Sunday, March 29, 2020

တကယ်လို့ (ကိုရိုနာဗိုင်းရပ်စ်ဟာ) နိမိတ်လက္ခဏာဖြစ်မယ်ဆိုရင် ဦးစွာပထမကတည်းက ကျွန်ုပ်ကိုယ်တိုင်ကြေငြာခဲ့မှာဖြစ်တယ်

ခလီဖာသခင်ပြောတာက တစ်ချို့အဟ်မဒီတွေဟာ ဒီဗိုင်းရပ်စ်ကို ပလိပ်ရောဂါ ပုံစံမျိုးပဲလို့ပြောကြတယ်။ တစ်ချို့လည်း ဒါဟာ ပလိပ်ရောဂါနဲ့အလားတူတဲ့ နိမိတ်လက္ခဏာလို့ပြောဆိုကြတယ်။ ပလိပ်ရောဂါနဲ့ပတ်သတ်လို့ အဲ့ဒီရောဂါပိုးကူးစက်ပျံ့နှံ့မှုမဖြစ်ခင်ကတည်းက အလ္လာဟ်အရှင်မြတ်က ကတိတော်ရမဆီဟ်သခင် (အ) ကိုဒီအကြောင်းနဲ့ပတ်သတ်ပြီး ကြိုတင်အသိပေးထားပြီးဖြစ်တယ်။ ဒါကြောင့်ပုလိပ်ရောဂါဟာ အလ္လာအရှင်မြတ်ဘက်ကလာတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ခဲ့တယ်။

ဒါ့အပြင် ပုလိပ်ရောဂါမဖြစ်ပွားခင်ကတည်းက ကတိတော်ရမဆီဟ်သခင်နဲ့ သခင်ရဲ့နောက်လိုက်တွေဟာ ဒီရောဂါရဲ့အန္တရာယ်ကနေ လုံခြုံမှု၊ ကာကွယ်မှုရမယ့်အကြောင်း သခင့်ထံအသိပေးပြီးဖြစ်တယ်။ ဒီအချက်အားဖြင့်လည်း ပုလိပ်ရောဂါဟာ အလ္လာအရှင်မြတ်ဘက်ကလာတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပြန်တယ်။





ဒါပေမယ့်လည်း အဲ့ဒီအချိန်ကာလမှာ မဆီဟ်သခင်ပြောတာက ကာဒီယန်မှာရှိတဲ့လူတစ်ချို့ဆီ ဒီရောဂါကူးစက်ခံရနိုင်တယ်လို့ဆိုခဲ့တယ်။ ဒါပေမယ့် အလ္လာဟ်အရှင်မြတ်က မဆီဟ်သခင်ကို ဒီရောဂါ ဘယ်အချိန်မှာြဖစ်ပွားမယ် ဘယ်လိုကူးစက်ပြန့်နှံ့သွားမယ်ဆိုတာ အသိပေးခဲ့တယ်။ ဒါကြောင့် ဒီရောဂါပျံ့နှံ့မှုဟာလည်း နိမိတ်လက္ခဏာတစ်ခုဖြစ်တယ်။

" ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်လို့ ကျွန်ုပ်ကိုယ်တိုင် ကြိုတင်ပြောဆိုခဲ့ခြင်းမရှိသလို ဒီဗိုင်းရပ်စ်က  နိမိတ်လက္ခဏာ တစ်ခုဖြစ်တယ်လို့လည်း ကျွန်ုပ်မဖော်ြပခဲ့ပါ။"

ခလီဖာသခင်ပြောြပတာက ၁၉၁၈ ခုနှစ်မှာ ကမ္ဘာနဲ့အဝှမ်း တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့ပြီး အိန္ဒိယကိုလည်းရောက်ရှိကာ ကာဒီယန် အထိရောက်ရှိခဲ့တယ်။ (ကမ္ဘာနဲ့အဝှမ်း) မရေမတွက်နိုင်အောင် သေဆုံးမှုတွေဖြစ်ခဲ့တယ်။ မွတ်စလေ မော်အုဒ် (ဒုတိယခလီဖာသခင်) ကိုယ်တိုင်လည်း ဒီရောဂါကူးစက်ခံခဲ့ရပြီး အပြင်းအထန်နာမကျန်းဖြစ်ခဲ့တယ်။ဒုတိယခလီဖာသခင်ဟာ အဆိုးဆုံးဖြစ်လာရင် ဘယ်လိုတွေလုပ်ဆောင်ရမယ်ဆိုတာနဲ့ပတ်သတ်လို့ သေတမ်းစာ တစ်စောင်ကိုတောင်ရေးသားခဲ့တယ်။  (Tarikh-e-Ahmadiyyat - 4th Volume)

ပထမကမ္ဘာစစ်ပြီးတဲ့နောက် ၁၉၁၈ ခုနှစ်မှာ ဖြစ်တဲ့ တုပ်ကွေးကပ်ရောဂါပျံ့နှံ့မှုဟာ ကမ္ဘာစစ်ထက်တောင် ပိုပြီး ကသောင်းကနင်း ဖြစ်ခဲ့တယ်။ အိန္ဒိယမှာလည်း ဒီတုပ်ကွေးကပ်ရောဂါ ပျံ့နှံ့ခဲ့ပြီး ရက်အနည်းငယ်အတွင်းမှာပဲ မထင်မှတ်တဲ့ သေဆုံးမှုတွေကို ကြုံတွေခဲ့ရတယ်။

ဒီတုပ်ကွေးကပ်အတွင်းမှာ အဟ်မဒီယာမွတ်စလင်အဖွဲ့ဟာ ဒုတိယခလီဖာသခင်ရဲ့ လမ်းညွှန်ချက်နဲ့ ဒီကပ်ရောဂါကို တိုက်ထုတ်ဖို့အတွက် အများပြည်သူတွေကို ဝန်ဆောင်မှု ၊ အကူအညီ တွေပေးခဲ့တယ်။ အဟ်မဒီမွတ်စလင်တွေဟာ ကာဒီယန်တင်မကဘဲ တခြား မြို့ ၊ ရွာ နဲ့ လူသူအလှမ်းဝေးတဲ့ ဒေသတွေအထိ သွားရောက်ကာ လိုအပ်သူတွေကို ကူညီခဲ့တယ်။ အဟ်မဒီယာ အဖွဲ့သားတွေဟာ သူနာပြုတွေအဖြစ် ရှေ့ထွက်ဆောင်ရွက်ပေးခဲ့တယ်။

ဆင်းရဲသူတွေကို ငွေကြေးနဲ့စားဖွယ်ရိက္ခာတွေ ထောက်ပံ့ဖြန့်ဝေပေးခဲ့တယ်။ အဟ်မဒီ ဒေါက်တာ တွေဟာ သူတို့ကိုယ်တိုင် နေ့ညမနား ၊ အိပ်စက်အနားယူချိန်တွေကို ပါစွန့်လွှတ်ပြီး ဖျားနာသူတွေကို ကုသပေးခဲ့တယ်။ အဟ်မဒီတွေရဲ့ ဒီလုပ်ဆောင်ချက်တွေကို ရန်သူ မိတ်ဆွေအားလုံးက ချီးကျူးခဲ့ကြရတယ်။ (Tarikh-e-Ahmadiyyat - 4th Volume pg 208-209)

"ဒီလို ကပ်ရောဂါတွေဟာ ဆက်လက်ဖြစ်ပွားနေမှာပဲဖြစ်တယ်။ ဒီလိုကပ်ရောဂါဖြစ်ပွားတိုင်း ဘုရားသခင်ဘက်က နိမိတ်လက္ခဏာဖြစ်တယ်လို့ ကြေငြာတာဟာ လုံးဝမှားပါတယ်။ ထို့အတူပဲ အဟ်မဒီတွေဟာ ဒီရောဂါကူးစက်မှာ မဟုတ်ဘူး၊ အစစ်အမှန် အဟ်မဒီတွေက ဒီရောဂါမဖြစ်ဘူး စသဖြင့် ပြောဆိုတာဟာလည်း မှားပါတယ်။ "

" ဒီကပ်ရောဂါတွေဟာ လူတစ်ဦးရဲ့ ယုံကြည်မှုကို တိုင်းတာရတဲ့ အရာတွေမဟုတ်ပါဘူး။ မွတ်စလေ မော်အုဒ် (ဒုတိယခလီဖာသခင်) ကိုယ်တိုင် ဒီရောဂါကူးစက်ခံရပြီး ပြင်းထန်စွာ နာမကျန်းဖြစ်ခဲ့လို့ သေတမ်းစာ တစ်စောင်ကိုတောင်ရေးခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တစ်ချို့ရောဂါတွေ ကူးစက်ခံရတိုင်း ယုံကြည်ချက်မမှန်လို့ဆိုတာမျိုး မပြောနိုင်ပါဘူး။ "

" တကယ်လို့ (ကိုရိုနာဗိုင်းရပ်စ်ဟာ) နိမိတ်လက္ခဏာြဖစ်မယ်ဆိုရင် ဦးစွာပထမကတည်းက ကျွန်ုပ်ကိုယ်တိုင်ကြေငြာခဲ့မှာြဖစ်တယ် "

ဒီရောဂါဟာ တရုတ်ပြည်ရဲ့ ပြင်ပကို မပျံ့နှံ့ခင်ကတည်းက ကျွန်ုပ်က ကြိုတင်သတိပေးချက်တွေကို လိုက်နာဖို့ နှိုးဆော်ခဲ့ပါတယ်။ တကယ်လို့သာ နိမိတ်လက္ခဏာြဖစ်မယ်ဆိုရင် ကျွန်ုပ်က ဘယ်သူ့ကိုမှ ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ခိုင်းမှာ မဟုတ်ပါဘူး။ "

"ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ဖို့ ပြောကြားခဲ့သလို သက်ဆိုင်ရာ နိုင်ငံတွေက အာဏာပိုင်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံပြုချက်တွေကို လိုက်နာဖို့ ကျွန်ုပ်က ဆက်လက်တိုက်တွန်းလျှက်ရှိပါတယ်။"

အင်္ဂလန်မှာ ရှိတဲ့ Humanity First လူမှုကူညီရေးအသင်းကိုလည်း ဒီအချိန်မှာ လူသားအားလုံးရဲ့ အကျိုးအတွက် ကူညီနိုင်တာမှန်သမျှ လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။

ဒီအချိန်မှာ အဟ်မဒီတွေအနေနဲ့ ဒီအရာဂါကို နိမိတ်လက္ခဏာအနေနဲ့ သက်သေပြဖို့ ကြိုးစားမယ့်အစား အဟ်မဒီတွေကိုယ်တိုင် မိမိတို့အတွက်၊ မိမိမိသားစုနဲ့ ဗလီဝတ်ကျောင်းတွေအတွက် လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ရပါမယ်.။

ဒါ့အပြင် မည့်သူကိုမဆို တတ်နိုင်တဲ့ဘက်က အကူအညီတွေပေးရပါမယ်။ အလ္လာအရှင်မြတ်ရဲ့ နှစ်သက်မှုကို ရှာမှီးဖို့အတွက် အရှင်မြတ်ရဲ့ ဖန်ဆင်းခံအားလုံးကို စောင့်ရှောင့်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ အရေးအကြီးဆုံးကတော့ မိမိနဲ့ လူသားအားလုံးအတွက် အရှင်မြတ်ရဲ့ ကရုဏာတော်ကို တောင်းခံဖို့ပဲဖြစ်ပါတယ်။

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-