ့ပြီး အဟ်မဒီယာ မွတ်စလင်မ်အဖွဲ့၊ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင် ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်မှ ချီးမြှင့်ပေးအပ် ခဲ့သည်။ ဆုတံဆိပ်လက်ခံရယူခဲ့သည့် ‘SOS Children’s Villages UK’ မှ ဥက္ကဌဖြစ်သူ ဒိန်းမေရီ ရစ်ချက်ဆင် (ဒီဘီအီး)မှ ကလေးများ၏ အရေးကို ပထမဦးစားပေးစဉ်းစားရန်မှာ မဖြစ်မနေလိုအပ် ကြောင်းပြောကြားခဲ့သလို ဆုတံဆိပ်ရရှိခြင်းအတွက် နက်ရှိုင်းစွာဖြင့် ဂုဏ်ယူခံစားမိပါကြောင်း ပြော ကြားခဲ့သည်။

 ဟာဇရသ်မီရ်ဇာမဆ်ရူးရ် အဟ်မဒ်မှ ဆုတံဆိပ် ချီးမြှင့်စဉ်


ထို့နောက် အဟ်မဒီယာ မွတ်စလင်မ်အဖွဲ့၊ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင် ဟာဇရသ်မီရ်ဇာမဆ်ရူးရ် အဟ်မဒ် မှ အမှာစကားပြောကြားခဲ့သည်။ သခင်ကြီးမှ နယူးကလီးယားစစ်ပွဲများ၏ စိတ်ပျက်ဖွယ်ရာ ဆိုးကျိုးများနှင့် တရားမျှတမှုလိုအပ်နေပုံတို့ကို အကျယ်တဝန့်တင်ပြခဲ့သည်။ စစ်ပွဲများကို ရှောင်ရှား နိုင်ရန်နှင့် အီရန်၊ အစ္စရေးနှင့် အမေရိကန်တို့၏ ပဋိပက္ခမှာ တတိယကမ္ဘာစစ်ကို ဦးတည်စေကြောင်း၊ ထိုစစ်မှာ နူးကလီးယားစစ်ပွဲဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နတန်ယာဟု၊ အီရန်သမ္မတ အာမက်ဒီနီဂျက်၊ အမေရိကန်သမ္မတ အိုဘာမား၊ ကနေဒါဝန်ကြီး ချုပ် စတီဗင် ဟားပါးတို့ထံ သဝဏ်လွှာများပေးပို့ခဲ့ပြီး ဆုံးဖြတ်ချက်များချမှတ်ရာ၌ ကမ္ဘာသူကမ္ဘာ သားအားလုံးတို့၏အရေးကို ရှေးရှုပြီး အလျင်စလိုမဆောင်ရွက်မိဖို့ မေတ္တာရပ်ခဲ့ကြောင်း သခင်ကြီးမှ တင်ပြခဲ့သည်။

အဟ်မဒီယာ မွတ်စလင်မ်အဖွဲ့၊ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင် ခလီဖတွလ်မဆီဟ်ဟာဇရသ်မီရ်ဇာမဆ်ရူးရ် အဟ်မဒ် 


ကျွန်တော်၏စာများမှာ ၎င်းတို့အတွက်မည်သို့တန်ဖိုးထားသည်ဖြစ်စေကာမူ မီလီယံ နှင့်ချီသော အဟ်မဒီများ၏ခေါင်းဆောင် ခလီဖာတစ်ဦးအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ခဲ့ခြင်းမှာ ပုဂ္ဂလိက ကြောက်ရွံ့မှုကြောင့်မဟုတ်ဘဲ လူသားထု တစ်ရပ်လုံးပေါ်ထားရှိသော ရိုးသားသည့်ချစ်ခြင်းမေတ္တာကြောင့်သာဖြစ်ကြောင်း သခင်ကြီးက တင်ပြ ခဲ့သည်။ ကျွန်တော်တို့၏ လူသားထုအပေါ် ချစ်ခြင်းမေတ္တာထားရှိနိုင်ခြင်းမှာ အစ္စလာမ့်တမန်တော် ကြီး (သခင့်အပေါ်သို့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ငြိမ်းချမ်းခြင်း ကောင်းချီးမင်္ဂလာများကျ ရောက်ပါစေ) ၏ သွန်သင်ဆုံးမဩဝါဒများနှင့် တိုက်ရိုက်ဆက်နွယ်နေကြောင်း၊ ထိုသို့ပြောခြင်းဖြင့် ခင်ဗျားတို့ (ဘာသာခြားများ)က ကြားရသည်ကိုပင် တုန်လှုပ်အံ့အားသင့်မည်ဟု ထင်မြင်မိပါကြောင်း၊ ထို့နောက် ဤသို့ဆိုလျှင် မွတ်စလင်မ်တိုင်းပြည်များတွင် ဘာကြောင့်အကြမ်းဖက်မှုများရှိနေပါသလဲ၊ မွတ်စလင်မ်များအချင်းချင်း ဘာကြောင့်သတ်ဖြတ်ပြီး နေရာလုနေကြပါသလဲစသဖြင့် မေးခွန်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ထိုသို့သော ခြောက်ခြားဖွယ်ရာအပြုအမူများမှာ အမှန်တကယ်အားဖြင့် အစ္စလာမ့်သွန်သင်ချက်နှင့် လုံး၀ဆန့်ကျင်နေကြောင်း၊ ကျမ်းမြတ်ကုရ်အာန်က အစွန်းရောက်ခြင်းနှင့် အကြမ်းဖက်မှုတို့ကို မည်သည့်အခြေအနေတွင်ဖြစ်စေကာမူ အခွင့်ပေးထားခြင်းမရှိကြောင်း တင်ပြခဲ့ သည်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-