Disclaimer



The Ahmadiyya Post Myanmar သည် မြန်မာပြည် အဟ်မဒီယာမွတ်စလင်မ်လူငယ်များ အသင်း (Khuddamul Ahmadiyya Myanmar)၏ လွတ်လပ်စွာလှုပ်ရှားသော မီဒီယာဖြစ်သည့် အလျောက် ဤမီဒီယာတွင်ဖော်ပြထားသော အဟ်မဒီယာမွတ်စလင်မ်အဖွဲ့နှင့်ဆိုင်သည့်ကိစ္စရပ်များမှာ ကမ္ဘာလုံး ဆိုင်ရာနှင့်မြန်မာနိုင်ငံဆိုင်ရာအဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ယုံကြည်ချက်အမြင်ကို တရားဝင် ကိုယ်စားပြု ထားခြင်းမဟုတ်ပါ။

*The Ahmadiyya Post Myanmar is independently run by Khuddamul Ahmadiyya Myanmar and in no way represents Islam Ahmadiyya Officially.*

အဟ်မဒီယသ်မိတ်ဆက် (မြန်မာဝီကီတင်ပြမှု)

အဟ်​မ​ဒီ​ယာ​မွတ်စ်​လင်မ်​အဖွဲ့​သည် အစ္စ​လာမ်​သာသနာ​ကို မူရင်း​အစစ်​အမှန်​အတိုင်း ပြန်လည်​ဖြစ်​ထွန်းပေါ်​ပေါက်​လာ​စေ​ရန် ကောင်းကင်​ဆိုင်​ရာ​လမ်း​ညွန်​မှု​ဖြင့်​ဖွဲ့​စည်း​ထား​သော အပြည်​ပြည်​ဆိုင်​ရာ အစ္စ​လာမ့်​အဖွဲ့​အစည်း​တစ်​ခု​ဖြစ်​သည်။ ၁​၈⁠၈​၉ ခု​နှစ်​တွင် စတင်​တည်ထောင်​ခဲ့​ပြီး ယခု​အခါ နိုင်ငံ​ပေါင်း ၁​၉​၅ နိုင်ငံ​၌ အဖွဲ့​ခွဲ​များ​ရှိ​ကာ အဖွဲ့​ဝင်​မီ​လီ​ယံ​ပေါင်း ၁​၀ ထက်​မ​နည်း​ရှိ​သည်။ ဗဟို​ဠာ​န​ချုပ်​မှာ အင်္ဂလန်​နိုင်ငံ၊ လန်ဒန်​မြို့​၌ ရှိ​သည်။

အစ္စ​လာမ်​သာသနာ​ထဲ​မှ အဖွဲ့​အစည်း

အဟ်​မ​ဒီ​ယာ​မွတ်စ်​လင်မ်​အဖွဲ့​မှာ အစ္စ​လာမ်​သာသနာ​ဝင်​များ ကာလ​ရှည်​က​ပင်​စောင့်မြော်​နေ​ကြ​သည့် မ​ဆိဟ် (မေ​ရှိ​ယ) နှင့် မဟ်​ဒီ(လမ်း​ညွန်​ခြင်း​ခံ​ရ​သူ) ပွင့်ပေါ်​လာ​ခဲ့​ပြီး​ဖြစ်​ကြောင်း ယုံကြည်​လက်ခံ​သည့် တစ်​ခု​တည်း​သော အစ္စ​လာမ့်​အဖွဲ့​အစည်း​ဖြစ်​သည်။

အဟ်​မ​ဒီ​ယာ​မွတ်စ်​လင်မ်​အဖွဲ့​က ပွင့်ပေါ်​လာ​စရာ​ရှိ​သည့် မ​ဆီဟ်(မေ​ရှိ​ယ)နှင့် မဟ်​ဒီ(လမ်း​ညွန်​ခြင်း​ခံ​ရ​သူ) မှာ အိန္ဒိယ​နိုင်ငံ၊ ပန်​ဂျပ်​ပြည်နယ်၊ ကာ​ဒီ​ယံ​မြို့​၌ ပွင့်ပေါ်​ခဲ့​သော မီရ်​ဇာ​ဂူ​လာမ်​အဟ်​မဒ် (ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ) ပင်​ဖြစ်​ကြောင်း ယုံကြည်​လက်ခံ​ကြ​သည်။ မီရ်​ဇာ​ဂူ​လာမ်​အဟ်​မဒ် (ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ)က မိမိ​ကိုယ်​ကို နာ​ဇရက်​မြို့​သား တ​မန်တော်​အီ​စာ ၊ သခင်​ယေရှု (ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ) ဒု​တိ​ယမ္ပိ​ပြန်လည်​ကြွ​မြန်း​လာ​စရာ​ရှိ​သည့်​အလျောက်၊ မိမိ​သည် မူရင်း​တ​မန်တော်​အီ​စာ(ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ)၏ ဂုဏ်ရောင်​ကို​စိုး​လျက် အီ​စာ(ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ)၏ အသွင်​သဏ္ဌာန်​ဖြင့် ကြွ​မြန်း​လာ​ခြင်း​ဖြစ်​ကြောင်း​နှင့် တ​မန်တော်​အီ​စာ(ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ)သည် ဤ​လောက​သို့ ဒု​တိ​ယမ္ပိ​ပြန်လည်​ကြွ​မြန်း​လာ​မည့်​အကြောင်း​နှင့် မဟ်​ဒီ(လမ်း​ညွန်​ခြင်း​ခံ​ရ​သူ) ပွင့်ပေါ်​လာ​မည့်​အကြောင်း​ကို အစ္စ​လာမ့်​တ​မန်တော်​ချုပ်​ကြီး မု​ဟမ္မဒ်(ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ)က တင်​ကြို​ဗျာဒိတ်​ဟော​ထားခဲ့​သည့်​အတိုင်း​ဖြစ်​ကြောင်း စ​သ​ဖြင့် ဖော်​ပြ​ခဲ့​သည်။

အဖွဲ့​ဝင်​များ​၏ ယုံကြည်​ချက်

အဟ်​မ​ဒီ​ယာ​မွတ်စ်​လင်မ်​အဖွဲ့​ဝင်​များ​သည် အလ္လာဟ်​အရှင်​တစ်ပါး​တည်း​အား ခ​ဝပ်​ကိုးကွယ်​ခြင်း၊ တ​မန်တော်​မြတ် မု​ဟမ္မဒ်(ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ) အား အလ္လာဟ်​အရှင်​စေ​လွှတ်တော်​မူ​သော တ​မန်တော်​အဖြစ်​ယုံကြည်​ခြင်း၊ ကျမ်း​မြတ်​ကုရ်​အာန်​အား အစ္စ​လာမ့်​ကောင်းကင်​ကျ နောက်ဆုံး​ဥပဒေ​ကျမ်းစာ​အဖြစ် ယုံကြည်​လိုက်နာ​ခြင်း၊ နေ့စဉ် ငါး​ကြိမ်​ဘုရား​ဝတ်တက်​ခြင်း(ဆ​လားသ်)၊ အစ္စ​လာမ့်​ပြက္ခဒိန်​အရ နှစ်​တစ်​နှစ်​၏ ရ​မ​ဇာန်​လ​မြတ်​တိုင်း​၌ ဥပုသ်​သီလ (ဆွီ​ယမ်) ဆောက်တည်​ခြင်း၊ ဆင်းရဲသား​ဒါန​ကြေး(ဇ​ကားသ်) ကို နှစ်စဉ်​ပေး​လှူ​ခြင်း​နှင့် ဘ၀​တစ်​သက်​တာ​တွင် အနည်း​ဆုံး​တစ်​ကြိမ် မက္ကာ​ရွှေမြို့တော်​သို့ ဟာဂျ်​ပြုလုပ်​ရန်​သွား​ရောက်​ခြင်း စ​သည့်​အစ္စ​လာမ့်​မဏ္ဍိုင်​ကြီး ၅ ခု​အပါအဝင် အစ္စ​လာမ့်​ယုံကြည်​ချက်​အားလုံး​ကို သက်ဝင်​ယုံကြည်​စောင့်ထိန်း​ကြ​သည်။

အခြား​မွတ်စ်​လင်မ်​အဖွဲ့​အစည်း​များ​နှင့် အဓိက​ကွာ​ခြား​ချက်​များ​မှာ အဟ်​မ​ဒီ​ယာ​မွတ်စ်​လင်မ်​အဖွဲ့​ဝင်​များ​သည်​အသင်းတော်​အား​တည်ထောင်​သူ အရှင်​သူ​မြတ်၊ ဟာ​ဇ​ရသ်​မီရ်​ဇာ​ဂူ​လာမ်​အဟ်​မဒ် (ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ)အား အစ္စ​လာမ်​သာသနာ​ထဲ​မှ တ​မန်တော်​တစ်ပါး​အဖြစ်​ယုံကြည်​လက်ခံ​ခြင်း​နှင့် အဟ်​မ​ဒီ​မွတ်စ်​လင်မ်​များ​က တ​မန်တော်​အီ​စာ၊ သခင်​ယေရှု(ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ)သည် လက်ဝါး​ကပ်​တိုင်ပေါ်​မှ သေ​ကံ​မ​ရောက်​သက်​မ​ပျောက်​ခဲ့​ဘဲ လွတ်မြောက်​ကာ​ပျောက်​ဆုံး​နေ​သော လူ​မျိုး​စု(သိုး​ငယ်​ကလေး​များ)ကို ရှာဖွေ​တရားဟော​ကြား​ရန် အရှေ့​ဘက်​ဖြစ်​သော အိန္ဒိယ​သို့ ဆက်လက်​ခရီး​ထွက်​ခဲ့​ပြီး အိန္ဒိယ​နိုင်ငံ​တွင်​ပင် သဘာ၀​အလျောက်​ကွယ်​လွန်​အနိစ္စရောက်​ခဲ့​ကြောင်း ယုံကြည်​လက်ခံ​ကြ​ခြင်း​တို့​ပင်​ဖြစ်​သည်။

အဟ်​မ​ဒီ​ယာ​မွတ်စ်​လင်မ်​အဖွဲ့​ဝင်​များ​သည် အလ္လာဟ်​အရှင်​မြတ်​က တ​မန်တော်​အီ​စာ ၊ သခင်​ယေရှု(ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ) နည်းတူ မီရ်​ဇာ​ဂူ​လာမ်​အဟ်​မဒ် (ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ)အား သာသနာ​ရေး​စစ်​ပွဲ​များ​အဆုံးသတ်​ရန်၊ သွေး​ထွက်​သံ​ယို​မှု​များ​ကို ရှုံ့​ချ​ကန့်ကွက်​ရန်၊ ဝိညာဉ်​ရေးရာ သန့်စင်​သည့်​အခြေအနေ၊ ငြိမ်း​ချမ်း​ရေး​နှင့် တရား​မျှတ​မှု​တို့​ကို ပြန်လည်​တည်ဆောက်​ရန် ဤ​လောက​သို့ စေ​လွှတ်တော်​မူ​ခဲ့​ကြောင်း ယုံကြည်​ကြ​သည်။

မီရ်​ဇာ​ဂူ​လာမ်​အဟ်​မဒ် (ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ)သခင်​သည် မိမိ​ပွင့်ပေါ်​ခြင်း​နှင့်​အတူ အစ္စ​လာမ်​ပြန်လည်​မွေး​ဖွား​ခြင်း​ကို ဆောင်ယူ​လာ​ခဲ့​ပေ​သည်။ သခင်​ကြီး​က အစ္စ​လာမ်​သာသနာ​၏ အဓိက​သွန်သင်​ချက်​များ​နှင့် အစစ်​အမှန်​သွန်သင်​ချက်​များ​ကို ပြန့်​နှံ့​စေ​ခဲ့​သည်။ သခင်​ကြီး​က ဇို​ရို​အေ​စ​တာ၊ အီ​ဗ​ရာ​ဟင်မ်၊ မူ​ဆာ(မော​ရှေ)၊ အီ​စာ(ယေရှု)၊ က​ရစ်​ရှ​နား၊ ဗုဒ္ဓ၊ ကွန်​ဖြူး​ရှပ်၊ လောင်​ဇူး နှင့် ဂု​ရု​နာ​နတ်က် (ထို​သူ​များ​အပေါ် ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ) စ​သည့် ကမ္ဘာ​သာသနာ​ရေး​ခေါင်းဆောင်​ကြီး​များ​နှင့် သူတော်​စင်​ကြီး​များ​၏ သွန်သင်​ချက်​များ​ကို အသိ​အမှတ်ပြု​ခဲ့​ယုံ မျှ​မက ထို​သွန်သင်​ချက်​များ​က အစ္စ​လာမ့်​သွန်သင်​ချက်​များ​နှင့် တ​ထေ​ရာ​တည်း​ဖြစ်​ခြင်း​အကြောင်း​များ​ကို​ပါ ရှင်းလင်း​ဟောပြော​ခဲ့​သည်။

အဟ်​မ​ဒီ​မွတ်စ်​လင်မ်​များ​သည် အလ္လာဟ်​အရှင်​မြတ်​က မိမိ​၏​အဖန်​ဆင်း​ခံ​လူ​သား​များ​ကို ယနေ့​ထက်​တိုင် ဥပဒေ​မ​ပြု​နိုင်​သည့်​ဗျာဒိတ်​များ​ဖြင့် ထိ​တွေ့​ဆက်​ဆံတော်​မူ​နေ​သေး​ကြောင်း ယုံကြည်​ကြ​သည်။ အဟ်​မ​ဒီ​မွတ်စ်​လင်မ်​များ​သည် တ​မန်တော်​တစ်ပါး​အား​ဆက်ခံ​သည့် ခ​လီ​ဖွာ​သည် အလ္လာဟ်​အရှင်​ကိုယ်တော်​တိုင် ရွေးချယ်​ခန့်​အပ်​သော​သူ​ဖြစ်​ကြောင်း ယုံကြည်​ကြ​သည်။ ခ​လီ​ဖွာ​ဆို​သည်မှာ တ​မန်တော်​တစ်ပါး​အား ဆက်ခံ​သည့် ဦးစီး​ခေါင်းဆောင်​ဖြစ်​သည်။

အဖွဲ့​ကြီး​၏ ရပ်​တည်​မှု

ယနေ့​ကမ္ဘာပေါ်​တွင် အဟ်​မ​ဒီ​ယာ​မွတ်စ်​လင်မ်​အဖွဲ့​ကြီး​မှာ အကြမ်း​ဖက်​မှု​ပုံစံ​အမျိုး​မျိုး​ကို ဆန့်ကျင်​ကန့်ကွက်​ရာ​၌ ဦးစီး​ဦးဆောင်​ပြု​နေ​သည့် အစ္စ​လာမ့်​အဖွဲ့​အစည်း​ဖြစ်​သည်။ အဖွဲ့​ကြီး​အား​တည်ထောင်​သူ​အရှင်​သူ​မြတ် မီရ်​ဇာ​ဂူ​လာမ်​အဟ်​မဒ် (ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ) သခင်​က လွန်ခဲ့သော နှစ်​တစ်​ရာ​အလျင်​က​ပင် အစ္စ​လာမ်​သာသနာ​၌ လက်နက်​ဆွဲကိုင်​၍ ဂျီ​ဟဒ်​ပြုလုပ်​ရန်​မ​လို​အပ်​တော့​ကြောင်း​နှင့် ထို​သည့်​နေရာ​တွင် အစ္စ​လာမ်​သာသနာ​အား​ကာ​ကွယ်​ရန် သွေး​ထွက်​သံ​ယို​မှု​မ​ရှိ​သည့် ပညာ​ရေး​ဆိုင်​ရာ ကလောင်​ဂျီ​ဟဒ် (Jihad by Pen) ဖြင့် အစားထိုး​ပြီး​ဖြစ်​ကြောင်း မိမိ​၏​နောက်​လိုက်​အဖွဲ့​ဝင်​များ​ကို ကြေငြာ​ခဲ့​သည်။

သခင်​ကြီး​က စာအုပ်​စာ​တမ်း​ပေါင်း ၈​၀ ရေးသား​ထုတ်​ဝေ​ခဲ့​သည်​သာ​မက စာ​တမ်း​ပေါင်း ထောင်​ချီ​ထုတ်​ဝေ​၍​လည်းကောင်း၊ ရာ​နှစ်​ချီ​သော​ဟောပြော​တင်ပြ​မှု​များ​ပြုလုပ်​ခြင်း​ဖြင့်​လည်းကောင်း၊ အများ​ပြည်​သူ​ပရိသတ်​များ​ပါဝင်​သော စကား​စစ်ထိုး​ပွဲ​များ​တွင် ပါဝင်​ခြင်း​ဖြင့်​လည်းကောင်း မိမိ​၏​သွန်သင်​ချက်​ကို သ​ရုပ်ဖော်​ပြ​ခဲ့​သည်။ သခင်​ကြီး​၏ အစ္စ​လာမ်​သာသနာ​အတွက် ပြောင်​မြောက်​စွာ ခုခံ​ကာ​ကွယ်​မှု​များ​က အစ္စ​လာမ်​သာသနာ​အတွင်း​မိရိုးဖလာ အရိုး​စွဲ​တွေး​ထင်​ယူဆ​မှု​များ​ကို အခြေ​ယိုင်​စေ​ခဲ့​သည်။

အစ္စ​လာမ်​သာသနာ​အား မူရင်း​အစစ်​အမှန်​အတိုင်း​ပြန်လည်​ဖြစ်​ထွန်းပေါ်​ပေါက်​စေ​ရန်​အတွက် အဟ်​မ​ဒီ​ယာ​မွတ်စ်​လင်မ်​အဖွဲ့​ကြီး​က မီရ်​ဇာ​ဂူ​လာမ်​အဟ်​မဒ် (ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ) သခင်​ကြီး​၏ အစ္စ​လာမ့်​အရင်းအမြစ် အလယ်​အလတ်​သွန်သင်​ချက်​များ​ကို ကမ္ဘာပေါ်​ရှိ မွတ်စ်​လင်မ်​နိုင်ငံ​များ​မှ ခါး​သီး​စွာ​တုန့်​ပြန်​နေ​မှု​များ​ကြား​မှ ကြံ့⁠ကြံ့​ခံ​ဖြန့်ချိ​လျက်​ရှိ​သည်။

ထို​နည်းတူ​ပင်၊ အဟ်​မ​ဒီ​ယာ​မွတ်စ်​လင်မ်​အဖွဲ့​သည် တိုင်း​ပြည်​အစိုးရ​ကိစ္စ​ရပ်​များ​နှင့် ဗ​လီ​သာသနာ​ရေး​ကိစ္စ​ရပ်​များ​ကို ကွဲပြား​သော​အရေး​ကိစ္စ​နှစ်​ခု အဖြစ်​သတ်​မှတ်​သည့် တစ်​ခု​တည်း​သော အစ္စ​လာမ့်​အဖွဲ့​အစည်း​ဖြစ်​သည်။ လွန်ခဲ့သော နှစ်​တစ်​ရာ​အလျင်​က​ပင် အဖွဲ့​ကြီး​အား​တည်ထောင်​သူ​အရှင်​သူ​မြတ်​က အဖွဲ့​ဝင်​များ​ကို သာသနာ​နှင့် တိုင်း​ပြည်ရေး​တို့​အတွက် အကာအကွယ်​ပြု​ရန်​ကြိုးစား​ရာ​တွင် ဖြောင့်မတ်​မှန်ကန်​သည့်​သူ​များ​အဖြစ်​သာ​မက တိုင်း​ပြည်​အပေါ်​သစ္စာရှိ​သည့် တိုင်း​သူ​ပြည်​သား​များ​ဖြစ်​ကြ​ရန် ဟောပြော​သွန်သင်​ခဲ့​သည်။

သခင်​ကြီး​က ကျမ်း​မြတ်​ကုရ်​အာန်​အား ပုဂ္ဂလိက​ကိုယ်ကျိုး​ဖြစ်ထွန်း​ရန် အဆီ​အငေါ​မ​တည့်​စွာ ဋီကာ​ဖွင့်​ဆို​၍ ကြေညာ​ချက်​ထုတ်​မှု​များ​နှင့် အစ္စ​လာမ့်​ဥပဒေ​ကို တ​လွဲ​တွေးခေါ်​ဆင်ခြင်​လျက် အသုံး​ချ​မှု​များ​အား ဆန့်ကျင်​ခဲ့​သည်။ သခင်​ကြီး​က အလ္လာဟ်​အရှင်​မြတ်​၏ အဖန်​ဆင်း​ခံ ဝေနေယျ​သတ္တဝါ​အားလုံး​၏ အကျိုး​အပေါ် အကာအကွယ်​ပေး​ရန် မ​ပြတ်​တမ်း​နှိုးဆော်​ခဲ့​သည်။ ယနေ့​တွင်​မူ အဟ်​မ​ဒီ​ယာ​မွတ်စ်​လင်မ်​အဖွဲ့​ကြီး​မှာ သာသနာ​ရေး​ချုပ်​ခြယ်​မှု​များ​နှင့် ကြီး​နိုင်​ငယ်​ညဉ်း​မှု​များ​ပပျောက်​စေ​ရေး​အတွက် အပြည်​ပြည်​ဆိုင်​ရာ လူ့​အခွင့်အရေး​လှုပ်ရှား​မှု​များ​၌ ပါဝင်​ဆောင်ရွက်​လျက်​ရှိ​သည်။ အသင်း​ကြီး​က အမျိုးသမီး​များ​ပညာ​ရေး​နှင့် အဖိ​နှိပ်​ခံ​မ​ဖြစ်​စေ​ရေး​တို့​အတွက် ရွပ်​ရွပ်ချွံ​ချွံ​ဆောင်ရွက်​လျက်​ရှိ​သည်။ အဟ်​မ​ဒီ​ယာ​မွတ်စ်​လင်မ်​အဖွဲ့​ဝင်​များ​မှာ ဥပဒေ​လေးစား​လိုက်နာ​သော ပညာ​တတ်​များ​နှင့် မွန်ရည်​သော​မွတ်စ်​လင်မ်​များ​အဖြစ် ကမ္ဘာပေါ်​တွင် နေထိုင်​ရပ်​တည်​ကြ​သည်။

အဟ်​မ​ဒီ​ယာ​မွတ်စ်​လင်မ်​အဖွဲ့​ကြီး​မှာ ဝိညာဉ်​ရေးရာ ခေါင်းဆောင်​တစ်​ဦး​၏​ဦးဆောင်​မှု​ဖြင့် ရပ်​တည်​သော​အစ္စ​လာမ့်​အဖွဲ့​အစည်း​လည်း​ဖြစ်​သည်။ လွန်ခဲ့သော​နှစ်​တစ်​ရာ​အလျင်​က​ပင် မီရ်​ဇာ​ဂူ​လာမ်​အဟ်​မဒ် (ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ) သခင်​ကြီး​က အစ္စ​လာမ့်​သတင်းစကား​သည် တ​မန်တော်​တစ်​ဦး​အလွန် ထို​တ​မန်တော်​အား​ဆက်ခံ​သည့် ခ​လီ​ဖွာ (ဆက်ခံ​သူ)ဖြင့်​သာ လုံခြုံ​ပြန့်​နှံ့​စေ​နိုင်​မည့်​အကြောင်း​နှင့် ယင်း​သည်မှာ အလ္လာဟ်​အရှင်​မြတ်​၏ က​တိတော်​လည်း​ဖြစ်​ကြောင်း သတိပေး​ဆုံးမ​ခဲ့​သည်။ အသင်း​ကြီး​က ဝိညာဉ်​ရေးရာ​ဆက်ခံ​သူ​တစ်​ဦး​၏ ခေါင်းဆောင်​မှု​ဖြင့်​သာ အစ္စ​လာမ်​သာသနာ​၏​အစစ်​အမှန်​တန်ဖိုး​များ​ကို ထိန်းသိမ်း​နိုင်​မည့်​အကြောင်း​နှင့် လူ​သား​အားလုံး​ညီညွတ်​ရေး​ကို ဆောင်ရွက်​နိုင်​မည့်​အကြောင်း ယုံကြည်​သည်။ ၁​၉​၀​၈ တွင် အသင်း​ကြီး​အား​တည်ထောင်​သူ​အရှင်​သူ​မြတ်​ကွယ်​လွန်​ချိန်​မှ​စ​၍ အသင်း​ကြီး​ကို ဝိညာဉ်​ရေးရာ​ခေါင်းဆောင် ခ​လီ​ဖွာ​ဆက်ခံ​သူ​များ​ဖြင့် ဆက်လက်​တည်တံ့​စေ​ခဲ့​ရာ ယခု​အခါ​ခ​လီ​ဖွာ​ငါး​ဆက်​မျှ​ပင် ရှိ​နေ​ပြီ​ဖြစ်​သည်။ လက်​ရှိ​ဝိညာဉ်​ရေးရာ​ခေါင်းဆောင်​မှာ မီရ်​ဇာ​မဆ်​ရူးရ်​အဟ်​မဒ်​သခင် (ငြိမ်း​ချမ်း​ခြင်း​သက်ရောက်​ပါ​စေ) ဖြစ်​သည်။

အသင်း​ကြီး​သည် ဝိညာဉ်​ရေးရာ​ဆက်ခံ​သူ​တစ်​ဦး​၏ ဦးဆောင်​မှု​ဖြင့် ယနေ့​ကမ္ဘာပေါ်​တွင် ဗ​လီ​ဝတ်ကျောင်း​ပေါင်း တစ်​သောင်း​ငါး​ထောင်ကျော်၊ စာသင်ကျောင်း​ပေါင်း ၅​၀⁠၀ ကျော်​နှင့် ဆေး​ရုံ​ပေါင်း ၃​၀ ကျော်​ကို ဆောက်​လုပ်​နိုင်​ခဲ့​ပြီး​ဖြစ်​သည်။ ကျမ်း​မြတ်​ကုရ်​အာန်​အား ဘာသာ​ပေါင်း ၇​၀ ကျော်​ဖြင့် ပြန်ဆို​ထုတ်​ဝေ​နိုင်​ခဲ့​သည်။ အသင်း​ကြီး​သည် အစ္စ​လာမ်​သာ​သ​နာတော်​၏ အစစ်​အမှန်​သွန်သင်​ချက်​များ​ကို အမ်-တီ-အေ (MTA) ရုပ်​မြင်​သံ​ကြား​လိုင်း​အား​ဖြင့်​လည်းကောင်း၊ alislam.org အင်​တာ​နက်​စာ​မျက်နှာ​အား​ဖြင့်​လည်းကောင်း၊ Islam International Publications ဟူ​သည့် အပြည်​ပြည်​ဆိုင်​ရာ​ပုံနှိပ်​ထုတ်​ဝေ​မှု​ဖြင့်​လည်းကောင်း ဖြန့်ချိ​လျက်​ရှိ​သည်။

အပြည်​ပြည်​ဆိုင်​ရာ သဘာ၀​ဘေး​အန္တရာယ်​ကျ​ရောက်​သည့် နေရာ​ဒေသ​များ​တွင် ကယ်ဆယ်​ရေး​နှင့် အလှူ​ဒါန​ပြု​ရေး​တို့​အတွက် သီး​သန့်​ဆောင်ရွက်​ရန် Humanity First အဖွဲ့​ကြီး​ကို​လည်း ဖွဲ့​စည်း​ဆောင်ရွက်​နေ​ပေ​သည်။

အသင်း​ကြီး​၏ ဆောင်​ပုဒ်​မှာ 'Love for all, Hatred for none.' ၊ ချစ်​ခြင်း​တရား​သည်​အားလုံး​အတွက်၊ အမုန်း​တရား​သည် မည်​သူ့​အတွက်​မျှ​မဟုတ် ဟူ၍​ပင်​ဖြစ်​သည်။

ရည်ညွှန်း
http://www.alislam.org/topics/khilafat/khilafat-news-coverage.pdf
http://www.alislam.org/introduction/index.html
http://www.newswire.ca/en/releases/archive/July2008/06/c2254.html
http://www.loveforallhatredfornone.org/

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-