Tuesday, July 3, 2012

ကမ္ဘာလုံးဆိုင်ရာ မွတ်စလင်မ်ခေါင်းဆောင်မှ ယဉ်ကျေးသိမ်မွေ့မှုနှင့် ဝိညာဉ်ရေးရာများနှင့် စပ်လျဉ်း၍ ဟောပြောတင်ပြ


ဇွန်လ ၃၀ ရက်၊ ၂၀၁၂


အဟ်မဒီယာမွတ်စလင်မ်များ၏ ဥသျှောင်မှ ဇွန်လ ၃၀ ရက်၊ စနေနေ့က အမေရိကန်နိုင်ငံ ဟဲရစ္စဘတ် တွင်ကျင်းပသည့် နိုင်ငံလုံးဆိုင်ရာနှစ်ပတ်လည်ညီလာခံတွင် တက်ရောက်လာကြသည့် အမျိုးသမီး ၅ထောင်ကျော်အား မိန့်ခွန်းပြောကြားခဲ့သည်။ မိန့်ခွန်းတွင် အမျိုးသမီးများအား မိမိတို့၏လူနေမှု ဘ၀ ပုံစံ၌ သင့်တင့်မျှတသိမ်မွေ့မှုရှိရန်၊ ကလေးသူငယ်များအား ဝိညာဉ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုပေးရန် နှင့် ကုရ်အာန်ကျမ်းတော်အတိုင်း လိုက်နာဆောင်ရွက်ရန် မှာကြားထားသည်။


လန်ဒန်မြို့မှ ရောက်ရှိလာသည့် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ခေါင်းဆောင် သခင်ကြီးမီရ်ဇာမဆ်ရူးရ်အဟ်မဒ်မှ အမျိုးသမီးများအား သီးသန့်ခန်းမဆောင်တွင် မိန့်ခွန်းဟောပြောတင်ပြနေစဉ်တွင် အမျိုးသားများဘက်မှ တီဗွီရုပ်မြင်သံကြားဖြင့် တိုက်ရိုက်ကြည့်ရှုနေပုံ။ (Photo Courtesy - PAUL CHAPLIN, The Patriot-News)

သခင်ကြီး မီရ်ဇာမဆ်ရူးအဟ်မဒ်မှာ ကမ္ဘာပေါ်တွင် အဖွဲ့ဝင်ဦးရေအများဆုံး အစ္စလာမ်သာသနာအဖွဲ့ အစည်းတစ်ခု၏ အစ္စလာမ့်ခလီဖာသို့မဟုတ် ခေါင်းဆောင်ဖြစ်သည်။ သခင်ကြီးက အမျိုးသမီးများအား မိန့်ခွန်းပြောကြားအပြီးတွင် အဟ်မဒီမွတ်စလင်မ်များ၏ အမေရိကန်ပြည်ထောင်စု၊ Farm Show Complex တွင်ကျင်းပသည့်  ၆၄ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံ၌ တက်ရောက်လာကြသော အမျိုး သားဦးရေ ၇ ထောင်ခန့်ကိုလည်း မိန့်ခွန်းပြောကြားခဲ့သည်။ ထိုညီလာခံကို သောကြာနေ့က စတင်ခဲ့ပြီး တနင်္ဂနွေနေ့တွင် ပြီးဆုံးမည်ဖြစ်သည်။

အစ္စလာမ့်ခလီဖာမှ ယဉ်ကျေးသိမ်မွေ့ခြင်း၏ အရေးပါပုံကို အဓိကထားပြောကြားခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ နှင့် အပြုအမူပိုင်းဆိုင်ရာတွင် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်သည့် မကောင်းမှုပေါက်ပွားစေနိုင်သော မည်သည့်ယဉ်ကျေးမှုမဆို အမျိုးသမီးများအား သက်ရောက်စေနိုင်ကြောင်းဖြင့် သတိပေးပြောကြားခဲ့ သည်။

သခင်ကြီးက "ယဉ်ကျေးသိမ်မွေ့မှုက သက်ဝင်ယုံကြည်မှုရဲ့ အစိတ်အပိုင်းပါပဲ၊ ခင်ဗျားတို့ရဲ့ ခြုံလွှာတွေ နဲ့ သာသနာရေးဆိုင်ရာ ဝတ်စားဆင်ယင်မှုတွေကတော့ ကျက်သရေ မင်္ဂလာရှိမှုရဲ့ အစိတ်အပိုင်းများ ဖြစ်ပါတယ်။" ဟု မြွက်ကြားခဲ့သည်။

မူရင်းသတင်း - http://goo.gl/cs8MP

ဓာတ်ပုံများကြည့်ရန် - http://goo.gl/6yFuj

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-