Monday, April 21, 2014

အဟ်မဒီယာမွတ်စလင်အဖွဲ့မှကြီးမှူးကာ အင်္ဂလန်နိုင်ငံ Burton မြို့တွင် ဘာသာတရား တည်ထောင်သူ အရှင်သူမြတ်များနေ့ ကျင်းပမည်


အဟ်မဒီယာမွတ်စလင်အဖွဲ့မှ (ဘာသာသာသနာများအကြား) ညီရင်းအစ်ကိုဖွဲ့မှု ချစ်ကြည်မှုအဝန်းအဝိုင်း တည်ဆောက်ရန်ရည်ရွယ်ကာ အင်္ဂလန်နိုင်ငံ Burton မြို့တွင် ညီလာခံတစ်ခု ကျင်းပ သွားမည်ဖြစ်သည်။

အဆိုပါ Burton မြို့အခြေစိုက် အဟ်မဒီယာမွတ်စလင်အဖွဲ့ခွဲမှကြီးမှူးကာ မေလ  ( ၄ ) ရက်နေ့ နံနက် ၁၁း၃၀ နာရီအချိန်တွင် ကမ္ဘာ့ဘာသာသာနာ တည်ထောင်သူ အရှင်သူမြတ်များနေ့ကို အမေးအဖြေအစီအစဉ်ဖြင့် ကျင်းပမည် ဖြစ်သည်။
ထိုညီလာခံတွင် ဘာသာတရားအသီးသီးမှပုဂ္ဂိုလ်များက မိန့်ခွန်းများမြွက် ကြားကြမည်ဖြစ်ပြီး Burton  Uxbridge လမ်းရှိ  Caribbean Centre  တွင် ကျင်းပ မည် ဖြစ်သည်။

အဟ်မဒီယာအဖွဲ့၏ဥက္ကဋ္ဌ ဆရက်ဒ် ဇကီယာ က " (အဟ်မဒီယာ)အဖွဲ့အစည်းဟာ သက်ဝင်လှုပ်ရှားလျက်ရှိပြီး အရှိန်အဟုန်ဖြင့် တိုးတက်နေတဲ့၊ ငြိမ်းချမ်း ရေးကိုမြတ်နိုးတဲ့ အစ္စလာမ်သာသနာထဲက အဖွဲ့အစည်းတစ်ခုပါပဲ " ဟု ပြောကြားသည်။

ထို့ပြင် ၎င်းက " ကျွန်တော်တို့ဟာ မူရင်းအစစ်အမှန်ဖြစ်တဲ့ အစ္စလာမ့် သွန်သင်ချက်ကိုဖြန့်ချိနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး ကျွန်တော်တို့အဖွဲ့အစည်းရဲ့ သွန်သင်ချက်သည်ပင် "Love for all, Hatred for none" (အားလုံးအပေါ် မေတ္တာထား၊ မည်သူ့ကိုမျှ အမုန်းမပွား) ပဲ ဖြစ်ပါတယ်။

ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ယနေ့ခေတ် မီဒီယာတွေက အစ္စလာမ် သာသနာကိုတည်ထောင်သူနဲ့ သခင့်ရဲ့နောက်လိုက်တွေအပေါ် မလျော်ကန်တဲ့ ရှုတ်ချပြောဆိုမှုတွေပြုနေပါတယ်။ ဒီလိုဖြစ်ရခြင်းအကြောင်းက ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ယုံကြည်ချက်ကို လွဲမှားတဲ့ ပုံစံနဲ့ဖြန့်ချိနေတဲ့  အစွန်းရောက်တွေ၊ အကြမ်းဖက်သမားတွေရဲ့ မမှန်ကန်တဲ့ လုပ်ရပ်တွေကြောင့်ပါပဲ။ အစ္စလာမ်၊ ခရစ်ယာန်၊ ဆစ်ခ်၊ ဟိန္ဒူ၊ ၊ ဂျူး၊ ဗုဒ္ဓ စတဲ့ သာသနာ အသီးသီးကို တည်ထောင်သူအရှင်သူမြတ်တွေက ယခုလို အစွန်းရောက် တရားတွေကို သွန်သင်သွားခဲ့တာဟုတ်ပါ့မလား " ဟု ပြောကြားခဲ့သည်။

Source (www.themuslimtimes.org)

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-