Saturday, June 9, 2012

အစ္စလာမ်နှင့် လူ့အခွင့်အရေး လက်ကမ်းစာစောင်




အစ္စလာမ်နှင့် လူ့အခွင့်အရေး လက်ကမ်းစာစောင်အား လက်ဆင့်ကမ်း ဖတ်ရှုနိုင်ရန် တင်ဆက်အပ်ပါ သည်။ expand နှိပ်၍ zoom ဆွဲကြည့်ပါ။

အမေရိကန်၏ ပထမဆုံးမွတ်စလင်မ်အဖွဲ့အစည်း - အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ နှစ်ပတ်လည်ညီလာခံသို့ ငြိမ်းချမ်းရေး မြှင့်တင်ရန် အစ္စလာမ့်ခလီဖာ တက်ရောက်မည်




ဇွန်လ ၈ ရက် ၂၀၁၂
အင်မ်ရားန် ဂျတာလာ
လော့အိန်ဂျလီစ်

ယခုလ၏ နောက်ဆုံးရက်သတ္တပတ်တွင် အစ္စလာမ့်ခလီဖာဖြစ်သော ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာ မွတ်စလင်မ်အဖွဲ့၏ ဝိညာဉ်ရေးရာခေါင်းဆောင် ဟာဇရသ်မီရ်ဇာ မဆ်ရူးရ်အဟ်မဒ် အမေရိကန်နိုင်ငံ သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ၊ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့မှ ကြေငြာထား သည်။

 ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ဝိညာဉ်ရေးရောခေါင်းဆောင် ဟာဇရသ်မီရ်ဇာ မဆ်ရူးရ်အဟ်မဒ်

ထောင်ပေါင်းများစွာသော အမေရိကန်မွတ်စလင်မ်များကလည်း သခင်ြကီးလာရောက်မည့်အရေးကို စောင့်မြှော်နေကြကြောင်း သိရသည်။ သခင်ကြီးမှာ မွတ်စလင်မ်ခေါင်းဆောင်တစ်ယောက်အနေ ဖြင့် အစ္စလာမ်သာသနာထဲမှ နောက်လိုက်လူဦးရေအများဆုံးသော အဖွဲ့အစည်း၏ ခေါင်းဆောင် လည်း ဖြစ်သည်။

သခင်ကြီးအနေဖြင့် အမေရိကန်နိုင်ငံသို့မသွားရောက်မီကတည်းက ကမ္ဘာ့ခေါင်းဆောင်များဖြစ်ကြ သော သမ္မတအိုဘာမား၊ အစ္စရေးဝန်ကြီးချုပ် နတန်ယာဟုနှင့် အီရန်သမ္မတ အာမာဒီနီဂျက်တို့ထံ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် သဝဏ်လွှာများ ပါးခဲ့ပြီးဖြစ်သည်။

သခင်ကြီးက ထိုကမ္ဘာ့ခေါင်းဆောင်များအား နိုင်ငံတကာကွဲပြားခြားနားချက်များအတွက် နားလည်မှု ရှိရှိ စေ့စပ်ဆွေးနွေးခြင်းဖြင့်သာ အဖြေရှာသင့်ကြောင်း၊ တတိယကမ္ဘာစစ်ကို ဦးတည်စေမည့် အင်အားသုံး ဖြေရှင်းခြင်းကို အစွမ်းကုန်ရှောင်ရှားသင့်ကြောင်း အကြံပေးတင်ပြခဲ့သည်။

သခင်ကြီးအနေဖြင့် အမေရိကန်နိုင်ငံသို့ရောက်ရှိလာစဉ် ထောင်ပေါင်းများစွာသော အမေရိကန် မွတ်စလင်မ်များသာမက အမေရိကန်ပြည်ထောင်စု၏ အရေးပါသော အစိုးရခေါင်းဆောင်များနှင့်ပါ တွေ့ဆုံသွားရန်ရှိကြောင်း၊ သို့အားဖြင့် အဆက်အဆံကိုတိုးမြှင့်စေမည်သာမက ငြိမ်းချမ်းရေးနှင့် လူသားထုတစ်ရပ်လုံး တရားမျှတမှုရရှိစေရေးတို့အတွက် နည်းလမ်းများကို ရှုမှတ်စိစစ်နိုင် မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ၊ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့မှ တရားဝင် ကြေငြာချက်ထုတ် ပြန်ခဲ့သည်။

ထိုကြေငြာချက်အရ သခင်ကြီးမှာ ကပ္ပီတလ်တောင်ကုန်း၊ Rayburn House Office Building ၌ ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပမည့် ပါတီပေါင်းစုံမှ ကိုယ်စားလှယ်များ၏ အထူးဧည့်ခံပွဲ အခမ်းအနား၌ "ငြိမ်းချမ်းရေးခြင်း အတွက် နည်းလမ်း-နိုင်ငံများအကြား အဆက်အဆံ" ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းမြွက်ကြားမည်ဖြစ်ကြောင်း သိရသည်။

ထိုအခမ်းအနားတွင် Tom Lantos လူ့အခွင့်အရေးကော်မရှင်နှင့်၊ အမေရိကန်နိုင်ငံဆိုင်ရာ နိုင်ငံတကာ ဘာသာသာသနာများ လွတ်လပ်ခွင့်ကော်မရှင် (USCIRF) တို့၏ ပူးပေါင်းတင်ဆက်မှု ဖြင့် ဒီမိုကရက်တစ် ပါတီခေါင်းဆောင် နန်စီ ပီလိုစီမှ အဖွင့်စကားပြောကြားမည်ဖြင့်ပြီး အမေရိကန် ဆီနိတ်အမတ် ရောဘတ်ကေစီနှင့် ကိုယ်စားလှယ်များဖြစ်ကြသော ဖရန့်ဝုလ်ဖ်၊ မိုက်ဟွန်ဒါနှင့် ကိတ်အလိဆန်တို့မှလည်း မှတ်ချက်စကားများ ပြောကြားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတဝှမ်းလုံးမှ ကွန်ဂရက်အဖွဲ့ဝင်များ၊ သံအမတ်ကြီးများ၊ နိုင်ငံ့ဝန်ထမ်းခေါင်းဆောင် များ နှင့် အသိပညာရှင် အတတ်ပညာရှင်များလည်း တက်ရောက်လာကြမည်ဟု သိရသည်။

ထို့ပြင် သခင်ကြီးမှာ ပန်ဆီလ်ဗေးနီးယားတွင် ဇွန်လ ၂၉ မှ ဇူလိုင် ၁ အထိကျင်းပမည့် အမေရိကန်၊ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ နှစ်ပတ်လည်ညီလာခံကို တက်ရောက်မည်ဖြစ်သည်။

အမေရိကန်နိုင်ငံ၏ ရှေးအကျဆုံး မွတ်စလင်မ်အဖွဲ့အစည်း၏ အခမ်းအနားလည်းဖြစ်၍ ယင်းနှစ်ပတ် လည်ညီလာခံသို့ အမေရိကန်မွတ်စလင်မ်ပေါင်း ၁သောင်း ၂ထောင်ခန့်နှင့် မွတ်စလင်မ် မဟုတ်သူ ဧည့်သည် ၁ ထောင်ခန့် တက်ရောက်လာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့သည် အစ္စလာမ်သာသနာကို မူရင်းအစစ်အမှန်အတိုင်း ပြန်လည်ဖြစ် ထွန်း ပေါ်ပေါက်စေသော အဖွဲ့ဖြစ်သည်။ လျင်မြန်စွာ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိပြီး အသင်း ဝင်များမှာ နိုင်ငံပေါင်း ၂၀၀ တွင် ၁၆၀ မီလီယံအရေအတွက် ရှိနေပြီဖြစ်သည်။

အမေရိကန်နိုင်ငံတွင် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကို ၁၉၂၀တွင်စတင်ခဲ့ပြီး နိုင်ငံ၏ ပထမဆုံး သော မွတ်စလင်မ်အဖွဲ့အစည်းလည်းဖြစ်သည်။





တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-