Sunday, August 9, 2020

အေမာမ်မဟ်ဒီ၏ အခန်းကဏ္ဍ

 

ဟာဇရတ် မေရ်ဇာ ဂူလာမ် အဟ်မဒ်သခင်

အေမာမ် မဟ်ဒီဆိုတဲ့ စကားရပ်မှာ အေမာမ်နဲ့ မဟ်ဒီ ဆိုတဲ့ ဝေါဟာရနှစ်ခုပါဝင်ပါတယ်။ အေမာမ်ဆိုတာကတော့ အာရဗီစကားလုံးဖြစ်ပြီး အားလုံးသိကြတဲ့အတိုင်း ဝတ်ပြုမှုကို ဦးဆောင်သူကို ခေါ်တာဖြစ်တယ်။ သူ့ရဲ့နောက်မှာ အားလုံးဟာ နောက်လိုက်နာခံရတယ်။ ဝတ်ပြုတဲ့အခါ အေမာမ်ဦးဆောင်သူဟာ အမှားလုပ်မိပါစေ သူ့ရဲ့နောက်ကို အခြားသူတွေက လိုက်နာကြရတယ်။ ဒါဟာ မွတ်စလင်တွေအားလုံး အေမာမ်ကို နာခံလိုက်နာကြတဲ့ ပုံစံဖြစ်ပြီး သူဟာ မွတ်စလင်တွေရဲ့ခေါင်းဆောင်ဖြစ်တယ်။ မဟ်ဒီဆိုတာကတော့ လမ်းညွှန်ခြင်းခံရသူ တနည်းအားဖြင့် အလ္လာဟ်အရှင်မြတ်က လမ်းညွှန်တဲ့ပုဂ္ဂိုလ်ကိုဆိုလိုတာဖြစ်တယ်။ သူ့ကို အလ္လာဟ်အရှင်မြတ်က ဘာကြောင့်လမ်းညွှန်တာလဲ? သူကတစ်ဆင့် မွတ်စလင်တွေအားလုံးကိုထပ်ဆင့် လမ်းညွှန်ပြဖို့အတွက်ပဲဖြစ်တယ်။ ဒီနေရာမှာ မေးစရာရှိတာက မွတ်စလင်တွေကို တစ်ခါပြန်ပြီး လမ်းညွှန်ပြဖို့ လိုအပ်လို့လား? အလ်ဟမ်ဒုလိလ္လာဟ် ကျွန်တော်တို့မှာ တမန်တော်မြတ်(ဆွ) ထံကို ချပေးထားတဲ့ ကျမ်းတော်မြတ်ကိုရ်အာန် မူရင်းမပျက်ရှိနေတယ်။ ကိုရ်အာန်ကျမ်းစာကို နားလည်ဖို့ တမန်တော်မြတ်ရဲ့ ဓလေ့တော်တွေ၊ ဒါ့အပြင် အစ္စလာမ့်သင်ကြားချက်တွေကို နားလည်ဖို့ ဟဒီးစ်တော်တွေလည်းရှိတယ်။ ဒါတွေဟာ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ပွင့်ပေါ်လာရခြင်းရဲ့ အဓိကရည်ရွယ်ချက်လည်းဖြစ်တယ်။ ကျွန်တော်တို့ဟာ ကျမ်းတော်မြတ်ကိုရ်အာန်ကို လိုက်နာပြီး ကောင်းမွန်တဲ့ မွတ်စလင်တွေဖြစ်အောင် ဘယ်လိုနေထိုင်၊ လုပ်ဆောင်ရမလဲဆိုတာ တမန်တော်မြတ်ဟာ လာရောက်ပြသခဲ့တယ်။

ကျွန်တော်တို့မှာ လိုအပ်တဲ့ လမ်းညွှန်ချက်တွေအားလုံးရှိတယ်။ ဒါဆိုဘာများလိုအပ်သေးလို့လဲ? အဖြေကတော့ ကျွန်တော်တို့ဟာ ဘယ်လိုလမ်းညွှန်ချက်ကိုမှ မလိုတော့ဘူး။ ကျွန်တော်တို့မှာ အကောင်းဆုံးဆိုတဲ့ လမ်းညွှန်ချက်တွေ ရှိနှင့်ပြီးသားဖြစ်တယ်။ ဒါပေမယ့် မေးစရာရှိတာက မွတ်စလင်တွေဟာ ဒီလမ်းညွှန်ချက်တွေကို လိုက်နာနေကြရဲ့လား? အဖြေကတော့ ရှင်းလင်းပါတယ်။ အစ္စလာမ်ဟာ ညီညွတ်ရေးပဲဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်ကလည်း တစ်ပါးတည်းဖြစ်တယ်။ ဒီအတိုင်းပဲ မွတ်စလင်တွေအားလုံးဟာ ညီအစ်ကိုတွေပဲဖြစ်သင့်တယ်။ ဝမ်းနည်းစရာကောင်းတာက မွတ်စလင်တွေဟာ လက်တွေ့မှာ ဒီလိုမဟုတ်ပါဘူး။ မွတ်စလင်တွေဟာ ကွဲပြားနေကြတယ်။ ကျွန်တော်တို့အချစ်တော် တမန်တော်မြတ် (ဆွ) ရှင်းရှင်းလင်းလင်းမိန့်ကြားတာက ' မွတ်စလင် တစ်ဦးဟာ အခြားမွတ်စလင်တစ်ဦးကို ထိခိုက်အောင် မလုပ်ရဘူး။ မသတ်ဖြတ်ရဘူး။' ဒါပေမယ့် မွတ်စလင် ကမ္ဘာကိုကြည့်လိုက်မယ်ဆိုရင် မွတ်စလင်တွေဟာ သူတို့အချင်းချင်းကြားမှာ တစ်ဦးနဲ့တစ်ဦး ထိခိုက်နစ်နာအောင် ပြုလုပ်နေကြတယ်။ တစ်ဦးကို တစ်ဦး ကာဖိရ် မိစ္ဆာဒိဌိ လို့စွပ်စွဲပြောဆိုနေကြတယ်။ ဒါ့အပြင်တစ်ဦးနဲ့တစ်ဦး သတ်ဖြတ်နေကြတယ်။ ဒါတွေကို ကြည့်ရင် မွတ်စလင်တွေဟာ ညီညွတ်နေတယ်လို့ပြောနိုင်ပါ့မလား။ အစ္စလာမ်ဟာ ငြိမ်းချမ်းတဲ့ ဘာသာတရားဖြစ်တယ်။ အစ္စလာမ်ဆိုတဲ့ စကားလုံးကိုယ်တိုင်က 'ငြိမ်းချမ်းခြင်း၊ နာခံခြင်း၊ ဘုရားရှင် အလိုအတိုင်း ဦးညွတ်ခြင်း' လို့အဓိပ္ပာယ်ရတယ်။ ဒါပေမယ့် မွတ်စလင် ကမ္ဘာမှာ ငြိမ်းချမ်းခြင်းရှိပါရဲ့လား ?

အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကိုရ်အာန်ကိုချပေးခဲ့တယ်။ စွန်နဟ် နဲ့ ဟဒီးစ် ကျမ်းဂန်တွေရှိပြီးဖြစ်တယ်။ ဒါကြောင့် ဒီလိုလမ်းညွှန်ချက်တွေတော့ မလိုတော့ပါဘူး။ ဒါပေမယ့် ဒီလမ်းညွှန်ချက်တွေကို လိုက်နာဖို့လိုတယ်။ ကျွန်တော်တို့ဟာ နေ့စဉ် စူရာဖာတီဟာမှာ ' အေ့ဟ်ဒေနတ်စ် ဆေရာသလ် မွတ်စ်သကီး ' ဆိုပြီး ဖြောင့်မှန်တဲ့ လမ်းကို ပြဖို့ အကြိမ်ပေါင်း (၃၀) ကျော် ဆုတောင်းတယ်။ အလ္လာဟ်အရှင်မြတ်က ဒီဆုတောင်းကို လက်ခံပြီး ကိုရ်အာန်ရဲ့ သင်ကြားချက်တွေကို လိုက်နာစေဖို့နဲ့ မွတ်စလင်တွေအားလုံးကို တစ်စုတစ်စည်းတည်းဖြစ်စေဖို့ ကျွန်တော်တို့ဆီကို အလ္လာဟ်အရှင်မြတ်ဘက်က လမ်းညွှန်ခြင်းခံရတဲ့ အေမာဟ်မဟ်ဒီကို စေလွှတ်ပွင့်ပေါ်စေခဲ့တယ်။

ဒါကြောင့် တမန်တော်မြတ်(ဆွ) မိန့်ကြားတာက ....

"အသင်တို့ဟာ မဟ်ဒီကို ရှာဖွေတွေ့ရှိမယ်ဆိုရင် သူရဲ့လက်မှာ ဘိုင်အတ် (နာခံရန် ကတိသစ္စာပြုခြင်း) ကို ခံယူပါ။ အသင်တို့ဟာ သူ့ထံကို သွားကြရမယ်။ ရေခဲနေတဲ့ တောင်တွေကို ဖြတ်ပြီး ဒူးထောက်သွားရပါစေဦး သူ့ဆီကို အရောက်သွားကြရမယ်။ သူဟာ (အလ္လာဟ်ထံမှလမ်းညွှန်ခံရသူ) မဟ်ဒီ ဖြစ်တယ်။ ဒါ့အပြင်သူဟာ ခလီဖာ (ဦးစီးဦးဆောင်) လည်းဖြစ်တယ်။ " (အိဗ်နေ့မာဂျာ ကျမ်း)

စာသင်ကျောင်းတွေနဲ့ သင်ကြားရာအဆောက်အဦတွေဟာ စာအုပ်တွေနဲ့ပဲပြည့်နှက်နေပြီး အုပ်ထိမ်းမယ့် ဆရာမရှိတော့ဘူးဆိုရင် တပည့်တွေဟာ အကွဲကွဲအပြားပြားဖြစ်ပြီး ခေါင်းဆောင်မှုကင်းမဲ့နေလိမ့်မယ်။ ဒါကြောင့် လူတိုင်းဟာ တမန်တော်မြတ် (ဆွ) ရဲ့ညွှန်ကြားချက်ကို လိုက်နာမယ်ဆိုရင် မွတ်စလင်ကမ္ဘာတစ်ခုလုံးဟာ အေမာမ် မဟ်ဒီကို လက်ခံပြီး ဘိုင်အတ်ယူခြင်းအားဖြင့် တစ်စုတစ်စည်းတည်း ညီညွတ်သွားမှာ ဖြစ်တယ်။ အင်ရှာအလ္လာဟ်။

Sunday, June 7, 2020

ကနေဒါမှာကျင်းပတဲ့ အွန်လိုင်း ခလီဖာနေ့ အခမ်းအနား

အဟ်မဒီယာ ခလီဖာစနစ် တည်ထောင်တာ (၁၁၂) နှစ်မြောက်နေ့ အဖြစ် ကနေဒါနိုင်ငံအနှံ့မှာ ဂျလ်ဆာ (အခမ်းအနား) တွေကျင်းပနေခဲ့ကြပါတယ်။ ဒီနှစ်မှာ အခမ်းအနားတွေကို သက်ဆိုင်ရာ ဒေသအသီးသီးက အဖွဲ့ခွဲတွေမှာပဲ ကျင်းပကြပါတယ်။
 
ကိုဗစ် -၁၉ ကာကွယ်ရေးအကြောင်းပြုပြီး ကနေဒါက အဟ်မဒီယာ ဂျမာအတ် တော်တော်များများမှာ အွန်လိုင်းဆွေးနွေးပွဲ၊ အခမ်းအနားတွေ အသုံးပြုမှု တွင်ကျယ်လာပါတယ်။ အောက်ခြေကနေ ဗဟိုအထိ လစဉ်တွေ့ဆုံဆွေးနွေးမှုတွေကိုလည်း အင်တာနက်အသုံးပြုပြီး အွန်လိုင်းကနေ ပြုလုပ်ကြပါတယ်။
 
ပြီးခဲ့တဲ့အတောအတွင်းမှာ ကနေဒါနိုင်ငံရဲ့ အဟ်မဒီယာ ဗဟိုဌာနချုပ် စီစဉ်ပြီး အွန်လိုင်းအခမ်းအနားတွေ အများအပြားပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ခလီဖာနေ့အခမ်းအနားတွေကိုတော့ သက်ဆိုင်ရာ ဂျမာအတ်အသီးသီးမှာပဲ ပြုလုပ်လေ့ရှိကြပါတယ်။ ကနေဒါ Castlemore ဂျမာအတ်က မေလ (၂၇) ရက်နေ့က ဒီအခမ်းအနားကို အွန်လိုင်းအသုံးပြုပြီး ကျင်းပခဲ့ပါတယ်။ အခမ်းအနားကျင်းပမယ့် အချိန်ကို ကြိုတင်ကြေငြာထားပြီး တက်ရောက်ဖို့အတွက် ဆက်သွယ်တဲ့ လင့် (Invitation Link) တွေကို အီးမေးလ်၊ Viber ၊ WhatsApp စတာတွေကနေ တစ်ဆင့် အဖွဲ့သားတွေဆီကို ပေးပို့ခဲ့ပါတယ်။ လက်ခံရရှိသူဟာ လင့် (Link) ကို နှိပ်လိုက်တာနဲ့ မျက်နှာပြင် (screen) တစ်ခုပွင့်လာပြီး ဆွေးနွေးပွဲအခမ်းအနားကို ချိတ်ဆက်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ လူတော်တော်များများက ဒီလိုလုပ်ဆောင်တာကို ရင်းနှီးပြီးသားဖြစ်ပေမယ့် အချို့လိုအပ်တဲ့သူတွေကိုတော့ ဖုန်းဖြေကြားမှုကတစ်ဆင့် လမ်းညွှန်ပေးခဲ့ပါတယ်။

ဆွေးနွေးပွဲ မစခင်မှာ ကျမ်းတော်မြတ် ကိုရ်အာန် ဖတ်ရွတ်မယ့်သူ၊ နဇာမ် လင်္ကာရွတ်ဆိုမယ့်သူ ၊ စကားပြောမယ့်သူ တွေကို နမူနာ လေ့ကျင့်ပြောဆိုစေပါတယ်။ ဒီလိုအားဖြင့် တင်ပြပြောဆိုမယ့်သူတွေဟာ ဒီအွန်လိုင်း အခမ်းအနားမှာ ပြောဆိုတာနဲ့ ရင်းနှီးသွားမှာဖြစ်ပါတယ်။ သူတို့ရဲ့  PowerPoint presentation တွေ ဘယ်လိုပြမလဲ၊ နောက်ခံမြင်ကွင်း ၊ အလင်းအမှောင် စတာတွေကို ချိန်ညှိုဖို့ လမ်းညွှန်ပေးပါတယ်။ စည်းဝေးပွဲ အခမ်းအနားကို မစတင်ခင် မိနစ် (၂၀) အလိုမှာပဲ တက်ရောက်မယ့်သူတွေကို ချိတ်ဆက်ခွင့်ပြုပါတယ်။

ကနေဒါနိုင်ငံ Castlemore အရပ်က ဂျမာအတ် ဥက္ကဌ ရာစာရ် ဆာဟစ်ဗ်က ခလီဖာစနစ်ရဲ့ ကောင်းချီးမင်္ဂလာ အကြောင်းတင်ပြပါတယ်။ ဒီနောက်မှာ ကတိတော်ရ မဆီဟ်သခင်ရဲ့ သတင်းကောင်းကို တင်ပြပါတယ်။ ဒီနောက်မှာ တမန်တော်တိုင်းရဲ့ ဒုတိယနိမိတ်လက္ခဏာဖြစ်တဲ့ ခလီဖာစနစ်အကြောင်းကို တင်ပြပါတယ်။ နောက်ဆုံးမှာ မဆီဟ်သခင်ကို ဆက်ခံတဲ့ ခလီဖာ ငါးဦးစလုံးရဲ့ သမိုင်းကြောင်းတွေကို တင်ပြပြီး သူတို့ ဂျမာအတ်ကို ဘယ်လို ဦးဆောင် လမ်းညွှန်နေတယ်ဆိုတာကို တင်ပြခဲ့ပါတယ်။
Add caption


သာသနာပြုမှုးဖြစ်သူ အနီးက် အဟ်မဒ် ဆာဟစ်ဗ် က ဘုရားသခင်က ခလီဖာစနစ်ကို ဘယ်လိုခန့်အပ်ခဲ့ကြောင်း၊ အလ္လာဟ်အရှင်မြတ်ခန့်အပ်တဲ့ ခလီဖာတိုင်းကို အရှင်မြတ်က ကူညီကြောင်း နဲ့ ခလီဖာတိုင်းရဲ့ တာဝန်တွေကို တင်ပြပြောဆိုခဲ့ပါတယ်။

ဒီနောက်မှာ ဂျမာအတ် အခမ်းအနားအပိတ်မှတ်ချက် စကားပြောဆိုပြီး အသံတိတ် ဒိုအာဆုတောင်းကို ဦးဆောင်ခဲ့ပါတယ်။ အွန်လိုင်းအခမ်းအနားကို စုစုပေါင်း ချိတ်ဆက်သူပေါင်း ၃၅ ခုနဲ့ ချိတ်ဆက်တက်ရောက်မှုတိုင်းမှာ မိသားစု ၃/၄ ဦးရှိတဲ့အတွက် စုစုပေါင်း တက်ရောက်သူ ၁၃၀ ခန့် ရှိခဲ့ပါတယ်။

အလ္လာအရှင်မြတ် ခလီဖာစနစ်ကို ကာကွယ်စောင့်ရှောင့်တော်မူပြီး ကျွန်တော်တို့ကိုလည်း ခလီဖာစနစ်ရဲ့ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းဆောင်ရွက်နိုင်တဲ့ စွမ်းအားပေးပါစေ။

Sunday, March 29, 2020

ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ဟာဇရတ်မီရ်ဇာမတ်စ်ရူးရ်အဟ်မဒ်သခင်၏ အထူးသတင်းစကား

ယခုတလော ကမ္ဘာပေါ်မှာ ကူးစက်ရောဂါပိုးပျံ့နှံ့နေတဲ့အတွက် ဗလီ ဝတ်ကျောင်းတွေမှာ လူစုလူဝေးဖြင့် နမာဇ်ဝတ်ပြုခြင်းမပြုကြဖို့ နိုင်ငံတကာ အစိုးရအတော်များများက ကန့်သတ်မှုတွေ ပြုလုပ်ထားပါတယ်။ ဒီနိုင်ငံ(ယူကေ) အစိုးရကလည်း ကန့်သတ်ထားပါတယ်။ အကယ်၍ ဝတ်ပြုမယ်ဆိုရင်လည်း နှစ်ဦးသုံးဦးမျှဖြင့်၊ လူအနည်းငယ်ထက်မပိုရဘူးလို့ အစိုးရပိုင်းက ကန့်သတ် ထားပါတယ်။ အဲ့ဒိလူအနည်းငယ်ဆိုတာကလည်း နီးစပ်တဲ့ဆွေမျိုးသားချင်း တွေဖြစ်ရပါမယ်။ ယခုထိတော့ အစိုးရဘက်က ဘယ်လိုမျိုး ဥပဒေထုတ်ပြန် ထားသလဲဆိုတာ ရှင်းလင်းစွာမသိရသေးပါဘူး။ အစိုးရကထုတ်ပြန်တဲ့ ဥပဒေနဲ့ ပတ်သက်ပြီး လူတွေက တစ်ယောက်တစ်မျိုး ဖွင့်ဆိုမှုတွေလုပ်နေကြပါတယ်။ တချို့ကလည်း ကျွန်တော်အထက်မှာပြောခဲ့သလို နီးစပ်တဲ့ဆွေမျိုးသားချင်းတွေပဲ စုပြီးဝတ်ပြုနိုင်တယ်လို့ပြောကြသလို၊ တချို့ကလည်း ဆွေမျိုးသားချင်းတွေအပြင် မိတ်ဆွေတွေရော အနီးဝန်းကျင်မှာနေထိုင်ကြသူတွေပါ ပါဝင်ဝတ်ပြုနိုင်တယ်လို့ ဆိုကြပါတယ်။


မည်သို့ဆိုစေ ဒီလိုအခြေအနေမျိုးမှာ ကပ်ရောဂါ လုံးဝဥဿုံ ပပျောက် သွားခြင်းမရှိသေးသမျှ ဂျွမ္မာခွတ္တဘာနဲ့ ဂျွမ္မာဆွလာတ်ကိုဝတ်ပြုနိုင်မှာ မဟုတ် ပါဘူး။ အကြောင်းကတော့ ဂျွမ္မာဖြစ်မြောက်ဖို့အတွက် သတ်မှတ်ထားတဲ့ တချို့အချက်တွေကိုမဖြစ်မနေဆောင်ရွက်ဖို့လိုအပ်တာကြောင့်ပါပဲ။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ တချို့သောအကြံပြုချက်တွေကြောင့် ဂျွမ္မာခွတ္တဘာဖတ်ကြား ခြင်းအစား ကျွန်တော့်ရုံးခန်းကနေပဲ ခင်ဗျားတို့ကို သတင်းစကားအနည်းငယ် ပြောကြားရင် ပိုကောင်းမယ်၊ ဂျွမ္မာကိုတော့ ဝတ်မပြုတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါ တယ်။ သောကြာနေ့မှာ ခေတ်အခါရဲ့ခလီဖာဟ်မိန့်ကြားတဲ့ ဂျွမ္မာခွတ္တဘာကို နားထောင်ခြင်းဟာ ခင်ဗျားတို့အတွက် အလေ့အကျင့်တစ်ခုလိုဖြစ်နေပါပြီ။ အကယ်၍ ယနေ့ ကျွန်တော်က ဂျမာအတ်အဖွဲ့ဝင်တွေကို တစ်စုံတစ်ရာ တိုက် ရိုက်ပြောကြားခြင်းမပြုဘူးဆိုရင် ဂျမာအတ်သားတွေ စိတ်အားငယ်သွားကြပါ လိမ့်မယ်။ ဒါတင်မက အမျိုးမျိုးသော တွေးထင်မှုတွေလည်း ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော်က နည်းလမ်းတစ်မျိုးမျိုးနဲ့ ဂျမာအတ်အဖွဲ့ဝင်တွေကို တစ်စုံတစ်ရာတိုက်ရိုက်ပြောဆိုရင်ကောင်းမယ်လို့ စဉ်းစားမိတဲ့အတွက် ရုံးခန်း ကနေပဲ သတင်းစကားပြောကြားဖို့ရာ ရွေးချယ်လိုက်ပါတယ်။

မည်သို့ဆိုစေ အထက်မှာ ကျွန်တော်ပြောခဲ့သလို ယနေ့ဂျွမ္မာကိုတော့ ကျွန်တော်တို့ဝတ်ပြုမှာမဟုတ်ပါဘူး။ နောင်အခါမှာ ဘယ်လိုစီစဉ်ဆောင်ရွက် မလဲ၊ ဘယ်လိုနည်းလမ်းကို ရွေးချယ်ကျင့်သုံးမလဲဆိုတာကိုတော့ (အင်န်ရှာ အလ္လာဟ်) အချိန်နဲ့တစ်ပြေးညီ ကြေညာသွားပါမယ်။ ကာလရှည်ကြာထိ ဂျွမ္မာ ကိုလည်း ကျွန်တော်တို့ လက်လွှတ်လို့မရပါဘူး။ ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော့်ရဲ့ ဂျွမ္မာခွတ္တဘာကတစ်ဆင့် ဂျမာအတ်အဖွဲ့ဝင်တွေနဲ့ ဆက်သွယ်မှု မပြတ်တမ်းရှိနေဖို့ကလည်း မဖြစ်မနေလိုအပ်ပါတယ်။ အခုလို ကပ်ရောဂါဆိုက် ရောက်နေတဲ့အခြေအနေမျိုးမှာ ကျွန်တော့်ရဲ့ခွတ္တဘာက ပိုပြီးတော့တောင် အရေးကြီးလိုအပ်ပါတယ်။ ဒိအတွက်ကြောင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ နှီးနှောတိုင်ပင်ဆွေးနွေးပြီးနောက်မှာ ဘယ်လိုလုပ်ဆောင်ရင်ကောင်းမလဲဆို တာကို နည်းလမ်းရှာဖွေသွားပါမယ်။
ဂျမာအတ်အဖွဲ့ဝင်တွေကိုလည်း ကျွန်တော်ပြောလိုတာက- ဒီကပ်ရောဂါ ကြောင့် ဗလီဝတ်ကျောင်းမှာ လာရောက်ဝတ်မပြုကြဖို့ အစိုးရပိုင်းက တားမြစ် ထားသည်ဖြစ်စေ၊ မတားမြစ်သည်ဖြစ်စေ၊ ဥပမာ- ဒီနိုင်ငံ(ယူကေ)မှာဆိုရင် တစ်ဦးချင်းတော့ ဗလီမှာ နမာဇ်ဝတ်ပြုလို့ရတယ်၊ လူဦးရေအနည်းငယ်ရှိတဲ့ မိသားစုတစ်ခုစာလောက် ဗလီမှာ နမာဇ်လာရောက်ဝတ်ပြုနိုင်တယ်လို့ သတ် မှတ်ပေးထားပါတယ်၊ ဒီလိုဝတ်ပြုမယ်ဆိုရင်လည်း တစ်ဦးနဲ့တစ်ဦး ကပ်မနေဘဲ ခပ်ကျဲကျဲဝတ်ပြုရမယ်၊ တစ်ဦးနဲ့တစ်ဦးကြားမှာ ဘယ်လောက်ခြားပြီးဝတ်ပြုရ မယ် စတာတွေကိုလည်း အစိုးရက သတ်မှတ်ပေးထားပါတယ်။ ဒီလိုခွင့်ပြုထား ပေမဲ့ အားလုံးစုရုံးပြီးဝတ်ပြုလို့မရတာကြောင့် ဒါက ]နမာဇ်ဘာဂျမာအတ်}မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ဒီလိုအခြေအနေမျိုးမှာ ဂျမာအတ်အဖွဲ့ဝင်တွေအနေနဲ့ မိမိတို့အိမ်တွေမှာ နမာဇ်ဘာဂျမာအတ်ကို ဝတ်ပြုကြရပါမယ်။ ဂျွမ္မာခွတ္တဘာနဲ့ ဆွလာတ်ကိုလည်း အိမ်မှာရှိတဲ့ မိသားစုဝင်တွေ စုပေါင်းပြီးဝတ်ပြုရပါမယ်။ ဂျွမ္မာခွတ္တဘာဖတ်တဲ့အခါမှာလည်း မဆီဟ်မော်အူးဒ်သခင်ရဲ့'မလ်ဖူဇာတ်'ထဲကဖြစ်စေ၊ ဂျမာအတ်ကထုတ်ဝေထားတဲ့ အခြားစာအုပ်စာပေတွေထဲကဖြစ်စေ၊ မဆီဟ်မော်အူးဒ်သခင်ရဲ့ အခြားကျမ်းစာအုပ်တွေထဲကဖြစ်စေ၊ 'အလ် ဖဇလ်'သတင်းစာထဲကဖြစ်စေ၊ 'အလ်ဟကမ်'သတင်းစာထဲကဖြစ်စေ၊ ဂျမာအတ် ကထုတ်တဲ့ အခြားသတင်းစာတစ်ခုခုထဲကဖြစ်စေ စာပိုဒ်တချို့ကိုထုတ်နုတ်ပြီး ခွတ္တဘာဖတ်ကြားတင်ပြနိုင်ပါတယ်။ အိမ်မှာရှိတဲ့ မိသားစုဝင်တွေထဲက အရွယ် ရောက်တဲ့ ယောကျာ်းလေးတစ်ဦးဦးကဖြစ်စေ၊ လူကြီးအရွယ်အမျိုးသားတစ်ဦးဦး ကဖြစ်စေ ဂျွမ္မာဝတ်ပြုခြင်းအပြင်၊ ငါးကြိမ်နမာဇ်ကိုလည်း ဦးဆောင်ဝတ်ပြုနိုင်ပါ တယ်။

မည်သို့ဆိုစေ ဂျွမ္မာကိုတော့ ကာလရှည်ကြာ စွန့်လွှတ်ဖြတ်တောက် ထားလို့မရနိုင်ပါဘူး။ အိမ်တွေမှာ မိသားစုဝင်တွေက ဂျွမ္မာခွတ္တဘာနဲ့ ဂျွမ္မာ ဆွလာတ် ဝတ်ပြုကြမယ်ဆိုရင်၊ ဒီလိုဆောင်ရွက်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ကြမယ်ဆိုရင် ခွတ္တဘာဖတ်ကြားနိုင်ဖို့ရာ စာအုပ်စာပေတွေ ဖတ်ရှုရပါလိမ့် မယ်။ ဒီလိုစာအုပ်စာပေတွေဖတ်ရှုပြီဆိုရင်တော့ မိမိတို့ရဲ့အသိပညာမှာလည်း တိုးတက်လာပါလိမ့်မယ်။ နောက်ပြီး အစိုးရပိုင်းက တားမြစ်ကန့်သတ်ထားတဲ့ အတွက် အိမ်မှာနေထိုင်ရခြင်းကလည်း သာသနာရေး၊ နာမ်ဝိညာဉ်ရေးနဲ့ အသိ ပညာပိုင်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကျိုးရှိစေတဲ့ အခွင့်အလမ်းတစ်ခုဖြစ် လာစေပါတယ်။ အခုတလော 'အလ်ဟကမ်'သတင်းစာမှာ နိုင်ငံတကာမှ ဂျမာ အတ်အဖွဲ့ဝင်တွေရဲ့ ခံစားချက်အမြင်တွေကို စဉ်ဆက်မပြတ် ရေးသားတင်ပြ လျက်ရှိပါတယ်။ အဲ့ဒိမှာ နိုင်ငံတကာမှ ဂျမာအတ်အဖွဲ့ဝင်အတော်များများဟာ 'အစိုးရပိုင်းက အပြင်မထွက်ရဆိုပြီး ကန့်သတ်မိန့်ထုတ်ထားတဲ့အတွက်ကြောင့် မိမိတို့ဟာ အိမ်မှာပဲနေပြီး ဘယ်လိုပြုမူလုပ်ဆောင်မှုတွေနဲ့အတူ အချိန်တွေကို ဖြတ်သန်းကုန်လွန်နေကြသလဲ'ဆိုတဲ့အကြောင်းတွေကို တင်ပြထားပါတယ်။ အဲ့ဒိထဲမှာ ဂျမာအတ်အဖွဲ့ဝင်အတော်များများက 'မိမိတို့ဟာ အိမ်မှာနေပြီး ကျမ်းမြတ်ကုရ်အာန်၊ ဟဒီးစ်၊ မဆီဟ်မော်အူးဒ်သခင်ရဲ့ကျမ်းစာအုပ်တွေနဲ့ ဂျမာအတ်ကထုတ်ဝေတဲ့ စာအုပ်စာပေတွေကိုဖတ်ရှုပြီး အသိပညာကို တိုးတက် ကျယ်ပြန့်အောင်ပြုလုပ်နေကြကြောင်း' တင်ပြထားကြပါတယ်။
အခုဆိုရင် ကမ္ဘာ့နိုင်ငံအတော်များများမှာရှိတဲ့ လောကီသားတွေက တောင် အိမ်မှာပဲနေရတဲ့ အခုလိုအချိန်တွေမှာ မိမိတို့ဟာ ဘယ်လိုတွေပြုမူ လုပ်ဆောင်နေကြကြောင်း၊ ဒိအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိကြောင်း မိမိတို့ရဲ့ခံစားချက်အမြင်တွေကို ပြောပြနေကြပါတယ်။ သူတို့က ]မိမိတို့ဟာ ယခုအချိန်မှာ အိမ်မှာပဲနေရတဲ့အတွက် အိမ်တွင်းမှုမိသားစုဘဝအခြေအနေ၊ မိမိတို့ကိုယ်တိုင်ရဲ့အပြုအမူပိုင်းအခြေအနေကို ပိုမိုကောင်းမွန်တိုးတက်အောင် ပြုလုပ်ဖို့ အခွင့်အရေးရရှိလာကြကြောင်း၊ ဒီလိုအားဖြင့် မိမိတို့လက်လွှတ်ဆုံးရှုံး ထားရတဲ့ နွေးထွေးမှုရှိတဲ့မိသားစုဘဝအခြေအနေကို ပြန်လည်ရရှိလာနေပြီဖြစ် ကြောင်း' ပြောနေကြပါပြီ။
ဒီလိုရှိတာကြောင့် ကျွန်တော်တို့အနေနဲ့လည်း မိမိတို့ရဲ့မိသားစုဘဝ အခြေအနေတိုးတက်လာစေဖို့၊ မိမိတို့ကိုယ်တိုင်ရဲ့အခြေအနေတွေနဲ့ အပြုအမူ တွေကို ကောင်းမွန်တိုးတက်အောင်ပြုလုပ်ပြီး၊ သားသမီးတွေကို ]တရ်ဗီယတ်} သွန်သင်ပဲ့ပြင်မှုတွေလုပ်ခြင်းဖြင့် ခုလိုအိမ်မှာနေရတဲ့ရက်တွေကို ဖြတ်သန်းကုန် လွန်နိုင်ဖို့ ကြိုးစားအားထုတ်ရပါမယ်။ ြွှဗ ရုပ်မြင်သံကြားကနေထုတ်လွှင့်တဲ့ အစီအစဉ်တွေကို အချိန်တစ်ခုယူပြီး မိမိတို့မိသားစုဝင်အားလုံးနဲ့အတူ ကြည့် ရှုရပါမယ်။ နောက်ပြီး မူလကလည်း ကျွန်တော်ပြောခဲ့ပြီးဖြစ်သလို၊ အစိုးရ ပိုင်းကလည်း တိုင်းသူပြည်သားတွေရဲ့အကျိုးကိုမျှော်ကိုးပြီး၊ တိုင်းသူပြည်သား တွေရဲ့ ကျန်းမာရေးအခြေအနေ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့အတွက် ဆောင်ရန်ရှောင်ရန်အချက်တွေနဲ့ တချို့လိုက်နာရမယ့်ဥပဒေတွေလည်း ထုတ် ပြန်ထားပါတယ်။ အစိုးရကထုတ်ပြန်တဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေနဲ့ လိုက်နာရမယ့်ဥပဒေတွေကို သက်ဆိုင်ရာနိုင်ငံတိုင်းက အဟ်မဒီတွေအနေနဲ့ မဖြစ်မနေလိုက်နာရပါမယ်။

အရေးအကြီးဆုံး လိုက်နာရမယ့်အချက်ကတော့ ပြီးခဲ့တဲ့တစ်ပတ်ခွတ္တ ဘာမှာ ကျွန်တော်ပြောခဲ့သလို၊ ဒိုအာဆုတောင်းမှုဘက်သို့ များစွာအာရုံစိုက် ရပါမယ်။ ဒိုအာဆုတောင်းခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်ရဲ့ 'ဖဇလ်'ကျေးဇူး တော်ကို မိမိတို့ဘက်သို့ ဆွဲငင်နိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ အရှင် မြတ်ရဲ့'ဖဇလ်'အားဖြင့် မိမိတို့ရဲ့ရုပ်ပိုင်းနဲ့နာမ်ပိုင်းအခြေအနေတွေကို ကျန်းမာ ကြံ့ခိုင်ပြီး တိုးတက်လာအောင် စွမ်းဆောင်နိုင်ပါတယ်။ ဒီအချက်ကိုပဲ မဆီဟ် မော်အူးဒ်သခင်က ကျွန်တော်တို့ကို အကြိမ်ကြိမ်သွန်သင်မိန့်မှာထား ခြင်းဖြစ်ပါတယ်။ ခုလို ကပ်ရောဂါကျရောက်နေတဲ့အချိန်မျိုးမှာလည်း သခင်ကြီး က ဒီအချက်ကိုပဲ သွန်သင်ထားခြင်းဖြစ်ပါတယ်။ သခင်ကြီးရဲ့သွန်သင်ချက်က တော့-

'အသင်တို့သည် ဤသို့သောဒုက္ခအခက်အခဲဆိုက်ရောက်သည့်အခြေ အနေမျိုးတွင် ဘုရားသခင်အရှင်မြတ်ထံတွင် မိမိတို့ကျူးလွန်ခဲ့သည့်အပြစ်များ အတွက် ခွင့်လွှတ်မှုကိုတောင်းခံကြကုန်။ နှလုံးသားကို ဖြူစင်စွာထားကြကုန်။ ကောင်းမှုကိစ္စများကိုဆောင်ရွက်ခြင်း၌ မိမိတို့ကိုယ်ကိုမြှုပ်နှံထားကြကုန်။'
အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို 'ဒိုအာဆုတောင်း'ဆိုတဲ့ အလွန် ကြီးမားတဲ့လက်နက်ကို ပေးသနားချီးမြှင့်ထားပါတယ်။ ဒါ့ကြောင့် ဒိုအာဆု တောင်းမှုကိုအကြောင်းခံပြီး အလ္လာဟ်အရှင်မြတ်ရဲ့ကာကွယ်စောင့်ရှောက်မှု အရိပ်အောက်သို့ရောက်ရှိလာနိုင်အောင် ကျွန်တော်တို့အားလုံး ကြိုးစားရပါ မယ်။ နောက်ပြီး အရှင့်အရိပ်အောက်မှာ ခိုလှုံနိုင်ရေးကိစ္စကို အထူးသဖြင့် အာရုံစိုက်ကြရမှာဖြစ်ပါတယ်။
ဂျွမ္မာဝတ်မပြုရခြင်းအကြောင်းနဲ့ပတ်သက်ပြီးပြောရရင်၊ တချို့အချိန် အခါတွေမှာ 'နမာဇ်ဘာဂျမာအတ်'နဲ့ ဂျွမ္မာကို လွှတ်ရကြောင်း တချို့ခိုင်မာတဲ့ ဟဒီးစ်တွေအားဖြင့် သိရှိရပါတယ်။
ဆွဟီးဟ်ဘူခါရီကျမ်းမှာ ဟဒီးစ်ဆင့်ပြန်ချက်တစ်ခုလာရှိပါတယ်။

'ဟာဇရတ်အိဗ်နေ့အဗ္ဗားစ်သခင်က မိုးသည်းထန်စွာရွာသောနေ့ တစ်နေ့တွင် 'မူအာဇင်'(အာဇန်ဆိုသူ)အား 'အသင်သည် 'အက်ရှ်ဟဒုအလ္လာအီ လားဟအိလ်လလ္လာ၊ အက်ရှ်ဟဒုအန်နာ မိုဟမ္မဒရ်ရစူလွလ္လာ' ဟူ၍ဆိုပါ၊ ထို့ နောက် 'ဟိုင်ယာအ်လက်ဆွလာဟ်' (ဆွလာတ်ဝတ်ပြုရန်လာကြကုန်)ဟုမဆိုဘဲ 'ဆွလ်လူး ဖီးဘူယူတိကွန်မ်' (မိမိတို့အိမ်များ၌သာ ဆွလာတ်ဝတ်ပြုကြကုန်)ဟူသည့် စကားလုံးကိုရွတ်ဆိုပါ'ဟု လမ်းညွှန်မိန့်ကြားခဲ့လေသည်။ 'မူအာဇင်'ထံမှ ထိုအသံကိုကြားသော် လူတို့အတွက် အသစ်ဖြစ်နေပြီး သူတို့က အံ့ဩကြ လေသည်။ ထိုအခါတွင် အိဗ်နေ့အဗ္ဗားစ်သခင်က 'ဤလုပ်ရပ်မျိုးကို ကျွနု်ပ်ထက် များစွာသာလွန်ကောင်းမြတ်သော တမန်တော်မြတ်ကလည်း လုပ်ဆောင် တော်မူခဲ့လေသည်၊ ဂျွမ္မာဝတ်ပြုရမည်မှာ မဖြစ်မနေလိုအပ်သော်လည်း ကျွနု်ပ် သည် အသင်တို့ ရွှံ့ဗွက်ထဲမှဖြတ်သန်းပြီး ဗလီဝတ်ကျောင်းသို့ ခက်ခဲစွာလာရ မည်ကို မနှစ်သက်ပါ'ဟု မိန့်ကြားလေသည်။'
ဒီဆင့်ပြန်ချက်ကို ဆွဟီးဟ်မွတ်စလင်ကျမ်းမှာလည်း ဖော်ပြထားပါ တယ်။ ဆင့်ပြန်ချက်နှစ်ခုစလုံးက တူပါတယ်။ ဒါပေမဲ့ တချို့စကားလုံးတွေ လောက်ပဲ ပြောင်းလဲသွားပါတယ်။
အိဗ်နေ့အဗ္ဗားစ်သခင်က ဆင့်ပြန်ပါတယ်။

'ကျွနု်ပ်သည် မိုးသည်းထန်စွာရွာသောနေ့ တစ်နေ့တွင် 'မူအာဇင်'(အာဇန်ဆိုသူ)အား 'အသင်သည် 'အက်ရှ်ဟဒုအလ္လာအီ လားဟအိလ်လလ္လာ၊ အက်ရှ်ဟဒုအန်နာ မိုဟမ္မဒရ်ရစူလွလ္လာ' ဟူ၍ဆိုပါ၊ ထို့ နောက် 'ဟိုင်ယာအ်လက်ဆွလာဟ်' (ဆွလာတ်ဝတ်ပြုရန်လာကြကုန်)ဟုမဆိုဘဲ 'ဆွလ်လူး ဖီးဘူယူတိကွန်မ်' (မိမိတို့အိမ်များ၌သာ ဆွလာတ်ဝတ်ပြုကြကုန်)ဟူသည့် စကားလုံးကိုရွတ်ဆိုပါ'ဟု လမ်းညွှန်မိန့်ကြားခဲ့လေသည်။ 'မူအာဇင်'ထံမှ ထိုအသံကိုကြားသော် လူတို့အတွက် အသစ်ဖြစ်နေပြီး သူတို့က အံ့ဩကြ လေသည်။ ထိုအခါတွင် ကျွနု်ပ်က 'အသင်တို့ ဤလုပ်ရပ်ကို အံ့ဩကြသလော။ ဤလုပ်ရပ်မျိုးကို ကျွနု်ပ် ထက် များစွာသာလွန်ကောင်းမြတ်သော တမန်တော်မြတ်ကလည်း လုပ် ဆောင်တော်မူခဲ့လေသည်၊ ဂျွမ္မာဝတ်ပြုရမည်မှာ မဖြစ်မနေလိုအပ်သော်လည်း ကျွနု်ပ်သည် အသင်တို့ ရွှံ့ဗွက်ထဲမှဖြတ်သန်းပြီး ဗလီဝတ်ကျောင်းသို့ ခက်ခဲစွာ လာရမည်ကို မနှစ်သက်ပါ'ဟုပြောဆိုခဲ့လေသည်။'
အလ္လာမာအေမာမ်နဝါဝီကလည်း မိမိရဲ့'ရှရ်ရာ'ဖွင့်ဆိုချက်ကျမ်းမှာ အဲ့ဒိဟဒီးစ်ကို ရှင်းလင်းချက်ရေးသားဖော်ပြထားပါတယ်။

'ဤဟဒီးစ်တော်အားဖြင့် မိုးရွာသွန်းမှု စသည့် မတတ်သာ၍ ခက်ခဲကျပ် တည်းသောကိစ္စများတွင် ဂျွမ္မာကိုစွန့်လွှတ်၍ရနိုင်ကြောင်း သက်သေအထောက် အထားရရှိပေသည်။ ဤနည်းလမ်းကိုပင် ကျွနု်ပ်တို့ ကျင့်သုံးပါသည်။ အေမာမ် မာလစ်က်မှတစ်ပါး အခြားသော 'ဖူကာဟာ'(ဓမ္မသတ်ပညာရှင်)များကလည်း ထိုနည်းအတိုင်းပင် ကျင့်သုံးကြပါသည်။'
ဒီအတိုင်းပဲ 'ဖေကာဟ်'ဓမ္မသတ်ပညာရှင်တွေက ဂျွမ္မာကို စွန့်လွှတ် ရခြင်းအတွက် အကြောင်းပြချက်တွေထဲမှာ လူစုလူဝေးရှိရာ ဗလီထဲသို့ ဝင်လို့ မရနိုင်တဲ့ ရောဂါဝေဒနာမျိုးခံစားနေရရင်လည်း ဂျွမ္မာကင်းလွတ်ခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။ အဲ့ဒိအတွက်သက်သေအထောက်အထားအဖြစ် ကျမ်းမြတ် ကုရ်အာန်ထဲမှာ အလ္လာဟ်အရှင်မြတ် မိန့်ကြားထားတဲ့ 'အလ္လာဟ်အရှင်မြတ် သည် အသင်တို့အတွက် သာသနာတော်၌ မည်သို့သောခက်ခဲကျပ်တည်း မှုကိုမျှ ပြုလုပ်ထားခြင်းမရှိချေ'ဆိုတဲ့အချက်ကို တင်ပြကြပါတယ်။ ဒီအတိုင်းပဲ တမန်တော်မြတ်နာမကျန်းဖြစ်တဲ့အခါ ကိုယ်တော်က ဗလီဝတ်ကျောင်း တော်သို့ သွားလာခြင်းကို ရပ်တန့်လိုက်ပါတယ်။ ဒီအခါမှာ ကိုယ်တော်က 'အဘူဘက္ကရ်အား နမာဇ်ကိုဦးဆောင်ဝတ်ပြုရန်ပြောလိုက်ပါ'ဆိုပြီး မိန့်တော် မူပါတယ်။ ဒီအကြောင်းကို ဘူခါရီကျမ်းမှာလည်း ဖော်ပြထားသလို မွတ်စလင် ဟဒီးစ်ကျမ်းမှာလည်းဖော်ပြထားပါတယ်။ ဒါ့ပြင် ရောဂါတစ်ခုခုဖြစ်မှာကို စိုးရိမ်ရတဲ့အခြေအနေမှာရှိတဲ့ လူတစ်ယောက်အတွက်လည်း ဂျွမ္မာကင်းလွတ်ခွင့် ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ အဲ့ဒါအတွက် သက်သေအထောက်အထား ကတော့ အိဗ်နေ့အဗ္ဗားစ်သခင်ရဲ့ဆင့်ပြန်ချက်မှာ ရရှိနိုင်ပါတယ်။ အဲ့ဒိဆင့်ပြန် ချက်မှာ တမန်တော်မြတ်က ဂျွမ္မာကင်းလွတ်ခွင့်ရှိခြင်းအချက်ထဲမှာ အသက် အန္တရာယ်တစ်စုံတစ်ရာထိခိုက်မှာ ကြောက်ရွံ့ရတဲ့အခြေအနေနဲ့ ရောဂါဖြစ်မှာ စိုးရိမ်ရတဲ့အခြေအနေရှိသူတွေအတွက် ဂျွမ္မာကင်းလွတ်ခွင့်ရှိကြောင်း သတ်မှတ် ထားတာတွေ့ရပါတယ်။ ဒီအကြောင်းကို ဆူနန်အဘူဒါဝတ်ဟဒီးစ်ကျမ်းမှာ ဖော်ပြထားပါတယ်။

မည်သို့ဆိုစေ အခုဖြစ်နေတဲ့ရောဂါဟာ ကူးစက်ပျံ့နှံ့မှာကိုလည်းစိုးရိမ် နေရသလို၊ ဒီရောဂါကနေ ကင်းလွတ်နိုင်ဖို့ နိုင်ငံတော်အစိုးရကလည်း တချို့ သော ဆောင်ရန်ရှောင်ရန်အချက်အလက်တွေနဲ့ ဥပဒေတွေကို ပြဋ္ဌာန်းထား ပါတယ်။ နိုင်ငံတော်ကပြဋ္ဌာန်းတဲ့ ဥပဒေနဲ့အညီ ကျင့်သုံးတည်ဆောက်ဖို့လည်း မဖြစ်မနေလိုအပ်ပါတယ်။ ခုလိုအခြေအနေမျိုးမှာ လူတွေတစ်နေရာတည်း၌ စုရုံးကြခြင်း၊ နမာဇ်ဘာဂျမာအတ်ဝတ်ပြုခြင်း၊ ဂျွမ္မာဝတ်ပြုခြင်း စတာတွေကို ပြုလုပ်ဖို့အတွက် ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်အထက်မှာပြောခဲ့သလို မိမိတို့အိမ်တွေမှာ မိသားစုဝင်တွေနဲ့အတူ နမာဇ်ဘာဂျမာအတ်ဝတ်ပြုတတ်တဲ့ အကျင့်ကို မွေးမြူကြပါ။ ဒီလိုမျိုး မိသားစုနဲ့အတူ နမာဇ်ဝတ်ပြုမယ်ဆိုရင် တစ်ဖက်မှာ သားသမီးတွေက ဘယ်အခြေအနေမှာပဲမဆို နမာဇ်ဝတ်ပြုဖို့နဲ့ နမာဇ်ဘာဂျမာအတ်ဝတ်ပြုဖို့ မဖြစ်မနေလိုအပ်ပါလားဆိုတာကို သိရှိလာမှာဖြစ် သလို၊ လတ်တလောဖြစ်ပေါ်နေတဲ့ ကမ္ဘာ့အခြေအနေတွေကြောင့် ဗလီဝတ် ကျောင်းသို့မသွားနိုင်ပေမဲ့ နမာဇ်ဘာဂျမာအတ်ဝတ်ပြုခြင်းဆိုတဲ့ 'ဖရာဇ်'မပြု မနေရတာဝန်ကိုတော့ မိမိတို့အိမ်တွေမှာ မိသားစုနဲ့အတူဆောင်ရွက်ဖို့ မဖြစ် မနေလိုအပ်တယ်ဆိုတာကိုလည်း သိရှိလာပါလိမ့်မယ်။ ဒါ့ကြောင့် မိသားစုနဲ့အတူ နမာဇ်ဘာဂျမာအတ်ဝတ်ပြုခြင်းဘက်သို့ အထူးအာရုံစိုက်ကြပါ။
ခရီးပေါ်မှာရောက်နေတဲ့အချိန် ဂျွမ္မာဝတ်ပြုလို့မရပါဘူး။ မဆီဟ်မော် အူးဒ်သခင်လည်း တစ်ခါမှာ ခရီးမှာရှိတဲ့အချိန် ဂျွမ္မာဝတ်ပြုခဲ့ခြင်း မရှိ ပါဘူး။ ဒီတော့ ပြောရမယ်ဆိုရင် များစွာသောဟဒီးစ်ဆင့်ပြန်ချက်တွေရှိပါတယ်။ ဒီဆင့်ပြန်ချက်တွေကိုထောက်ရှုခြင်းအားဖြင့် ကန့်သတ်မှုတွေပြုလုပ်ရလောက်တဲ့ အထိ ကပ်ရောဂါတွေဖြစ်နေပြီဆိုရင်၊ အဲ့ဒီလိုအခါမျိုးတွေမှာ စုရုံးဖို့ဆိုတာ၊ ပြီးတော့ တစ်ဦးနဲ့တစ်ဦးတွေ့ဆုံဖို့ဆိုတာ မသင့်လျော်ကြောင်း၊ သီးခြားနေခြင်း က ပိုမိုသင့်လျော်ကောင်းမွန်ကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့် တစ်ဦးနဲ့တစ်ဦး ထိတွေ့မှု၊ စုရုံးမှုတွေမလုပ်ဘဲ သီးခြားပဲနေကြရပါမယ်။

မည်သို့ဆိုစေ ကျွန်တော်အစမှာ ပြောခဲ့ပြီးဖြစ်သလိုပါပဲ။ ကာလရှည်ကြာ တစ်ခုထိ ဂျွမ္မာကို စွန့်လွှတ်ထားလိုက်မှာမဟုတ်ပါဘူး။ အကောင်းဆုံးနည်းလမ်း တစ်ခုခုကိုရှာဖွေပြီး စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကပ်ရောဂါပျံ့နှံ့နေတဲ့ အတောအတွင်းမှာ ဂျမာအတ်အဖွဲ့ဝင်တွေအနေနဲ့ မိမိတို့အိမ်မှာ မိသားစုဝင်တွေ နဲ့အတူ ဂျွမ္မာကိုဝတ်ပြုကြပါ။ ကျွန်တော်လည်း ဂျွမ္မာဝတ်ပြုနိုင်အောင် ကြိုး စားပါမယ်။
နောက်တစ်ခု အရေးကြီးဆုံးအချက်ကတော့ ဂျမာအတ်အဖွဲ့ဝင်တွေ အားလုံး ခုလိုဒိုအာဆုတောင်းကြရပါမယ်။
'အားလုံးအပေါ် အလ္လာဟ်အရှင်မြတ် 'ဖဇလ်'ကျေးဇူးပြုတော်မူပါစေ။အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာလောကကို ကပ်ရောဂါမှ အမြန်ဆုံးလွတ် မြောက်အောင် ပြုလုပ်ပေးသနားတော်မူပါစေ။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာလောကတစ်ခုလုံးကို လူသားချင်းဖြည့်ဆည်းထမ်းဆောင်ရမယ့်တာဝန် တွေနဲ့ လူသားဆန်မှုအတွက် တောင်းဆိုနေတဲ့အချက်တွေကို ဖြည့်ဆည်းနိုင် သူတွေဖြစ်အောင်၊ ပြီးတော့ မိမိတို့အားဖန်ဆင်းတဲ့ ဖန်ဆင်းရှင်ဘုရားသခင်ကို သိမှတ်နားလည်သူတွေဖြစ်အောင် ပြုလုပ်ပေးတော်မူပါစေ။ အလ္လာဟ်အရှင်မြတ် သည် ကျွန်တော်တို့အားလုံးကို ဒီအတိုင်း ပြုလုပ်ထမ်းဆောင်နိုင်စွမ်းပေးသနား တော်မူပါစေ။'-အာမီးန်-
''အက်စလားမုအလိုင်းကွန်မ် ဝရာဟ်မတွလ္လာဟိ ဝဘရ်ကားတုဟူ''
zawgyi
ယခုတေလာ ကမၻာေပၚမွာ ကူးစက္ေရာဂါပိုးပ်ံ႕ႏွံ႔ေနတဲ့အတြက္ ဗလီ ဝတ္ေက်ာင္းေတြမွာ လူစုလူေဝးျဖင့္ နမာဇ္ဝတ္ျပဳျခင္းမျပဳၾကဖို႔ ႏိုင္ငံတကာ အစိုးရအေတာ္မ်ားမ်ားက ကန္႔သတ္မႈေတြ ျပဳလုပ္ထားပါတယ္။ ဒီႏိုင္ငံ(ယူေက) အစိုးရကလည္း ကန္႔သတ္ထားပါတယ္။ အကယ္၍ ဝတ္ျပဳမယ္ဆိုရင္လည္း ႏွစ္ဦးသံုးဦးမွ်ျဖင့္၊ လူအနည္းငယ္ထက္မပိုရဘူးလို႔ အစိုးရပိုင္းက ကန္႔သတ္ ထားပါတယ္။ အဲ့ဒိလူအနည္းငယ္ဆိုတာကလည္း နီးစပ္တဲ့ေဆြမ်ိဳးသားခ်င္း ေတြျဖစ္ရပါမယ္။ ယခုထိေတာ့ အစိုးရဘက္က ဘယ္လိုမ်ိဳး ဥပေဒထုတ္ျပန္ ထားသလဲဆိုတာ ရွင္းလင္းစြာမသိရေသးပါဘူး။ အစိုးရကထုတ္ျပန္တဲ့ ဥပေဒနဲ႔ ပတ္သက္ၿပီး လူေတြက တစ္ေယာက္တစ္မ်ိဳး ဖြင့္ဆိုမႈေတြလုပ္ေနၾကပါတယ္။ တခ်ိဳ႕ကလည္း ကြ်န္ေတာ္အထက္မွာေျပာခဲ့သလို နီးစပ္တဲ့ေဆြမ်ိဳးသားခ်င္းေတြပဲ စုၿပီးဝတ္ျပဳႏိုင္တယ္လို႔ေျပာၾကသလို၊ တခ်ိဳ႕ကလည္း ေဆြမ်ိဳးသားခ်င္းေတြအျပင္ မိတ္ေဆြေတြေရာ အနီးဝန္းက်င္မွာေနထိုင္ၾကသူေတြပါ ပါဝင္ဝတ္ျပဳႏိုင္တယ္လို႔ ဆိုၾကပါတယ္။

မည္သို႔ဆိုေစ ဒီလိုအေျခအေနမ်ိဳးမွာ ကပ္ေရာဂါ လံုးဝဥႆံု ပေပ်ာက္ သြားျခင္းမရွိေသးသမွ် ဂြ်မၼာခြတၲဘာနဲ႔ ဂြ်မၼာဆြလာတ္ကိုဝတ္ျပဳႏိုင္မွာ မဟုတ္ ပါဘူး။ အေၾကာင္းကေတာ့ ဂြ်မၼာျဖစ္ေျမာက္ဖို႔အတြက္ သတ္မွတ္ထားတဲ့ တခ်ိဳ႕အခ်က္ေတြကိုမျဖစ္မေနေဆာင္ရြက္ဖို႔လိုအပ္တာေၾကာင့္ပါပဲ။ ဒါ့ေၾကာင့္ ကြ်န္ေတာ့္အေနနဲ႔ တခ်ိဳ႕ေသာအႀကံျပဳခ်က္ေတြေၾကာင့္ ဂြ်မၼာခြတၲဘာဖတ္ၾကား ျခင္းအစား ကြ်န္ေတာ့္႐ံုးခန္းကေနပဲ ခင္ဗ်ားတို႔ကို သတင္းစကားအနည္းငယ္ ေျပာၾကားရင္ ပိုေကာင္းမယ္၊ ဂြ်မၼာကိုေတာ့ ဝတ္မျပဳေတာ့ဘူးလို႔ ဆံုးျဖတ္ခဲ့ပါ တယ္။ ေသာၾကာေန႔မွာ ေခတ္အခါရဲ႕ခလီဖာဟ္မိန္႔ၾကားတဲ့ ဂြ်မၼာခြတၲဘာကို နားေထာင္ျခင္းဟာ ခင္ဗ်ားတို႔အတြက္ အေလ့အက်င့္တစ္ခုလိုျဖစ္ေနပါၿပီ။ အကယ္၍ ယေန႔ ကြ်န္ေတာ္က ဂ်မာအတ္အဖြဲ႕ဝင္ေတြကို တစ္စံုတစ္ရာ တိုက္ ႐ိုက္ေျပာၾကားျခင္းမျပဳဘူးဆိုရင္ ဂ်မာအတ္သားေတြ စိတ္အားငယ္သြားၾကပါ လိမ့္မယ္။ ဒါတင္မက အမ်ိဳးမ်ိဳးေသာ ေတြးထင္မႈေတြလည္း ျဖစ္လာပါလိမ့္မယ္။ ဒါ့ေၾကာင့္ ကြ်န္ေတာ္က နည္းလမ္းတစ္မ်ိဳးမ်ိဳးနဲ႔ ဂ်မာအတ္အဖြဲ႕ဝင္ေတြကို တစ္စံုတစ္ရာတိုက္႐ိုက္ေျပာဆိုရင္ေကာင္းမယ္လို႔ စဥ္းစားမိတဲ့အတြက္ ႐ံုးခန္း ကေနပဲ သတင္းစကားေျပာၾကားဖို႔ရာ ေရြးခ်ယ္လိုက္ပါတယ္။
မည္သို႔ဆိုေစ အထက္မွာ ကြ်န္ေတာ္ေျပာခဲ့သလို ယေန႔ဂြ်မၼာကိုေတာ့ ကြ်န္ေတာ္တို႔ဝတ္ျပဳမွာမဟုတ္ပါဘူး။ ေနာင္အခါမွာ ဘယ္လိုစီစဥ္ေဆာင္ရြက္ မလဲ၊ ဘယ္လိုနည္းလမ္းကို ေရြးခ်ယ္က်င့္သံုးမလဲဆိုတာကိုေတာ့ (အင္န္ရွာ အလႅာဟ္) အခ်ိန္နဲ႔တစ္ေျပးညီ ေၾကညာသြားပါမယ္။ ကာလရွည္ၾကာထိ ဂြ်မၼာ ကိုလည္း ကြ်န္ေတာ္တို႔ လက္လႊတ္လို႔မရပါဘူး။ ကြ်န္ေတာ္ေျပာခဲ့သလိုပဲ ကြ်န္ေတာ့္ရဲ႕ ဂြ်မၼာခြတၲဘာကတစ္ဆင့္ ဂ်မာအတ္အဖြဲ႕ဝင္ေတြနဲ႔ ဆက္သြယ္မႈ မျပတ္တမ္းရွိေနဖို႔ကလည္း မျဖစ္မေနလိုအပ္ပါတယ္။ အခုလို ကပ္ေရာဂါဆိုက္ ေရာက္ေနတဲ့အေျခအေနမ်ိဳးမွာ ကြ်န္ေတာ့္ရဲ႕ခြတၲဘာက ပိုၿပီးေတာ့ေတာင္ အေရးႀကီးလိုအပ္ပါတယ္။ ဒိအတြက္ေၾကာင့္ သက္ဆိုင္ရာတာဝန္ရွိပုဂိၢဳလ္ေတြနဲ႔ ႏွီးေႏွာတိုင္ပင္ေဆြးေႏြးၿပီးေနာက္မွာ ဘယ္လိုလုပ္ေဆာင္ရင္ေကာင္းမလဲဆို တာကို နည္းလမ္းရွာေဖြသြားပါမယ္။

ဂ်မာအတ္အဖြဲ႕ဝင္ေတြကိုလည္း ကြ်န္ေတာ္ေျပာလိုတာက- ဒီကပ္ေရာဂါ ေၾကာင့္ ဗလီဝတ္ေက်ာင္းမွာ လာေရာက္ဝတ္မျပဳၾကဖို႔ အစိုးရပိုင္းက တားျမစ္ ထားသည္ျဖစ္ေစ၊ မတားျမစ္သည္ျဖစ္ေစ၊ ဥပမာ- ဒီႏိုင္ငံ(ယူေက)မွာဆိုရင္ တစ္ဦးခ်င္းေတာ့ ဗလီမွာ နမာဇ္ဝတ္ျပဳလို႔ရတယ္၊ လူဦးေရအနည္းငယ္ရွိတဲ့ မိသားစုတစ္ခုစာေလာက္ ဗလီမွာ နမာဇ္လာေရာက္ဝတ္ျပဳႏိုင္တယ္လို႔ သတ္ မွတ္ေပးထားပါတယ္၊ ဒီလိုဝတ္ျပဳမယ္ဆိုရင္လည္း တစ္ဦးနဲ႔တစ္ဦး ကပ္မေနဘဲ ခပ္က်ဲက်ဲဝတ္ျပဳရမယ္၊ တစ္ဦးနဲ႔တစ္ဦးၾကားမွာ ဘယ္ေလာက္ျခားၿပီးဝတ္ျပဳရ မယ္ စတာေတြကိုလည္း အစိုးရက သတ္မွတ္ေပးထားပါတယ္။ ဒီလိုခြင့္ျပဳထား ေပမဲ့ အားလံုးစု႐ံုးၿပီးဝတ္ျပဳလို႔မရတာေၾကာင့္ ဒါက ]နမာဇ္ဘာဂ်မာအတ္}မျဖစ္ႏိုင္ပါဘူး။ ဒါ့ေၾကာင့္ ဒီလိုအေျခအေနမ်ိဳးမွာ ဂ်မာအတ္အဖြဲ႕ဝင္ေတြအေနနဲ႔ မိမိတို႔အိမ္ေတြမွာ နမာဇ္ဘာဂ်မာအတ္ကို ဝတ္ျပဳၾကရပါမယ္။ ဂြ်မၼာခြတၲဘာနဲ႔ ဆြလာတ္ကိုလည္း အိမ္မွာရွိတဲ့ မိသားစုဝင္ေတြ စုေပါင္းၿပီးဝတ္ျပဳရပါမယ္။ ဂြ်မၼာခြတၲဘာဖတ္တဲ့အခါမွာလည္း မဆီဟ္ေမာ္အူးဒ္သခင္ရဲ႕'မလ္ဖူဇာတ္'ထဲကျဖစ္ေစ၊ ဂ်မာအတ္ကထုတ္ေဝထားတဲ့ အျခားစာအုပ္စာေပေတြထဲကျဖစ္ေစ၊ မဆီဟ္ေမာ္အူးဒ္သခင္ရဲ႕ အျခားက်မ္းစာအုပ္ေတြထဲကျဖစ္ေစ၊ 'အလ္ ဖဇလ္'သတင္းစာထဲကျဖစ္ေစ၊ 'အလ္ဟကမ္'သတင္းစာထဲကျဖစ္ေစ၊ ဂ်မာအတ္ ကထုတ္တဲ့ အျခားသတင္းစာတစ္ခုခုထဲကျဖစ္ေစ စာပိုဒ္တခ်ိဳ႕ကိုထုတ္ႏုတ္ၿပီး ခြတၲဘာဖတ္ၾကားတင္ျပႏိုင္ပါတယ္။ အိမ္မွာရွိတဲ့ မိသားစုဝင္ေတြထဲက အရြယ္ ေရာက္တဲ့ ေယာက်ာ္းေလးတစ္ဦးဦးကျဖစ္ေစ၊ လူႀကီးအရြယ္အမ်ိဳးသားတစ္ဦးဦး ကျဖစ္ေစ ဂြ်မၼာဝတ္ျပဳျခင္းအျပင္၊ ငါးႀကိမ္နမာဇ္ကိုလည္း ဦးေဆာင္ဝတ္ျပဳႏိုင္ပါ တယ္။
မည္သို႔ဆိုေစ ဂြ်မၼာကိုေတာ့ ကာလရွည္ၾကာ စြန္႔လႊတ္ျဖတ္ေတာက္ ထားလို႔မရႏိုင္ပါဘူး။ အိမ္ေတြမွာ မိသားစုဝင္ေတြက ဂြ်မၼာခြတၲဘာနဲ႔ ဂြ်မၼာ ဆြလာတ္ ဝတ္ျပဳၾကမယ္ဆိုရင္၊ ဒီလိုေဆာင္ရြက္ဖို႔အတြက္ ျပင္ဆင္မႈေတြ လုပ္ၾကမယ္ဆိုရင္ ခြတၲဘာဖတ္ၾကားႏိုင္ဖို႔ရာ စာအုပ္စာေပေတြ ဖတ္႐ႈရပါလိမ့္ မယ္။ ဒီလိုစာအုပ္စာေပေတြဖတ္႐ႈၿပီဆိုရင္ေတာ့ မိမိတို႔ရဲ႕အသိပညာမွာလည္း တိုးတက္လာပါလိမ့္မယ္။ ေနာက္ၿပီး အစိုးရပိုင္းက တားျမစ္ကန္႔သတ္ထားတဲ့ အတြက္ အိမ္မွာေနထိုင္ရျခင္းကလည္း သာသနာေရး၊ နာမ္ဝိညာဥ္ေရးနဲ႔ အသိ ပညာပိုင္း ဖြံ႔ၿဖိဳးတိုးတက္ေရးတို႔အတြက္ အက်ိဳးရွိေစတဲ့ အခြင့္အလမ္းတစ္ခုျဖစ္ လာေစပါတယ္။ အခုတေလာ 'အလ္ဟကမ္'သတင္းစာမွာ ႏိုင္ငံတကာမွ ဂ်မာ အတ္အဖြဲ႕ဝင္ေတြရဲ႕ ခံစားခ်က္အျမင္ေတြကို စဥ္ဆက္မျပတ္ ေရးသားတင္ျပ လ်က္ရွိပါတယ္။ အဲ့ဒိမွာ ႏိုင္ငံတကာမွ ဂ်မာအတ္အဖြဲ႕ဝင္အေတာ္မ်ားမ်ားဟာ 'အစိုးရပိုင္းက အျပင္မထြက္ရဆိုၿပီး ကန္႔သတ္မိန္႔ထုတ္ထားတဲ့အတြက္ေၾကာင့္ မိမိတို႔ဟာ အိမ္မွာပဲေနၿပီး ဘယ္လိုျပဳမူလုပ္ေဆာင္မႈေတြနဲ႔အတူ အခ်ိန္ေတြကို ျဖတ္သန္းကုန္လြန္ေနၾကသလဲ'ဆိုတဲ့အေၾကာင္းေတြကို တင္ျပထားပါတယ္။ အဲ့ဒိထဲမွာ ဂ်မာအတ္အဖြဲ႕ဝင္အေတာ္မ်ားမ်ားက 'မိမိတို႔ဟာ အိမ္မွာေနၿပီး က်မ္းျမတ္ကုရ္အာန္၊ ဟဒီးစ္၊ မဆီဟ္ေမာ္အူးဒ္သခင္ရဲ႕က်မ္းစာအုပ္ေတြနဲ႔ ဂ်မာအတ္ကထုတ္ေဝတဲ့ စာအုပ္စာေပေတြကိုဖတ္႐ႈၿပီး အသိပညာကို တိုးတက္ က်ယ္ျပန္႔ေအာင္ျပဳလုပ္ေနၾကေၾကာင္း' တင္ျပထားၾကပါတယ္။
အခုဆိုရင္ ကမၻာ့ႏိုင္ငံအေတာ္မ်ားမ်ားမွာရွိတဲ့ ေလာကီသားေတြက ေတာင္ အိမ္မွာပဲေနရတဲ့ အခုလိုအခ်ိန္ေတြမွာ မိမိတို႔ဟာ ဘယ္လိုေတြျပဳမူ လုပ္ေဆာင္ေနၾကေၾကာင္း၊ ဒိအတြက္ ဘယ္လိုအက်ိဳးေက်းဇူးေတြရရွိေၾကာင္း မိမိတို႔ရဲ႕ခံစားခ်က္အျမင္ေတြကို ေျပာျပေနၾကပါတယ္။ သူတို႔က ]မိမိတို႔ဟာ ယခုအခ်ိန္မွာ အိမ္မွာပဲေနရတဲ့အတြက္ အိမ္တြင္းမႈမိသားစုဘဝအေျခအေန၊ မိမိတို႔ကိုယ္တိုင္ရဲ႕အျပဳအမူပိုင္းအေျခအေနကို ပိုမိုေကာင္းမြန္တိုးတက္ေအာင္ ျပဳလုပ္ဖို႔ အခြင့္အေရးရရွိလာၾကေၾကာင္း၊ ဒီလိုအားျဖင့္ မိမိတို႔လက္လႊတ္ဆံုး႐ံႈး ထားရတဲ့ ေႏြးေထြးမႈရွိတဲ့မိသားစုဘဝအေျခအေနကို ျပန္လည္ရရွိလာေနၿပီျဖစ္ ေၾကာင္း' ေျပာေနၾကပါၿပီ။
ဒီလိုရွိတာေၾကာင့္ ကြ်န္ေတာ္တို႔အေနနဲ႔လည္း မိမိတို႔ရဲ႕မိသားစုဘဝ အေျခအေနတိုးတက္လာေစဖို႔၊ မိမိတို႔ကိုယ္တိုင္ရဲ႕အေျခအေနေတြနဲ႔ အျပဳအမူ ေတြကို ေကာင္းမြန္တိုးတက္ေအာင္ျပဳလုပ္ၿပီး၊ သားသမီးေတြကို ]တရ္ဗီယတ္} သြန္သင္ပဲ့ျပင္မႈေတြလုပ္ျခင္းျဖင့္ ခုလိုအိမ္မွာေနရတဲ့ရက္ေတြကို ျဖတ္သန္းကုန္ လြန္ႏိုင္ဖို႔ ႀကိဳးစားအားထုတ္ရပါမယ္။ ၾႊဗ ႐ုပ္ျမင္သံၾကားကေနထုတ္လႊင့္တဲ့ အစီအစဥ္ေတြကို အခ်ိန္တစ္ခုယူၿပီး မိမိတို႔မိသားစုဝင္အားလံုးနဲ႔အတူ ၾကည့္ ႐ႈရပါမယ္။ ေနာက္ၿပီး မူလကလည္း ကြ်န္ေတာ္ေျပာခဲ့ၿပီးျဖစ္သလို၊ အစိုးရ ပိုင္းကလည္း တိုင္းသူျပည္သားေတြရဲ႕အက်ိဳးကိုေမွ်ာ္ကိုးၿပီး၊ တိုင္းသူျပည္သား ေတြရဲ႕ က်န္းမာေရးအေျခအေန ပိုမိုတိုးတက္ေကာင္းမြန္လာေစဖို႔အတြက္ ေဆာင္ရန္ေရွာင္ရန္အခ်က္ေတြနဲ႔ တခ်ိဳ႕လိုက္နာရမယ့္ဥပေဒေတြလည္း ထုတ္ ျပန္ထားပါတယ္။ အစိုးရကထုတ္ျပန္တဲ့ ေဆာင္ရန္ေရွာင္ရန္အခ်က္ေတြနဲ႔ လိုက္နာရမယ့္ဥပေဒေတြကို သက္ဆိုင္ရာႏိုင္ငံတိုင္းက အဟ္မဒီေတြအေနနဲ႔ မျဖစ္မေနလိုက္နာရပါမယ္။

အေရးအႀကီးဆံုး လိုက္နာရမယ့္အခ်က္ကေတာ့ ၿပီးခဲ့တဲ့တစ္ပတ္ခြတၲ ဘာမွာ ကြ်န္ေတာ္ေျပာခဲ့သလို၊ ဒိုအာဆုေတာင္းမႈဘက္သို႔ မ်ားစြာအာ႐ံုစိုက္ ရပါမယ္။ ဒိုအာဆုေတာင္းျခင္းအားျဖင့္ အလႅာဟ္အရွင္ျမတ္ရဲ႕ 'ဖဇလ္'ေက်းဇူး ေတာ္ကို မိမိတို႔ဘက္သို႔ ဆြဲငင္ႏိုင္ပါတယ္။ ၿပီးေတာ့ ကြ်န္ေတာ္တို႔ဟာ အရွင္ ျမတ္ရဲ႕]ဖဇလ္}အားျဖင့္ မိမိတို႔ရဲ႕႐ုပ္ပိုင္းနဲ႔နာမ္ပိုင္းအေျခအေနေတြကို က်န္းမာ ႀကံ့ခိုင္ၿပီး တိုးတက္လာေအာင္ စြမ္းေဆာင္ႏိုင္ပါတယ္။ ဒီအခ်က္ကိုပဲ မဆီဟ္ ေမာ္အူးဒ္သခင္က ကြ်န္ေတာ္တို႔ကို အႀကိမ္ႀကိမ္သြန္သင္မိန္႔မွာထား ျခင္းျဖစ္ပါတယ္။ ခုလို ကပ္ေရာဂါက်ေရာက္ေနတဲ့အခ်ိန္မ်ိဳးမွာလည္း သခင္ႀကီး က ဒီအခ်က္ကိုပဲ သြန္သင္ထားျခင္းျဖစ္ပါတယ္။ သခင္ႀကီးရဲ႕သြန္သင္ခ်က္က ေတာ့-

'အသင္တို႔သည္ ဤသို႔ေသာဒုကၡအခက္အခဲဆိုက္ေရာက္သည့္အေျခ အေနမ်ိဳးတြင္ ဘုရားသခင္အရွင္ျမတ္ထံတြင္ မိမိတို႔က်ဴးလြန္ခဲ့သည့္အျပစ္မ်ား အတြက္ ခြင့္လႊတ္မႈကိုေတာင္းခံၾကကုန္။ ႏွလံုးသားကို ျဖဴစင္စြာထားၾကကုန္။ ေကာင္းမႈကိစၥမ်ားကိုေဆာင္ရြက္ျခင္း၌ မိမိတို႔ကိုယ္ကိုျမႇဳပ္ႏွံထားၾကကုန္။'
အလႅာဟ္အရွင္ျမတ္က ကြ်န္ေတာ္တို႔ကို 'ဒိုအာဆုေတာင္း'ဆိုတဲ့ အလြန္ ႀကီးမားတဲ့လက္နက္ကို ေပးသနားခ်ီးျမႇင့္ထားပါတယ္။ ဒါ့ေၾကာင့္ ဒိုအာဆု ေတာင္းမႈကိုအေၾကာင္းခံၿပီး အလႅာဟ္အရွင္ျမတ္ရဲ႕ကာကြယ္ေစာင့္ေရွာက္မႈ အရိပ္ေအာက္သို႔ေရာက္ရွိလာႏိုင္ေအာင္ ကြ်န္ေတာ္တို႔အားလံုး ႀကိဳးစားရပါ မယ္။ ေနာက္ၿပီး အရွင့္အရိပ္ေအာက္မွာ ခိုလံႈႏိုင္ေရးကိစၥကို အထူးသျဖင့္ အာ႐ံုစိုက္ၾကရမွာျဖစ္ပါတယ္။

ဂြ်မၼာဝတ္မျပဳရျခင္းအေၾကာင္းနဲ႔ပတ္သက္ၿပီးေျပာရရင္၊ တခ်ိဳ႕အခ်ိန္ အခါေတြမွာ 'နမာဇ္ဘာဂ်မာအတ္'နဲ႔ ဂြ်မၼာကို လႊတ္ရေၾကာင္း တခ်ိဳ႕ခိုင္မာတဲ့ ဟဒီးစ္ေတြအားျဖင့္ သိရွိရပါတယ္။
ဆြဟီးဟ္ဘူခါရီက်မ္းမွာ ဟဒီးစ္ဆင့္ျပန္ခ်က္တစ္ခုလာရွိပါတယ္။
'ဟာဇရတ္အိဗ္ေန႔အဗၺားစ္သခင္က မိုးသည္းထန္စြာရြာေသာေန႔ တစ္ေန႔တြင္ 'မူအာဇင္'(အာဇန္ဆိုသူ)အား 'အသင္သည္ 'အက္ရွ္ဟဒုအလႅာအီ လားဟအိလ္လလႅာ၊ အက္ရွ္ဟဒုအန္နာ မိုဟမၼဒရ္ရစူလြလႅာ' ဟူ၍ဆိုပါ၊ ထို႔ ေနာက္ 'ဟိုင္ယာအ္လက္ဆြလာဟ္' (ဆြလာတ္ဝတ္ျပဳရန္လာၾကကုန္)ဟုမဆိုဘဲ 'ဆြလ္လူး ဖီးဘူယူတိကြန္မ္' (မိမိတို႔အိမ္မ်ား၌သာ ဆြလာတ္ဝတ္ျပဳၾကကုန္)ဟူသည့္ စကားလံုးကိုရြတ္ဆိုပါ'ဟု လမ္းၫႊန္မိန္႔ၾကားခဲ့ေလသည္။ 'မူအာဇင္'ထံမွ ထိုအသံကိုၾကားေသာ္ လူတို႔အတြက္ အသစ္ျဖစ္ေနၿပီး သူတို႔က အံ့ဩၾက ေလသည္။ ထိုအခါတြင္ အိဗ္ေန႔အဗၺားစ္သခင္က 'ဤလုပ္ရပ္မ်ိဳးကို ကြ်ႏု္ပ္ထက္ မ်ားစြာသာလြန္ေကာင္းျမတ္ေသာ တမန္ေတာ္ျမတ္ကလည္း လုပ္ေဆာင္ ေတာ္မူခဲ့ေလသည္၊ ဂြ်မၼာဝတ္ျပဳရမည္မွာ မျဖစ္မေနလိုအပ္ေသာ္လည္း ကြ်ႏု္ပ္ သည္ အသင္တို႔ ရႊံ႕ဗြက္ထဲမွျဖတ္သန္းၿပီး ဗလီဝတ္ေက်ာင္းသို႔ ခက္ခဲစြာလာရ မည္ကို မႏွစ္သက္ပါ'ဟု မိန္႔ၾကားေလသည္။'
ဒီဆင့္ျပန္ခ်က္ကို ဆြဟီးဟ္မြတ္စလင္က်မ္းမွာလည္း ေဖာ္ျပထားပါ တယ္။ ဆင့္ျပန္ခ်က္ႏွစ္ခုစလံုးက တူပါတယ္။ ဒါေပမဲ့ တခ်ိဳ႕စကားလံုးေတြ ေလာက္ပဲ ေျပာင္းလဲသြားပါတယ္။
အိဗ္ေန႔အဗၺားစ္သခင္က ဆင့္ျပန္ပါတယ္။

'ကြ်ႏု္ပ္သည္ မိုးသည္းထန္စြာရြာေသာေန႔ တစ္ေန႔တြင္ 'မူအာဇင္'(အာဇန္ဆိုသူ)အား 'အသင္သည္ 'အက္ရွ္ဟဒုအလႅာအီ လားဟအိလ္လလႅာ၊ အက္ရွ္ဟဒုအန္နာ မိုဟမၼဒရ္ရစူလြလႅာ' ဟူ၍ဆိုပါ၊ ထို႔ ေနာက္ 'ဟိုင္ယာအ္လက္ဆြလာဟ္' (ဆြလာတ္ဝတ္ျပဳရန္လာၾကကုန္)ဟုမဆိုဘဲ 'ဆြလ္လူး ဖီးဘူယူတိကြန္မ္' (မိမိတို႔အိမ္မ်ား၌သာ ဆြလာတ္ဝတ္ျပဳၾကကုန္)ဟူသည့္ စကားလံုးကိုရြတ္ဆိုပါ'ဟု လမ္းၫႊန္မိန္႔ၾကားခဲ့ေလသည္။ 'မူအာဇင္'ထံမွ ထိုအသံကိုၾကားေသာ္ လူတို႔အတြက္ အသစ္ျဖစ္ေနၿပီး သူတို႔က အံ့ဩၾက ေလသည္။ ထိုအခါတြင္ ကၽြႏု္ပ္က 'အသင္တို႔ ဤလုပ္ရပ္ကို အံ့ဩၾကသေလာ။ ဤလုပ္ရပ္မ်ိဳးကို ကြ်ႏု္ပ္ ထက္ မ်ားစြာသာလြန္ေကာင္းျမတ္ေသာ တမန္ေတာ္ျမတ္ကလည္း လုပ္ ေဆာင္ေတာ္မူခဲ့ေလသည္၊ ဂြ်မၼာဝတ္ျပဳရမည္မွာ မျဖစ္မေနလိုအပ္ေသာ္လည္း ကြ်ႏု္ပ္သည္ အသင္တို႔ ရႊံ႕ဗြက္ထဲမွျဖတ္သန္းၿပီး ဗလီဝတ္ေက်ာင္းသို႔ ခက္ခဲစြာ လာရမည္ကို မႏွစ္သက္ပါ}ဟုေျပာဆိုခဲ့ေလသည္။'
အလႅာမာေအမာမ္နဝါဝီကလည္း မိမိရဲ႕'ရွရ္ရာ'ဖြင့္ဆိုခ်က္က်မ္းမွာ အဲ့ဒိဟဒီးစ္ကို ရွင္းလင္းခ်က္ေရးသားေဖာ္ျပထားပါတယ္။

'ဤဟဒီးစ္ေတာ္အားျဖင့္ မိုးရြာသြန္းမႈ စသည့္ မတတ္သာ၍ ခက္ခဲက်ပ္ တည္းေသာကိစၥမ်ားတြင္ ဂြ်မၼာကိုစြန္႔လႊတ္၍ရႏိုင္ေၾကာင္း သက္ေသအေထာက္ အထားရရွိေပသည္။ ဤနည္းလမ္းကိုပင္ ကြ်ႏု္ပ္တို႔ က်င့္သံုးပါသည္။ ေအမာမ္ မာလစ္က္မွတစ္ပါး အျခားေသာ 'ဖူကာဟာ'(ဓမၼသတ္ပညာရွင္)မ်ားကလည္း ထိုနည္းအတိုင္းပင္ က်င့္သံုးၾကပါသည္။'
ဒီအတိုင္းပဲ 'ေဖကာဟ္'ဓမၼသတ္ပညာရွင္ေတြက ဂြ်မၼာကို စြန္႔လြႊတ္ ရျခင္းအတြက္ အေၾကာင္းျပခ်က္ေတြထဲမွာ လူစုလူေဝးရွိရာ ဗလီထဲသို႔ ဝင္လို႔ မရႏိုင္တဲ့ ေရာဂါေဝဒနာမ်ိဳးခံစားေနရရင္လည္း ဂြ်မၼာကင္းလြတ္ခြင့္ရွိေၾကာင္း ေဖာ္ျပထားပါတယ္။ အဲ့ဒိအတြက္သက္ေသအေထာက္အထားအျဖစ္ က်မ္းျမတ္ ကုရ္အာန္ထဲမွာ အလႅာဟ္အရွင္ျမတ္ မိန္႔ၾကားထားတဲ့ 'အလႅာဟ္အရွင္ျမတ္ သည္ အသင္တို႔အတြက္ သာသနာေတာ္၌ မည္သို႔ေသာခက္ခဲက်ပ္တည္း မႈကိုမွ် ျပဳလုပ္ထားျခင္းမရွိေခ်'ဆိုတဲ့အခ်က္ကို တင္ျပၾကပါတယ္။ ဒီအတိုင္းပဲ တမန္ေတာ္ျမတ္နာမက်န္းျဖစ္တဲ့အခါ ကိုယ္ေတာ္က ဗလီဝတ္ေက်ာင္း ေတာ္သို႔ သြားလာျခင္းကို ရပ္တန္႔လိုက္ပါတယ္။ ဒီအခါမွာ ကိုယ္ေတာ္က 'အဘူဘကၠရ္အား နမာဇ္ကိုဦးေဆာင္ဝတ္ျပဳရန္ေျပာလိုက္ပါ'ဆိုၿပီး မိန္႔ေတာ္ မူပါတယ္။ ဒီအေၾကာင္းကို ဘူခါရီက်မ္းမွာလည္း ေဖာ္ျပထားသလို မြတ္စလင္ ဟဒီးစ္က်မ္းမွာလည္းေဖာ္ျပထားပါတယ္။ ဒါ့ျပင္ ေရာဂါတစ္ခုခုျဖစ္မွာကို စိုးရိမ္ရတဲ့အေျခအေနမွာရွိတဲ့ လူတစ္ေယာက္အတြက္လည္း ဂြ်မၼာကင္းလြတ္ခြင့္ ရွိတယ္လို႔ သတ္မွတ္ထားပါတယ္။ အဲ့ဒါအတြက္ သက္ေသအေထာက္အထား ကေတာ့ အိဗ္ေန႔အဗၺားစ္သခင္ရဲ႕ဆင့္ျပန္ခ်က္မွာ ရရွိႏိုင္ပါတယ္။ အဲ့ဒိဆင့္ျပန္ ခ်က္မွာ တမန္ေတာ္ျမတ္က ဂြ်မၼာကင္းလြတ္ခြင့္ရွိျခင္းအခ်က္ထဲမွာ အသက္ အႏၱရာယ္တစ္စံုတစ္ရာထိခိုက္မွာ ေၾကာက္ရြံ႕ရတဲ့အေျခအေနနဲ႔ ေရာဂါျဖစ္မွာ စိုးရိမ္ရတဲ့အေျခအေနရွိသူေတြအတြက္ ဂြ်မၼာကင္းလြတ္ခြင့္ရွိေၾကာင္း သတ္မွတ္ ထားတာေတြ႕ရပါတယ္။ ဒီအေၾကာင္းကို ဆူနန္အဘူဒါဝတ္ဟဒီးစ္က်မ္းမွာ ေဖာ္ျပထားပါတယ္။

မည္သို႔ဆိုေစ အခုျဖစ္ေနတဲ့ေရာဂါဟာ ကူးစက္ပ်ံ႕ႏွံ႔မွာကိုလည္းစိုးရိမ္ ေနရသလို၊ ဒီေရာဂါကေန ကင္းလြတ္ႏိုင္ဖို႔ ႏိုင္ငံေတာ္အစိုးရကလည္း တခ်ိဳ႕ ေသာ ေဆာင္ရန္ေရွာင္ရန္အခ်က္အလက္ေတြနဲ႔ ဥပေဒေတြကို ျပ႒ာန္းထား ပါတယ္။ ႏိုင္ငံေတာ္ကျပ႒ာန္းတဲ့ ဥပေဒနဲ႔အညီ က်င့္သံုးတည္ေဆာက္ဖို႔လည္း မျဖစ္မေနလိုအပ္ပါတယ္။ ခုလိုအေျခအေနမ်ိဳးမွာ လူေတြတစ္ေနရာတည္း၌ စု႐ံုးၾကျခင္း၊ နမာဇ္ဘာဂ်မာအတ္ဝတ္ျပဳျခင္း၊ ဂြ်မၼာဝတ္ျပဳျခင္း စတာေတြကို ျပဳလုပ္ဖို႔အတြက္ ခက္ခဲပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္အထက္မွာေျပာခဲ့သလို မိမိတို႔အိမ္ေတြမွာ မိသားစုဝင္ေတြနဲ႔အတူ နမာဇ္ဘာဂ်မာအတ္ဝတ္ျပဳတတ္တဲ့ အက်င့္ကို ေမြးျမဴၾကပါ။ ဒီလိုမ်ိဳး မိသားစုနဲ႔အတူ နမာဇ္ဝတ္ျပဳမယ္ဆိုရင္ တစ္ဖက္မွာ သားသမီးေတြက ဘယ္အေျခအေနမွာပဲမဆို နမာဇ္ဝတ္ျပဳဖို႔နဲ႔ နမာဇ္ဘာဂ်မာအတ္ဝတ္ျပဳဖို႔ မျဖစ္မေနလိုအပ္ပါလားဆိုတာကို သိရွိလာမွာျဖစ္ သလို၊ လတ္တေလာျဖစ္ေပၚေနတဲ့ ကမၻာ့အေျခအေနေတြေၾကာင့္ ဗလီဝတ္ ေက်ာင္းသို႔မသြားႏိုင္ေပမဲ့ နမာဇ္ဘာဂ်မာအတ္ဝတ္ျပဳျခင္းဆိုတဲ့ 'ဖရာဇ္'မျပဳ မေနရတာဝန္ကိုေတာ့ မိမိတို႔အိမ္ေတြမွာ မိသားစုနဲ႔အတူေဆာင္ရြက္ဖို႔ မျဖစ္ မေနလိုအပ္တယ္ဆိုတာကိုလည္း သိရွိလာပါလိမ့္မယ္။ ဒါ့ေၾကာင့္ မိသားစုနဲ႔အတူ နမာဇ္ဘာဂ်မာအတ္ဝတ္ျပဳျခင္းဘက္သို႔ အထူးအာ႐ံုစိုက္ၾကပါ။
ခရီးေပၚမွာေရာက္ေနတဲ့အခ်ိန္ ဂြ်မၼာဝတ္ျပဳလို႔မရပါဘူး။ မဆီဟ္ေမာ္ အူးဒ္သခင္လည္း တစ္ခါမွာ ခရီးမွာရွိတဲ့အခ်ိန္ ဂြ်မၼာဝတ္ျပဳခဲ့ျခင္း မရွိ ပါဘူး။ ဒီေတာ့ ေျပာရမယ္ဆိုရင္ မ်ားစြာေသာဟဒီးစ္ဆင့္ျပန္ခ်က္ေတြရွိပါတယ္။ ဒီဆင့္ျပန္ခ်က္ေတြကိုေထာက္႐ႈျခင္းအားျဖင့္ ကန္႔သတ္မႈေတြျပဳလုပ္ရေလာက္တဲ့ အထိ ကပ္ေရာဂါေတြျဖစ္ေနၿပီဆိုရင္၊ အဲ့ဒီလိုအခါမ်ိဳးေတြမွာ စု႐ံုးဖို႔ဆိုတာ၊ ၿပီးေတာ့ တစ္ဦးနဲ႔တစ္ဦးေတြ႕ဆံုဖို႔ဆိုတာ မသင့္ေလ်ာ္ေၾကာင္း၊ သီးျခားေနျခင္း က ပိုမိုသင့္ေလ်ာ္ေကာင္းမြန္ေၾကာင္း သိရွိရပါတယ္။ ဒါ့ေၾကာင့္ တစ္ဦးနဲ႔တစ္ဦး ထိေတြ႕မႈ၊ စု႐ံုးမႈေတြမလုပ္ဘဲ သီးျခားပဲေနၾကရပါမယ္။
မည္သို႔ဆိုေစ ကြ်န္ေတာ္အစမွာ ေျပာခဲ့ၿပီးျဖစ္သလိုပါပဲ။ ကာလရွည္ၾကာ တစ္ခုထိ ဂြ်မၼာကို စြန္႔လႊတ္ထားလိုက္မွာမဟုတ္ပါဘူး။ အေကာင္းဆံုးနည္းလမ္း တစ္ခုခုကိုရွာေဖြၿပီး စီစဥ္ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။ ကပ္ေရာဂါပ်ံ႕ႏွံ႔ေနတဲ့ အေတာအတြင္းမွာ ဂ်မာအတ္အဖြဲ႕ဝင္ေတြအေနနဲ႔ မိမိတို႔အိမ္မွာ မိသားစုဝင္ေတြ နဲ႔အတူ ဂြ်မၼာကိိုုဝတ္ျပဳၾကပါ။ ကြ်န္ေတာ္လည္း ဂြ်မၼာဝတ္ျပဳႏိုင္ေအာင္ ႀကိဳး စားပါမယ္။

ေနာက္တစ္ခု အေရးႀကီးဆံုးအခ်က္ကေတာ့ ဂ်မာအတ္အဖြဲ႕ဝင္ေတြ အားလံုး ခုလိုဒိုအာဆုေတာင္းၾကရပါမယ္။
'အားလံုးအေပၚ အလႅာဟ္အရွင္ျမတ္ 'ဖဇလ္'ေက်းဇူးျပဳေတာ္မူပါေစ။အလႅာဟ္အရွင္ျမတ္သည္ ကမၻာေလာကကို ကပ္ေရာဂါမွ အျမန္ဆံုးလြတ္ ေျမာက္ေအာင္ ျပဳလုပ္ေပးသနားေတာ္မူပါေစ။ အလႅာဟ္အရွင္ျမတ္သည္ ကမၻာေလာကတစ္ခုလံုးကို လူသားခ်င္းျဖည့္ဆည္းထမ္းေဆာင္ရမယ့္တာဝန္ ေတြနဲ႔ လူသားဆန္မႈအတြက္ ေတာင္းဆိုေနတဲ့အခ်က္ေတြကို ျဖည့္ဆည္းႏိုင္ သူေတြျဖစ္ေအာင္၊ ၿပီးေတာ့ မိမိတို႔အားဖန္ဆင္းတဲ့ ဖန္ဆင္းရွင္ဘုရားသခင္ကို သိမွတ္နားလည္သူေတြျဖစ္ေအာင္ ျပဳလုပ္ေပးေတာ္မူပါေစ။ အလႅာဟ္အရွင္ျမတ္ သည္ ကြ်န္ေတာ္တို႔အားလံုးကို ဒီအတိုင္း ျပဳလုပ္ထမ္းေဆာင္ႏိုင္စြမ္းေပးသနား ေတာ္မူပါေစ။'-အာမီးန္-
''အက္စလားမုအလိုင္းကြန္မ္ ဝရာဟ္မတြလႅာဟိ ဝဘရ္ကားတုဟူ''

တကယ်လို့ (ကိုရိုနာဗိုင်းရပ်စ်ဟာ) နိမိတ်လက္ခဏာဖြစ်မယ်ဆိုရင် ဦးစွာပထမကတည်းက ကျွန်ုပ်ကိုယ်တိုင်ကြေငြာခဲ့မှာဖြစ်တယ်

ခလီဖာသခင်ပြောတာက တစ်ချို့အဟ်မဒီတွေဟာ ဒီဗိုင်းရပ်စ်ကို ပလိပ်ရောဂါ ပုံစံမျိုးပဲလို့ပြောကြတယ်။ တစ်ချို့လည်း ဒါဟာ ပလိပ်ရောဂါနဲ့အလားတူတဲ့ နိမိတ်လက္ခဏာလို့ပြောဆိုကြတယ်။ ပလိပ်ရောဂါနဲ့ပတ်သတ်လို့ အဲ့ဒီရောဂါပိုးကူးစက်ပျံ့နှံ့မှုမဖြစ်ခင်ကတည်းက အလ္လာဟ်အရှင်မြတ်က ကတိတော်ရမဆီဟ်သခင် (အ) ကိုဒီအကြောင်းနဲ့ပတ်သတ်ပြီး ကြိုတင်အသိပေးထားပြီးဖြစ်တယ်။ ဒါကြောင့်ပုလိပ်ရောဂါဟာ အလ္လာအရှင်မြတ်ဘက်ကလာတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ခဲ့တယ်။

ဒါ့အပြင် ပုလိပ်ရောဂါမဖြစ်ပွားခင်ကတည်းက ကတိတော်ရမဆီဟ်သခင်နဲ့ သခင်ရဲ့နောက်လိုက်တွေဟာ ဒီရောဂါရဲ့အန္တရာယ်ကနေ လုံခြုံမှု၊ ကာကွယ်မှုရမယ့်အကြောင်း သခင့်ထံအသိပေးပြီးဖြစ်တယ်။ ဒီအချက်အားဖြင့်လည်း ပုလိပ်ရောဂါဟာ အလ္လာအရှင်မြတ်ဘက်ကလာတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပြန်တယ်။





ဒါပေမယ့်လည်း အဲ့ဒီအချိန်ကာလမှာ မဆီဟ်သခင်ပြောတာက ကာဒီယန်မှာရှိတဲ့လူတစ်ချို့ဆီ ဒီရောဂါကူးစက်ခံရနိုင်တယ်လို့ဆိုခဲ့တယ်။ ဒါပေမယ့် အလ္လာဟ်အရှင်မြတ်က မဆီဟ်သခင်ကို ဒီရောဂါ ဘယ်အချိန်မှာြဖစ်ပွားမယ် ဘယ်လိုကူးစက်ပြန့်နှံ့သွားမယ်ဆိုတာ အသိပေးခဲ့တယ်။ ဒါကြောင့် ဒီရောဂါပျံ့နှံ့မှုဟာလည်း နိမိတ်လက္ခဏာတစ်ခုဖြစ်တယ်။

" ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်လို့ ကျွန်ုပ်ကိုယ်တိုင် ကြိုတင်ပြောဆိုခဲ့ခြင်းမရှိသလို ဒီဗိုင်းရပ်စ်က  နိမိတ်လက္ခဏာ တစ်ခုဖြစ်တယ်လို့လည်း ကျွန်ုပ်မဖော်ြပခဲ့ပါ။"

ခလီဖာသခင်ပြောြပတာက ၁၉၁၈ ခုနှစ်မှာ ကမ္ဘာနဲ့အဝှမ်း တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့ပြီး အိန္ဒိယကိုလည်းရောက်ရှိကာ ကာဒီယန် အထိရောက်ရှိခဲ့တယ်။ (ကမ္ဘာနဲ့အဝှမ်း) မရေမတွက်နိုင်အောင် သေဆုံးမှုတွေဖြစ်ခဲ့တယ်။ မွတ်စလေ မော်အုဒ် (ဒုတိယခလီဖာသခင်) ကိုယ်တိုင်လည်း ဒီရောဂါကူးစက်ခံခဲ့ရပြီး အပြင်းအထန်နာမကျန်းဖြစ်ခဲ့တယ်။ဒုတိယခလီဖာသခင်ဟာ အဆိုးဆုံးဖြစ်လာရင် ဘယ်လိုတွေလုပ်ဆောင်ရမယ်ဆိုတာနဲ့ပတ်သတ်လို့ သေတမ်းစာ တစ်စောင်ကိုတောင်ရေးသားခဲ့တယ်။  (Tarikh-e-Ahmadiyyat - 4th Volume)

ပထမကမ္ဘာစစ်ပြီးတဲ့နောက် ၁၉၁၈ ခုနှစ်မှာ ဖြစ်တဲ့ တုပ်ကွေးကပ်ရောဂါပျံ့နှံ့မှုဟာ ကမ္ဘာစစ်ထက်တောင် ပိုပြီး ကသောင်းကနင်း ဖြစ်ခဲ့တယ်။ အိန္ဒိယမှာလည်း ဒီတုပ်ကွေးကပ်ရောဂါ ပျံ့နှံ့ခဲ့ပြီး ရက်အနည်းငယ်အတွင်းမှာပဲ မထင်မှတ်တဲ့ သေဆုံးမှုတွေကို ကြုံတွေခဲ့ရတယ်။

ဒီတုပ်ကွေးကပ်အတွင်းမှာ အဟ်မဒီယာမွတ်စလင်အဖွဲ့ဟာ ဒုတိယခလီဖာသခင်ရဲ့ လမ်းညွှန်ချက်နဲ့ ဒီကပ်ရောဂါကို တိုက်ထုတ်ဖို့အတွက် အများပြည်သူတွေကို ဝန်ဆောင်မှု ၊ အကူအညီ တွေပေးခဲ့တယ်။ အဟ်မဒီမွတ်စလင်တွေဟာ ကာဒီယန်တင်မကဘဲ တခြား မြို့ ၊ ရွာ နဲ့ လူသူအလှမ်းဝေးတဲ့ ဒေသတွေအထိ သွားရောက်ကာ လိုအပ်သူတွေကို ကူညီခဲ့တယ်။ အဟ်မဒီယာ အဖွဲ့သားတွေဟာ သူနာပြုတွေအဖြစ် ရှေ့ထွက်ဆောင်ရွက်ပေးခဲ့တယ်။

ဆင်းရဲသူတွေကို ငွေကြေးနဲ့စားဖွယ်ရိက္ခာတွေ ထောက်ပံ့ဖြန့်ဝေပေးခဲ့တယ်။ အဟ်မဒီ ဒေါက်တာ တွေဟာ သူတို့ကိုယ်တိုင် နေ့ညမနား ၊ အိပ်စက်အနားယူချိန်တွေကို ပါစွန့်လွှတ်ပြီး ဖျားနာသူတွေကို ကုသပေးခဲ့တယ်။ အဟ်မဒီတွေရဲ့ ဒီလုပ်ဆောင်ချက်တွေကို ရန်သူ မိတ်ဆွေအားလုံးက ချီးကျူးခဲ့ကြရတယ်။ (Tarikh-e-Ahmadiyyat - 4th Volume pg 208-209)

"ဒီလို ကပ်ရောဂါတွေဟာ ဆက်လက်ဖြစ်ပွားနေမှာပဲဖြစ်တယ်။ ဒီလိုကပ်ရောဂါဖြစ်ပွားတိုင်း ဘုရားသခင်ဘက်က နိမိတ်လက္ခဏာဖြစ်တယ်လို့ ကြေငြာတာဟာ လုံးဝမှားပါတယ်။ ထို့အတူပဲ အဟ်မဒီတွေဟာ ဒီရောဂါကူးစက်မှာ မဟုတ်ဘူး၊ အစစ်အမှန် အဟ်မဒီတွေက ဒီရောဂါမဖြစ်ဘူး စသဖြင့် ပြောဆိုတာဟာလည်း မှားပါတယ်။ "

" ဒီကပ်ရောဂါတွေဟာ လူတစ်ဦးရဲ့ ယုံကြည်မှုကို တိုင်းတာရတဲ့ အရာတွေမဟုတ်ပါဘူး။ မွတ်စလေ မော်အုဒ် (ဒုတိယခလီဖာသခင်) ကိုယ်တိုင် ဒီရောဂါကူးစက်ခံရပြီး ပြင်းထန်စွာ နာမကျန်းဖြစ်ခဲ့လို့ သေတမ်းစာ တစ်စောင်ကိုတောင်ရေးခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တစ်ချို့ရောဂါတွေ ကူးစက်ခံရတိုင်း ယုံကြည်ချက်မမှန်လို့ဆိုတာမျိုး မပြောနိုင်ပါဘူး။ "

" တကယ်လို့ (ကိုရိုနာဗိုင်းရပ်စ်ဟာ) နိမိတ်လက္ခဏာြဖစ်မယ်ဆိုရင် ဦးစွာပထမကတည်းက ကျွန်ုပ်ကိုယ်တိုင်ကြေငြာခဲ့မှာြဖစ်တယ် "

ဒီရောဂါဟာ တရုတ်ပြည်ရဲ့ ပြင်ပကို မပျံ့နှံ့ခင်ကတည်းက ကျွန်ုပ်က ကြိုတင်သတိပေးချက်တွေကို လိုက်နာဖို့ နှိုးဆော်ခဲ့ပါတယ်။ တကယ်လို့သာ နိမိတ်လက္ခဏာြဖစ်မယ်ဆိုရင် ကျွန်ုပ်က ဘယ်သူ့ကိုမှ ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ခိုင်းမှာ မဟုတ်ပါဘူး။ "

"ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ဖို့ ပြောကြားခဲ့သလို သက်ဆိုင်ရာ နိုင်ငံတွေက အာဏာပိုင်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံပြုချက်တွေကို လိုက်နာဖို့ ကျွန်ုပ်က ဆက်လက်တိုက်တွန်းလျှက်ရှိပါတယ်။"

အင်္ဂလန်မှာ ရှိတဲ့ Humanity First လူမှုကူညီရေးအသင်းကိုလည်း ဒီအချိန်မှာ လူသားအားလုံးရဲ့ အကျိုးအတွက် ကူညီနိုင်တာမှန်သမျှ လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။

ဒီအချိန်မှာ အဟ်မဒီတွေအနေနဲ့ ဒီအရာဂါကို နိမိတ်လက္ခဏာအနေနဲ့ သက်သေပြဖို့ ကြိုးစားမယ့်အစား အဟ်မဒီတွေကိုယ်တိုင် မိမိတို့အတွက်၊ မိမိမိသားစုနဲ့ ဗလီဝတ်ကျောင်းတွေအတွက် လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ရပါမယ်.။

ဒါ့အပြင် မည့်သူကိုမဆို တတ်နိုင်တဲ့ဘက်က အကူအညီတွေပေးရပါမယ်။ အလ္လာအရှင်မြတ်ရဲ့ နှစ်သက်မှုကို ရှာမှီးဖို့အတွက် အရှင်မြတ်ရဲ့ ဖန်ဆင်းခံအားလုံးကို စောင့်ရှောင့်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ အရေးအကြီးဆုံးကတော့ မိမိနဲ့ လူသားအားလုံးအတွက် အရှင်မြတ်ရဲ့ ကရုဏာတော်ကို တောင်းခံဖို့ပဲဖြစ်ပါတယ်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-