Monday, November 23, 2015

ဂျပန်နိုင်ငံတွင် ပထမဆုံး အဟ်မဒီယာ ဗလီဝတ်ကျောင်းတော်သစ် ဖွင့်လှစ်

အဟ်မဒီယာ မွတ်စလင်အဖွဲ့ခေါင်းဆောင် ပဥ္စမမြောက် ခလီဖာ ဟာဇရတ် မီရ်ဇာ မဆ်ရူးရ် အဟ်မဒ် သခင်ဟာ  ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က ဂျပန်နိုင်ငံ၊ နာဂိုရာမှာ ဘိုင်တုလ် အဟဒ် (အဓိပ္ပာယ်-တစ်ဆူတည်းသောဘုရားရှင်၏ဝတ်ကျောင်းတော်) ဗလီဝတ်ကျောင်းအသစ်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ အဟ်မဒီယာ မွတ်စလင်အဖွဲ့က ပထမဦးဆုံးတည်ဆောက်တဲ့ ဗလီဖြစ်ပါတယ်။

ခလီဖာသခင်ဟာ ဝတ်ကျောင်းတော်ဖွင့်ပွဲနေ့ ဒေသစံတော်ချိန် (၁) နာရီမှာ ဗလီကိုရောက်ရှိပြီး အထိမ်းအမှတ် မှတ်တမ်းကျောက်ကိုဖွင့်လှစ်ကာ သောကြာနေ့ဓမ္မသဘင် (ခွတ်သဗာ)ကို စတင်ပါတယ်။ ခွတ်သဗာ ကို MTA နိုင်ငံတကာရုပ်သံအစီအစဉ်ကနေ တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။

ခွတ်သဗာတရားဟောကြားခြင်းမှာ ခလီဖာသခင်ဟာ ဗလီဝတ်ကျောင်းတော်ရဲ့ စစ်မှန်တဲ့ရည်ရွယ်ချက်ကို တင်ပြခဲ့ပြီး ဂျပန်မှာနေထိုင်တဲ့ အဟ်မဒီမွတ်စလင်တွေအနေနဲ့ အမြင့်ဆုံး ကိုယ်ကျင့်တရား ၊ ဝိညာနရေးရားအခြေအနေတွေရရှိအောင် ကြိုးပမ်းကြဖို့လိုအပ်ကြောင်း အထူးအလေးပေးပြောကြားခဲ့ပါတယ်။


ဟာဇရတ် မီရ်ဇာ မဆ်ရူးရ် အဟ်မဒ် ပြောဆိုတာက ...
" အခုဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်ပြီးစီးသွားပြီ။ ဒီအတွက် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ပြီး တာဝန်ဝတ္တရားတွေကို ကျေပွန်ဖို့အရေးတကြီးလိုအပ်တယ်။ ကျွန်တော်တို့တွေဟာ မဆီဟ်သခင်ကို လက်ခံထားပြီးသွားပြီ၊ အဟ်မဒီမွတ်စလင်တွေဖြစ်တယ်ဆိုပြီး 'အရှင်မြတ်ဟာ ချီးမွမ်းခြင်းခံထိုက်ပါတယ်' လို့ဆိုရုံလောက်နဲ့ မလုံလောက်သေးဘူး။ နေ့တိုင်းဒီမှာလာရောက် ဝတ်ပြုပြီး ကိုယ်ကျင့်တရားဆိုင်ရာအရည်အသွေးတွေတိုးတက်အောင် ရှာဖွေရမယ်။ ဒါ့အပြင် ဒီတိုင်းပြည်အနှံ့မှာလည်း စစ်မှန်တဲ့အစ္စလာမ့် သွန်သင်ချက်ကို ပျံ့နှံ့အောင် တိုးတက်အောင်ပြုလုပ်ရမယ်။ "

အချို့သော မွတ်စလင်အဖွဲ့အစည်းတွေကြားမှာ ပျံ့နှံ့နေတဲ့အကြမ်းဖက်ဝါဒနဲ့ ပတ်သတ်ပြီး ဟာဇရတ် မီရ်ဇာ မဆ်ရူးရ် အဟ်မဒ် သခင်က ခုလို့ ရှုံ့ချပြောဆိုပါတယ် ...

" စစ်မှန်တဲ့အစ္စလာမ့် သင်ကြားချက်ပျံ့နှံ့ဖို့အတွက် အဆင့်အမြင့်ဆုံး ဝတ်ပြုမှုလိုအပ်ပါတယ်။ ဒီတောင်းဆိုချက်က သွေးထွက်သံယိုမှုတွေနဲ့ ရက်စက်ကြမ်းကြမ်စွာ ပြုမှုနေတဲ့သူတွေကို မိမိကိုယ်ကို တော်လှန်ပြောင်းလဲပြီး ငြိမ်းချက်တဲ့တိုးတက်မှုအတွက် ကိုယ်ကိုတိုင်ပြုပြင်ပြောင်းလဲတဲ့ ဂျီဟတ်ကို အစားထိုးကျင့်သုံးဖို့ပဲဖြစ်ပါတယ်။ စိတ်မကောင်းစရာက ယနေ့မွတ်စလင်တွေဟာ အစွန်းတစ်ဖက်ကို ရောက်သထက်ရောက်လာပြီး တစ်ချို့အစ္စလာမ်တာဝန်ထမ်းဆောင်နေတယ်လို့မိမိကိုယ်ကိုဆိုသူတွေဟာ အပြစ်မဲ့တဲ့ သူတွေကို သနားညှာတာမှုကင်းမဲ့စွာနဲ့ ရက်ရက်စက်စက်သတ်ဖြတ်နေကြတာကိုတွေ့နေရတယ်။ "

ခလီဖာသခင်က မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ ပဲရစ်မြို့ တိုက်ခိုက်မှုကို အပြစ်တင်ပြောဆိုခဲ့ပြီး လွန်ကျူးသူတွေဟာ အစ္စလာမ်နာမည်ကို မှေးမှိန်အောင် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။



ဟာဇရတ် မီရ်ဇာ မဆ်ရူးရ် အဟ်မဒ် သခင်က ...

" မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှုက ရက်စက်ကြမ်းကြုတ်ပြီး စက်ဆုပ်ဖွယ်ရာကောင်းပါတယ်။ ဒါဟာ အစ္စလာမ့်သွန်သင်ချက်နဲ့ လုံးဝဆန့်ကျင်ပြီး အဟ်မဒီမွတ်စလင်တွေဟာ စစ်မှန်တဲ့ အစ္စလာမ်သာသနာရဲ့ ငြိမ်းချမ်းတဲ့သွန်သင်ချက်ကို ဖြန့်ဝေဖို့ အလေးအနက်တာဝန်ရှိပါတယ်။ "

ခလီဖာသခင်က "အသင်တို့ဒီမှာနေထိုင်တဲ့အတွက် အလ္လာဟ်အရှင်မြတ်ကပေးသနားတဲ့ ကောင်းချီးမင်္ဂလာတွေကို စဉ်းစားတွေးတောသင့်တယ်။ ဒီမှာ အသင်တို့ဝတ်ပြုမှုနဲ့ပတ်သတ်လို့ တားမြစ်ချုပ်ချယ်မှုတွေမရှိဘူး။ အသင်တို့ရဲ့ ဗလီဝတ်ကျောင်းတော်ကို 'ဗလီ' လို့ခေါ်ယုံနဲ့ ထောင်သွင်းအကျဉ်းချထားခံရတာမျိုးမရှိဘူး။ ဒီလိုမျိုးအပြုအမူတွေအစား ဒီနိုင်ငံမှာ အသင့်တို့ရဲ့ ငြိမ်းချမ်းပါစေလို့ နှုတ်ခွန်းဆက်တဲ့စကားကို ကြိုဆိုနှစ်သက်ကြတယ်။"

ဆက်လက်ပြီး သခင်က .. ဒီမှာနေထိုင်သူအဟ်မဒီမွတ်စလင်တွေအနေနဲ့ ကတိတော်လာ မဆီဟ်သခင်(ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) ရဲ့ဆန္ဒနဲ့အညီ စစ်မှန်တဲ့အစ္စလာမ့် မျက်နှာစာကို ဂျပန်နိုင်ငံမှာ တင်ပြကြဖို့ တာဝန်ရှိကြောင်းပြောဆိုပါတယ်။

"ဒီဂျပန်နိုင်ငံမှာ ရရှိတဲ့ လွတ်လပ်ခွင့်ဟာ အသင့်တို့အတွက် ဘာသာတရားလေးစားကိုင်းရှိုင်းပြီး အသင်တို့အတွင်းမှာ ပြုပြင်ပြောင်းလဲစေအောင် မတောင်းဆိုနေဘူးလား? ဒီအတွက် ကိုယ်ကျိုးဆန္ဒတွေကို စွန့်လွှတ်ပြီး ဘုရားရှင် နှစ်သက်မှုရှာရအောင်ကော တောင်းဆိုမနေဘူးလား ? အသင်တို့မေတ္တာတွေကို ထုတ်ပြပြီး ကြင်နာသနားမှုတွေကို အသင်တို့အတွင်းမှာရော အသင်တို့နေထိုင်တဲ့ လူမှုဝန်းကျင်အသိုင်းအဝိုင်းမှာပါ ဖော်ထုတ်ပြသဖို့မလိုအပ်ဘူးလား ? "

အဆုံးမှာ သခင်ဟာ ဗလီရဲ့ အသေးစိတ် တည်ဆောက်ပုံကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ခလီဖာသခင်က တချိန်က တာဝန်ရှိသူတွေထံက ခွင့်ပြုချက်ရဖို့ခက်ခဲတဲ့ နေရာမျိုးမှာ အရှင်မြတ်ရဲ့ ကျေးဇူးတော်နဲ့ အတားအဆီးအခက်အခဲတွေကျော်ဖြတ်ပြီး ဗလီဝတ်ကျောင်းကို တည်ဆောက်နိုင်ခဲ့ကြောင်းပြောဆိုပါတယ်။

သခင်က ဒီမှာနေထိုင်တဲ့ အဟ်မဒီမွတ်စလင်တွေ၊ အမျိုးသမီး အမျိုးသား ကလေးငယ်တွေဟာ ဗလီအတွက် စွန့်လွှတ်လှူဒါန်းပါဝင်ခဲ့တာတွေအတွက် ချီးကျူးပြောကြားခဲ့ပါတယ်။ အခြားမွတ်စလင်မဟုတ်သူများရဲ့ ကူညီမှုနဲ့ ကြင်နာမှုအတွက်လည်း ဂုဏ်ပြုခဲ့ပါတယ်။

ဘိုင်တုလ် အဟဒ် ဗလီဟာ ဝတ်ပြုသူပေါင်း (၈၀၀) ခန့်ဝတ်ပြုနိုင်ပြီး ဂျပန်နိုင်ငံမှာ အကြီးဆုံးဗလီဖြစ်ပါတယ်။ နာဂိုရာ အရပ်မှာ တည်ရှိပြီး လမ်းပမ်းဆက်သွယ်ရေးလမ်းကြောင်းတွေလွယ်ကူတဲ့နေရာမှာတည်ရှိပါတယ်။ ဗလီအဆောက်အဦးမှာ အခြားနေရာထိုင်ခင်းတွေ၊ ရုံးခန်းတွေနဲ့ စာကြည်တိုက်လည်း ပူးတွဲပါဝင်ပါတယ်။

Saturday, November 21, 2015

ISISသည်စစ်မှန်သောအစ္စလာမ်မဟုတ်သလိုမည်သည့်အခါတွင်မျှလည်း (စစ်မှန်သောအစ္စလာမ်) ဖြစ်လာလိမ့်မည်မဟုတ်


အစ္စလာမ်သည်အကြမ်းဖက်လုပ်ရပ်များဖြင့်ဖွဲ့စည်းထားသောသာသနာဖြစ်ကြောင်းယနေ့ခေတ်မီဒီယာများနှင့်လူမှုကွန်ယက်အသီးသီးတွင်နှစ်ဆယ့်လေးနာရီပတ်လုံး ရေပန်းစား ပျံ့နှံ့နေသောအတွေးအမြင်၊ အယူအဆဖြစ်ကြောင်း  ကယ်လီဖိုးနီးယားတက္ကသိုလ် ၏ပရောဖက်ဆာဖြစ်သူ  Mr. Amjad Mahmood Khan က ဖော်ပြသည်။
-ဤအကြမ်းဖက်လုပ်ရပ်များအကြောင်းကို ၂၀၀၁ခုနှစ်နောက်ပိုင်း မွတ်စလင် မဟုတ်သောအစွန်းရောက်များက အပြစ်မဲ့မွတ်စလင်များအား နှစ်ကြိမ်တိုင်တိုင်သတ်ဖြတ်ကျူးလွန်ခဲ့ပြီးဖြစ်သော်လည်း ကမ္ဘာကသိသာမြင်သာစေသောခေါင်းကြီးပိုင်းတွင်မွတ်စလင်များ၏အကြမ်းဖက်လုပ်ရပ်များကိုသာအသားပေးဖော်ပြထားကြောင်း မကြာသေးမီးကမှထွက်ရှိသောနယူယောက်တိုင်းမ်သတင်းစာတွင်ဖော်ပြပါရှိသည်။

-(Religion,Freedom and Peace)ဘာသာတရား၊ လွတ်လပ်ခွင့်နှင့်ငြိမ်းချမ်းရေး ဆိုသည့်ခေါင်းစဉ်ဖြင့်နယူးယောက်မြို့တွင် အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်းကကြီးမှုးကျင်းပသောဖိုရမ်တွင်ပရောက်ဖက်ဆာခန်ကပြောကြားသည်မှာ-
-အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်းသည်စဉ်ဆက်မပြတ်တိုးတက်လျက်ရှိသောအပြည်ပြည်ဆိုင်ရာအစ္စလာမ့်လှုပ်ရှားမှုအသင်းအဖွဲ့တစ်ခုဖြစ်သည်။ယင်းအဖွဲ့အစည်းကို ၁၈၈၉ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ပြီး ယခုဆိုနိုင်ငံပေါင်း ၂၀၀ ကျော်တွင် အဖွဲ့ဝင်ပေါင်း သန်း၂၀၀ကျော်ဖြင့် ဖြန့်ကြက်လျက်ရှိသည်။ယခုအဖွဲ့အစည်းကြီး၏ ဌာနချုပ်သည် အင်္ဂလန်နိုင်ငံတွင်တည်ရှိလျက်ရှိပြီး မည်သည့်ပုံစံ၊မည်သည့်အသွင်မျိုးဖြင့်မဆိုကျူးလွန်သောအကြမ်းဖက်လုပ်ရပ် ဟူသမျှကို ရှုတ်ချငြင်းပယ်သော အဖွဲ့အစည်းဖြစ်သည်။ထို့အတူ အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်းသည် ဗလီဝတ်ကျောင်းနှင့် လူနေထိုင်ရာနယ်မြေဒေသ အားသီးခြားစီခွဲခြားသတ်မှတ်ခြင်းကိုအားပေးသည့်တစ်ခုတည်းသောအစ္စလာမ့်အဖွဲ့အစည်းဖြစ်သည်။

-လူသားတစ်ဦးချင်းအား လွတ်လပ်စွာရွေးချယ်ပြုပိုင်ခွင့်ကိုအစ္စလာမ်သာသနာတွင် ထာဝရဘုရားသခင် အလ္လာဟ်အရှင်မြတ်ကပေးထားပြီး တစ်စုံတစ်ဦးအား အစ္စလာမ်ကိုလက်ခံစေဖို့မည်သူ့တွင်မှဖိအားပေးပိုင်ခွင့်မရှိဟုအစ္စလာမ်ကပြဌာန်းကြောင်း၊ ဖိအားပေးကာအဓမ္မစနစ်ဖြင့် ယုံကြည်ခိုင်းခြင်းသည် ယုံကြည်မှုမမည်ကြောင်း၊ ထို့ကြောင့်ISISသည်စစ်မှန်သောအစ္စလာမ်မဟုတ်သလိုမည်သည့်အခါမျှလည်း စစ်မှန်သောအစ္စလာမ်ဖြစ်လာနိုင်စရာမရှိကြောင်းဖြင့် ၂၀၀၄ခုနှစ်တွင် ဟားဗတ်ဥပဒေတက္ကသိုလ်မှဘွဲ့ရခဲ့ပြီး (Harvard Human Rights Law Journal) ဟားဗတ်လူ့အခွင့်အရေးဆိုင်ရာဥပဒေဂျာနယ်၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပရောဖက်ဆာခန်ကဆိုသည်။

-ဘာသာရေးလွတ်လပ်ခွင့်ကိုအနက်ထွေပြားခြင်းမရှိသောစကားလုံးအသုံးအနှုံးဖြင့်ဖော်ပြသောကျမ်းများတွင်ကမ္ဘာပေါ်ရှိကောင်းကင်ကျကျမ်းများအနက်ကျမ်းမြတ်ကုရ်အာန်တစ်ခုတည်းတွင်သာဖော်ပြထားကြောင်း ပရောဖက်ဆာခန် က ထပ်လောင်းပြောကြားသည်။အဓမ္မစနစ်ဆိုသည့်စကားလုံးမှာဘာသာတရား နှင့်မည်သို့မျှပတ်သက်ဆက်နွယ်မှုမရှိကြောင်း၊ ယုံကြည်မှုဟူသည်တစ်ဦးချင်း နှင့်သာသက်ဆိုင်သောထူးခြားသည့်အနက်သဘောကိုသာဆောင်ကြောင်း၊ အဓမ္မစနစ်ကျင့်သုံးပြီး အခြားသူများအားဘာသာပြောင်းခိုင်းခြင်းကိုမွတ်စလင်များအတွက်ကျမ်းမြတ်ကုရ်အာန်ကပြင်းထန်စွာတားမြစ်ထားကြောင်း ပရောဖက်ဆာခန်ကဆိုသည်။

-အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန်သွေးထိုးလှုံ့ဆော်ဟောပြောမှုများ၊ အမုန်း စကားများ(Hate Speech)၊ရန်စကားများ (Offensive Speech့)ပြောဆိုခြင်း သည်ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့်လွတ်လပ်ခွင့်အစရှိသည်တို့ကိုခြောက်လှန့်နေသောအရာများဖြစ်ပြီး ယင်းအားလုံးကိုအစ္စလာမ်ကတားမြစ်ထား သည်။အစ္စလာမ်ကပြဌာန်းသောပြောဟောမှုများ၊စကားများသည်လောကအတွက်ဆုတ်ယုတ်မှု၊ နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာမရှိချေ။
-မော်တော်ဆိုင်ကယ်များဖြင့်မွတ်စလင်ဆန့်ကျင်သူ ၂၅ဝခန့်သည် Phoenix မြို့ရှိအကြီးဆုံးဗလီဝတ်ကျောင်းရှေ့တွင် စုရုံးကာကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူဆိုင်ကယ်သမား အများစုသည်သေနတ်များကိုင်ဆောင်ထားကြပြီး အစ္စလာမ်ဆန့်ကျင်ရေးစာတန်းများ၊ ရုပ်ပုံများရေးဆွဲထားသောတီ-ရှပ်အကျီများ ဝတ်ဆင်လျက် အော်ဟစ်ဆူပူခဲ့ကြသည့်အဖြစ်မျိုး ပြီးခဲ့သည့်လအနည်းငယ်ကပရောဖက်ဆာခန်ကြုံခဲ့ရသည်။အစ္စလာမ်မုန်းဝါဒသည် စူးစူးနစ်နစ်အမြစ်တွယ်ခဲ့ပြီဖြစ်ကြောင်း ကန့်ကွက်ဆန္ဒပြသူအများအပြား၏ ဆူပူမှုမြင်ကွင်းဖြင့်ပရောဖက်ဆာခန်သိခဲ့ရသည်။ဆန္ဒပြသူများ၏ အဓိကရည်ရွယ်ချက်မှာ အမေရိကန်မွတ်စလင်များ၏ သန့်ရှင်းရာနေ့၌ထိုမွတ်စလင်များအားခြိမ်း ခြောက်ခြင်းဖြင့်လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်ကို(ဆက်လက်တည်တံ့ရန်)ကာကွယ်ခြင်းဖြစ်သည်။

-မိမိတို့ပြုလုပ်ခဲ့သည်များမှာမိုက်မဲသောလုပ်ရပ်များဖြစ်သော်ငြားလည်း ယင်းသည်လွတ်လပ်ခွင့်အတွက်မရှိမဖြစ်လိုအပ်သောလုပ်ရပ်ဖြစ်ကြောင်း ကန့်ကွက်ဆန္ဒပြမှုများကိုဦးဆောင်လှုပ်ရှားရေးအဖွဲ့ကဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ဖော်ပြကြသည်။

-ကန့်ကွက်ဆန္ဒပြခြင်း၏ရလဒ်အနေဖြင့်ဆိုင်ကယ်သမားများနှင့်မွတ်စလင်များ အကြား မည်သို့သောပဋိပက္ခမှဖြစ်ပွားခဲ့ခြင်းမရှိခဲ့ဘဲထိုနေ့တွင်ငြိမ်းချမ်းရေး သို့ဦးတည်သောပမာဏအနေဖြင့်အနည်းအကျဉ်းမျှသာရှိသည့်တိုးတက်မှုအချို့ဖြစ်ထွန်းခဲ့သည်။
-ကန့်ကွက်ဆန္ဒပြမှုကအမေရိကန်သားများသည်မွတ်စလင်များနှင့်ပိုမိုစိမ်း ကားသွားစေခဲ့ပြီး အမေရိကန်ယဉ်ကျေးမှုနှင့် နဂိုကထက် ပိုမိုဝေးကွာသွားစေခဲ့သည်။

-''Phoenix မှာဖြစ်ခဲ့တာကအမေရိကန်မှာဖြစ်လာတော့မယ့်ကံမကောင်း အကြောင်းမလှမှုရဲ့ရှေ့ပြေးရောဂါနိမိတ်ဖြစ်တယ်။ဘာသာတရား၊ လွတ်လပ်ခွင့်နှင့်ငြိမ်းချမ်းရေးအကြား ပိုမိုတင်းမာလာတယ်။ဘာသာတရားဟာ ငြိမ်းချမ်းရေးစိုက်ထူဖို့အတွက် မဟုတ်ဘဲပဋိပက္ခဖြစ်ဖို့အတွက်လှုံ့ဆော်ပေးတဲ့ဖိအားတစ်ခုဖြစ်နေသလား၊ ဖြစ်မနေဘူးလား၊ ဘာသာတရားဟာ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးတို့အတွက်အတားအဆီးဖြစ်နေသလား၊ ဖြစ်မနေဘူးလား ဆိုတဲ့မေးခွန်းတွေကိုပေါက်ဖွားလာစေခဲ့တယ်။လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်၊ လိင်တူလက်ထပ်ထိမ်းမြားခွင့်နှင့် ကိုယ်ဝန်ဖျက်ချခွင့် အစရှိတဲ့အကြောင်းအရာတွေနှင့်ပတ်သက်ပြီး ဘာသာတရား၊ လွတ်လပ်ခွင့်နှင့်ငြိမ်းချမ်းရေးကိုလတ်တလောအလွန်အကဲဆတ်နေတဲ့အရာတွေဖြစ်တယ်။ဒီအကြောင်းအရာတွေရဲ့တင်းမာလာနေမှုကိုအခြားကမ္ဘာ့ဘာသာကြီးတွေကလျှော့ချ(ဖြေလျော့)ပေးစွမ်း နိုင်မှုမရှိတဲ့အခါအမေရိကန်မှာအစ္စလာမ်ကတိုက်ခိုက်အခံရဆုံး(ဖိအားအပေး အခံရဆုံး)အဖြစ်နှင့်ပေါ်လွင်လာခဲ့တယ်။'' ဟု ပရောဖက်ဆာခန်ကဆိုသည်။

-ကျွန်ုပ်တို့သည်အစ္စလာမ်ကြောက်ရောဂါ(Islamphobia)ပျံ့နှံ့ခံစားနေရသောလူ့အဖွဲ့အစည်းတွင်နေထိုင်နေရပြီး အစ္စလာမ်နှင့်မွတ်စလင်ကိုကြောက်ခြင်းသည်အမြင့်ဆုံးအဆင့်ကိုရောက်ခဲ့ပြီဖြစ်သည်။Pew polls  ၏ အဆိုအရအစ္စလာမ်၊ မွတ်စလင်နှင့်ပတ်သက်လျှင်အပျက်သဘောအမြင်ကိုအမေရိကန်သားများကလက်ကိုင်ပြုထားကြသည်။တဆက်တည်းမှာပင်အမေရိကန်အများစုသည်မွတ်စလင်တစ်ဦးတစ်လေမျှနှင့်ပင်ဆုံတွေ့ဖူးခြင်းမရှိချေ။အမေရိကန်မွတ်စလင်များသည်မိမိတို့အား အပျက်သဘောမြင်နေသောအမြင်ကိုချေဖျက်ရန်နေ့စဉ်နှင့်အမျှတောင်တက်သမားများကဲ့သို့ပင်ပန်းခက်ခဲစွာရင်ဆိုင်နေရကြရ၏။ဆိုင်ကယ်သမားများ ဗလီဝတ်ကျောင်းအပြင်ဘက်တွင် စုရုံးဆန္ဒပြခဲ့သော Phoenix တွင်ကြုံတွေ့ခဲ့သည့်အစ္စလာမ်ဆန့်ကျင်ကန့်ကွက်ရေး အခြေအနေမျိုးကိုအမေရိကန်တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ယခုမြင်နေရပြီဖြစ်သည်။

-ပြီးခဲ့သည့်လကပင်မွတ်စလင်ဆန့်ကျင်ရေး အုပ်စု၂ဝမျှကို အမေရိကန်နိုင်ငံနှင့် အဝှန်းတွင်မြင်တွေ့ခဲ့ရပြီဖြစ်သည်။

-ဘာသာတရား၊လွတ်လပ်ခွင့်နှင့်ငြိမ်းချမ်းရေးဆိုသောအကြောင်းကိုနိုင်ငံအဝှန်းတွင် အမှန်တကယ်အလင်းဆောင်ပေးနိုင်ရန် ယနေ့ကျွန်တော်တို့ဤနေရာတွင် လာရောက်စုရုံးကြခြင်းဖြစ်သည်။တကယ်တော့ဘာသာတရား၊ လွတ်လပ်ခွင့်နှင့်ငြိမ်းချမ်းရေးတို့အကြား ဖြစ်ပေါ်နေသောတင်းမာမှုကိုမည်သို့လျှော့ချပေးနိုင်မည်နည်းဆိုသည့်အဓိကကျသောအချက်ကိုရှေ့တွင်ဖြစ်ခဲ့သောအဖြစ်အပျက်များကသင်ခန်းစာပေးလျက်ရှိသည်။ဘာသာတရားအချင်း ချင်း အပြန်အလှန်နားလည်မှုရှိရန်၊ ဘာသာဝင်များအချင်းချင်းညီရင်းအစ်ကို၊ မောင်ရင်းနှမကဲ့သို့အပြန်အလှန်နားလည်ကြရန်၊ ငြိမ်းချမ်းရေးကိုတိုးမြှင့်တည်ဆောက်ရန် ယနေ့ကျွန်တော်တို့နယူးယောက်မြို့၏ ဤနေရာတွင်  စုရုံးနေကြခြင်းဖြစ်သည်။
''ဖြေရန်အရေးကြီးလိုအပ်တဲ့ကျစ်လစ်မာကျောအကဲဆတ်သောမေးခွန်းအချို့ရှိပါတယ်။Phoenix ကန့်ကွက်ဆန္ဒပြသူဆိုင်ကယ်သမားများ ခုရှိသေးသလား။အစ္စလာမ်ဟာ ငြိမ်းချမ်းရေးနှင့်ဆန့်ကျင်တဲ့သာသနာလား။ လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်ကိုအစ္စလာမ်ကတားမြစ်ဆန့်ကျင်သလား။ ဆိုတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်။'' ဟု ပရောဖက်ဆာခန်ကဆိုသည်။

-အမေရိကန်အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်း၏ ဒု-ဥက္ကဌနှင့်သာသနာပြုမှုးဖြစ်သ ူAzharHaneef က ပရောဖက်ဆာခန်၏ ပြောဆိုချက်ကိုထောက်ခံလျက်ဖြည့်ဆွက်ပြောကြားသည်မှာ-
''ဘာသာတရားဆိုတဲ့အကြောင်းကိုအခြေခံပြီး ယနေ့ညချမ်းလေးမှာကျွန်တော်တို့ဒီမှာစုရုံးကြရခြင်းဖြစ်တယ်။ဆိုခဲ့ပြီးသလိုပဲပုပ်ရဟန်းမင်း ဖရန်စစ်ကများမကြာမီကကျွန်တော်တို့(အဟ်မဒီယာမွတ်စလင်အဖွဲ့)ဆီကြွလာခဲ့ပါတယ်။ဒါဟာ မှတ်သားစရားအချက်ပါပဲ။ကျွန်တော်တို့ဒီပုဂ္ဂိုလ်(ပုပ်ဖရန်စစ်)ကို ရိုသေလေးစားစွာဖြင့် မေတ္တာရှေ့ထားပြီးဆက်ဆံကြိုဆိုခဲ့တယ်ဆိုတာအားလုံးအသိပဲဖြစ်ပါတယ်။ဒါဟာ လူသားထုတစ်ရပ်လုံးကိုမေတ္တာထားကြောင်း ဖော်ပြခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ဟာ ယနေ့ကမ္ဘာရဲ့လူ့အဖွဲ့အစည်းအရေးနှင့်နိုင်ငံရေးအခြေအနေတွေနှင့်ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပူပန်နေရတယ်ဆိုတာ နက်နက်ရှိုင်းရှိုင်းသိပြီးဖြစ်တယ်။ယနေ့ကျွန်တော်တို့ကမ္ဘာဟာ အကြမ်းဖက်မှုတွေနဲ့ပဋိပက္ခတွေတိုးပွားရာ နေရာတစ်ခုဖြစ်လို့နေပြီး ထာဝရဘုရားသခင်နှင့်ဘာသာတရားကိုခုတုံးလုပ်ကာရက်စက်မှုတွေကျူးလွန်ရာနေရာဌာနေဖြစ်နေတယ်။မည်သည့်ဘာသာတရားကမှအဓမ္မစနစ်နဲ့အစွန်းရောက်အကြမ်းဖက်မှုကိုသွန်သင်ခြင်းမရှိဘူးဆိုပြီးတော့သာကျွန်တော်တို့နားလည်ထားပါတယ်။
'ကျုပ်ရဲ့ယုံကြည်မှုကကွဲပြားတယ်။ သူပြောတာကိုကျုပ်သမိုင်းကမထောက်ခံဘူး' လို့ဆိုသူတစ်ဦးတစ်ယောက်မှမရှိဘူး။'
အဲလိုပြောတာဟာ နိုင်ငံရေးပါ။ဘာသာရေးမဟုတ်ပါဘူး။'' ဟု ပုပ်ရဟန်း မင်းကကျွန်တော်တို့ညီလာခံကြွရောက်လာစဉ်ကမိန့်ကြားဖူးပါတယ်။

-အရှေ့အလယ်ပိုင်းတွင်လွန်ခဲ့သောရာစုနှစ်များစွာကဖြစ်ခဲ့သည်များနှင့် ယခုဖြစ်နေသည်များအကြားကမည်သို့ကွာခြားသနည်း။ လူ့အဖွဲ့အစည်းထဲသို့ဘာသာတရားရောက်လာသည့်အခါကွာခြားသွားခြင်းမရှိကြောင်း တွေ့ရပါလိမ့်မည်။ကောင်းမှုနှင့်မကောင်းမှု၊ သူတို့နှင့်ငါတို့၊ ဟိုလူနှင့်သည်လူစသည်များနှင့်ပတ်သက်၍ကျွန်တော်ပြောနေခြင်းမဟုတ်ပါ။
-ကျွန်တော်ပြောနေတဲ့အဓိကအကြောင်းကအစွန်းရောက်မှုကိုကျွန်တော်တို့တိုက်ရမယ်ဆိုတာကိုပြောနေခြင်းဖြစ်ပါသည်။


Thursday, November 19, 2015

ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်း၏ ဦးစီးခေါင်းဆောင် ဟာဇရတ်မီရ်ဇာမက်စ်ရူးရ်အဟ်မဒ်သခင် ဂျပန်နိုင်ငံသို့ရောက်ရှိ


၂၀၁၅ခုနှစ် နိုဝင်ဘာလ ၁၇ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ် စလင်အဖွဲ့အစည်း၏ ဦးစီးခေါင်းဆောင် ပဥ္စမမြောက်ခလီဖာဟာဇ ရတ်မီရ်ဇာမက်စ်ရူးရ်အဟ်မဒ်သခင်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ သခင်၏ တတိယအကြိမ်မြောက်ခရီးစဉ်အဖြစ်ရောက်ရှိသည်။

နံနက်၇း၄ဝမိနစ်တွင် တိုကျိုမြို့ လေဆိပ်သို့ ဆိုက်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံလုံး ဆိုင်ရာ အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်း၏ အမီးရ်ဥက္ကဌဖြစ်သူ Anees Ahmad Nadeem နှင့် ဂျပန်နိုင်ငံ ဂျမာအသ်သားများအပါအဝင် နိုင်ငံရပ်ခြားမှ ဂျမာအသ်များက ခလီဖာသခင်အား လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့ကြသည်။

-ထို့နောက် သခင်က ဂျပန်န်ိုင်ငံ တိုကျိုမြို့ရှိ Meiji Shrine အဆောက်အဦးသို့ ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်ဖြင့် ကြွရောက်ခဲ့သည်။

ဂျပန်နိုင်ငံ၏အကြီးဆုံးဗလီများတွင် တစ်ခုအပါအဝင်ဖြစ်မည့် ဘိုင်တွလ် အဟဒ် ဗလီဝတ်ကျောင်းတော်



သခင်သည် ပြီးခဲ့သည့် ၂၀၀၆ခုနှစ်တွင်တစ်ကြိမ်၊၂၀၁၃ခုနှစ်တစ်ကြိမ် အသီးအသီး ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။ယခုတစ်ကြိမ် ၂၀၁၅ခုနှစ်တွင် ဂျပန်နိုင်ငံ နာဂိုယာမြို့သို့ အဟ်မဒီယာမွတ်စလင်ဂျမာအသ်၏ ဗလီဝတ်ကျောင်းတော် ဘိုင်တွလ်အဟဒ်ကို ဖွင့်လှစ်ရန် သွားရောက်ရခြင်းဖြစ် သည်။ ထိုဝတ်ကျောင်းတော်ကို သခင်က သောကြာမိန့်ခွန်းနှင့်တကွ ဖွင့်လှစ် မည်ဖြစ်သည်။ထိုသောကြာမိန့်ခွန်းကို လာမည့် ၂၀-၁၁-၂၀၁၅ခုနှစ်တွင် အမ်-တီ-အေ ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

-ဤခရီးစဉ်တွင် သခင်သည် ဂျပန်နိုင်ငံ နိုင်ငံရေးတာဝန်ရှိပုဂ္ဂိုလ်များနှင့် နာဂိုယာမြို့တွင်  တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ခြင်းအပြင် အစ္စလာမ်နှင့်ပတ်သက်သော မှတ်သားဖွယ် အထူးအရေးပါသည့်မိန့်ခွန်းကိုလည်း ထိုဗလီဝတ်ကျောင်းတော်ဖွင့်ပွဲအခမ်းအနားနှင့်ပူးတွဲမြွတ်ကြားမည်ဖြစ်သည်။

Monday, November 16, 2015

အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်း၏ ဦးစီးခေါင်းဆောင်ဟာဇရတ်မီရ်ဇာမက်စ်ရူးရ်အဟ်မဒ်သခင်မှပြင်သစ်နိုင်ငံပဲရစ်မြို့ တိုက်ခိုက်မှုကိုရှုတ်ချ

 
ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်း၏ ဦးစီးခေါင်း ဆောင်ပဥ္စမခလီဖာဟ် ဟာဇရတ်မီရ်ဇာမက်စ်ရူးရ်အဟ်မဒ်သခင်မှအကြမ်းဖက်သမားများကပဲရစ်မြို့အား တိုက်ခိုက်မှုကိုရှုတ်ချပြောဆိုခဲ့သည်။

-ဟာဇရတ်မီရ်ဇာမက်စ်ရူးရ်အဟ်မဒ်သခင်ကလန်ဒန်မြို့မှပြောကြားသည်မှာ-
ပဲရစ်မြို့တွင်ဖြစ်ပွားခဲ့သောစက်ဆုပ်မုန်းတီးဖွယ်အကြမ်းဖက်တိုက်ခိုက်မှုအတွက် အနူးအညွတ် ကရုဏာသက်၊ စာနာစိတ်ဖြစ်မိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်းကိုယ်စား ပြင်သစ်နိုင်ငံသူ၊ နိုင်ငံသားများနှင့်အစိုးရထံသို့ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သောဤအကြမ်းဖက်တိုက်ခိုက်မှုကိုအပြင်းထန်ဆုံးသောစကားလုံးများသုံးစွဲ၍ရှုတ်ချရမည်ဖြစ်သည်။

-သခင်ကဆက်လက်မိန့်ကြားသည်မှာ-
မည်သည့်ပုံစံ၊ အသွင်မျိုးဖြင့်မဆိုပြုလုပ်နေကြသောအကြမ်းဖက်၊ အစွန်းရောက်မှုများသည်အစ္စလာမ့်သွန်သင်ချက်နှင့် လုံးဝဆန့်ကျင်ကြောင်း အပြစ်မဲ့သူတစ်ဦးကိုသတ်ဖြတ်ခြင်းသည်လူ့အဖွဲ့အစည်းတစ်ရပ်လုံးအား သတ်ဖြတ်ခြင်းဖြစ်ကြောင်း ကျမ်းမြတ်ကုရ်အာန်ကပြောဆိုထားပြီးဖြစ်သည်။ထို့ကြောင့်မည်သည့်အခြေအနေမှာမဆိုသတ်ဖြတ်ခြင်းသည်သင့်လျော်မှုမရှိကြောင်း၊ အစ္စလာမ့်အမည်နာမကိုစွဲကိုင်ကာစက်ဆုပ်မုန်းတီးစရာကောင်းသောလုပ်ရပ်များကိုကျူးလွန်နေကြသူများသည်မိမိတို့လုပ်ရပ်များဖြင့်အစ္စလာမ်ကိုအဆိုးရွားဆုံး အသရေဖျက်နေကြခြင်းသာဖြစ်ကြောင်း။

ကျွန်ုပ်တို့၏ ကိုယ်ချင်းစာနာခြင်း၊ သနားကရုဏာသက်ခြင်းနှင့် ဆုတောင်း မှုများသည်အဆိုပါတိုက်ခိုက်မှုတွင်ဓားစားခံဖြစ်ခဲ့သူများ၊ တိုက်ခိုက်မှုခံခဲ့ရသူများ၊သေဆုံးသူများအားလုံးအတွက်ဖြစ်ပါသည်။သူတို့အားလုံးကိုဘုရားသခင်သည်းခံနိုင်စွမ်းပေးသနားတော်မူပါစေ။

မတရားသောဤအကြမ်းဖက်လုပ်ရပ်ကိုကျူးလွန်ခဲ့သူမျာကိုလည်း အလျှင်အမြန်တရား မျှတစွာ စီရင်နိုင်စေရန် ဆုတောင်းမှုပြုပါသည်။

http://www.khalifaofislam.com

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-