Monday, July 27, 2015

ယခုတစ်ပတ်အတွင်း ကျမ်းတော်မြတ်ကိုရ်အာန်ကို သီရိလင်္ကာဘာသာစကားဖြင့်ထုတ်ဝေမည်

သီရိလင်္ကာနိုင်ငံရဲ့ အပြောအများဆုံး တိုင်းရင်းဘာသာစကားဖြစ်တဲ့ 'စင်ဟာလိ' ဘာသာစကားကို စင်ဟာလ(သီရိလင်္ကာ) လူမျိုး (၁၆) သန်းခန့် သုံးစွဲပြောဆိုကြပါတယ်။

မြို့တော်ကိုလံဘို ပြည်သူ့စာကြည့်တိုက်မှာကျင်းပမယ့် အမျိုးသား ပညာရေးနဲ့ စာအုပ်ပွဲတော်မှာ အဟ်မဒီယာမွတ်စလင်အဖွဲ့ကနေ သီရိလင်္ကာစင်ဟာလိ ဘာသာစကားနဲ့ အာရဗီမူရင်းပူးတွဲပါ ကိုရ်အာန်ကျမ်းတော်မြတ်ဘာသာပြန်ကို အဓိကထူးခြားမှုအနေနဲ့ ပြသသွားမှာဖြစ်ပါတယ်။လာမယ့် ဂျူလိုင်လ ၂၈ ရက်နေ့မှာ ပြခန်းနံပါတ် ၈ နဲ့ ၉ တို့မှာပြသသွားမှာဖြစ်ပါတယ်။

သီရိလင်္ကာကတစ်ခြား တိုင်းရင်းသား (၃) သန်းခန့်ဟာလည်း သီရိလင်္ကာစကားကို ဒုတိယဘာသာစကားအနေနဲ့ပြောဆိုသုံးစွဲကြပါသေးတယ်။ စင်ဟာလိဘာသာစကားဟာ ကိုယ်ပိုင်ရေးနည်းနဲ့ ကိုယ်ပိုင်အက္ခရာစကားလုံးတွေရှိပြီး အိန္ဒိယဗြဟ္မီ အက္ခရာတွေရဲ့ အဆက်အနွယ်လည်းဖြစ်ပါတယ်။ ဒီဘာသာစကားဟာ အင်ဒို ဥရောပ ဘာသာစကားရဲ့ အင်ဒို အာရိယန် မျိုးကွဲထဲမှာပါပါတယ်။ စင်ဟာလိ ဘာသာစကားဟာ ပါလိဘာသာစကားနဲ့အတူ ထေရဝါဒဗုဒ္ဓဘာသာ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ လက်ရှိထေရဝါဒဗုဒ္ဓဘာသာဝင်တွေသုံးစွဲနေတဲ့ ပါဠိပိဋကတ်ကျမ်းစာဟာ နဂိုမူလက သီရိလင်္ကာဘာသာစကားနဲ့ အဦးဆုံးအပြည့်အစုံမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။



တစ်ပတ်ကျော်ကြာပြသမယ့် ဒီစာအုပ်ပြပွဲမှာ အဟ်မဒီယာမွတ်စလင်အဖွဲ့ရဲ့ ဘာသာစကား (၇၃) မျိုးနဲ့ ဘာသာပြန်ထားတဲ့ ကျမ်းတော်မြတ်ကိုရ်အာန်ဘာသာပြန်တွေကိုလည်းပြသသွားမှာဖြစ်ပါတယ်။ နောက် ထူးခြားတဲ့ စာအုပ်ကတော့ စင်ဟာလိ ဘာသာပြန် " အစ္စလာမ့် ဒဿနကျမ်း " စာအုပ်ပဲဖြစ်ပါတယ်။ ဒီစာအုပ်ကို အဟ်မဒီယာ မွတ်စလင်အဖွဲ့ကို ထူထောင်သူဖြစ်တဲ့ ကတိတော်လာ မဆီဟ်သခင် ဟာဇရတ် မီရ်ဇာ ဂူလာမ် အဟ်မဒ် က အူရ်ဒူ ဘာသာနှင့်ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၅ ခုနှစ်ဟာ သီရိလင်္ကာနိုင်ငံမှာ အဟ်မဒီယာမွတ်စလင်အဖွဲ့ တည်ထောင်ခဲ့တာ နှစ် (၁ဝဝ) တိုင်ခဲ့ပြီဖြစ်ပါတယ်။

Source : http://www.themuslimtimes.org

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-