Tuesday, January 14, 2014

လက်တွေ့ပြုပြင်တည့်မတ်မှုအတွက် လိုအပ်သော စွမ်းရည်(၃)ရပ် - သောကြာမိန့်ခွန်းများ (၁ဝ၊ဝ၁၊၂၀၁၄)



အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ခေါင်းဆောင်ခလီဖာ၊ ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် မြွက်ကြားခဲ့သော သောကြာနေ့ မိန့်ခွန်း အပြည့်အစုံ


- လက်တွေ့ပြုပြင်မှုပိုင်းအရ ကျွန်တော်တို့ရှေ့မှာရှိနေတဲ့ အတားအဆီးတွေက
ယုံကြည်မှုပိုင်းအရ ကာဆီးထားတဲ့ အတားအဆီးတွေထက် ပိုမိုများပြား
ပါတယ်။
- လက်တွေ့ပြုပြင်မှုကလည်း ကျွန်တော်တို့ရဲ့အောင်မြင်မှုအတွက် အလွန်
ကြီးမားတဲ့ လက်နက်တစ်ခု ဖြစ်နေတာကြောင့်ပါပဲ။
- အကယ်၍ အခြားသူတွေနဲ့ ကျွန်တော်တို့ကြားမှာ ဘယ်လိုကွာခြားမှုမှ
မရှိဘူးဆိုရင် ကမ္ဘာလောက က ကျွန်တော်တို့ရဲ့ စကားကို နားထောင်စရာ
ဘာများလိုအပ်ပါဦးမလဲ။
- ကျွန်တော်တို့ဟာ လောကကို ယှဉ်ပြိုင်ရင်ဆိုင်ဖို့အတွက် အချို့သော
အခြေခံနည်းနာတွေကိုချမှတ်ကြလျက် ကျွန်တော်တို့အတွင်းမှ တစ်ဦးချင်း
စီက ထိုအခြေခံနည်းနာများအတိုင်း လိုက်နာဆောင်ရွက်ကြရမယ်။
- လက်တွေ့ပြုပြင်တည့်မတ်မှုအတွက် အမှန်တကယ် လိုအပ်သော
စွမ်းရည်(၃)ရပ်- (၁) ခိုင်မာသောရည်ရွယ်ချက်၊ (၂) မှန်ကန်ပြည့်ဝသော
ပညာဗဟုသုတ၊ (၃) လက်တွေ့လုပ်ဆောင်နိုင်စွမ်း။
- ရည်ရွယ်ဆုံးဖြတ်နိုင်သောစွမ်းရည်၌ အင်အားရှိပေမဲ့ ရလဒ်ကောင်းတွေ
ဖြစ်မလာရခြင်းက အချက်နှစ်ခုကြောင့်ပဲ။ (၁) ကျင့်ကြံတည်ဆောက်မှု
အတွက် ကျွန်တော်တို့အတွင်းမှာ ရှိနေရမယ့် ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းက
ရှိသင့်သလောက်မရှိခြင်း၊ ဒါမှမဟုတ် (၂) အလ္လာဟ့်အား ယုံကြည်ကိုးကွယ်
ဆည်းကပ်မှု အဗူဒီယတ်အပိုင်းတွင် အားနည်းချက်ရှိနေခြင်း။

- ဂျနာဇာ (ဈာပနဆုတောင်း)- အိနိ္ဒယနိုင်ငံ ကာလကတ္တားမြို့မှMaster
Mashriq Ali Sahib (M.A) အတွက် ဂျနာဇာဃာအီဗ်။

 တရှာဟွဒ်၊ တအာဝိုဇ်နှင့် စူရာဟ် ဖာတီဟာတို့ကို ဖတ်ရွတ်ပြီးနောက် ...

ပြီးခဲ့တဲ့ ဂျွမ္မာနှစ်ပတ်အလျင်က ဒုတိယခလီဖတွလ်မဆီဟ်သခင်ရဲ့ မိန့်ခွန်းများ
ဖြင့် ကိုးကားလျက် လက်တွေ့ပြုပြင်တည့်မတ်မှုနှင့်စပ်လျဉ်းလို့ ခွတ္တဘာ အချို့
ဖတ်ကြားခဲ့ပါတယ်။ လက်တွေ့ပြုပြင်တည့်မတ်မှုအပိုင်းမှာ အတားအဆီး ဖြစ်စေ
တဲ့ အချို့သော အကြောင်းအရာတွေကို တင်ပြခဲ့ပါတယ်။ ဒါ့အပြင် အကယ်၍
ကျွန်တော်တို့ဟာ ဂျမာအတ်တစ်ခုလုံး အတိုင်းအတာနဲ့ မိမိတို့ရဲ့
လက်တွေ့ပြုပြင်တည့်မတ်မှုပိုင်းအရ မြင့်မားတဲ့အဆင့်အတန်းကို အလိုရှိကြ
တယ်ဆိုရင် ထိုအတားအဆီးတွေကို ဖယ်ရှားကြရမှာဖြစ်ကြောင်း တင်ပြခဲ့ပါ
တယ်။ ဒါတင်မက လက်တွေ့ပြုပြင်မှုပိုင်းအရ ကျွန်တော်တို့ရှေ့မှာရှိနေတဲ့
အတားအဆီးတွေက ယုံကြည်မှုပိုင်းအရ အတားအဆီးတွေထက် ပိုမိုများပြား
တယ်ဆိုတာကိုလည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ယနေ့
အကြောင်းအရာအချို့ကို ထပ်တိုးတင်ပြပါ့မယ်။

ကျွန်တော်တို့ အမြဲတမ်း မှတ်သားထားရမှာက ဟာဇရတ် မဆီဟ်မော်အူးဒ်(အ)ရဲ့
သာသနာပြုလုပ်ငန်းစဉ်နှင့် သခင်ကြီးစေလွှတ်ခြင်းခံရတဲ့ ရည်ရွယ်ချက်က
ယုံကြည်မှုပိုင်းဆိုင်ရာကို ပြုပြင်တည့်မတ်ပေးဖို့သက်သက် မဟုတ်ပါဘူး။ ဒါကို
သခင်ကြီးက အထင်အရှား မိန့်ကြားခဲ့ပြီး ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်နှင့်
လူသားတို့အကြား ဆက်နွယ်ပေါင်းစည်းမှုနှင့် ကျင့်ကြံတည်ဆောက်မှုပိုင်းအရ
ပြုပြင်တည့်မတ်မှုတို့ကလည်း အရေးကြီးပြီး ထိုသည့်အတွက်ကြောင့်ပင်
သခင်ကြီး လာရောက်ရခြင်း ဖြစ်ပါတယ်။ လူသားချင်း အပြန်အလှန် ဝတ္တရား
ကျေပွန်မှုဆိုတဲ့ ရည်ရွယ်ချက်တစ်ခုလည်း အပါအဝင်ဖြစ်ပါတယ်။ ဒီအကြောင်း
အရာ အားလုံးက ကျင့်ကြံတည်ဆောက်မှုပေါ်မှာ တည်မှီလျက်ရှိပါတယ်။
ကောင်းမြတ်စွာကျင့်သုံးတည်ဆောက်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်နှင့်
သက်ဆိုင်သော တာဝန်ကိုလည်း ကျေပွန်နိုင်သကဲ့သို့ လူသားတို့နှင့်သက်ဆိုင်
သော တာဝန်ကိုလည်း ကျေပွန်နိုင်ပါတယ်။

ဟာဇရတ် မဆီဟ်မော်အူးဒ်(အ)က တစ်နေရာတွင် မိန့်ကြားတော်မူသည်မှာ-
မှတ်သားကြကုန်။ စကားလုံးသက်သက်၊ နှုတ်ပြောသက်သက်သည်
လက်တွေ့ကျင့်သုံးမှုမရှိသေးသရွေ့ မည်သို့မျှ အသုံးမဝင်ချေ။
တစ်ဖန် အခြားတစ်နေရာ၌ သခင်ကြီး မိန့်ကြားတော်မူသည်မှာ-
မိမိတို့၏ အီမာန်(ယုံကြည်မှု)ကို အလေးချိန်စီးအောင် ပြုကြကုန်။ အမလ်
(ကျင့်ကြံတည်ဆောက်မှု)သည် အီမာန် (ယုံကြည်မှု)၏ ရတနာဖြစ်သည်။
အကယ်၍ လူသား၏ လက်တွေ့ကျင့်သုံးမှုများသည် မလျော်ကန်ပါက သူ၌
အီမာန်}လည်း မရှိနိုင်ချေ။
ဒါကြောင့် အကယ်၍ ကျွန်တော်တို့ဟာ ဟာဇရတ် မဆီဟ်မော်အူးဒ်(အ)ရဲ့
သာသနာပြုလုပ်ငန်းစဉ်ကြီးထဲမှာ အသုံးဝင်သူတွေဖြစ်လိုကြတယ်ဆိုရင်၊
ဒါ့အပြင် သခင်ကြီးရဲ့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းသူတွေ ဖြစ်လိုကြတယ်ဆိုရင်
ကျွန်တော်တို့အတွင်းမှ တစ်ဦးချင်းစီက မိမိတို့ရဲ့ လက်တွေ့ပြုပြင်မှုကိစ္စမှာ
အဟန့်အတားလိုဖြစ်နေတဲ့အရာတွေကို ဖယ်ရှားဖို့ရာ အပြည့်အဝကြိုးစားကြရ
မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ယခုလို လက်တွေ့ပြုပြင်တည့်မတ်မှုက
သာလျှင် အခြားသူတွေကို ကျွန်တော်တို့ဘက်သို့ အာရုံပြုလာစေနိုင်မှာဖြစ်သလို
ဒါရဲ့ ရလဒ်အားဖြင့် ကျွန်တော်တို့ဟာ ဟာဇရတ် မဆီဟ်မော်အူးဒ်(အ)ရဲ့
သာသနာပြုလုပ်ငန်းစဉ်ကို ပြီးပြည့်စုံစေခြင်း၌ ကူညီစောင်မသူတွေ ဖြစ်ကြပါ
လိမ့်မယ်။ 
ဒါကြောင့် ဒီရည်ရွယ်ချက်ကိုရရှိဖို့အတွက် ကျွန်တော်တို့ ဘာတွေပြုလုပ်ဖို့
လိုအပ်သလဲဆိုတာကို စဉ်းစားကြရမယ်။ ဘာကြောင့်လဲဆိုရင် လက်တွေ့ပြုပြင်
မှုကလည်း ကျွန်တော်တို့ရဲ့အောင်မြင်မှုအတွက် အလွန်ကြီးမားတဲ့ လက်နက်
တစ်ခု ဖြစ်နေတာကြောင့်ပါပဲ။ ကျွန်တော်တို့ဟာ မိမိတို့ကိုယ်ကို ပြုပြင်
တည့်မတ်ခြင်းအားဖြင့် အခြားသူတွေကိုပါ ပြုပြင်တည့်မတ်ပေးနိုင်တဲ့ စွမ်းအား
တွေကို ရရှိလာနိုင်မှာ ဖြစ်ပါတယ်။ တစ်ဖန် ယခုလို ကျွန်တော်တို့ အောင်မြင်မှု
ရလိုတဲ့ ရည်ရွယ်ချက်က တစ်စုံတစ်ဦးကို နိမ့်ပါးသွားစေဖို့၊ ဒါ့အပြင်
လောကီရည်ရွယ်ချက်တွေကို ရယူကြဖို့မဟုတ်ပါဘူး။ တကယ်တော့ လောကရဲ့
နှလုံးသားကို အလ္လာဟ်အရှင်မြတ်နှင့် အရှင့်အချစ်တော် တမန်တော်မြတ်(ဆွ)ရဲ့
 ခြေတော်ရင်းသို့ ယူဆောင်လာဖို့ပဲ ဖြစ်ပါတယ်။ သို့သော် အကယ်၍
ကျွန်တော်တို့နဲ့ အခြားသူတွေရဲ့ကြားမှာ တစ်စုံတစ်ရာ ကွာခြားမှုမရှိဘူးဆိုရင်
လောကက ကျွန်တော်တို့ရဲ့ စကားကို နားထောင်စရာ ဘာများလိုအပ်ပါဦးမလဲ။
ဒါကြောင့် ကျွန်တော်တို့ဟာ မိမိတို့ရဲ့ ကျင့်ကြံတည်ဆောက်မှုဆိုင်ရာ
စွမ်းအားများကို ခိုင်မာအောင်ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ တစ်ဖန်
ခိုင်ခံ့မြဲမြံစွာဖြင့် ယင်းအပေါ် ရပ်တည်နေဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ်တိုင်က
သူတစ်ပါးရဲ့ ဩဇာအရှိန်အဝါအောက်သို့ မရောက်သွားစေဘဲ လောကကို
မိမိတို့ရဲ့ အရှိန်အဝါအောက်သို့ ရောက်လာအောင် ပြုလုပ်ရပါလိမ့်မယ်။
ယနေ့ခေတ်မှာတော့ လောကလူသားတွေဟာ လောကီရေးနဲ့ ရုပ်ဝါဒရဲ့
လွှမ်းမိုးမှုကို ခံနေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ယခင်ကထက်ပိုပြီး
မိမိတို့ရဲ့ အခြေအနေတွေကို ကြည့်ရှုသုံးသပ်ကြဖို့ လိုအပ်ပါတယ်။ ယခုလို
ကြည့်ရှုသုံးသပ်ကြလျက် မိမိတို့ကိုယ်ကို လောကရဲ့လွှမ်းမိုးခံရမှုအောက်မှ
ထုတ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လောကကိုလည်း ယခုလို မိစ္ဆာလမ်းမှ
ထုတ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုအားဖြင့် ကျွန်တော်တို့ကိုယ်တိုင်လည်း
အလ္လာဟ်အရှင်မြတ်နှင့်သက်ဆိုင်သောတာဝန်များကို ကျေပွန်သူတွေ
ဖြစ်ကြလျက် ကမ္ဘာလောကရှိ လူသားအများစုကလည်း ဒီအတိုင်းရှိလာကြစေဖို့
ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလမ်းပေါ်မှာ များစွာသော အတားအဆီးတွေရှိနေပါတယ်။ ဒါကြောင့်
ကျွန်တော်တို့ဟာ မိမိတို့အတွင်းမှာ ထိုအတားအဆီးတွေကို ဖယ်ရှားနိုင်လောက်
တဲ့ စွမ်းအားတွေကို မွေးမြူကြဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ လောကကို
ယှဉ်ပြိုင်ရင်ဆိုင်ဖို့အတွက် အချို့သော အခြေခံနည်းနာတွေကို ချမှတ်ကြလျက်
ကျွန်တော်တို့အတွင်းမှ တစ်ဦးချင်းစီက ထိုအခြေခံနည်းနာများအတိုင်း
လိုက်နာဆောင်ရွက်ကြရမယ်။ ဒီအတွက် ကျွန်တော်တို့ဟာ မိမိတို့ရဲ့ စိတ်အလို
ဆန္ဒတွေကို စွန့်လွှတ်ကြရလိမ့်မယ်။ ဒါတင်မက ဒီလို (ပြုပြင်တည့်မတ်မှု
ပြုလုပ်နေတဲ့) ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ကြရမယ်။ ယခုလို
မလုပ်နိုင်သေးသရွေ့တော့ ကျွန်တော်တို့တတွေ မအောင်မြင်နိုင်သေးပါဘူး။
 ပြီးခဲ့တဲ့ ခွတ္တဘာတစ်ပုဒ်မှာ တင်ပြခဲ့ပြီးဖြစ်သလို ယနေ့ ကမ္ဘာဟာ
စုစည်းပေါင်းစပ်သွားခဲ့ပါပြီ။ တစ်နည်းပြောရရင် မြို့ရွာတစ်ခုအလား ဖြစ်သွားခဲ့
ပါပြီ။ မိုင်ပေါင်းထောင်ချီဝေးကွာတဲ့အရပ်မှာရှိနေတဲ့ မကောင်းမှုသည်ပင်
အီလက်ထရွန်နစ်မီဒီယာကြောင့် အိမ်တိုင်းအိမ်တိုင်းသို့ ရောက်ရှိနေပြီ ဖြစ်ပါ
တယ်။ ဒါ့အပြင် မိုင်ပေါင်းထောင်ချီဝေးကွာလျက်ရှိတဲ့ နိုင်ငံအသီးသီးမှ
ကောင်းမှုတွေကလည်း အိမ်တိုင်းအိမ်တိုင်းသို့ ရောက်ရှိနေပါပြီ။ အားလုံးကို
စုပေါင်းလျက် ပျမ်းမျှအချိုးချကြည့်လိုက်မယ်ဆိုရင် မကောင်းမှု ပြန့်ပွားနှုန်းက
ကောင်းမှုပြန့်ပွားနှုန်းထက် လျင်မြန်နေတာကို တွေ့ရပါလိမ့်မယ်။ 
တစ်ဖန် ယခင်က ကျွန်တော် အကြိမ်ကြိမ် တင်ပြခဲ့သလိုပဲ ကောင်းမှုနဲ့
မကောင်းမှုတို့ရဲ့ သတ်မှတ်ချက် စံချိန်စံညွှန်းတွေကလည်း ပြောင်းလဲခဲ့ပါပြီ။
အစ္စလာမ့်အသိုင်းအဝိုင်းမှာ မကောင်းမှုလို့သတ်မှတ်ထားတဲ့ ကိစ္စတစ်ခုက
သာသနာမရှိတဲ့ လောကီရုပ်ဝါဒ အသိုင်းအဝိုင်းမှာတော့ သာမန် အသေးအဖွဲ
ကိစ္စတစ်ခုလို့သာ ယူဆထားကြပါတယ်။ ဒါတင်မက တဖြည်းဖြည်းနဲ့
ထိုမကောင်းမှုကို ကောင်းမှုအဖြစ် ယူဆလာနေကြပြီ ဖြစ်ပါတယ်။ 
ဒါကြောင့် မွတ်စ်လေမော်အူးဒ်(ရဒီ)သခင်က ဥပမာတစ်ခု မိန့်ကြားတော်မူ
ပါတယ်။ သီဆိုကခုန်ခြင်းက အနောက်တိုင်းယဉ်ကျေးမှုရဲ့ အစိတ်အပိုုင်းတစ်ခု
ဖြစ်ပါတယ်။ မွတ်စ်လေမော်အူးဒ်(ရဒီ)သခင်ရဲ့ ခေတ်ကာလတုန်းက ဒီလို
သီဆိုကခုန်မှုက ယခုလောက် ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပါဘူး။
အနည်းဆုံးတော့ ထိုစဉ်က သီဆိုကခုန်ဖို့အတွက် သီးသန့်စီစဉ်ထားတဲ့ နေရာကို
သွားကြရပါတယ်။ ယနေ့မှာတော့ တီဗီနဲ့ အင်တာနက်တွေက (တီးမှုတ်ကခုန်မှု
တွေကို) နေရာတိုင်းသို့ ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။ နေအိမ်တွေမှာ
ဖျော်ဖြေမှု၊ အပျင်းပြေစေမှုဆိုတဲ့ အကြောင်းပြချက်နဲ့ သီဆိုကခုန်ပွဲတွေ
ဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် အချို့မိသားစု ပွဲလမ်းသဘင်တွေမှာလည်း
တီးမှုတ်ကခုန်မှုတွေ ရှိလာပါတယ်။ အထူးသဖြင့် ထိမ်းမြားမင်္ဂလာပွဲတွေမှာ
ရှိတတ်ပါတယ်။ ဧည့်ခံဖျော်ဖြေမှု၊ ပျော်ရွှင်မှုအထိမ်းအမှတ်ဆိုတဲ့
အကြောင်းပြချက်တွေနဲ့ အချည်းနှီးအကျိုးမဲ့တဲ့ သီဆိုကခုန်မှုတွေ ပြုကြပါတယ်။
 အဟ်မဒီနေအိမ်တစ်ခုဟာ ဒီလိုကိစ္စတွေကနေ လုံးဝ စင်ကြယ်သန့်ရှင်းနေရမှာ
ဖြစ်ပါတယ်။ ဒါကို အထူးတလည် အာရုံစိုက်ကြပါ။
မွတ်စ်လေမော်အူးဒ်(ရဒီ)သခင် မိန့်ကြားတော်မူတာက- ယခု အနောက်နိုင်ငံ
တွေမှာ တီးမှုတ်ကခုန်တဲ့ ယဉ်ကျေးမှုတစ်ခုရှိပါတယ်။ ယခင်က ဒီကိစ္စကို
လူတွေက မကောင်းမှုအဖြစ် ယူဆခဲ့ကြပေမဲ့ ယခုတော့ တဖြည်းဖြည်းနဲ့
လူတွေက ဒါကို လက်ခံကျင့်သုံးလာခဲ့ကြပါပြီ။ အစောပိုင်းမှာတော့ အမျိုးသားနဲ့
အမျိုးသမီးဟာ လက်ချင်းချိတ်ပြီး ကခုန်ကြတယ်။ နောက်ပိုင်းမှာ တစ်ဦးနဲ့
တစ်ဦး မျက်နှာချင်းအပ်ပြီး ကခုန်လာကြတယ်။ ထို့နောက် တဖြည်းဖြည်းနဲ့
ဒီအကွာအဝေးက လျော့နည်းလာခဲ့တယ်။ ကျွန်တော် တင်ပြခဲ့တဲ့အတိုင်းပဲ
ယနေ့မှာတော့ တီးမှုတ်ကခုန်မှုဆိုတဲ့ အမည်ခံလျက် အချည်းနှီး အကျိုးမဲ့တဲ့
ကိစ္စက အစည်းအတားမရှိတော့ပါဘူး။ အရှက်မဲ့တဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့
တီဗီအစီအစဉ်တွေမှာ တီးမှုတ်ကခုန်နေကြပါတယ်။
ဒါတွေဟာ ဘာကြောင့် ပျံ့နှံ့နေရတာပါလဲ။ အကြောင်းကတော့ ကမ္ဘာလောက
တစ်ခုလုံးက ဒါဟာ မကောင်းမှုပါလို့ ဘယ်လောက်ပင် ပြောနေပါစေ
မကောင်းမှုကိုဖြန့်ချိသူတွေက လုံးဝအရေးမစိုက်ဘဲ သူတို့ရဲ့ မကောင်းမှုတွေကို
တစိုက်မတ်မတ် ဖြန့်ချိသွားကြတာကြောင့် ဖြစ်ပါတယ်။ နောက်ဆုံးတစ်နေ့မှာ
သူတို့အောင်မြင်သွားခဲ့ကြပါတယ်။ ယနေ့မှာတော့ မွတ်စလင်မ်နိုင်ငံတစ်ခု
ဖြစ်တဲ့ ပါကစ္စတန်ရဲ့ တီဗီအစီအစဉ်မှာပင်လျှင် ဖျော်ဖြေမှု၊ လွပ်လပ်မှုဆိုတဲ့
အကြောင်းပြချက်တွေနဲ့ အချည်းနှီးအစီအစဉ်တွေကို တင်ဆက်လာနေပြီး
အရှက်ကင်းမဲ့မှုတွေကို တွေ့နေရပါတယ်။ တစ်နည်းပြောရရင် မကောင်းမှုဟာ
အခိုင်အမာရပ်နေခဲ့တာကြောင့် သူဟာ လောကရဲ့အသိÓဏ်ကို လွှမ်းမိုးသွား
ခဲ့ပြီ ဖြစ်ပါတယ်။ 
ဒါကြောင့် အဲဒါကို ယှဉ်ပြိုင်ရင်ဆိုင်ဖို့အတွက် အလွန်ကြီးကျယ်တဲ့
ကြံစည်ဆောင်ရွက်မှု၊ စွန့်လွှတ်မှုတို့ လိုအပ်ပါလိမ့်မယ်။ အကယ်၍ ဒီလို
မရှိဘူးဆိုရင်တော့ ကျွန်တော်တို့ဟာ မိမိတို့ရဲ့ ရည်ရွယ်ချက်မှာ အောင်မြင်မှု
မရနိုင်သေးပါဘူး။
 ဒါကြောင့် ဒီကိစ္စဟာ များစွာ စဉ်းစားဖို့၊ တွေးတောဖို့၊ ဝီရိယစိုက် လုပ်ဆောင်ဖို့
လိုအပ်ပါတယ်။ ဒီအတားအဆီးတွေကို ဖယ်ရှားသွားစေနိုင်မယ့် နည်းလမ်း
တွေကို ကျင့်သုံးတည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းတွေကို
လိုက်နာကျင့်သုံးလျက် ကျွန်တော်တို့အတွင်းမှာ ထိုအတားအဆီးတွေကို
ဖယ်ရှားနိုင်မယ့် စွမ်းအားတွေကို ရရှိပါလိမ့်မယ်။ ဒီစွမ်းအားတွေအားဖြင့်
တစ်ဖန် ကျွန်တော်တို့ဟာ မကောင်းမှုတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ဒီစွမ်းအားတွေကို ရရှိနိုင်ဖို့အတွက် ဟာဇရတ် မွတ်စ်လေမော်အူးဒ်(ရဒီ)က
အလွန် ကောင်းမွန်တဲ့အသွင်နဲ့ ရှင်းလင်းမိန့်ကြားတော်မူခဲ့ပါတယ်။ အကယ်၍
လက်တွေ့ပြုပြင်တည့်မတ်မှုအတွက် ဒီစွမ်းရည်(၃)ရပ်သာ လူသားထံမှာရှိခဲ့မယ်
ဆိုရင် အောင်မြင်သွားမှာ ဖြစ်ပါတယ်။ ထိုစွမ်းရည်(၃)ရပ်က (၁) ခိုင်မာသော
ရည်ရွယ်ချက်၊ (၂) မှန်ကန်ပြည့်ဝသော ပညာဗဟုသုတ၊ (၃)
လက်တွေ့လုပ်ဆောင်နိုင်စွမ်းတို့ဖြစ်ပါတယ်။ သို့သော် အမှန်တကယ်
အခြေခံကျတဲ့ စွမ်းရည်တွေက ခိုင်မာသော ရည်ရွယ်ချက်နှင့် လက်တွေ့
လုပ်ဆောင်နိုင်စွမ်း နှစ်ခုတည်းပါပဲ။ သူတို့နှစ်ခုကြားမှာရှိတဲ့ မှန်ကန်ပြည့်ဝသော
ပညာဗဟုသုတက ဒီအခြေခံကျတဲ့ စွမ်းရည်နှစ်ခုစလုံးအပေါ်မှာ သက်ရောက်မှု
ရှိပါတယ်။ ပညာဗဟုသုတမှန်ကန်ခြင်းက လက်တွေ့လုပ်ဆောင်နိုင်စွမ်းကိုလည်း
သက်ရောက်မှုရှိသလို ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းပေါ်မှာလည်း သက်ရောက်မှု
ရှိပါတယ်။
မည်သို့ဆိုစေ ဦးစွာ မှတ်သားထားရမှာက အခိုင်အမာ ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်း
နှင့် လက်တွေ့လုပ်ဆောင်နိုင်စွမ်းတို့သာလျှင် အခြေခံကျတဲ့ စွမ်းရည်နှစ်ရပ်
ဖြစ်ပြီး ယင်းနှစ်ခုက လက်တွေ့ပြုပြင်တည့်မတ်မှုအပေါ် တိုက်ရိုက်အကျိုးသက်
ရောက်မှု ရှိနေပါတယ်။ ကျွန်တော်တို့ဟာ ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းကို ပိုမိုခိုင်မာ
အောင် ပြုလုပ်ကြရမှာဖြစ်သလို လက်တွေ့လုပ်ဆောင်နိုင်သောစွမ်းရည်ထဲမှာ
ဝင်ရောက်နေတဲ့ အားနည်းချက်တွေကို ဖယ်ရှားကြရမှာဖြစ်ပါတယ်။ မကောင်းမှု
တစ်ခုခုကိုရပ်တန့်ဖို့အတွက် ကျွန်တော်တို့ထံမှာ ခိုင်မာတဲ့ ရည်ရွယ်ချက်ရှိပြီ
ဆိုတော့မှသာ ထိုမကောင်းမှုတွေက ရပ်တန့်သွားမှာ ဖြစ်ပါတယ်။ တစ်ဖန်
ကျွန်တော်တို့အတွင်းထဲက လက်တွေ့လုပ်ဆောင်နိုင်မှုစွမ်းရည်ထဲမှာ ပေါ်ပေါက်
 နေတဲ့ အားနည်းချက်တွေကို ဖယ်ရှားတော့မှသာလျှင် ရည်ရွယ်ချက်ခိုင်မာမှု
ကလည်း အသုံးဝင်လာမှာ ဖြစ်ပါတယ်။ ဒီလိုမရှိဘဲနဲ့တော့ ပြုပြင်တည့်မတ်မှု
ဖြစ်မလာနိုင်ပါဘူး။
ဒီရှုထောင့်အရ ကျွန်တော်တို့ရဲ့ ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းက ဘယ်လိုရှိသလဲလို့
ဆန်းစစ်ကြည့်တဲ့အခါ ဒီအပိုင်းမှာ အားနည်းချက် သိပ်မရှိပါဘူး။
ဘာကြောင့်လဲဆိုရင် ရည်ရွယ်ချက်အရတော့ ဂျမာအတ်အဖွဲ့ဝင်တိုင်းက မိမိတို့
အတွင်းမှာ တက္ကဝါ(ဖြူစင်ဖြောင့်မတ်ခြင်း)နှင့် သန့်ရှင်းစင်ကြယ်ခြင်းတရားတို့
ရှိလာစေရေး၊ အစ္စလာမ့်သွန်သင်မိန့်ကြားချက်များကို ဖြန့်ချိနိုင်ရေး၊ အလ္လာဟ်
အရှင်မြတ်၏ချစ်ခြင်းနှင့် အရှင်မြတ်နှင့်နီးစပ်ခွင့်ရရှိရေးတို့အတွက် ရည်ရွယ်
ချက် ရှိကြတာချည်းပါပဲ။
ဟာဇရတ် မွတ်စ်လေမော်အူးဒ်(ရဒီ)သခင်က ဒါနဲ့ပတ်သက်လို့ ဥပမာတစ်ခုဖြင့်
ရှင်းလင်းမိန့်ကြားတော်မူခဲ့ပါတယ်။ ဒီအချက်တွေအားဖြင့် သိနိုင်တာက
ကျွန်တော်တို့ရဲ့ ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းတွေက အင်အားရှိပေမဲ့လည်း
မှန်ကန်တဲ့ရလဒ်တွေတော့ ဖြစ်မလာပါဘူး။ ဒီလိုဖြစ်ရတာက အချက်နှစ်ခုထဲက
တစ်ခုကြောင့်ပါပဲ။ တစ်ခုက ကျင့်ကြံတည်ဆောက်မှုအတွက် ကျွန်တော်တို့
အတွင်းမှာ ရှိနေရမယ့် ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းက ရှိသင့်သလောက်
မရှိသေးလို့ပါပဲ။ ယုံကြည်မှုပိုင်းကို ပြုပြင်တည့်မတ်ဖို့အတွက် လိုအပ်တဲ့
ရည်ရွယ်ဆုံးဖြတ်နိုင် စွမ်းကတော့ ကျွန်တော်တို့အတွင်းမှာ ရှိပါတယ်။
ဒါကြောင့်လည်း ယုံကြည်မှုပိုင်းကို ပြုပြင်နိုင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့
ကျင့်ကြံတည်ဆောက်မှုဆိုင်ရာ ပြုပြင်တည့်မတ်ရေးအတွက် ထိုက်သင့်တဲ့
ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းက ကျွန်တော်တို့ထံမှာ မရှိဘူးဖြစ်နေပါတယ်။
ဒီလိုဆိုရင်တော့ ကျွန်တော်တို့ဟာ လက်တွေ့ပြုပြင်တည့်မတ်မှုအပိုင်းမှာ
အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒါမှမဟုတ်ရင်(နောက်တစ်ခုက) အလ္လာဟ့်အား
ယုံကြည်ကိုးကွယ်ဆည်းကပ်မှုဆိုတဲ့ အဗူဒီယတ်အပိုင်းမှာ ကျွန်တော်တို့တတွေ
အားနည်းချက်ရှိနေတယ်ဆိုတာကို လက်ခံရပါလိမ့်မယ်။ ဒါကြောင့်ပဲ လက်တွေ့
လုပ်ဆောင်နိုင်စွမ်းက ပျက်ပြယ်သွားပြီး ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းရဲ့
သက်ရောက်မှုကိုလည်း မခံယူနိုင်တော့ခြင်း ဖြစ်ပါတယ်။  
 (ဆိုလိုတာက ကျွန်တော်တို့ထံမှာရှိတဲ့ လက်တွေ့လုပ်ဆောင်နိုင်စွမ်းက ပျက်ပြယ်
သွားတာကြောင့် ရည်ရွယ်ဆုံးဖြတ်မှုစွမ်းရည်ကနေ အကျိုးသက်ရောက်မှုကို
မခံယူနိုင်တော့ခြင်း ဖြစ်ပါတယ်။) ဒါမှမဟုတ် ဒီစွမ်းအင်တွေကိုလက်ခံနိုင်ဖို့ရာ
လိုအပ်တဲ့အကူအညီတွေ၊ ထောက်ပံ့ပေးနေတဲ့အချက်တွေက အားနည်းလို့
ဖြစ်ပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ဟာ ခံယူနိုင်စွမ်း
သို့မဟုတ် လက်တွေ့လုပ်ဆောင်နိုင်စွမ်းတို့ဖြင့် ကုစားမှုမပြုသေးသရွေ့
ဘယ်လိုမှ အကျိုးဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။
ဥပမာ ကျောင်းသားတစ်ဦး ဆိုပါစို့။ သူဟာ ကျောင်းစာတွေကို ကျက်မှတ်ပေမဲ့
မမှတ်မိဘူး။ ဒီတော့ သူ့ရဲ့ မှတ်ဉာဏ်ပိုင်းကို တည့်မတ်မှုမပြုသေးသရွေ့ သူ့ကို
သင်ခန်းစာ ဘယ်လောက် သင်သည်ဖြစ်စေ၊ အကြိမ်ဘယ်လောက်များများ
ကျက်မှတ်ခိုင်းသည်ဖြစ်စေ၊ မှတ်မိစေဖို့အတွက် ဘယ်လောက်ပင် ကြိုးစားသည်
ဖြစ်စေ သူဟာ ဒီစာကို မှတ်မိနိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် မှတ်ဉာဏ်ကို
တည့်မတ်ပေးဖို့အတွက် အကြောင်းအချက်တွေကို လေ့လာရပါလိမ့်မယ်။
ဒီလိုအားဖြင့်သာ မှန်မှန်ကန်ကန် လမ်းညွှန်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်
သင်ခန်းစာကို ကျက်မှတ်ခိုင်းတဲ့ နည်းလမ်းကို ပြောင်းလဲကောင်း
ပြောင်းလဲရပါလိမ့်မယ်။
ပါကစ္စတန်ကျောင်းသား တော်တော်များများမှာ ဖြစ်နေတဲ့အကျင့်တစ်ခုက
ပေးသမျှသင်ခန်းစာတွေကို နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ
အလွတ်ကျက်မှတ်ထားလိုက်ပါတယ်။ ဒီလိုအလွတ်ကျက်မှတ်မှုအပိုင်းမှာတော့
သူတို့ဟာ အလွန် ထူးချွန်ကြပါတယ်။ စာအုပ်တစ်အုပ်လုံးနီးပါး၊ စကားလုံး
တစ်ခုချင်းစီကို မှတ်မိနေကြပါတယ်။ ဒါပေမဲ့ သူတု့ိဟာ အနောက်နိုင်ငံတွေရဲ့
ပညာရေးစနစ်အောက်ကို ရောက်တဲ့အခါမှာတော့ ဒီနိုင်ငံတွေရဲ့ ပညာရေးစနစ်
က သီးခြားဖြစ်ပါတယ်။ အရာရာကို နားလည်သိရှိပြီးတော့သာ သင်ကြားကြရ
ပါတယ်။ ဒီလိုကြောင့် အချို့အခါတွေမှာ ပါကစ္စတန်မှာ အဆင့်လျော့ပြီး
ရရှိခဲ့သူတွေက ဒီနိုင်ငံမှာ အဆင့်ကောင်းကောင်းရယူလျက် ဒီနိုင်ငံရဲ့
ပညာရေးစနစ်အောက်မှာ တစ်သားတည်း ဖြစ်သွားတာလည်း ရှိကြသလို
ဟိုနိုင်ငံမှာ အဆင့်ကောင်းကောင်းရခဲ့ပေမဲ့ ဒီနိုင်ငံမှာ အဆင့်လျော့သွားကြသူ
 တွေလည်း ရှိပါတယ်။ အချို့သော အခက်အခဲတွေကြောင့် ရဗ်ဝါမှာ
ဂျမာအတ်ရဲ့စာသင်ကျောင်းတွေကို အစိုးရဘုတ်အဖွဲ့မှ သီးခြားခွဲထားခဲ့ပါတယ်။
ပြီးတော့ ရဗ်ဝါရဲ့ ပညာရေးစနစ်ကလည်း သီးခြားဖြစ်ပါတယ်။ ဒီလိုကြောင့်
မူလက အစိုးရကျောင်း စာမေးပွဲတွေမှာ အဆင့်ကောင်းကောင်းတွေရခဲ့ပေမဲ့
ယခု ရဗ်ဝါရဲ့ ပညာရေးစနစ်မှာ မရနိုင်တော့ကြောင်း၊ မည်သို့ဖြစ်သွားရသည်ကို
နားမလည်နိုင်ကြောင်း စာရေးကြသူတွေလည်း ရှိပါတယ်။
ဒါကြောင့် အချို့အခါတွေမှာ ကောင်းစွာ မှတ်သားထားနိုင်စွမ်းမရှိခြင်းဟာ
မှတ်Óဏ်အားနည်းမှု တစ်ခုတည်းကြောင့်မဟုတ်ပါဘဲ အခြားသော
အကြောင်းအချက်တွေလည်း ရှိပါသေးတယ်။ အကယ်၍ မှတ်Óဏ်ကလည်း
အားနည်းနေမယ်ဆိုရင်တော့ ပိုပြီး ခက်ခဲသွားမှာ ဖြစ်ပါတယ်။ ကျက်မှတ်တဲ့
နည်းလမ်းကို ပြောင်းလဲပေးရတတ်ပါတယ်။ ယခုလို မှတ်Óဏ်နည်းပါးတဲ့
ကလေးငယ်တွေအတွက် ဒီ(အနောက်)နိုင်ငံတွေမှာတော့ သီးသန့် စာသင်
ကျောင်းတွေ ရှိပါတယ်။ အချို့အခါတွေမှာ ထိုကဲ့သို့ မှတ်Óဏ်အားနည်းတဲ့
ကလေးငယ်တွေကပဲ ပညာရေးမှာ ထူးချွန်သူတွေ ဖြစ်လာတတ်ပါတယ်။
မည်သို့ဆိုစေ မှန်ကန်တဲ့ နည်းလမ်းတစ်ခုကို မကျင့်သုံးသေးသရွေ့ လက်တွေ့
လုပ်ဆောင်နေမှုတွေကလည်း စိတ်ပူပင်စရာတွေဖြစ်လာပြီး အောင်မြင်မှု
မရနိုင်ဘဲရှိတတ်ပါတယ်။ ဒါကြောင့် အလုပ်တစ်ခုခုအတွက် လက်တွေ့နည်းနာ
တစ်ခုခုကို ချမှတ်လိုက်ပြီဆိုရင် ဦးနှောက်ကိုလည်း ထိုအတိုင်း ပုံသွင်းဖို့
လိုအပ်ပါလိမ့်မယ်။ ဒီလိုမရှိဘဲနဲ့တော့ အောင်မြင်မှုမရနိုင်ပါဘူး။ ဒါကြောင့်
ကျွန်တော်တို့ဟာ မိမိတို့ရဲ့ လက်တွေ့ပြုပြင်တည့်မတ်မှု အခြေအနေတွေ
အတွက်လည်း ထိုအကြောင်းအရာဘက်သို့ အာရုံပြုကြရမှာ ဖြစ်ပါတယ်။
ဦးနှောက်ရဲ့အစိတ်အပိုင်းတစ်ခုကို သက်ရောက်မှုရှိပြီဆိုတဲ့အခါ လက်တွေ့
လုပ်ဆောင်မှုကလည်း စတင်လာတာကြောင့် ကျွန်တော်တို့ရဲ့ ကောင်းမှုပြုဖို့
ရည်ရွယ်ချက်ဟာ ဦးနှောက်ရဲ့ ထိုအစိတ်အပိုင်းကို ဘာကြောင့် သက်ရောက်မှု
မရှိရတာလဲဆိုတာကိုပါ လေ့လာဆန်းစစ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ
ဒီလမ်းကြောင်းတစ်လျှောက်မှာ ဟန့်တားမှုပြုနေတဲ့ အတားအဆီးတွေကို
ဖယ်ရှားဖို့အတွက် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ပြီးတော့ အလ္လာဟ်အရှင်မြတ်
 အား ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးကွယ်ဆည်းကပ်မှုက ဘယ်အဆင့်မှာရှိသလဲ၊
ကျွန်တော်တို့ရဲ့ လက်တွေ့ကြိုးစားအားထုတ်မှုအပိုင်းမှာ ရည်စူးချက်
ကောင်းမြတ်မှု၊ ဖြူစင်သဒ္ဓါတရားရှိမှုနှင့် သစ္စာစောင့်သိမှုတို့က ဘယ်အတိုင်း
အတာထိ ရှိသလဲဆိုတာကိုလည်း ကြည့်ကြရမှာဖြစ်ပါတယ်။
ဒါကြောင့် လက်တွေ့ပြုပြင်တည့်မတ်မှုအပိုင်းမှာ ကာဆီးထားလျက်ရှိတဲ့
အဟန့်အတား နှစ်မျိုးရှိနေပါတယ်။ တစ်ခုက ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်း၌
အားနည်းခြင်းနှင့် နောက်တစ်ခုက လက်တွေ့လုပ်ဆောင်နိုင်စွမ်းတွင်
အားနည်းခြင်းတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အထက်မှာ တင်ပြခဲ့သလိုပဲ သူတို့နှစ်ခု
ကြားမှာရှိပြီး လက်တွေ့ပြုပြင်တည့်မတ်မှုကို လျော့နည်းစေတဲ့ နောက်ထပ်
အကြောင်းအရာတစ်ခုက ပညာဗဟုသုတအရာ၌ အားနည်းခြင်း ဖြစ်ပါတယ်။
သူက ထိုအကြောင်းအရာနှစ်ခုလုံးကို သက်ရောက်စေပါတယ်။ ဒါကို ကျွန်တော်
တို့ဟာ လက်တွေ့ဘဝမှာ မြင်နေကြရပါတယ်။ ရည်ရွယ်ချက်တွေဟာလည်း
ပညာကို အခြေခံပြီးတော့သာ ဖြစ်ပေါ်လာပါတယ်။ ဒါ့အပြင် ကျင့်ကြံ
တည်ဆောက်မှုကလည်း ပညာကို အခြေခံပြီးတော့သာ လုပ်ဆောင်လျက်
ရှိပါတယ်။ ဒါကို အခုလို ဥပမာဖြင့် သိနိုင်ပါတယ်။ အကယ်၍ လူတစ်ယောက်
က တပ်သားအင်အား ၁၀၀ဝ မျှရှိတဲ့ စစ်တပ်တစ်ခုက သူ့နေရပ်ကို တိုက်ခိုက်
တော့မယ်ဆိုတာကို မသိထားဘဲ တစ်စုံတစ်ဦးက လာရောက် တိုက်ခိုက်တော့
မယ်ဆိုရုံလောက်သာ သိထားမယ်ဆိုရင်၊ ဒါမှမဟုတ် တစ်ဦးနှစ်ဦးခန့်မျှ
လာရောက်တိုက်ခိုက်လိမ့်မယ်ဆိုပြီးသာ သိထားမယ်ဆိုရင် ဒီအတိုင်းအတာ
လောက်ထိပဲ သူဟာ ရင်ဆိုင်ဖို့ ပြင်ဆင်မှာ ဖြစ်ပါတယ်။ အကယ်၍ အခု
လာရောက်တိုက်ခိုက်တော့မှာက တပ်သားအင်အား ၁၀၀ဝ မျှ ရှိတယ်ဆိုတာကို
သူသိထားခဲ့မယ်ဆိုရင် အဲဒီအတွက် ပြင်ဆင်မှုက တစ်မျိုးဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ပညာဗဟုသုတနည်းပါးမှုကြောင့် အားနည်းချက်တွေ ဖြစ်ပေါ်နေ
ရခြင်းဖြစ်ပါတယ်။ ပြီးတော့ ယခုလို ပညာရဲ့စွမ်းပကားက ရည်ရွယ်လုပ်ဆောင်
နိုင်စွမ်းကို တိုးမြင့်စေပါတယ်။ 
ထိုနည်းတူစွာပဲ အချို့အခါတွေမှာ လူသားက အရာဝတ္ထုတစ်ခုခုကို မဖို့
ကြိုးစားပါတယ်။ အဲဒီအရာဝတ္ထုကို ပေါ့ပါးတဲ့အရာလို့ မှတ်ယူပေမယ့် အဲဒါက
 လေးလံတာကြောင့် မနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီအရာဝတ္ထုဟာ
လေးလံတယ်ဆိုတာကို တစ်ကြိမ်မျှလောက် သိလိုက်ရပြီဆိုရင် သူဟာ ပိုပြီး
အင်အားစိုက်ထုတ်လာပါတယ်။ မတဲ့ နည်းလမ်းကို ပြောင်းလဲတတ်ပါတယ်။
ဒီအခါမှာ မယူလိုက်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ ပြင်ပစွမ်းအား
တစ်ခုခုက သူ့ထံသို့ နောက်တစ်ကြိမ်မှာ ဝင်ရောက်လာတာမဟုတ်ပါဘူး။
တကယ်တော့ ဒါဟာ မှန်ကန်သင့်လျော်တဲ့ ပညာဗဟုသုတကြောင့် စွမ်းအားကို
ရရှိပြီး ထိုစွမ်းအားကို နည်းမှန်လမ်းမှန် အသုံးချလိုက်တဲ့အခါ အောင်မြင်သွား
ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ် ပေးသနားထားတော်မူတဲ့
အရည်အချင်း စွမ်းအားတွေကတော့ ရှိပြီးဖြစ်ပါတယ်။ ဒီ အရည်အချင်းနှင့်
စွမ်းအားတွေကို မှန်ကန်စွာ အသုံးချမယ်ဆိုရင် လုပ်ငန်းတွေက လွယ်ကူစွာ
ပြီးမြောက်သွားနိုင်ပါတယ်။ ဒါမှမဟုတ် အလွန် ကောင်းမွန်တဲ့ အသွင်နဲ့
အလုပ်ပြီးမြောက်သွားနိုင်တယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါဟာ ပညာကြောင့်
ဖြစ်ပေါ်လာရခြင်းပါပဲ။ အကယ်၍ အရည်အချင်းတွေကို မှန်မှန်ကန်ကန်
အသုံးမချဘူးဆိုရင် သာမန် အရေးကိစ္စတွေမှာပင်လျှင် ဆုံးရှုံးမှုဖြစ်သွား
နိုင်ပါတယ်။
ဒါကြောင့် ဤနေရာ၌ ကျင့်ကြံမှုဆိုင်ရာ အရည်အချင်းများကို လက်တွေ့ကျကျ
အသုံးချရန်နှင့် ကျင့်ကြံတည်ဆောက်မှုဆိုင်ရာ အားနည်းချက်များကို
ဖယ်ရှားရန်အတွက် ဒီအခြေခံသဘောကိုသာလျှင် လိုက်နာကျင့်သုံးကြရမှာ
ဖြစ်ပါတယ်။ ဒီအတွက် မိမိတို့ရဲ့ ပညာဗဟုသုတကို ကျယ်ပြန့်အောင် ပြုလုပ်ဖို့
လိုအပ်ပါလိမ့်မယ်။ ဒီလိုအားဖြင့် အဲဒီအတိုင်း လျော်ညီတဲ့ စွမ်းအားကို
အသုံးချလျက် မိမိတို့ရဲ့ အားနည်းချက်များကို အောင်နိုင်သွားစေဖို့ ဖြစ်ပါတယ်။
ဟာဇရတ် မွတ်စ်လေမော်အူးဒ်(ရဒီ)က ဒီအကြောင်းအရာတစ်ခုကိုလည်း
မိန့်ကြားတော်မူခဲ့ပါတယ်။ အလ္လာဟ်အရှင်မြတ်က လူသားအားလုံးထံမှာ
နှိုင်းယှဉ်ချိန်ထိုးကြည့်တတ်သော စွမ်းရည်တစ်ရပ်ကို ထည့်သွင်းပေးထား
ပါတယ်။ ဘယ်အလုပ်အတွက် အင်အားဘယ်လောက်လိုအပ်သလဲဆိုတာ
ချိန်ဆတတ်ပါတယ်။ ပြီးတော့ အင်အားဟူသမျှကလည်း လူသားထံမှာ
အပြင်ပိုင်းအရ ရှိမနေနိုင်ဘဲ သူ့ရဲ့ဦးနှောက်အတွင်းမှာ ကိန်းအောင်းလျက်သာ
 ရှိနေပါတယ်။ ဒီလိုကြောင့် အလုပ်တစ်ခုကို တစ်ကြိမ်တစ်ခါလောက် ဖြစ်စေ
မလုပ်ဖူးသေးဘူးဆိုရင်၊ ဥပမာ- အလေးမခြင်းကို ကြည့်မယ်ဆိုရင် အကယ်၍
ထိုအလေးကို မမနိုင်ဘူးဆိုရင် လူသားက ဦးနှောက်သို့ နောက်ထပ်
အင်အားများ ပို့ဆောင်ဖို့ရာ သတင်းပို့ပါတယ်။ စွမ်းအားရောက်လာတဲ့
အခါမှသာ ထိုပစ္စည်းကို မယူဖို့ရာ လွယ်ကူသွားပါတော့တယ်။ ပြီးတော့ ဒီ
နှိုင်းယှဉ်တတ်သော စွမ်းရည်ကလည်း အတွင်းပိုင်း အသိပညာဖြစ်စေ၊ ပြင်ပမှ
အသိပညာဖြစ်စေ ပညာအားဖြင့်သာလျှင် ရရှိပါတယ်။ အတွင်းပိုင်း
အသိပညာဆိုတာက အတွေ့အကြုံ ဖြစ်ပါတယ်။ ပြင်ပမှ အသိပညာဆိုတာက
မိမိနားသို့ သက်ရောက်လာတဲ့ ပြင်ပမှ အသံကိုဆိုလိုခြင်း ဖြစ်ပါတယ်။
အထက်မှာပြခဲ့တဲ့ ဥပမာအတိုင်းပါပဲ။ ပြင်ပမှ တိုက်ခိုက်လာတော့မှာဖြစ်
ကြောင်း ပြင်ပအသံတွေက လူသားကို သတိပေးပါတယ်။ ဒါပေမယ့်
အလေးမခြင်းဥပမာအရ အဲဒီအတွက် နှိုင်းယှဉ်တတ်သောစွမ်းရည်က ကိုယ်တိုင်
ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ မူလက ထိုအလေးကို မယူကြည့်ဖူးခြင်းမရှိတာ
ကြောင့် ပေါ့ပါးတဲ့ အရာတစ်ခုလို့ ထင်ခဲ့မယ်။ ၁ဝ ကီလို အလေးကို ၅ ကီလို
အဖြစ် ယူဆပြီး အင်အားနည်းနည်းသာ သုံးမယ်။ ယခု ထိုအလေးကို
မဖို့အတွက် ၁ဝ ကီလို အလေးနဲ့ညီမျှတဲ့ စွမ်းအားကို စိုက်ထုတ်မယ်ဆိုရင်
မလိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒီအခြေခံသဘောကို မျက်မှောက်ပြုထားမယ်ဆိုရင်
ဘယ်သောအခါမဆို လူသားဟာ ကျင့်ကြံတည်ဆောက်မှုပိုင်းဆိုင်ရာကို
တည့်မတ်ဖို့ ရပ်ပြီဆိုတာနဲ့ နှိုင်းယှဉ်ဝေဖန်မှုစွမ်းရည်က မိမိဟာ ယခု
ကြိုးစားရုန်းကန်ဖို့အတွက် အင်အား အဘယ်မျှလိုအပ်မယ်ဆိုတာကို ဆုံးဖြတ်ရ
ပါတယ်။ 
အချို့အခါတွေမှာ မှန်ကန်တဲ့အသိပညာမရှိမှုကြောင့် လူသားဟာ
ကျင့်ကြံတည်ဆောက်မှုတွေကို တည့်မတ်မှုမပြုနိုင်ဘဲဖြစ်တတ်ပါတယ်။ ပြီးတော့
နှိုင်းယှဉ်ဝေဖန်တတ်ခြင်းကလည်း ပညာမရှိမှုကြောင့် လူသားဟာ လက်တွေ့
ပြုပြင်တည့်မတ်မှုအတွက် စွမ်းအားဘယ်လောက်လိုအပ်သလဲဆိုတာ သူ့ကို
မှန်ကန်တဲ့ သတင်းတွေကို မပေးနိုင်ပါဘူး။ ဒါကြောင့် နှိုင်းယှဉ်ဝေဖန်တတ်မှု
စွမ်းရည်က လူသားကို သတိမူစေပါတယ်။ ပြီးတော့ ဒီစွမ်းရည်ကပဲ သူ့ရဲ့
 ပညာမဲ့မှုကြောင့် သူ့ကို မေ့လျော့ပေါ့တန်သူလည်း ဖြစ်သွားစေပါတယ်။
အရာဝတ္ထု တစ်ခုခုနဲ့ပတ်သက်လို့ မှန်ကန်တဲ့ အသိပညာရှိလာတော့မှသာလျှင်
နှိုင်းယှဉ်ဝေဖန်နိုင်စွမ်းက ဖြစ်ပေါ်လာပါတယ်။ အကယ်၍ အသိပညာရှိလာပြီ
ဆိုရင် ဘယ်လို လုပ်ရမယ်၊ ဘယ်လို အသုံးချရမယ်ဆိုတာကို ဒီစွမ်းရည်က
သတိပေးပါလိမ့်မယ်။ ပညာမရှိဘူးဆိုရင် လူသားဟာ ထိုအလုပ်ကို
လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။
တစ်ဖန် ယခုလို အသိပညာမဲ့မှုကြောင့် ဒါမှမဟုတ် မှန်ကန်သင့်မြတ်တဲ့
ပညာမရှိမှုကြောင့် လူသားဟာ အပြစ်ကျူးလွန်လိုက်တတ်ပါတယ်။ ဥပမာ-
အပြစ်ငရဲဘက်သို့ ချဉ်းကပ်နေတဲ့ လူ့အသိုင်းအဝိုင်းမှာ ကလေးငယ်တစ်ဦးဟာ
မွေးဖွားကြီးပြင်းလာတဲ့အခါ၊ ပြီးတော့ သူတို့ရဲ့ စကားဝိုင်းဟူသမျှမှာ မုသားမသုံး
ဘဲ လောကမှာ အသက်မရှင်နိုင်ဘူးလို့ပြောဆိုတဲ့ စကားသံတွေကို မပြတ်ကြား
နေရမယ်ဆိုပါစို့။ 
ဒီနေရာမှာ ကျွန်တော် တစ်ခု ပြောလိုပါသေးတယ်။ ဒီနိုင်ငံမှာ ခိုလှုံခွင့်
တောင်းတဲ့သူတွေ ရှိပါတယ်။ ဒါပေမဲ့ အများစုရဲ့ ဦးနှောက်ထဲမှာ စွဲထင်နေတာ
က ရှည်လျားတဲ့ အကြောင်းပြချက်တွေ၊ ပုံပြင်တွေကိုမပြောဘဲနဲ့ လိမ်ညာပြော
ဆိုမှုမပြုဘဲနဲ့ သူတို့ရဲ့ အရေးကိစ္စတွေ မပြေလည်နိုင်ဘူးလို့ ယူဆထားကြ
ပါတယ်။ တကယ်တော့ ကျွန်တော် အကြိမ်ကြိမ် ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
အကယ်၍ အတိုချုံးပြီး မှန်မှန်ကန်ကန် ပြောမယ်ဆိုရင် အရေးကိစ္စက
အမြန်ဆုံး ပြေလည်သွားမှာ ဖြစ်ပါတယ်။ ဒီလို အဖြစ်အပျက်
တော်တော်များများ ကျွန်တော့်ထံသို့ ရောက်လာတာကို တွေ့ခဲ့ရပြီးပါပြီ။
လူတော်တော်များများက မိမိတို့ဟာ အတိုချုံးပြီး မှန်မှန်ကန်ကန်
ပြောခဲ့တာကြောင့် ရက်အနည်းငယ်အတွင်းမှာပဲ ပြေလည်သွားခဲ့ကြောင်း
ပြောကြပါတယ်။ စိတ်ဖိစီးမှုကို မခံနိုင်၍ဖြစ်ကြောင်း၊ အချိန်တိုင်းမှာ မိမိတို့
အတွက်ရော ကလေးများအတွက်ပါ စိုးရိမ်နေရကြောင်း၊ များစွာသော
ပူပင်သောကဖြစ်စရာများရှိကြောင်း၊ ကလေးငယ်များအဖို့ ကျောင်းသို့
မသွားရောက်နိုင်ကြောင်း၊ ကျောင်းတွေမှာ ကလေးတွေကို ဒုက္ခပေးကြောင်း
 စသဖြင့် တင်ပြစရာ စကားတွေအများကြီး ရှိပါတယ်။ ဖိုင်တွဲအများစုဟာ
ဒီလိုပြောလိုက်တာနဲ့တင် ပြေလည်သွားခဲ့ပါတယ်။ 
ဒါကြောင့် အမှန်တရားပေါ်မှာပဲ ရပ်တည်နေကြရမှာ ဖြစ်ပါတယ်။ တစ်ဖန်
အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကိုးစားမှုလည်း ရှိရမှာ ဖြစ်ပါတယ်။ မိမိတို့ဟာ
သက်ဆိုင်ရာကို မည်သို့ ယုံကြည်အောင် ပြောခဲ့ကြောင်း စတဲ့ မမှန်ကန်တဲ့
ပြောဆိုခဲ့မှုတွေကို ကလေးငယ်တွေရှေ့မှာ ပြောမယ်ဆိုရင် ကလေးတွေကလည်း
အခုလို လိမ်ညာပြောဆိုခြင်းဟာ မည်သို့မျှ အပြစ်မထိုက်ဘူး၊ အခုလို
လိမ်ညာမပြောရင် အရေးကိစ္စတွေက ပြေလည်မှာမဟုတ်ဘူး၊ ငါတို့
အကျိုးအမြတ်ရနိုင်မှာ မဟုတ်ဘူး၊ အခုလို လိမ်ညာမှုကသာ အောင်မြင်မှု
အားလုံးရဲ့သော့ချက်ပဲလို့ ယူဆသွားတတ်ပါတယ်။ ပြီးတော့ ကလေးငယ်က
ဒီခေတ်ကာလမှာ အမှန်ပြောတဲ့သူကရော ဘယ်သူရှိလို့လဲ၊ လိမ်ညာမပြောဘဲနဲ့
မအောင်မြင်နိုင်ဘူး စသဖြင့် ဦးနှောက်မှာ စွဲထင်သွားတတ်ပါတယ်။
တကယ်တော့ ဒါတွေဟာ လူကြီးတွေရဲ့ ပြောဆိုသံတွေကြောင့် ကလေးတွေ
ထံမှာ ဖြစ်ပေါ်လာတဲ့ အယူအဆတွေသာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ရဲ့
အသိပညာမှာလည်း လိမ်ညာပြောဆိုခြင်းဟာ ကြီးလေးတဲ့ အပြစ်မဟုတ်ပါဘူး
ဆိုပြီး တွေးထင်လိုက်ပါတယ်။ ရလဒ်က ဘယ်လိုရှိလာမလဲဆိုတာ ရှင်းပါတယ်။
သူဟာ ကြီးပြင်းလာတဲ့အခါ မုသားပြောဖို့ အခွင့်အရေး ရပြီဆိုတာနဲ့ သူဟာ
မိမိရဲ့ နှိုင်းယှဉ်ဝေဖန်တတ်မှု စွမ်းရည်ထံမှ ဒီမုသားကို အထောက်အကူပြုတဲ့
ဆုံးဖြတ်ချက်တစ်ခုကို တောင်းပါလိမ့်မယ်။ ဒီအခါမှာ သူ့ရဲ့ နှိုင်းယှဉ်ဝေဖန်
တတ်မှု စွမ်းရည်က သူလိုချင်တဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်းပေးပါလိမ့်မယ်။
စိုးရိမ်ဖွယ်အခြေအနေကို ရောက်နေပြီ၊ ဒါကြောင့် မုသားစကားကို သုံးလိုက်ပါ၊
ဘာမျှ အပြစ်မရှိပါဘူးဆိုပြီး ဆုံးဖြတ်ချက်ပေးပါလိမ့်မယ်။ အကယ်၍
ကလေးငယ်က မိမိရဲ့ပတ်ဝန်းကျင်မှာ အတင်းအဖျင်းပြောဆိုမှုကို တွေ့တယ်
ဆိုရင် သူဟာ ကြီးပြင်းလာတဲ့အခါ သူ့ရှေ့မှာ အတင်းအဖျင်းပြောဆိုဖို့
အခါအခွင့်ကိုရပြီဆိုတာနဲ့ မိမိအနေနဲ့ အတင်းအဖျင်းပြောလိုက်ခြင်းအားဖြင့်
အကျိုးရှိနိုင်မယ်လို့ တွေးထင်တဲ့အခါ သူ့ရဲ့ နှိုင်းယှဉ်ဝေဖန်တတ်မှု စွမ်းရည်က
သူ့ကို အသင့်ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးက အတင်းအဖျင်းပြောနေကြတာပဲ၊
 အသင်လည်းပဲ ပြောလိုက်တော့ ဘာများအပြစ်ဆိုစရာရှိသလဲဆိုပြီး ဆုံးဖြတ်
ချက်ပေးပါလိမ့်မယ်။ တစ်နည်းအားဖြင့် ဒီလုပ်ရပ်ဟာ  အပြစ်ဖြစ်တယ်ဆိုတာ
ကို သိပေမယ့် ကြီးမားတဲ့ အပြစ်မဟုတ်ဘူးလို့ ယူဆထားခြင်း ဖြစ်ပါတယ်။ 
ဒါနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ခွတ္တဘာတစ်ပုဒ်မှာလည်း တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
လက်တွေ့ပြုပြင်တည့်မတ်မှုအပိုင်းမှာ အလွန်ကြီးမားတဲ့ အတားအဆီးတစ်ခုက
အချို့သော မကောင်းမှုတွေက ကြီးလေးသော အပြစ်ရှိပြီး အချို့က သေးငယ်
တယ်၊ ဒီလိုသေးငယ်တဲ့ မကောင်းမှုကို ပြုလုပ်ခြင်းအားဖြင့် မည်သို့မျှ ဆုံးရှုံးမှု
မဖြစ်နိုင်ကြောင်း ယူဆခြင်းပဲ ဖြစ်ပါတယ်။ လူသားဟာ မကောင်းမှုတစ်ခုကို
ပြုလုပ်လိုက်တဲ့အခါ ထိုမကောင်းမှုတွေကို စွန့်လွှတ်ဖို့ရာ ခက်ခဲသွားပါတော့
တယ်။ လူသားထံမှာ နှိုင်းယှဉ်ဝေဖန်တတ်တဲ့ စွမ်းရည်ရှိပေမဲ့ သူ့ကို
ပတ်ဝန်းကျင်ကပေးလိုက်တဲ့ လွဲမှားတဲ့ အသိပညာကြောင့် လူသားကို
မကောင်းမှုအပေါ် အောင်နိုင်လွှမ်းမိုးနိုင်လောက်အောင် စွမ်းအားတွေကို
မပေးနိုင်တော့ပါဘူး။
အထက်မှာ အလေးမခြင်း ဥပမာကဲ့သို့ပါပဲ။ အားနည်းသူတစ်ဦးက
အလေးတစ်ခုကို မမနိုင်ဘူး၊ နောက်ပိုင်းမှာ ဦးနှောက်က ပိုမိုတဲ့ အလေးချိန်ကို
မဖို့ စွမ်းအားတွေကို ပို့ပေးတဲ့အခါ ထိုလက်နှစ်ဖက်ကပင် ထိုသည့် ပိုမိုတဲ့
အလေးချိန်ကို မနိုင်သွားပါတော့တယ်။ သို့သော် အကယ်၍ လူသားရဲ့
နှိုင်းယှဉ်ဝေဖန်တတ်မှု စွမ်းရည်က ဦးနှောက်ထံသို့ ဒီအမိန့်ကိုု မပို့ဘူးဆိုရင် ထို
အလေးကို မနိုင်မှာ မဟုတ်ပါဘူး။ ထိုနည်းတူစွာပဲ မကောင်းမှုတွေကို
ဖယ်ရှားဖို့ရာလည်း ဒီအခြေခံအချက်တွေလိုပဲ ဖြစ်ပါတယ်။ မကောင်းမှုတွေကို
ဖယ်ရှားနိုင်တဲ့ စွမ်းရည်ဟာ လူသားထံမှာ ရှိပါတယ်။ ဒါပေမဲ့ မကောင်းမှုက
ရှေ့သို့ရောက်လာတဲ့အခါ၊ ပြီးတော့ နှိုင်းယှဉ်ဝေဖန်တတ်မှု စွမ်းရည်က ဒီ
မကောင်းမှုမှာ ဘာများ အပြစ်ဆိုစရာရှိပါသလဲ၊ အလွန်သေးငယ်တဲ့
အပြစ်ကလေးပဲ၊ ဒီလိုပြုလုပ်ခြင်းအားဖြင့် အကျိုးအမြတ် ကောင်းကောင်းရမှာပဲ
ဆိုပြီး တွေးဆမိလိုက်တဲ့အခါ အပြစ်တွေကိုတွန်းလှန်ဖယ်ရှားနိုင်တဲ့စွမ်းအားကို
ဦးနှောက်က ပို့လွှတ်မှာမဟုတ်တော့ပါဘူး။ ဒါမှမဟုတ် ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်း
 သေဆုံးသွားတယ်လို့ ပြောနိုင်ပါတယ်။ ဒီလိုအားဖြင့် အပြစ်ကျူးလွန်မိ
လျက်သား ဖြစ်သွားပါတော့တယ်။
ဒီလိုကြောင့် လက်တွေ့ပြုပြင်တည့်မတ်ရေးအတွက် အကြောင်းအရာ (၃)ရပ်
အခိုင်အမာရှိဖို့ လိုအပ်ပါတယ်။ (၁) ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်း ခိုင်မာဖို့
လိုအပ်တယ်။ (၂) ကျယ်ပြန့်တဲ့ အသိပညာရှိဖို့ လိုအပ်တယ်။ (၃) လက်တွေ့
လုပ်ဆောင်နိုင်စွမ်းမှာ အင်အားဖြည့်တင်းဖို့ လိုအပ်ပါတယ်။ 
တစ်ဖန် ပညာဗဟုသုတ ကျယ်ပြန့်ခြင်းကလည်း ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းရဲ့
အစိတ်အပိုင်းတစ်ခု ဖြစ်တယ်ဆိုတာကို မှတ်ထားပါ။ ဘာကြောင့်လဲဆိုရင်
အသိပညာပိုင်း တိုးလာသည်နှင့်အမျှ ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းကလည်း
တိုးလာပါတယ်။ ဒီလိုအားဖြင့် လက်တွေ့ကျင့်သုံးတည်ဆောက်ဖို့ရာ
အသင့်ဖြစ်သွားစေတယ်လို့လည်း ပြောနိုင်ပါတယ်။
ဒီအကြောင်းအရာအားလုံးရဲ့ အနှစ်ချုပ်ကတော့ လက်တွေ့ပြုပြင်တည့်မတ်မှု
အတွက် ကျွန်တော်တို့ဟာ အကြောင်းအရာ (၃)ခုကို လိုအပ်ပါတယ်။ (၁)
ကြီးမားတဲ့လုပ်ငန်းတွေကို လုပ်ဆောင်နိုင်စွမ်းရှိဖို့အတွက် ရည်ရွယ်ဆုံးဖြတ်
နိုင်တဲ့စွမ်းအားလိုအပ်ပါတယ်။ (၂) မိမိရဲ့ရည်ရွယ်ဆုံးဖြတ်နိုင်မှု စွမ်းရည်က
တာဝန်ဝတ္တရားကို သိမြင်နားလည်လာနိုင်စေလောက်သည့် ကျယ်ပြန့်သော
အသိပညာ လိုအပ်ပါတယ်။ ဒီလိုအားဖြင့် ဘယ်ဟာက အမှန်၊ ဘယ်ဟာက
အမှားဆိုတာကို ဝေဖန်ပိုင်းခြားနိုင်ပြီး အမှန်ကို ထောက်ခံနိုင်မှာ ဖြစ်ပါတယ်။
ဒါတင်မက ယင်းအတိုင်း လိုက်နာကျင့်သုံးဖို့အတွက် အပြည့်အဝ အားစိုက်
ထုတ်မှာ ဖြစ်ပါတယ်။ မေ့လျော့ပေါ့ဆမှုထဲမှာနေလျက် လူသားဟာ စဉ်းစား
ဆင်ခြင်နိုင်စွမ်းကို သတ်ပစ်လိုက်တာမျိုး မဖြစ်စေရပါဘူး။ 
(၃) လက်တွေ့လုပ်ဆောင်နိုင်စွမ်း လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ခာကိုယ်
အစိတ်အပိုင်းတွေက ကျွန်တော်တို့ ရည်ရွယ်ထားတဲ့အတိုင်း လျှောက်လှမ်းမှု
ဖြစ်စေရမယ်။ မကောင်းသော အတွေးများနောက်သို့မလိုက်စေဘဲ ကောင်းမြတ်
တဲ့ ရည်ရွယ်ချက်များနောက်သို့ လိုက်စေခြင်းဖြစ်ရပါမယ်။ ယင်း ကောင်းမြတ်
သော ရည်ရွယ်ချက်၏အမိန့်ပေးမှုကို မဆန့်ကျင်စေရပါဘူး။ ဒီအကြောင်း
 အချက်တွေက မကောင်းမှုများမှ လွတ်မြောက်စေရန်နှင့် လက်တွေ့ပြုပြင်
တည့်မတ်ရေးအတွက် အခြေခံကျတဲ့ အချက်များ ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ မိမိတို့ရဲ့ ရည်ရွယ်ဆုံးဖြတ်နိုင်သောစွမ်းရည်ကို အလွန်
ထက်မြက်ပြီး မိမိရဲ့အမိန့်တစ်ခုကို မိမိ အာဏာ၊ စွမ်းရည်နှင့် အထောက်
အထားများဖြင့် တစ်ပါးသူကို မဖြစ်မနေ လက်ခံလာအောင် ပြုလုပ်နိုင်စွမ်းရှိတဲ့
အရာရှိတစ်ဦးကဲ့သို့ ဖြစ်စေရပါမယ်။ သူဟာ မည်သို့သော အကြောင်းပြချက်
ကိုမှ မိမိအပေါ် လွှမ်းမိုးမှုမခံသူဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကြီးလေးသော
အပြစ်၊ သေးငယ်သောအပြစ် စသဖြင့် စိတ်ဖြေသဘောနဲ့ ကိုယ်ပိုင် ဖွင့်ဆိုထား
ချက်တွေရဲ့ လွှမ်းမိုးနေမှုကနေ တားဆီးရမှာဖြစ်ပါတယ်။ နှိုင်းယှဉ်ဝေဖန်တတ်
သော စွမ်းရည်၏ မှားယွင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မအောင်မြင်မှုတွေကနေ
မှန်ကန်သော အသိပညာက ကျွန်တော်တို့ကို ကာကွယ်ပေးပါလိမ့်မယ်။
လူသားဟာ ကြီးသောအပြစ်၊ ငယ်သောအပြစ်ဆိုတဲ့ အယူအဆထဲမှာ
ရောက်နေတဲ့အခါ သူဟာ ပြုပြင်တည့်မတ်မှုအခွင့်အရေးကို လက်လွတ်ဆုံးရှုံးရ
တတ်ပါတယ်။ အချို့အခါတွေမှာ ပညာမဲ့မှုကြောင့် ရည်ရွယ်ဆုံးဖြတ်နိုင်သော
စွမ်းရည်က ဘာလုပ်ရမလဲ၊ ဘာလုပ်သင့်သလဲဆိုတာ အဆုံးအဖြတ် မပေးနိုင်ဘဲ
ဖြစ်တတ်ပါတယ်။ ထိုနည်းတူစွာပဲ လက်တွေ့လုပ်ဆောင်နိုင်စွမ်းက ခိုင်မာမှုရှိခဲ့
မယ်ဆိုရင် သူဟာ ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းရဲ့ သေးငယ်တဲ့ ညွှန်ပြချက်ကလေး
ကိုပင် လုပ်ဆောင်လိုက်မှာ ဖြစ်ပါတယ်။ 
ဒါရဲ့ ဥပမာအဖြစ် မွတ်စ်လေမော်အူးဒ်(ရဒီ)သခင်က အခုလို မိန့်ကြား
တော်မူပါတယ်။ မှတ်သားထားရမှာက- လက်တွေ့လုပ်ဆောင်နိုင်စွမ်း
လျော့နည်းခြင်း နှစ်မျိုးနှစ်စားရှိတယ်။ အမှန်တကယ် အင်အားနည်းမှုနှင့်
အမှန်တကယ်မဟုတ်သော အင်အားနည်းမှုတို့ဖြစ်တယ်။ အမှန်တကယ်
မဟုတ်သော အင်အားနည်းမှုမှာ- အင်အားရှိပါလျက်နှင့် အလေ့အထကြောင့်
သံချေးတက်နေခြင်း ဖြစ်ပါတယ်။ အမှန်တကယ်ဖြစ်သော အင်အားနည်းမှုမှာ-
ရှည်လျားသောကာလတစ်ခုကြာမျှအထိ အသုံးမပြုခြင်းကြောင့် အသေကောင်
 အလားဖြစ်သွားပြီး သူ့အတွက် ပြင်ပမှအကူအညီနှင့် အမှီအတွယ်လိုအပ်လာတဲ့
အခြေအနေကို ဆိုလိုပါတယ်။ 
အမှန်တကယ်မဟုတ်သော အင်အားနည်းမှုအတွက် ဥပမာကတော့-
လူတစ်ယောက်ဟာ ၄ဝ ကီလိုရှိတဲ့ ဝန်ထုပ်တစ်ခုကို မနိုင်သည့်အင်အား ရှိ
သော်လည်း အလုပ်လုပ်ကိုင်သော အလေ့အကျင့်မရှိတာကြောင့် သူ့အား
ထိုဝန်ထုပ်ကို မဖို့ပြောတဲ့အခါ စိုးရိမ်မှု ဖြစ်လာပါတော့တယ်။ ဒီလိုလူဟာ
အကယ်၍ မိမိရဲ့ အတွင်းသဘောကို ဖိအားပေးမယ်ဆိုရင် သူဟာ
ဝန်ထုပ်ဝန်ပိုးကို မယူဖို့ အရည်အချင်း ရှိလာမှာဖြစ်ပါတယ်။ ထိုကိစ္စမှာ သူဟာ
အောင်မြင်သွားမှာ ဖြစ်ပါတယ်။
ထို့နောက် အမှန်တကယ် အင်အားနည်းမှုရဲ့ ဥပမာက- လူတစ်ယောက်ဟာ
ရှည်လျားတဲ့ကာလတစ်ခုထိ အလုပ်မလုပ်တော့တာကြောင့် အလုပ်လုပ်ဖို့ရာ
သူ့ထံမှာ စွမ်းရည်ပင် မရှိတော့တဲ့အထိ ဖြစ်ပါတယ်။ သူ့ထံမှာ ၁ဝ ကီလို၊ ၂ဝ
ကီလို ထက်ပိုပြီး မနိုင်တဲ့ စွမ်းအား မရှိတော့ပါဘူး။ ဒီလိုလူကို ဒီထက်ပိုမိုတဲ့
အလေးကို မနိုင်ဖို့ရာအတွက် အကူတစ်ယောက်ပေးရမှာ ဖြစ်ပါတယ်။ သူ့ကို
ပြုပြင်ဖို့အတွက် အခြားနည်းလမ်းတွေကို ကျင့်သုံးရတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့
ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင်ဖို့အတွက်၊ သူ့ရဲ့ လက်တွေ့လုပ်ဆောင်နိုင်
စွမ်းကို မြှင့်တင်ဖို့အတွက် စဉ်းစားရတော့မှာ ဖြစ်ပါတယ်။
အချုပ်အားဖြင့် စွမ်းအားအရည်အချင်းတို့ စုစည်းတည်ရှိမှုမရှိဘူးဆိုရင်
ထိုအချိန်ကာလမျိုးမှာ လုပ်ငန်းဖြစ်မြောက်ဖို့အတွက် ပြင်ပက အထောက်အပံ့
တွေကို အသုံးပြုရတတ်ပါတယ်။ ကျင့်ကြံတည်ဆောက်မှုဆိုင်ရာ ပြုပြင်
တည့်မတ်ရေးကလည်း ဒီအခြေအနေအတိုင်းပါပဲ။ လူပုဂ္ဂိုလ်အသီးသီးအတွက်
မတူညီတဲ့ ကုသနည်း အမျိုးမျိုး လိုအပ်ပါတယ်။ လူတိုင်းအတွက် ကုသနည်းက
တစ်မျိုးတစ်စားတည်းတော့ မဟုတ်ပါဘူး။ အချို့အတွက်က သူတို့ထံမှာ
ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းကို ပေါက်ဖွားလာအောင် ပြုလုပ်ရသလို၊ အချို့ကိုတော့
လက်တွေ့လုပ်ဆောင်နိုင်စွမ်းကို မွေးဖွားပေးရပါတယ်။ အချို့ကျပြန်တော့
အလုပ်တာဝန်က သူ့ရဲ့ စွမ်းအား၊ ခံနိုင်ရည်ထက် ပိုမိုနေတာကြောင့်
 ပြင်ပအကူအညီကို လိုအပ်တဲ့အခါ ပတ်ဝန်းကျင်က မိမိတို့ရဲ့ အခန်းကဏ္ဍကို
ဖြည့်ဆည်းပေးရပါတယ်။ ဂျမာအတ်ကလည်း မိမိရဲ့ အခန်းကဏ္ဍကို
ဖြည့်ဆည်းပေးရပါတယ်။ လက်အောက်ခံအစည်းအရုံးတွေက မိမိတို့
အခန်းကဏ္ဍကို ဖြည့်ဆည်းကြရပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ လက်တွေ့ပိုင်း ပြုပြင်တည့်မတ်မှုအတွက်
ဒီအကြောင်းအချက်တွေကို ဂရုပြုကြဖို့ လိုအပ်ပါတယ်။ ဒီအကြောင်းအရာ
တွေကို ပေါက်ဖွားလာအောင်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ မိမိတို့ရဲ့
ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းကို ခိုင်မြဲအောင် ပြုလုပ်ဖို့လိုအပ်ပါတယ်။ လက်တွေ့
လုပ်ဆောင်နိုင်စွမ်းကို ခိုင်မြဲအောင်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုအားဖြင့်
ကျွန်တော်တို့ဟာ ဟာဇရတ် မဆီဟ်မော်အူးဒ်(အ)သခင်ကြီး ပွင့်ပေါ်ရခြင်းရဲ့
ရည်ရွယ်ချက်ကို ဖြည့်ဆည်းကြသူတွေ ဖြစ်နိုင်ကြပါလိမ့်မယ်။ ဒါ့အပြင်
အလ္လာဟ်အရှင်မြတ်ပေးသနားတော်မူတဲ့ ကျွန်တော်တို့ထံမှာရှိတဲ့ အရည်အချင်း
စွမ်းအားတွေကလည်း သံချေးတက်ပြီး ပျက်သုဉ်းမသွားစေဖို့ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ ထပ်တိုး အကျယ်ရှင်းလင်းချက်ကိုတော့ (အင်ရှာအလ္လာဟ်)
နောက်ပိုင်းမှာ တင်ပြသွားပါ့မယ်။
နောက်ဆုံးအနေနဲ့ ဟာဇရတ် မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့ မိန့်ကြားချက်
တစ်ခုကို တင်ပြပါ့မယ်။ သခင်ကြီး မိန့်ကြားတော်မူသည်မှာ-
အလ္လာဟ်အရှင်မြတ်ထံတော်မှ ပြုပြင်တည့်မတ်မှုကို တောင်းခံခြင်းနှင့်
မိမိ၌ရှိသော စွမ်းရည်များကို အသုံးချခြင်းတို့သာလျှင် အီမာန်(ယုံကြည်မှု)၏
နည်းနာများဖြစ်၏။ 
ဒါကြောင့် အလ္လာဟ်အရှင်မြတ်ထံတော်မှ ပြုပြင်တည့်မတ်နိုင်စွမ်းကို
တောင်းခံလျက် မိမိတို့ရဲ့ ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းကို ဒိုအာ ဆုတောင်းခြင်းဖြင့်
ခိုင်မာအောင် ပြုလုပ်ကြရပါမယ်။ ဒါ့အပြင် မိမိတို့စွမ်းရည်ကို
စိုက်ထုတ်သုံးစွဲခြင်းကသာလျှင် ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းနှင့် လက်တွေ့
လုပ်ဆောင်နိုင်စွမ်းတို့ကို ဖော်ကျူးခြင်းဖြစ်ပါတယ်။ အကြင်အခါ ဒီလို
ဖော်ကျူးမှုက မြင့်မားသောအဆင့်သို့တိုင်ရောက်ပြီဆိုရင်၊ ဒါသာလျှင် အီမာန်
 ဖြစ်ပါတယ်။ အဲဒီနောက်မှာ လူသားဟာ လုပ်ငန်းဟူသမျှကို
အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုအတွက် ပြုလုပ်ဆောင်ရွက်ပါ
တော့တယ်။ ပြီးတော့ သူဟာ အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုကို ရရှိဖို့အတွက်
အာရုံစူးစိုက်လျက်ရှိနေမှာ ဖြစ်ပါတယ်။
တစ်ဖန် သခင်ကြီးက အခြားတစ်နေရာ၌ မိန့်ကြားတော်မူသည်မှာ-
အသင်တို့သည် မိမိတို့၏ လက်တွေ့စံနမူနာများကိုသာ ပြသကြကုန်။
အခြားသူများကပင် လက်ခံလာနိုင်သော တောက်ပမှုမျိုးကို ယင်း၌
ရှိစေကြကုန်။ အကြောင်းမူ ယင်း၌ တောက်ပမှုမရှိသေးသရွေ့ မည်သူမျှ
ယင်းကို လက်ခံလိမ့်မည်မဟုတ်ချေ။ အသင်တို့၏ အတွင်းပိုင်းအခြေအနေတွင်
စင်ကြယ်မှုနှင့် တောက်ပမှုတို့မရှိပါလျှင် မည်သူမျှ ဝယ်ယူလိုကြမည် မဟုတ်
ချေ။ အသင်တို့၏ ကိုယ်ကျင့်တရားများသည် မြင့်မားသော အဆင့်၌ မရှိသေး
သမျှ အသင်တို့သည် မည်သည့်အဆင့်သို့မျှ ရောက်နိုင်ဦးမည် မဟုတ်ချေ။
ဒါကြောင့် လက်တွေ့ကျင့်ကြံတည်ဆောက်မှုပိုင်းဆိုင်ရာ တည့်မတ်ရေးအတွက်
များစွာ ကြိုးစားအားထုတ်မှုနဲ့ စဉ်ဆက်မပြတ် ကြည့်ရှုသုံးသပ်မှုပြုဖို့
လိုအပ်ပါတယ်။ ဒီလိုအားဖြင့် အဟ်မဒီတိုင်းဟာ မိမိတို့ အဟ်မဒီဖြစ်ရခြင်းရဲ့
ရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်ကြမှာ ဖြစ်ပါတယ်။ မဆီဟ်မော်အူးဒ်(အ)
သခင်ကြီး ဆန္ဒရှိတဲ့အတိုင်း မိမိတို့ကိုယ်ကို စစ်မှန်သော မွတ်စလင်မ်တစ်ဦး
အဖြစ် ပြုလုပ်နိုင်ကြမှာဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်သည် ကျွန်တော်တို့
အားလုံးကို ဤသို့ပြုလုပ်နိုင်ရန် စွမ်းအားပေးသနားတော်မူပါစေ။ - အာမီးန် -
နမာဇ်ပြီးနောက်မှာ ဂျနာဇာဃာအိဗ်တစ်ခု ဝတ်ပြုမှာ ဖြစ်ပါတယ်။ အိနိ္ဒယနိုင်ငံ
ကာလကတ္တားမြို့မှ ြေျအနမ ြေျ့မငဆ ဗူင ှေ့ငဘ (ြ.ဗ) ရဲ့ ဂျနာဇာ
ဖြစ်ပါတယ်။ သူဟာ အသက် ၇၉ နှစ်အရွယ်၊ ဇန်နဝါရီလ ၃ ရက် ၂၀၁၄
ခုနှစ်မှာ ကာဒီယာန်၌ ကွယ်လွန်သွားခဲ့ပါတယ်။  
လွန်ခဲ့တဲ့ တစ်နှစ်ခန့်ကတည်းက နေထိုင်မကောင်းဖြစ်လျက် ရှိခဲ့ပါတယ်။
သားဖြစ်သူက ဂျပန်နိုင်ငံသို့ ဆေးကုသဖို့ ခေါ်သွားခဲ့ပါသေးတယ်။
 နည်းနည်းသက်သာလာတဲ့အခါ ကာဒီယာန်ရှိ သမီးဖြစ်သူထံမှာ နေထိုင်ခဲ့
ပါတယ်။
သူဟာ ၁၉၆၅ ခုနှစ်မှာ ဘိုင်အတ်သစ္စာခံယူလျက် ဂျမာအတ်အတွင်းသို့
ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကွယ်လွန်ချိန်အထိ တဗ်လီဂ်
လုပ်ငန်းကို အရူးအမူး လုပ်ဆောင်ခဲ့ပါတယ်။ ၄၁ နှစ်တိုင်တိုင် သာသနာ့
အလုပ်အကျွေးပြုခွင့်ရရှိခဲ့ပါတယ်။ သူဟာ တဗ်လီဂ်တာဝန်ခံ၊ ကာအီဒ် ခွဒ္ဒါမွလ်
အဟ်မဒီယာ၊ အန်ဆာရွလ’ာဟ် ဒု-ဥက္ကဋ္ဌ၊ ကာလကတ္တား၏ ဒု-အမီရ်၊ ထို့နောက်
အမီရ် စသဖြင့် တာဝန်ထမ်းဆောင်ခဲ့ရပြီး ဘင်္ဂါးလ်နှင့် အာသံခရိုင်တို့ရဲ့
အမီရ်အဖြစ် ကာလကြာရှည်စွာ ထမ်းဆောင်ခွင့်ရခဲ့ပါတယ်။
ထိုနည်းတူစွာပဲ နီပေါနိုင်ငံ၏ တဗ်လီဂ်လုပ်ငန်းဆိုင်ရာ စီစဉ်ကြီးကြပ်သူအဖြစ်
အန်ဂျူမန် ဝါက်ဖေဂျဒီးဒ် ကာဒီယာန် အစည်းအရုံးရဲ့ အဖွဲ့ဝင်တစ်ဦးလည်း
ဖြစ်ပါတယ်။ ဘင်္ဂါလီ ဘာသာစကားနဲ့ အလ်-ဘုရှ်ရာစာစောင်ကို အထူး
ကြိုးစား ရိုက်နှိပ်ဖြန့်ချိလျက် လူအများထံသို့ ကိုယ်တိုင်ပဲ စာတိုက်မှ
ပို့ဆောင်ပါတယ်။
နာဇီရ်အာလာ ကာဒီယာန် မော်လာနာ အင်န်အာမ် ဂေါရီဆာဘ်က
ပြောပြသည်မှာ- ကျွန်တော်ဟာ သူနဲ့အတူ ဘင်္ဂါးလ်နဲ့ အာသံဒေသ
တွေဘက်ကို အကြိမ်ကြိမ် ခရီးထွက်ခဲ့ဖူးပါတယ်။ သူဟာ အလွန် အန္တရာယ်
များတဲ့ ပတ်ဝန်းကျင်တွေမှာပင်လျှင် ဂျလ်ဆာကျင်းပရမှာ၊ မိန့်ခွန်းပြောရမှာ
တွေကို နည်းနည်းမှ အရေးမစိုက်ဘဲ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ ကျွန်တော်နဲ့အတူ
၃ ကြိမ်လောက် အလွန်အန္တရာယ်များတဲ့ အခြေအနေနဲ့ ကြုံကြိုက်ခဲ့ရပြီး
အလ္လာဟ်အရှင်မြတ်က လုံခြုံစွာပဲ ကျွန်တော်တို့ကို လွတ်မြောက်သွားစေ
ခဲ့ပါတယ်။ ကားတွေ၊ ပစ္စည်းတွေ ပျက်စီးခဲ့ရပေမဲ့ ဂျမာအတ်သားတွေကတော့
ဘာမှ ထိခိုက်မှုမရှိခဲ့ပါဘူး။ သူဟာ အန္တရာယ်များတဲ့ နေရာတိုင်းကို
အကြောက်အရွံ့မရှိဘဲ ခေါ်သွားတတ်လေ့ရှိပါတယ်။ သူနဲ့အတူ ခရီးသွားရင်းက
နေရာဒေသတိုင်းမှာ အလ္လာဟ်အရှင်မြတ်ရဲ့ ကူညီဆောင်မမှု မြင်ကွင်းများကို
မြင်တွေ့ခံစားခဲ့ရပါတယ်။
 ဘင်္ဂါးလ်ပြည်နယ်နဲ့ အာသံပြည်နယ်တို့မှ ဂျမာအတ်ရုံးခွဲ တော်တော်များများဟာ
သူ့ရဲ့ လက်ထက်မှာ တိုးပွားလာခဲ့ခြင်း ဖြစ်ပါတယ်။ အလွန်ရဲရင့်သူ၊
အရှင်မြတ်အား ယုံကြည်ကိုးစားသူ၊ ခြိုးခြံစွာ နေထိုင်တတ်သူ ဖြစ်ပါတယ်။
ကွယ်လွန်သူဟာ ဝဆီယတ် ပြုလုပ်ထားသူ ဖြစ်တာကြောင့် ကာဒီယာန်
ဘဟီရှ်တီမက္ကဘာရာမှာပဲ မြှုပ်နှံခဲ့ပါတယ်။
ကျန်ရစ်သူများကတော့ သမီး ၃ ဦးနှင့် သား ၂ ဦး ဖြစ်ပါတယ်။
သားတစ်ဦးကတော့ ဂျမာအတ်သားတိုင်းသိကြတဲ့ နဇာမ်အဆိုကျော်
အီစ်မတ်တွလ’ာဟ် ဆာဟိဘ်ဖြစ်ပါတယ်။ 
အလ္လာဟ်အရှင်မြတ်သည် ကွယ်လွန်သူရဲ့ အဆင့်အတန်းကို မြှင့်တင်ပေး
တော်မူပါစေ။ ကျန်ရစ်သူ သားသမီးများကိုလည်း ဖခင်ရဲ့ ကောင်းမှုများအတိုင်း
ဖဝါးခြေထပ်လိုက်နိုင်အောင် စွမ်းအားပေးတော်မူပါစေ။

-အာမီးန်-

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-