Thursday, May 24, 2012

နှစ်ပေါင်း ၂၇၀၀ သက်တမ်းရှိနေပြီဖြစ်သော အာဖဂန်နှင့် ပါကစ္စတန်တို့ရှိ ပက်ရ်ှတန်စ် (ပထန်) များသည် အစ္စရေးအနွယ်များလော



နှစ်ပေါင်း ၂၇၀၀ သက်တမ်းရှိနေပြီဖြစ်သော အာဖဂန်နှင့် ပါကစ္စတန်တို့ရှိ ပက်ရ်ှတန်စ် (ပထန်) များသည် အစ္စရေးအနွယ်များလော

http://archives.dawn.com

ပျောက်ဆုံးနေသော ဣသရေလလူမျိုး (အစ္စရေးလူမျိုး) နွယ်ထဲမှ အနွယ်တစ်ခုနှင့် အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်မြောက်ပိုင်းမှ ပက်ရ်ှတန်စ် (ပထန်)များ ဗီဇပုံစံတူညီမှုကို လေ့လာဆန်းစစ်ရန် အစ္စရေးမှ အကူအညီပေးမည်ဖြစ်ကြောင်း ဗြိတိသျှအခြေစိုက် ဂါးဒီးယန်းသတင်းစာ၏ The Observer သတင်းအရသိရသည်။

အာဖဂန်မှ ပက်ရ်ှတန်စ် (ပထန်) လုံမေတစ်ဦး

အစ္စရေး၏ လူ့ဗီဇမျိုးရိုးဆိုင်ရာသုတေသီများက ပက်ရ်ှတန်စ် (ပထန်)များသည် ပျောက်ဆုံးနေသော အစ္စရေးမျိုးနွယ် ၁၀ ခုထဲမှ ၁ ခုဖြစ်နိုင်ကြောင်းဆိုကြသည်။ ၎င်းတို့က ယင်းသို့သောအဆိုကို အချိန် ကြာမြင့်ပြီဖြစ်သော သမိုင်းကြောင်းကိုလည်းကောင်း၊ သိပ္ပံဆန်းစစ်မှုများမပါသော အကြမ်းဖျင်း သုံးသပ်ချက်များကိုလည်းကောင်း အခြေခံ၍ ပြောဆိုကြခြင်းဖြစ်သည်။ ထိုအဆိုအတွက် သိပ္ပံဆိုင်ရာ တွေ့ရှိချက် တစ်ခုမျှမရှိသေးချေ။

ယခုမူ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှ နိုင်ငံပိုင် Institute of Immuno-haemotology မှ သုတေသီများက အစ္စရေး၏ ထိပ်သီးတက္ကသိုလ်တစ်ခုဖြစ်သော Technion တွင် ဖော်ပြပါအကြောင်းကို သုတေသနပြု လုပ်တော့မည်ဖြစ်သည်။ သုတေသီများထဲမှ ရှဟာနာဇ်အလီဆိုသူက အိန္ဒိယနိုင်ငံ၊ လက္ခနောမြို့အနီး နေထိုင်သော ပက်ရ်ှတန်စ် (ပထန်) အနွယ်များထံမှ သွေးနမူနာကို စုဆောင်းပြီးဖြစ်ကြောင်း လည်းသိရသည်။ ယခင် ထိုကိစ္စနှင့်စပ်လျဉ်း၍ ပြုလုပ်ခဲ့သော သုတေသနများကမူ အဖြေတစ်စုံ တစ်ရာထုတ်မပေး နိုင်ခဲ့ချေ။

သတင်းတင်ပြချက်အရ အစ္စရေးအနွယ် ၁၂ နွယ်မှ အနွယ် ၁၀ ခုသည် လွန်ခဲ့သောနှစ်ပေါင်း ၂၇၃၀ က အစ္စရေးဘုရင့်နိုင်ငံကို အဆီးရီးယန်းလူမျိုးများ သိမ်းပိုက်စဉ်က ပြည်နှင်ဒဏ်ပေးခြင်းခံခဲ့ ရကြောင်း သိရသည်။ ဂျူးသမိုင်းအရ ယနေ့ဂျူးလူမျိုးများမှ အခြားဂျူးအနွယ် ၂ ခုဖြစ်သော ဘန်ဂျမင်နှင့် ဂျူဒတို့မှ အဆက်များဖြစ်ကြောင်း သိရသည်။ ထိုအချိန်မှစ၍ ပျောက်ဆုံးနေသော ဂျူးအနွယ်များအကြောင်းမှ တဝဲလည်လည်ဖြစ်နေခဲ့ရသည်။ လွန်ခဲ့သော အချိန်များကမူ ထိုဂျူး အနွယ်များကို တရုတ်၊ မြန်မာ၊ နိုင်ဂျီးရီးယားနှင့် အာရှအလယ်ပိုင်းတို့ရှိ လူမျိုးနွယ်များ၌ တွေ့ရှိနိုင် ကြောင်းလည်း ဆိုခဲ့ကြဖူးသည်။ နှောင်းပိုင်းအချိန်များတွင်မူ ပျောက်ဆုံးနေသော ဂျူးအနွယ်များမှာ အီရတ်မြောက်ပိုင်းနှင့် အာဖဂန်တို့တဝိုက်တွင် အခြေချနေထိုင်ခဲ့ကြောင်း ယုံကြည်ကြသဖြင့် ယခုအခါထိုနေရာများရှိ ပက်ရ်ှတန်စ် (ပထန်) များကို ပို၍ စိတ်ဝင်စားမှုပိုစေခဲ့သည်။

လက္ခနောတက္ကသိုလ်မှ နက်ဖ်ရာအားစ် အာဖရီဒီဆိုသူက "ပက်ရ်ှတန်စ် ဒါမှမဟုတ် ပထန်ပေါ့ဗျာ။ သူတို့တွေက ကမ္ဘာပေါ်က လူမျိုးနွယ်တွေထဲမှာ ပျောက်ဆုံးနေတဲ့ အစ္စရေးအဆက်အနွယ် တွေဖြစ်နိုင်တယ်။ ၁၀ ရာစုနှစ်တွေတုန်းက ဘာသာရေးသဘောနဲ့ပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကရေးသဘောနဲ့ ပဲဖြစ်ဖြစ်ရေးခဲ့ကြတဲ့ ဂျူး၊ ခရစ်ယာန်၊ မွတ်စလင်မ်ပညာရှင်တွေရဲ့ စာပေတော်တော်များများမှာ အဲဒီ အကြောင်းကို ရှာဖွေတွေ့နိုင်ပါတယ်။" ဟု ပြောခဲ့သည်။

ရှဟာနာဇ်အလီကမူ "သီအိုရီကိုတော့ လွန်ခဲ့အချိန်တော်တော်ကြာကြာကပဲအလိုရှိခဲ့ကြတာပါ။ အခု တော့ အက်ဖ်ဖရီဒီ ပထန်တွေရဲ့ အစ္စရေးဆက်နွယ်မှုအကြောင်း သိပ္ပံဘက်မှ ခွဲခြမ်းစိတ်ဖြာထားတဲ့ သီအိုရီတစ်ခု ကျွန်တော်တို့ထုတ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ အမှန်တရားဘာလဲ ဆိုတာတော့ ခုထိမသိသေးဘူး၊ ဝိရိယစိုက်ထုတ်မယ်ဆိုရင်တော့ နည်းလမ်းတစ်ခုတော့ ရနိုင် ကောင်းမှာပါ" ဟု Times of India သို့ ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့သည်။

Rory McCarthy, Jerusalem ၏ ၂၀၁၀ ခု ဇန်နဝါရီလ ၁၇ ၊ တနင်္ဂနွေနေ့နေ့စွဲပါ မူရင်းဆောင်းပါး ကို http://www.guardian.co.uk/world/2010/jan/17/israel-lost-tribes-pashtun တွင်လည်း လေ့လာနိုင်ပါသည်။ 

အမေရိကန်: နိုင်ငံတော်အတွင်း ပြဿနာအရပ်ရပ်ကိုဖြေရှင်းနိုင်ဖို့ အစ္စလာမ့်အဖြေ ကမ်းလှမ်းခြင်း




ယူအက်စ်အေ
၂၃ ရက်၊ မေလ၊ ၂၀၁၂။

အမေရိကန်နိုင်ငံသားများကို စစ်မှန်သောငြိမ်းချမ်းရေးဆီသို့ သယ်ဆောင်ပေးရန်ရည်သန်၍ အမေရိ ကန်နိုင်ငံ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ မှ နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုကို စတင်လိုက် ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့အနေဖြင့် နိုင်ငံအတွင်း တွေ့ကြုံနေရသော ပြဿနာ အရပ်ရပ်ကို ဖြေရှင်းနိုင်ရန် ဘုံအဖြေကိုထုတ်ပေးသည့် သစ်လွင်သောလှုပ်ရှားမှုတစ်ခုကို စတင် လိုက်ကြောင်း အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဟာရစ်ဇဖရ်မှ http://www.cisionwire.com/ahmadiyya-muslim-community-usa တွင် ဖော်ပြထားသည်။

ဇဖရ်၏ ထိုကြေညာချက်ဆောင်းပါးကို ahmadipostmyanmar.org မှ အောက်ပါတိုင်း သုံးသပ်လေ့ လာထားပါသည်။


ကမ္ဘာလောကကြီး၏ အခြေအနေယိုယွင်းပျက်ဆီးလာသည့်နည်းတူ အမေရိကန်နိုင်ငံသားများ ကလည်း ဝမ်းနည်းပူဆွေးမှု၊ တရားမမျှတမှု၊ အလုပ်လက်မဲ့၊ ကြွေးမြီပြဿနာများနှင့် အခြားအခက် အခဲများ ရင်ဆိုင်နေရကြောင်း၊ အာဏာဩဇာရှိလူတန်းစားထဲမှ အချို့ကလည်း မိမိတို့ကိုယ်ပိုင်၏ မတော်လောဘကိုသာ ဖြည့်တင်းနေကြကြောင်း၊ ထိုသို့သောအခြေအနေတွင် ပြည်သူအများမှာ လူမှုငြိမ်းချမ်းရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပုဂ္ဂလိက ငြိမ်းချမ်းရေးများသာမက သာသနာဝင်အချင်းချင်း ငြိမ်းချမ်းမှုရရှိရေးတို့ကိုပါ ရှာဖွေကြလျက်ရှိသည်ဟု ဇဖရ်၏ ဆောင်းပါးက အစချီထားသည်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၊ အမေရိကန်၏ ဤလှုပ်ရှားမှုကို "မဆီဟ်အားဖြင့် ငြိမ်းချမ်းမှုကိုရှာ" (Peace Through the Messiah) ဟု အမည်ပေးထားကြောင်း၊ ယနေ့တွင် ထိုငြိမ်းချမ်းရေးကို မဆီဟ်အားလက်ခံခြင်းဖြင့်သာ ရရှိနိုင်တော့မည်ဖြစ်ကြောင်း၊ မဆီဟ်(မဆိုင်ယာ၊ Messiah) မှာ ဘုရားရှင်ထံမှစေလွှတ်ခြင်းခံရသည့် သူဖြစ်၍ လူအများအား ဘုရားရှင်ဘက်တော်သို့ ပြန်လည်ဖိတ်ခေါ်ကာ ကမ္ဘာလောက၏ ပြဿနာအားလုံးကိုပပျောက်စေကြောင်း တင်ပြထားသည်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၊ အမေရိကန်အနေဖြင့် တစ်နိုင်ငံတည်းနေ အမေရိကန်နိုင်ငံသား လူကြီးလူကောင်းများအား စစ်မှန်သော လေးစားမှုအားဖြင့်လည်းကောင်း၊ အလေးထားမှု၊ ကိုယ်ချင်း စာနာတတ်မှုများအားဖြင့်လည်းကောင်း ဤလှုပ်ရှားမှုကို စတင်ရခြင်းဖြစ်ကြောင်း၊ ဤလှုပ်ရှားမှုကြီး မှာ ခေတ်အခါ၏ မဆီဟ်၊ မီရ်ဇာဂူလာမ်အဟ်မဒ်ကာဒီယာနီ၏ သွန်သင်ချက်များကို ပျံ့နှံ့စေရန် ရည်သန်ကြောင်း၊ မဆီဟ်သခင်ကြီးမှာ ရှေးယခင်တမန်တော်များ တင်ကြိုဟောကြားခဲ့သည့်အတိုင်း ပွင့်ပေါ်လာသည့် မဆီဟ်ဖြစ်သည်နှင့်အညီ ဘုရားရှင်တစ်ပါးတည်းအား ယုံကြည်မှုကို ပြန်လည် စတင်ပေးရန်၊ စစ်မှန်သော သန္တိသုခ ငြိမ်းချမ်းမှုကို လူသားထုအတွင်း စည်းလုံးညီညွတ်ခြင်းဖြင့် ပြန်လည် သွတ်သွင်းပေးရန်အတွက်ဖြစ်ကြောင်း တင်ပြထားသည်။

အဟ်မဒ်သခင်သည် မဆီဟ်ဖြစ်သည်နှင့်အညီ လူသားအားလုံးအား ချစ်မြတ်နိုးတော်မူသော ဘုရားရှင်နှင့် လူသား၊ ပုဂ္ဂလိကအဆက်အသွယ်ရခြင်းဖြင့် ငြိမ်းချမ်းမှုကို ရှာဖွေနိုင်ဖို့နည်းလမ်းအား ပြန်လည်စတင် ခဲ့ကြောင်း၊ အဟ်မဒ်သခင်၏ သွန်သင်ချက်မှာ သာသနာရေးဆိုင်ရာ ငြိမ်းချမ်းမှုအတွက်သက်သက် မဟုတ်ဘဲ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးငြိမ်းချမ်းမှုများအတွက်လည်းဖြစ်ကြောင်း၊ အဘယ် ကြောင့်ဆိုသော် အဟ်မဒ်သခင်၏ သွန်သင်ချက်မှာ လုံး၀ဥဿုံတရားမျှတညီမျှခြင်းကို အခြေခံထား၍ဖြစ် ကြောင်း၊ ထို့ပြင် အဓိကအရေးအကြီးဆုံး ဆီလျော်အပ်စပ်သည့် သွန်သင်ချက်မှာ ဘုရားရှင် အားယုံကြည်ဖို့နှင့် ဘုရားရှင်နှင့်လူသားအကြား အဆက်အသွယ်ရရှိကာ ငြိမ်းချမ်းရေးသန္တိသုခကို ခံစားစေနိုင်ဖို့ဖြစ်ကြောင်း ဇဖရ်ကတင်ပြထားသည်။

ဆက်လက်၍ ဇဖရ်က နိုင်ငံလုံးဆိုင်ရာ "မဆီဟ်အားဖြင့် ငြိမ်းချမ်းမှုကိုရှာ" လှုပ်ရှားမှုကို ဇီယွန်၊ အီလီနွိုက်စ်မြို့တွင် မေလ ၂၂ ရက်နေ့က စတင်ခဲ့ကြောင်း။ ထိုမြို့မှာ ခရစ်ယာန်ဘုန်းကြီး ဒေါက်တာ အလက်ဇန်းဒါးဒိုဝီ တည်ခဲ့သော မြို့ဖြစ်ကြောင်း၊ ထိုပုဂ္ဂိုလ်မှာ လွန်ခဲ့သောနှစ် ၁၀၀က မိမိကိုယ်ကို ကမ္ဘာ့နောက်ဆုံနေ့များအတွက် ပွင့်ပေါ်မည့် မဆီဟ်အား ကြိုတင်သတင်းပေးသည့် တမန်တော် အီလီယားစ်နံပါတ် ၃ (Prophet Elijah III) အဖြစ်ကြွေးကြော်ခဲ့ကြောင်း၊ သူက ဘုရားရှင် ထံမှ စေလွှတ်ခြင်းခံရသော မဆီဟ်ဖြစ်သည့် မီရ်ဇာဂူလာမ်အဟ်မဒ် (အလိုင်စလာမ်)နှင့် စကားလုံးများ၊ အမြင်များဖလှယ်ခဲ့ပြီး အဆုံးတွင် အရှိန်အဝါကြီးမားသော နှစ်ဦးနှစ်ဘက်ဆုတောင်းခံရင်း ဘုရားရှင် ထံတော်ပါး၌ တိုက်ရိုက်အဆုံးအဖြတ်ခံယူခြင်း (Prayer Duel) ကို လူသိရှင်ကြားပြုလုပ်ကြရန် သဘောတူညီခဲ့ကြောင်း၊ ထို့နောက်တွင်မူ အလက်ဇန်းဒါးဒိုဝီ သေဆုံးခဲ့ရခြင်းဖြင့် မီရ်ဇာဂူလာမ် အဟ်မဒ်(အလိုင်စလာမ်)၏ အမှန်တရားကို အမေရိကန်နိုင်ငံအတွင်း ပိုမိုခိုင်မာလာစေခဲ့ကြောင်း၊ ထိုအကြောင်းများကြောင့်လည်း အမေရိကန်နိုင်ငံ၏ ကနဦးအကျဆုံးမွတ်စလင်မ်အသင်းအဖွဲ့ ဖြစ်သည့် အဟ်မဒီယာမွတ်စလင်မ် အဖွဲ့အနေဖြင့် ဇီယွန်မြို့၌ ယခုလှုပ်ရှားမှုကို ပထမဦးစွာ စတင်ခြင်း ဖြင့် ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ရှင်းပြထားသည်။

မဆီဟ်မီရ်ဇာဂူလာမ်အဟ်မဒ်(အလိုင်စလာမ်)နှင့် ဒေါက်တာဒိုဝီတို့၏ ဘုရားရှင်ထံတိုက်ရိုက်အဆုံးအဖြတ်ခံယူခဲ့မှု၏ ရလဒ်ကို Great is Mirza Ghulam Ahmad The Messiah ခေါင်းစဉ်ဖြင့် အမေရိကန်သတင်းစာ The Sunday Herald Boston 1907 June 23 က တင်ပြထားပုံ (ဆက်လက်လေ့လာရန် - http://goo.gl/DOYtd)

အစ္စလာမ်၏ ဝိညာဉ်ရေးရာစွမ်းပကားမှာ လူသားတို့ဘ၀အလွှာအားလုံးအတွက် စစ်မှတ်သောသန္တိ သုခကို ဖန်တီးပေးသည်။ ထိုလူသားမှာကား နိုင်ငံရေးသမား၊ စီးပွားရေးသမား၊ လူမှုရေးသို့မဟုတ် ပုဂ္ဂလိကကြင်လည်နေသူဖြစ်ပါစေ၊ မည်သို့သောသူကိုမဆို အစ္စလာမ်၏သွန်သင်ချက်က အကျိုး သက်ရောက်စေသည်။ ထိုသည့် အရေးကြီးသော တန်ဖိုးတစ်ခုကို လက်လွှတ်ခြင်းဖြင့် မိသားစုများ၊ အသင်းအဖွဲ့များနှင့် နိုင်ငံတော်အတွင်း ပျက်ဆီးမှုအကျိုးရလဒ်များဖြစ်ပေါ်လာပေမည်။ ငြိမ်းချမ်းရေး မှာကား ထိုသည့်တန်ဖိုးကို လက်တွေ့ကျင့်ကြံတည်ဆောက်ခြင်းဖြင့် ရရှိနိုင်ပါသည်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၊ အမေရိကန်၏ "မဆီဟ်အားဖြင့် ငြိမ်းချမ်းမှုကိုရှာ" (Peace Through the Messiah) လှုပ်ရှားမှုသည် အစ္စလာမ်နှင့်စပ်လျဉ်း၍ စကားစစ်ထိုးရန်ကမ်းလှမ်းမှု (Debate) သို့မဟုတ် အပြန်အလှန်ဆွေးနွေးအဖြေရှာရန်ကမ်းလှမ်းမှု (Interfaith Dialogue) များအားလုံးကို ကြိုဆိုပါသည်ဟု ဇဖရ်၏ ဆောင်းပါးက နိဂုံးချုပ်တင်ပြထားသည်။

ဆက်သွယ်ရန်

ဟာရစ်ဇဖရ် ၊ National Spokesperson ၊ အမေရိကန်
email: harris.zafar@ahmadiyya.us

မူရင်း - http://goo.gl/QI9D0

ဘာသာပေါင်းစုံချစ်ကြည်ရေး : သင်္ခန်းစာ


Religion Without Borders

Topic(s):
Immigration


နယူးယောက်မြို့ပတ်ဝန်းကျင်က ဆစ်ခ်၊ မွတ်စလင်မ်နဲ့ ဟိန္ဒူကျောင်းသားကလေးများဟာ လွန်ခဲ့တဲ့ ၆ လအတွင်း လူဘုံအလယ်မှာစကားအခြေအတင်ပြောဆိုဆွေးနွေးခြင်းဖြင့် အများသဘောတူ အဖြေ ရှာ ထုတ်နည်းပညာ (Art of Debate) ကို လေ့လာခဲ့ကြပါတယ်။ "Debate in Neighborhood" ဆိုတဲ့ အိမ်နီး နားချင်းများအကြား ရှိနေနိုင်သည့် ပြဿနာလေးများ အပေါ်အခြေအတင် ပြောဆိုဆွေး နွေးနိုင်မယ့် အချက်အလက်ကလေးတွေကို အခြေခံအဖြစ်အသုံးပြုခဲ့ကြတယ်လို့ ဆိုပါ တယ်။ ဒီသင်တန်းကိုတော့ နိုင်ငံတကာ အခြေအတင်ပြောဆိုခြင်းဖြင့် သဘောတူညီမှုတစ်ခုရရှိရေး နည်းပညာ အဖွဲ့ (International Debate Education Association) နဲ့ နယူးယောက်မြို့က ဘာသာ ပေါင်းစုံစင်တာ (Interfaith Center of New York) တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တာပါ။

Interfaith Center of New York ရဲ့ အစီအစဉ်ပူးပေါင်းဆောင်ရွက်သူ ကယ်ဗင် ချိုင်းလ်ဒရက်စ်က "ရည်ရွယ်ချက်ကတော့ အခြေချနေထိုင်လာတဲ့ နိုင်ငံသားအသစ်များနဲ့ မျိုးဆက်သစ်လူငယ် လေးများကို ဘာသာပေါင်းစုံနဲ့ လိုက်လျောညီထွေစွာ ကြင်လည်လှုပ်ရှားနိုင်ဖို့၊ အခြေအတင်ပြောဆို အဖြေရှာနိုင် မယ့် အရည်အချင်းတွေလေ့လာနိုင်ဖို့၊ သူတို့ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ဘာသာတရားတွေ ကို အချင်းချင်း ဖလှယ်နိုင်ဖို့၊ အပြန်အလှန်လေးစားမှုတိုးတက်ဖြစ်ထွန်းလာဖို့နဲ့ အပြန်အလှန်နား လည်စာနာပေးမှုလေးတွေ ဖြစ်ထွန်းလာစေဖို့ပါ။" ဟု ပြောပြခဲ့သည်။




http://www.odysseynetworks.org/video/religion-without-borders မှ မြန်မာပြန်ပါသည်။


သင်ခန်းစာ

ဒီမိုကရေစီစနစ်ကို သွားနေသော မြန်မာနိုင်ငံအနေဖြင့်လည်း အခြားနိုင်ငံများ၌ ငယ်စဉ်ကာလက တည်း က Racial Harmony ၊ Religious Harmony ခေါ် လူမျိုးဘာသာခြားများအချင်းချင်း လိုက် လျောညီ ထွေနေထိုင်ကြင်လည်နိုင်စေရန် ပဲ့ပြင်ထိန်းသိမ်းပေးနေမှုများအား အတုယူလေ့လာသင့် ပါသည်။ သို့မှသာ မြန်မာပြည်သားများလည်း Globalization နှင့်အမှီ ရင့်ကျက်တည်ငြိမ်သော Interfaith Dialogue များဖြင့် အချင်းချင်းအပြန်အလှန် နားလည်စာနာစွာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်လာနိုင် ကြမည်ဟု ယူဆမိသည်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-