Monday, May 21, 2012

အစ္စရေးတွင် ဇီ၀၊ ဓာတု၊ နူးကလီးယားစသော အဖျက်စွမ်းအားကြီးမားသည့် လက်နက်များ အစုလိုက်အပြုံလိုက်ရှိ

Israel's Nuclear, Biological and Chemical Weapons by Stephen Lendmen (Source) ၊ မေလ ၁၇ ရက် ၊၂၀၁၂ နေ့စွဲပါ ဆောင်းပါးကို အတိုချုန်း တင်ဆက်ထားပါသည်။


ကန်တို့အတွက် စိုးရိမ်ဖွယ်

အစ္စရေး၏ သိုသိုသိပ်သိပ်မရှိလှသည့် လျို့ဝှက်ချက်မှာ စွမ်းအားပြင်းအနုမြူလိုက်နက်တိုက် ပိုင်ဆိုင်မှု ပင်ဖြစ်သည်။ သို့သော် အစ္စရေး၏ ဓာတုနှင့်ဇီ၀လိုက်နက်စွမ်းအားများအကြောင်းကိုမူ လူသိနည်းလှ ပေသည်။ အောက်တွင် ထိုအကြောင်းကို ဖော်ပြပေးထားပါသည်။

အစ္စရေးနိုင်ငံ၊ ဒီမိုနာမြို့မှ နူးကလီးယားပညာရှင် မော်ဒက်ချိုင်း ဗနုနုက ဓာတုနှင့်ဇီ၀ လက်နက်များ နှင့် ဆိုင်သည့် သံသယဖြစ်ဖွယ်စာရွက်စာတမ်းများကို ၁၉၈၆ ခုနှစ်က ဖွင့်ချပြခဲ့ဖူးသည်။ အစ္စရေး အနေဖြင့် နူးကလီးယားလက်နက်များကို ဖန်တီးစမ်းသပ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် အစုလိုက်အပြုံလိုက် သိမ်းဆည်း ခြင်းများကို နှစ်ပေါင်းများစွာ ပြုလုပ်လာခဲ့ကြသည်။

ကျွမ်းကျင်သူများက ဗနုနု၏သတင်းအချက်အလက် မှန်ကန်ကြောင်း ဆိုခဲ့ကြသည်။ အစ္စရေးတို့က အင်အားပြင်း နူကလီးယားသိုလှောင်ရုံတစ်ခု ဖြစ်လာရန်အတွက် ရှုပ်ထွေးလှသော နည်းပညာရပ်ကို ဖော်ထုတ်ခဲ့ကြသည်။ ယနေ့တွင်မူ ယ္ခင်ကထက်ပို၍ အင်အားကြီးမားလာပြီဖြစ်သည်။

၁၉၉၁ က ဆေးမို ဟားရ်ှ (Seymour Hersh) ဟုအမည်ရသော နာမည်ကြီးစာရေးဆရာ ရေးသားသည့် "The Samson Option: Israel's Nuclear Arsenal and America Foreign Policy," ခေါ် အစ္စရေးနူးကလီးယားလက်နက်တိုက်နှင့် အမေရိကန်နိုင်ငံခြားရေးမူဝါဒဟူသော စာအုပ်တွင် စာရေးသူက ပြင်းထန်သည့်ခြိမ်းခြောက်မှုများကို တုန့်ပြန်ရန်ရည်ရွယ်ချက်ဖြင့် ထားရှိသော အစ္စရေး၏ စွမ်းအားပြင်း နူကလီးယားတန်ပြန်တိုက်ခိုက်မှု နည်းနာများအကြောင်းကို ​ဆွေးနွေးထားသည်။

၁၉၉၇ တွင်ထုတ်ဝေသော ဆေးမိုဟာရ်ှ၏ "Open Secrets: Israeli Nuclear and Foreign Policies," ခေါ် အစ္စရေးနူးကလီးယားနှင့် နိုင်ငံခြားရေးမူဝါဒများစာအုပ်တွင် ဟီးဗရူးတက္ကသိုလ်၊ ဂျေရုစလင်မ်၏ ဓာတုဗေဒပါမောက္ခ အစ္စရာအီလ် ရှာဟက်က အစ္စရေးအနေဖြင့် အရှေ့အလယ်ပိုင်း နိုင်ငံများအပေါ် ဩဇာလွှမ်းမိုးမှု ပိုမိုအဆင့်မြှင့်တင်ရန် နူးကလီးယားနှင့် အခြားလက်နက်များ အသုံးပြု ဖို့ ဝန်လေးနေမှာမဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

၂၀၀၆ တွင်၊ အစ္စရေးဝန်ကြီးချုပ် အူဟုဒ် အိုမားတ်က ဂျာမနီ စက် (၁) ရုပ်မြင်သံကြား (Germany's Sat. 1 channel) သို့ အောက်ပါအတိုင်း ပြောကြားခဲ့သည်။

"အီရန်က အစ္စရေးကို မြေပုံပေါ်ကဖျောက်ပြစ်မယ်လို့ ပွင့်ပွင့်လင်းလင်းပဲ လူထုပရိသတ်ကို အသိ ပေး ခြိမ်းခြောက်နေတယ်။ သူတို့က ခုမှ အမေရိကန်၊ ပြင်သစ်၊ အစ္စရေးနဲ့ ရုရှတို့လိုမျိုး နူးကလီး ယားပိုင်ဆိုင်ဖို့ ကြိုးစားနေတုန်းရှိသေးတယ်၊ (ရာရာစစ) အဆင့်ချင်းမတူပဲ တန်ရာပြောတယ်လို့ ဘယ်လိုလုပ်ပြောနိုင်ပါ့မလဲ။"

အူဟုဒ် အိုမားတ်ကမူ ပရိသတ်က ရှင်းရှင်းလင်းလင်းနားထောင်ခဲ့ရသော ထိုစကားမျိုးကို သူမပြော ပါဟု နောက်ပိုင်းတွင် ငြင်းချက်ထုတ်ခဲ့သည်။ သူ့အား နဲနဲလျော့ပါအုန်းဟု တောင်းဆိုရမည်ပင်။ သို့မဟုတ်ပါက အစ္စရေးတွင် နူးကလီးယားလက်နက်များ ရှိနေကြောင်း သေချာသည့်စုံစမ်းမှုမျိုး မပါဘဲ စွပ်စွဲနေမှုများအား သူ၏စကားကပင် လူသိရှင်ကြား ထောက်ခံအသိပေးသလိုမျိုး ဖြစ်ခဲ့သည်။

အစ္စရေးတို့က အမြဲတမ်းလိုလို သူတို့၏နူကလီးယားပိုင်ဆိုင်မှုကိစ္စကို သို့လောသို့လောသံသယဝင် ရသည့်အဆင့်မျိုးသာ ဖော်ပြကြသည်။  အူဟုဒ် အိုမားတ်က နောက်ကြောင်းပြန်လှည့်ခဲ့သော်လည်း ဝေဖန်မှုများကိုမူ တစ်စုံတစ်ရာ ကျေနပ်မှုမပေးနိုင်ခဲ့ချေ။ သူ၏ ပြိုင်ဘက်ပါတီက သူ့အား မိမိစကား အပေါ် တာဝန် မယူနိုင်သူဟု သမုတ်ခဲ့သည်။

မီရက်ဇ် (Meretz) ပါတီမှ ယော့စ်နီ ဘိုင်လင်က "ဝန်ြကီးချုပ်ရဲ့ နူးကလီးယားစွမ်းအားနဲ့ဆိုင်တဲ့ ပြောဆိုမှု ဟာ တာဝန်မယူနိုင်တဲ့ ပရမ်းပတာပြောစကားမျိုးဖြစ်တယ်ဆိုတာ မီးမောင်းထိုးပြနေ ပါတယ်။" ဟု ပြောဆိုခဲ့သည်။

အိုမားတ်၏ ပြောစကားမှာ အတော်ကလေးတာသွားခဲ့သော်လည်း အပျက်ပျက်ကိန်းမဆိုက်ဖို့ ဖာထေးမှုများကလည်း များပြားခဲ့ပေသည်။ အိုမားတ်၏ ပြောခွင့်ရပုဂ္ဂိုလ် မီရီအိုင်ဆင်က ဝန်ကြီးချုပ် ၏ မှတ်ချက်မှာ အစ္စရေးတွင် နူးကလီးယားလက်နက်များရှိသည် သို့မဟုတ် အစ္စရေးက နူးကလီး ယားလက်နက် ပိုင်ဆိုင်လိုသည်ဟု အဓိပ္ပါယ်မရကြောင်း ပြောဆိုခဲ့သည်။

သို့သော် မော်ဒက်ချိုင်း ဗနုနု၏ ဖော်ထုတ်မှုအရမူ လွန်ခဲ့သည့် အနှစ် ၂၀ ကတည်းက အမှန်တရား မှာ ဘူးပေါ်သလို ပေါ်ခဲ့ရပြီးဖြစ်သည်။ ဗနုနုက "အနှစ် ၂၀ လုံးလုံး သူတို့က ကျွန်တော့် သက်သေပြမှု ကို လိမ်လည်လှည့်ဖျားမှုတွေလုပ်ခဲ့တယ်။ ဒါပေမယ့် မအောင်ခဲ့ပါဘူး။" ဟု ဆိုသည်။

အစ္စရေးကမူ ၎င်းတို့၏နူးလက်နက်ကိစ္စကို ဆွေးနွေးဖို့ ငြင်းဆန်နေမြဲဖြစ်သည်။ မေလ ၄ ရက်နေ့ ထုတ် ဟားရက်ဇ် (Haaretz) သတင်းစာ ခေါင်းကြီးပိုင်းတွင် "အစ္စရေး၏ အက်တမ်မစ် လက်နက် တိုက်မှာ အမေရိကန်နူးကလီးယားမူဝါဒ၏ သားကောင်ဖြစ်နိုင်" ဟု ခေါင်းစီးဖြင့် သတင်းဖော်ပြခဲ့ ဘူးသည်။ သတင်းက -

"ပြီးခဲ့တဲ့ဖေဖော်ဝါရီက ဟီရိုရှီးမားကို အလယ်အပတ်ရောက်ခဲ့ပါတယ်။ (အစ္စရေးကာကွယ်ရေး ဝန်ကြီး အူဟုဒ်ဘာရတ်) ၏ အာရုံကို ' ကမ္ဘာ့မြေပုံပေါ်တွင် အက်တမ်မစ်စွမ်းအားပိုင်ဆိုင်သော နူးကလီးယားထိပ်ဖူးများ စာရင်းဇယားအလိုက် ရှိနေပြီဟု ' ဘာရတ်နှင့်အတူ လိုက်ပါသွားသူက ဆွဲဆောင်ပြောဆိုခဲ့ပြီး တဆက်တည်း ထိုစာရင်းဇယား၏ နံပါတ်စဉ် ၈၀ တွင် အစ္စရေးကလည်း နေရာယူလိုက်ပြီဟု ပြောကြားခဲ့သည်။ ဘားရတ်က ထိုပြောကြားချက်ကို မည်သို့မျှမတုန့်ပြန်ခဲ့ပေ။"

ကျွမ်းကျင်သူအများစုကြီးက အစ္စရေးတွင် နူးကလီးယားထိပ်ဖူး ရာပေါင်းများစွာနှင့် ရှုပ်ထွေးဆန်း ပြားသည့် အဝေးပြစ်စနစ်များလည်း ရှိနေပြီဟု ယုံကြည်ကြသည်။

ပင်တဂွန်စစ်ဌာနချုပ်၏ စစ်ထောက်လှမ်းရေးအေဂျင်စီမှ ၁၉၉၀ နောက်ပိုင်းအခြေအနေများပါ လျို့ဝှက်စာတမ်းတစ်ခုမှာ သမ္မတဘုရ်ှလက်ထက်၌ ပေါက်ကြားခဲ့ပြီး ထိုစာတမ်းအရ ၁၉၉၉ တွင် အစ္စရေးပိုင် နူးလက်နက်ထိပ်ဖူးပေါင်း ၆၀ မှ ၈၀ ထိရှိကြောင်း သိရသည်။

အစ္စရေးသည် မည်သည့်အခါကမှ နူးကလီးယားပမာဏများပြားစွာ မထားရှိရေးနိုင်ငံတကာသဘော တူညီမှုကို လက်မှတ်မထိုးခဲ့ဖူးချေ။ ၁၉၆၉ တွင် အစ္စရေးဝန်ကြီးချုပ်က နူးကလီးယားကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမထိခိုက်စေရဟု အမေရိကန်ကို သဘောတူညီခဲ့ဖူးသည်။ ၁၉၉၈ တွင် ကလင်တန်နှင့် နတန်ယာဟုတို့က ထိုသည့်အတိုင်း သဘောတူခဲ့ကြပြန်သည်။ ၂၀၀၉ ၊ အိုဘာမား လက်ထက်တွင်လည်း ထိုအတိုင်းပင်။

အဆုံးတွင် ကျွမ်းကျင်သူများ ပြောင်းလဲရပြီ။  ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်နေသည့် အီရန်နူး ကလီးယားအစီအစဉ်အပေါ် အစ္စရေး၏စစ်ကြေညာသည့်နှယ် တုန့်ပြန်မှုမှာ သူ(အစ္စရေး)အနေဖြင့် (တနည်းအားဖြင့်) ၎င်းတို့ကိုယ်တိုင်၏ စစ်အင်အားကို တိုးတက်မြင့်မားစေရန် လုပ်ဆောင်နေခြင်း ပင်ဖြစ်သည်။

အစ္စရေး၏ ဓာတုဇီ၀လက်နက်များ

၁၉၉၃ တွင် အစ္စရေးက ဓာတုလက်နက်ထိန်းချုပ်ရေးသဘောတူညီမှု (CWC) ကိုလက်မှတ်ရေးထိုး ခဲ့သည်။ သို့သော် လက်တွေ့ဆောင်ရွက်မှုမျိုး မပြုလုပ်ခဲ့ပေ။ ၁၉၇၂ ဇီ၀လက်နက်ထိန်းချုပ်ရေး သဘောတူညီမှု(BWC) ကိုမူ လက်မှတ်မထိုးခဲ့ပေ။

၁၉၉၃ ခုနှစ်၊ အမေရိကန်၊ ကွန်ဂရက်ရုံးဌာန၊ နည်းပညာသုံးသပ်မှုဆိုင်ရာကြေညာစာတမ်းတွင် အစ္စရေးကို ဓာတုလက်နက်စွမ်းအင်ပိုင် (ပိုင်ဆိုင်မှုကို ဖော်ပြခြင်းမရှိသော) နိုင်ငံတစ်ခုအနေဖြင့် စာရင်းသွင်းထားသည်။ ၁၉၉၈ တွင် ဒုတိယလက်ထောက် ကာကွယ်ရေးဌာနအတွင်းရေးမှူးဖြစ်သူ ဘီလ်ရစ်ချက်ဆင်က "အစ္စရေးက ဇီ၀နဲ့ဓာတုလက်နက်တွေကို လုပ်နေတာကြာနေပြီဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ သူတို့ဆီမှာ ဒါမျိုးတွေ နှစ်များစွာကပဲ ရှိနေခဲ့တာပါ။" ဟု ပြောဆိုခဲ့ သည်။

၂၀၀၆ ခုနှစ်၊ Cast Lead ဟု အမည်ပေးထားသည့် ဂါဇာစစ်ပွဲတွင် လက်ဘနွန်အား ဓာတုလက်နက်၊ ဇီ၀လက်နက်ဆက်စပ်သည့် လက်နက်များဖြင့် အစ္စရေးကတိုက်ခိုက်ခဲ့သည်။ ဒဏ်ရာရသူများကို စစ်ဆေးရာ၊ တခါမှမမြင်ဘူးသည့် လက္ခဏာအခြေအနေများကို ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများ တွေ့ရှိခဲ့ရ ကြောင်း ဖော်ပြသည်။

ဥပမာ ကိုယ်ခန္ဓာပေါ်တွင် အသားသေများကိုတွေ့ရသော်လည်း ထိုအသားများတွင် မည်သည့်ဒဏ်ရာ မှ မတွေ့ရခြင်း၊ အလောင်းများမှာ ကျုံ့ဝင်သွားပြီး မူလအရွယ်အစားထက် သေးငယ်နေခြင်း၊ အရပ်သားများတွင် ခြေသို့မဟုတ် လက်မောင်းများ၌ ပြင်းထန်သည့် ထိခိုက်မှုခံစားရပြီး ထိုနေရာများ ကို ဖြတ်ပြစ်လိုက်ရခြင်း စသည်များဖြစ်သည်။ မည်သို့ပင်ကုသစေကာမူ ထိုအသားသေ များ ရှိနေသူများသည် အဆုံးတွင် သေဆုံးခဲ့ကြသည်။

ခန္ဓာကိုယ်အတွင်းပိုင်းဒဏ်ရာများကို စစ်ဆေးရာ၌လည်း မည်သည့်လက်နက်နှင့် ပြစ်ခတ်မှုကြောင့် ဒဏ်ရာရရှိနေကြောင်း ခွဲခြမ်းစိတ်ဖြာ၍ မရခဲ့ပေ။ အလောင်းကောင်များမှာ မီးမျိုက်ထားသလို မဲနေသော်လည်း လက်တွေ့တွင်မူ ၎င်းတို့မှာ မီးလောင်ခံခဲ့ရသည်မဟုတ်ပေ။ အချို့သော ဒဏ်ရာ ပြင်းထန်နေသူများသည် ဒဏ်ရာများမှ သွေးထွက်ခြင်းမရှိပေ။ ပါလစ္စတိုင်း ကျန်းမာရေးဝန်ကြီးဌာန ကမူ အစ္စရေးက အဆိပ်နှင့် ရေဒီယိုသတ္တိကြွပစ္စည်းများပါသည့် ဖောက်ခွဲရေးလက်နက်အသစ်ကို အသုံးပြုခဲ့သည်ဟု ဆိုသည်။ ပါလစ္စတိုင်းဆရာဝန်များက X ray ဖြင့် မစစ်ဆေးနိုင်သော အသား ပျော့များပေါ်၌ ထိခိုက်သည့် ဒဏ်ရာများမှာ အစ္စရေး၏ဓာတုလက်နက်ကြောင့်ဖြစ်ကြောင်း စွပ်စွဲပြော ကြားသည်။

၂၀၁၁၊  ဇွန် ၊ CounterPunch  သတင်းစာတွင် ဆာလေဟ်အလ် နာမီဆိုသူ၏ "အစ္စရေး၏ အန္တရာယ်အပြင်းဆုံး လျို့ဝှက်ချက်အား ဖော်ထုတ်ခြင်း" အမည်ဖြင့် ​ဆောင်းပါးတစ်ပုဒ် ပါဝင်ခဲ့သည်။ အစ္စရေး၏ ဇီ၀သုတေသနဌာန၊ Israeli Institute for Biological Research (IIBR) သို့ ခွင့်ပြုသူများသာ ဝင်ရောက်ခွင့်ရကြောင်း၊ အစ္စရေးကမူ IIBR ကို အစိုးရနှင့်သက်ဆိုင်သော ဇီ၀၊ ဆေးဘက်ဆိုင်ရာ ဓာတုနှင့် ပတ်ဝန်းကျင်းသိပ္ပံဆိုင်ရာ ကဏ္ဍများ သုတေသနပြုလုပ်သည့် နည်းပညာဌာအဖြစ် ဖော်ပြကြောင်းသိရသည်။

"အခြားသူများက IIBR ကို အစ္စရေး၏ ဓာတုဇီ၀လက်နက်ထုတ်လုပ်ရာ နေရာအဖြစ် ဖော်ပြကြပြီး ထိုလက်နက်များကို စစ်ဘက်ဆိုင်ရာများအတွက် ပြင်ဆင်ထားကြောင်း သိရသည်။ ထိုနေရာမှာ အစ္စရေး၏ စစ်ဘက်ဆိုင်ရာ အလျို့ဝှက်ဆုံးနေရာဖြစ်ကြောင်း ဖော်ပြကြသည်။"

၁၉၄၈ ၌ အစ္စရေးဝန်ကြီးချုပ် ဒေးဗစ် ဘင်ဂူးရီယန်က လူများများသတ်ပြစ်နိုင်မည့် သိပ္ပံပညာရှင်နှင့် လူများများကုသပေးနိုင်မည့် သိပ္ပံပညာရှင် နှစ်မျိုးလုံးကို အလုပ်ပေးခန့်အပ်ရန်၊ ထိုနှစ်မျိုးလုံးမှာ အရေးကြီးကြောင်း ဥရောပတိုက်နေ ဂျူးသိပ္ပံပညာရှင်များကို အမိန့်ပေးခဲ့ဖူးသည်။ 

သူ (ဘင်ဂူးရီယန်) နှင့် လက်ရှိဝန်ကြီးချုပ် ရှီမွန်ပီရက်ဇ်တို့မှာ နူးလက်နက်၊ ဇီ၀နှင့် ဓာတုလက်နက် ဖွံ့ဖြိုးရေးအစီအစဉ်များ၏ ခေါင်းဆောင်ပိုင်းများဖြစ်ကြောင်း www.opednews.com တွင် ချီကာဂိုမှ Stephen Lendman ဆိုသူ ဆောင်းပါးရှင်က တင်ပြထားသည်။ 






တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-