Monday, November 16, 2015

အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်း၏ ဦးစီးခေါင်းဆောင်ဟာဇရတ်မီရ်ဇာမက်စ်ရူးရ်အဟ်မဒ်သခင်မှပြင်သစ်နိုင်ငံပဲရစ်မြို့ တိုက်ခိုက်မှုကိုရှုတ်ချ

 
ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်း၏ ဦးစီးခေါင်း ဆောင်ပဥ္စမခလီဖာဟ် ဟာဇရတ်မီရ်ဇာမက်စ်ရူးရ်အဟ်မဒ်သခင်မှအကြမ်းဖက်သမားများကပဲရစ်မြို့အား တိုက်ခိုက်မှုကိုရှုတ်ချပြောဆိုခဲ့သည်။

-ဟာဇရတ်မီရ်ဇာမက်စ်ရူးရ်အဟ်မဒ်သခင်ကလန်ဒန်မြို့မှပြောကြားသည်မှာ-
ပဲရစ်မြို့တွင်ဖြစ်ပွားခဲ့သောစက်ဆုပ်မုန်းတီးဖွယ်အကြမ်းဖက်တိုက်ခိုက်မှုအတွက် အနူးအညွတ် ကရုဏာသက်၊ စာနာစိတ်ဖြစ်မိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်းကိုယ်စား ပြင်သစ်နိုင်ငံသူ၊ နိုင်ငံသားများနှင့်အစိုးရထံသို့ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သောဤအကြမ်းဖက်တိုက်ခိုက်မှုကိုအပြင်းထန်ဆုံးသောစကားလုံးများသုံးစွဲ၍ရှုတ်ချရမည်ဖြစ်သည်။

-သခင်ကဆက်လက်မိန့်ကြားသည်မှာ-
မည်သည့်ပုံစံ၊ အသွင်မျိုးဖြင့်မဆိုပြုလုပ်နေကြသောအကြမ်းဖက်၊ အစွန်းရောက်မှုများသည်အစ္စလာမ့်သွန်သင်ချက်နှင့် လုံးဝဆန့်ကျင်ကြောင်း အပြစ်မဲ့သူတစ်ဦးကိုသတ်ဖြတ်ခြင်းသည်လူ့အဖွဲ့အစည်းတစ်ရပ်လုံးအား သတ်ဖြတ်ခြင်းဖြစ်ကြောင်း ကျမ်းမြတ်ကုရ်အာန်ကပြောဆိုထားပြီးဖြစ်သည်။ထို့ကြောင့်မည်သည့်အခြေအနေမှာမဆိုသတ်ဖြတ်ခြင်းသည်သင့်လျော်မှုမရှိကြောင်း၊ အစ္စလာမ့်အမည်နာမကိုစွဲကိုင်ကာစက်ဆုပ်မုန်းတီးစရာကောင်းသောလုပ်ရပ်များကိုကျူးလွန်နေကြသူများသည်မိမိတို့လုပ်ရပ်များဖြင့်အစ္စလာမ်ကိုအဆိုးရွားဆုံး အသရေဖျက်နေကြခြင်းသာဖြစ်ကြောင်း။

ကျွန်ုပ်တို့၏ ကိုယ်ချင်းစာနာခြင်း၊ သနားကရုဏာသက်ခြင်းနှင့် ဆုတောင်း မှုများသည်အဆိုပါတိုက်ခိုက်မှုတွင်ဓားစားခံဖြစ်ခဲ့သူများ၊ တိုက်ခိုက်မှုခံခဲ့ရသူများ၊သေဆုံးသူများအားလုံးအတွက်ဖြစ်ပါသည်။သူတို့အားလုံးကိုဘုရားသခင်သည်းခံနိုင်စွမ်းပေးသနားတော်မူပါစေ။

မတရားသောဤအကြမ်းဖက်လုပ်ရပ်ကိုကျူးလွန်ခဲ့သူမျာကိုလည်း အလျှင်အမြန်တရား မျှတစွာ စီရင်နိုင်စေရန် ဆုတောင်းမှုပြုပါသည်။

http://www.khalifaofislam.com

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-