Wednesday, May 9, 2012

ဆော်ဒီအာရေဗျ : ကမ္ဘာ့ပထမဆုံး ရေအောက်ဗလီဝတ်ကျောင်းတော်တည်ဆောက်ပြီးစီး

ကမ္ဘာ့ပထမဆုံး ရေအောက်ဗလီဝတ်ကျောင်းတော်မှာ ဝတ်ပြုဆုတောင်းရန် အသင့်အနေထားဖြစ် နေပြီ ဟု Emirates24/7.com မှဖော်ပြသည်။ ထိုရေအောက်ဗလီဝတ်ကျောင်းတော်ကို ဆော်ဒီအာ ရေဗျနိုင်ငံ၊ တာဘုခ်မြို့တွင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ဗလီကျောင်းကိုလက်စသတ်တည်ဆောက်မှုအပြီးမှာတော့ နေ့လည်ဘက်ဇဟိုရ် (မွန်းလွဲပိုင်းတွင်ဝတ်ပြုရသည့် အစ္စလာမ့်ဘုရားဝတ်တတ်ချိန်) အချိန်ရောက်နေပါပြီ။ ဒါကြောင့် သမိုင်းမှာ ပထမဆုံးပေါ်ပေါက်လာတဲ့ ရေအောက်ဗလီထဲမှာ အုပ်စုလိုက်ဘုရားဝတ်တတ်ခဲ့ကြ ပါတယ်။" ဟုရေငုပ်သမားတစ်ဦးဖြစ်သူ ဟမဒန်ဘင်ဆလင်းမ် အလ်မာဆောင်ဒီက ပြောပြခဲ့ သည်။

ဆော်ဒီအာရေဗျလူမျိုး၊ ပုဂ္ဂလိကရေငုပ်သမားများအဖွဲ့တစ်ဖွဲ့က ထိုရေအောက်ဗလီကိုသဲများဖြည့် တင်းထားသည့် ပိုက်များဖြင့်တည်ဆောက်ခဲ့ကြောင်း၊ ဗလီမှာ ဂျော်ဒန်နိုင်ငံဘော်ဒါစည်းအနီးရှိ ပင်လယ်အတွင်းတည်ရှိကြောင်း Arabian Business ကရှင်းလင်းပြောကြားသည်။

ထိုရေအောက်ဗလီမှာ အာရေဗျကျွန်းဆွယ်၌ ရေအောက်ဟော်တယ်များနှင့် တဆက်တည်းရှိနေ သည့် ရေအောက်အတွင်း နောက်ဆုံးတည်ဆောက်ခဲ့သည် အဆောက်အဦဖြစ်သည်။

source: http://goo.gl/YOqSb

ဘုရားရှင်တစ်ပါးတည်းတည်ရှိတော်မူခြင်းအားသက်၀င်ယုံကြည်ခြင်း

ဆွေးနွေးမယ့်အကြောင်းအရာကတော့ သာသနာရေးယုံကြည်မှုမှာ အရိုးအရှင်းဆုံးနဲ့ အခြေခံအ ကြောင်းအရာသာဖြစ်ပါတယ်။ ဘုရားရှင်တစ်ပါးတည်းဆိုတာကို လူတိုင်းလူတိုင်းနားလည်သဘော ပေါက်စေဖို့အတွက် ခဲခဲယဉ်းယဉ်းဖြစ်မနေသင့်ပါ။ တစ်စုံတစ်ယောက်က ဖန်ဆင်းရှင်တစ်ပါးတည်း ဖြစ်ခြင်းကို လေးလေးနက်နက် အတွင်းကျကျ သုံးသပ်မယ်ဆိုရင် ကမ္ဘာ့သာသနာအားလုံးဟာ ဒီအရေး ကြီးတဲ့၀င်ရိုးပတ်လည်ကနေသာ ပေါ်ပေါက်လာရတယ်ဆိုတာ မြင်သာလာမှာဖြစ်ပါတယ်။

ဒီယုံကြည်ချက်က လူ့ဘ၀ရဲ့ရှုထောင့်အသွယ်သွယ်ကိုလည်း လွှမ်းမိုးထားပါတယ်။ ဒါ့ပြင် ဒီယုံကြည် ချက်က တစ်ပါးတည်းသောဘုရားရှင်ကလွဲလို့ကျန်တဲ့အရာအားလုံးကို ငြင်းဆန်ခြင်းအကြောင်းအရာ အဖြစ်လည်း ရှိနေပါတယ်။

ဒါ့ကြောင့် ဘုရားတစ်ဆူတည်းဖြစ်ခြင်းကိုယုံကြည်ခြင်းဟာ ယုံကြည်ခြင်းအားလုံးရဲ့ အဆုံးနိဂုံးမဟုတ် ပါ။ အမြဲတည်နေတဲ့ နိစ္စထာ၀ရမှန်ကန်ခြင်းတရားတည်းဟူသော ရေပန်းကြီးသာဖြစ်ပါတယ်။ အဲဒီ ရေ ပန်းကြီးကနေအခြားယုံကြည်ချက်များက ဖြာလျက်ပန်းထွက်လာကြခြင်းဖြစ်ပါတယ်။ ရေပန်းကြီး က အခြားအားလုံးသော ထမ်းပိုးတာ၀န်များမှ လွတ်လပ်ခြင်းတည်းလို့ဆိုရမယ့် သတင်းစကားကို မွေးထုတ်ပေးပြီး လူသားကိုတာ၀န်အားလုံးမှလွတ်ကင်းစေကာ ဘုရားသခင်အားပျပ်၀ပ်နာခံရန်မွေး ဖွားလာခြင်းသာဖြစ်တယ်ဆိုတဲ့ အသိထူးကိုဖြစ်စေပါတယ်။

အဲဒီအကြောင်းကို ကျမ်းမြတ်ကုရ်အာန်အရလည်းကောင်း၊ တမန်တော်မြတ်(ဆွ)၏ကျင့် စဉ်တော် များ မှလည်းကောင်း ၊ အခြားရှုထောင့်များမှလည်းဖော်ပြရှင်းလင်းနိုင်ပါတယ်။ ဥပမာ - “အလ္လာဟ် အရှင် မြတ်မှလွဲပြီး အခြားအားလုံးသောပတ်ရစ်ဝိုင်းရံထားသည့်စွမ်းအားတစ်စုံတစ်ရာမျှ မရှိပြီ” လို့ ကြွေး ကြော်လိုက်တယ်ဆိုပါစို့။ အဲဒီလိုကြွေးကြော်ခြင်းက ဘုရားရှင်တည်ရှိတော်မူခြင်းအတွက် နက်ရှိုင်း ကျယ်ပြောလှတဲ့ သဘောပေါက်နားလည်မှုပြတင်းသစ်ကို ဖွင့်လှစ်ပေးပါတယ်။
 
ဒါကပဲအခြားအားလုံးသော ကြောက်ရွံ့ရိုကျိုးမှုများကိုပယ်ပြီး ဘုရားရှင်တစ်ပါးတည်းကိုသာ ကြောက် ရွံ့ရိုကျိုးလာစေပါတယ်။ အဲဒီကနေတဆင့်“ကောင်းမှုပြုနိုင်စွမ်းအားလုံးသည် ဘုရားရှင်ထံတော်၌ သာတည်ရှိနေပြီး ဘုရားရှင်ကသာလျှင်ခွန်အားစွမ်းအားအားလုံး၏ အရင်းအမြစ်ကို ပိုင်သတော်မူ တယ်” ဆိုတဲ့  အရေးကြီးရှုထောင့်တစ်ခုကို မျက်မှောက်ပြုနိုင်ဖို့အတွက် အတွေးအာရုံသစ်တစ်ခု သယ်ဆောင်ပေးလာပါတယ်။ သို့ဖြစ်တာကြောင့် ပထမပိုင်းမှာ ကြောက်ရွံ့ရိုကျိုးခြင်းအားလုံးကိုပယ် ပြီး ဘုရားရှင်အားသာလျှင်ကြောက်ရွံ့ရိုကျိုးဖွယ်ဖြစ်တယ်ဆိုတဲ့ ၊ အတ္တကိုငြင်းပယ်ဆန်တက်ရတဲ့ ရှုထောင့်ကိုလှစ်ဟပြကာ ဒုတိယပိုင်းဖြစ်တဲ့ကောင်းမှုပြုခြင်းအားလုံးသည် ဘုရားရှင်ထံတော်၌သာ လုံး၀ဥဿုံတည်မှီနေတယ်ဆိုတဲ့ ရှင်းလင်းတိကျတဲ့ လမ်းဖြောင့်လမ်းမှန်ကိုလှစ်ဟပြန်ပါတယ်။ 

လူသားတို့ရဲ့ပြုမူဆောင်ရွက်ပုံ၊ ရည်ရွယ်ချက်နဲ့လှုပ်ရှားမှုများ အားလုံးဟာ လည်ပတ်လျက်ရှိတဲ့အား များပဲဖြစ်ပါတယ်။ လူသားရဲ့ရည်ရွယ်ချက်နဲ့ ထိုရည်ရွယ်ချက်ရဲ့အကျိုးဆက်ဖြစ်တဲ့ လက်တွေ့ပြုမူမှု များကို ကြောက်ရွံ့ခြင်းနဲ့ယုံကြည်မျှော်လင့်ခြင်းနှစ်ခုကသာ ညွှန်ကြားထိန်းချုပ်နေပြီး ထိုသည်မှလွဲပြီး အခြားညွှန်ကြားထိန်းချုပ်နေတဲ့ ဥပဒေသတစ်စုံတစ်ရာမျှရှိမနေပါ။
 
ကောင်းမှုပြုတဲ့သူကလည်း ကြောက်ရွံ့ခြင်းနဲ့ ယုံကြည်မျှော်လင့်ခြင်းဖြင့်သာ ကောင်းမှုကိုဆောင်ရွက် ပြီး မကောင်းမှုဒုစရိုက်ပြုခြင်းမှာမွေ့လျော် နေသူကလည်း တစ်ခုခုကို ယုံကြည်မျှော်လင့်ပြီးမကောင်း မှု ကျူးလွန်နေခြင်းဖြစ်ပါတယ်။ 

ဘုရားရှင်တည်ရှိတော်မူတယ်ဆိုတဲ့ အတွေးနဲ့ အဲဒီဘုရားရှင်ကို မယုံကြည်သူများအကြားမှာတော့ ကြောက်ရွံ့ခြင်းကပဲ ဆန့်ကျင်ဘက်အရာအဖြစ်တည်နေပါတယ်။

ဘုရားရှင်ကိုမယုံကြည်သူများကတော့ မိမိတို့ရဲ့ဘ၀နေထိုင်မှုပုံစံကို  စကားလုံးများတွေနဲ့ခြယ်မှုန်း ထားတဲ့ လောကီရေးရာကိစ္စတွေအပေါ် မျှော်လင့်ချက်ထားကြောက်ရွံ့နေကြရပါတော့တယ်။

တခါတရံမှာတော့သူတို့တွေဟာ အာဏာရရှိရေး၊ အဓိပတိတွေအဖြစ်ကနေရွေ့လျောကျဆင်းလာ နိုင်တဲ့ အတွက် ထားရှိရတဲ့ ပူပင်သောက၊ မိမိတို့အလိုမရှိတဲ့ သောကဗျာပါဒများရှိလာမည့်အရေး စတဲ့အရေးများကိုကြောက်ရွံ့ နေရပြီး တခါတရံမှာတော့ မိမိတို့ရဲ့ပတ်၀န်းကျင်ကိုကြောက်ရွံ့နေရပါ တယ်။
 
သက်ဦးဆံပိုင်၊ ဒါမှမဟုတ်နိုင်လိုမင်းထက်ပြုတဲ့မင်းဘုရင်အာဏာပိုင်တွေ၊ အနိုင်ကျင့်စော်ကားတတ် ရဲ့ရန်သူတွေကို ကြောက်ရွံ့နေရတတ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တခါတရံမှာ သူတို့တွေဟာ ဆင်း ရဲမှုများ၊ ဆုံးရှုံးမှု၊  ရှုံးနိမ့်မှု စတာတွေကို ကြောက်ရွံ့စိုးရိမ်တာကြောင့် ဆိုးညစ်တဲ့မိုက်မဲမှုတွေကို ပြလုပ် ကြပါတော့တယ်။
 
ဒါ့ကြောင့် လူသားထုအများစုကြီးကတော့မိမိတို့ပြုလုပ်နေကြတဲ့ အလုပ်များကို ဆိုင်ရာဆိုင်ရာ ကြောက်ရွံ့စိုးရိမ်မှုအရိပ်ကြောင့် လုပ်ကိုင်ဆောင်ရွက်နေကြရခြင်းဖြစ်တယ်လို့ ရှင်းလင်းတင်ပြနိုင် ပါတယ်။

ဘုရားရှင်တည်ရှိတော်မူခြင်းကိုယုံကြည်ခြင်းအားဖြင့်တော့ ဒီလိုကြောက်ရွံ့ခြင်းတွေကို ဖယ်ရှားနိုင်ပြီး ဘုရားရှင်တစ်ပါးတည်းကိုသာ ကြောက်ရွံ့ရိုကျိုးခြင်းရဲ့ အရေးတကြီးဖြစ်ပုံကို လူတစ်ဦးရဲ့ အတွင်း အဇ္စျတ္တထဲကို သယ်ဆောင်ပေးလာမှာဖြစ်ပါတယ်။  

ဒါကဘာကိုဆိုလိုသလဲဆိုရင် လူတစ်ယောက်ဟာ ဘုရားရှင်မဲ့တဲ့အတွေးကနေဖြစ်လာတဲ့ လောကီ ရေးရာကြောက်ရွံ့စရာအားလုံးကို မကြောက်ရွံ့မစိုးရိမ်တော့ဘဲ ပူပင်သောကဗျာပါဒများကိုလည်း တွေးတောပူပင်နေခြင်းမျိုးဆိုတဲ့ ကြောက်ရွံ့ခြင်းတမျိုးကလည်း ကင်းဝေးသန့်စင်မှာဖြစ်ပါတယ်။
ဒါပေမယ့်ဘုရားရှင် မကြိုက်မနှစ်သက်တဲ့ကိစ္စတွေကနေ ရှောင်ကြဉ်နိုင်ဖို့အမြဲတစေကြိုးစားအား ထုတ်လုံလဥဿဟပြုနေဖို့လိုအပ်ပါတယ်။
 
ဒါ့ပြင်ယုံကြည်သူလူတစ်ဦးဟာ မိမိရဲ့ဘ၀ပုံစံကို ဘုရားရှင်အားသာလျှင် ကြောက်ရွံ့ရိုကျိုးခြင်း အဖြစ်နဲ့သာ ပုံဖော်ရမှာဖြစ်ပါတယ်။ အပြုသဘောတွေးမယ်ဆိုရင်တော့ အဲဒီလိုယုံကြည်မှုထားခြင်း ဟာ ယုံကြည်သူရဲ့ စိတ်ဓာတ်အခြေအနေနဲ့ အကျိုးဆက် လှုပ်ရှားရုန်းကန်ဆောင်ရွက်ခြင်းတွေ အားလုံး ကို သက်ရောက်စေပါတယ်။
 
လူသားဟာ သူ့ကိုယ်သူ ကျေနပ်စေနှစ်သိမ့်ဖို့ စိတ်ဇောအာရုံဖြင့်သာ အသက်ရှင်နေထိုင်ခြင်း ဖြစ်ပါ တယ်။ လူသားဟာမိမိအတွက်တနည်းနည်းနဲ့ တွယ်တာစရာဖြစ်နေတဲ့ လူတစ်ဦးတစ်ယောက် အတွက်ထက် မိမိကိုယ်ကိုကျေနပ်နှိမ့်သိမ့်စေဖို့သာ အလုပ်လုပ်နေကြခြင်းဖြစ်တယ်လို့ပြောမယ်ဆို ရင် ရာနှုန်းတော်တော်များများအားဖြင့် မှန်ကန်နေမှာဖြစ်ပါတယ်။ ဒီလိုသဘောထားမျိုးကို ပိုပြီး ကောင်းအောင်ပြုလုပ်ထားတဲ့ပုံစံကတော့ "မိမိကိုယ်မိမိ ကိုးကွယ်နေတဲ့ ငါလို့ခေါ်တဲ့အတ္တစိတ်" ပဲ ဖြစ်ပါတယ်။

လူတစ်ဦးဟာ မိမိရဲ့ရည်ရွယ်ချက်အောင်မြင်စေဖို့ မိမိကိုယ်တိုင်ရဲ့ ကျေနပ်နှစ်သက်ခြင်းတွေတည်မှီ နေတဲ့ လူတွေ၊ ကိစ္စတွေကိုအလျင် ကျေနပ်နှစ်သိမ့်အောင် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဆိုလိုတာက မိမိရဲ့ကိုယ်ပိုင်ကျေနပ်နှစ်သက်ခြင်းက လူတစ်ဦးတစ်ယောက်အပေါ်မှာ တည်မှီနေ တယ်ဆိုရင် အဲဒီလူကျေနပ်နှစ်သိမ့်ဖို့ ဆောင်ရွက်ရမှာဖြစ်သလို မိမိရဲ့ကိုယ်ပိုင်ကျေနပ်နှစ်သက်ခြင်း က အရာ၀တ္ထုပစ္စည်းတစ်ခုပေါ်မှာ တည်မှီနေရင် အဲဒီအရာကိုရရှိအောင်ပြုလုပ်ရမှာဖြစ်ပါတယ်။  ဒီလိုပါပဲ၊ လူတိုင်းကိုယ်စီဟာ အလုပ်ရှင်တွေ၊ အာဏာပိုင်တွေ၊ သက်ဦးဆံပိုင်ဘုရင်တွေ၊ တစ်ခြား မင်းသမ္မတတွေရဲ့ မျက်နှာသာ ပေးမှုကိုရဖို့ အပြင်းအထန်ကြိုးစားခြင်းကိုပုံမှန်ပြုလုပ်နေရတတ်ပါ တယ်။

ကျွန်တော်တို့ဟာ ရှေးတုန်းကရှိခဲ့တဲ့ ကျေးကျွန်စနစ်ရဲ့အဆိုးရွားဆုံးပုံစံကိုဘာကြောင့် ဖော်ပြနေ ကြပါ သလဲ။ ကျေးကျွန်များရဲ့ကြောက်ရွံ့ခြင်းနဲ့ ယုံကြည်မျှော်လင့်ခြင်းတွေဟာ သူ့သခင်ရဲ့ကျေနပ် နှစ်သက် ခြင်းနဲ့ မကျေနပ်မနှစ်သက်ခြင်းစတဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စိတ်ဆန္ဒပေါ်မှာ လုံး၀ဥဿုံ တည်မှီနေ ပါတယ်။ သို့သော် ဘုရားရှင်မဲ့တဲ့လူတစ်ဦးအတွက်တော့ ဆရာသခင်တစ်ယောက်တည်း မက ဆရာ သခင်ပေါင်းမြောက်မြားစွာရှိနေပါတော့တယ်။ သူ့ရဲ့ကိုယ်ပိုင်ပုဂ္ဂလိကအကျိုးအမြတ်နဲ့ ဆက်စပ်နေ တဲ့အခြားသောလူအားလုံးကတော့ သူ့ရဲ့ god (ဘုရားရှင်)အဖြစ်နေရာယူနိုင်ပါတယ်။ 

အကယ်၍ကျွန်တော်တို့ဟာ လူမှုရေး၊ စာရိတ္တအရေးနဲ့ နိုင်ငံရေးတွေရဲ့ ဒုစရိုက်မကောင်းမှုတွေ ဖြစ် ပျက်ရခြင်းရဲ့ အဆုံးစွန်သောအရင်းအမြစ် ကိုလေ့လာမယ်ဆိုရင် လူ့ပတ်၀န်းကျင် အသိုင်းအ၀န်း တစ်ခုလုံးကို အဆုံးအစမဲ့ခြိုးဖျက်ခြင်းရဲ့ အစကနဦး ဖြစ်တဲ့ လူသားရဲ့ငြိမ်းချမ်းခြင်းစိတ်ကိုပြိုပျက် စေတဲ့ `` လူ ´´ ကိုးကွယ်ခြင်းပဲဖြစ်တယ်ဆိုတာ သိသာလာမှာဖြစ်ပါတယ်။

ဒီလိုအမြင်ရှုထောင့်ကနေ ကျွန်တော်တို့ဟာအခြားသောအခြေခံကြွေးကြော်ခြင်းတစ်ခုကို စောင်းငဲ့ ကြည့်လိုက်ရင်တော့ `` အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိုးကွယ်ဆည်းကပ်ရာမရှိ၊ အရှင်သည်တစ်ပါး တည်းတစ်ဆူတည်းသာတည်း ´´  ဆိုတဲ့ ကြွေးကြော်သံကို တွေ့ရမှာဖြစ်ပြီး ဘုရားရှင်ကလွဲလို့ အရာ၀တ္ထုပစ္စည်းတွေအတွက်ကြောက်ရွံ့နေရခြင်း၊ ယုံကြည်မျှော်လင့်နေရခြင်းတွေအားလုံးဟာ မှော် အတတ်နဲ့ပြုလုပ်ထားတဲ့တုတ်ချောင်းလေးကို လှုပ်ရမ်းလိုက်သလိုမျိုး ပျောက်လွင့်သွား မှာဖြစ်ပါ တယ်။ အခြားစကားလုံးတွေနဲ့ ဖော်ပြရမယ်ဆိုရင်တော့ ဆရာသခင်တစ်ပါးတည်းကို ရွေးချယ်လိုက် ခြင်းက အခြားသောသူများအတွက်ကျေးကျွန်အဖြစ်နေရခြင်းများအားလုံးကနေ ကင်းလွတ်သွား စေမှာ ဖြစ်ပါတယ်။
 
အခြားသူများရဲ့ကျေးကျွန်ဖြစ်နေမယ်ဆိုရင်မိမိရဲ့ဆရာသခင်များကိုယ်တိုင်ကလည်း အရေအတွက် များပြားလှတဲ့ ဘုရားငယ်များရဲ့ ကျေးကျွန်ဖြစ်နေတာကို သနားစဖွယ်ကောင်းတဲ့ ဈေးပေါပေါပစ္စည်း တစ်ခုလို မြင်တွေ့ကြရမှာသာဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေက ကိစ္စအားလုံးကို အကျုံး၀င်စေတာ မဟုတ်သေးပါဘူး။ အဲဒီလိုလူမျိုးတွေကိုးကွယ်နေတဲ့ဘုရားများဟာ သူတို့ရဲ့ကိုယ်ပိုင်စိတ်ကူးစိတ် သန်းများက အချိန်အလိုက်ထုတ်ပေးနေတဲ့ထုတ်ကုန်များသာဖြစ်ပြီး အဲဒီထုတ်ကုန်တွေက သူတို့ အတွက် ဘာကောင်းကျိုးမှ မဖြစ်စေသလို ဘာထိခိုက်မှုမှလည်း မဖြစ်စေပါဘူး။ အခြားတဖက်မှာ လူအများစုကြီးကတော့ ဘာကိုမှမကိုးကွယ်ဘဲ မိမိတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားကိုသာ ကိုးကွယ်နေကြပြီး မိမိတို့ကိုယ်ပိုင် `` ငါအတ္တ ´´ ကသာ သူတို့အထဲမှာအကြီးမားဆုံး `` Supreme ´´ နေရာကိုရယူထားပါတယ်။ သို့ဖြစ်တာကြောင့် အဲဒီလိုလူမျိုးတွေကသာ အရေအတွက်ကင်းမဲ့နေ တဲ့ `` အတ္တရုပ်တုငယ်များ ´´ ကိုသာ ကိုင်းညွှတ်ဦးချနေပြီး သူတို့ရဲ့စိတ်အာရုံပြုခြင်းများဟာ တစ်ခု နဲ့တစ်ခု ဆိုင်ပြိုင်နေကာ အတွင်းမှာတင်တိုက်ခိုက်နေကြမယ်၊ အဲဒီလိုတိုက်ခိုက်ခြင်းကနေ ရှုပ်ထွေး ပွေ လီနေ တဲ့စိတ်ဇောအာရုံအခြေအနေတစ်ခုကိုမွေးထုတ်ပေးမယ် စတဲ့အဖြစ်များနဲ့သာ ရှိနေမှာ ဖြစ်ပါတယ်။
 
`` Islamic concept of Unity ´´ ကတော့ လူသားမျိုးစေ့တစ်ခုတည်းဖြစ်ခြင်းကို သဘောပေါက် နားလည်စေဖို့ အထပ်ထပ်ပဲ့ပြင်နေတဲ့အပြင် အသားအရောင်ခွဲခြားခြင်း၊ လူမျိုးရေးခွဲခြားခြင်းနဲ့ အမျိုးအနွယ် ခွဲခြားခြင်းစတဲ့လူသားအချင်းချင်းကာထားတဲ့ တံတိုင်းတွေအားလုံးကို အဝေးသို့ လွင့်စင်သွားစေဖို့ ပြုလုပ်ပေးပါတယ်။  ဒါက ကမ္ဘာလုံးဆိုင်ရာ ညီတူညီမျှဖြစ်ခြင်းအခြေခံအကြောင်း ရင်း ကို မွေးဖွားစေပြီး အစ္စလာမ်ရဲ့ကွဲပြားခြားနားထင်ပေါ်နေတဲ့ ဝိသေသဂုဏ်ထူးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဘုရားရှင် ရဲ့ဘူမိနက်သန်ရှုထောင့်မှာတော့ လူသားတွေဟာ ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်အချိန် အခါမှာပဲ မွေးဖွားလာသည်ဖြစ်ပါစေ ဘုရားရှင်ရဲ့ရှေ့တော်မှောက်မှာတော့ တန်းတူညီ တူအဆင့်တူ ပဲဖြစ်ပါ တယ်။ ဒါကပဲ အစ္စလာမ်က သွန်သင်တဲ့ အခြားဒေသနာများ၊ ယုံကြည်မှုများရဲ့ အကြောင်း ရင်းခံဖြစ်ပြီး အဲဒီအခြားသောယုံကြည်မှုဒေသနာတွေအားလုံးက ဒီအကြောင်းရင်းခံက နေဖြာထွက် လာခြင်းပဲဖြစ် ပါတယ်။ 

အထက်မှာ ဖော်ပြခဲ့သလိုပါပဲ။ အစ္စလာမ်ဒေသနာကတင်ပြတဲ့ဘုရားရှင်တစ်ဆူတည်းဖြစ်ခြင်းက တော့ လုံး၀ကွဲပြားခြင်းမရှိသောနိစ္စမြဲနေတဲ့အမှန်တရားပဲဖြစ်ပါတယ်။ အဲဒီအမှန်တရားမှာတော့ ဘုရားရှင်နဲ့အတူပေါင်းစပ်ပါ၀င်ဖို့ ဘယ်လိုအခန်းကဏ္ဍမှ ရှိမနေပါဘူး။ ဘုရားရှင်က ဖခင်မဟုတ်သ လို မိခင်လည်းမဟုတ်ပါဘူး။ အရှင့်ထံတော်မှာ မည်သည့်သားသမီးတစ်စုံတစ်ရာမှလည်းမရှိပါဘူး။ အရှင့်ထံတော်မှာသားသမီးမွေးဖွားခြင်းလည်းမရှိပါ။

ကျမ်းမြတ်ကုရ်အာန်ကတင်ပြတဲ့ဘုရားရှင်တစ်ပါး တည်းတည်ရှိတော်မူခြင်းရဲ့ အခြားရှုထောင့်က တော့ ဘုရားရှင်၏ဖန်ဆင်းခြင်းတွင် တစ်ခုနဲ့တစ်ခု လုံး၀ဥဿုံလိုက်လျောညီထွေရှိနေခြင်းဖြစ် ပါတယ်။
 
ဒီလိုလိုက်လျောညီထွေဖြစ်ခြင်းရဲ့အခြေခံသဘောတရားကပဲ အိုင်းစတိုင်းလိုလူမျိုးကို အထူးလေ့လာ စုံစမ်းစေဖို့စိတ်အားပြင်းထန်စေခဲ့တာဖြစ်ပါတယ်။ အိုင်းစတိုင်းဟာ သဘာ၀တရားကြီးရဲ့ အပြည့်စုံ ဆုံးထပ်တူညီမှုကြီးကို တအံ့တသြဖြစ်ရခြင်းဖိအားကြောင့် သူ့ရဲ့အထူးလေ့လာချက်များကို ပြုလုပ် ဆောင်ရွက်ခဲ့သလို သူ့ရဲ့လိုက်လျောညီထွေဖြစ်ခြင်း၊  စနစ်ကျခြင်းလေ့လာတွေ့ရှိချက်များကြောင့်ပဲ ဤသည် ဖန်ဆင်းရှင်တစ်ပါးလိုအပ်ကြောင်းကို ဖြစ်ပေါ်လာစေပါတယ်။ အိုင်းစတိုင်းဟာ သိပ္ပံပညာ ရှင်တစ်ယောက်မျှဖြစ်ပါတယ်။ သူ့ရဲသဘာ၀တရားကြီးလိုက်လျောညီထွေဖြစ်ခြင်းအကြောင်း သိမြင်မှုဟာ အကန့်အသတ်ဖြင့်သာရှိနေနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်ကျမ်းမြတ်ကုရ်အာန်ကတော့ ဖန်ဆင်းခြင်းမှာ တစ်ခုနဲ့တစ်ခုလိုက်လျောညီထွေရှိနေကြောင်းနဲ့ ဖန်ဆင်းခံတွေထဲက ကြီးမားတဲ့ မဟာစွမ်းပကားတွေအားလုံးမှာလိုက်လျောညီထွေရှိနေကြောင်းပြောပြပါတယ်။

ကျမ်းမြတ်ကုရ်အာန်က အလ္လာဟ်အရှင်ဖန်ဆင်းတော်မူတဲ့သဘာ၀တရားကြီးနဲ့ ဗျာဒိတ်တော်ဖြစ် တဲ့ကျမ်းစာတို့ဟာ တစ်စုံတစ်ရာကွဲလွဲမှုမရှိ ကြောင်း၊ အခြားအရာများနဲ့လည်းကွဲလွဲမှုမရှိကြောင်း ပြောပြနေပါတယ်။ ဒါ့ပြင် ကျမ်းမြတ်ကုရ်အာန်က ဆက်လက်ကြေညာတာက ဘုရားရှင်ရဲ့ ပြုမူ ဆောင် ရွက်တော်မူခြင်းနဲ့ ဘုရားရှင်ရဲ့ဗျာဒိတ်တော်စကားလုံးများဟာ တစ်စုံတစ်ရာကွဲလွဲခြင်း မရှိ ကြောင်း၊ ပြောင်းလဲခြင်းလည်းမရှိကြောင်းတို့ပဲဖြစ်ပြီး ဘုရားရှင်က မိမိရဲ့တမန်တော်တွေ ကိုဗျာဒိတ် ပေးတော် မူ တဲ့စကားလုံးများနဲ့ သဘာ၀တရားကြီးက လုံး၀ကွဲပြားခြင်းမရှိကြောင်းတင်ပြ ပါတယ်။ ဒီအကြောင်း ကို ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ် အလ်မုလ်က်( ကဏ္ဍတော် - ၆၇ ) ရဲ့ ပထမမုက္ခ ပါတ်တော် ခုမှာပဲလှပသိမ့်မွေ့နက်နဲစွာ ဖော်ပြပါရှိနေပါတယ်။
 
ဒါ့ပြင် ကျမ်းတော်ရဲ့ အခြားရှုထောင့်များကနေလည်း တင်ပြထားတဲ့မုက္ခပါတ်တော်များ လည်းရှိနေပါ သေးတယ်။ တစ်ခုချင်းစီကိုအသေးစိတ်လိုက်မယ်ဆိုရင်တော့ တစ်ပါးတည်းသော ထာ၀ရဘုရားရှင် တည်ရှိတော်မူခြင်းကဏ္ဍက ပညာရေးနဲ့ လူသားဆိုင်ရာပဲ့ပြင်ထိန်းသိမ်းခြင်းများမှာ အလွန်အရေး ကြီးတဲ့အခန်းကဏ္ဍကနေပါ၀င်နေပါတယ်။ လူသားရဲ့အမြင်နဲ့ သူရဲ့အပြုအမူတွေ လိုက်လျောညီ ထွေဖြစ် နေဖို့ လိုအပ်ပါတယ်၊ ဘုရားရှင်နဲ့အဆက်အသွယ်ထားရှိတဲ့ပုံစံက ပတ်ဝန်းကျင်ရှိအခြား လူသားများနဲ့ အဆက်အသွယ်ထားတဲ့ပုံစံအတိုင်းဖြစ်နေဖို့လိုအပ်ပါတယ်၊ အဲဒီလို တွဲစပ်ချည်နှောင် ထားတဲ့ ဖန်တီး ဖြစ်ပေါ်မှုဟာ မကွဲမပြားနိုင်တဲ့ အစုအစည်းတစ်ခုတည်းမှာ တည်ရှိနေပါတော့တယ်။ 

ဒီလိုအကြောင်းခြင်းရာကို နားလည်ဖို့အတွက် အဖွဲ့တစ်ခုနဲ့တစ်ခုမုန်းတီးရေးအခြေခံတွေကို ဟောကြားနေပြီး မိမိတို့ကိုယ်တိုင်ကတော့ သာသနာရေးဘက်တော်သားများအဖြစ်နာမည်ခံထား ကြတဲ့ အချို့သူများရဲ့မူအကျင့်များကို သေချာစွာလေ့လာကြည့်ဖို့ လိုအပ်ပါတယ်။

စည်းလုံးညီညွတ်သဘောမျှနေခြင်းကတော့ ဘုရားရှင်နှင့်ပေါင်းစည်းခြင်းအတွက် အလေ့အကျင့် တစ်ခုဖြစ်သလို ဘုရားရှင်နှင့်ပေါင်းစည်းခြင်းကတော့ ဖန်ဆင်းခံနဲ့ ဘုရားရှင်အခြား မကွဲပြားမခြား နားစေသလို ဖန်ဆင်းခံအချင်းချင်းအကြားမှာလည်း ကွဲပြားခြားမနေတော့ပါ။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-