Thursday, July 19, 2012

ပါကစ္စတန်၊ ကရာချိ : အိုရန်ဂီမြို့ အဟ်မဒီမွတ်စလင်မ်အဖွဲ့ ခေါင်းဆောင်သေနတ်ဖြင့် ပစ်သတ်ခံရ

ဇူလိုင်လ ၁၉ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၂
သတင်း - အိမ်ရားန်ဂျတာလာ၊ Ahmadiyyatimes
source: @BalalHaider @SaiNiz @AtifAhmadS @Al_Ufaq



ပါကစ္စတန်နိုင်ငံမှ မွတ်စလင်မ်ဆိုသူများ၏ အကြမ်းဖက်ဝါဒလှုံဆော်မှုများပါ စာတမ်းများ၊ လက်ကမ်းစာ စောင်များသာမက နံရံများ၊ လမ်းကြိုလမ်းကြားများတွင် လက်လွတ်စပယ်ရေးသားထား သော အမုန်းတ ရားကြီးထွားစေသည့် စာသားများကြောင့် အဟ်မဒီမွတ်စလင်မ်များမှာ အကြမ်းဖက်လူသတ်ကောင်၊ မွတ်စလင်မ်ဆိုသူများ၏ ပစ်မှတ်များဖြစ်နေကြရပေသည်။

ပါကစ္စတန်နိုင်ငံ၊ ကရာချိရှိ အိုရန်ဂီမြို့၊ အဟ်မဒီမွတ်စလင်မ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူမှာ ယမန်နေ့ နံနက်ပိုင်းက ၎င်း၏နေအိမ်ရှေ့၌ပင် သေနတ်ဖြင့်အကြမ်းဖက်ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

သတင်းအရ အဟ်မဒီမွတ်စလင်မ်အဖွဲ့၏ နယ်မြေခေါင်းဆောင်ဖြစ်သူမှာ အနီးကပ်ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဦးခေါင်းဒဏ်ရာအရ သိရှိရသည်။

ထိုသတင်းအား အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ပါကစ္စတန်နိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဆလီးမ်မုဒီးန်က အတည်ပြုပေးခဲ့သည်။ ပစ်သတ်ခံခဲ့ရသူမှာ အိုရန်ဂီမြို့မှ အဟ်မဒီမွတ်စလင်မ်အဖွဲ့၏ ဥက္ကဌ၊ မစ္စတာနအီးမ်အဟ်မဒ် ဂေါ်ဒဲလ်ဖြစ်ပြီး အသက် ၅၂ နှစ်ရှိကာ ဇနီးသည်ကျန်ရစ်သည်။

ထို့ပြင် မစ္စတာဂေါ်ဒဲလ်မှာ အစိုးရအရာရှိတစ်ဦးဖြစ်ကာ ပါကစ္စတန်နိုင်ငံတော်အစိုးရဘဏ်တွင် လက် ထောက်ဒါရိုက်တာရာထူး ရရှိထားသူဖြစ်သည်။

ပါကစ္စတန်တွင် အဟ်မဒီမွတ်စလင်မ်များမှာ အကြမ်းဖက်မွတ်စလင်မ်ဆိုသူများ၏ လွယ်ကူသည့် ပစ်မှတ်များဖြစ်နေသည်သာမက သာသနာရေးဆိုင်ရာ အမုန်းတီးခံများအနေဖြင့် သူတို့၏ လွတ်လပ် ခွင့်နှင့် လူသားရေးဆိုင်ရာ အခွင့်အရေးများကိုပါ နိုင်ငံတော်အစိုးရကိုယ်တိုင်၏ ကန့်သတ်ထိန်းချုပ် ခြင်းကို ခံနေကြရသည်။

ထို့ပြင် မစ္စတာဆလီးမ်မုဒ္ဒီးန်က ဤသည့်အကြမ်းဖက်တိုက်ခိုက်မှုမှာ အမုန်းတရားကြီးထွားစေမည့် အကြမ်းဖက်မွတ်စလင်မ်များ၏ ဝါဒဖြန့်ချိမှုများကြောင့်ဟု ထင်ရကြောင်း၊ အန္တီအဟ်မဒီ မွတ်စလင်မ် ခေါင်းဆောင်များ လက်မှတ်ရေးထိုးထားသော လမ်းကြိုလမ်းကြားအုတ်နံရံများ ၌ရေးသားထားသည့် အန္တီအဟ်မဒီမှတ်ချက်များကြောင့်လည်း ဖြစ်နိုင်ကြောင်း တင်ပြ ပြောဆိုသည်။

"ဒါအဖြစ်အပျက်က ကရာချိမှာ ၆ လအတွင်း ဒုတိယအကြိမ် အဟ်မဒီမွတ်စလင်မ်အဖွဲ့ဝင်တွေထဲက အသက်ဆုံးရှုံးရခြင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ အခြားအဟ်မဒီတစ်ဦးကို ဒီလိုပဲလုပ်ကြံ ခဲ့ကြပါသေးတယ်။" ဟု မစ္စတာဆလီးမ်က ပြောဆိုသည်။

၆၅နှစ်မြောက် အာဇာနည်နေ့နှင့် မြန်မာပြည်ရှိ အဟ်မဒီမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ




၁၉ ဇူလိုင် ကျရောက်ပြန်ခဲ့ပါပြီ။ ဒီအချိန်အခါကတော့ ဇူလိုင် ၁၉ ရဲ့ စစ်မှန်တဲ့ အရေးပါမှုကို ထုတ် ဖော် ပြသကြရမယ့်အချိန်ပါပဲ။

ဒီနေ့အခါသမယကတော့ မြန်မာ့မြေပေါ်က အစ္စလာမ်သာသနာဝင်များအတွက်ပိုပြီး အရေးပါနေ သလို အခြားနိုင်ငံသူ၊ နိုင်ငံသား ညီရင်းအစ်ကို မောင်ရင်းနှမများကလည်း မြန်မာ ပြည်ဖွား မွတ်စလင်မ်များကို သူတို့ရဲ့သာသနာအပေါ်မှာ လုံး၀ဥဿုံပျပ်ဝပ်ထားရင်းနဲ့မှ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ကို ဘယ်လိုထုတ်ဖော်ပြသမလဲ၊ ဘယ်လိုရပ်တည်ပြမလဲဆိုတာ တွေနဲ့ ပတ်သတ်ပြီး စောင့်ကြည့်ကောင်း စောင့်ကြည့်နေပါလိမ့်မယ်။

အစ္စလာမ့်သွန်သင်ချက်ကတော့ ဒီလိုပါ။ မွတ်စလင်မ်တစ်ဦးတစ်ယောက်က မိမိရဲ့ တပြည်တည်း သားချင်းကို ရန်ဘက်ပြုမယ်ဆိုရင်တော့ အဲဒီမွတ်စလင်မ်က အစ္စလာမ့်အရင်းခံ သွန်သင်ချက်ကို ဖောက်ဖျက်ကျူးလွန်သူပါ။ အစ္စလာမ့်တမန်တော်ကြီး မုဟမ္မဒ် (သခင့်အပေါ်သို့ ငြိမ်းချမ်းခြင်း သန္တိ သုခအဖြာဖြာ ကျရောက်ပါစေ)က အသင်တို့ရဲ့ တိုင်းပြည်ပေါ်မှာ ချစ်တဲ့စိတ် (မျိုးချစ်စိတ်) ဟာ (သာသနာအပေါ်) သက်ဝင်ယုံကြည်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုပြီး အလွန်တရာ လှပသိမ် မွေ့စွာ သွန်သင်မိန့်ကြားတော်မူခဲ့ပါတယ်။

ကုရ်အာန်ကျမ်းတော်မြတ်က မွတ်စလင်မ်များကို မိမိတို့အထက်က အုပ်ချုပ်သူများအား နာခံဖို့ အခု လို သွန်သင်ထားပါတယ်။

"အို-သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြလေကုန်၊ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်၏ အမိန့်တော်များကို လည်းကောင်း၊ မိမိတို့အနက်မှအာဏာပိုင်များ၏အမိန့်ကိုလည်းကောင်း၊ လိုက်နာကြလေကုန်။"
(အလ်ကုရ်အာန် ၄.၅၉၊ အဟ်မဒီမွတ်စလင်မ်များသည် ဗိစ္စမိလ်လာဟ်ကိုပါ ထည့်သွင်းရေတွက် သဖြင့် အဟ်မဒီများ၏မူအရ ၄.၆၀)

တဖန် တမန်တော်မုဟမ္မဒ်က အခုလို သွန်သင်ထားပြန်ပါတယ်။

"ငါ့အားနာခံသူဟာ ဘုရားရှင်ကို နာခံသူဖြစ်တယ်။ ငါ့ကို မနာခံသူကတော့ ဘုရားရှင်ကို မနာခံသူဖြစ်တယ်။ ဘယ်သူမဆို မိမိအထက်က အုပ်ချုပ်သူကို နာခံမယ်ဆိုရင် ငါ့ကို နာခံတာနဲ့ သဏ္ဌာန်တူဖြစ်တယ်။ မိမိအထက်က အုပ်ချုပ်သူကို မနာခံသူကတော့ ငါ့ကို မနာခံတာနဲ့ သဏ္ဌာန်တူပဲ ဖြစ်တယ်။" (မွတ်စလင်မ်ကျမ်း၊ ကိတာဗ်အလ် အိမာရာဟ်)

ဒါကြောင့် တိုင်းပြည်အုပ်ချုပ်သူများကို နာခံဖို့နဲ့ မျိုးချစ်စိတ်ဓာတ် ထားရှိကြဖို့ကို ကုရ်အာန်ကျမ်း တော်နဲ့ တမန်တော်ကြီး မုဟမ္မဒ်တို့က ရှင်းလင်းစွာ သွန်သင်ထားပြီးဖြစ်ပါတယ်။ ဒီလို မိမိတို့ရဲ့ မွေးရပ်မြေနိုင်ငံတော်အပေါ်သာမက အမျိုးသားချင်းများအပေါ်မှာပါ သစ္စာမဖောက်ဖျက်စတမ်း ထားရှိရမယ့် မျိုးချစ်စိတ်ဓာတ်နဲ့ပတ်သတ်ပြီး အစ္စလာမ့်သွန်သင်ချက် ကတော့ လက်တွေ့ကျသလို မင်းမဲ့စရိုက်တွေနဲ့ သူပုန်ထမှုတွေကိုပါ အမြစ်ကနေ တွန်းလှန်ဖို့ ရည်ရွယ်ပါတယ်။

အစ္စလာမ့်သွန်သင်ချက်က ယူနီဗာဆယ်ဖြစ်သလို မွတ်စလင်မ်တွေအားလုံးကိုလည်း ငြိမ်းချမ်းစွာ ဘ၀ကျောင်းလမ်းစေဖို့ ဆင့်ဆိုပါတယ်။ ဒီသွန်သင်ချက်က မွတ်စလင်မ်တွေကို ဘယ်သောအခါမှ သစ္စာစောင့်သိရိုသေမှုနဲ့ပတ်သတ်ပြီး ဇဝေဇဝါဖြစ်စေဖို့ရာ လမ်းညွှန်ထားတာမျိုးမရှိပါ။ ဒါကြောင့် လည်း မြန်မာ့လွတ်လပ်ရေးကျိုးပမ်းမှုသမိုင်းမှာ အစ္စလာမ်သာသနာကို မမှိတ်မသုန် ယုံကြည်သက် ဝင်ထားကြတဲ့ မြန်မာနိုင်ငံသား အမြောက်အမြားကို တွေ့ရမှာဖြစ်သလို အာဇာနည်ကြီးများစာရင်းမှာ လည်း မြန်မာမွတ်စလင်မ်များကိုယ်စားပြု ဆရာကြီး ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့ကို တွေ့ကြရ မှာပါ။

ဒါပေမယ့် ယနေ့မွတ်စလင်မ်များအပေါ်မှာ ဘာသာခြားများကထင်မြင်နေတဲ့ မှားယွင်းတဲ့အယူအဆ အချို့အား အချို့မွတ်စလင်မ်ဆိုသူတွေကိုယ်တိုင်က လက်ခံကျင့်သုံးနေကြတာကို ဝမ်းနည်းဖွယ်တွေ့ မြင်နေကြရပါတယ်။ ဥပမာ - ဗလီဝတ်ကျောင်းတော်အတွင်းကို မွတ်စလင်မ်မဟုတ်သူများ ဝင်ခွင့် ရှိပါသလား။ မက္ကာဟ်နှင့် မဒီနာကို မွတ်စလင်မ် မဟုတ်သူများ ဝင်ခွင့်ရှိပါသလား ဆိုတဲ့ မေးခွန်းတွေ ပါ။

အဟ်မဒီမွတ်စလင်မ်များရဲ့ စစ်မှန်တဲ့ အစ္စလာမ့်သွန်ချက်ကို အခြေပြုပြီး ဖြေကြားပေးနိုင်တဲ့ အထက် ပါမေးခွန်းတွေအတွက်အဖြေကတော့ ဟုတ်ကဲ့၊ ဝင်ခွင့်ရှိပါတယ်။ ထိုသို့ ဝင်ခွင့်ရှိခြင်းကလည်း အစ္စလာမ့်သွန်သင်ချက်အရသာဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန်အရ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အခြားသူတစ်ဦးကို ဗလီအတွင်းဝင်ရောက် ခြင်းမှ မတားဆီးထားနိုင်သလို ကျမ်းစာဥပဒေအရတားဆီးထားခြင်း လည်းမရှိပါ။ သို့သော် ၀င်ရောက်မယ့် လူက အန္တရာယ်ပြုနိုင်သူ၊ မပြုနိုင်သူဆိုတဲ့ ချွင်းချက်တော့ရှိပါတယ်။

ဗလီဟာ ဘုရားသခင်ရဲ့ အိမ်တော်ဖြစ်တာကြောင့် လူအားလုံး ၀တ်ပြုဆုတောင်းသင့်တဲ့၊ ၀တ်ပြုဆု တောင်းနိုင်တဲ့နေရာဖြစ်လို့ ဘယ်သူမဆို ၀င်ရောက်ခွင့်ရှိပါတယ်။

ဒါပေမယ့် ဗလီအတွင်းမှာ ရုပ်တုဆင်းတုကိုတော့တားမြစ်ထားပါတယ်။ ဗလီအတွင်းမှာ ဆင်းတုရုပ် တုကို တားမြစ်ရခြင်းက ကာဘာကျောင်းတော်(မက္ကာမြို့ရှိ)ကို အကာအကွယ်ပြုဖို့ ရည်ရွယ်ခဲ့ပြီး ယခုအခါမှာတော့ ဗလီကျောင်းအားလုံးအတွက်ရည်ရွယ်ပါတယ်။ ဒီလိုအားဖြင့် ဘုရားရှင်တစ်ပါး တည်းကို ယုံကြည်ကြသူများအတွက် မြင့်မြတ်တဲ့နေရာဌာနအဖြစ် တည်တံ့နေစေဖို့ဖြစ်ပါတယ်။

အစ္စလာမ့်သွန်သင်ချက်အရ မွတ်စလင်မ်မဟုတ်သူများလည်း မက္ကာနဲ့ မဒီနာရှိ မြင့်မြတ်သော ဗလီဝတ်ကျောင်းတော်များအတွင်း ၀င်ရောက်ခွင့်ရှိပါတယ်။

တမန်တော်မြတ် မုဟမ္မဒ်လက်ထက်တော်က နာဂျ်ရန်မြို့မှ ခရစ်ယာန်ခေါင်းဆောင်များ ကိုယ်တော် မြတ်ကို လာရောက်တွေ့ဆုံကြတော့ ကိုယ်တော်မြတ်က ထိုခေါင်းဆောင်များကို မဒီနာမြို့ရှိ မိမိရဲ့ ဗလီဝတ်ကျောင်းအတွင်း တွေ့ဆုံဖို့ စီစဉ်ခဲ့ပါတယ်။ ထိုသို့ဖြင့်တွေ့ဆုံနေကြစဉ်မှာ ခရစ်ယာန် ခေါင်းဆောင်များက ဗလီထဲကထွက်ပြီး ဘုရားဝတ်တက်ဖို့တောင်းဆိုကြတဲ့အခါ ကိုယ်တော်မြတ်က ဗလီဝတ်ကျောင်းဆိုတာ ဘုရားရှင်ရဲ့ အိမ်တော်ဖြစ်တာကြောင့် ဘယ်သူမဆို မိမိတို့ရဲ့ ဘုရားဝတ် တက်မှုများကို ဖြည့်ဆီးဖို့ ဗလီအတွင်းမှာပဲ ဆောင်ရွက်နိုင်ကြောင်း မိန့်ကြားခဲ့တာကြောင့် ထိုသူများကလည်း ဗလီအတွင်းမှာပဲ ဘုရားဝတ်တက်ခဲ့ကြပါတယ်။ (အိဗ်နေဟီရှမ်၊ အတွဲ ၁၊ စာ – ၅၇၅-၅၇၇)

အိဗ်နေဟီရှမ်ဆိုတာ တမန်တော်မြတ်(ဆွ)ရဲ့ အထုပ္ပတ္တိကို ရေးထားတဲ့ အီဂျစ်ပြည်ထုတ် မှတ်တမ်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သတ်ပြီး ဝီကီပီဒီယမှတ်တမ်းကတော့ ဒီလိုဖော်ပြပါတယ်။

In the tenth year of the Hijrah, a delegation of fourteen Christian Chiefs from Najran; among them Abdul Masih of Bani Kinda, their chief, and Abdul Harith, bishop of Bani Harith, came to Medina to make a treaty with the Islamic prophet Muhammad, and were permitted by him to pray in his mosque, which they did turning towards the east.[4]

" ဟစ်ဂျရီ ၁၀ ခုနှစ်တွင်၊ နာဂ်ျရန်မြို့မှ ခရစ်ယာန်ခေါင်းဆောင် ၁၄ ဦးပါဝင်သော အဖွဲ့ကို ဘနီကင် ဒါမျိုးနွယ်ဝင် အဗုလ် မဆီဟ်ဆိုသူနှင့် ဘနီဟရိသ်မျိုးနွယ်မှ ခရစ်ယာန်ဘုန်းတော်ကြီး အဗုလ် ဟရိသ် ဆိုသူတို့ခေါင်းဆောင်လျက် မဒီနာမြို့သို့ တမန်တော်မုဟမ္မဒ်နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုဖို့ ရောက်ရှိလာခဲ့သည်တွင် ထိုသူတို့အား (မဒီနာမြို့တွင်းသို့ ပေးဝင်ခဲ့သည်သာမက) တမန်တော် မုဟမ္မဒ်ကိုယ်တိုင် သူတို့ကို ဗလီဝတ်ကျောင်းအတွင်း ဘုရားဝတ်ပြုခွင့် ပေးခဲ့လေသည်။ ထိုဗလီဝတ် ကျောင်းတော်အတွင်းတွင် သူတို့က အရှေ့ဘက်သို့ မျက်နှာမူကာ (ဘုရားဝတ်တက်ခဲ့ကြလေသည်။) "

ဒါကြောင့် စစ်မှန်တဲ့သွန်သင်ချက်နဲ့ ဓလေ့ထုံးတမ်းစဉ်လာများကို ကြည့်ပြီး မွတ်စလင်မ်များအား မှတ်ချက်တစုံတရာပေးနိုင်ကြဖို့နဲ့ မွတ်စလင်မ်များအနေနဲ့လည်း စစ်မှန်တဲ့သွန်သင်ချက် ဓလေ့များ ကို ကျင့်သုံးနိုင်ကြဖို့ရာ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ သို့မှသာ အစ္စလာမ်ဘာသာဝင် မြန်မာ မွတ်စလင်မ်ကြီး ဦးရာဇတ်လျောက်လှမ်းခဲ့သောလမ်းမျိုးကို သမိုင်းစာမျက်နှာထက်တွင် ကြိမ်ဖန်များ စွာ မြင်တွေ့ခဲ့ရသလို ထပ်မံမြင်တွေ့နေကြရဦးမှာလည်း ဖြစ်ပါတယ်။

ရည်ညွှန်း -

၁) PATRIOTISM AND LOYALTY TO THE NATION - THE ISLAMIC PERSPECTIVE

၂) Q10: Are non-Muslims allowed inside mosques?

၃) http://en.wikipedia.org/wiki/Christian_community_of_Najran#cite_ref-3

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-