Friday, April 20, 2012

အင်ဒိုနီးရှားနိုင်ငံ ၊ တာဆိက်မာလာယာရှိ အဟ်မဒီယာဟ်မွတ်စလင်များ၏ဗလီတိုက်ခိုက်ခံရ

FPI အကြမ်းဖက်သမားများ


နိုင်ငံအတွင်း၌ နောက်လိုက်အရေအတွက်နည်းသောအုပ်စုများအား တိုက်ခိုက်လျက်ရှိသည်ဆို သည့်အချက်အား သက်သေပြမီးမောင်းထိုးလိုက်ပေပြီ။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းအနောက် ဘက်၊ တာဆိက်မာလာယာ၊ ဘာဘာကန်ဆင်ဒန်ကျေးရွာရှိ အဟ်မဒီယာဟ်မွတ်စလင်မ်များ၏ ဗလီ၀တ်ကျောင်းတော်အား ယနေ့နံနက်ပိုင်း သောကြာ၀တ်ပြုမှုမတိုင်မီ ရာနှင့်ချီသောလူများက တိုက်ခိုက်ခဲ့ကြသည်။

အဟ်မဒီတစ်ဦးဖြစ်သူ အန်ဒါဂျူအန်ဒါ၏အဆိုအရသိရသည်မှာ မနက် ၉ နာရီခန့်တွင် ဗလီပတ် ပတ်လည်၌ ဒါဇင်ပေါင်းများစွာရှိသည့်လူအများစုဝေးနေကြပြီး ၄င်းတို့သည် အဖြူနှင့်အစိမ်း ရောင်များ၀တ်ဆင်ထားကြကာ Islamic Defenders Front (FPI) အလံများကိုလည်း ကိုင်ဆောင်ထားကြသည်။ "ပထမတော့သူတို့တွေ အော်နေကြတာပဲ၊ နောက်မိနစ်နည်းနည်း ကြာတော့ ကျောက်တုံးတွေနဲ့ပစ်ပေါက်ပြီး ဗလီထဲကို ချိုးဖျက်၀င်လာကြတယ်" ဟု အန်ဒါက ယနေ့သောကြာ နေ့တွင် ဂျကာတာပို့စ်သတင်းစာကို ပြောကြားသွားသည်။ 

ဗလီကိုဖျက်ဆီးကြသည့်သူများက ကော်ဇော်များနှင့် ဘုရား၀တ်တက်သည့်အခါအသုံးပြုသော ဖျာများကိုမီးရှို့ဖျက်ဆီးနေသည့်အချိန်၌ အန်ဒန်နှင့် သူငယ်ချင်းဖြစ်သူ ဒီဒီတို့မှာ ဗလီအတွင်းရှိနေ ခဲ့ကြသည်။ အန်ဒန်က ထပ်မံပြောကြားခဲ့သည်မှာ "ကျွန်တော်ချက်ချင်းပဲ ကိုယ်လွတ်ရုံးထွက်ပြေး ခဲ့ရပါတယ်။ ကျွန်တော့်ယုံကြည်ချက်က လုံး၀မှားယွင်းမှုမရှိဘူးဆိုတာ သေချာပါတယ်။"

ဗလီ၏ကော်ဇောများနှင့် အခြားအခင်းများကိုမီးရှို့ရန် တိုက်ခိုက်သူများက ဂက်စ်များဖြည့်တင်းထား သည့်ပုလင်းများကို အသုံးပြုခဲ့ကြောင်း အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ ၊ တာဆိက်မာလာယာ၏ ပြောရေးဆိုခွင့်ရှိသူ ဘူဒီဘက်ရုစ္စလာမ်က ပြောသည်။ လူအများက မီးလောင်ရာနေရာမှ တိမ်း ရှောင်နိုင်ခဲ့ကြပြီး ထိခိုက်မှုနှင့်အသေအပျောက်မရှိကြောင်း သိရသည်။

တာဆိက်မာလာယာ၏ FPI မှ ပြောရေးဆိုခွင့်ရှိသူ အဆပ်ဆိုဖီယန်က တိုက်ခိုက်သူများမှာ FPI အဖွဲ့၀င်များမဟုတ်ကြဘဲ အနီးနားပတ်၀န်းကျင်ရှိ အစ္စလာမ်ဘာသာရေးကျောင်းများမှ ကျောင်း သားများနှင့်အခြား အစ္စလာမ့်အဖွဲ့အစည်းမှ လူများသာမက ဒေသခံများပါ၀င်ကြောင်း ပြောကြား သည်။ ထိုသူက တိုက်ခိုက်သူများသည် FPI မှမဟုတ်ကြောင်း ငြင်းဆိုသော်လည်း ဗလီရှိဖျာများကို မီးရှို့ရန် သူတို့မကြိုးစားခဲ့ကြောင်း၊ သို့သော် ပတ်၀န်းကျင်မှလူအများက သူတို့အားဖျာများနှင့် ကော်ဇောများကို မီးရှို့ဖို့ တိုက်တွန်းခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ "ကျွန်တော်တို့ ချက်ချင်း ပဲ မီးရှို့ခဲ့ကြတယ်။" ဟု အဆပ်က ဆိုသည်။

ဒေသဆိုင်ရာတာ၀န်ခံတွေက ဗလီအားပိတ်ထားသော် လည်း အဟ်မဒီများက ၀တ်ပြုဆုတောင်းခြင်း များဆက်လက်ပြုလုပ်နေ၍ တိုက်ခိုက်သူများကဒေါသ အမျက်ထွက်ရခြင်းဖြစ်ကြောင်း၊ တာ၀န်ခံများ က အနီးနားပတ်၀န်းကျင်မှဝေဖန်တိုင်ကြားချက်များကို လက်ခံရရှိခဲ့ကြောင်း သူကတပါတည်း စွပ်စွဲပြောကြားသွားခဲ့သည်။ 

လွန်ခဲ့သည့်နှစ်လအတွင်း အနောက်ဂျာဗား၌ အဟ်မဒီမွတ်စလင်မ်များအား တိုက်ခိုက်ခြင်းမှာ ယခုတစ်ကြိမ်အပါအ၀င် နှစ်ကြိမ်ရှိသွားပြီဖြစ်သည်။ ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် အနောက် ဂျာဗားရှိ ဆီယန်ဂျူ၊ ဆီဇားရွာတွင်လည်း အလားတူတိုက်ခိုက်မှုမျိုးဖြစ်ပွားခဲ့သည်။

 ဗလီအားဖျက်ဆီးမှုများပြုလုပ်နေစဉ်အတွင်း၌ပင် ယောကျာ်းမိန်းမ ၈၀ ခန့်ရှိသည့် အဟ်မဒီများ က ထိုဖျက်ဆီးခံထားရသည့်ဗလီတွင်ပင် သောကြာ၀တ်ပြုမှုကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။ ဘူဒီက သူ့အနေဖြင့် ရဲများကိုတိုင်တန်းခဲ့သော်လည်း သူတို့၏ရှေ့တွင်ပင် ဗလီအားဖျက်ဆီး နေသော်လည်း သူတို့ကိုယ်တိုင်ထိုသို့ပြုလုပ်ဖို့အခွင့်ပေးခဲ့ကြောင်း ပြောသည်။ 

"ဒီဗလီက သမိုင်း၀င် ပါ။ ၁၉၂၀က တည်ဆောက်ထားတာပါ။ Serang Archeological Preservation Agency က အသိအမှတ်ပြုထားတဲ့ သမိုင်း၀င်အဆောက်အဦလည်းဖြစ်ပါတယ်။" ဟု ဘူဒီကရှင်းပြခဲ့သည်။ 

တာဆိက်မာလာယာမှ ရဲမှူးဖြစ်သည့် Adj. Comr. Gupuh Setiyono ကမူ ရဲများက ထိုသို့ပြုလုပ် ခွင့်ပေးခဲ့သည်ဆိုခြင်းအား ငြင်းဆိုသွားခဲ့သည်။ သူက ရဲများအနေဖြင့် အဟ်မဒီများကိုမလိုလား သည့်ဒေသခံများအား တိုက်ခိုက်မှုမဖြစ်ပွားမီတစ်ရက်အလိုက ဖျောင်းဖျပြောဆိုဖို့ကြိုးစားခဲ့ ကြောင်း ပြောကြားခဲ့သည်။ သူက အဟ်မဒီမွတ်စလင်မ်များကို လက်ညှိုးညွှန်လျက် ထိုသူများက တိုက်ခိုက်မှုဖြစ်ပွားရန် အစပျိုးသူများဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

Gupuh က "ကနဦးကတော့ လူအုပ်စုကြီးက အဟ်မဒီတွေကို သူတို့မလိုလားကြောင်း ကြေညာစာတမ်းတွေကပ်ဖို့ လာကြတာပါ" ဟု ပြောခဲ့သည်။ "'ဒါပေမယ့် အဟ်မဒီတွေရဲ့ အပြောအဆိုကြောင့် လူအုပ်စုကြီးက စတင်တိုက်ခိုက်ရတာပါ" ဟု ဖြည့်စွက်ခဲ့သည်။ ရဲများက လုပ်ရိုးလုပ်စဉ်အတိုင်း အခင်းဖြစ်ပွားမှုကို စုံစမ်းမည်ဖြစ်ကြောင်းလည်း တပါတည်းပြောကြား ခဲ့သည်။ သူ့အနေဖြင့် Cult Surveillance Coordinating Agency (Bakorpakem) နှင့် Indonesian Ulema Council (အိုလမာ) တို့ကို ဆင့်ခေါ်၍ အစည်းအဝေးတစ်ခုပြုလုပ်ကာ နောက်ဆက်တွဲပြဿနာများ မဖြစ်ပွားအောင် နည်းလမ်းရှာဖွေသွားမည်ဖြစ်ကြောင်းလည်း ပြောကြား ခဲ့သည်။

အင်ဒိုနီးရှား : ဆင်ဂါပါးနရှိ အဟ်မဒီဗလီဝတ်ပြုကျောင်းဆောင်အား အက်ဖ်ပီအိုင် အစ္စလာမ်မစ်အစွန်းရောက်များ တိုက်ခိုက်

ဖျက်ဆီးခံထားရသည့် ဗလီဝတ်ကျောင်းဆောင်

တာဆိခ်မာလာယာ: ဒါဇင်ပေါင်းများစွာရှိသည့်လူအုပ်ကြီးသည် ဆင်ဂါပါးန၊ တာဆိခ်မာလာယာ ဆိုသောဂျာဗားကျွန်းအနောက်ဘက်ရှိအဟ်မဒီမွတ်စလင်မ်ဗလီကျောင်းဆောင်၊ ဘိုင်တွရ် ရာဟ်မားန် နှင့်ဗလီအတွင်းမှအဟ်မဒီမွတ်စလင်မ်အဖွဲ့ဝင်များကို တိုက်ခိုက်ဖျက်ဆီးရန် ကျောက်တုန်းများ၊ ဒုတ်များကိုကိုင်ဆောင်ပြီး ဝန်းရံထားကြသည်။

ဒေသခံသတင်းများအရ အက်ဖ်ပီအိုင်ခေါ် အစ္စလာမ်မစ်အစွန်းရောက်လူအုပ်စုကြီးက ယနေ့ ၂၀၁၂ ၊ ဧပြီလ၊ ၂၀ ရက်နေ့၊ မနက်ပိုင်းက အဟ်မဒီယာမွတ်စလင်မ်ဗလီခြံဝန်းကို ကျော်တက်ဝင်ရောက်ခဲ့ သည်။ ဗလီအတွင်းရှိနေတဲ့သူများကို ကရုမစိုက်ဘဲ ဗလီအဆောက်အအုံ့နှင့် ပစ္စည်းများကိုစတင် ဖျက်ဆီးခဲ့ကြသဖြင့် ပြတင်းပေါက်များမှ အခိုးအငွေ့များကိုပင် မြင်တွေ့နေရသိရသည်။ ၁၅ မိနစ် အတွင်း၌ပင် ဗလီအဆောက်အအုံက အလွန်ဆိုးရွားစွာပျက်ဆီးသွားခဲ့သည်။

ဒေါသူပုန်ထနေကြသည့်လူအုပ်ကြီးက ဗလီထဲတွင်အဟ်မဒီများ၏ ယုံကြည်မှုကိုအခြေခံသော အစီ အစဉ်များ၊ ဆွေးနွေးပွဲများလုပ်ဆောင်နေသေးကြောင်းယုံကြည်နေကြသည်။ အရင်ကလည်း ရန်လို နေကြသည့်သူများက အဟ်မဒီများကိုဝတ်ပြုဆုတောင်းခြင်းနှင့် ကျမ်းမြတ်ကုရ်အာန်ရွတ်ဖတ်ခြင်း များမှတားမြစ်ဖို့ ကြိုးစားခဲ့ကြဖူးသည်။

ဗလီအဆောက်အအုံထဲတွင်ရှိနေသော အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ဝင် ဘူဒီဘတ်ဒ်ရုစ် ဆလာမ်၏ အဆိုအရ အကြမ်းဖက်သမားများက ဗလီကိုတိုက်ခိုက်နေစဉ်တွင် အဟ်မဒီများမှာသောကြာ ဂျွမ္မအာဟ်ဝတ်ပြုရန် အသင့်ဖြစ်နေချိန်ဖြစ်ကြောင်း သိရသည်။ အီမာမ်နှင့်ဗလီဂေါပကလည်းဖြစ်သူ ဆလာမ်က မိမိတို့အနေဖြင့် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရကြောင်းဆိုသည်။

၎င်းအကြမ်းဖက်သမားများက မိမိတို့ဒေါသအလျောက်လွန်ကျူးပြီးသွားသည့်အခါ အခြားနေရာများ တွင်လည်း ထိုသို့ပြုလုပ်ကြရန်တိုက်တွတ်းနှိုးဆော်မှုများရှိနေကြောင်း သိရသည်။

မန်ချက်စတာ၊ မော့စ်ဆိုဒ် : စတာလင်ပေါင် ၁ မီလီယံတန် ဗလီဝတ်ကျောင်းတော်ကြီးမှ ဝတ်ပြုသူပေါင်းတစ်ထောင်အတွက်



နယ်ပယ်အတွင်းက မွတ်စလင်မ်တွေအကျိုးကို ရည်စူးပြီးတည်ဆောင်ခဲ့တဲ့ ဗလီကျောင်းဆောင်ကြီး ကိုတော့ လာမယ့်ရက်သတ္တပတ်များအတွင်းမှာ ဖွင့်လှစ်နိုင်တော့မှာပါ။ ပရောဂျက်ကတော့ ၃ နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

စတာလင်ပေါင် ၁ မီလီယံကုန်ကျခဲ့တဲ့ ဒါရွလ်အာမာန် ဗလီကျောင်းဆောင်ကြီးကတော့ မန်ချက်စတာ မြို့ရဲ့ ၊ မော့စ်ဆိုဒ်မှာတည်ရှိပြီး ဝတ်ပြုသူပေါင်းတစ်ထောင် ဝင်ဆံ့ပါတယ်။ ဗလီကျောင်းဆောင် ကြီးကိုတော့ အစ္စလာမ်သာသနာကို မူရင်းအစစ်အမှန်အတိုင်းပြန်လည်ပေါ်ထွန်းစေဖို့ရည်သန်ပြီး အခြေတည်ခဲ့တဲ့ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့က တည်ဆောက်ခဲ့တာဖြစ်ပြီး ဥရောပအနောက်ပိုင်း မှာတော့ အဟ်မဒီဗလီဝတ်ကျောင်းတွေအနက် ဒုတိယမြောက်အကြီးဆုံးလည်းဖြစ်ပါတယ်။

မီနာရာနဲ့ ဗလီဝတ်ကျောင်းသဏ္ဌာန်အမိုးတို့ပါဝင်တဲ့ အဲဒီဝတ်ပြုကျောင်းဆောင်ကြီးကိုတော့ ဝတ်ပြု ကိုးကွယ်သူများရဲ့ အလှူဒါနများနဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကစတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ဂရင်းဟေးစ်လမ်းသွယ်ပေါ်က လက်ရှိအဆောက်အဦကိုတော့ ပြန်လည်မွမ်းမံပြီး ဗလီကြီးရဲ့ဒီဇိုင်း အသစ်ထဲမှာ ထည့်သွင်းပြီး အဆောက်အဦတစ်ခုတည်းအဖြစ်ဆောက်လုပ်ထားပါတယ်။ လူဦးရေ တစ်ထောင်နီးပါးရှိတဲ့ မန်ချက်စတာမြို့က အဟ်မဒီမွတ်စလင်မ်များကတော့ ဗလီကြီးပေါ်အခြေ တည်ပြီး အစ္စလာမ်နဲ့အခြားဘာသာများအကြား ငြိမ်းချမ်းရေးနှင့် အပြန်အလှန်နားလည်မှုရှိရေးတို့ကို စထက်တပိုးလှုံဆော်ဆောင်ရွက်ဖို့ မျှော်မှန်းထားကြပါတယ်။

အဟ်မဒီမွတ်စလင်မ်များရဲ့ဆောင်ပုဒ်အတိုင်း "အားလုံးအပေါ်မေတ္တာထား၊ မည်သူ့ကိုမှအမုန်းမပွား" ဆိုတဲ့အတိုင်း လုပ်ကိုင်ဆောင်ရွက်နေကြတာနဲ့အမျှ ဗလီကြီးကိုလည်း ငြိမ်းချမ်းခြင်း၏ နားခိုရာ အဖြစ် အဓိပ္ပါယ်ဖော်ဆောင်ကြရပါမယ်။ ဗလီကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအီမ်ရားန်ခန်းက တော့ အောက်ပါတိုင်းပြောကြားပါတယ်။

" ဒီဗလီကြီးကို​တော့ ပတ်ဝန်းကျင်မှာနေထိုင်တဲ့ အဟ်မဒီများရဲ့လုပ်အားနဲ့ပဲဆောက်လုပ်နေတာပါ။ လွန်ခဲ့တဲ့ ၃ နှစ်ကစတင်ခဲ့တာဖြစ်ပြီး ဂုဏ်ယူစရာပါပဲ - အခုတော့တရားဝင်ဖွင့်လှစ်နိုင်တော့မှာပါ။ ကျွန်တော်တို့အားလုံးက ဗလီကြီးကိုငြိမ်းချမ်းခြင်းပြယုဂ်ဖြစ်စေလိုပါတယ်။ အဖွဲ့ကြီးရဲ့ရည်ရွယ်ချက် ကတော့ အစ္စလာမ်နဲ့ဘာသာခြားများအကြား ကူညီရိုင်းပင်းရေးကို တိုးတက်ဖော်ထုတ်လုပ်ဆောင် ဖို့နဲ့ မိမိနေထိုင်ရာတိုင်းပြည်အပေါ် သစ္စာရှိဖို့ပါပဲ။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးကိုတိုးတက် ဖော်ဆောင်နိုင်ဖို့ အခြားအဖွဲ့အစည်းတွေနဲ့လည်း ပူပေါင်းလုပ်ဆောင်သွားမှာပါ။ ဗလီကြီးက မန်ချက်စတာအဝန်းအဝိုင်းကြီးတစ်ခုလုံးအတွက်ဖြစ်စေဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ "

ဗလီကြီးကို သာသနာရေးရာကိစ္စများ၊ လူငယ်ရေးရာများ၊ လူမှုရေးရာများအတွက်သာမက ဘာသာ ပေါင်းစုံနှီးနှောဖလှယ်ပွဲတွေ ကွန်ဖရင့်တွေကျင်းပဖို့အတွက်လည်းသုံးစွဲသွားမှာပါ။ အာရှအသင်း အဖွဲ့များကို သွေးလှူဒါန်းခြင်းတွေမှာ ပိုပြီးတော့ပါဝင်လာစေဖို့အတွက် လှုံဆော်နိုင်ဖို့ ပုံမှန်သွေး လှူဒါန်းရာနေရာတစ်ခုအနေနဲ့လည်း အသုံးပြုသွားမှာဖြစ်ပါတယ်။

လူသားဖန်ဆင်းရာတွင် ရွှံစေးမြေ၏အခန်းကဏ္ဍ


လူသားဖန်ဆင်းရာတွင်ရွှံစေးမြေ၏အခန်းကဏ္ဍကိုကျမ်းမြတ်ကုရ်အာန်အရဆွေးနွေးပေးထားသည့် ဆောင်းပါးဖြစ်ပါသည်။

ဆင့်ကဲဖြစ်စဉ်

ဘာသာတရားတွေအပေါ်နောက်ထပ်ထိုးနှက်တိုက်ခိုက်မှုတစ်ခုကတော့ ဆင့်ကဲဖြစ်စဉ်ပဲဖြစ်ပါတယ်။ ဒီစဉ်းစားရကြပ်လှတဲ့ ရှုပ်ထွေးမှုကို ဖြေရှင်းပြီးသွားပြီလို့ သိပ္ပံပညာရှင်တွေက ပြောကြပါလိမ့်မယ်။ ဒါ့အပြင် ဒါဝင်ရဲ့ သီအိုရီကိုထောက်ခံပြီးတော့ လူသားတွေဟာ မျောက်ဝံလိုအကောင်မျိုးကနေ ဆင့် ကဲဖြစ်ထွန်းလာတယ်လို့လည်းပြောကြပါဦးမယ်။ ဒါပေမယ့် နှစ်ပေါင်းတစ်ရာကျော်သွားခဲ့ပါပြီ ဒါဝင် ရဲ့သီအိုရီကို မည်သူမျှသက်သေပြနိုင်ခြင်းမရှိခဲ့ပါဘူး။ကိုရ်အာန်ကျမ်းစာက လူသားဟာများစွာသော အဆင့်တွေကို တစ်ဆင့်ပြီးတစ်ဆင့်တက်ရင်း ဆင့်ကဲဖြစ်ထွန်းလာတယ်ဆိုတဲ့ အမြင်ကိုတော့ လက်ခံ ပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ဟာ မျောက်ဝံလိုအကောင်မျိုးကနေ ဖြတ်သန်းပြောင်းလဲလာတယ် ဆိုတဲ့အမြင်မျိုးကိုတော့ လုံးဝလက်မခံပါဘူး။

ကျမ်းမြတ်ကိုရ်အာန်ကထောက်ခံတင်ပြတဲ့အမြင်ကတော့ လူသားဟာ သီးခြားမျိုးစိတ်အဖြစ်နဲ့ တစ်ခု သော ဆဲလ်အဆင့်ကနေပေါက်ဖွားလာခြင်းပဲဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ  ကိုရ်အာန် ကျမ်းတော်က ကျွန်ုပ်တို့ကိုအသိပေးတာက တမန်တော်အာဒမ်ဟာပထမဆုံးလူသားမဟုတ်ဘဲပထမဆုံးသော တမန်တော်သာဖြစ်တယ်လို့အသိပေးထားပါတယ်။(ကိုရ်အာန်ကျမ်းစာ အခန်းကြီး ၂ အခန်းငယ် ၃၁ မှာဖတ်ရှုနိုင်ပါတယ်။)

မတော်တဆလား ကြိုတင်စီမံထားမှုလား

လူသားရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ မျိုးဗီဇဆိုင်ရာပြောင်းလဲဖြစ်ပေါ်ခြင်း (mutation) ကြောင့်ဖြစ်တယ်လို့ တစ်ချို့သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။ ဂျေမိုနော့ဒ် ပြောသလိုဆိုရင်တော့ …

“ ဆင့်ကဲဖြစ်စဉ်ရဲ့ မူလအစဟာ D.N.A ပုံစံထဲမှာဖြစ်ပွားခဲ့တဲ့ အခန့်မသင့်မတော်တဆ ဖြစ်မှုပဲဖြစ်ပါတယ်။”  အဲ့ဒါကိုပဲ Mutation မျိုးဗီဇဆိုင်ရာပြောင်းလဲခြင်းလို့ သိကြတာပါပဲ။

ဒီသီအိုရီကိုပဲ များစွာသော သိပ္ပံပညာရှင်တွေက ငြင်းပယ်ကြပြန်တယ်။ သူတို့ထဲကတစ်ဦးဖြစ်တဲ့ ရုပ်ဝါဒီ ရှရှားဇီဝဗေဒပညာရှင်ဖြစ်သူ  အော်ပရင်း (Oparine)  ဆိုသူက သက်ရှိဖြစ်ထွန်းခြင်းမှာ အမှတ်တမဲ့ကံအားလျှော်စွာ ဖြစ်တယ်ဆိုတဲ့ သီအိုရီကို ပွင့်လင်းစွာပဲ  ငြင်းပယ်ပါတယ်။ သူပြောတာက …

“ဆင့်ကဲဖြစ်စဉ်တစ်ရပ်လုံးသည် ခိုင်မာညီညွတ်သေချာမှုရှိယုံတင်မကဘဲ အဆုံးမရှိထိန်းသိမ်း ထားခြင်းနှင့် ထပ်ဆင့်ပြန့်ပွားခြင်းများကို ပြင်ပအခြေအနေတစ်ရပ်က ပြဌာန်းနေခြင်းဖြစ်ပေသည်။ ဤကဲ့သို့ အဆင့်မြင့်မားစွာဖြစ်ပေါ်နေသော ဖြစ်စဉ်တစ်ရပ်လုံးသည် သူ့အလိုအလျှောက် တိုက်ဆိုင်မှုကြောင့်ဖြစ်လာရသည် မဟုတ်ပါပေ။ ”

ဒီသီအိုရီ (မတော်တဆဖြစ်ခြင်း) ရဲ့  ယုတ္တိမတန်ပုံကို အော်ပရင်းကပဲ သာမန်လူနားလည်နိုင်အောင် သင့်တော်တဲ့ နှိုင်းယှဉ်ချက် ဥပမာလေးနဲ့ ခုလိုရှင်းပြပါသေးတယ်။

“အက္ခရာ နှစ်ဆယ့်ခြောက်လုံးပါတဲ့ စာပုံနှိပ်ဘလောက်တုံးလေးတွေကို ရှုပ်ထွေးရောမွှေပြီး ကျွန်ုပ်တို့သိနားလည်တဲ့ ကဗျာတစ်ပုဒ်အဖြစ် ကံကောင်းထောက်မပြီး ပုံနှိပ်ထွက်လာအောင် မျှော် လင့်သလိုဖြစ်နေပါတယ်။ တကယ်တော့ အသိဉာဏ်ရှိပြီး သေချာစီစဉ်ထားတဲ့အက္ခရာစကားလုံးတွေ ကသာ ကဗျာတစ်ပုဒ်ကို သီကုံးနိုင်လိမ့်မယ်ဆိုတာ ရှင်းလင်းပါတယ်။ ”

 လူ့ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားတဲ့ ဓာတုဗေဒဆိုင်ရာအရာဝတ္ထုတွေဟာ မြေကြီးထဲမှာ အနည်းနဲ့ အများဆိုသလိုရှိနေကြတာကို ကျွန်ုပ်တို့သိပါတယ်။ ကျမ်းမြတ်ကိုရ်အာန်မှာ လူသားဖြတ်သန်းခဲ့ရတဲ့ များစွာသော အဆင့်တွေကို ဖော်ပြထားပါတယ်။ ဥပမာတစ်ချို့ကတော့ …

“အရှင်မြတ်သည် အသင်တို့အား အမျိုးမျိုးသောပုံသဏ္ဍန်နှင့် အခြေအနေအမျိုးမျိုးတို့ဖြင့် ဖန်ဆင်းခဲ့ သည်။” (ကိုရ်အာန်ကျမ်းစာ - အခန်းကြီး ၇၁ အခန်းငယ် ၁၅ )

ထာဝရဘုရားရှင်မြတ်သည်ကား မိမိတစ်ပါးတည်းဖြင့် ပြည့်၀စုံတော်မှု၏။ အန္တကရုဏာတော်ရှင် လည်းဖြစ်တော်မူ၏။ အရှင်မြတ်အလိုတော်ရှိပါလျှင် အသင်တို့အားရုတ်သိမ်းတော်မူ၍ အသင် တို့အား အခြားမျိုးနွယ်များမှ ပေါက်ဖွားရှင်သန်စေခဲ့သကဲ့သို့ အခြားမျိုးနွယ်များမှသား သမီးအဆက် အနွယ်များကိုလည်းပေါက်ဖွားရှင်သန်စေပြီးအောင်မြင်မှုပေးသနားတော်မူနိုင်ပေသည်။ (ကိုရ်အာန် ကျမ်းစာ - အခန်းကြီး ၆ အခန်းငယ် ၁၃၄ )

“ငါထာဝရဘုရားရှင်သည် အသင်တို့အား ဖန်ဆင်းတော်မူ၍ အသင်တို့အား ခွန်အားပေး၍ခိုင်မာ စေခဲ့ပေသည်။ အရှင်မြတ်အလိုတော်ရှိပါလျှင် အသင်တို့ကဲ့သို့ အခြားသူများဖြင့်အသင်တို့ကို အစားထိုးနိုင်တော်မူ၏။” (ကိုရ်အာန်ကျမ်းစာ - အခန်းကြီး ၇၆ အခန်းငယ် ၂၉ )

ကိုရ်အာန်ကျမ်းစာက လူသားဟာ အခုလိုအဆင့်တွေကိုဖြတ်သန်းခဲ့ရတယ်ဆိုတာကိုလက်ခံပါတယ်။ ဒါပေမယ့် ကံအားလျှော်စွာ မတော်တဆဖြစ်ပျက်မှုဆိုတဲ့အစား ကြိုတင်ရည်ရွယ်ထားတဲ့ ဆင့်ကဲ ပြောင်းလဲမှုအဖြစ် ဖော်ပြပါတယ်။ ဥပမာတစ်ခုအနေနဲ့ ထာဝရဘုရားရှင် ကိုရ်အာန်ကျမ်းစာထဲမှာ ဖော်ပြထားတာက လူသားဟာ သူ့ရဲ့ဖွံဖြိုးတိုးတက်မှုအတွက် အဆင့်တစ်ခုကိုဖြတ်သန်းရပါတယ်။ အဲ့ဒါကတော့ အသံမြည်တဲ့ ရွှံ့ပုတ်ခြောက်အဆင့်ဖြစ်ပြီး D.N.A ဖြတ်သန်းရတဲ့ အဆင့်ကလည်း အဲ့ဒီတိကျတဲ့အဆင့်ပဲဖြစ်နေပါတယ်။ D.N.A ဟာ စိုစွတ်မှုကို နေရောင်အောက်မှာ ခြောက်သွေ့ စေရပြီး အဲ့ဒီအဆင့်မှာပဲ စိုစွတ်တဲ့ ရေဘက်ကိုပြန်လည်ရောက်ရှိစေရပါမယ်။ စက္ကန့်ပိုင်း လေး လျော့နည်းသွားတာ ဒါမှမဟုတ် ပိုသွားပြီးကုန်းပေါ်မှာရှိနေမယ်ဆိုရင်တော့ ဒီဖြစ်စဉ် က ဘယ်တော့မှရပ်တန့်တော့မှာ မဟုတ်ပါဘူး။

လူသားမျိုးစိတ်ဖွံ့ဖြိုးတိုးတက်မှုရဲ့များစွာသောအဆင့်တွေကို ကျောက်ဖြစ်ရုပ်ကြွင်းတွေက သက်သေ အဖြစ်ဖော်ပြပါတယ်။ အစောဆုံးရှာဖွေတူးဖော်ရရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို လူစီလို့သိကြပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃.၅ သန်းခန့်ကတည်းက ဖြစ်နိုင်ပါတယ်။

 ရှေးအကျဆုံး လူတူမျိုးနွယ် (Hominids) တွေကို အော်စထရပ်လို ပီးသီးကပ်စ် (Australopithecus) လို့ခေါ်ပါတယ်။ ပီသီကန်သရိုပိုင်းစ် (Pithecanthropines) ဒါမှမဟုတ် အာခန်သရိုပီးရန်းစ် (Archanthropians) တွေကတော့ ဒုတိယလူတူမျိုးနွယ်လှိုင်းပဲဖြစ်ပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ သိန်းခန့်က ကမ္ဘာမှာနေထိုင်ခဲ့ကြတာဖြစ်ပြီး အကြမ်းဖျင်း နှစ်ပေါင်း ၃ သိန်းခွဲခန့်လောက်တည်ရှိခဲ့ကြပါတယ်။

နီယန်ဒါသယ်လ် (Neanderthals) သို့မဟုတ် ပဲလီယန်သရိုးပီးယန်း (Paleanthropians) တွေကတော့ တတိယလူတူမျိုးနွယ်လှိုင်းဖြစ်ပြီး သူတို့ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ သိန်းခန့်က ကမ္ဘာမှာနေထိုင်ခဲ့ကြတာဖြစ်ပြီး အကြမ်းဖျင်း နှစ်ပေါင်း ၆ သောင်းခန့်လောက်တည်ရှိခဲ့ကြပါတယ်။

နောက်ဆုံးလူတူမျိုးနွယ်ကတော့ မျက်မှောက်ခေတ်လူသားရဲ့မျိုးနွယ် ဟိုမိုဆပီးယန်း (Homosapien) ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ သောင်း ၅ ထောင်ခန့် ဒါမှမဟုတ် ၄ သောင်းခန့်ကတည်းက တည်ရှိခဲ့ကြပါတယ်။       ကိုရ်အာန်ကျမ်းစာမှာ အလ္လာဟ်အရှင်မြတ်က လူသားမျိုးနွယ်တစ်ခုကို အခြားမျိုးနွယ်တစ်ခုနဲ့ ဘယ်လိုအစားထိုးခဲ့တယ်ဆိုတာ ဖော်ပြထားပါတယ်။ အဲ့ဒါနဲ့ဆက်စပ်တဲ့ မုက္ခပတ်တော်အချို့ကတော့ ….

“ငါအရှင်မြတ်သည် အသင်တို့အား ရွံ့စေးမှဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင်အသင်တို့အတွက် သတ်မှတ် ထားသော အချိန်ကာလတစ်ခုရှိပေ၏။ ထို့အပြင် အရှင်မြတ်နှင့်တွေ့ဆုံရန် သတ်မှတ်ထား သော နောက်ထပ် အချိန်ကာလတစ်ခုလည်း ရှိပေ၏။ သို့ပါလျှက် အသင်တို့ သံသယဝင်ကြ ၏။”          (ကိုရ်အာန်ကျမ်းစာ အခန်းကြီး  ၆  အခန်းငယ်  ၃)

ထိုမှတပါး စင်စင်ဧကန် ငါအရှင်မြတ်သည် လူသားကို ပုံသွင်းပြီးဖြစ်သော အသံမြည်သည့် ရွှံ့ပုတ်ခြောက်ဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။        (ကိုရ်အာန်ကျမ်းစာ အခန်းကြီး ၁၅ အခန်းငယ် ၂၇)


အဟ်မဒီမွတ်စလင်မ်တွေဘာကြောင့် ဟာဂ်ျဝတ်မပြုကြတာလဲ ?


အဟ်မဒီမွတ်စလင်မ်တွေ ဘာကြောင့်ဟာဂ်ျဝတ်မပြုကြတာလဲ? သို့ပေမယ့် သူတို့က ကာဒီယံ (အဟ် မဒီယာမွတ်စလင်မ်အဖွဲ့အား စတင်တည်ထောင်ခဲ့သူ ဟာဇရသ်မီရ်ဇာဂူလာမ်အဟ်မဒ်မွေးဖွားရာ ပန်ဂျပ်ပြည်နယ်၊ အိန္ဒိယနိုင်ငံရှိ မြို့၏အမည်) ကိုတော့ အမြတ်တနိုးထား သွားရောက် တတ်ကြ ပါတယ် ? စသဖြင့် ပြောဆိုကြခြင်းကတော့ အဟ်မဒီမွတ်စလင်မ်များအပေါ် အဟ်မဒီ မဟုတ်သူများ ရဲ့ ပြစ်တင်စောဒကဝင်မှုပဲဖြစ်ပါတယ်။ ဒါအပြင်အဟ်မဒီမဟုတ်သူများက အဟ်မဒီ များကိုရည်ညွှန်း ပြီး သူတို့တွေက အစ္စလာမ့်တမန်တော်ကြီး (သခင့်အပေါ်ငြိမ်းချမ်းခြင်းသန္တိသုခ အပေါင်း ခညောင်း ပါစေ။) မွေးဖွားရာနေရာဒေသထက် သူတို့ရဲ့ကိုယ်ပိုင်နေရာဒေသတစ်ခုကိုပိုပြီး ချစ်မြတ်နိုးတန်ဖိုး ထားကြတယ်၊ ဒါကြောင့်သူတို့တွေဟာ မွတ်စလင်မ်မဟုတ်ဘူး စသဖြင့်ပြောဆို တတ်ကြပါတယ်။

ဤသည် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်များပဲဖြစ်ပါတယ်။ မွတ်စလင်မ်တွေကိုယ်တိုင်က အဟ်မဒီ မွတ်စလင်မ်များကို ဟာဂ်ျမပြုနိုင်အောင်တားမြစ်ထားမှတော့ အဟ်မဒီတွေက ဘယ်လိုလုပ်ဟာဂ်ျပြု လုပ်နိုင်ပါ့မလဲ။ မိမိရဲ့ဘ၀တစ်သက်တာမှာ ကျန်းမာရေးအခြေအနေကောင်းမယ်၊ ကိုယ်တိုင်ကလည်း တတ်နိုင်ခဲ့မယ်ဆိုရင် တစ်ကြိမ်ဟာဂ်ျပြုဖို့ရာ မွတ်စလင်မ်တိုင်းမှာ တာဝန်ရှိပါတယ်။ အဟ်မဒီတွေ ကိုတော့ ဆော်ဒီအစိုးရက ဟာဂ်ျဝတ်မပြုနိုင်အောင်တားမြစ်ထားပါတယ်။ ပါကစ္စတန်မှာတော့ ဟာဂ်ျ ဝတ်ပြုချင်တယ်၊ အွမ္မရာဝတ်ပြုချင်တယ်ဆိုရင် စာရွက်စာတမ်းနဲ့လက်မှတ်ရေးထိုးကတိခံဝန်ရပါ တယ်။ အဲဒီခံဝန်ချက်မှာ ဟာဇရသ်မီရ်ဇာဂူလာမ်အဟ်မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ)ကို တမန် တော်အတုအယောင်ဖြစ်ကြောင်း ခံဝန်ကြေညာရမယ်လို့ဖော်ပြထားပါတယ်။ ဘယ်အဟ်မဒီ မွတ်စ လင်မ်မှ အဲဒီလိုခံဝန်ချက်မျိုးမှာ လက်မှတ်မထိုးနိုင်ပါဘူး။ အစ္စလာမ်မှာ ဟာဂ်ျဆိုတာ အလ္လာဟ်အရှင် မြတ်သက်သက်အတွက် ပြုလုပ်ရတဲ့ လုပ်ငန်ုးဆောင်တာဖြစ်တာကြောင့် ဟာဂ်ျပြခြင်းဖြင့် အလ္လာဟ် အရှင်နဲ့နီးစပ်ခြင်းဆိုတဲ့ကောင်းချီးမင်္ဂလာကို ရရှိပါတယ်။ ဟာဂ်ျဝတ်ပြုရင်တော့ လောကီရေးရာ ကိစ္စတွေအားလုံးကို ဘေးဖယ်ထားရပါမယ်။ ရုပ်စွအဆုံး မိမိကိုယ်တိုင်ဝတ်ဆင်ထားတဲ့ အဝတ်တွေ ကိုတောင် ချန်ထားခဲ့ရပါမယ်။ အဲဟ်ရမ်လို့ခေါ်တဲ့ အပ်ချုပ်ထားခြင်းမရှိတဲ့ ပိတ်ဖျင်စနှစ်လွှာ ကိုခန္ဓာကိုယ်မှာပတ်ပြီး ဖက်ရှင်ကျတဲ့ ဝတ်စားဆင်ယင်မှုကို စွန့်လွှတ်ရပါတယ်။ ဒီလိုအားဖြင့် ရည်ရွယ်ရင်းပန်းတိုင်တူကြတဲ့ မွတ်စလင်မ်တွေအားလုံးဟာ တတန်းတစားတည်းဆိုတာကို ဖော်ပြရာ လည်းရောက်ပါတယ်။ ဒါဆိုဘာကြောင့် ဟာဂ်ျဝတ်ပြုခြင်းမဏ္ဍိုင်ထဲကို နိုင်ငံရေးတွေ ရောထွေးစေ လိုက်ရတာလဲ။ ဘယ်သူကတော့ဖြင့် ဟာဂ်ျပြုနိုင်တယ် ဘယ်သူကတော့ဖြင့်ပြုခွင့်မရှိပါလို့ မည်သူ တစ်ဦးတစ်ယောက်ကမှ ဆုံးဖြတ်ခွင့်မရှိပါ။ အဟ်မဒီမဟုတ်သူတွေကတော့ ဟာဂ်ျဆိုတာမွတ်စလင်မ် တွေအတွက်ပဲဖြစ်တယ်လို့ ပြောကြမှာ မလွဲမသွေပါပဲ။ ဒါပေမယ့် အဟ်မဒီမွတ်စလင်မ်တွေကတော့ လားအိလားဟအိလ္လာလ္လားဟို့ မုဟမ္မဒ်ဒွရ် ရစူလွလ္လာဟ်ဆိုတဲ့ ကလီမာရှဟာဒါကို ရွတ်ဖတ်တဲ့အတွက် ဘယ်သူတွေက အဟ်မဒီမွတ်စလင်မ်တွေကို မွတ်စလင်မ်မဟုတ်ဘူးလို့ ပြောဆိုခွင့်ရှိပါသလဲ။ ဆော်ဒီအစိုးရဖြစ်စေ၊ ပါကစ္စတန်အစိုးရဖြစ်စေ မွတ်စလင်မ်ဟုတ်မဟုတ်ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ ဒါကြောင့် အဟ်မဒီမွတ်စလင်မ်တွေကို ဟာဂ်ျပြခြင်းကနေ တားမြစ်ပိုင်ခွင့် မည်သူ့ဆီမှာမှ ရှိမနေပါဘူး။ အဟ်မဒီမွတ်စလင်မ်တွေကို ဟာဂ်ျမပြုနိုင်အောင်တားမြစ်ထားပြီးကာမှ သူတို့တွေက ဟာဂ်ျဝတ်မပြုကြဘူး၊ ဒါကြောင့်မွတ်စလင်မ်မဟုတ်ဘူးလို့သမုတ်ကြပါတော့တယ်။ အလ္လာဟ်အရှင် ထိုသူတို့အား အသိတရားရစေတော်မူပါ။

အချက်အလက်တွေအရတော့ အဟ်မဒီမွတ်စလင်မ်တွေလည်း ဟာဂ်ျဝတ်ပြုဖို့ မက္ကာရွှေမြို့တော် ကြီးဆီသွားရောက်နေကြဆဲဖြစ်ပါတယ်။ ဒါပေမယ့် ပါကစ္စတန်ကနေတော့ မဟုတ်ပါဘူး။ ကံကောင်း ထောက်မစွာပါပဲ၊ အမြင်ကျဉ်းမြောင်းခြင်းမရှိတဲ့ နိုင်ငံတွေမှာတော့ ဘယ်လိုကတိကဝတ်မှပြုစရာ မလိုဘဲ ဟာဂ်ျပြုလုပ်ဖို့သွားရောက်နိုင်တာကြောင့် အဲဒီလိုနိုင်ငံတွေက အဟ်မဒီတွေဟာ ဟာဂ်ျပြုဖို့ ရာ သွားရောက်နေကြပါတယ်။ အဟ်မဒီမွတ်စလင်မ်တွေဟာဂ်ျနဲ့ အွမ္မရာဟ်ဝတ်ပြုဖို့သွားရောက်ရ ခြင်းကတော့ အလ္လာဟ်အရှင်မြတ်အတွက်လုံးလုံးလျားလျားဖြစ်ပါတယ်။ သီရိလင်္ကာမှာတောင် အဟ်မဒီအချို့ ဟာဂ်ျဝတ်ပြုဖူးပါတယ်။ သူတို့တွေဟာ ဘာကိုကိုးကွယ်ယုံကြည်သူတွေဘာဆိုတာကို ကြေညာစရာမလိုခဲ့ဘဲ အလ္လာဟ်အရှင်မြတ်ရဲ့ ကျိုးနွံလှတဲ့အစေခံများအဖြစ်သွားရောက်ခဲ့ ခြင်းဖြစ် ပါတယ်။ ဒါပေမယ့် အစ္စလာမ်သာသနာထဲက အသင်းကွဲပေါင်း ၇၃ ခုမှာ ကွဲပြားတဲ့ယုံကြည်မှု တွေရှိနေပါတယ်။ ဘယ်အသင်းကမှန်ကန်ပါသလဲ။ စွန္နီမွတ်စလင်မ်တွေက မှန်ကန်ပါသလား၊ ဒါဆို ရှီယာမွတ်စလင်မ်တွေက စွန္နီမွတ်စလင်မ်တွေလို ယုံကြည်ချက်မထားကြတာကြောင့် ဟာဂ်ျပြုဖို့ အခွင့်မရှိတော့ပါ။ ထပ်စဉ်းစားစရာပါပဲ။ စွန္နီထဲမှာမှ ဘယ်လိုစွန္နီလဲ၊ ၀ဟာဘီလား၊ ဂျမာအသ်သေ အစ္စလာမ်မီလားစသဖြင့် ဘယ်အသင်းကွဲထဲကပါလဲ။ ဒါဆိုရင်တော့ အခွင့်အာဏာရစွန္နီတွေလို အယူမထားကြတဲ့ စွန္နီတွေအားလုံး ဟာဂ်ျပြုဖို့အခွင့်မရှိတော့ဘူးလား။ ဒီလိုမျိုးအဆုံးအဖြတ်တွေက ဘယ်ကနေရောက်ရှိနေရာယူလာခဲ့ရတာလဲ? ဒါကြောင့်လဲ အစ္စလာမ့်တိုင်းပြည်တွေဟာ ယနေ့အချိန် မှာနွမ်းပါးချိနဲ့နေကြပါပြီ။

သို့သော် ဟာဂ်ျမပြုနိုင်လို့တားမြစ်ခံရတဲ့အဖွဲ့အစည်းက အဟ်မဒီမွတ်စလင်မ်အဖွဲ့ချည်း မဟုတ်ပါ ဘူး။ ကျွန်ုပ်တို့ရဲ့ချစ်လှစွာသောတမန်တော်မြတ်ကြီး (သခင့်အပေါ်ငြိမ်းချမ်းခြင်းသန္တိသုခအပေါင်း ခညောင်းပါစေ။)ကလည်း ကုရိုက်ရ်ှများရဲ့တားမြစ်မှုကြောင့် ဟာဂ်ျမပြုခဲ့ရတဲ့အခါမျိုး ရှိခဲ့ဖူးတာပါပဲ။ ကျွန်ုပ်တို့ဟာ ကိုယ်တော်မြတ်ရဲ့အစုအဝေးထဲမှာသာရှိနေကြရင်တော့ ဘယ်လောက်တောင် ကောင်း ချီးမင်္ဂလာနဲ့ပြည့်စုံတဲ့အနေအထားပါလဲ။

ကာဒီယံကို ဘယ်အဟ်မဒီမွတ်စလင်မ်ကမှ ဟာဂ်ျဝတ်ပြုဖို့သွားရောက်ခြင်းမရှိပါဘူး။ ကာဒီယံဆိုတာ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့အား စတင်တည်ထောင်ခဲ့သူ ဟာဇရသ်မီရ်ဇာဂူလာမ်အဟ်မဒ် မွေးဖွား ရာနေရာဆိုတာမှန်ပေမယ့် အဟ်မဒီတွေက အဲဒီနေရာကိုသွားရောက်ဖို့နှစ်သက်ကြပေမယ့် မက္ကာရွှေ မြို့တော်အစား ဟာဂ်ျပြုခွင့်ရှိတဲ့နေရာလို့ ဘယ်အဟ်မဒီကမှ မှတ်ယူထားခြင်းမရှိပါ။ ကာဒီယံကို သွားဖို့ဆိုတာ အဟ်မဒီတိုင်းရဲ့ဆန္ဒပါ။ ဒါပေမယ့် မြင့်မြတ်တဲ့ကာဘာဝတ်ကျောင်းတော်ရှိရာ၊ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကို ခဝပ်ကိုးကွယ်ဖို့ ကမ္ဘာပေါ်မှာ ပထမဆုံးတည်ဆောက်ထားတဲ့ ဗလီဝတ်ကျောင်းတော်ရှိရာနေရာကိုသွားပြီး ဟာဂ်ျဝတ်ပြုဖို့ဆိုတာကတော့ အဟ်မဒီတိုင်းအတွက် ဘယ်နေရာဘယ်ဒေသကိုသွားချင်တဲ့ဆန္ဒများစွာထက် အဆပေါင်းနှိုင်းလို့မရအောင် အရေးကြီး လျက်ရှိနေပါတယ်။ ဒါဟာအလ္လာဟ်ရှင်မြတ်ရဲ့အမိန့်တော်လည်းဖြစ်ပြီး အလ္လာဟ်အတွက် သွား ရောက်ရခြင်းလည်းဖြစ်ပါတယ်။ မက္ကာရွှေမြို့တော်သို့သွားရောက်ဟာဂ်ျဝတ်ပြုခြင်းဆိုတာကို ဘယ် နေရာဘယ်ဒေသ ဘယ်မြို့နဲ့မှ အစားထိုးလို့မရပါ။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-