Monday, February 10, 2014

မဟာတမန်တော်မြတ်(ဆွ)နေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ ကယ်လီဖိုးနီးယား တောင်ပိုင်းဒေသ Chino ဗလီဝတ်ကျောင်းတော်တွင် ဧည့်ပရိသတ်ပေါင်း ၄၀၀ ကျော်တက်ရောက်





၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ ချီနိုရှိ အဟ်မဒီယာဗလီဝတ်ကျောင်း
တော်တွင် မဟာတမန်တော်မြတ်နေ့ကျင်းပပြုလုပ်ခဲ့ကြပြီး အခမ်းအနားတွင်
တမန်တော်မြတ်(ဆွ)၏ ဂုဏ်သိက္ခာတော်များအကြောင်းကို တင်ပြဟောကြား
ခဲ့ကြသည်။

အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီးများအပါအဝင် ဂုဏ်သရေရှိ
ဧည့်သည်တော်များ ၄၀၀ ကျော်သည် ကယ်လီဖိုနီးယားတောင်ပိုင်း အခြေ
စိုက် အဟ်မဒီယာအဖွဲ့ကကျင်းပပြုလုပ်သော မဟာတမန်တော်မြတ်နေ့
အခမ်းအနားသို့ တက်ရောက်လာခဲ့ကြသည်။

တမန်တော်မြတ်(ဆွ)၏ဂုဏ်သိက္ခာတော်များအကြောင်း ဟောကြားတင်ပြ
သည့် တရားဟောဆရာများဟောကြားနေစဉ်တစ်လျှောက်တွင် အစ္စလာမ်၊
တမန်တော်မြတ်(ဆွ)စသည်များနှင့်ဆက်နွယ်သောအကြောင်းများကို ဗီဒီယို
ဖိုင်များဖြင့် ပရောဂျက်တာမှ တဆင့်ပြသခဲ့ကြသည်။

ထို့ပြင် အဟ်မဒီယာဂျမာအတ်ကို တည်ထောင်သူ ဟာဇရတ် မီရ်ဇာဂိုလာမ်
အဟ်မဒ်သခင်၏ ကိုယ်တော်မြတ်အား ချစ်ခြင်းဖွဲ့ အူရ်ဒူ၊ အာရဗီ လင်္ကာ
များ ရင့်ကျူးခဲ့ကြပြီး တက်ရောက်လာသောပရိသတ်များက အလွန်နှစ်ခြိုက်
ကြောင်း ဖွင့်ဟပြောဆိုခဲ့ကြသည်။

လော့စ်အိန်ဂျယ်လစ်အခြေစိုက် အဟ်မဒီယာဂျမာအတ်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ
Asim Ansari ကလည်း အခမ်းအနားသို့တက်ရောက်လာခဲ့ပြီး
တမန်တော်မြတ်(ဆွ)၏ ဘ၀ဖြစ်စဉ်မှာ လူသားတိုင်းနှင့်သက်ဆိုင်ပြီး စံထား
အတုယူဖွယ်ဖြစ်ခြင်းကြောင့် ဤသို့သောအခမ်းအနားကို ကျယ်ကျယ်ပြန်
ပြန့် ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားသည် အမေရိကန်နိုင်ငံသား လူငယ်များ၏အာရုံကို အံ့ဩဖွယ်
ကောင်းလောက်စွာ ဖမ်းစားနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ပြင်
လူငယ်အစည်းအရုံးများမှလည်းတက်ရောက်လာကြပြီး အနာဂတ်မျိုးဆက်
သစ်အတွက် အတုယူစံထားဖွယ်ဖြစ်သည့် ဤပုဂ္ဂိုလ်မြတ်အကြောင်းကို
အကြိမ်ကြိမ်ပြောကြဆိုကြရန် အရေးကြီးကြောင်း တင်ပြခဲ့ကြသည်။



တက်ရောက်လာသောလူငယ်များထဲမှ လူငယ်နှစ်ဦးက တမန်တော်မြတ်(ဆွ)
၏ ဘ၀ထေရုပ္ပတ္တိထဲမှ ကိုယ်တော်သည် မိသားစုနှင့်လည်းကောင်း၊
ပတ်ဝန်းကျင်၊ မိတ်ဆွေများနှင့်လည်းကောင်း မည်သို့သဘောထားရှိခဲ့ပြီး
မည်သို့ဆက်ဆံမှုရှိခဲ့ကြောင်းများကို အချက်ကျနစွာ တင်ပြခဲ့ကြပြီး နှောင်း
မွတ်စလင်များအတွက်သာမက လူငယ်ထုတစ်ရပ်လုံးအတွက်ပါ စံထား
အတုယူဖွယ်ကောင်းသည့် အလွန်ထိန်ညီးတောက်ပနေသော လမ်းပြမီးအိမ်
ပင်ဖြစ်ကြောင်း၊ ကိုယ်တော်၏လူငယ်ဘဝကိုယ်ကျင့်သိက္ခာများကို ထပ်ဆင့်
ဟောကြားတင်ပြခဲ့ကြသည်။

တရားဟောဆရာများထဲမှတစ်ဦးက ကိုယ်တော့်အား ဒရူးဒ်မေတ္တာပို့သရ
ခြင်း၏ ဒဿနနှင့်အနှစ်သာရကို ဟောကြားတင်ပြခဲ့ပြီး လူတစ်ဦးသည်
ကိုယ်တော့်ပေါ်သို့ မေတ္တာပို့သသည်ရှိသော် ထိုသူ့ထံသို့လည်း အရှင်မြတ်
ထံမှ ကောင်းချီးများ ပြန်လည်သက်ရောက်ကြောင်း၊ ထို့ပြင် လူတစ်ဦး
တစ်ယောက်ငြိမ်းချမ်းသာယာရေးနှင့် ကမ္ဘာသူကမ္ဘာသားများ၏ ငြိမ်းချမ်း
ရေးတို့မှာလည်း ကိုယ်တော်မြတ်အား ဒရူးဒ် မေတ္တာပို့သခြင်းဖြင့် နက်နဲစွာ
ဆက်စပ်လျက်ရှိကြောင်း တင်ပြခဲ့သည်။
ကလေးမလေးများကလည်း ကိုယ်တော့်အားချီးမွှမ်းဂုဏ်ပြုထားသည့် အူရ်ဒူ
ကဗျာလင်္ကာကို သံပြိုင်သီဆိုခဲ့ကြသည်။

ထို့ပြင် ကိုယ်တော်သည် နိုင်ငံရေး၊ လူမှုရေး၊ သိပ္ပံနယ်ပယ် အစရှိသည်
တို့တွင် တုနှိုင်းမဲ့ဆရာသမားဖြစ်ကြောင်း ကုရ်အာန်၏နက်နဲသော ဖွင့်ဆို
ချက်များ၊ ဟဒီးစ်တော်၏လင်းပြချက်များအပြင် ခေတ်အခါ၏အေမာမ်
ခေါင်းဆောင် ဟာဇရတ်မီရ်ဇာဂိုလာမ်အဟ်မဒ်၏ ရေးသားချက်များနှင့်
ချိန်ထိုးကာ လေးလေးနက်နက် တင်ပြခဲ့ကြသည်။
အခမ်းအနားနိဂုံးချုပ်တွင် သဘာပတိမှ ဒိုအာဆုတောင်းမှုဖြင့် အခမ်းအနား
ကို ရုပ်သိမ်းခဲ့ပြီး ဧည့်သည်တော်များကို စားသောက်ဖွယ်ရာများဖြင့်
တည်ခင်းဧည့်ခံခဲ့ကြသည်။ 



(www.themuslimtimes.org)

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-