Sunday, July 1, 2012

The Muslim Sunrise မဂ္ဂဇင်းမှ ကမ္ဘာကျော်အစ္စလာမ်မိုဖိုးဘစ်များဖြစ်ကြသည့် မတရားသဖြင့်ဝေဖန်နေကြသူ ၁၀ ဦးကို လူထုပရိသတ်အလယ်တွင် အငြင်းအခုန်ပြု ဆွေးနွေးရန် ကမ်းလှမ်းပြီ



The Muslim Sunrise မဂ္ဂဇင်းသည် လွန်ခဲ့သည့် ၈၉ နှစ်ကာလကတည်းက အမေရိကန်နိုင်ငံတွင် ထုတ်ဝေဖြန့်ချိခဲ့သော အဟ်မဒီယာမွတ်စလင်မ်အသင်းအဖွဲ့၏ မဂ္ဂဇင်းတစ်စောင်ဖြစ်ပါသည်။ ယင်းမဂ္ဂဇင်းမှာ အမေရိကန်နိုင်ငံရှိ အစ္စလာမ်မဂ္ဂဇင်းများအနက် သက်တမ်း အရင့်ဆုံးမဂ္ဂဇင်းလည်း ဖြစ်ပါသည်။ ဒေါက်တာမွဖ်သီမုဟမ္မဒ်ဆာဒီက်ဆိုသူ၊ အမေရိကန်နိုင်ငံဆိုင်ရာ အဟ်မဒီယာမွတ်စ လင်မ်အဖွဲ့၏ ပထမဆုံး သာသနာပြုက ယင်းမဂ္ဂဇင်းကို ၁၉၂၁ခုနှစ်တွင် “Moslem Sunrise” အမည်ဖြင့်စတင်ထုတ်ဝေခဲ့ပါသည်။ ထိုသည့်အချိန်မှ ယနေ့ကာလအထိ မဂ္ဂဇင်းသည် အစ္စလာမ် သာသနာနှင့်ပတ်သတ်သည့် ဆွေးနွေးမှုများကို ပွင့်လင်းထင်ရှားစွာ ပြုလုပ်ခဲ့သလို အခြားကမ္ဘာ့ သာသနာများနှင့်ပတ်သတ်၍လည်း ခေါင်းစဉ်ခွဲ၊ ကဏ္ဌခွဲများဖြင့် ဖော်ပြဆွေးနွေးသည်။

၂၀၁၂ခုနှစ်၊ နွေရာသီအတွက်ထုတ်ဝေသော The Muslim Sunrise မဂ္ဂဇင်းက ယနေ့ကမ္ဘာပေါ်တွင် အစ္စလာမ်သာသနာအား ထင်ရှားစွာဖြင့် မတရားဝေဖန်အပုတ်ချအမြတ်ထုတ်နေခဲ့ကြသည့် အထင်ကရ အစ္စလာမ်မိုဖိုးဘစ်၊ အစ္စလာမ်ကြောက်ရောဂါရှင် ၁၀ ဦးကို လူထုပရိသတ်အလယ်တွင် အငြင်းအခုန်ပြုဆွေးနွေးရင်း အစ္စလာမ်၏ မူရင်းအစစ်အမှန်ကို ဖော်ပြထုတ်ဖော်နိုင်ရန် တရားဝင် ကမ်းလှမ်းလိုက်သည်။ မဂ္ဂဇင်း၏ အယ်ဒီတာပေးစာကဏ္ဌ တွင် “Editorial : A Letter to the Critics of Islam” ၊ အယ်ဒီတာ-အစ္စလာမ်အားဝေဖန်နေကြသူများအတွက် ပေးစာ ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြထားပါသည်။ ယင်းဆောင်းပါးအပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

လေးစားရပါသော ဝေဖန်ရေးဆရာများခင်ဗျား။


၁) နယ်သာလန်ပါလီမန်အမတ် ဂါးတ်ဝီးလ်ဒါးစ်
၂) အမေရိကန် စာရေးဆရာမ ပါမီလာ ဂဲလ္လာ
၃) အမေရိကန် စာရေးဆရာ ရောဘတ် စပန်ဆာ
၄) အမေရိကန်အခြေစိုက် ဆီးရီးယန်းစာရေးဆရာမ ဝါဖာစူလတန်
၅) အမေရိကန် သမိုင်းဆရာ ဒေနီယဲလ် ပိုက်ပ်စ်
၆) အမေရိကန် ရေဒီယိုစကားပြောအစီအစဉ်မှ ရက်ရ်ှလင်မ်ဘားဂ်
၇) အင်္ဂလန်အခြေစိုက် ဗြိတိသျှ-အင်ဒီးယား ဝတ္ထုရေးဆရာ ဆလ်မန်ရပ်ရ်ှဒီ
၈) အမေရိကန်အခြေစိုက် ကုရ်အာန်မီးရှို့သူ ခရစ်ယာန်ဘုန်းကြီး တယ်ရီဂျုံးစ်
၉) ကနေဒါစာရေးဆရာမ အိရ်ရှက်ဒ် မန်ဂျီ
၁၀) အမေရိကန် တီဗွီဟာသနှင့် နိုင်ငံရေးဝေဖန်သူ ဘီလ်မဟာရ်

အတ်စလာမို့အလိုက်ကွမ်း၊ ငြိမ်းချမ်းသာယာခြင်းအပေါင်း ခညောင်းပါစေ။

ဤ၂၀၁၂ခုနှစ်၊ နွေရာသီထုတ်မဂ္ဂဇင်းတွင် ငြိမ်းချမ်းရေးသာသနာဖြစ်သော အစ္စလာမ်ကို ဝေဖန်နေ ကြသည့် ဆရာကြီးများအား အငြင်းအခုန်ပြုဆွေးနွေးရန် (ဒီဘိတ်ပြုလုပ်ရန်) ကျွနု်ပ်တို့ဘက်မှ ဖိတ်ခေါ်အပ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် အသင်တို့၏ လွတ်လပ်မှုနှင့်သာတူညီမျှမှုတို့အတွက် ပုဂ္ဂလိကကြွေးကြော် ဆောင် ရွက်နေမှုများကို အားပေးထောက်ခံသည်နှင့်အညီ ကျွနု်ပ်တို့သည်လည်း ထိုအတိုင်းသာ ရပ်တည်လျက်ရှိပါသည်။ သို့သော် အစ္စလာမ်သာသနာအား တိုက်ခိုက်နေမှုများအတွက်မူ ကျွနု်ပ်တို့ အနေဖြင့် အသင်တို့၏ နည်းဗျူဟာအား မေးခွန်းထုတ်လိုပါသည်။

အစ္စလာမ်သာသနာတော်သည် အမှန်တရား၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးတို့အတွက် ရပ်တည် သည့် သာသနာဖြစ်ပါသည်။ ယနေ့တွင် အစ္စလာမ်သာသနာသည် သစ်လွင်သည့် ပြုပြင်မှုလိုအပ်နေ သော်လည်း အစ္စလာမ်အား ဖျက်ဆီးပြစ်ဖို့ မလိုအပ်ပါ။

ယခုလထုတ်ဝေသည့် ဤမဂ္ဂဇင်းတွင် အသင်တို့၏ အစ္စလာမ်သာသနာအပေါ် ဝေဖန်နေမှုများအား တုန့်ပြန်ရန် ရည်ရွယ်ချက်ဖြင့် ကျော်ကြားသည့် နိုင်ငံရေးသမားများ၊ ပန်ဒစ်များ၊ ခရစ်ယာန်ဘုန်း ကြီးများ၊ ပရောဖက်ဆာများနှင့် စာရေးဆရာများ စသည်တို့အထဲမှ ၁၀ ဦးကိုရွေးချယ်လိုက်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ထိုပုဂ္ဂိုလ်၁၀ဦး၏ အစ္စလာမ်အပေါ်ဝေဖန်နေမှုများ သည် အခြေအမြစ်မရှိသည် သာမက ရိုးသားမှုမရှိကြောင်းကိုပါ ဖော်ပြအပ်ပါသည်။ 

မွတ်စလင်မ်အများစု နေထိုင်သည့် တိုင်းပြည်များ၌ ကျင့်သုံးနေသည့် အလေ့အထများအပေါ် ဝေဖန် နေမှုများနှင့် စပ်လျဉ်း၍ ထိုအလေ့အထများမှာ မူရင်းအစ္စလာမ်သာသနာ၌ အခြေခံခြင်းလုံး၀မရှိ ကြောင်းလည်း ဖော်ပြအပ်ပါသည်။ ထို့ကြောင့် ဤသို့ဖိတ်ခေါ်ခြင်း အားဖြင့် အဟ်မဒီယာမွတ်စလင်မ် အဖွဲ့သည် အသင်တို့၏ မဟုတ်မတရားဝါဒဖြင့်ချိမှုများကို မှားယွင်းကြောင်း သက်သေပြပြီး အစ္စလာမ်သာသနာတော်အား ခုခံကာကွယ်သွားမည့်နည်းတူ နည်းလမ်းမကျဖြစ်နေပြီး မိမိတို့ကိုယ် ပိုင် ပုဂ္ဂလခံယူချက်များကို အစ္စလာမ့်သွန်သင်ချက်များအဖြစ် တင်ပြကျင့်သုံးနေသည့် ယနေ့ခေတ် အိုလမာ (အမည်ခံ အစ္စလာမ်သာသနာ့ပညာရှင်များ)များကိုလည်း ဆန့်ကျင်ရပ်တည်ကြောင်း ဖော်ပြအပ်ပါသည်။

ထို့ကြောင့် ဘုရားရှင်က ဟာဇရသ်မီရ်ဇာဂူလာမ်အဟ်မဒ်(အ)အား ဤခေတ်ကာလ၏ ပြုပြင်ပြောင်း လဲရေးသမားအဖြစ် ရွေးချယ်စေလွှတ်ရခြင်း၏ အဓိကအကြောင်းရင်းမှာလည်း ယင်းသို့သော ကိစ္စရပ်များကို ဆောင်ရွက်စေခြင်းငှာဖြစ်ပါသည်။ သခင်ကြီး၏ အသင်းအဖွဲ့မှာ “အားလုံးအပေါ်မေ တ္တာထား မည်သူ့ကိုမှ အမုန်းမပွား” ဆိုသည့် ဆောင်ပုဒ်ကို နုတ်အားဖြင့်လည်းကောင်း၊ အကျင့်အမူ များအားဖြင့်လည်းကောင်း ကျင့်သုံးလျက် ရှိနေပြီး အစ္စလာမ်သာသနာ၏ မူရင်းအစစ်အမှန် သွန်သင်ချက်များကို ထက်သန်စွာ တင်ပြလျက်ရှိနေကြပါသည်။ အသင်(ဝေဖန်ရေးဆရာကြီးများ) တို့အနေဖြင့် ကျွန်ုပ်တို့အား မည်သို့ဆန္ဒထားရှိကြစေကာမူ ကျွန်ုပ်တို့အနေဖြင့် အသင်တို့အတွက် ငြိမ်းချမ်းရေးကိုသာ ဆန္ဒပြုကြပါသည်။

နော်ဝေနိုင်ငံမှ အကြမ်းဖက်သမားဖြစ်သူ ဗရိုင်ဗစ်က မွတ်စလင်မ်များ၏ သိမ်းပိုက်လာနိုင်မှု အန္တရာယ်မှ ကာကွယ်သည်ဟူသော အခြေမဲ့သည့် အကြောင်းပြချက်ဖြင့် လူ ၇၀ ကို သတ်ဖြတ်ပြစ် လိုက်ပြီး သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေမှုကို အထင်ကြီးနေကြသူများရှိနေသည်။ ဤတွင် ရောဘတ်စပန်ဆာ၊ ပါမီလာ ဂဲလ္လာနှင့် ဂါးတ်ဝီလ်ဒါးစ်တို့ကဲ့သို့ ဝေဖန်ရေးဆရာကြီးများအနေဖြင့် သူတို့ကိုယ်ပိုင် အမုန်းတရားပွားများစေရေး ဟောပြောတင်ပြမှုများ၏ အကျိုးဆက်များကို မမြင်တွေ့ ပါလေသလော၊ မေးခွန်းထုတ်ဖွယ်ပင်။ ၂၀၁၀ က စတင်အခြေတည်သည့် နိုင်ငံရေးအမြတ်ထုတ် လိုသူများနှင့် အစ္စလာမ်ကြောက်ရောဂါရှင် ခက်ထန်သူများဖြင့် ဖွဲ့စည်းထားသည့် အန္တီအစ္စလာမ်လှုပ် ရှားမှု၏ ကျယ်ပြန့်ကြီးထွားလာမှုနှင့်အတူ အန္တီအစ္စလာမ်အမုန်းတရားကြောင့် ဖြစ်ပေါ်လာသည့် ရာဇဝတ်မှုများလည်း ၅၀ရာခိုင်းနှုန်းအထိ မြင့်တက်လာကြောင်းကို အမေရိကန်ပြည်ထောင်စု The Southern Poverty Law Center မှ ရေးသားဖော်ပြခဲ့သည်။ (Ref: “Thirty New Activists Heading up the Radical Right”, Splcenter.org. Last accessed May 28, 2012.) ဝေဖန်ရေးဆရာကြီးများခင်ဗျား၊ ထိုရာဇဝတ်မှုများ ဖြစ်ပွားလာစေရေးကို အသင်တို့က အထောက် အပံ့ပေးနေခြင်းလော၊ သို့မဟုတ် အသင်တို့က အမှန်တရားအား တင်ပြနေသူများလော။

အသင်တို့၏ ရည်ရွယ်ချက်မှာ အမှန်တရားအတွက်ဆိုပါမူ ကျွန်ုပ်တို့နှင့်အတူ လူထုပရိသတ် အလယ်တွင် ဆွေးနွေးပါ။ လူထုပရိသတ်က အသင်တို့မှန်ကန်ကြောင်း တွေ့မြင်လျှင် အသင်တို့၏ အစ္စလာမ်အတွက် ရန်သူဖြစ်ရေးလှုပ်ရှားမှုတွင် ပါဝင်လာကြပါလိမ့်မည်။ သို့သော် အသင်တို့၏ ဝေဖန်နေမှုများမှာ အမုန်းတရားနှင့် လိမ်လည်မှုများသာဖြစ်ကြောင်း ကျွန်ုပ်တို့ဘက်မှ သက်သေပြ နိုင်ပါမူ ကျွန်ုပ်တို့၏ အစ္စလာမ်သာသနာအား အကာအကွယ်ပေးရေးရည်ရွယ်ချက် အထမြောက် အောင်မြင်ပါမည်။

အသင်တို့အနေဖြင့် တစုံတရာဆိုင်းတွမနေသင့်သော်လည်း အသင်တို့အား ဆုံးဖြတ်ချက်တစုံတရာ ပြုနိုင်ရန် ၆ လအထိ အချိန်ပေးစောင့်ဆိုင်းသွားမည်ဖြစ်ပါသည်။ လာမည့် ၆ လအကြာ ၊ ဆောင်း ကာလတွင် ထုတ်ဝေဖြန့်ချိမည့် The Muslim Sunrise Winter Edition တွင် အသင်တို့၏ တုန့်ပြန်မှုကို ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ (အင်ရှာအလ္လာဟ်၊ ဘုရားရှင်အလိုတော်တူပါစေ။) 

စာဖတ်သူများခင်ဗျား - ခင်ဗျားတို့အနေနဲ့ ကျွန်တော်တို့ရဲ့ တုန့်ပြန်မှုကို ဖွင့်လှစ်ထားတဲ့ နှလုံးသား စိတ်ဓာတ်များနဲ့ စဉ်းစားဆင်ခြင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ငွေကြေးအကျိုးအမြတ် တစုံတရာကြောင့် ပြုလုပ်နေကြတဲ့ အစ္စလာမ်သာသနာအား ဂုဏ်အသရေဖျက်ရန်နှင့် လိမ်လည်မှု များဖြင့် တန်ဆာဆင်ထားသော အန္တီအစ္စလာမ်လှုပ်ရှားမှုများမှာ အမုန်းတရားပွားများစေရေးနှင့် ဆူပူသောင်းကျန်းမှုများကိုသာ ဖြစ်ပေါ်စေပြီး အမှန်တရားနှင့် သဘောပေါက်နားလည်မှုများအတွက် လုံး၀မဟုတ်ကြောင်း နားလည်လာလိမ့်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဘုရားရှင် ကောင်းချီးပြုတော်မူပါစေ။ ငြိမ်းချမ်းသာယာခြင်း ခညောင်းပါစေသား။

source: The Muslim Sunrise (Official Page is here)

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-