Tuesday, May 22, 2012

ပါကစ္စတန် : အဟ်မဒီဗလီဝတ်ကျောင်းမှာ ဗလီနှင့်တူနေသေးသဖြင့် မွတ်စလင်မ်ဆိုသူများ မကျေနပ်

 
 

ပါကစ္စတန်၊ လာဟိုရ်။ စူလတန်ပူရာမှ အစ္စလာမ်မစ်သာသနာပိုင်ဆိုသူများက အဟ်မဒီမွတ်စလင်မ် များ၏ ဗလီဝတ်ပြုဆောင်မှာ ဗလီနှင့်အလွန်ဆင်တူနေကြောင်း၊ ရှေ့မျက်နှာစာအား ပြုပြင်ပြီးဖြစ် သော်လည်း ကျေနပ်မှုမရှိသေးကြောင်း၊ ဗလီအဆောက်အဦမှ မီနာရာမျှော်စင်ပုံသဏ္ဌာန် စက်ဝန်းကို ဖျက်ဆီးပေးရမည်ဖြစ်ကြောင်း တောင်းဆိုလိုက်သည်။ (http://tribune.com.pk)


 လာဟိုရ်ရှိ အဟ်မဒီမွတ်စလင်မ်များ၏ ဗလီအား ဗလီနှင့်ဆင်တူနေသဖြင့် ရဲများက ဖျက်ဆီးမှုအချို့ ပြုလုပ်အပြီး တွေ့ရစဉ်။

ပါကစ္စတန်နိုင်ငံတဝှမ်းရှိ အဟ်မဒီမွတ်စလင်မ်များ ဝတ်ပြုရှိခိုးရာ အဆောက်အဦမှာ ဗလီပုံသဏ္ဌာန် များ ဖြစ်နေသဖြင့် ထိုသဏ္ဌာန်များကို လုံး၀ဖျက်ဆီးဖြိုချပေးရန် မိမိတို့ကိုယ်ကို အစ္စလာမ်မစ်သာသ နာပိုင်များ ဟု သတ်မှတ်ထားသည့်သူများက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ထို့ကြောင့် မေလ ၄ ရက်နေ့က၊ လာဟိုရ်ရှိ အဟ်မဒီမွတ်စလင်မ်များ၏ ဝတ်ပြုရာဗလီဝတ်ကျောင်း တော် ၏ မီနာရာပုံသဏ္ဌာန် စက်ဝန်း၏ရှေ့၌ ငြမ်းဆင်ကာ ကာပေးခဲ့ပြီးဖြစ်ကြောင်း ဘိုင်တုလ်ဟမ်ဒ် အဟ်မဒီ ဝတ်ကျောင်းတော် မှ တာဝန်ရှိသူများက ပြောကြားသည်။ မေလ ၄ ရက်နေ့မတိုင်မီ တစ်ရက်ကတည်းက ဗလီရှေ့မျက်နှာစာပေါ်တွင် ရေးထိုးထားသော ကလီမာနှင့် ကုရ်အာန်မုက္ခပါတ် တော်များကို မစ္စရီရှား ရဲဌာမှ ဖျက်ပြစ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

သို့သော်လည်း အစ္စလာမ်မစ် သာသနာပိုင်တစ်ဦးဖြစ်သူ ရာနာမုဟမ္မဒ်တုဖီးလ်နှင့် ရှေ့နေ အမ်၊ ဘဒရ်အလင်းမ် ရှိတ်ခ်တို့က အဟ်မဒီမွတ်စလင်မ်တို့ ဝတ်ပြုရာနေရာမှာ ဗလီနှင့်ဆင်တူနေ တုန်းပင်ဖြစ် ကြောင်း ရဲများသို့ စောဒကတက်ခဲ့ကြသည်။ သူတို့က ၁၉၈၄ တွင် ပါကစ္စတန်အစိုးရမှ တရားဝင်ထုတ်ပြန်ထားသည့် “ကာဒီယာနီ၊ လာဟိုရီနှင့် အဟ်မဒီများ၏ အန္တီအစ္စလာမ်မစ် ဆောင်ရွက်ချက်များအတွက် အပြစ်ပေးနိုင် သို့မဟုတ် တားဆီးနိုင်သည့် ဥပဒေ” ကို ကိုးကားကာ အပိုဒ် ၂၉၅ ဘီနှင့် စီများကို ချပြခဲ့ကြကြောင်း သိရသည်။

ထိုမွတ်စလင်မ်သာသနာပိုင်ဆိုသူနှင့် ရှေ့နေတို့က မြို့နေအဟ်မဒီမွတ်စလင်မ်များအား ၎င်းတို့အနေ ဖြင့် အဟ်မဒီဝတ်ပြုရာကျောင်းဆောင်များ ဗလီနှင့်ဆင်တူနေသေးသဖြင့် မကျေနပ်ကြောင်း၊ မျက်နှာ စာများရှိ မီနာရာပုံသဏ္ဌာန်စက်ဝန်းများကို ဖြိုချပေးရမည်ဖြစ်ကြောင်း၊ ထိုသို့မလုပ်ဆောင်ပါက ဤဒေသတွင်းဆက်လက်နေထိုင်ခွင့်မရဖို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တုဖီးလ်က အဟ်မဒီများသည် ဥပဒေအရ မွတ်စလင်မ်မဟုတ်သူများဖြစ်ကြောင်း ပြောခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ဝတ်ပြုဆောင်တွေ ဗလီနဲ့ဆင်တူနေတာကို ခွင့်မပြုနိုင်ပါဘူး။ သူတို့ မွတ်စလင်မ်တွေကို လမ်းလွဲရောက်အောင် လုပ်နေကြသူတွေပါ။ ကျွန်တော်တို့ ရဲကိုလည်းပြောပြီးပါ ပြီ။ သူတို့ကိုရပ်တန့်ပေးဖို့ပါ။ ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့ဆန္ဒပြရပါလိမ့်မယ်။ အကျိုးဆက်ရ လဒ်ကို သူတို့တာဝန်ယူရပါလိမ့်မယ်။ ” ဟု တုဖီးလ်က ပြောသည်။

ရှိတ်ခ်ကမူ အဟ်မဒီများသည် မိမိတို့ကိုယ်ကိုမွတ်စလင်မ်များဟုဆိုကာ ဥပဒေကိုချိုးဖောက် နေကြကြောင်း၊ ဥပဒေအရ ၎င်းတို့မှာ ကာဖဲရ်(မယုံကြည်သူများ) ဖြစ်ကြောင်းဆိုသည်။ 

ဘိုင်တုလ်ဟမ်ဒ်မှ အုပ်ချုပ်ရေးတာဝန်ခံ ဖဇလ်အဟ်မဒ်ကမူ အဟ်မဒီမွတ်စလင်မ်များအနေဖြင့် ဝတ်ပြုရာအဆောင်ကို ဗလီနှင့်မတူအောင် အတတ်နိုင်ဆုံးဆောင်ရွက်ပြီးဖြစ်သော်လည်း ၎င်းတို့က မကျေနပ်နိုင်သေးကြောင်း၊ ဤဗလီမှာ ၁၉၆၀ ကတည်းက ရှိနေခဲ့သည့် ဗလီဖြစ်ကြောင်း ပြောကြား သည်။ ရဲများကမူ ဗလီနှင့်မတူအောင် ၇၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်သော်လည်း ရှေ့မျက်နှာစာမှ မီနာရာပုံ စက်ဝန်းကို ဖြိုချပေးရန်လိုသည်ဟု ပြောခဲ့ကြောင်း သိရသည်။ ဖဇလ်အဟ်မဒ်ကမူ သူတို့ အနေဖြင့် မီနာပုံစက်ဝန်းကို ဖျက်ချမည်မဟုတ်ကြောင်း၊ သာသနာပိုင်ဆိုသူများနှင့် ရဲများကအလိုရှိပါ မူ ၎င်းတို့ကိုယ်တိုင် ဖျက်ချလျှင် ဖျက်ချနိုင်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်အစိုးရ၏ ဥပဒေမှ အပိုဒ်ခွဲ ၂၉၅ဘီနှင့် စီ၏ အင်္ဂလိပ်မူမှာ အောက်ပါအတိုင်းဖြစ်သည်။

According to 295-B of the Pakistan Penal Code, “whoever wilfully defiles, damages or desecrates a copy of the Holy Quran or of an extract therefrom or uses it in any derogatory manner or for any unlawful purpose shall be punishable with imprisonment for life.”

According to 298-C, “any person of the Qadiani Group or the Lahori Group (who call themselves ‘Ahmedis’ or by any other name), who directly or indirectly, poses as a Muslim, or calls, or refers to, his faith as Islam, or preaches or propagates his faith, or invites others to accept his faith, by words, either spoken or written, or by visible representations, or in any manner whatsoever outrages the religious feelings of Muslims shall be punished with imprisonment of either description for a term which may extend to three years and shall also be liable to fine.”


တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-