Thursday, February 6, 2014

မိမိကိုယ်ကို ဆန်းစစ်ခြင်း၊ ပြုပြင်တည့်မတ်ခြင်းနှင့် အောင်မြင်မှု (ဇန်နဝါရီ ၃၁၊ ၂၀၁၄)



ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၁၄ ခုနှစ် (သောကြာနေ့) တွင် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှ ဟောကြားတင်ပြခဲ့သည့် မိန့်ခွန်း (မြန်မာပြန်)



- သာသနာပြုရေးထက် ကျွန်တော်တို့ရဲ့ ၀ိညာဉ်ရေးသန့်ရှင်းမှု၊ လက်တွေ့ပြုပြင်တည့်မတ်မှုတွေက (အလ္လာဟ်အရှင်မြတ်အလိုတူတော်မူပါစေ) အလွန်ကြီးကျယ်တဲ့ တော်လှန်ပြောင်းလဲမှုတစ်ရပ်ကို ဖြစ်ပေါ်စေပါလိမ့်မယ်။
- မိမိတို့ရဲ့ သစ္စာစောင့်သိမှုနဲ့ ရိုးသားမှုတွေကို လောကီအကျိုးအမြတ်တစ်စုံတစ်ရာအတွက် ထိခိုက်စေခဲ့မယ်ဆိုရင် အဲဒီလို ပြုလုပ်သူတိုင်းဟာ အဟ်မဒီယာမွတ်စလင်မ်အသင်းအဖွဲ့အား နာမည်ပျက်အောင် ပြုလုပ်သူဖြစ်ပါတယ်။
- တစ်စုံတစ်ဦးကို ပြုပြင်တည့်မတ်ပေးဖို့ အချက်လေးချက် မရှိမဖြစ်လိုအပ်ပါတယ်။ ၁) အီမာန် (သက်ဝင်ယုံကြည်မှု) ကို မွေးဖွားပေးခြင်း ၂) မှန်ကန်သော အသိပညာကို မွေးဖွားပေးခြင်း ၃) ကြည့်ရှု စောင့်ကြပ်ပေးခြင်း နဲ့ ၄) အကွပ်အထိန်းဖြင့် စည်းကမ်းကြပ်မတ်ပေးခြင်း
- ကျွန်တော်တို့ အဟ်မဒီယာမွတ်စလင်မ်အသင်းအဖွဲ့က သာသနာပြုတွေဟာ အသင်းအဖွဲ့ကို တည်ထောင်သူအရှင်သူမြတ်အား စေလွှတ်ခြင်းခံရတဲ့ ရည်ရွယ်ချက်ကို သိနားလည်ပြီး တစ်ဦးချင်းစီက သက်သေလက္ခဏာတစ်ခုသဖွယ်ဖြစ်လာအောင် မိမိတို့ရဲ့ ၀ိညာဏအခြေအနေ မြင့်မားလာအောင် ပြုလုပ်ကြရမှာဖြစ်ပါတယ်။
- အနှစ်မရှိဘဲ အကာသက်သက်ချည်းဖြစ်တဲ့ သက်သေပြချက်တွေကို တင်ပြပြီး လူတွေရဲ့ နှလုံးသားကို ဖမ်းစားဖို့၊ အဟ်မဒီမဟုတ်တဲ့ မော်လဝီတွေကို ရင်ဆိုင်ဖြေရှင်းနေတာလောက် နဲ့တင် ကျေနပ်တင်းတိမ်မနေသင့်ပါ။
- ခလီဖာ (Caliph) စနစ်နဲ့ စပ်လျဉ်းလို့ စစ်မှန်တဲ့ အတွေးအမြင်၊ အသိပညာတွေ ပေါက်ဖွားလာအောင် ပြုလုပ်ပေးခြင်းကလည်း အဟ်မဒီသာသနာပြု (မိုရဗ္ဗီ) များရဲ့ တာဝန်တွေထဲက အလွန်အရေးကြီးတဲ့ တာဝန်တစ်ရပ်ဖြစ်ပါတယ်။


တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-