Wednesday, February 26, 2014

ငြိမ်းချမ်းရေးအတွက် ခုနှစ်ရက်တာစက်ဘီးစီးခရီး။ အဟ်မဒီယာမွတ်စလင်အဖွဲ့ ဗလီဝတ်ကျောင်းတော် ၁ဝ လုံးမှ ဗြိတိန်နိုင်ငံကဏ္ဍအသီးသီးအတွက် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်း။

အဟ်မဒီယာမွတ်စလင်အဖွဲ့ဗလီဝတ်ကျောင်းများမှ  လူသားအကျိုးပြု
လုပ်ငန်းများ၊ ဗြိတိန်နိုင်ငံနှလုံးအထူးကု ဖောင်ဒေးရှင်းအတွက် ရံပုံငွေများ
ကောက်ခံခြင်းအတွက် ရန်ပုံငွေရရှိရေးစက်ဘီးစီးခြင်းကို ဇွန်လ ၁ ရက်မှ ၇
ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

အဟ်မဒီယာအဖွဲ့သည်  ထိုအစီအစဉ်ကို  ဗြိတိန်နိုင်ငံ၌ ၎င်းတို့
(အဟ်မဒီယာအဖွဲ့)အခြေစိုက်ခဲ့ခြင်း၏ ရာပြည့်အထိမ်းအမှတ် ကဏ္ဍတစ်ခု
အနေဖြင့်လည်း ကျင်းပခြင်းဖြစ်သည်။
၁၉၁၃ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၌ အဟ်မဒီယာအဖွဲ့ ပထမဦးဆုံး သာသနာပြု
ရောက်ရှိခြင်းနှင့် အသင်းတော်အခြေစိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဟ်မဒီယာအသင်းအဖွဲ့သည် လွန်ခဲ့သော နှစ် ၁၀ဝ မှစတင်ကာ ဗြိတိန်
နိုင်ငံတွင်(အခြေစိုက်ခဲ့ပြီး) ယခုဆိုလျှင် ဗလီဝတ်ကျောင်းတော်ပေါင်း ၃ဝ
ကျော်၊ သာသနာပြုရုံးများနှင့် အဖွဲ့ဝင်ပေါင်း လေးသောင်းကျော်ထိ
တိုးတက်လာကာ ငြိမ်းချမ်းရေး၊ သစ္စာစောင့်သိရေးနှင့် သည်းခံမြဲမြံရေး
ကိုသာ ဟောကြားသင်ပြလျက်ရှိသည်။

၁၉၈၉ခုနှစ်တွင် Bradford မှ London သို့ စက်ဘီးစီးပြိုင်ပွဲကျင်းပခဲ့သလို
(အဟ်မဒီယာအဖွဲ့က) “ငြိမ်းချမ်းရေးအတွက် ရာပြည့်စက်ဘီးစီးပြိုင်ပွဲ”ကို
ဗြိတိန်နိုင်ငံတွင် အဟ်မဒီယာ ရာပြည့်အထိမ်းအမှတ် အစိတ်အပိုင်းအဖြစ်
ကျင်းပသွားမည်ဖြစ်ကြောင်း အဟ်မဒီယာအဖွဲ့အစည်း ဝက်ဘ်ဆိုက်မှ
သိရသည်။
စက်ဘီးစီးသမားများသည် ဂလက်စ်ဂိုမြို့အနောက်စူးစူးတွင်တည်ရှိသော
“ဗိုင်တွလ်ရာဟ်မာန်”ဗလီဝတ်ကျောင်းမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ခုနှစ်ရက်
ကြာ စက်ဘီးနင်းပြီးနောက် ဥရောပအနောက်ဘက်တွင် အကြီးဆုံးဗလီ
ဖြစ်သော “ဗိုင်တွလ်ဖူတူးဟ်”သို့ ပြန်လည်ရောက်ရှိလာရမည်ဖြစ်သည်။
ခရီးစဉ်စုစုပေါင်း ၆၀၁ မိုင်ရှိမည်ဖြစ်သည်။

ခရီးစဉ်မှာ ဗြိတိန်နိုင်ငံရှိ သတ်မှတ်ထားသော ဗလီဝတ်ကျောင်း ၁ဝလုံးသို့
လည်ပတ်ခဲ့ကာ “ဘုရားရှင်သည် ဤသည့် ငြိမ်းချမ်းခြင်းအတိပြီးသော
အဖွဲ့အစည်းကို အရှိန်အဟုန်ဖြင့်တိုးတက်နေစေသည့်အတွက် အရှင့်
ကျေးဇူးတော်ကို အောက်မေ့တမ်းတသည့် အထိမ်းအမှတ် ကျေးဇူးတော်
ရင့်ကျူးခြင်း”ပြုကာ “ဗိုင်သွလ်ဖူတူးဟ်”ဗလီသို့ ပြန်လည် ဝင်ရောက်လာရ
မည် ဖြစ်သည်။
စက်ဘီးစီးသမား အဟ်မဒီစုစုပေါင်း ဦးရေရာကျော်မျှရှိသည်။ လူဦးရေ
နှစ်ဒါဇင်ကျော်သည် အဟ်မဒီစက်ဘီးစီးအသင်းဝင်များနှင့်  မြို့တော်ရဲဌာန
ဝင်များသည် ဤ ၆၀၁ မိုင် ခရီးစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်
ဖြစ်သည်။
ဗလီတစ်လုံးချင်းစီတွင် အဟ်မဒီယာအဖွဲ့ဝင် ပြိုင်ပွဲကြီးမှူးသူများသည်
ညလုံးပေါက် စောင့်ကြပ်ပေးကြမည်ဖြစ်သည်။

စက်ဘီးစီးကာလတွင် နေ့စဉ် ဖဂျရ်နမာဇ်ဝတ်ပြု၊ နံနက်စာစားပြီး ပျမ်းမျှမိုင်
၁၀ဝ ခရီးစဉ်ကို စက်ဘီးနင်းရမည်ဖြစ်ပြီး နောက်ဗလီတစ်လုံးရောက်မှ
ထိုတစ်နေ့တာခရီးစဉ် ပြီးဆုံးမည်ဖြစ်သည်။
လမ်းခရီးတစ်လျှောက်တွင် စက်ဘီးချွတ်ယွင်းပါက ပြုပြင်ရန်၊ အဖြုတ်
အတပ်လုပ်ရန်နှင့် စက်ဘီးသမားများအတွက် လိုအပ်သည့်ပစ္စည်းပစ္စယျများ
အစုံအလင်ကို ယာယီတဲများတည်ဆောက်ကာ အချိန်ပြည့် စီစဉ်ထားရှိမည်
ဖြစ်သည်။

ထိုစက်ဘီးစီးခြင်းမှ ရရှိလာသော ရံပုံငွေများကို လူသားအကျိုးပြု လုပ်ငန်း
များနှင့် ဗြိတိန်နှလုံးအထူးကုဖောင်ဒေးရှင်းစီမံကိန်းသို့သာ ထည့်သွင်းသွား
မည်ဖြစ်သည်။
ဤသည့် “ငြိမ်းချမ်းရေးအတွက်စက်ဘီးစီးခြင်း”နှင့် စက်ဘီးသမားများသည်
အဟ်မဒီယာအသင်းတော်တိုးတက်ဖွံ့ဖြိုးခြင်း၏ ပြယုဂ်ဖြစ်ပြီး ငြိမ်းချမ်းရေး၊
သစ္စာစောင့်သိရေးနှင့် သည်းခံမြဲမြံရေးတို့သည် အသင်းတော်၏အခိုင်အမာ
ချမှတ်ထားသော မူဝါဒစည်းမျဉ်းများဖြစ်ကြောင်း ဗြိတိန်နိုင်ငံအား ကိုယ်စား
ပြု လိုက်ခြင်းလည်းဖြစ်သည်။

Source : (www.themuslimtimes.org)

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-