Wednesday, February 12, 2014

ပါလစ္စတိုင်းရှိ အဟ်မဒီမွတ်စလင် ၈ ဦးကို အာဏာပိုင်များဖမ်းဆီး



Source/Credit: Ahmadiyya Times
By Imran Jattala | February 11, 2013


ပါလစ္စတိုင်း အဟ်မဒီမွတ်စလင်မများ (၁၉၃၆ ခုနှစ်)
ပါလစ္စတိုင်းရှိ ဒေသဆိုင်ရာ ဥက္ကဌအပါအဝင် အဟ်မဒီမွတ်စလင် ၈ ဦးကို ပီအယ်လ်အို အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အကြောင်းမှာ မကြာသေးမီကမှ အဟ်မဒီမွတ်စလင် ဖြစ်လာကြသည့် အဟ်မဒီ ၆ ဦးအပါအဝင် စုစုပေါင်း အဟ်မဒီမွတ်စလင် ၈ ဦးမှာ ပါလစ္စတိုင်း၊ ဟဘ်ရွန်၌ မိမိတို့၏ ယုံကြည်ချက်အား အများသူငှာများထံ ဖြန့်ဖြူးခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

ထို အဟ်မဒီများကို စနေနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဒေသဆိုင်ရာ အဟ်မဒီမဟုတ်သော မွတ်စလင် မုဖ်သီတစ်ဦး၏ စနက်ကြောင့်ဖြစ်ကြောင်း သိရသည်။ ပါလစ္စတိုင်း၊ ဟဘ်ရွန်တွင် ၁၉၂၀ ပြည့်လွန်နှစ်များ ကတည်းက အဟ်မဒီများ ရှိနေခြင်းဖြစ်ကြောင်း၊ ၄င်းတို့ ၈ ဦးကို ယခုလ ၁၁ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်သော်လည်း နောက်ဆုံးသတင်းအရမူ ရုံးထုတ်မည့်ရက်ကို ရွှေ့ဆိုင်းပြီး ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-