Thursday, April 10, 2014

ဘော်စတန်မာရသွန်ဗုံးပေါက်ကွဲမှုမှ သေကျေထိခိုက်ခဲ့ရသူများအတွက် ရည်စူး၍ Muslims for life မှ သွေးလှူဒါန်းပွဲ ကျင်းပမည်



ေဘော်စတန် ၊ အမေရိကန်။



Muslims For Life လှုပ်ရှားမှုက ဦးဆောင်၍ ဧပြီလ ၁၁ ရက်၊ သောကြာနေ့တွင် သွေးလှူဒါန်းပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ လှူဒါန်းရခြင်းမှာ ယမန်နှစ်က ဖြစ်ပွားခဲ့သော ဘော်စတန်မာရသွန်ဗုံးပေါက်ကွဲမှု၌ ထိခိုက်သေကျေခဲ့ရသူများကို အောက်မေ့ဂုဏ်ပြုသည့် အထိမ်းအမှတ်ဖြစ်ကြောင်း metrowestdailynews.com မှ တင်ပြထားသည်။

Muslims For Life ၏ သွေးလှူဒါန်းပွဲကြီးကို ဘော်စတန်မြို့တော်ကောင်စီနှင့် ဘော်စတန်မြို့ အားကစားအဖွဲ့တို့ ပူးပေါင်းပါ၀င်ကြကြောင်း၊ အလှူခံရရှိသည့် သွေးများကို ဘော်စတန်ကလေးဆေးရုံနှင့် အခြားနေရာနှစ်ခုသို့ ပေးပို့သွားမည်ဖြစ်သည်။

Muslims For Life လှုပ်ရှားမှုကို အမေရိကန်နိုင်ငံ၏ သက်တမ်းအရင့်ဆုံး အစ္စလာမ့်အဖွဲ့အစည်းဖြစ်သည့် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့မှ ကမကထ ပြုထားသည်။ နှစ်စဉ် စက်တင်ဘာ ၁၁ အောက်မေ့ဖွယ် သွေးလှူဒါန်းပွဲများကို ကျင်းပပြီး လူ့အသက်ပေါင်း ၁ သိန်းခန့်ကို ကယ်တင် နိုင်လျက်ရှိသည်။ Muslims For Life လှုပ်ရှားမှုကို ၂၀၁၁ တွင် စတင်ခဲ့ကြောင်း သိရသည်။

အလ္လာဟ်အရှင်မြတ်အား ချစ်မြတ်နိုးခြင်း (သောကြာ မိန့်ခွန်း - ဧပြီလ ၄ ရက်၊ ၂၀၁၄)



ဧပြီလ ၄ ရက် ၂၀၁၄ ခုနှစ် သောကြာနေ့တွင် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှ ဟောကြားတင်ပြခဲ့သည့် မိန့်ခွန်း



မဆီဟ်မော်အူးဒ် မှန်ကန်ခြင်းအတွက် နိမိတ်လက္ခဏာများ (သောကြာ မိန့်ခွန်း - မတ်လ ၂၈ ရက်၊ ၂၀၁၄)




မတ်လ ၂၈ ရက် ၂၀၁၄ ခုနှစ် သောကြာနေ့တွင် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှ ဟောကြားတင်ပြခဲ့သည့် မိန့်ခွန်း

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-