Monday, December 30, 2013

သောကြာမိန့်ခွန်းများ (၂၇၊၁၂၊၂၀၁၃)



အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ခေါင်းဆောင်ခလီဖာ၊ ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မြွက်ကြားခဲ့သော သောကြာနေ့ မိန့်ခွန်း

Wednesday, December 25, 2013

'ခေလာဖသ်အလာမင်န်ဟာဂျေနဗူဝသ်ရဲ့အရေးပါမှု ကြီးကျယ်ထွတ်မြတ်မှုနှင့် ကောင်းချီးမင်္ဂလာ'


လူသားအားလုံးဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုနဲ့ အရှင်မြတ်ရဲ့ဂျန္နသ် သုခဘုံကို ရရှိနိုင်ဖို့အတွက်
နေ့စဉ်နဲ့အမျှကြိုးစားနေကြရပါတယ်။ လူသားစတင်ဖန်ဆင်းခံရချိန်မှ အဆင့်ဆင့်တိုးတက်ပြောင်းလဲ လာပြီး
ပြီးပြည့်စုံတဲ့အခြေအနေကို ရောက်လာတဲ့အခါ ပြီးတော့လူသားကို စဉ်းစားဆင်ခြင်နိုင်စွမ်းအသိဉာဏ်
ပေးသနားချီးမြှင့်ခြင်းခံရတဲ့အခါ အလ္လာဟ်အရှင်မြတ်က အာဒမ်(အ)ကို ခလီဖာအဖြစ် ခန့်အပ်လိုက်ပါတယ်။ အဲဒီနောက်
လူသားအားလုံးကို မိမိချမှတ်ထားတဲ့ အမိန့်ပညတ်များအတိုင်းလိုက်နာပြီး ဘဝကျောင်းဖို့သတ်မှတ်ပြဌာန်း လိုက်ပါတယ်။
ဒါ့ပြင် အလ္လာဟ်အရှင်မြတ် မိန့်မှာခဲ့သည်မှာ 'အွတ်စ်ကွန်အန်သဝ ဇောင်ဂျူကလ်ဂျန္နဟ်' (အို--အာဒမ်၊ အသင်နှင့်
အသင်၏ အပေါင်းအပါအားလုံး ဤသုခဥယျာဉ်၌ နေထိုင်လော့) ကျမ်းတော်မြတ်ကုရ်အာန် ရဲ့ အခုလိုရှင်းလင်း
ဖွင့်ဆိုထားချက်ကို ထောက်ရှုခြင်းအားဖြင့် လူသားတို့ရဲ့ ဂျန္နသ်သုခဘုံဟာ နေဇာမေခေလာဖသ်နဲ့ တိုက်ရိုက်
ဆက်နွယ်နေကြောင်း သိရှိနိုင်ပါတယ်။ တစ်နည်းအားဖြင့် လူသားတို့အား ဂျန္နသ်သုခဘုံဆီ လမ်းပြခေါ်ဆောင်ဖို့
အတွက် နေဇာမေခေလာဖသ်ဆိုတာကို တည်ထားခဲ့ခြင်းဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ရှေ့ရှုပြီး ကျမ်းတော်မြတ်
ကုရ်အာန်ကို အသေအချာ လေ့လာကြည့်မယ်ဆိုရင် ဂျန္နသ်သုခဘုံနဲ့ နေဇာမေ ခေလာဖသ်ဟာ တစ်ခုနဲ့တစ်ခု
အလွန်နက်ရှိုင်းစွာဆက်နွယ်လျက်ရှိကြောင်း ပိုမိုရှင်းလင်းစွာ သိရှိနိုင်ပါတယ်။ အာယသ်သေအစ်္စသေခလာဖ်မှာ
အီမာန်သက်ဝင်ယုံကြည်သူတွေနဲ့ အအ်မာလေ ဆွာလေဟာ ကောင်းမြတ်စွာ ကျင့်မူဆောက်တည်သူတွေအဖို့
ခေလာဖသ်စနစ်ရပ်တည်စေမယ်ဆိုပြီး အခိုင်အမာကတိပြုထားပါတယ်။ တစ်ဖန် အဟ်လေဂျန္နသ် ဂျန္နသ်မှာ
စံပျော်ကြမယ့်သူတွေရဲ့ ဂုဏ်အင်္ဂါတွေကိုလည်း ဒီအီမာန်နဲ့ အဟ်မာလေဆွာလေဟာကိုပဲ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် ဒီဂျန္နသ်သုခဘုံထဲ ဝင်ရောက်ခြင်းမှ လူသားကို ဟန့်တားပိတ်ပင်မယ့် အိဘ်လိစ်ကို မိန့်ကြားတာက -
'အင်န အီဘာဒီလိုင်းဆလက၊ အလိုင်းအင်န်စွလ်သွာန်' ဧကန်စင်စစ် ငါအရှင်မြတ်၏ ဘန်ဒါအစေတော်
များအား အသင်မည်သည့်အခါမျှ လွှမ်းမိုးနိုင်မည်မဟုတ်ချေ။'
ဒီအာယသ်တော်မှာ အလ္လာဟ်အရှင်မြတ်က မိုအ်မင်န်တွေကို သတင်းကောင်းပေးထားတာက အကြင်သူဟာ
အလ္လာဟ်အရှင်မြတ်ရဲ့ အစေတော် ဘန်ဒါ ဖြစ်သွားပြီဆိုရင် အိဘ်လိစ်ရဲ့ နှောင့်ယှက်ဖျက်ဆီးမှုကနေ အကာအကွယ်
လုံခြုံမှုရရှိနေမှာဖြစ်ပါတယ်။ အေဘာဒသ်ဆိုတဲ့ အဆင့်အတန်းကို ရရှိဖို့ဆိုတာဟာလည်း နေဇာမေခေလာဖသ်နဲ့
ကြီးစွာ ဆက်နွယ်နေပါတယ်။ ဒီလိုနဲ့ အာယသ်သေအိစ်သေခလာဖ်ရဲ့အဆုံးမှာ ဒီအာယသ်တော်ရဲ့ အဓိကအချက်အဖြစ်
ခေလာဖသ်အလာမင်န်ဟာဂျေနဗူဝသ်
(တမန်တော်စနစ်ကိုအခြေခံသော ခလီဖာစနစ်၏ အရေးပါမှု၊ ကြီးကျယ်ထွတ်မြတ်မှုနှင့် ကောင်းချီးမင်္ဂလာ)
''ယအ်ဘူဒူးနနီ'' ဆိုပြီး ဖော်ပြထားပါတယ်။ သဘောက ခေလာဖသ် ဆိုတဲ့ ကောင်းချီးမင်္ဂလာတော်ကို အစစ်အမှန်
အမွေခံထိုက်သူတွေဟာ ငါအရှင်မြတ်ကိုသာလျှင် အေဘာဒသ် ခဝပ်ဆည်းကပ်ကြမှာဖြစ်တယ်။ ဒီလိုနဲ့ သူတို့ဟာ
အစစ်အမှန် အေဘာဒသ်ပြုသူတွေဖြစ်သွားကြလိမ့်မယ်။ ခေလာဖသ်ကို မယုံကြည်ဘဲ လက်မခံငြင်းပယ်ကြသူများနဲ့
ခေလာဖသ်ကို ယုံကြည်နှစ်သက်လက်ခံသူများရဲ့ အခြေအနေကိုလည်း ကျမ်းတော်မြတ်ကုရ်အာန်မှာ
အလွန်ထင်ရှားတဲ့စကားလုံးတွေနဲ့ဖော်ပြထားပါတယ်။ မိုအ်မင်ယုံကြည်သူ တွေရဲ့ဂုဏ်အင်္ဂါက ဘယ်အခါမဆို
သူတို့ထံကို သူတို့အရှင်ဆီမှ ''အွတ်စ်ဂျူဒူ'' (နာခံပျပ်ဝပ်လော့) ဆိုပြီး အမိန့်တော် ကျရောက်လာတဲ့အခါ
သူတို့ရဲ့အခြေအနေဟာ ''ဖစဂျဒူ'' ချက်ချင်း မဆိုင်းမငံ့ဘဲ စဂျ်ဒဟ်ပျပ်ဝပ် လိုက်ကြတယ်။ ပြီးတော့ ခေလာဖသ်ကို
မယုံကြည်ငြင်းပယ်သူတွေရဲ့အခြေအနေကို အခုလို ဖော်ပြထားပါတယ်။ ''အဘာဝက်စ် သက္ကဘရာ'' ''သူတို့ဟာ
မာန်မာန ထောင်လွှားပြီး ငြင်းပယ်ခဲ့ကြတယ်''

ကျမ်းတော်မြတ်ကုရ်အာန်အားဖြင့် အလ္လာဟ်အရှင်မြတ် ချီးမြှင့်တဲ့ခေလာဖသ်ဟာ (၃)မျိုး (၃)စားရှိကြောင်း
သိရှိရပါတယ်။ ပထမခေလာဖသ်မှာ နဗူဝသ်ဖြစ်ပြီး ပမာအားဖြင့် ဟဇရသ်အာဒမ်၊ ဟဇရသ်ဒါဝူဒ်(အ)တို့နဲ့ စပ်လျဉ်းပြီး
ခေလာဖသ်ဆိုတဲ့ အသုံးအနှုန်းနဲ့ ခေါ်ဆိုထားပါတယ်။ ဒုတိယခေလာဖသ်ကတော့ ဘုရင်ဧကရာဇ်ပုံစံနဲ့ ပေါ်ထွန်းပါတယ်။
ခေလာဖသ်ရဲ့ တတိယမြောက်ပုံစံကတော့ တမန်တော်တွေရဲ့အရိုက်အရာကိုဆက်ခံသူများအားဖြင့်
ပေါ်ထွန်းစေခြင်းဖြစ်ပါတယ်။ ရှေးရှေးက လူမျိုးနွယ်အုပ်စုတွေရဲ့ နဗီတမန်တော်တွေမှာလည်း ၎င်းတို့ရဲ့ အရိုက်အရာကို
ဆက်ခံသူခလီဖာတွေရှိခဲ့ကြောင်း သက်သေထင်ရှားရှိနေပါတယ်။ ဒါနဲ့စပ်လျဉ်းပြီး တမန်တော်မြတ်ကြီး(ဆွ)
မိန့်ကြားတော်မူသည်မှာ -

'မာမင်န်နဗူဝသင်န်၊ ကသ္တုအိလ္လာသဘေအသ်ဟာ၊ ခေလာဖါဟ်'
'ခေလာဖသ်စနစ်မပေါ်ထွန်းခဲ့သော မည်သည့်နဗူဝသ်တမန်တော်စနစ်မှ မရှိခဲ့ချေ။ ' သဘောက တမန်တော်
စနစ်တိုင်းရဲ့နောက်မှာ ခေလာဖသ်စနစ်ဆိုတာ မလွဲမသွေရှိတယ်။
ခေလာဖသ်နဲ့စပ်လျဉ်းပြီး ဟဇရသ်မဆိဟ်မော်အုဒ်(အ)မိန့်ကြားတော်မူခဲ့သည်မှာ - 'ခလီဖာ၏အဓိပ္ပါယ်မှာ
အရိုက်အရာဆက်ခံသူဟူ၍ဖြစ်ပြီး ၎င်းမှာ သာသနာတော်ကို သစ်လွင်အောင်ပြုလုပ်ရပေသည်။ နဗီတမန်
တော်တို့၏ခေတ်ကာလကုန်ဆုံးပြီးနောက်ဝယ် အုံ့မှိုင်းပျံ့နှံ့လာသည့်အမှောင်ထုကို ဝေးကွာအောင် ဖယ်ရှားရန် အလို့ငှါ
ထိုတမန်တော်၏နေရာသို့ ရောက်ရှိလာသူကို ခလီဖာဟု ခေါ်ဆိုပေသည်။'
ခလီဖာဆိုတဲ့စကားလုံးကိုအဘိဓာန်တွေမှာ 'အလ်ခလီဖသုမိုင်ယကူးမု မကားမဇ်ဇွာဟေဘီးန်'
'ထွက်ခွာသွားသူ၏ နေရာ၌ ကိုယ်စားဝင်ရောက်လာသူ' လို့ဖော်ပြထားပါတယ်။
ကမရွလ်အန်ဘီယာ ဟဇရသ်မီရ်ဇာဘရှီးရ်အဟ်မဒ်ဆာဟိဘ်အမ်အေ(ရဒီ)၏ ဖွင့်ဆိုချက်တစ်ခုက 'တမန်တော်
တို့၏ခေတ်ကာလတိုင်းတွင် အလ္လာဟ်အရှင်မြတ်၏ အလိုဆန္ဒမှာ ကမ္ဘာလောကတွင် တော်လှန်ပြောင်းလဲမှုတစ်ခုပေါ်
ပေါက်လာစေရန်ပင်ဖြစ်သည်။ ယင်းအတွက် အလွန်ရှည်လျားလှပြီး အဆက်မပြတ်သော(ရုပ်ပိုင်းဆိုင်ရာ)စနစ်တစ်ခု
တည်ရှိရန်လိုအပ်လာပေသည်။ လူတစ်ဦး၏သက်တမ်းမှာ အကန့်အသတ်တစ်ခုအတွင်းသာရှိနေ၏။
အလ္လာဟ်အရှင်မြတ်၏ စွန္နသ်နိယာမအစဉ်အလာတစ်ခုမှာ တမန်တော်တို့အားဖြင့် မြင့်မြတ်စင်ကြယ်သောအပင်ကြီးအား
မျိုးစေ့ချလိုက်ပြီး ယင်းနောက်ထိုအပင်ကို အဆုံးအစွန် ဖွံ့ဖြိုးစည်ပင်စေရန်အလို့ဌာ တမန်တော်ကွယ်လွန်
အနိစ္စရောက်ပြီးသည့်နောက်တွင် ထိုတမန်တော်၏အရိုက်အရာဆက်ခံသူကိုခန့်အပ်ပြီး ဤလုပ်ငန်းစဉ်ကြီးကို
ဆုံးခန်းတိုင်လုပ်ဆောင် သွားစေပေသည်။ ဤသို့ အရိုက်အရာဆက်ခံသူကို အစ္စလာမ်သာသနာရေးဆိုင်ရာ
ဝေါဟာရအရ ''ခလီဖာ''ဟုခေါ်ဆိုပေသည်။

အလ္လာဟ်အရှင်မြတ်ဟာ အီမာန် ယုံကြည်သူတွေနဲ့ အအ်မာလေဆွာလေဟာ ကျင့်ကြံပွားများသူတွေကို
ရှေးရှေးက ရှိခဲ့ကြတဲ့ လူမျိုးနွယ်တွေလိုပဲ သူတို့ကိုလည်း ကမ္ဘာမြေမှာခလီဖာခန့်ထားအုပ်ချုပ်စေမယ်လို့
ကတိပြုထားပါတယ်။ အခု ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၄ဝဝ) ကျော် အလျင်က တမန်တော်မြတ်ကြီး(ဆွ)
တည်ထောင်ခဲ့တဲ့ ဂျမာအသ်ကို အနည်းငယ် ကြည့်ရှုသုံးသပ်ကြည့်ကြရအောင်။ တမန်တော်အပေါင်း၏ထွဋ်ခေါင်
ဟဇရသ်မိုဟမ္မဒ်မွတ်စ်တဖာ၊ အဟ်မဒ် မွဂျ်သဘာ(ဆွ) ကွယ်လွန်အနိစ္စရောက်ချိန်ကာလ ဝမ်းနည်းပူဆွေးဖွယ်ရာ
အခြေအနေ အချိန်နာရီတွေကို မွတ်စလင်အွမ္မသ်ကြီး ဘယ်လိုလုပ် မေ့ပျောက်နိုင်ပါ့မလဲ။ အဲဒီအချိန်
ဆဟာဘာသာဝကကြီးတွေရဲ့ အခြေအနေဟာ ဖြေမဆည်နိုင်အောင်ဖြစ်နေပြီး သူတို့ချစ်မြတ်နိုးလှတဲ့ ခေါင်းဆောင်ကြီး
သူတို့ကို ခွဲခွာသွားပြီဆိုတာ လက်မခံနိုင်ဘဲရှိနေကြပါတယ်။ တစ်ချို့ရဲ့အခြေအနေကလည်း 'ဝလ်စကနေဝလ်အွန်'
တမန်တော်မြတ်ကြီး ကွယ်လွန်ပြီလို့ပြောတဲ့သူကို ခေါင်းနဲ့ကိုယ် သီးခြားဖြစ်သွားအောင်လုပ်ပစ်မယ်ဆိုပြီး
ကြွေးကြော်နေပါတယ်။ တစ်ချို့က အခြေအနေအဖြစ်မှန်ကို သဘောပေါက်ကြပေမယ့်လည်း ဒီအဖြစ်မှန်ဆိုတာကြီးကို
ကျေနပ်လက်ခံနိုင်ဖို့ သူတို့မှာ စွမ်းအားမရှိကြဘူး။ ဒီလိုအခြေအနေ မတည်မငြိမ်ဖြစ်နေချိန်မှာပဲ ဟဇရသ်
အဘူဘက္ကရ်(ရဒီ)ရောက်လာခဲ့တယ်။ အဖြစ်မှန်ကို လက်ခံလိုက်ကြရန်သွန်သင်ဆုံးမပြီး၊ အခုလို
တွယ်ရာမဲ့ပူဆွေးနေရချိန်မှာ မိမိတို့ပြုရမယ့်တာဝန်ကို မမေ့လျော့ကြဖို့ နှိုးဆော်ခဲ့ပါတယ်။ အဲဒီနောက်
ကိုယ်တော်မြတ်ကြီး(ဆွ)ရဲ့ ရုပ်ကလာပ်တော်ကို မြေမြှုပ် 'ဒဖနာ'ခြင်းမပြုမီအလျင်မှာပဲ ဆဟာဘာ သာဝကကြီးတွေဟာ
တစ်စုတစ်စည်းတည်း ညီညွတ်စွာနဲ့ ဟဇရသ်အဘူဘက္ကရ် ဆစ်ဒီက်(ရဒီ)ကို 'ခလီဖတွရ်ရစူလ်'
တမန်တော်ရဲ့အရိုက်အရာဆက်ခံသူအဖြစ် ရွေးချယ်လိုက်ကြပါတယ်။ အနန္တဘုန်းတော်ရှင်အလ္လာဟ်အရှင်မြတ်
သိက္ခာပေးရွေးချယ်ခဲ့တဲ့ ဒီခလီဖာရဲ့လက်တော်မှာပဲ ဆဟာဘာတွေဟာ ဘိုင်အသ်ယူခဲ့ကြပါတယ်။ နောက်ပိုင်းမှာ
ပုဂ္ဂိုလ်တစ်ဦးက ဆဟာဘာတစ်ဦးကို ''မသာအ်ဘုအီအဘူဘက္ကရ်'' ''ခင်ဗျား အဘူဘက္ကရ်ထံမှာ ဘယ်တုန်းက
ဘိုင်အသ်ယူခဲ့တာလဲ'' လို့ မေးမြန်းတဲ့အခါ အဲဒီဆဟာဘာက ''ကျွန်ုပ်ဟာ အဘူဘက္ကရ်(ရဒီ)ထံမှာ
သူခလီဖာဖြစ်ဖြစ်ခြင်းပဲ ဘိုင်အသ်ယူခဲ့တာဖြစ်တယ်။ အကြောင်းကတော့ ကျွန်ုပ်တို့ဟာ အုပ်ချုပ်ကွပ်ကဲသူအမီရ်မရှိဘဲ
တစ်စက္ကန့်ကလေးတောင် အသက်ရှင်နေထိုင်လိုကြသူတွေမဟုတ်လို့ပဲ။'

လူကြီးမင်းအပေါင်းတို့ခင်ဗျား - ဒီစကားရပ်တွေကိုထောက်ရှုခြင်းအားဖြင့် ခေလာဖသ်ရဲ့ အရေးပါမှုကို
အထင်အရှားသိမြင်နိုင်ပါတယ်။ တမန်တော်မြတ်ကြီး(ဆွ)ကွယ်လွန်အနိစ္စရောက်တာနဲ့တစ်ပြိုင်တည်း
ဆဟာဘာတွေဟာ တစ်ညီတစ်ညွတ်တည်းပဲ ဟဇရသ်အဘူဘက္ကရ်ရဲ့လက်မှာ ဘိုင်အသ်ယူခဲ့ကြပါတယ်။ အဲဒီအချိန်
ရှိရှိသမျှဆဟာဘာတွေဟာ ဆန့်ကျင်ကန့်ကွက်ခြင်း၊ ဝေဖန်စောဒကတက်ခြင်းမရှိဘဲ ဟဇရသ်အဘူဘက္ကရ်
ဆစ်ဒီက်ရဲ့လက်မှာ ဘိုင်အသ်ယူခဲ့ကြပါတယ်။ တကယ်ဆိုရင် ဒီဆဟာဘာတွေဟာ တမန်တော်
မြတ်ကြီး(ဆွ)ထံတော်ကနေ အစ္စလာမ့်တရားဒေသနာတော်ကို ကြားနာသင်ယူခွင့်ရရှိခဲ့တယ်။ သဘောပေါက်နားလည်
ခဲ့ကြရုံမျှမက တကယ့်လက်တွေ့လည်း ကျင့်ကြံနိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ သူတို့တွေနဲ့စပ်လျဉ်းပြီး တမန်တော်
မြတ်ကြီး(ဆွ)မိန့်ကြားခဲ့တာက -
'အပ်စ်ဟာဘီကန်နုဂျူမ်၊ ဘေအိုင်ယေဟင်မ် အိက်သဒိုင်းသွန်မ်၊ အေဟ်သဒိုင်းသွန်မ်' 'ငါကိုယ်တော်၏
ဆဟာဘာသာဝကများသည် ကြယ်တာရာများနှင့် အလားသဏ္ဍာန်တူ၏်။ သူတို့အနက် မည်သူ့နောက်ကိုပင်
လိုက်သည်ဖြစ်စေ လမ်းမှန်ကိုရရှိနိုင်ပေသည်။' ခလီဖာရဲ့ဂုဏ်အဆင့်အတန်း၊ ကြီးကျယ်ထွဋ်မြတ်မှု၊ အရေးပါမှုတို့နဲ့
စပ်လျဉ်းပြီး အစ္စလာမ့်သမိုင်းက အဖြစ်အပျက်တစ်ခုကို တင်ပြပါမယ်။ 'တမန်တော်မြတ်ကြီး(ဆွ)ဟာ မကွယ်လွန်မီမှာ
ဟဇရသ်အိုဆာမာဘင်န် ဇိုက်ဒ်(ရဒီ)ကို စစ်တပ်တစ်တပ်အားဦးစီးပြီး ဆီးရီးယားဘက်ချီတက်စေဖို့ အမိန့်
ပေးထားခဲ့ပါတယ်။ ဒါပေမယ့် ဒီစစ်တပ်မထွက်ခွာမီမှာပဲ ကိုယ်တော်မြတ်ကွယ်လွန် အနိစ္စရောက်သွားခဲ့ပါတယ်။
ကိုယ်တော်မြတ်ကြီး ကွယ်လွန်ပြီး နောက်မှာ အခြေအနေဟာ တမုဟုတ်ခြင်း ပြောင်းလဲသွားပါတော့တယ်။ မက္ကာ
မဒီနာကလွဲလို့ ကျန်အခြားဒေသတွေမှာ ပုန်ကန်ခြားနားမှုတွေပေါ်ပေါက်လာခဲ့ပါတယ်။ တစ်ဖက်မှာ မွတ်စလင်
တွေရဲ့အခြေအနေဟာ အခုလိုဆိုးရွားလာသလို အခြားတစ်ဖက်မှာလည်း မုဆိုင်လမာကဇ္ဇာဘ်လို ရန်သူ့
တပ်မဟာတွေကလည်း ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ပြင်ဆင်လာကြပါတော့တယ်။ ဒါ့ပြင် အီရာန် ပြည့်ရှင်ကလည်း
မွတ်စလင်တွေကို တိုက်ခိုက်ဖို့အတွက် စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်လာပါတော့တယ်။ တကယ်ဆိုရင် အခုလို
ကြောက်ရွံ့စိုးရိမ်ဖွယ်ရာအခြေအနေမှာ ဟဇရသ်အိုစာမာရဲ့စစ်တပ်ကို မထွက်ခွာစေဘဲ မြို့တွင်းမှာထားရှိခြင်းက
ပိုပြီးသင့်တော်မယ်လို့ ထင်မြင်ယူဆရပါတယ်။ လျှမ်းလျှမ်းတောက်ဆဟာဘာတွေဖြစ်ကြတဲ့ ဟဇရသ်အူမရ် ဟဇရသ်
အွတ်စမာန်(ရဒီ)တို့ကတောင် ခလီဖာဟဇရသ်အဘူဘက္ကရ်(ရဒီ)ထံမှာ အခုလို အကြံပြု လျှောက်တင်ကြပါတယ်။
အိုစမာရဲ့စစ်တပ်ကို မစေလွှတ်ပါနဲ့တော့။ တကယ်လို့သူတို့ကိုလွှတ်လိုက်မယ်ဆိုရင် မွတ်စလင်အမျိုးသမီးတွေနဲ့
ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဘယ်သူမှရှိတော့မှာမဟုတ်ဘူး''ယခုကြည့်ပါ။
အပြင်ပန်းအရတော့ အသက်အန္တရာယ်ဆိုက်ရောက်နေတဲ့ စိုးရိမ်ကြောက်မက်ဖွယ်ရာ အခြေအနေနဲ့ ကြုံနေရပေ
မယ့်လည်း ခလီဖာရဲ့ အသိဉာဏ်စဉ်တော်ထဲမှာ ဘာမှစိုးရိမ်မှုမဖြစ်ခဲ့ပါဘူး။ အလ္လာဟ်အရှင်မြတ်အပေါ်မှာ အပြည့်အဝ
ယုံကြည်ကိုးစားပြီး အဘူဘက္ကရ်သခင်ကြီးဟာ အခုလိုဖြေကြားခဲ့ပါတယ်။ ''တမန်တော်မြတ်ကြီး(ဆွ)ကိုယ်တော်တိုင်
စီမံချမှတ်ပေးခဲ့တဲ့စစ်တပ်ကို တားမြစ်နိုင်လောက်အောင် အဘူကဟ်ဖာရဲ့သားမှာ ဘာအဆင့်များရှိလို့လဲ။ ခိုဒါကီကစမ်။

အကယ်၍ ကျွန်ုပ်ရဲ့အသားတွေကို လဒ​ငှက်တွေ တစ်စစီဖဲ့စားနေမယ်၊ ပြီးတော့ မဒီနာမှာရှိတဲ့ အမျိုးသမီး
တွေရဲ့အလောင်းတွေကို ခွေးတွေဆွဲသွားနေမယ်ဆိုရင်တောင် ကျွန်ုပ်ဟာ အိုစာမာရဲ့ စစ်တပ်ကို တားမြစ်လိမ့်မှာ
မဟုတ်ဘူး။ သူတို့ဟာ မဖြစ်မနေထွက်ခွာရမှာဖြစ်တယ်'' ဒီလိုနဲ့ ဆဟာဘာတွေဟာ အကြံပြုတင် ပြခဲ့ကြပေမယ့်လည်း
ခလီဖာရဲ့ ဆုံးဖြတ်ချက်အပေါ်ကို ဘာမှမယှဉ်သာတော့ဘဲ လက်ခံခဲ့ကြပါတယ်။ ဘယ်သူ ဘယ်သူမှ
ထပ်ပြီးစောဒကတက် တင်ပြလျှောက်ထားဖို့ မကြိုးစားခဲ့ကြပါဘူး။ လူကြီးမင်းအပေါင်းတို့ခင်ဗျား- ခလီဖာရဲ့
ဆုံးဖြတ်ချက်မှန်ကန်ကြောင်း ဒီစစ်တပ်လေးရဲ့ အောင်နိုင်မှုကြီးနဲ့ အလ္လာဟ်အရှင်မြတ်က သက်သေပြခဲ့ပါတယ်။
မိုနာဖိက်တို့တွေးထင်တာက အခုလိုအခြေအနေမတည်မငြိမ်ဖြစ်နေချိန်မှာတောင် ဆီးရီးယားဘက်ကို
စစ်တပ်တစ်တပ်စေလွှတ်နိုင်သေးတယ်ဆိုရင် နောက်ထပ်ဘယ်လောက်တောင် စစ်တပ်ကြီးတွေ ရှိနေဦးမလဲ
ဆိုတဲ့အတွေးနဲ့ ကြောက်ရွံ့သွားကြပါတယ်။ ဒီလိုပဲ မွရ်သဒ်တွေဟာလည်း တွေးထင်ခဲ့ကြပြီး မိမိတို့ရဲ့ သူပုန်ထမယ့်
အစီအစဉ်တွေကို ရပ်တန့်လိုက်ပါတော့တယ်။ ဒါ့အပြင်အစ္စလာမ်ကို တိုက်ခိုက်လုပ်ကြံဖို့ ကြိုးစားနေတဲ့ အီရာန်
ပြည့်ရှင် ခိုစ်ရိုလည်း သွေးပျက်သွားပါတော့တယ်။
အကျဉ်းချုံးပြောရရင် မွတ်စလင်တွေအတွင်းမှာ ခေလာဖသေရာရှေဒါရဲ့ နှစ်(၃ဝ)ကြာ အုပ်စိုးမှုခေတ်ကာလဟာ
ဘက်ပေါင်းစုံကနေ ဖွံ့ဖြိုးတိုးတက်နေပါတယ်။ အင်အားကြီးမားလှတဲ့ရန်သူ အင်ပါယာကြီးတွေတောင် အစ္စလာမ်
ကိုယှဉ်ပြိုင်ဖို့ရာ လုံးဝမဝံ့မရဲဖြစ်နေကြပါတယ်။ အဲဒီလိုအခြေအနေမှာ အီရာန်အင်ပါယာရော၊ ရောမအင်ပါယာ
တွေကတောင် အောင်မြင်မှုကြီးစွာရရှိနေတဲ့ မွတ်စလင်အုပ်စုကြီးကိုကြည့်ပြီး ရင်သပ်ရှုမောဖြစ်နေပါတော့တယ်။
ဒါ့အပြင် အဲဒီအချိန်က မွတ်စလင်တွေဟာလည်း လောကီရေးတန်ခိုးရှိန်ဝါထွန်းတောက်နေသလို ဝိညာဉ်ရေးရာ
အကျိုးဆုလာဘ်တွေကိုလည်း ရရှိနေပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကနောက်ပိုင်းခေတ် မွတ်စလင်တွေဟာ
အလ္လာဟ်အရှင်မြတ်ချီးမြှင့်ထားတဲ့ ဒီကောင်းကင်ယံအုပ်ချုပ်ရေးစနစ်ကို တန်ဖိုးမထားကြတော့ဘဲ အီမာန်နဲ့အအ်မာ
လေဆွာလေဟာဆိုတဲ့ ယုံကြည်ခြင်းနဲ့ကောင်းမြတ်တဲ့အကျင့်အမူနေရာမှာ သံသယပွားခြင်းနဲ့ ဖောက်ပြန်ပျက်စီးခြင်း
ဆိုတာက ဝန်းရံလာပါတော့တယ်။ ဒီလိုအလ္လာဟ်အရှင်မြတ်ကို မွတ်စလင်တွေကမေ့လျော့သွားကြတဲ့အခါ
အရှင်မြတ်ကလည်း သူတို့ထဲကနေမိမိချီးမြှင့်ထားတဲ့ ကျေးဇူးတော်ဖြစ်တဲ့ခေလာဖသ်ကို ပြန်ရုပ်သိမ်းလိုက်ပါတော့တယ်။
ဒီနောက်မှာ တော့မွတ်စလင်တွေဟာ တွယ်ရာမဲ့ဘဝနဲ့လောကမှာ တဝဲလည်လည် ဖြစ်နေပါတော့တယ်။ ဒီနောက်မှာ
ကိုယ်တော် မြတ်ကြီး(ဆွ) ကြိုတင်သတင်းပေးခဲ့သလို စိုးသွမ်းရက်စက်တဲ့ ဘုရင်တွေပေါ်ထွန်းလာပြီး မွတ်စလင်တွေဟာ
သူတို့ရဲ့ ရှေ့မှာ မလွှဲမရှောင်သာဦးညွတ်သွားခဲ့ရပါတယ်။ ဒါကြောင့် မွတ်စလင်တွေအတွင်းမှာ အချင်းချင်းမညီမညွတ်၊
သံသယစိတ်တွေပေါက်ဖွားလာတဲ့အတွက် အစ္စလာမ်သာသနာတော်အတွင်း စုစည်းညီညွတ်မှုကိုဖြစ်ပေါ်စေခဲ့တဲ့
ဝါဟစ်ဒ် စနစ်ကြီးဟာ ပျက်စီးသွားခဲ့ရခြင်းဖြစ်ပါတယ်။ တမန်တော်မြတ်ကြီး(ဆွ)တည်ဆောက်ပေးခဲ့တဲ့
ဂျန္နသ်ဥယျာဉ်အလား ငြိမ်းချမ်းလှပတဲ့လူနေမှုအဆောက်အအုံကြီး ခလီဖာကြီးအဆက်ဆက် ဆဟာဘာသာဝက
ကြီးတွေ မိမိတို့ရဲ့သွေး၊ချွေးနဲ့ ရေစင်သွန်းလောင်းခဲ့ရတဲ့ (ရှဂျ်ရာအေသွိုင်ယေဘာ) စင်ကြယ်မြင့်မြတ်လှတဲ့အပင်ကြီးဟာ

ညှိုးနွမ်းခြောက်သွေ့သွားခဲ့ရပါတယ်။ မွတ်စလင်တွေအပေါ် အဘက်ဘက်မှဘေးအန္တရာယ်တွေကျရောက်လာပြီး ရန်သူ
တွေကလည်း ရှိသမျှစွမ်းအားအကုန်သုံးလျှက် အစ္စလာမ်သာသနာနဲ့ အစ္စလာမ်ကိုတည်ထောင်ခဲ့တဲ့ အရှင်သူမြတ်ကို
စော်ကားရန်ပြုလာပါတော့တယ်။
လူကြီးမင်းအပေါင်းတို့ခင်ဗျားဍ အလ္လာဟ်အရှင်မြတ်ဟာ မိမိရဲ့ချစ်မြတ်နိုးလှတဲ့ တမန်တော်ရဲ့အွမ္မသ်အုပ်စုကို
ခေတ်ကာလာကြာညောင်းလှတဲ့အထိအတွယ်အတာမဲ့ တဝဲလည်လည်ဖြစ်မှာကိုတော့မလိုလားခဲ့ပါဘူး။ ဒီလိုနဲ့
ဒီအွမ္မသ်အုပ်စုကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ကတိတော်လာမဆိဟ်၊ မဟ်ဒီဖြစ်တဲ့ဟဇရသ်မိရ်
ဇာဂိုလာအဟ်မဒ်ကာဒီယာနီ(အ)ကို ကတိတော်လာမဆိဟ်မဟ်ဒီအဖြစ်ခန့်အပ်စေလွှတ်တော်မူခဲ့ပြီး၊ သခင်ကြီးအား
ဖြင့်ပဲ သန့်ရှင်းတဲ့ဝိညာဉ်တွေဟာ ခေါင်းဆောင်တစ်ဦးရဲ့လက်မှာ စုရုံးပေါင်းစည်းခွင့်ရရှိခဲ့ကြပါတယ်။ ဒီလိုနဲ့
ဟဇရသ်မဆိဟ်မော်အုဒ်(အ)သခင်ကြီးဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်နဲ့ တမန်တော်မြတ်ကြီး(ဆွ)ရဲ့ ကြိုတင်
သတင်းကောင်းပေးမိန့်မှာထားခဲ့တဲ့အတိုင်း ဂျမာအသေအဟ်မဒီယာကိုအုတ်မြစ်ချခဲ့ပါတယ်။ ၁၉ဝ၈ခုနှစ်၊
မေလ(၂၆)ရက် ဟဇရသ်မဆိဟ်မော်အုဒ်(အ)သခင်ကြီးကွယ်လွန်တဲ့နေ့မှာပဲ မိုအ်မင်ယုံကြည်သူအစုအဖွဲ့ဟာ
နောက်တစ်ကြိမ်ထပ်မံပြီး စိုးရိမ်သောကဖြစ်ကြရပြန်ပါတယ်။ ဒီလိုနဲ့အလ္လာဟ်အရှင်မြတ်ဟာ မေလ(၂၇)ရက်နေ့မှာ
ဟဇရသ်မော်လာနာ ဟကီးမ်နူရ်ဒီးန်ဆာဟိဘ်ကို ခလီဖာအဖြစ်ခန့်အပ်ပေးခဲ့ပါတယ်။ ဒီလိုအားဖြင့်
''စွမ္မသကူးနုခေလာဖသ်၊ အလာမင်န်ဟာဂျေနဗူဝသ်''တစ်ဖန်နဗူဝသ်ကိုအခြေခံသောခလီဖာစနစ် ရပ်တည်လာမည်'
ဆိုတဲ့ တမန်တော်မြတ်ကြီးရဲ့ မိန့်မှာချက်ဟာလည်း ပြီးပြည့်စုံသွားခဲ့ပါတယ်။ ဒါနဲ့စပ်လျဉ်းပြီး
ဟဇရသ်မဆိဟ်မော်အုဒ်(အ)သခင်ကြီးက အလွန်ထင် ရှားစွာမိန့်ကြားခဲ့ပါတယ်။ သခင်ကြီးဟာ မိမိရဲ့စာအုပ်
'အလ်ဝဆီယသ်'မှာ အခုလိုရေးသားခဲ့ပါတယ်။ 'ဟဇရသ်အဘူ ဘက္ကရ်ဆစ်ဒီက်(ရဒီ)၏ခေတ်ကာလတွင်ဖြစ်ပေါ်ခဲ့သလို
တမန်တော်မြတ်ကြီး(ဆွ)ကွယ်လွန်အနိစ္စရောက်ခြင်းမှာ ချိန်ခါမရောက်မီ အသက်ပျောက်ရလေခြင်းလို့ ထင်မှတ်ကြလျက်
အသိတရားမရှိကြတဲ့ 'ဘီဒိုအင်'ကျေး တောသား အာရဘ်အများအပြားမုရ်တဒ်ဖြစ်သွားကြပြီး
ဆွဟာဘာကြီးတွေတောင် ပရိဒေဝသောကမီးရိုက်ခတ်မှုကြောင့် စိတ္တဇ ဝေဒနာသည်များပမာဖြစ်နေကြ၏။ ထိုအခါတွင်
အလ္လာဟ်အရှင်မြတ်က ဟဇရသ်အဘူဘက္ကရ်ဆွစ်ဒီက်(ရဒီ) သခင်ကိုရပ်စေတော်မူလိုက်ပြီး မိမိတန်ခိုးစွမ်းအားကို
နောက်ထပ်တစ်ဖန်ပြန်၍ပြသတော်မူကာ အစ္စလာမ်သာသနာ တော်ကျဆုံးချုပ်ငြိမ်းသွားတော့မည့်ဆဲဆဲမှ
ကယ်မစောင့်ရှောက်ထားတော်မူလိုက်၏။ ဤသို့ဖြင့် မိမိပြုထားသော ကတိတော်ဖြစ်သည့်
'ဝလယုမက်ကေနန်နလဟွန်မ် ဒီးနဟွန်မွလ်လဇိရ်သဒွားလဟွန်မ်၊ ဝလယုဘဒ်ဒေလန်နဟွန်မ်မင်ဘအ်ဒေ
ခေါင်ဖေဟင်မ်အမ်နာ' စိုးရိမ်ထိတ်လန့်ခြင်းဖြစ်ပြီးနောက်တစ်ဖန်ပြန်၍ ငါတို့သည် ၎င်းတို့၏ခြေအစုံကိုမြဲမြံစေတော်
မူမည်။'' ဆိုသည့်ကတိတော်ကိုပြည့်စုံစေခဲ့ပေသည်။''
ထို့ပြင် သခင်ကြီးမိန့်ကြားတော်မူသည်မှာ- 'ထို့ပြင်ယင်းဒုတိယမ္ပိတန်းခိုးတော်သည် ကျွန်ုပ်ထွက်ခွာမသွား

လေသမျှ ရောက်ရှိလာလိမ့်မည်မဟုတ်ချေ။ သို့ရာတွင် ကျွန်ုပ်ပြန်သွားပြီးနောက်မှ အလ္လာဟ်အရှင်မြတ်က
အသင်တို့နှင့်အတူထာဝစဉ်နေလိမ့်မည်ဖြစ်သော ထိုဒုတိယတန်ခိုးတော်ကို အသင်တို့အဖို့ ပို့လွှတ်တော်မူလိမ့်မည်။
. . ကျွန်ုပ်သည် အလ္လာဟ်တန်ခိုးတော်၏တစ်ခုသောပြယုဂ်ဖြစ်၏။ ထို့ပြင် ကျွန်ုပ်၏နောက်တွင် ဒုတိယတန်ခိုးတော်ကို
ကွန့်မြူးဖော်ကျူးရာဖြစ်သည့် အခြားသော ရုပ်ခန္ဓာအချို့ရှိကြပေဦးမည်။'
ယနေ့အချိန်မှာ ဂျမာအသ်အဟ်မဒီယာရဲ့ အဖွဲ့ဝင်တစ်ဦးတစ်ယောက်ချင်းဟာ ဆဟာဘာသာဝကကြီးတွေ
အတိုင်းလိုက်နာကျင့်မူပြီး နေဇာမေခေလာဖသ်ရဲ့အရိပ်အောက်မှာ အလွန်ခို်င်မာတောင့်တင်းလှတဲ့ ကြိုးတစ်ခုသဖွယ်
သီကုံးထားပါတယ်။ ဒါ့အပြင် တမန်တော်မြတ်ကြီး(ဆွ)တည်ထောင်ပေးခဲ့တဲ့ ကောင်းကင်တမန်တွေတောင်
အားကျမက်မောခဲ့ရတဲ့ မွတ်စလင်မ်လူမှုအဆောက်အအုံကြီးဟာ တစ်ဖန်ပြန်လည်အသက်ဝင်လာခဲ့ပါပြီ။ အလ္လာဟ်
အရှင်မြတ်ကတိတော်ပေးထားတဲ့ ခေလာဖသ်ဆိုတဲ့ ဂျန္နသ်သုခဥယျာဉ်တော်ကြီးတည်တံ့စေဖို့အတွက် ထောင်
သောင်းမကသိန်းပေါင်းများစွာသော လူတွေရဲ့အီမာန်နဲ့ အအ်မာလေဆွာလေဟာတို့ဟာ အထွတ်အထိပ်ကိုရောက်
ရှိသွားခဲ့ပြီး ၎င်းတို့ထံကနေ 'ငြိမ်းချမ်းရေး' ဆိုတဲ့ စကားကိုသာကြားနေရပါလိမ့်မယ်။ ပမာအားဖြင့်
ဂျန္နသ်နဲ့စပ်လျဉ်းပြီးကုရ်အာန်မှာဖော်ပြထားတာက 'လာယဆ်မအူနဖီဟာလဂ်ဝမ်ဝလာသအ်ဆွီးမာ အိလ်လာဖီအန်
ဆလာမန် ဆလားမာ' 'ထိုသူတို့သည် ဂျန္နသ်ဥယျာဉ်တော်အတွင်း၌ ကျိုးယုတ်ပျက်ဆီးဖွယ်ရာအချီးအနှည်း
စကားအနည်းငယ်မျှပင် ကြားရလိမ့်မည်မဟုတ်ဘဲ ဆလာမ်၊ဆလာမ် ဆိုသော စကားကိုသာ ကြားကြရလိမ့်မည်။
'
အာယသ်တော် အိစ်သေခလာဖ်မှာ အလ္လာဟ်အရှင်မြတ်ဟာ ခေလာဖသ်စနစ်တည်တံ့စေမယ်ဆိုပြီး ကြို
တင်ဗျာဒိတ်ပေးထားတာမဟုတ်ဘဲ စည်းကမ်းကန့်သတ်ချက်တွေနဲ့ ကတိပြုထားခြင်းသာဖြစ်ပါတယ်။အကြင်အခါ
အလ္လာဟ်အရှင်မြတ်ရွေးချယ်ခန့်အပ်တဲ့ ခလီဖာတစ်ပါးရပ်တည်လာပြီဆိုရင် ခေလာဖသ်ဆိုတဲ့ ပလ္လင်ထက်မှာ
စံမြန်းလာတဲ့ ထိုခလီဖာကို အလ္လာဟ်ရှင်မြတ်ကိုယ်တော်တိုင်ရွေးချယ်လိုက်ခြင်းဖြစ်တယ်။ ခလီဖာခန့်အပ်ခြင်းဟာ
အလ္လာဟ်အရှင်မြတ်ရဲ့ အလုပ်တာဝန်သာဖြစ်ပြီး အခြားမည်သည့်လောကီအဖွဲ့အစည်း၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကမှ
ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ အစ္စလာမ့်သမိုင်းကို လေ့လာကြည့်ရှုခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ ဟဇရသ်အလီ(ရဒီ)ရဲ့
နောက်မှ မြောက်မြားစွာသော လူပုဂ္ဂိုလ်တွေကို ခလီဖာဆိုတဲ့ ဝတ်ရုံခြုံလွှမ်းပေးဖို့အတွက် ဘယ်လောက်တောင်
ကြိုးစားခဲ့ကြပါသလဲ။ ဒါပေမဲ့ သူတို့ထဲမှာ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်ရွေးချယ်ခန့်အပ်ပေးတဲ့ ခလီဖာဆိုလို့
တစ်ယောက်တောင်မရှိခဲ့ပါဘူး။ ဒီလို လူတွေရဲ့လက်နဲ့ ပြုလုပ်ခဲ့တဲ့ အဲ့ဒီခေလာဖသ်ဆိုတာတွေရဲ့ သက်တမ်းဟာလည်း၊
အလွန်တရာတိုးတောင်းလှပါတယ်။ ဥပမာအားဖြင့် တူရကီမှာ ၁၉ဝ၉ခုနှစ်က အဘ်ဒွလ်ဟမိဒ်ဆာနီ ဖြုတ်ချခံ
ရပြီးတဲ့နောက်မှာ မွတ်စလင်တွေအတွင်းမှာ နာမည်ခံသက်သက်ပဲ ရှိနေခဲ့တဲ့ ခေလာဖသ်ဟာလည်းချုပ်ငြိမ်း
သွားခဲ့ပါတယ်။ အဲဒီနောက်မှာ မွတ်စလင်လောကဟာတစ်ခါ ဘုရင်ဖာရွတ်၊ ကင်းဖိုင်ဆလ်တို့အပေါ်
မျက်စိရောက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ ခလီဖာပြုလုပ်နိုင်တဲ့ အစွမ်းမရရှိခဲ့ကြပါဘူး။ ဒါကြောင့် အမှန်ပါပဲ

လူတွေဘယ်လောက်ကြိုးစားကြိုးစား အလ္လာဟ်အရှင်မြတ်ရဲ့လက်မပါရင် ဘာမှမစွမ်းနိုင်ပါဘူး။
အကျဉ်းအားဖြင့်ပြောရရင် ခေလာဖသ်ဆိုတဲ့ ကြီးကျယ်ထွဋ်မြတ်လှတဲ့စနစ်ကြီး ရပ်တည်ခြင်းဟာ အလ္လာဟ်
အရှင်မြတ်ရဲ့ ကြီးမားတဲ့ဉာဏ်အမြော်အမြင်၊ စီစဉ်ကြီးကြပ်မှုအားဖြင့်သာလျှင် ရပ်တည်နေခြင်းဖြစ်ပါတယ်။
ယနေ့ဂျမာအသ် အဟ်မဒီယာဟာ အစ္စလာမ်သာသနာတော် အောင်နိုင်လွှမ်းမိုးရေးအတွက် ကမ္ဘာလောကနေရာအနှံ့မှာ
အစ္စလာမ်သာသနာ ဖြန့်ချိရေးအတွက် နှစ်မြှုပ်ကြိုးပမ်းနေကြပါတယ်။ အကယ်၍ ယနေ့ဘယ်သူမဆို မိမိကိုယ်ကို
စစ်မှန်တဲ့ မွတ်စလင်မ်တစ်ဦးအဖြစ် အသက်ဆက်လိုတယ်ဆိုရင် သူဟာကောင်းကင်ယံ အုပ်ချုပ်ရေး စနစ်အောက်ကို
ဝင်ရောက်ရမှာသာဖြစ်တယ်။ တစ်နည်းအားဖြင့် ကိုယ်တော်မြတ်ကြီး(ဆွ)မိန့်ကြားခဲ့သလို အဲဒီလို အစုအဖွဲ့ကိုပဲ
နာဂျဖီ ရိ ကာအ ဖြစ်သတ်မှတ်ခဲ့ပါတယ်။အဲ့ဒီသူတွေက ဘယ်သူတွေလည်းဆိုရင် "မာအနာ အလိုင်းဟေ့ ၀အဆဟ်ဟာဘီ"
''ကျွန်ုပ်နဲ့ ကျွန်ုပ်ရဲ့သာဝကတွေနဲ့အလားသဏ္ဍာန်တူတယ်ဆိုတဲ့ အခြေအနေကိုပြသတဲ့ ဂျမာအသ် ပဲဖြစ်ပါတယ်။
ဟဇရသ်အွမ္မရ်(ရဒီ)ရဲ့ ရှင်းလင်းမိန့်ကြားချက်တစ်ခုဟာ ဒီနေရာမှာအတော်အရေးပါလှပါတယ်။ သခင်ကြီးမိန့်ကြားတာက
''လာအီစ်လားမအိလ္လာဘိလ်ဂျမားအာဟ်၊ ဝလာဂျမာအဟ်အိလ္လာဘိလ်အီမာရာဟ်၊ ဝလာအီမာရာအိလ္လာဘိလ်
အေသွာအာဟ်' ''အစ္စလာမ်သာသနာတော်တည်တံ့ရေးသည် ဂျမာအသ်တစ်ခုအသွင်မရှိလေသမျှမဖြစ်နိုင်ချေ။
ဂျမာအသ်ဆိုရာတွင်လည်း မိုအ်မင်တို့အား ဦးစီးခေါင်းဆောင်သောအမီရ်မဖြစ်မနေလိုအပ်ပေသည်။ ပြီးတော့ ထိုအမီရ်ကို
လူတိုင်းမဖြစ်မနေနာခံရန်တာဝန်ရှိပေသည်။'
ခလီဖာဆိုတာ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ့ရှေ့မှာမှ ဦးမညွတ်တဲ့သူဖြစ်ပါတယ်။
သူဟာအလ္လာဟ် အရှင်မြတ်ကို အပြည့်အဝယုံကြည်ကိုးစားသူဖြစ်ပြီး အရှင်မြတ်၏အကူအညီဆောင်မမှုအားဖြင့်
လောကီဘယ်လိုစွမ်းအားမျိုးကိုမှကြောက်ရွံ့သူမဟုတ်ပါဘူး။ ဒါ့အပြင်အရှင်မြတ်နဲ့ အရှင်မြတ်ရဲ့
တမန်တော်ချမှတ်ထားတဲ့လမ်းအတိုင်း ဖဝါးခြေထပ် လိုက်နာသူဖြစ်ပါတယ်။ ယနေ့ကမ္ဘာလောကတစ်ခုလုံးအလယ်မှာ
ဒီလိုခေလာဖသ်မျိုး ဂျမာအသ်အဟ်မဒီယာကို အလ္လာဟ် အရှင်မြတ်ချီးမြှင့်ထားတယ်ဆိုတာ အားလုံးအသိသက်သေပါပဲ။
ဂျမာအသ်အဟ်မဒီယာဟာ ကမ္ဘာလောကရှိရှိသမျှ ဖိရ်ကာ ဂိုဏ်းဂဏ္ဍတွေကနေ တစ်သီးတစ်ခြား ဖြစ်ပြီး
အလွန်ထင်ရှားတောက်ပစွာနဲ့ ပေါ်ထွန်းလျက်ရှိနေပါတယ်။ ဂျမာအသ်အဟ်မဒီယာကို ဒုက္ခပေး၊
အကျိုးယုတ်စေဖို့အတွက် ဘယ်သူ့မှာမှ စွမ်းအားမရှိပါဘူး။ ပြီးတော့ဒီဂျမာအသ်ကို အလ္လာဟ်အရှင်မြတ်နဲ့ အရှင်မြတ်ရဲ့
တမန်တော်ကနေ ကွဲကွာအောင်ပြုလုပ်ဖို့ကြိုးစားရင်လည်း သူတို့အောင်မြင်လိမ့်မှာမဟုတ်ပါဘူး။ ဟဇရသ်ခလီဖတွလ်
မဆိဟ်ရာဘေ စတုတ္ထခလီဖာသခင်ကြီး(ရဟ်)ခွသ်ဘာမိန့်ခွန်းတစ်ခုမှာ တမန်တော်မြတ်ကြီး(ဆွ)
လက်ထက်အဖြစ်အပျက်တစ်ခုကိုတင်ပြရင်း မိန့်ကြားခဲ့တာက 'ကျွန်ုပ်ဘာကို ကြောက်ရွံ့စိုးရိမ်ရမည်နည်း။ အမေရိကန်ရဲ့
အင်အားဖြစ်စေ၊ ရုရှရဲ့အင်အားဖြစ်စေ၊ ဗြိတိသျှရဲ့အင်အားဖြစ်စေ၊ ဒါမှမဟုတ် ကမ္ဘာလောကတစ်ခုလုံးစုပေါင်းထားတဲ့
ဘယ်လိုစွမ်းအားပျိုးပင်ဖြစ်ပါစေ ကျွန်ုပ်စိုးစင်းမျှပင်ကြောက်ရွံ့ခြင်းမရှိချေ။ အကယ်၍ သောင်ဟိဒ်ရဲ့ အလံတော်ကို
လွင့်ထူရင်းနဲ့ ကျွန်ုပ်ဟာအစိတ်စိတ်အမွှာမွှာဖြစ်သွားမယ်ဆိုရင်တောင် ခိုဒါကီကစမ် ကျွန်ုပ်ရဲ့ခန္ဓာကိုယ်

အစိတ်အပိုင်းတိုင်းက အခုလိုရင်ကျူးနေလိမ့်မယ်။ 'သွဖ်သူဘေရဘ်ဘိလ်သောင်ဘာ၊ သွဖ်သူဘေရဘ်ဘိလ်သောင်ဘာ'
အလ္လာဟ်အရှင်မြတ်ကို သက်သေထားကျိမ်ဆိုပြီးပြောမယ်။ ကျွန်ုပ်အောင်မြင်သွားပြီ။ ကျွန်ုပ်ကတော့အောင်မြင်သွားပြီ'
ဒါကြောင့် ယနေ့လည်း ကမ္ဘာလောကတစ်ခုလုံးနေရာအနှံ့အပြားမှာရှိနေတဲ့ အဟ်မဒီတွေရဲ့ စိတ်နှလုံးတိုင်း
ခန္ဓာကိုယ်အစိတ် အပိုင်းတိုင်းကနေ ဒီလိုကြွေးကြော်မှုတွေထွက်ပေါ်နေဖို့ အရေးကြီးပါတယ်။ သခင်ကြီးထပ်မံမိန့်ကြား
တာက 'ခိုဒါကီကစမ်၊ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်တွေ အစိတ်စိတ်အမွှာမွှာပြုလုပ်ခံရပါစေ၊ ပြီးတော့ကျီးကန်းစာ၊
လဒစာအဖြစ်လုပ်ပစ်လိုက်ကြပါစေ။ ဒါ့အပြင် ကျွန်ုပ်တို့ကို မီးရှိုပြာချပစ်လိုက်ပြီး၊ ပြာမှုန်တွေကို ပင်လယ်သမုဒ္ဒရာ
ထဲမျောပစ်လိုက်မယ်ဆိုရင်တောင် ကျွန်ုပ်တို့ရဲ့ အစိတ်အပိုင်းအမှုန်အမွှားတိုင်းက အလ္လာဟ်နဲ့ အလ္လာဟ့်တမန်တော်ကို
ချစ်မြတ်နိုးပါတယ်ဆိုတဲ့အသံတွေ ထွက်ပေါ်နေဦးမှာဖြစ်တယ်။'
ဒါသာလျှင် ခေလာဖသ်တန်ခိုးစွမ်းအားရဲ့လက်တွေ သက်သေဖြစ်ပြီး ခေလာ
ဖသ်စနစ်အခိုင်အမာတည်တံ့မြဲမြံနေခြင်းကိုဖော်ကျူးပြသနေတဲ့ နိမိတ်လက္ခဏာပဲဖြစ်ပါတယ်။ ဒီလိုအဆင့်အတန်းကို
ခေလာဖသ်နဲ့ ဆက်နွယ်ပေါင်းစည်းခြင်း၊ ခေလာဖသ်အားချစ်မြတ်နိုးခြင်းတို့အားဖြင့် မိုအ်မင်တွေကို
ပေးသနားချီးမြှင့်ထားပါတယ်။ အရှင်မြတ်ရဲ့ ကတိတော်ဖြစ်တဲ့ 'ဝလယုဘဒ်ဒေလန်နဟွန်မ်မင်မ်ဘာအ်
ဒေခေါင်ဖေဟင်မ်အမ်နာ'ဆိုတဲ့ပြယုဂ် ဂျမာအသ်အဟ်မဒီယာထဲမှာ ဖြစ်ထွန်းလာတဲ့အခြား ရှုထောင့်တစ်ရပ်ကိုလည်း
လေ့လာကြည့်ကြပါ။ ဟဇရသ်မဆိဟ်မော်အုဒ်(အ)မိန့်ကြားတော်မူတာက 'ရစူလ်တမန်တော် သို့မဟုတ်
မရှာအိခ်သူတော်စဉ်များကွယ်လွန်အနိစ္စရောက်တဲ့အခါ ကမ္ဘာလောကမှာတုန်လှုပ်ချောက်ခြားမှုကြီး
တစ်ရပ်ဆိုက်ရောက်လာပေသည်။ ထို့အပြင် ယင်းတုန်လှုပ်မှုကြီးမှာ အလွန်ပင် အန္တရာယ်ကြီးမားသောကာလဖြစ်၏။
သို့ရာတွင် အလ္လာဟ်အရှင်မြတ်က 'ခလီဖာ'တစ်ပါးပါးအားဖြင့် ယင်းအန္တရာယ်ဆိုးကြီးကို ဖျောက်ဖျက်တော်
မူလိုက်ပေသည်။ ထို့နောက်တွင် ယင်းခလီဖာအားဖြင့် ပြန်လည်တည်ဆောက်ရေးကို ပြုပေးတော် မူလိုက်သည့်အလား
တည်ငြိမ်အေးချမ်း မှုကို ဖြစ်ပေါ်စေတော်မူပေသည်။' နောက်ဆုံးလက်တွေ့သက်သေအနေနဲ့ပဲ
ဂျမာအသ်အဟ်မဒီယာမှာ စတုတ္ထခလီဖာသခင်ကြီးကွယ်လွန်အနိစ္စရောက်သွားတဲ့အချိန်က ဂျမာအသ်သားတစ်ဦး
တစ်ယောက်ခြင်းဟာ အလွန်တရာပူဆွေးသောက ဖြစ်သွားခဲ့ကြရပါတယ်။ ဒါကို အဟ်မဒီတိုင်းခံစားဖူးမှာဖြစ်ပြီး။
အဲ့ဒီအချိန်မှာ သူတို့အားလုံးရဲ့ မျက်နှာတွေဟာ ပရိဒေဝမီးတောက်လောင်နေတာကို ပြသနေကြပါတယ်။
တစ်နည်းအားဖြင့် သူတို့ရဲ့ အမှီအတွယ် ခိုလှုံအားထားရာ အေးရိပ်ဆာယာ ပျောက်ကွယ်သွားလို့ပါပဲ။ အဲဒီအချိန်
အခြားတစ်ဖက်မှာ အဟ်မဒီယသ်ကို ရန်လိုမုန်းထားသူတွေဟာ ဝမ်းသာ ပျော်ရွင်ပြီး ပွဲတော်တည်နေကြပါတယ်။
ဒါပေမယ့်လည်း အလ္လာဟ်အရှင်မြတ်ဟာ အဲဒီလိုကြောက်ရွံ့စိုးရိမ်ဖွယ်ရာ အခြေအနေကို ရှည်ကြာအောင်မလုပ်ခဲ့ဘဲ
ချက်ချင်းပဲ မိမိရဲ့အချစ်တော်ဖြစ်တဲ့ ဟဇရသ်မိရ်ဇာမဆ်ရူရ် အဟ်မဒ်(အိုင်ယဒဟွလ်လ္လာ) သခင်ကြီးကို
ခေလာဖသ်နန်းထက်မှာ စံမြန်းစေခဲ့ပြီး ပူဆွေးသောကရောက်နေတဲ့ မိုအ်မင်န်တွေရဲ့ စိတ်နှလုံးသားကို
အေးချမ်းသွားစေခဲ့ပါတယ်။ အဟ်မဒီယာခေလာဖသ်ရပ်တည်လာခဲ့တဲ့ နှစ်ပေါင်း(၁ဝဝ) ရာစုနှစ်တစ်ခုလုံး

သက်သေခံနေပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ ရှေးအစဉ်ကတည်းကရှိခဲ့တဲ့ စွန္နသ်နိယာမတစ်ခုက အရှင်မြတ်ဟာ
ရှေ့ကထွက်ခွာသွားတဲ့ ခလီဖာရဲ့နေရာမှာ သက္ကဝါတရားအမြင့်မားဆုံးအဆင့်ရှိပြီး နဗူဝသ်ရဲ့နူရ်ရောင်ခြည်တော်ကို
ပို့လွှတ်နိုင်စွမ်းရှိသူကိုသာ ခလီဖာဆက်ခံသူအဖြစ်ပေးအပ်လေ့ရှိနေပါတယ်။ ပြီးတော့ အလ္လာဟ်အရှင်မြတ်ရဲ့
နူရ်လင်းရောင်ခြည်တော်ကို ဦးစွာတမန်တော်ကိုပေးပြီး ယင်းမှတဆင့် ခလီဖာအားဖြင့် ကမ္ဘာလောကမှာ
ထွန်းလင်းတောက်ပစေပါတယ်။
နားဆင်သူအပေါင်းတို့ခင်ဗျာ ခေလာဖသ်ဆိုတဲ့ ကောင်းချီးမင်္ဂလာတော်ကြီးဟာ အီမာန်နဲ့ အဟ်မာလေ
ဆွာလေဟာဆိုတဲ့ စည်းကမ်းတွေကန့်သတ်ထားတာကြောင့် ဂျမာအသ်အဟ်မဒီယာမှာ ခေလာဖသ်ရပ်တည်နေခြင်း
ဟာလည်း ဂျမာအသ်သားတိုင်းရဲ့ အီမာန်နဲ့ အာအ်မာလေဆွာလေဟာ စည်းကမ်းတွေကို အပြည့်အဝလိုက်နာခြင်း
ကြောင့်သာဖြစ်ပြီး အခြားဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။ ဟဇရသ်အမီရ်မိုအာဝီယာ(ရဒီ)ဟာ ဟဇရသ်အလီရဲ့
ခေလာဖသ်ကို ဘိုင်အသ်ယူရအောင် သက်သေအထောက်အထားတောင်းတော့ ဟဇရသ်အလီက
'ဟဇရသ်အဘူဘက္ကရ်၊ ဟဇရသ်အူမရ် ဟဇရသ်အွတ်စမာန်(ရဒီ)တို့ထံမှာ ဘိုင်အသ်ယူခဲ့ကြသူတွေပဲ ကျွန်ုပ်ထံမှာ
ဘိုင်အသ်ယူထားခြင်းဖြစ်တယ်'လို့ဖြေကြားခဲ့ပါတယ်။ ဟဇရသ်အလီ(ရဒီ)ဟာ ဆဟာဘာ သာဝကကြီးတွေရဲ့
မြင့်မားလှတဲ့ အဆင့်အတန်းကို ဖော်ပြခဲ့ပြီး သူတို့ဟာ မိုအ်မင်န်ယုံကြည်သူတွေ၊ ဆွာလေဟ်သူတော်ကောင်း
တရားကျင့်ကြံ ပွားများသူတွေဖြစ်တယ်လို့ ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။
ဒီနေရာမှာ ပထမခလီဖာသခင်ကြီးမိန့်မှာခဲ့တဲ့ စကားတစ်ခုကိုလည်းဖော်ပြဖို့လိုအပ်ပါတယ်။ သခင်ကြီးမိန့်
ကြားတာက 'ခလီဖာရပ်တည်ခြင်းကို ကန့်ကွက်ဆန့်ကျင်သူများရဲ့ အမှတ်လက္ခဏာကတော့ သူတို့ဟာ အအ်မာလေ
ဆွာလေဟာ(ကောင်းမှုကျင့်ကြံတည်ဆောက်ခြင်း)မှာ ပေါ့လျော့နေတာကိုတွေရမှာဖြစ်ပြီး သာသနာ့အလုပ်
အကျွေးပြုခွင့်ကို လက်လွတ်ဆုံးရှုံးနေတာ ကိုမြင်တွေ့ရပေမည်။'
ဒါကြောင့် ခေလာဖသ်ဆိုတဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ ကောင်းကျိုးချမ်းသာကြီးထာဝရတည်တံ့ဖို့အတွက်
အီမာန်နဲ့ အအ်မာလေဆွာလေဟာမှာ တိုးပြီးခြေလှမ်းကြပါ၊ ဒုတိယခလီဖာသခင်ကြီးအလ် မွတ်စလေဟ်မော်အုဒ်(ရဒီ)
မိန့်ကြားသွန်သင်ထားချက်တစ်ခုက 'အို- မိုအ်မန်ယုံကြည်သူတို့၏ဂျမာအသ်၊ အအ်မာလေဆွာလေဟာ ကျင့်ကြံ
ပွားများနေသူတို့ ကျွန်ုပ်အသင်တို့အားပြောဆိုလိုသည်မှာ ခေလာဖသ်ဟူသည် အလ္လာဟ်အရှင်မြတ်၏ကြီးမားသော
ကောင်းချီး မင်္ဂလာဖြစ်၏။ ယင်းအားတန်ဖိုးထားကြကုန်၊ အသင်တို့အတွင်းမှအများစုသည် အီမာန်နှင့်
အအ်မာလေဆွာလေဟာတွင် မြဲမြဲမြံမြံရပ်တည်နေမည်ဆိုလျှင် အရှင်မြတ်သည် ဤနေ့အ်မသ်ကောင်းချီးမင်္ဂလာတော်ကို
ပို့ချပေးလျှက်ရှိနေပေလိမ့်မည်။ သို့သော် အကယ်၍ အသင်တို့အတွင်းမှအများစုတွင် အီမာန်နှင့် အအ်မာလေဆွာလေဟာ
ပျောက်ပျက်သွားမည်ဆိုလျှင်မူ အရှင်မြတ်၏အလိုတော်ပင်၊ အရှင်မြတ်သည် ဤကောင်းချီးကိုဆက်ပေးလျှင်
ပေးထားမည်။ သို့မဟုတ်အဆုံးသတ်လိုက်ပေမည်။ ထိုကြောင့်ခလီဖာစနစ်ပျက်ပြယ်ခြင်းကိစ္စမှာ အထူးအထွေမဟုတ်ချေ။
အသင်တို့အားလုံးလမ်းမှားလွဲချော်သွားပြီဆိုသည်နှင့် ဤခေလာဖသ်ကိုပြန်ရုပ်သိမ်းလို်က်မည်သာဖြစ်သည်။ ထို့ကြောင့်

အလ္လာဟ်အရှင်မြတ်နေ့အ်မသ်ကောင်းချီးပေးသနားထားသည်ကို ကျေးဇူးမကန်းလေနှင့်။'
လူကြီးမင်းအပေါင်းတို့ခင်ဗျားဍ ခေလာဖသ်ဆိုတဲ့ကောင်းချီးမင်္ဂလာတော်ကြီးရဲ့ အဓိကအရေးပါဆုံး ဘရ်ကသ်က
'သမ်ကေနသေဒီန်' (သာသနာတော်ကို ခိုင်ခံ့မြဲမြံစေခြင်း)ပဲဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ဟာ အစ္စလာမ်သာသနာ
တော်ကို ပြီးပြည့်စုံစေတော်မူပြီး ကျမ်းတော်မြတ်ကုရ်အာန်ကိုလည်း ပြီးပြည့်စုံဆုံးသော ကျမ်းဂန်အဖြစ်ပို့ချခဲ့ပါတယ်။
ပြီးတော့ ဒီသာသနာတော်နဲ့အတူ အလုံးစုံသောဘရ်ကသ်၊ နေ့အ်မသ်ကောင်းချီးမင်္ဂလာများကို ပေါင်းစည်း
ယှက်နွယ်ထားပြီးဖြစ်ပါတယ်။ အရှင်မြတ်ရဲ့ကျေနပ်နှစ်သက်မှုကို ရရှိစေဖို့အတွက် နည်းလမ်းအဖြစ်လည်း
ဒီသာသနာတော်ကိုပဲ အရှင်မြတ်ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က အလွန်ထင်ရှား
ရှင်းလင်းစွာမိန့်ကြားထားသည်မှာ -
'အင်နဒ်ဒီးန အင်ဒလ်လားဟိလ်အစ္စလာမ်' (အရှင်မြတ်ရဲ့ထံတော်ပါး၌ အစ္စလာမ်သာသနာသည်သာလျှင်
ပြီးပြည့်စုံသော သာသနာအဖြစ်တည်ရှိနေ၏။) ဒါပေမယ့် ပြီးပြည့်စုံအောင်ပြုလုပ်ပေးထားတဲ့ ဒီသာသနာတော်ကို
ခိုင်ခံ့မြဲမြံစေဖို့ စည်ပင်ပြန့်ပွားစေဖို့အတွက် အလ္လာဟ်အရှင်မြတ်ဟာခေလာဖသ်ဆိုတဲ့စနစ်နဲ့ ပေါင်းစည်းထားခဲ့ပါတယ်။
ဒီလိုအားဖြင့် ကမ္ဘာလောကတစ်ခွင်မှာ အစ္စလာမ်သာသနာတော်ဖြန့်ချိရေးလုပ်ငန်းဟာ အရှင်မြတ်
ရွေးချယ်ခဲ့တဲ့ခလီဖာကြီး များအားဖြင့်ပဲဖြစ်ထွန်းခဲ့ပါတယ်။ ဒါ့အပြင်ယနေ့လည်းပဲ အလ္လာဟ်အရှင်မြတ်
သတင်းပေးမိန့်ကြားထားတဲ့ 'မိုင်သေရီသဘ်လိဂ်ကို ဇမီးန်ကီ ကေနာရွန်သက်ပဟောန် ချာအွန်ဂါ' (ငါအရှင်မြတ်
သည်အသင်၏သွန်သင်ချက်ကို ကမ္ဘာမြေကြီးအစွန်အဖျားများသို့တိုင် ပို့ဆောင်တော်မူမည်)ဆိုတဲ့သတင်းဟာ
ပြီးပြည့်စုံခဲ့ပါတယ်။ အဟ်မဒီယာ ခေလာဖသ်စနစ်ကြီးဟာ ယခုဆိုရင်အာရှ၊ ဥရောပ၊ အမေရိက၊ အာဖရိက၊
ဩစတြေးလျအစရှိတဲ့ ကမ္ဘာတိုက်ကြီးများအပြင် ကမ္ဘာမြေကြီးအစွန်အဖျားဖြစ်တဲ့ဖီဂျီလိုကျွန်းနိုင်ငံမှာလည်း သောင်ဟိဒ်ရဲ့
အလံတော်ကို လွှင့်ထူထားနိုင်ခဲ့ပါတယ်။ သုံးပါးတစ်ဆူ လက်ဝါးကပ်တိုင်ဝါဒကြီးစိုးထားတဲ့ စပိန်လိုနိုင်ငံမှာတောင်
သောင်ဟိဒ်ရဲ့ကြွေးကြော်သံကို တစ်ဖန် ပြန်လည်ရင့်ကျုးစေခဲ့ပါတယ်။ အဟ်မဒီယာဂျမာအသ်ရဲ့ကြိုးပမ်းမှုနဲ့
ယနေ့ကမ္ဘာ့နိုင်ငံပေါင်း(၁၉ဝ)ကျော်မှာ တမန်တော် မြတ်ကြီး(ဆွ)အပေါ် ဖြူစင်မေတ္တာထားကြတဲ့ သန့်ရှင်းသောဝိညာဉ်
သန်းပေါင်း (၂ဝဝ)ကျော်ပေါက်ဖွားစေခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင်တစ်ချိန်ကကိုယ်တော်မြတ်ကြီး(ဆွ)ကို
ရန်လိုမုန်းထားဆဲရေးခဲ့ကြတဲ့ ခရစ်ယာန်မျိုးနွယ်စုတွေဟာ ယခုဆို ရင်ကိုယ်တော်မြတ်ကြီး(ဆွ)အပေါ်
ဒရုဒ်မေတ္တာပို့သခြင်းကိုပဲသူတို့ဘဝကိုအသက်ဆက်ပေးမယ့်ရေကြည်ပမာမှတ်ယူသွားကြပါပြီ။ ကမ္ဘာလောက
နေရာအနှံ့အပြားမှာ အလ္လာဟ်အရှင်မြတ်ကိုသတိရတသဖို့ ဗလီဝတ်ကျောင်းတော်တွေ ဆောက်လုပ်ခြင်းကိစ္စကိုလည်း
ခေလာဖသ်အေးရိပ်ဆာယာအောက်မှာ အဟ်မဒီယာဂျမာအသ်ကြီးက စွမ်းစွမ်းတမံကြိုး ပမ်းလုပ်ဆောင်နေကြပါတယ်။
လူကြီးမင်းအပေါင်းတို့ခင်ဗျား ကျွန်ုပ်တို့ရဲရဲဝံ့ဝံ့ကြွေးကြော်ရဲပါတယ်။ ခေလာဖသေအဟ်မဒီယာဟာ အလ္လာဟ်အရှင်မြတ်နဲ့
အရှင့်တမန်တော်တို့ရဲ့ သတင်းစကားကို ကမ္ဘာတစ်ခွင်ဖြန့်ချိခြင်းအမှုကို စက္ကန့်မလပ်လုပ် ဆောင်နေကြပါတယ်။
ဒီအတွက် ကြျူငာ ွှနူနလငျငသည ဗ့ာေိငပပေ (ဗြွှ) ရုပ်/သံအစီအစဉ်ဟာလက်တွေ့သက်သေခံနေပါတယ်။

ဒီလိုပဲ ခေလာဖသ်စနစ်ကြီးရဲ့ အဓိကကျတဲ့အချက်တစ်ခုဟာလည်း အလ္လာဟ်အရှင်မြတ်ထံပါးနီးစပ်စေ
ခြင်းပဲဖြစ်ပါတယ်။ ဟဇရသ် အာဒမ်(အ)ကို ခလီဖာအဖြစ်ခန့်အပ်စေလွှတ်တဲ့အခါ အလ္လာဟ်အရှင်မြတ်က အာဒမ်(အ)ကို
အရှင်မြတ်ရဲ့ဂုဏ်တော်တွေကိုသိမြင်နားလည်နိုင်သော ပညာကိုပေးအပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် လောကီ၊
လောကုတ်နှစ်ဌာနစလုံးမှာ လူသားတို့'ဘကာ' (တည်မြဲခြင်း)ရှိစေဖို့အတွက် အရေးကြီးတဲ့အချက်က လူသားတို့အနေနဲ့
အရှင်မြတ်ရဲ့ဂုဏ်တော်တစ်ခုခြင်းကို မိမိတို့ထံမှာအရောင်စိုးရေးခြယ်ဖို့လိုအပ်ပါတယ်။ သဘောက လူသားဟာ
အရှင်မြတ်ရဲ့ ဂုဏ်တော်ရောင်ပြန်အနေနဲ့ ရှိနေကြရပါမယ်။ ဒါနဲ့စပ်လျဉ်းပြီး အလ္လာဟ်အရှင်မြတ်မိန့်ကြားထားတဲ့
အချက်တစ်ခုက 'ကွလ်လုမန်အလိုင်းဟာဖာန်၊ ဝယဘ်ကာဝဂျဟုရဘ်ဘေက ဇွလ်ဂျလာလေ ဝလ်အိက်ရာမ်'
(အရာအားလုံး ချုပ်ငြိမ်းသွားပေလိမ့်မည်။ သို့သော် အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်၏
ဂုဏ်ဘုန်းတေဇာတို့သာကျန်ရှိပေလိမ့်မည်) လူသားအနေဖြင့်အရှင်မြတ်၏ဂုဏ်ရောင်ကိုချယ်မှုန်းဖို့အတွက်၊
ပြီးတော့'ဘကာ'တည်မြဲခြင်းရှိဖို့အတွက် ခေလာဖသ်နဲ့ ပေါင်းစည်းဆက်နွယ်ရပါလိမ့်မယ်။ ခေလာဖသ်ရဲ့ဘရ်ကသ်နဲ့ပဲ
လူသားတို့ရဲ့ဝိညာဉ်ရေးနာမ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေဖြစ်ပေါ်လာမှာဖြစ်ပြီး၊ ဒီလိုနဲ့အလ္လာဟ်အရှင်မြတ်
ထံတော်ပါးနီးစပ်ခွင့်ရရှိမှာဖြစ်တယ်။ ဒါနဲ့စပ်လျဉ်းပြီး မွတ်စလေဟ်မော်အုဒ်(ရဒီ) မိန့်ကြားတော်မူတာက -
'တမန်တော်နှင့် ခလီဖာတို့မည်သည် အလ္လာဟ်အရှင်မြတ်ထံပါးနီးစပ်ခွင့်ရရှိရေး၌ အထောက်အပံ့ဖြစ်၏။
ဥပမာအားဖြင့် အားအင်ချည့်နဲ့သူသည် မြင့်မားသောကုန်းမြင့်ပေါ်သို့မတက်နိုင်ပါက တုတ်ကောက်(သို့မဟုတ်)
လက်ကိုင်တစ်ခုခုကို အမှီသဟဲပြုပြီးတက်လှမ်းရ၏။ ထိုကဲ့သို့ပင် တမန်တော်နှင့်ခလီဖာတို့မည်သည်မှာ လူအများအဖို့
အမှီသဟဲအထောက်အမပင်ဖြစ်ပေသည်။'
ခေလာဖသေအဟ်မဒီယာခိုင်မာစွာတည်တံ့ခြင်းနှင့်စပ်လျဉ်းပြီး စတုတ္ထခလီဖာသခင်ကြီး(ရဟ) မိန့်ဟောခဲ့တဲ့
သတင်းကောင်းဟာ ကျွန်ုပ်တို့ရဲ့အီမာန်ကိုခိုင်မြဲစေခဲ့ပါတယ်။ သခင်ကြီးမိန့်ကြားခဲ့တာက - 'ကျွန်ုပ်သတင်းကောင်း
ပြောမယ်။ နောင်ကို အလ္လာဟ်အရှင်မြတ်၏အလိုတော်ဖြင့် ခေလာဖသေအဟ်မဒီယာကို မည်သည့်အခါမျှအန္တရာယ်
ဆိုက်ရောက်တော့မည်မဟုတ်ချေ။ ဂျမာအသ်အဖွဲ့ကြီးမှာ အရွယ်ရောက်ခဲ့ပြီးဖြစ်၏။ ယခုအခါမည်သည့်မလိုမုန်းထားသူ
တစ်ဦးတစ်ယောက်ကမျှ ခေလာဖသ်ကိုထိခိုက်အောင် လုပ်နိုင်မည်မဟုတ်တော့ချေ။ ထို့အပြင် အဟ်မဒီယာ
ဂျမာအသ်အဖွဲ့ကြီးတွင် အနည်းဆုံးနှစ်ပေါင်းတစ်ထောင်ကြာကာလအထိ ခလီဖာစနစ်တည်တံ့နေမည်ဆိုသည့်
အလ္လာဟ်အရှင်မြတ်၏ ကတိတော်ပြည့်စုံလျှက် ဂျမာအသ်ကြီးတိုးတက်သွားပေလိမ့်မည်။'

ဒါကြောင့် ဒီကောင်းကင်ယံအုပ်ချုပ်ရေးစနစ်ကြီးကို တန်ဖိုးထားခြင်း၌ပင် ကျွန်ုပ်တို့ရဲ့ဘဝရှင်သန်ရေးရှိနေ
ပါတယ်။ အချိန်စက္ကန့်မလပ် ကျွန်ုပ်တို့တစ်ဦးတစ်ယောက်ခြင်းဟာ ခေလာဖသ်ရဲ့ရှေ့မှာဦးညွတ်လျက် ပျပ်ဝပ်နာခံ
နေကြရမယ်။ ဘယ်သောအခါမှရှိုင်သွာန် ရဂျီမ်း (နှင်ထုတ်ခြင်းခံရတဲ့ ရှိုင်သွာန်)လို 'အနာခိုင်းရွန်မင်န်ဟူ' ဆိုပြီး
မာန်မာနထောင်လွှားခြင်း မပြုမိပါစေနဲ့။

နောက်ဆုံးအနေနဲ့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အလ္လာဟ်အရှင်မြတ် ကျွန်ုပ်တို့အားလုံးကို ခေလာ
ဖသေအဟ်မဒီယာအတွက် အစဉ်အမြဲအသက်ပေးစတေး ကာကွယ်နိုင်စွမ်းပေးသနားတော်မူပါစေ။ ပြီးတော့
ဘယ်လိုရန်သူတစ်ဦးတစ်ယောက်ကမှ ကျွန်ုပ်တို့ရဲ့ရုပ်အလောင်းတွေကို နင်းကျော်မသွားသမျှကာလပတ်လုံး
ခေလာဖသေအဟ်မဒီယာကို ထိခိုက်အောင်မပြုလုပ်နိုင်ဘူးဆိုပြီး ကြွေးကြော်ချက်ကိုပြည့်ဝစေတော်မူပါစေ။ ဟဇရသ်
မွတ်စလေမော်အုဒ်(ရဒီ) ၂၄ရက် ဇွန်လ ၁၉၆ဝ ဂျလ်ဆာဆာလာနာတစ်ခုမှာ အခုလိုမိန့်ကြားခဲ့ပါတယ်။
'ကျွန်ုပ်တို့သည် ခေလာဖသ်စနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခိုင်ခံ့မြဲမြံစေရန်အတွက် သက်ဆုံးတိုင်
ကြိုးပမ်းအားထုတ်လျက်နေပါမည်။ ထို့အပြင် ကျွန်ုပ်သည်မိမိ၏သားစဉ်မြေးဆက်ကိုလည်း ခလီဖာစနစ်နှင့်
အမြဲမပြတ်ဆက်နွယ်မှုရှိနေကြစေရန်၊ ယင်း၏ကောင်းချီးမင်္ဂလာများမှ အကျိုးရယူခံစားနိုင်စေရန်အတွက် သွန်သင်
ဆုံးမလျက်နေပါမည်။ ဤသို့ဖြင့်ကေယာမသ် ကမ္ဘာနောက်ဆုံးနေ့တိုင် 'ခေလာဖသ်သေအဟ်မဒီယာ' ကို
လုံခြုံအောင်ကာကွယ်ထားပါမည်။ ကမ္ဘာဆုံးတိုင်အဟ်မဒီယသ်အားဖြင့် အစ္စလာမ်သာသနာဖြန့်ချိရေးကို လုပ်ဆောင်ကာ
တမန်တော်မြတ်မုဟမ္မဒ်(ဆွ)၏ အလံတော်ကိုကျန်ရှိရှိသမျှ သာသနာ့အလံတို့ထက်မြင့်မားဝင့်ထယ့်စွာလွှင့်ထူထား
ပါမည်။ အလ္လာဟ်အရှင်မြတ် ကျွန်ုပ်တို့အားဤကတိတော်ကို အပြည့်အဝဖြည့်ဆည်းနိုင်စွမ်းပေးသနားတော်မူပါစေ။

အာမီးန်
'ဝအာခေရွလ်ဒါအ်ဝါနာ အနိလ်ဟမ်ဒိုလိလ္လာဟေ ရဘ်ဘိလ်အာလမီးန်'


သောကြာမိန့်ခွန်းများ (၂၀၊၁၂၊၂၀၁၂)



အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ခေါင်းဆောင်ခလီဖာ၊ ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် မြွက်ကြားခဲ့သော သောကြာနေ့ မိန့်ခွန်း

Tuesday, December 24, 2013

(Truth About Christmas) ခရစ်စမတ် ဟူသည်



Historical Background (သမိုင်းနောက်ခံ)


တန်ခိုးဩဇာ ကြီးမားသော ရောမအင်ပါယာကြီးသည် ဘီစီ
၆၃ ခန့်တွင် ပါလက်စတိုင်းနိုင်ငံငယ်လေးကို သိမ်းပိုက်ထားပြီးဖြစ်သည်။
ပါလက်စတိုင်းနိုင်ငံအနောက်ပိုင်းတွင် နာဇရတ်မည်သော တောင်ကုန်းငယ်လေး
တစ်ခုရှိပြီး ထိုတောင်ကုန်းအနီး ရွာကလေးတစ်ရွာတွင် အင်မရာန်နှင့်
ဟန်နာတို့၏သမီးလေး မာရိမည်သော အပျိုစင်လေးတစ်ဦးရှိလေ၏။
မိခင်ဖြစ်သူဟန်နာသည် မာရိမမွေးမီအလျင်ကပင် မွေးဖွားလာမည့်ကလေးအား
ဂျေရုစလင်ဝတ်ကျောင်းတော်အား အလုပ်အကျွေးပြုရန် စွန့်လှူပါမည်ဟု
သစ္စာဆိုဓိဋ္ဌာန်ပြုခဲ့လေသည်။ ဟန်နာသည် ဝတ်ကျောင်းတော်၌ အလုပ်အကျွေး
ပြုရန် သားယောက်ျားလေးကို ရရှိရန်ဆုတောင်း ခဲ့၏။ အကြောင်းမူ ထိုခေတ်
ထိုအခါတွင် သားယောက်ျားလေးသာ ဝတ်ကျောင်းတော်အား အလုပ်အကျွေး
ပြုရန်သင့်တော်ပြီး ဘုရားလူကြီးများကလည်း လက်ခံထားကြသည့် ထုံးစံရှိ
သောကြောင့် ဖြစ်လေသည်။ သို့သော် သားယောက်ျားလေး မွေးဖွားမလာဘဲ
သမီးမိန်းကလေး မာရိ ဖွားမြင်လေ၏။ ထိုသောအခါ ဟန်နာသည် သူမ၌
သမီးမိန်းကလေး မွေးဖွားလာခြင်းအတွက် သောကကြီးစွာဖြစ်လျက်
ထာဝရဘုရားသခင်ထံ၌ ဤသို့မြည်တမ်းလေ၏။
'အို-အရှင်၊ ကျွန်တော်မျိုးမသည် သမီးမိန်းကလေးကို ဖွားမြင်ပါ၏။'
(ကုရ်အာန် ၃:​၃၇)
ထိုသည့်အခါ အရှင်မြတ်က 'အသင်မ မည်သည်ကို ဖွားမြင်ခဲ့ကြောင်း ငါအရှင်
သည် ပိုမို၍ ကောင်းစွာသိရှိတော်မူ၏' (ကုရ်အာန် ၃;၃၇)ဟု ပြန်လည်
ဖြေကြားလေသည်။ ဆိုလိုသည်မှာ ဤမိန်းကလေးတွင် ထူးကဲသော စွမ်းအင်
အရည်အသွေးတို့ ကိန်းဝပ်နေသည်ကို ငါအရှင်သိတော်မူ၏ဟူ၍ ဖြစ်သည်။

အချိန်ကာလတို့သည် တရွေ့ရွေ့ကုန်ဆုံးလာပြီး မာရိသည်လည်း
အရွယ်ရောက်လာ၏။ အရွယ်ရောက်သည့်အခါ သူမသည် ပါလက်စတိုင်းတွင်
အမြင့်မြတ် အစင်ကြယ်ဆုံးသော အပျိုစင်လေးတစ်ဦးအဖြစ် ထင်ရှားလေ၏။
တစ်နေ့၌ ဝတ်ကျောင်းတော်အတွင်း သူမဝတ်ပြုနေစဉ် ကောင်းကင်တမန်
တစ်ပါးသည် ဘုရားသခင်ထံမှ သားတော်တစ်ပါးရရှိမည့်အကြောင်း သတင်း
စကားကို ဆောင်ယူလာကာ သူမရှေ့တွင် ကိုယ်ထင်ပြ၏။ ကောင်းကင်
တမန်သည် အလွန်လှပခန့်ညားသော လူငယ်အသွင်ဖြင့် သူမရှေ့တွင်
ပေါ်လာခြင်းဖြစ်သည်။ သူမသည် စင်ကြယ်မြင့်မြတ်သော အပျိုစင်ဖြစ်ရကား
ထိုသို့ သူစိမ်းယောက်ျားတစ်ဦးက သူမအနီး ချဉ်းကပ်လာသည်ကိုမြင်လေသော်
တုန်လှုပ်ခြောက်ခြားလျက် နောက်သို့ဆုတ်လိုက်ပြီး- 'ကျွန်တော်မျိုးမသည်
ဘုရားသခင်ထံတော်ပါး၌ ခိုလှုံပါ၏။ အကယ်၍များ အသင်သည်
အရှင်မြတ်အား ရိုကျိုးဦးခိုက်သူဖြစ်ပါမူ ယခုပင် အကျွန်မထံမှ ခွာလော့' ဟု
ဆိုလိုက်လေသည်။

ထိုအခါ ကောင်းကင်တမန်က 'ကျွန်ုပ်သည် ထာဝရဘုရားရှင်ထံမှ
အသင်မထံ စေလွှတ်ခြင်းခံရသော စေတမန်တပါး ဖြစ်ပါ၏။ အသင်မတွင်
များမကြာမီ ပဋိသန္ဓေစွဲကာ သားယောက်ျားလေး ဖွားမြင်မည့်အကြောင်း
သတင်းကောင်းပါးရန် လာရခြင်းဖြစ်ပါသည်'ဟု ပြောလေ၏။
ကောင်းကင်တမန်ထံမှ ထိုသည့် သတင်းစကားကြားရသည့်အခါ သူမ၌
ကြီးစွာသော စိုးရိမ်မှုကို ဖြစ်စေ၏။ အကြောင်းမူ သူမသည် မည်သည့်
ယောက်ျားသား တစ်ဦးတစ်ယောက်နှင့်သော်မျှ ကျွမ်းဝင်ခဲ့ဖူးခြင်း မရှိသော
ကြောင့်ဖြစ်၏ ။

သို့နှင့် မာရိက 'မည်သည့်ယောက်ျားတစ်ဦးမျှ အကျွန်မအား
ထိတွေ့ခြင်းမရှိပါဘဲလျက် အသို့လျှင် အကျွန်မ၌ ပဋိသန္ဓေစွဲကာ သား
ယောက်ျားလေး ရနိုင်ပါအံ့နည်း။'
ထိုသည့်အခါ ကောင်းကင်တမန်က- 'အသင်မ၏ဖန်ဆင်းရှင်သည်
ထသို သို့ အလိုရှိတော်မူ၏။ အရှင်အလိုတော်ရှိသည်တို့သည် မုချဖြစ်ရမည်။
အရှင်မြတ်သည် မိမိအလိုရှိသည့်အရာကို ပြုစွမ်းနိုင်တော်မူ၏။ (အသင်မ၏)
ထိုသားတော်သည် လူခပ်သိမ်းတို့အဖို့ အမှတ်လက္ခဏာတစ်ရပ်အဖြစ်
တွင်ကျန်လိမ့်မည်။ ထို့ပြင် အရှင်မြတ်ဘက်မှ ကရုဏာတော်လည်း ဖြစ်ချိမ့်မည်။
ဤသည် သတ်မှတ်ပြီးဖြစ်သောအရာ ဖြစ်သတည်း။' (ကုရ်အာန် ၁၉ : ၂၁-၂၂)
ထိုသို့ဖြင့် သခင်မလေး မာရိ၌ မည်သည့်ယောက်ျား တစ်ဦး
တစ်ယောက်မျှ၏ ထိတွေ့ခြင်းမရှိဘဲလျက် အရှင့်အလိုတော်ဖြင့် ပဋိသန္ဓေ
နေလေ၏။ မာရိသည် ထပ်၍တစ်ဖန် အိပ်မက်၌ ကောင်းကင်တမန်ကို မြင်၏။
အိပ်မက်တွင် ကောင်းကင်တမန်က သားတော်လေး၏ အမည်နာမကို မာရိ၏
သား မဆီဟာ၊ ယေရှု(အီစာ)အဖြစ် တွင်စေမည့်အကြောင်း သတင်းပေးလာ
ခြင်းဖြစ်၏။ ထို့ပြင် 'ထိုသားတော်လေးသည် ဤလောကကမ္ဘာတွင်
လည်းကောင်း၊ တမလွန်တွင်လည်းကောင်း ထာဝရဘုရားရှင်နှင့်
နီးစပ်သူတို့အနက်မှ ဖြစ်လိမ့်မည်' ဟု ပြောကြားလေသည်။

 The Birth of Jesus (သခင်ယေရှု ဖွားမြင်တော်မူခန်း)


သို့ဖြင့် သခင်မလေး မာရိသည် သားတော်ကို မွေးဖွားရန် အချိန်ကာလတို့
နီးသထက်နီးကပ်လာသည်နှင့်အမျှ ပဋိသန္ဓေမှာလည်း တစထက်တစ သိသာလို့
လာ၏။ လူတို့သည် သခင်မအား အမျိုးမျိုးအထွေထွေ လီဆယ်လုပ်ကြံကာ
ယိုးစွပ်ကြလေသည်။ မတတ်သာသည့်အဆုံး လူတို့နှင့်ဝေးရာအရပ်
Bethlehem ဒေသရပ်ဝန်း တောင်တန်း၊ တောင်ကြားများ ပေါများရာ
ဒေသတွင် သားတော်လေး မွေးဖွားရန် ပြောင်းရွေ့သွားလေ၏။ ထိုအရပ်သည်
ပင် သခင်ခရစ်တော် ဖွားသန့်စင်ရာ ဒေသလည်းဖြစ်သည်။ ထိုမြို့လေးသည်
နာဇရတ်မြို့နှင့် မိုင်ပေါင်း ၇ဝ မျှ ဝေးလံပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ
၂ဝဝဝ မျှမြင့်သော တောင်တန်းငယ်များဖြင့် ဝန်းရံကာစီးထားသည့်
ဒေသပင်ဖြစ်သည်။ ရေစီးသည် တောင်ကုန်းလေးများကြားမှ ကွေ့ကာဝိုက်ကာ
ဖြင့် လှပစွာ တသွင်သွင်စီးနေ၏။ အနီးဝန်းကျင်တွင် ထန်းအုန်းပင်များ
အနှံ့ပေါက်ရောက်လျက်ရှိပြီး စွန်ပလွံပင်များဖြင့်လည်း ပြည့်လျက်ရှိလေသည်။
ထိုသို့လှပစိမ်းစိုလျှက်ရှိသော အရပ် ဒေသသည်ပင် သားတော်လေး မွေးဖွားရာ
ဒေသဖြစ်သည်။ စွန်ပလွံသီးများသီးသော၊ ထန်းအုန်းပင်များ ရှင်သန်စိမ်းစို
သော ရာသီမှာ နွေရာသီဖြစ်ပြီး ဒီဇင်ဘာကဲ့သို့ ခိုက်ခိုက်တုန်အောင်အေးသော
ဆောင်းရာသီမဟုတ်ချေ။


ထို့ပြင် သမ္မာကျမ်းစာလာ 'ထိုပြည်မှာ သိုးထိန်းတို့သည် ညဉ့်အခါ
တောအရပ်၌ တည်းခိုလျက် မိမိသိုးစုကို စောင့်နေကြသည်' (ရှင်လုကာ ၂ း ၈)
ဟူသည့် ရှင်လုကာခရစ်ဝင်ကျမ်းချက်အရလည်း ဒီဇင်ဘာလမဟုတ်ကြောင်း
ထင်ရှားလေသည်။ အကြောင်းမူ ပါလက်စတိုင်းနိုင်ငံ၏ ဆောင်းရာသီသည်
အလွန်ချမ်းအေးလှ ပြီး တောအရပ်ကွင်းပြင်တွင် အကွယ်အကာမရှိဘဲ ဟင်းလင်း
ဗလာဖြင့် ညအိပ်ဖို့ရာမဖြစ်နိုင်ဘဲ တောင့်ခဲ၍သေကုန်ကြမည့်အရေးကို
စိုးရိမ်စရာရှိသောကြောင့်ပင် ဖြစ်သည်။

သခင်ယေရှု ဖွားသန့်စင်ရန်အချိန်သို့ရောက်လတ်သော် မယ်တော်မာရိ
သည် စွန်ပလွံပင်အောက်သို့ဝင်လျက် မှီထိုင်ကာ နာကျင်မှုဒဏ်ကို အလူးအလဲ
ခံစားရရှာလေသည်။ ထိုသို့ဖြင့် သူမသည် ကြီးစွာသော အသံဖြင့် ငြီးငြူလေ၏။
'ဤအရာအားလုံးမတိုင်မီ အကျွန်မသည် သေဆုံးသွားလျှင်သော်လည်းကောင်း၊
မေ့မျောသွားလျှင်သော်လည်းကောင်း ကောင်းပေစွ။'
ထိုသည့်အခါ သူမထံ တောင်ကြားဝန်းကျင်မှ ဘုရားသခင့် အသံတော်
သည် ရောက်ရှိလာလေသည်။
'အသင်မ မှီလျက်ရှိသော အပင်ကို လှုပ်ခါပါလေ။ မှည့်ဝင်းနေသော
စွန်ပလွံသီးတို့သည့် အသင်မထံကြွေကျလာလိမ့်မည်။ ထိုအသီးတို့ကိုစား၍
အသင်မအနီးရှိ တသွင်သွင်စီးသောစမ်းမှ ရေကြည်ကိုသောက်သုံးလျက် နားနေ
လော့။' (ကုရ်အာန် ၁၉ : ၂၄-၂၇)
အကယ်၍ ဆောင်းရာသီဖြစ်ပါမူ စမ်းချောင်းမှရေသည် စီးတွေနိုင်မည်
မဟုတ်ဘဲ အေးခဲနေပါလိမ့်မည်။
အချုပ်ဆိုရသော် ယေရှုခရစ်တော် ဖွားသန့်စင်သည့်ကာလမှာ
ဆောင်းရာသီ(ဒီဇင်ဘာ)မဟုတ်ဘဲ စွန်ပလွံပင်များ သီးပွင့်နိုင်သော၊
ထန်းအုန်းပင်များ စိမ်းလန်းရှင်သန်နိုင်သော၊ တောင်ကျစမ်းရေများ
တသွင်သွင်စီးတွေနိုင်သော၊ လယ်ကွင်းပြင်၌ သိုးထိန်းတို့သည် အကွယ်အကာ
မရှိ ခြုံစောင်မလိုဘဲ အိပ်စက်နိုင်သော နွေရာသီ (ဇူလိုင်၊ ဩဂုတ်လများ)၌သာ
ဖွားသန့်စင်နိုင်စရာ ရှိမည်တည်း။

( www.themuslimtimes.org မှ ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြလိုက်
ပါသည်။)

Tuesday, December 10, 2013

ဟာဇရသ်မီရ်ဇာမဆ်ရူးူရ်အဟ်မဒ်ထံမှ ရုရှသမ္မတ ဗလာဒီမီယာ ပျူတင်ထံပေးပို့ခဲ့သည့်စာ မြန်မာပြန်



၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ဥသျှောင် ဟာဇရသ်မီရ်ဇာမဆ်ရူးူရ်အဟ်မဒ်ထံမှ ရုရှသမ္မတ ဗလာဒီမီယာ ပျူတင်ထံပေးပို့ခဲ့သည့်စာ မြန်မာပြန်

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-