Wednesday, June 6, 2012

အီဂျစ်အာဏာရှင် မူဘာရက်အား ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ချမှတ်



ဇွန်လ ၂ ရက် ၂၀၁၂
ရိုက်တာသတင်း

အီဂျစ်အာဏာရှင်ဟောင်းမူဘာရက်

ကိုင်ရို - အီဂျစ်ဆန္ဒဖော်ထုတ်သူများအား သတ်ဖြတ်ရာတွင် ကဏ္ဍတစ်ရပ်မှ ပါဝင်ခဲ့ပြီး အီဂျစ်နိုင်ငံအား နှစ်ပေါင်း ၃၀ နီးပါးအုပ် ချုပ်ခဲ့သည့် အီဂျစ်အာဏာရှင်ဟောင်း ဟို့စ်နီမုဘာရက်ကို ပြီးခဲ့သည့်စနေ နေ့က ထောင်ဒဏ်တစ် သက်တစ်ကျွန်းချမှတ်လိုက်သည်ဟု ဂျော်ဒန်တိုင်းမ်က ဖော်ပြသည်။ ဤ သည် အရှေ့အလယ်ပိုင်းမှ အာဏာရှင်များအတွက် ဥပမာတစ်ရပ် ဖြစ်ကြောင်းလည်း အဆိုပါ သတင်းက ဖော်ပြထားသည်။

သို့သော် အချို့သော အီဂျစ်ပြည်သူများကမူ မူဘာရက်အပေါ်ထိုသို့သောဆုံးဖြတ်ချက် ချမှတ်ခဲ့အပြီး လမ်းများပေါ်သို့ထွက်လာကာ မိမိတို့၏ဆန္ဒကို ဖော်ထုတ်ပြသခဲ့ကြသည်။ အချို့က မူဘာရက်ကို သေဒဏ်ပေးရန်အလိုရှိနေသည်။ အချို့ကမူ ဤသို့သက်ညှာစွာဆုံးဖြတ်ခဲ့ခြင်းကြောင့် မူဘာရက် လက်ထက်က အခြားနိုင်ငံရေးသမားများကို ဆုံးဖြတ်ချက်ချရာ၌ ၎င်းတို့၏အယူခံဝင်မှုများ ကြောင့် အပြစ်ဒဏ်ခံစားရခြင်းမှ ကင်းလွတ်ခွင့်ရသွားလိမ့်မည်ကို စိုးရိမ်နေကြသည်။

၂၀၁၁ ဖေဖော်ဝါရီက အီဂျစ်ပြည်သူများသည် အသက် ၈၄ နှစ်အရွယ်၊ အာဏာရှင်မူဘာရက်ကို ကိုင်ရိုရှိ တာဟ်ရီရ်ကွင်းပြင်၌ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ အလက်ဇန္ဒီးယားတွင်လည်း ဆန္ဒပြခဲ့ကြ သည်။ 

မူဘာရက်အတွက် တရားရုံးဆုံးဖြတ်ချက်ကို အီဂျစ်နိုင်ငံ၏ ပထမဆုံးအကြိမ် လွတ်လပ်သောရွေး ကောက်ပွဲရလဒ်များထွက်ပေါ်မလာမီ နှစ်ပတ်အလိုတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုရွေးကောက်ပွဲတွင် မွတ်စလင်မ်ဘရားသားဟုဒ်ပါတီက ရေပန်းစားလျက်ရှိသည်။

မူဘာရက်သည် တရားခွင်သို့ ဘီးတပ်လှည်းဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းနှင့်အတူ သားနှစ် ဦးဖြစ်သည့် အလားနှင့် ဂမားလ်တို့အပါအဝင် ပြည်ထဲရေးဝန်ကြီးဟောင်း ဟဘစ် အလ် အဒ္ဒလီနှင့် အခြားလုံခြုံရေးအရာရှိများလည်း ပါဝင်သည်။

ဟို့စ်နီမူဘာရက်အား သတ်ဖြတ်မှုများအတွက်လည်းကောင်း၊ သတ်ဖြတ်ရန်ကြိုးစားမှုများအတွက် လည်းကောင်း တစ်သက်တစ်ကျွန်းထောင်ဒဏ်ချမှတ်ကြောင်း တရားသူကြီး အဟ်မဒ် ရီဖာအတ်က ကြေငြာခဲ့သည်။

တရားသူကြီးက အလ် အဒ္ဒလီကိုလည်း ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့သော်လည်း အခြားသော လုံခြုံ ရေးအရာရှိ ခြောက်ဦးကိုမူ ပြစ်မှုမထင်ရှား၍ လွတ်လပ်ခွင့်ပေးခဲ့သည်။

ကွန်ပျူတာလုပ်ငန်းလုပ်ကိုင်သည့် အသက် ၃၀ နှစ်အရွယ် ကိုင်ရိုမြို့နေ အဟ်မဒ် ရာအုဖ်က "မူဘာ ရက် တစ်သက်တစ်ကျွန်းချမှတ်တာဟာ သင့်တော်ပါတယ်။ အသက် ၈၀ ကျော်နေပြီဖြစ်တာ ကြောင့် သူ့အတွက် ဒီပြစ်ဒဏ်ဟာ ခက်ခဲနိုင်သလို ကျန်ရှိတဲ့ဘ၀တစ်သက်တာလုံးကိုလည်း ထောင် ထဲမှာပဲ နေသွားရတော့မှာပါ။" ဟု ပြောဆိုခဲ့သည်။

သို့သော် မွတ်စလင်ဘရားသားဟုဒ်ပါတီကမူ မူဘာရက်အပေါ် ဆုံးဖြတ်ချက်အား ပြင်ဆင်ပေးရန် လိုလားနေသည်။

"ဒီ ဆုံးဖြတ်ချက်က ဆန္ဒဖော်ထုတ်သူများကို သတ်ဖြတ်ခဲ့တာနဲ့ပတ်သတ်ပြီး လုံလောက်တဲ့ သက်သေ အထောက်အထားတွေကို စုစည်းခဲ့ခြင်း တာဝန်ယူခဲ့ခြင်းမရှိပါဘူး" ဟု မွတ်စလင်ဘရားသားဟုဒ်မှ စည်းရုံးရေးနှင့် ပြောရေးဆိုခွင့်တာဝန်ခံ ယဆီးရ်အလီက ပြောကြားသည်။

မူဘာရက်အစိုးရလက်အောက်၌ ပြီးခဲ့သည့်နှစ် ဆန္ဒပြသူများထဲတွင် ရက် ၁၈ ရက်အတွင်းလူပေါင်း ၈၅၀ ခန့်သတ်ဖြတ်ခံခဲ့ရသည်။

သတ်ဖြတ်ခံခဲ့ရသူများ၏ ရှေ့နေများကမူ ဤဆုံးဖြတ်ချက်နှင့်ပတ်သတ်၍ ဒေါသထွက်နေသည့် လူထု အား ငြိမ်သက်စေရန် ဆောင်ရွက်ချက်မျှဖြစ်ကြောင်းနှင့် ဆုံးဖြတ်ချက်က မူဘာရက်နှင့် အပေါင်း အပါများကို အယူခံဝင်ဖို့ တံခါးဖွင့်ပေးထားကြောင်း ပြောကြားခဲ့သည်။


တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-