Thursday, May 3, 2012

ယုံကြည်ချက်နဲ့ သိပ္ပံ : ပျားအဆိပ်ကိုအသုံးပြုပြီး ဖောက်ခွဲရေးပစ္စည်းများကို အာရုံခံနိုင်


လေယာဉ်ကွင်းတွေမှာ များသောအားဖြင့်အသုံးပြုတဲ့ လျှပ်စစ်သံလိုက်ပစ္စည်း (ဥပမာ - လက်နက်) ထည်များကိုရှာဖွေတဲ့ လုံခြုံရေးသုံးကိရိယာများနေရာမှာ ပိုပြီးတောက်ပတဲ့ အာရုံခံပစ္စည်းတစ်မျိုးကို အစားထိုးနိုင်ပါတော့မယ်။

သေချာလေ့ကျင့်ပေးထားတဲ့ ပျားတွေဟာ ဒိုင်းနမိုက်စတဲ့ ပေါက်ကွဲပစ္စည်းတွေကို အာရုံခံနိုင် စွမ်းရှိတယ်ဆိုတာ ကျွနု်ပ်တို့အားလုံးအသိပါ။ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်ကတော့ ဒီတောင်ပံပါတဲ့ ပျားသတ္တဝါလေးတွေကို ဗုံးရှာဖွေတဲ့နေရာမှာ စစ်ဘက်ဆိုင်ရာနည်းပညာများ အစား အသုံးပြုနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ 

MIT ရဲ့ ဓာတုဗေဒအသင်းတစ်သင်းက တီအန်တီ(Trinitrotoluene) လို့ခေါ်တဲ့ ဓာတုဗေဒဓာတ်ရော တစ်မော်လီကျူးလောက်ကလေးကိုတောင် အာရုံခံနိုင်စွမ်းအားရှိတဲ့ စွမ်းအားမြင့်အာရုံခံကိရိယာ တစ်ခုကို တီထွင်လိုက်ပါတယ်။ သူတို့ရဲ့ ကိရိယာမှာ အဓိကပါဝင်တာ ဘာပစ္စည်းပါလဲ? ပျားကောင် ကလေးများရဲ့ အဆိပ်ပါ။

Bombolitins (ဘော်မ်ဘိုလိတင်စ်) ခေါ် ပျားကောင်ကလေးများရဲ့ အဆိပ်မှာပါတဲ့ ပရိုတိန်း အစိတ်အပိုင်းတစ်ခုဟာ ပေါက်ကွဲတတ်တဲ့ဒြပ်ရောများကို ဓာတ်ပြုနိုင်ပါတယ်။ အာရုံခံကိရိယာ တီထွင်ဖို့ကတော့ အငွေ့ထုတ်ထားပြီး မီးချောင်းတစ်ချောင်းလို လင်းလက်နေတဲ့ ဆလင်ဒါပုံစံ ကာဗွန်မော်လီကျူး (fluorescent carbon nanotubes) ေတြထဲကို ဘော်မ်ဘိုလိတင်စ်ကို ထည့်ပေးရပါ တယ်။ အဲဒီ ဘော်မ်ဘိုလိတင်စ်ခေါ် ပရိုတင်းအစိတ်အပိုင်းဟာ ပေါက်ကွဲတတ် တဲ့မော်လီကျူး နဲ့ပေါင်းမိတာနဲ့ မီလင်းတတ်တဲ့ကာဗွန်မော်လီကျူးက လှိုင်းတွန့်တွေတက်ပြီး လင်းလက်လာ ပါတော့တယ်။ အဲဒီလိုလင်းလက်လာမှုကို သာမှန်မျက်စိနဲ့ကြည့်ဖို့တော့ သေးငယ် လွန်းတာကြောင့် အထူးပြုလုပ်ထားတဲ့ မှန်ဘီလူးလေးတွေကို အသုံးပြုရမှာဖြစ်ပါတယ်။

ဒီကိရိယာကို စီးပွားဖြစ်သာ ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြမယ်ဆိုရင်တော့ လေယာဉ်ကွင်းတွေမှာ များသောအားဖြင့်အသုံးပြုတဲ့ လျှပ်စစ်သံလိုက်ပစ္စည်း (ဥပမာ - လက်နက်)ထည်များကိုရှာဖွေတဲ့ လုံခြုံရေးသုံးကိရိယာများနေရာမှာ ပိုပြီးတောက်ပတဲ့ အာရုံခံပစ္စည်းတစ်မျိုးကို အစားထိုးနိုင် ပါလိမ့်မယ်။

ဂျီဟာဒ် - Jihad [အစ္စလာမ့်သဘောတရားအစစ်အမှန်]

ဂျီဟာဒ် : အစ္စလာမ့်သဘောတရားအစစ်အမှန်လက်ကမ်းစာစောင် 





ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်အတွင်းရှိ အဟ်မဒီဗလီတစ်လုံးကို ရဲများကဖျက်ဆီးခဲ့


ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်အုပ်ချုပ်ရေး အစိုးရအဖွဲ့အနေဖြင့် အာဏာကိုအသုံးချကာ အဟ်မဒီ မွတ်စလင်မ်များကို ဖိနှိပ်ရာတွင် ကာကွယ်ရေးဝန်ထမ်းများ၏ အကူအညီ ကိုပါရယူပြီး ပေါ်ပေါ်တင် တင် ဆောင်ရွက်ကြ လေ့ ရှိသည် ။

အဟ်မဒီယာတိုင်းမ်၊ သတင်းစောင့်ကြည့်ရေး၊ နိုင်ငံတကာအဖွဲ့
အီမ်ရားန်ဂျတာလာ၊ မေ ၂ ၂၀၁၂

ပါကစ္စတန်ရှိ အစိုးရအထောက်အပံ့ခံ မုန်းတီးရေးအခြေခံဝါဒီများကြောင့် အဟ်မဒီမွတ်စလင်မ်များ ပိုင် ဗလီဝတ်ကျောင်းတစ်လုံးမှာ ဓားစာခံဖြစ်ခဲ့ရကြောင်း သတင်းများအရသိရှိရသည်။ 

ပန်ဂျပ်ပြည်နယ်၊ လာဟိုရ်မြို့အတွင်း၊ စူလ်တန်ပူရာဧရိယာ၌ တည်ရှိသည့် အဟ်မဒီမွတ်စလင်မ်ဗလီ ကို ရဲများကဖျက်ဆီးပြစ်ခဲ့ကြသည်။ အဟ်မဒီမွတ်စလင်မ်များအား အစ္စလာမ့်နည်းနာများအတိုင်း ဝတ်ပြုရှိခိုး ခြင်းများမပြုစေရန် ထိန်းချုပ်ပေးဖို့ ရဲများကို အစွန်းရောက်များကတောင်းဆိုခဲ့ရာ ၎င်းရဲများက ထိုသူတို့ တောင်းဆိုချက်အတိုင်း ဗလီကိုဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

ယူနီဖောင်းဝတ်များက ဗလီပေါ်တွင်ရေးထိုးထားသည့် မွတ်စလင်မ်ကလီမာကို ဖျက်ပြစ်ရန်အစု အဝေးဖြင့် ရောက်ရှိလာခဲ့ကြောင်း ဆိုရှယ်မီဒီယာများ၌ ဖော်ပြခဲ့ကြသည်။

ပန်ဂျပ်ပြည်နယ်ရဲများက အစ္စလာမ်မစ်အစွန်းရောက်များ၏ အဟ်မဒီဗလီပေါ်တွင်ရေးထိုးထားသော မည်သည့်စာတန်းကိုမဆိုဖျက်ပြစ်ပေးရန် ဖိအားပေးတောင်းဆိုမှုကို လိုက်လျောကူညီခဲ့ကြကြောင်း သတင်း များကဆိုသည်။

အဟ်မဒီမွတ်စလင်မ်များဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဆလီးမ်မူဒ်ဒင်းက ကလီမာနှင့် အလ္လာဟ်အရှင် မြတ် ၏ ဂုဏ်တော်များရေးထိုးထားမှုကို ရဲများက ဖျက်ပြစ်ခဲ့ကြောင်း ပြောကြားသည်။

ရဲများကထိုသို့မဆောင်ရွက်မီ အခန်း ၄၄ ထိန်းချုပ်ရေးကြေညာစာတမ်းအရ အဟ်မဒီဗလီအနား ဝန်းကျင် တွင်စုရုံးခြင်း၊ လူအများစည်းဝေးခြင်းနှင့် ဆန္ဒပြခြင်းများမပြုလုပ်ရဟု အမိန့်ထုတ်ပြန် ခဲ့ကြောင်း သိရ သည်။

ဒေသတွင်းမီဒီယာများကမူ ထိုကိစ္စအတွက် ရေငုံနုတ်ပိတ်နေကြကြောင်း လေ့လာစမ်းစစ်မှုများက ဖော်ပြ သည်။

ထိုသို့ဗလီကိုဖျက်ဆီးပြစ်ရာမှတဆင့် ပန်ဂျပ်ပြည်နယ်၊ ချနားဘ်နဂါးရ်ဧရိယာ၏ အဟ်မဒီ ခေါင်းဆောင် လည်းဖြစ် ၊ ကျောင်းဆရာတစ်ဦးလည်းဖြစ်သူ မစ္စတာ အဗ္ဗဒွလ် ကုဒူးစ်ကို ရဲများက ဘာသာရေးယုံကြည်ချက် သက်သက်ဖြင့် ဖမ်းဆီးခဲ့ကြပြီး လူမဆန်စွာညှမ်းပမ်းခဲ့သဖြင့် ထိုပုဂ္ဂိုလ်မှာ အလ္လာဟ်အရှင်မြတ် အမိန့် တော်ခံယူခဲ့ရသည်။ 

ထိုသို့ လူမဆန်စွာညှမ်းပန်းနှိပ်စက်မှုကို ယူကေပါလီမန်က အမေးအဖြေကဏ္ဌတစ်ခုအဖြစ် မကြာသေးမီက ဆွေးနွေးခဲ့ကြသည်။

ပန်ဂျပ်ပြည်နယ်အစိုးရ၏ အဟ်မဒီဗလီများပေါ်မှာ ကလီမာများနှင့် အစ္စလာမ့်စာတမ်းများကို ယခင်အချိန် များကလည်းဖျက်ပြစ်ခဲ့သည့်မှတ်တမ်းမှတ်ရာဗွီဒီယိုများကို အင်တာနက်ပေါ်၌ရှာဖွေ ကြည့်ရှုနိုင်ပါသည်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-