ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာ အတွဲ ၂၊ အမှတ် (၀၅၂)၊ ၅-၉-၂၀၁၃ (ကြာသပတေး) နေ့ထုတ်တွင် ဆောင်းပါးရှင် ဦးမြင့်ဝေ (ကြို့ပင်ကောက်)မှ "နင်တို့ဘုရားဟာ ငါတို့ဘုရားရဲ့တပည့်ဆိုသော ကမ္ဘာ့သုံးကဲ့ရဲ့စကား" ခေါင်းစဉ်ဖြင့် ဆောင်းပါးဖော်ပြခဲ့ပါသည်။ ၄င်းဆောင်းပါး တွင် ယေရှုခရစ်၏ အသက် ၁၂ မှ ၃၀ အကြား သမိုင်းကြောင်းဆိုင်ရာအချက်အလက်များအပေါ် အခြေပြု၍ သုံးသပ်ရေးသားထားသော ဆောင်းပါးဖြစ်ပါသည်။ သို့သော် ထိုဆောင်းပါး၌ အဟ်မဒီယာမွတ်စလင်အဖွဲ့ကြီးအား တည်ထောင်သူ အရှင်သူမြတ်အား ""နင်တို့ဘုရားဟာ ငါတို့ဘုရားရဲ့တပည့်" ဆိုသည့် အသိတရားမပြည့်ဝသူတို့ ဘာသာရေးအချင်းများသည့်အခါ ပြောဆိုသုံးစွဲသည့်စကားရပ်နှင့် ဆက်နွယ်ပတ်သတ်နေသယောင် ရေးသားဖော်ပြထားပါသည်။ ယင်းဆောင်းပါးနှင့်ပတ်သတ်၍ မြန်မာနိုင်ငံ အဟ်မဒီယာမွတ်စလင် အဖွဲ့ချုပ်မှ အဟ်မဒီယာမွတ်စလင်အဖွဲ့ကြီးအား တည်ထောင်သူ အရှင်သူမြတ်၏ ကျမ်းစာအုပ်ဖြစ်သော Jesus in India ပါ အချက်အလက်များဖြင့် ပြန်လည် ရှင်းလင်းကာ ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာ ၁၂-၉-၂၀၁၃ နေ့ထုတ်တွင် ဆောင်းပါး ဖော်ပြခဲ့ပါသည်။ ယင်းဆောင်းပါးအပြည့်အစုံကို ဖတ်ရှုနိုင်ပါပြီ။
September 13, 2013
admin