Friday, June 1, 2012

၂၀၁၂ ဂျာမနီ ဂျလ်ဆာ ဆာလာနာ နှစ်ပတ်လည်အခမ်းအနား ယနေ့စတင်မည်။



ခလီဖတွလ်မဆီဟ်တက်ရောက်မည့် ၂၀၁၂ ဂျာမနီ ဂျလ်ဆာ ဆာလာနာ နှစ်ပတ်လည်အခမ်းအနား ယနေ့စတင်မည်။




အဟ်မဒီမွတ်စလင်မ်များ၏ နှစ်စဉ်စည်းဝေးပွဲများကို ကမ္ဘာနှင့်အဝှမ်းကျင်းပလေ့ရှိရာ ၂၀၁၂ခုနှစ်၊ ဂျာမနီနိုင်ငံ အဟ်မဒီယာမွတ်စလင်မ်အသင်း၏ နှစ်ပတ်လည်ညီလာခံကို ယနေ့ ၁ ရက် ဇွန်လမှစတင်၍ ၃ ရက်ဇွန်လအထိ ဂျာမနီ-ပြင်သစ်နယ်နိမိတ်အနီးရှိ ကားလ်စ်ရုဟ်မြို့တွင် ကျင်းပမည်ဖြစ်သည်။

ထိုညီလာခံသို့ ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ဥသျှောင်၊ ပဉ္စမမြောက် ခလီဖတွလ် မဆီဟ် ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ် (သခင့်အပေါ်သို့ ငြိမ်းချမ်းခြင်းကျရောက်ပါစေ) တက်ရောက်မည်ဖြစ်ပြီး အလံတင်ပွဲအခမ်းအနားကို ဂျီအမ်တီ ၁၁ : ၄၅ တိတိတွင် စတင်မည် ဖြစ်သည်။

မည်သူမဆို အခမ်းအနားအား တိုက်ရိုက်ကြည့်ရှုလိုပါက http://bit.ly/xli5fl သို့ သွားရောက်ကြည့် ရှုနိုင်ပါသည်။

www.alislam.org/mta တွင်လည်းကြည့်ရှုနိုင်ပါ သည်။



ပထမနေ့ အစီအစဉ်များ (ဒေသစံတော်ချိန်  အရ ဖော်ပြထားပါသည်။)

၃.၁၅    တဟ်ဂျွတ်ဒ် ဆလားသ် 
၃.၅၅    အာဇန်
၄.၂၀    ဖဂျရ်
၄.၄၅    ခေတ္တနားချိန်
၈.၀၀    နံနက်စာ
၉.၀၀    တက်ရောက်သူများ စာရင်းပေးသွင်းရန်
၁၂.၀၀  နေ့လည်စာ
၁၃.၄၅  ခလီဖတွလ်မဆီဟ်သခင်ဦးဆောင်မည့် အလံတင်ပွဲအခမ်းအနား
၁၄.၀၀  သောကြာဂျွမ္မာဆလားသ် စုပေါင်းဝတ်ပြုခြင်းဖြင့် ဂျလ်ဆာ ဆာလာနာအား ဖွင့်လှစ်ခြင်း  (ဟာဇရသ် ခလီဖတွလ်မဆီဟ်မှ ဦးဆောင်ပါမည်။)

၁၇.၀၀  ကျမ်းမြတ်ကုရ်အာန် ရွတ်ဖတ်သရဇ္ဈယ်ခြင်းဖြင့် ဒုတိယအစီအစဉ် စတင်ခြင်း
၁၇.၁၅  အုရ်ဒူဘာသာဖြင့် ကဗျာရွတ်ဖတ်ခြင်း
၁၇.၂၅  ဘုရားရှင်နှင့် ရှင်သန်နေသော အဆက်အသွယ်ထားရှိခြင်းခေါင်းစဉ်ဖြင့် မော်လာနာ နာဇီရ် အဟ်မဒ် မူဘာရက် (ကနေဒါနိုင်ငံ၏ အေမာမ်ခေါင်းဆောင်ချုပ်) ၏ အူရ်ဒူဘာသာဖြင့် ဟောပြောမှု

၁၈.၀၅  အုရ်ဒူဘာသာဖြင့် ကဗျာရွတ်ဖတ်ခြင်း
၁၈.၁၅  ဧည့်သည်တော်များမှ မိတ်ဆက်၊ စကားစမြည်ပြောဆိုခြင်း
၁၈.၃၅  ဒေသဆိုင်ရာ အေမာမ်ဖြစ်သည့် မုဟမ္မဒ် အိလိယာစ်မူနီးမှ အူရ်ဒူဘာသာဖြင့် ဟာဇရသ် မီရ်မုဟမ္မဒ်အစ္စမာအိလ်၏ ဘ၀ထုပ္ပအကြောင်း ဟောပြောမှု

၁၉.၀၅  ကြေငြာချက်များ
၁၉.၁၅  ညစာစားသုံးခြင်း
၂၀.၃၀  ကျောင်းသားလူငယ်များ ဟာဇရသ်ခလီဖတွလ်မဆီဟ်နှင့် တွေ့ဆုံခြင်း
၂၁.၄၅  မဂ်ရိဘ်နှင့် အီရှာဆလားသ်

http://www.jalsasalana.de/2012/programm/

အမေရိကန် : ဂျူးအများအပြားနေထိုင်ရာ ပိုက်စ်ဗီလီရှိ အဟ်မဒီမွတ်စလင်မ်များ၏ ဗလီဝတ်ကျောင်း တော်အသစ် ဖွင့်လှစ်တော့မည်




အလီဆင်န် နီဇီဗစ်ခ်ျတင်က The Baltimore Sun တွင် တင်ဆက်ခဲ့သည့် သတင်းဆောင်းပါး။
မေလ ၃၀ ရက် ၂၀၁၂

အဟ်မဒီအသင်းအဖွဲ့က ဂျူးများရဲ့ နှလုံးသည်းပွတ်နေရာဖြစ်ပြီး ဂျူးအုပ်စုတွေစုစည်းနေထိုင်တဲ့ နေရာမှာ ကျောက်သားများနဲ့တည်ဆောက်ထားတဲ့ အိမ်ခန့်ခန့်ငြားငြားတစ်လုံးကို ဗလီကျောင်းအ ဖြစ်အသုံးပြုရန် ဝယ်ယူလိုက်ပါပြီ။

 ဘဲလ်တီမိုးရှိ အဟ်မဒီယာမွတ်စလင်မ်များ ဗလီဝတ်ကျောင်းတော်အဖြစ် အသုံးပြုရန် ဝယ်ယူလိုက်သည့် ကျောက်သားအဆက်အအုံ

အမေရိကန်နိုင်ငံ၊ မေရီလန်းဒ်၊ ဘဲလ်တီမိုးကောင်တီမြို့မှာရှိတဲ့ ပိုက်စ်ဗီလီမှာ ပါခ်ဟိုက်စ်အဗီနြူးဆို တဲ့ လမ်းတစ်လမ်းရှိပါတယ်။ အဲဒီလမ်းလေးမှာတော့ ဘုရားကျောင်းများနဲ့ စာသင်ကျောင်းတွေ အစီအရီ နေရာယူထားပါတယ်။ အိုဟက်ဘ် ရှလုမ်ဘုရားကျောင်း၊ ဘဲလ်တီမိုး ဟီးဘရူးအစုအဝေးနဲ့ ရှိုရှနာ အက်စ်.ကာဒင်စာသင်ကျောင်းတွေကတော့ ထင်ရှားပါတယ်။ အနီးအပါးမှာတော့ ဂျူးဘာသာ ဝင်တွေ အသိအမှတ်ပြု ကိုရှာစားသောက်ကုန်တွေရောင်းတဲ့ အကြီးဆုံးစတိုးဆိုင်ကြီးလည်း ရှိနေတာ ကြောင့် ပတ်ဝန်းကျင်မှာ ဂျူးဘာသာဝင်တွေနေထိုင်ကြဖို့ စွဲဆောင်နေသလိုပါပဲ။

ဘဲလဲတီမိုး ဂျူးအစုအဖွဲ့ရဲ့ နှလုံးသည်းပွတ်လမ်းကလေးမှာတော့ နောက်ထပ်သာသနာ့အဆောက် အအုံ တစ်ခုတိုးလာပါပြီ။ အဟ်မဒီမွတ်စလင်မ်များအတွက် ဗလီအသစ်တစ်လုံးပါ။ ပတ်ဝန်ကျင်း ဧရိယာ အတွင်း နေထိုင်သူများအတွက်တော့ အံ့ဩသင့်ဖွယ်ဖြစ်ခဲ့ပြီး အချို့သူများရဲ့ ဆန္ဒသဘော ထားတွေ ကလည်း တစ်ယောက်တစ်မျိုးစီ ဖြစ်နေပါတယ်။

စလိတ်ဒ်အင်ပါ့ခ်ဟိုက်စ် လမ်းသွယ်လေးထဲက ကိုလိုနီခေတ်ပုံသဏ္ဌာန် အဖြူရောင်ကျောက်သားနဲ့ ဆောက်လုပ်ထားတဲ့ အိမ်ကြီးခန့်ခန့်ငြားငြားတစ်လုံးကို အစ္စလာမ်သာသနာထဲက အစုအဖွဲ့ဖြစ်တဲ့ အဟ်မဒီယာမွတ်စလင်မ်လှုပ်ရှားမှုအသင်းက ဝယ်ယူလိုက်တာပါ။ ပိုက်စ်ဗီလီမှာတော့ အချက်အချာ လူစည်ကားတဲ့နေရာပါပဲ။ တခြားကမ္ဘာ့နေရာများမှာ အညှဉ်းပမ်းခံနေရတဲ့ အဟ်မဒီအသင်းဝင်တွေ က တော့ ဒီမြို့မှာ သူတို့ရဲ့နေအိမ်ကလေးများကို ဆောက်လုပ်ပြီး ဘာသာသာသနာကိုင်းရှိုင်းလွန်းတဲ့ ပတ်ဝန်းကျင်မှာ သက်သောင့်သက်သာနေထိုင်သွားဖို့ မျှော်လင့်ထားကြပါတယ်။

ဂျူးအသင်းအဖွဲ့ခေါင်းဆောင်များကတော့ အဟ်မဒီအစုအဖွဲ့အား ပိုက်စ်ဗီလီမှာ ကြိုဆိုကြောင်း ပြသရန် မိမိတို့ကြိုးစားနေကြောင်း Facebook Page မှာ ရေးသားထားပါတယ်။ အချို့သောသူများ က ဗလီဆိုတာကို ကြောက်ရွံ့နေကြတာကြောင့် ပတ်ဝန်းကျင်မှ အခြားသူများက အဟ်မဒီမွတ်စလင်မ် များ ထံ မိမိတို့ကိုယ်ကိုမိတ်ဆက်ပေးရန်၊ မည်သို့နေထိုင်ကြောင်း၊ မည်သည်ကို ကိုးကွယ်ကြကြောင်း စသဖြင့်ပတ်ဝန်းကျင်ရှိ မိသားစုများကို ပြောပြပေးရန် တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။

ဘဲလ်တီမိုး ဂျူးကောင်စီရဲ့ အကြီးအကဲဒါရိုက်တာဖြစ်သူ အားတ် အဗ္ဗရာမ်ဆင်န်က “ပါ့ခ်ဟိုက်ခ်စ်ကို ဖြတ်သန်းကြည့်ရင် ဘုရားကျောင်းတစ်ခုပြီးတစ်ခုတွေ့ရမှာပါ။ ခုတော့ တချို့လူတွေတွေအတွက် အံ့အားသင့်စရာဖြစ်စေမယ့် ဗလီတစ်လုံး ရုတ်တရက်ပေါ်ထွက်လာပါပြီ။” ဟု ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် သူက ပတ်ဝန်းကျင်မှ ပမာဏအနည်းငယ်ကတော့ ဗလီကိုကြောက်ရွံ့နေကြကြောင်း ပြောပြပါ တယ်။

သူကပဲ ဆက်လက်ပြောကြားခဲ့တာက “ကြောက်ရွံ့ခြင်းက လျစ်လျူရှုမှုအပေါ်မှာ အမြဲတည်နေတယ် လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူတို့ (ကြောက်ရွံ့နေကြသူများ) သိထားခဲ့တဲ့ အစ္စလာမ်ဆိုတာ ၉/၁၁ ကို အခြေခံမယ်၊ အဲဒီနောက်ပိုင်းက အခြေအနေတွေကိုပါ။” လို့ ဖြစ်ပါတယ်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့မှာ လူနည်းစုအသင်းအဖွဲ့တစ်ခုဖြစ်ပြီးတော့ ၁၈၈၉ မှာ အိန္ဒိယ၌ စတင်အခြေတည်ခဲ့တာပါ။ ဘဲလ်တီမိုးအစုအဝေးအတွက် ဘဏ္ဍာရေးကိစ္စဆောင်ရွက်ခဲ့တဲ့ အဟ်မဒီ ယာမွတ်စလင်မ်အဖွဲ့အစည်းမှ ဒေါက်တာ အာဂါခန်က မေလထဲမှာ ဘဲလ်တီမိုး ဂျူးအသင်းအဖွဲ့သို့ မိတ်ဆက်စကားပြောကြားခဲ့ပါတယ်။ သူက အာရဗစ်ဖတ်ရွတ်ခြင်းအချို့ဖြင့်အစ ပြုပြီးနောက် အဟ်မဒီအသင်းအဖွဲ့၏ အင်္ဂလိပ်ဆောင်ပုဒ်ဖြစ်တဲ့ “Love for all, Hatred for none” ကို ပြောပြခဲ့ ပါတယ်။ ပတ်ဝန်းကျင်ရှိ နေထိုင်သူများက သူတို့ (အဟ်မဒီ)များရဲ့ အမြင်ကို အလွန်လေးစားကြ ကြောင်း အားတ် အဗ္ဗရာမ်ဆင်န်က ပြောပြခဲ့ပါတယ်။

အဲဒီနောက်တော့ အာဂါခန်က “ကျွန်တော်တို့ရဲ့ အခြေခံသတင်းစကားကတော့ ငြိမ်းချမ်းရေးနဲ့ မိတ်သင်္ဂဟဖြစ်ရေးတို့ပါပဲ” ဟု ပြောကြားသွားခဲ့ပါတယ်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့က ပိုက်စ်ဗီလီမှာရှိတဲ့ အဲဒီအဆောက်အဦကို ဒေါ်လာ ၉ သိန်းနဲ့ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုအဆောက်အဦပတ်ဝန်းကျင်မှာနေထိုင်တဲ့ ဂျူးလူမျိုးစုများကတော့ ဧရိယာအဝန်းအဝိုင်းအတွင်းမှာ အကြီးမားဆုံး အုပ်စုဖြစ်တဲ့အကြောင်း ဘဲလ်တီမိုးဂျူးဖက်ဒရေး ရှင်းရဲ့ ၂၀၁၀ စစ်တမ်းကောက်ခံမှုက ဖော်ပြထားကြောင်းလည်း သိရပါတယ်။

UNHCR : ခိုလှုံခွင့်တောင်းခံနေရသည့် ဒုက္ခသည်များအရေးတွင် အစ္စလာမ့်ဥပဒေနှင့် နိုင်ငံတကာ ဥပဒေတို့ ထပ်တူညီမျှနေ





မေလ ၁၆ ရက် ၂၀၁၂
မူရင်းရေးသားသူ - ရိုက်တာသတင်းထောက် မုဟမ္မဒ်အစ္စမေးလ်


ကုလသမ္မဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ အင်ဒိုနီးရှားနိုင်ငံတာဝန်ခံ မယ်နြူ ရယ် ဂျော်ဒေါင်းက ရီဖျူဂျီခေါ် ခိုလှုံခွင့်တောင်းခံနေကြရသော ဒုက္ခသည်များအပေါ်မှာ ဆုံးဖြတ်တဲ့ နိုင်ငံတကာဥပဒေနဲ့ အစ္စလာမ်မစ်ဥပဒေတို့အကြား တူညီမှုများရှိနေတယ်လို့ ယုံကြည်ကြောင်း အင်ဒိုအခြေစိုက် ရီပတ်ဘလီကာအွန်လိုင်းက ဖော်ပြပါတယ်။

မယ်နြူရယ် ဂျော်ဒေါင်းက ပရောဖက်ဆာ အဟ်မဒ်အဘူအလ်၀ဖာရေးသားတဲ့ “The Right to Asylum between Islamic Shari’ah and International law” ဆိုတဲ့ စာအုပ်အပေါ်မှာ ဗုဒ္ဓဟူးနေ့ က အထက်ပါအတိုင်း မှတ်ချက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဂျော်ဒေါင်းက ထိုစာအုပ်ရှိ အခန်းနံပါတ် ၆ တွင်ဖော်ပြထားသော နိုင်ငံတကာဥပဒေနှင့် အစ္စလာမ် မစ်ဥပေဒတို့၏ တူညီချက်များကို ကရုဓမ္မပြုပြီး "ဒီဟာက ကျွန်တော်တို့အားလုံး ဘယ်နည်းဘယ်ပုံ အလုပ်အတူတူလက်တွဲလုပ်နိုင်ကြမလဲဆိုတာကို ပြသနေတာပါ။" ဟု ပြောကြားခဲ့သည်။ တူညီချက် တစ်ခုမှာ non-refoulement ခေါ် အခြားနိုင်ငံများတွင် ခိုလှုံနေရသည့် ဒုက္ခသည်များအား သူတို့ဘ၀ အသက်ရှင်ရေးအတွက် အန္တရာယ်ရှိသည့် မိမိတို့ကိုယ်ပိုင်နိုင်ငံများထံ ပြန်လွှတ်ခံနေရခြင်း အား အကာအကွယ်ပေးသည့် ဥပဒေဖြစ်သည်။ ဤသဘောထား ဥပဒေကို အစ္စလာမ်က ပထမဦးစွာ ပြဌာန်းခြင်းလည်းဖြစ်သည်။

ထို့ပြင် ဂျော်ဒေါင်းက ဤသို့နေရာရွှေ့ပြောင်းခိုင်းခြင်း၏ ရလဒ်မှာ ဆူပူသောင်းကျန်းမှု၊ ဆင်းရဲမွဲ တေမှု၊ လူ့အခွင့်အရေးအပြန်အလှန်ချိုးဖောက်မှု၊ ညှဉ်းပမ်းမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှုတို့ဖြစ် ကြောင်း၊ UNHCR အနေဖြင့် ခိုလှုံခွင့်တောင်းခံနေရသည့် ဒုက္ခသည်များကိုသာ ကူညီနေသည် မဟုတ်ပဲ နိုင်ငံအတွင်း အပြောင်းရွှေ့ခံ ဒုက္ခသည် (အိုင်ဒီပီ) ကိုပါ ကူညီထောက်ပံ့နေကြောင်း ရှင်းပြ သည်။

ခိုလှုံခွင့်တောင်းခံနေရသည့် ဒုက္ခသည်များနှင့် နိုင်ငံအတွင်း အပြောင်းရွှေ့ခံ ဒုက္ခသည် (အိုင်ဒီပီ)တို့ မတူသည့်အချက်မှာ အိုင်ဒီပီများသည် နိုင်ငံနယ်နိမိတ်ကို ဖြတ်ကျော်သူများမဟုတ်ဘဲ နိုင်ငံအတွင်း မှာတင် ရွှေ့ပြောင်းခံနေရသည့် သူများကိုဆိုလိုသည်။ ဂျော်ဒေါင်းက နေ့စဉ် ၂၀၀ မီလီယံပမာဏ ရှိသော လူများမှာ နေရာရွှေ့ပြောင်းခြင်းခံနေရပြီး ၂၆ မီလီယံမှာမူ မိမိတို့ကိုယ်ပိုင် နိုင်ငံတွင်းမှာတင် နေရာရွှေ့ပြောင်းခံနေရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အစ္စလာမ်မစ်ဥပဒေသည် ပြဿနာအများအပြားကို ဖြေရှင်းပေးထားသည်။

ခိုလှုံခွင့်တောင်းခံနေရသည့် ဒုက္ခသည်များဆိုင်ရာ ကုလသမ္မဂ မဟာမင်းကြီးရုံး၏ ပံပိုးမှုဖြင့်ရေးသား ထုတ်ဝေခဲ့သော “The Right to Asylum between Islamic Shari’ah and International law” ဆိုသည့်စာအုပ်တွင် အစ္စလာမ်မစ်ဥပဒေက ပြဿနာအများအပြားအတွက် အဖြေထုတ်ပေးထား ကြောင်း သက်သေပြထားသည်။ ထို့ပြင် ယင်းစာအုပ်က ခိုလှုံခွင့်တောင်းခံနေရ သည့် ဒုက္ခသည်များ ကို အကာအကွယ်ပေးရေး၌ အစ္စလာမ်မစ်ဥပဒေနှင့် နိုင်ငံတကာဥပဒေတို့ကို နှိုင်းယှဉ်ပြထားသည်။

State Islamic University of Syarif Hidayatullah ၏ ဥပဒေနှင့် ရှရီယာဌာန၊ ပါမောက္ခချုပ် ဖြစ်သူ၊ မုဟမ္မဒ် အမင် ဆူမာက "ဒီစာအုပ်က တကယ့်ကို လက်တွေ့ဆန်ပါတယ်။ ခိုလှုံခွင့်တောင်းခံ နေရတဲ့ ဒုက္ခသည်တွေရဲ့ အခွင့်အရေးကို မီးမောင်းထိုးပြထားပါတယ်။" ဟု ပြောကြားခဲ့သည်။


အာဖဂန်နစ္စတန်၊ ကာဘူးလ်မြို့က အပြောင်းရွှေ့ခံ ဒုက္ခသည်မိသားစုများ နေထိုင်ရာနေရာတစ်နေရာ


ဤသို့သော နှိုင်းယှဉ်ချက်များရေးသားထားသည့် ဖော်ပြပါစာအုပ်မှာ အစ္စလာမ်မစ်ဥပဒေနှင့် နိုင်ငံ တကာဥပဒေတို့၏  ခိုလှုံခွင့်တောင်းခံ နေရသည့် ဒုက္ခသည်များအတွက် အချိုးညီမျှတနေသည့် သတင်းအချက်အလက်များကို ထုတ်နုတ်ပေးထားသည်။ ထိုဥပဒေနှစ်ခု၏ ခြားနားချက်တစ်စုံတစ်ရာ ကိုမျှ ဖော်ပြထားခြင်းမရှိပေ။

ယင်းစာအုပ်ကို မူရင်းအာရဗစ်နှင့် ရေးသားထားခြင်းဖြစ်ပြီး အင်္ဂလိပ်နှင့်ဘဟာဆာဘာသာစကား များဖြင့် ဘာသာပြန်ထားပြီးဖြစ်သည်။ ထိုစာအုပ်သည် အစ္စလာမ်ဥပဒေအနေဖြင့် နိုင်ငံတကာဥပဒေ အတွက် ကြီးမားသောတန်ဖိုးတစ်ခုအနေဖြင့် ရှိနေကြောင်းကိုလည်း ဖော်ပြသည်။  မုဟမ္မဒ် အမင် ဆူမာက "ရှရီယာဥပဒေရဲ့ အသိပညာကြွယ်၀ပုံကို နိုင်ငံတကာက ဒီစာအုပ်အားဖြင့် မြင်တွေ့နိုင် ပါတယ်။" ဟု ဖြည့်စွက်ပြောကြားသည်။

ထိုစာအုပ်ကို www.unhcr.org/4a9645646.pdf တွင် ဖတ်ရှုနိုင်ပါသည်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-