Sunday, May 6, 2012

မဆီဟ်မော်အုဒ်၊ မဟ်ဒီမော်အုဒ် အားယုံကြည်လက်ခံရန်လိုအပ်သလော

       အလ္လာဟ်ရှင်မြတ်ဘက်တော်မှပွင့်ပေါ်ရောက်ရှိလာသောမည်သည့်တမန်တော်၊ အေမာမ်ခေါင်း ဆောင်ပင်ဖြစ်စေ ၎င်းအားလက်ခံရန်နှင့် ၎င်းထံတွင်အီမန်ယူရန် လိုအပ်ပေ သည်။ အကြောင်းမူဘရ် ကသ်ကောင်းချီးမင်္ဂလာအဖြာဖြာသည် ပွင့်ပေါ်ရောက်ရှိလာမည့် ပုဂ္ဂိုလ် နှင့်နွယ်ယှက် ချိတ်ဆက်ထား ပြီးဖြစ်ချေသည်။ ထို့ပြင်ခေတ်ကာလအေမာမ်မရှိပါမူ အဘက် ဘက်၌ အမိုက်တိုက်သာလွှမ်းခြုံထား မည်ဖြစ်သည်။ကိုယ်တော်မြတ်ကြီး(ဆွ)မိန့် ကြားတော်မူ ရာမှာ-

  ''အကြင်သူသည် အလ္လာဟ့်ဘက်မှပွင့်ပေါ်ရောက်ရှိလာသော အေမာမ်အား လက်ခံယုံကြည်ခွင့် မရဘဲသေဆုံးအံ့။ ထိုသူ၏သေဆုံးခြင်းသည် အမိုက်အမှောင်၌ သေဆုံးခြင်းမည်၏'' (မုစ်နဒ် အဟ်မဒ် ဘင်န်ဟမ်ဘလ် တွဲ - စာ - ၉၆)

     ကျွနု်ပ်တို့၏နှစ်ဘဝသခင်ကျေးဇူးရှင်ကိုယ်တော်မြတ် မုဟမ္မဒ်မွတ်စ်တွဖာ (ဆွ)သခင်ကြီး သည် အွမ္မသ် အတွင်း၌ အေမာမ်မဟ်ဒီနှင့်မဆီဟ်အီဗ်နေမရ်ယမ် အမည်ဖြင့်နောက်ဆုံး ခေတ်ကာလ၌ ပုဂ္ဂိုလ်တစ်ပါး ပေါ်ထွန်းရန်သတင်းကောင်းပေးထားပေသည်။ ကိုယ်တော်မြတ် ကြီး(ဆွ)သည် ထို ပုဂ္ဂိုလ်အား လက်ခံယုံကြည် ရန်အွမ္မသ်တစ်ခုလုံးအား အင်နှင့်အားနှင့်တိုက် တွန်းထား၏။ ကိုယ်တော် မြတ်(ဆွ) တိုက်တွန်းနှိုးဆော်ချက်နှင့် မှာတမ်းစကားမှာ ....

     ''အသင်တို့ရေခဲတောင်ပေါ်သို့ ဒူးထောက်ဝပ်တွားသွားရသည့်တိုင် ထိုပုဂ္ဂိုလ်ထံ၌ဘိုင်ယသ် သစ္စာခံ ယူကြလော့။ အကြောင်းမူ၎င်းသည် အလ္လာဟ်ရှင်မြတ်၏ ခလီဖာနှင့်မဟ်ဒီဖြစ်၍ပင်''
(မွတ်စ်သဒ်ရက်ဟာကင်မ် ဂျွက်ဇ်ရာဗေအ်ကိတာဗွလ်ဖိသန် ၊မလာဟမ် မဟ်ဒီပွင့်ပေါ်ခန်း စာ- ၄၆၄)

        ကိုယ်တော်မြတ်ကြီး(ဆွ)အေမာမ်မဟ်ဒီအား၊ဘိုင်ယသ်ယူရန်နှင့်နာခံရန်အကြောင်း မိန့်ကြားရာမှာ-

       ''အကြင်သူသည် အေမာမ်မဟ်ဒီအား နာခံသည်ဆိုသော် ငါကိုယ်တော်အားနာခံခြင်းမည်၏ အေမာမ်မဟ်ဒီအားမနာခံလျှင် ငါကိုယ်တော်အား မနာခံရာရောက်သည်။'' (ဘေဟာရွလ်အန်ဝါရ် အဇ် အလာမာ ဘာကရ်မဂျ်လိစီ တွဲ-၁၃-စာ-၁၇)

ထို့နောက်ကိုယ်တော်ဆက်လက်မိန့်ကြားတော်မူရာမှာ-

''အကြင်သူသည်မဟ်ဒီအားလိမ်ညာသူဟုယိုးစွပ်အံ့ ထိုသူသည် ကုဖုရ်သွေဖည်ငြင်းပယ်ရာ ရောက်ပေသည်။'' (ဟုဂျသ်သွကရာမာဟ်အဇ်နဝါဗ်မုဟမ္မဒ်ဆွီဒီဒက်ဟဆန်ခန် စာ-၃၅၁-တွဲ-)

အေမာမ်မဟ်ဒီအားစလာမ်မေတ္တာပို့သကြကုန်

 ကိုယ်တော်မြတ်ကြီး(ဆွ)သည်ပွင့်ပေါ်လာမည့် အေမာမ်မဟ်ဒီအား မိမိထံမှ စလာမ်မေတ္တာပို့ သရန် အွမ္မသ်တစ်ခုလုံးအား မှာတမ်းပြုသွားခဲ့၏။ ဟာဇရတ်အနက်(စ်)(ရဒီ)သခင်ဆင့်ပြန် ပြောကြားသည် မှာ ကိုယ်တော်မြတ်ကြီး(ဆွ)မိန့်ကြားတော်မူ၏။

''အသင်တို့အတွင်းမည်သူမဆိုမရ်ယမ်၏သားအီစာနှင့် ဆုံဆည်းရပါမူ ငါကိုယ်တော်၏ စလာမ်အား ပို့သကြကုန်။''  (ဒွရ်ရေမန်စူးရ်အဇ်အေမာမ်ဂျလားလုဒီးန်စုယူသီ (ရဟ)တွဲ--စာ-၂၄၅)


ဤသည်နှင့်စပ်လျဉ်း၍ ကိုယ်တော့်ဆန္ဒမှာ အလွန်ကြီးမားလှ၏။ ဟာဇရတ်အဘူဟူရိုင်ရာဟ်(ရဒီ) ဆင့်ပြန်ပြောကြားရာမှာ-ကိုယ်တော်မြတ်ကြီး(ဆွ)မိန့်ကြားတော်မူ၏။

 ''အကယ်၍ငါကိုယ်တော်သည်သာ အသက်ရှည်ခဲ့ပါမူ အိစာဗင်န်မရ်ယမ်နှင့် ကိုယ်တိုင်ဆုံ ဆည်းဖို့ရာ မျှော်မှန်း၏။ အကယ်၍လျင်မြန်စွာပင်သေခြင်းတရား ဆိုက်ခဲ့သော်အသင်တို့အတွင်း မည်သူမဆို အီစာဗင်န်မရ်ယမ်နှင့်တွေ့ဆုံသည်ဆိုက ငါကိုယ်တော်၏စလာမ်မေတ္တာအားပို့သ ကြကုန်'' (မွစ်နဒ် အဟ်မဒ်ဘင်န်ဟမ်ဘလ် တွဲ--စာ-၂၉၈)

 ဘနီအစ္စရာအီလ်မျိုးနွယ်အတွင်း ပွင့်ပေါ်ခဲ့သောမရ်ယမ်၏သားအီစာမှာ ကွယ်လွန်အနိစ္စ ရောက် သွား ပြီဖြစ်ကြောင်း ကျမ်းမြတ်ကုရ်အာန်၌ အတိအကျဖော်ပြထားသည်။ ကျမ်းမြတ်ကုရ်အာန်နှင့် ကိုယ် တော့်သြဝါဒ မိန့်မြွတ်စကားများအားဖြင့်သိရသည်မှာ မရ်ယမ်၏သားအီစာပွင့် ပေါ်ခြင်းဟူ သည် ၎င်းအားပုံဆောင်သူသာ ဖြစ်ကြောင်းပင်။ ထို့ကြောင့် တစ်နည်းဆိုသော် မဆီဟ်အိဗ်နေ မရ်ယမ်၏ ပွင့်ပေါ်ခြင်းဟုဆိုရခြင်းဖြစ်သည်။

အေမာမ်မဟ်ဒီအားအီမာန်ယူရန်ဝါဂျီဗ်ဖြစ်သည်

 ကျမ်းမြတ်ကုရ်အာန်နှင့်ဟဒီးစ်သြဝါဒတော်များ၏ မိန့်ကြားချက်များအားစုရုံးကာ အနှစ်သာရ ထုတ် လျက်အလ်လာမာဟ်အပ်စ်ဖုရာနီသခင် မိန့်တော်မူ၏။ အေမာမ်မဟ်ဒီပွင့်ပေါ်ခြင်းအား အီမာန်ယူရန် မှာဝါဂျီဗ်ဖြစ်ကြောင်း အွမ္မသ်ရှိအုလမာသာသနာ့ပညာ ရှင်ကြီးများထံ၌ ဆုံးဖြတ် လက်ခံပြီးသော ကိစ္စတစ်ရပ်ဖြစ်သည်။ ထို့ပြင် အဟ်လေဆွန္နသ်ဝလ်ဂျမာအသ်၏ ကျမ်း အကာအီဒ်၌လည်း ဖော်ပြပါရှိသည်။      (လဝါအိဟွလ်အန်ဝါရ်အလ်ဘဟီယာ တွဲ--စာ-၈ဝ)


ဒီယိုဘန်ဒီအားအုတ်မြစ်ချသူ မော်လာနာ ကာဆင်မ်နာနိုသဝီ သခင်မိန့်ကြားတော်မူ၏။


''အေမာမ်မဟ်ဒီ()ပွင့်ပေါ်ထွန်းမည့်ကာလကြီး ရောက်ရှိလာသည့် အချိန်၌ အေမာမ်မဟ်ဒီသခင် အားနောက်လိုက်နာခံမှုမပြုလျှင် ထို့ပြင်အေမာမ်မဟ်ဒီမှန်းသိပြီး လက်မခံလျှင်ထိုသူသည် အမိုက် တိုက်၌သေဆုံးရအံ့''  (ကာဆင်မွလ်အုလူမ်ဘာသာပြန်/အန်ဝါရွလ်နူဂျမ် စာ-၁ဝဝ)

အေမာမ်မဟ်ဒီပွင့်ပေါ်ခြင်းနှင့်စပ်လျဉ်း၍အွမ္မသ်အတွင်းရှိသူတော်စင်ကြီးများ၏ ဆန္ဒ

 ထို့ကြောင့်ပင် ဆွဟာဘာသာဝကကြီးများနှင့် အွမ္မသ်အတွင်းရှိ သူတော်စင်ကြီးများအားလုံး အေမာမ် မဟ်ဒီ()သခင်အားလက်ခံရန် ဆန္ဒပြင်းပြခဲ့ကြပေသည်။ ထို့ပြင်မိမိတို့၏ အဆက် အနွယ် များအားလည်း  သြဝါဒပေးလျက်သာနေခဲ့၏။

ဟာဇရတ်အလီ(ရဒီ)သခင်မိမိ၏ကဗျာတစ်ခု၌ စပ်ဆိုသည်မှာ-

 ''အို! ငါ၏ချစ်သားတို့...ထိုပုဂ္ဂိုလ်ထံပါး ငါ့အသက်စတေးပါ၏။ ၎င်း(အေမာမ်မဟ်ဒီ)အား အထီး တည်း မထားလေနှင့်ချစ်သားတို့ အလျင်အမြန်ပင် ၎င်းနှင့်အတူဖြစ် သွားလိုက်ကြကုန် ''    (ရှရဟ်ဒီဝါနေအလီ တွဲ-၂စာ-၉၇)


ထိုနည်း၎င်းပင်ဟာဇရတ်အဘူဟူရိုင်ရာဟ် (ရဒီ)လည်း အေမာမ်မဟ်ဒီအား စလာမ်မေတ္တာပို့ရန် မိန့်ကြားထား၏။

 "အကယ်၍အသင်တို့ခေတ်ကာလ၌ အေမာမ်မဟ်ဒီနှင့် ဆုံဆည်းရသည်ရှိသော် ၎င်းအား ကျွနု်ပ်ထံ မှ စလာမ်မေတ္တာပို့သလိုက်ပါလေ''  (ဒွရ်ရေမန်စူးရ်အဇ်အေမာမ်ဂျလား လုဒင်းန်စူ ယူသီ တွဲ--စာ-၂၄၅)

 ၁၂ ရာစုမုဂျဒီဒ်ဖြစ်သည့် ဟာဇရတ်ရှာဟ်ဝလီယုလ္လာဟ်မုဟဒီစ်ဒေလဝီသခင် မိန့်ကြားရာမှာ-

 ''အကယ်၍ဟာဇရသ်ရူဟ်ဟွလ်လာဟ် အီစာ()သခင်ပွင့်ပေါ်သည့်ကာလအား မှီခဲ့သော် အဦးဆုံး စလာမ်ပေးခွင့်ရရန် ကျွနု်ပ်၌ကြီးစွာသော ဆန္ဒဖြစ်နေပါ၏။ အကယ်၍ကျွနု်ပ်သည် ထိုခေတ်ကာလ အားမမှီလိုက်ပါမူ ကျွနု်ပ်၏အဆက်အနွယ် တပည့်များထဲမှမည်သူမဆို ထိုခေတ်ကာလအား မှီသည် ရှိသော် ကိုယ်တော်မြတ်ကြီး(ဆွ) အေမာမ်မဟ်ဒီအပေါ်စလာမ်ပို့ သရေး၌ ပြင်းပြသောဆန္ဒထားကြ ကုန်။အကြောင်းမူ ကိုယ်တော့်တပ်မတော်၌ ကျွနု်ပ်တို့သည် နောက်ဆုံးသော တပ်မဖြစ်ခြင်း ကြောင့်ပင်။"     (မဂျ်မူအာဝဆာယာအရ်ဗအာ စာ-၈၄)

အက်(က်)သရဗွလ်ဆာအသ်ကျမ်းပြုသူနူရ်ရွလ်ဟဆန်ခါန်ဆာဟီဘ်သည် ဟာဇရတ်အဘူဟူရိုင် ရာဟ် ၏သြဝါဒစကားအကြောင်းဖော်ပြရင်း မိမိသားသမီးအဆက်အနွယ်တို့အား မှာတမ်းပြုသည် မှာ-

''အသင်တို့အတွင်းမည်သူမဆိုအီစာ()နှင့်ဆုံဆည်းရပါမူ ကျွနု်ပ်၏စလာမ်အားပို့သပါလေ။ ဤသည် အွမ္မသ်တစ်ခုလုံးအဖို့ အမှာစကားဖြစ်၏ ကျွနု်ပ်လည်း ဤအွမ္မသ်ဝင် တစ်ယောက်ဖြစ် သည်။အကယ်၍ အေမာမ်မဟ်ဒီအား ကျွနု်ပ်မှီလိုက်ပါမူ အဦးဆုံးစလာမ်ပို့သမည့်သူမှာ ကျွနု်ပ် ဖြစ်၏။ ကျွနု်ပ်မမှီလျှင် ကျွနု်ပ်၏သားသမီးအဆက်အနွယ်များအနက် မည်သူမဆိုထိုခေတ် အားမှီသည်ဆိုက ကိုယ်တော့် စလာမ်မေတ္တာအားဆိုက်ဆိုက်မြိုက်မြိုက် သွားရောက်ပို့ဆောင် လော့ သို့ဖြင့် ကိုယ်တော်တပ်မတော်၌ ကျွနု်ပ်(သို့မဟုတ်) ကျွနု်ပ်၏ သားသမီးအဆက်အနွယ် များမှ တစ်ဦးဦးတပ်သားဖြစ်သွားစေရန်ဖြစ်၏။"  (အက်()သရဘွလ်ဆာအသအ်ဇ်နူရ်ရွလ်ဟ ဆန်ခန်ဆာဟိဘ်စာ-၁၅၄)
  
   ၁၃ရာစု မုဂျဒီဒဒ်ရှဟီးဒ် ဘာလာကိုက်ဟာဇရတ်ဆိုင်ယဒ်အဟ်မဒ်ရှဟီးဒ်၏ အမှုတော်ထမ်း ကဗျာ လင်္ကာအကျော်အမော် ဟာဇရတ်မုအ်မင်န်ဒေဟ်လဝီမှ မိမိ၏ဆန္ဒအားဖော်ထုတ် မြွတ်ဟသည်မှာ-
''အကယ်၍ကျွနု်ပ်မုအ်မင်န် မဟ်ဒီ၏ခေတ်သာမှီပါမူ အဦးဆုံးကိုယ်တော်စလာပို့မည့်သူ ကျွနု်ပ်ပင်'' (ကလ်ယာသ်မုအ်မင်န် စာ-၅ဝ မက်(က်)၁၃ ဘာအေရှအရ်ရိုအဒဘ်စမန်အာဘာဒ် လာဟိုရ် ၂၅)

အေမာမ်မဟ်ဒီဟုကြွေးကြော်သူမျက်မှောက်ခေတ်တွင်ရှိသည်
ယခုခေတ်ကာလသည်အလွန်မင်္ဂလာပြည့်ဖြိုးသော၁၄ရာစုကာလဖြစ်ပေသည်။ ၁၄ ရာစုအစ၌ပင် ဟာဇရတ်မီရ်ဇာဂူလာမ်အဟ်မဒ် အဟ်မဒီဂျမာအသ်အား လက်မွန်မဆွအခြေချတည်ထောင်သူ အရှင်သူမြတ်သည် ပွင့်ပေါ်လာရမည့် အေမာမ်မဟ်ဒီနှင့် မဆီဟ်မော်အုဒ်မှာ မိမိသာဖြစ်ကြောင်း ကြေညာထားလေ သည်။ထိုပုဂ္ဂိုလ်မြတ် မှန်ကန်ကြောင်း အလ္လာဟ်ရှင်မြတ်မှ ကြီးကျယ်သော နိမိတ် လက္ခဏာတော်များ ပြသခဲ့ပါသည်။ထိုသို့ဖြင့် ရှေးယခင်ကျမ်းများ၌ ပါရှိသော ကြိုတင်နိမိတ်ဟော ချက်များ ပြည့်စုံခြင်းသို့ရောက် ရှိခဲ့သည်။ထို့ကြောင့်ထိုအရှင်သူမြတ်၏ ကြွေးကြော်ချက်သည် အားလုံးအဖို့အထူးဂရုဓမ္မထားကာ အာရုံပြုရမည့်အချက်ပင်ဖြစ်သည်။

အကယ်၍ထိုအရှင်သူမြတ်သည် အွမ္မသ်ရှိသူတော်စင်အပေါင်းနှင့် အွမ္မသ်သားများ အားလုံးစောင့် စား မျှော်လင့်နေသော ပုဂ္ဂိုလ် အမှန်ဖြစ်သည်ဆိုက လက်ခံရပေလိမ့်မည်။ ထို့ပြင်ထိုပုဂ္ဂိုလ်အား သက်ဝင် ယုံကြည်အီမာန်ယူရန်လိုအပ်ပေသည်။ အေမာမ်မဟ်ဒီအားငြင်းသူသည် အလ္လာဟ်နှင့် အလ္လာဟ့် ရစူလ်၏ရှေ့၌အဖြေပေးရလိမ့်မည်။ ထို့ကြောင့်စဉ်းစားမျှော်ခေါ်ကြကုန်။ ထို့ပြင်မိမိတို့ အလ္လာဟ်ရှင် မြတ်အားမေးမြန်းကြကုန်။ အကြင်သူ၌ ဖွင့်ထားသောစိတ်ပေါ်ပေါက်လာပြီဆိုလျှင် ၎င်းအဖို့ကိုယ် တော့် စလာမ်ပို့သရန်နှင့် ထိုပုဂ္ဂိုလ်မြတ်အားလက်ခံ ရန်မနှောင့်နှေးပါစေနှင့်။

လမ်းမှန်လိုက်သူတို့အပေါ်ငြိမ်းချမ်းခြင်းသက်ရောက်ပါစေသော်ဝ်။


တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-