Friday, May 11, 2012

သခင်ယေရှု၊ တိဘက်နှင့် ဗုဒ္ဓဘာသာ။ ကျွန်ုပ်တို့ လိုက်နေသည့်လမ်း ? အပိုင်း (၂)


ဆက်လက်ဆန်းစစ်ရင်တော့ အလွန်စိတ်ဝင်စားဖွယ် အချက်တစ်ချက်ကို ထပ်မံတွေ့ရှိရပါတယ်။ M.Notovitch ရဲ့ အမေးကို Himis လားမား ပြန်ဖြေထားရာမှာ လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ မှာ စကြ မုနိ၊ နှစ်ပေါင်း ၂၅၀၀ မှာ ဂေါတမပွင့်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဆက်လက်ရှုစားလိုက်ရင် တော့ အောက်ပါအတိုင်းတွေ့ရှိရပါတယ်။

" Simutaneously with the appearance of Buddhaism in China, the doctrine commenced to spread itself among the Israelites. About 2000 years ago the Perfect Being, still remaining in a state of inaction, incarnated himself in a new-born babe of a poor family. He willed that infant lips, by employing popular images, might enlighten the unfortunate people on the life beyond the grave, and might bring back men to the true path, by indicating to them by his own example the way which would best lead them to the original moral purity. When the holy child had reached a certain age he was taken to India, where, until he became a man, he studied all the laws of the great Buddha, whose everlasting dwelling is in heaven. " (The Unknown Life of Jesus Christ by Nicolas M. Notovitch, Page: 54)

ဒီမှာလည်း Himis လားမားက ယေရှုကို ဗြဟ္မာလို့ပြောရမယ့် Perfect Being ကနေတဆင့်ဝင် စားကာ ဤကမ္ဘာမြေသို့သက်ဆင်း လာပြီး လူသားများအား လမ်းပြကြောင်းဖြင့်ရေးထားပါတယ်။ တရုတ်ပြည်မှာ ဗုဒ္ဓဝါဒရောက်ရှိပြီးတာနဲ့ အစ္စရေးကိုလည်းအဲဒီဝါဒပျံ့နှံခဲ့ကြောင်း၊ ပြီးပြည့်စုံတဲ့ Perfect Being က လူဝင်စားပြီး အသက်အရွယ်ရလာတဲ့အခါမှာတော့ အိန္ဒိယသို့ဆောင်ယူခံရကာ ဗုဒ္ဓဓမ္မတွေကို သင်ယူလေ့လာခဲ့ကြောင်း စသဖြင့် သိရပါတယ်။

လားမားပြောစကားတွေထဲက Incarnate (ဝင်စားခြင်း) ဆိုတဲ့ အချင်းအရာကတော့ ယနေ့ခေတ် Christian Theology နဲ့ အလွန် ဆက်နွယ်ပတ်သက်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

စာရေးဆရာ M. Notovitch ဟာ မိမိတွေ့ရှိခဲ့ရတဲ့ ယေရှုမှတ်တမ်းကို တိုက်ရိုက်မတင်ပြမီ နောက် ဆုံးမှုန်းခြယ်ပြခဲ့တဲ့ စာသားကတော့ -

" This curious document is written in the form of isolated verses which very often have no connection with one another. "  (The Unknown Life of Jesus Christ by Nicolas M. Notovitch, Page: 56)

ဒီယေရှုမှတ်တမ်းဟာ isolated, တစ်ခုနဲ့တစ်ခု သီးခြားစီဖြစ်နေပြီး ဆက်နွယ်မှုမရှိကြောင်း တင်ပြ ထားပါတယ်။

အခုဆက်လက်ပြီး M. Notovitch တွေ့ခဲ့ရတဲ့ယေရှုမှတ်တမ်းကို တင်ပြပေးပါ့မယ်။

Life of Saint Issa (The Best of the sons of men)


1:4 And in order to bring back man degraded by sins to a life of peace, love and good, and to recall him to the only and indivisible Creator, whose mercy is infinite and boundless.

အခန်းကြီး ၁ ကနေ ၃ အထိ တမန်တော်မောရှေအကြောင်းဖော်ပြထားပါတယ်။ အဲဒီနောက် ယေရှု အကြောင်း တဆက်တည်းတင်ပြထားတာက -

3:12 In their sore distress the people remembered again their great God; they implored His mercy and prayed Him to forgive them. Our Father in His inexhaustible kindness listened to their appeal.

4:1 The time had now come when the merciful Judge had chosen to incarnate Himself in a human being.

4:2 And the Eternal Spirit who remained in a condition of complete inaction and of supreme beatitude, aroused and detached Himself for an indefinite time from the Eternal Being.

အထက်ပါ မုက္ခပါတ်များမှာတော့ နိစ္စထာဝရအရှင်ဆိုတာတွေချည်း ပြည့်နေပါတယ်။ ခရစ်ယာန်သီ အိုလိုဂျီတွေနဲ့ လုံးဝဆက်နွယ်ပတ်သက်မှုရှိနေတဲ့ incarnate Himself a human being ၊ "သူ့ကိုယ်သူ လူသား အဖြစ်ဝင်စားကာ" ဆိုတာတွေလည်း တွေ့ရပါတယ်။

မုက္ခပါတ်များအရယေရှုဟာ အသက် ၁၄ နှစ်မှာ အိန္ဒိယကို ထွက်ခွာခဲ့ပါတယ်။ ဆင်းဒ်ပြည်နယ်ကို ဖြတ်သန်းပြီး အာရိယန်တို့ရဲ့ တိုင်းပြည်ကို ရောက်ခဲ့ပါတယ်။ ယေရှု ပထမဦးဆုံး စတင်သိခွင့်ရခဲ့တာ က para-Brahma in vishnu, shiva and other gods (ဗိသနိုး၊ သျှီ၀ နဲ့ အခြားနတ်ဘုရားများ) ဆိုတဲ့ ဟိန္ဒူနတ်ဘုရားတွေအကြောင်းပဲ ဖြစ်ပါတယ်။ (The Unknown Life of Jesus Christ by Nicolas M. Notovitch, Page: 67)

၅:၁၅ မှာတော့ အောက်ပါအတိုင်းတွေ့ရပါတယ်။

5:15 "The Eternal Judge, the Eternal Spirit composes the one individual soul of the universe, which alone creates, contains and vivifies the whole", Jesus said.

5:16 It is He alone who has willed and created, who exists from eternity, whose existence will have no end; there is none equal to Him either in heaven or on earth.

5:17 The great Creator has shared His power with no one, still less with inanimate objects, as they have taught you, for He alone possesses all power.

ဒါက ယေရှုအနေနဲ့ Buddhism ကို မမြည်းစမ်းရသေးခင်တင်ပြချက်များလို့ ယူဆနိုင်ပါတယ်။ (တကယ်လို့ ယေရှုဟာ ဗုဒ္ဓဝါဒကိုလေ့လာခဲ့တယ်လို့ ခံယူထားသူများအတွက်ပါ။) ဒါပေမယ့် Buddhism နဲ့တွေ့ပြီး ယေရှုရဲ့တင်ပြချက်များကို ဆက်လက်လေ့လာဖို့ဖြစ်လာပါတယ်။

6:4 Six years afterwards, Issa, whom the Buddha had chosen to spread the holy doctrine, was able to explain perfectly the sacred rolls.

6:8 "For man," he said, " has not been favored with the power to see the image of God and to construct a host of divinities resembling the Eternal One."

6:10 The Eternal Legislator is one infinite; there are no other gods but Him, He has not shared the world with anyone, nor has He informed anyone of His intentions.

၆:၁၀ ကတော့ အလွန်ရှင်းလင်းပြတ်သားလှတဲ့ striking point ပါပဲ။ ဒါကတော့ ဂျီးစပ် ဗုဒ္ဓဓမ္မကို လေ့လာအပြီး တင်ပြ ခဲ့တာပါ။ "နိစ္စထာဝရဥပဒေရှင်သည် တစ်ဆူတည်းသော အနန္တတန်ခိုးတော် ရှင်သာတည်း၊ ထိုအရှင်သည် တုဘက်နှိုင်းယှဉ်ကင်းစင်တော်မူ၏။ ၆:၁၀" ဆိုတာကို တွေ့ရပါတယ်။

၆:၁၅  မှာ အီဆာ(ယေရှု)ဘာပြောခဲ့သလဲဆိုတာကို M. Notovitch ရဲ့စာအုပ်၊ စာမျက်နှာ ၇၁ မှာ ခုလိုတွေ့ရပြန်ပါတယ်။

6:15 Therefore I say unto you, leave your idols, do not perform ceremonies that separate you from your Father, and link and blind you to priests against whom Heaven is turned.

ထို့ကြောင့်ကျွန်ုပ်အသင့်အားပြောကြားသည်မှာ၊ ရုပ်တုများအားစွန့်ခွာလော့၊ အဘ (ဘုရား)မှ ခြားနား ခြင်းကို ဖြစ်စေသည့် ပွဲတော်များအား မဆင်နွှဲလေနှင့် စသဖြင့် ၆:၁၅ မှာ ဖော်ပြထားပါတယ်။

၈:၆ ကိုထပ်ကြည့်လိုက်ရင် တွေ့ရပြန်တာက -

8:6 And Issa said unto them: " I do not speak of a new God, but of our Heavenly Father who existed before the beginning and who will exist after the eternal end."

ယေရှုက မိမိအနေနဲ့ ဘုရားသစ်ကိုတင်ပြနေတာမဟုတ်ဘဲ မိမိတင်ပြနေတဲ့ GOD ၊ ထာဝရဘုရား သခင်ဟာ ကနဦးမတိုင်မီ ကတည်းက တည်ရှိတော်မူပြီး အဆုံးမရှိ နိစ္စထာဝရဖြစ်ကြောင်းပါတဲ့။ (ညွှန်းပြီးစာအုပ် ၊ စာမျက်နှာ ၇၆)

စာမျက်နှာ ၉၈ မှာတော့ M.Notovitch က  တိဘက်မှာ သူတွေ့ခဲ့ရတဲ့ ယေရှုအကြောင်းကို ခုလို အဆုံးသတ်ထား ပါသတဲ့။

14:11 The heathen, their kings and their warriors, listened to these preachers, abandoned their absurd beliefs, left their priests and their idols to celebrate the praises of the very wise Creator of the Universe, the King of Kings, whose heart is filled with infinite mercy.

အထက်ပါ ၁၄:၁၁ မှာ ဗုဒ္ဓတပည့်လို့ ယနေ့ခေတ်ဗုဒ္ဓဘာသာဝင်အများပြောကြတဲ့ သခင်ယေရှု ၊ ဗုဒ္ဓဒေသနာတော်များကို နာကြားရပြီးသကာလ ဟောပြောခဲ့တာက -

(တိဘက်က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းထဲက ယေရှုအကြောင်းရေးမှတ်ထားတဲ့ စာပေလွှာကြီးထဲ က တွေ့ရှိချက်များကို M.Notovitch က တင်ပြထားတာဖြစ်ပါတယ်။) ၁၄:၁၁ ကိုဖတ်ကြည့်ပါ။ " left their priests and their idols to celebrate the praises of the very wise Creator of the Universe, the King of kings, whose heart is filled with infinite mercy " အနန္တတန်ခိုး တော်ရှင် ၊ ကရုဏာတော်ရှင်ဖြစ်တော်မူသော ၊ ဘုရင်အပေါင်း၏ မကိုဋ်သရဖူဖြစ်တော်မူသော၊ ဤ စကြဝဠာကမ္ဘာလောကအပေါင်း၏ ဖန်ဆင်းရှင် ၊ ဉာဏ်တော်အပေါင်းကိန်းအောင်းရာ ထာဝရ ဘုရား သခင်အကြောင်းကို ထပ်တလဲလဲ တွေ့ရှိရကြောင်း ရိုးသားစွာတင်ပြအပ်ပါသတည်း။

wiki နဲ့ M. Notovitch စာအုပ်ပါဖော်ပြချက်တို့လေ့လာပြီးတဲ့နောက်တော့ ဆက်လက်လေ့လာ သွားမှာက ဗုဒ္ဓဝါဒပြဿနာများစာအုပ်၊ စာမျက်နှာ ၁၀၉ မှ ၁၃၃ပါ ယေရှုနှင့်ပတ်သက်တဲ့ အကြောင်းအရာများ မှန်ကန်မှုရှိမရှိ ဆန်းစစ်ရန်ဖြစ်ပါတယ်။ ယင်းစာအုပ်မှာဖော်ပြပါရှိတဲ့ ဦးအရိယ ဓမ္မ(အရှင်ဥဂ္ဂသံ)မှာ ရှင်ဥက္ကဌ၏ တပည့်တစ်ဦးဖြစ်ကြောင်းကို ယင်းစာအုပ်အရပင်သိရှိရပါတယ်။ ထို့ကြောင့် ရှင်ဥက္ကဌ ဝါဒဟာ ယနေ့ထေရဝါဒမြန်မာနိုင်ငံတော်တွင် တရားဝင်ငြင်းပယ်ခြင်းခံ ရပြီးဖြစ်သလို ရှင်ဥက္ကဌကိုလည်း လူလိမ်စာရင်းသွင်းထားပြီးဖြစ်တဲ့အကြောင်းကို ငြင်းချက်ထုတ် စရာမလို ပါ။ ဤအကြောင်းတစ်ချက်တည်းနဲ့ ဦးအရိယဓမ္မ၏တင်ပြချက်များကို ယနေ့ခေတ်ထေရ ဝါဒသမား များအနေဖြင့် အလေးကရုပြုဖို့ရာ မသင့်ပါ။

ဒါ့ပြင် ဦးအရိယဓမ္မတင်ပြတဲ့ ပရောဖက်ဆာဂိုးရစ်ချ်နဲ့ သူ့စာအုပ်မှာလည်း ရှိခဲ့ဟန်ပင် မတူပါ။ သူ(ဦးအရိယဓမ္မ)၏စာအုပ် စာ ၁၁၃ ကို ကြည့်လျှင် တွေ့ရတာက ပရောဖက်ဆာဂိုးရစ်ချ်သည် ၁၉၂၅ တွင် ခရစ်တော်၏ မသိသေးသော သွန်သင်ဟောပြောချက်များ ဆိုသည့်စာအုပ်ကို ထုတ်ဝေခဲ့ ကြောင်း၊ ပရောဖက်ဆာသည် ခရစ်တော်၏ နစ်မြုပ်ပျောက်ကွယ်နေသော ဘဝအကြောင်းကို သုတေ သနလုပ် ခဲ့ကြောင်း၊ ထိုအတောအတွင်း သူသည် တိဘက်သို့ရောက်ခဲ့ပြီး တိဘက်တောင်ပိုင်း မွန် ဘုန်းတော် ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကို ခရစ်တော်ကိုယ်တိုင် ဆက်သခဲ့တဲ့  စာရွက် ပေါင်းတစ်ရာရှိ စာလိပ်ကြီးကို တွေ့ခဲ့ရကြောင်း စသဖြင့်ဖြစ်ပါတယ်။ ဦးအရိယဓမ္မအနေနဲ့ ပရော ဖက်ဆာဂိုးရစ်ချ် အကြောင်း အသေးစိတ်မပြောထားတာကြောင့် ပရောဖက်ဆာအကြောင်းကို စာရှုသူအနေဖြင့် စိတ်ကူးဖြင့်ကောက်ကြောင်းဆွဲကြည့်ပါ။ သူသည် ၁၉၂၅ တွင် ခရစ်တော် အကြောင်း စာအုပ်ရေး ထုတ်ခဲ့ကြောင်း ဦးအရိယဓမ္မတင်ပြထားတာကြောင့် ပရောဖက်ဆာအနေနဲ့ ဥပမာ - နှစ် ၂၀ ခန့် ယေရှုအကြောင်း လေ့လာခဲ့သည်ဆိုပါစို့ ၊ သို့ဆိုလျှင် သူတိဘက်သို့ အစောဆုံး ရောက်နိုင်တဲ့ကာလ က ၁၉၂၀ ဖြစ်နိုင်မည်၊ ၁၉၂၀ တွင် သူတွေ့ခဲ့ရသည့် ယေရှု၏ ကိုယ်တိုင်ရေး မှတ်တမ်းကို ဆက်သ ခြင်းခံရတဲ့ ကျောင်းထိုင်မှာ ၁၉၂၀ ခန့်မှာ အသက်ဘယ်လောက် ရှိနေပေမည်နည်းဆိုတာ စာရှုသူ တွက်ချက်ကြည့်ပါ။ ဤနေရာမှာ မှတ်သားရမှာက ယေရှု ကွယ်လွန် ခဲ့တဲ့ခုနှစ်က ခရစ်ယာန်အယူ အဆအရ အေဒီ ၃၀ ခန့် ဖြစ်ပါတယ်။ သို့ဆိုလျှင် မစ္စတာဂိုးရစ်ချ်တွေ့ ခဲ့ရတဲ့ဘုန်းကြီးမှာ ၁၉၂၀ သို့မဟုတ် အလွန်ဆုံး ၁၉၀၀ တွင် အသက်မည်မျှ ရှိနေပါလိမ့်မလဲ။ အံ့သြစရာ အမှန်ပင်ဖြစ်နေပါ တယ်။ ဘာကြောင့်လဲဆိုတော့ ဦးအရိယဓမ္မက ယင်းတိဘက်ကျောင်း ထိုင်ကိုယ်တိုင်ကပင် ယေရှုကိုယ်တိုင်၏ autobiography မှတ်တမ်းကိုဆက်သခြင်းခံရသည်ဟု ဖော်ပြထားတာကြောင့် ဖြစ်ပါတယ်။ ဦးအရိယဓမ္မ အနေနဲ့ M.Notovitch ရေးစာအုပ်ကို အခြေမခံ လိုတာက သူရဲ့စာအုပ်ပါ အချက်များမှာ ထေရဝါဒနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေသော ကြောင့်ဟု ခန့်မှန်းရတာကြောင့် မိမိဘာသာ လုပ်ဇတ်တစ်ခုကြံဖန်ရင်း ဤသည့်သဘာဝလွန် အသက် ထောင်ချီခံတဲ့ တိဘက်ဘုန်းကြီး ပေါ်ပေါက်လာရတာလဲဖြစ်နိုင်ပါတယ်။

M.Notovitch စာအုပ်ပါအချက်များ အားလုံး မှန်တယ်လို့ ယနေ့ထေရဝါဒီတို့ ယူဆကြရင်တော့ အထက်မှာ ဖော်ပြထားတဲ့ သူ့စာအုပ်ပါအချက်များလည်း မှန်ကန်နေရပါလိမ့်မယ်။ ဒါကြောင့် wiki ဖော်ပြချက်အရ M.Notovitch ကို တိဘက်ဘုန်းကြီး(Himis Community ၏ ဥသျှောင်)က အောက်ပါအတိုင်း ဓမ္မသတ်ဆုံးဖြတ်ထားတာကို လေ့လာတွေ့ရှိရကြောင်း။

"Nicolas Notovitch ၏ ရေးသားမှုများမှာ ချက်ချင်းပင် ကန့်ကွက်ရေးသားမှု ခံခဲ့ရလေသည်။ ကျော်ကြားသော ဂျာမန်လူမျိုး အရှေ့တိုင်းပညာရှင် MaxMuller က Notovitch ရောက်ရှိခဲ့သော Hims ဘုန်းကြီး ကျောင်းတည်ရှိမှုကို အထောက်အပံ့ပေးခဲ့သော်လည်း J.ArchibaldDouglas က ထိုဘုန်းကြီးကျောင်းသို့ သွားရောက်လည်ပတ်ခဲ့သည်တွင် Notovitch တင်ပြသော ယေရှု၏သမိုင်း ကြောင်းဆိုင်ရာအချက်အလက်များ စိုးစဉ်းမျှမတွေ့ရကြောင်းဖြင့် Notovitch၏ အမြင်ကို ကျယ်ပြန့် စွာ ငြင်းပယ်ခဲ့လေသည်။ ထို့ပြင် Himis Community ၏ ဥသျှောင်က စာတန်းတစ်ခု ထုတ်ပြန်ကာ ကို အဆုံးစွန် လိမ်လည်သူဖြစ်ကြောင်း ဖြင့် ပြစ်တင်ဖော်ပြကာ လက်မှတ် ရေးထိုးခဲ့ လေသည်။ (Lost years of Jesus - Wikipedia, the free encyclopedia.htm)"

ဒါ့ကြောင့် Nicolas M. Notovitch ရဲ့ စာအုပ်ကိုလည်း မှန်ကန်တယ်လို့ တစ်ထစ်ချမမှတ်ယူနိုင်ပါ။  ယေရှုအနေဖြင့် ငယ်ရွယ်စဉ်ကာလအချိန်ဝယ် တိဘက်သို့ရောက်ခဲ့ ၊ မရောက်ခဲ့ကို ဆက်လက်ဆန်း စစ်ပါလျှင် အောက်ပါအတိုင်းတွေ့ရပါလိမ့်ဦးမယ်။ (http://goo.gl/h0gdh)

History of Tibetan Buddhism အကြောင်း wiki ဖော်ပြချက်ကို လေ့လာပါမယ်။ တိဘက်ရိုးရာ မှတ်တမ်းများအရ ယင်းဒေသသို့ ဗုဒ္ဓဘာသာဆိုင်ရာ အယူဝါဒရောက်ရှိချိန်က အေဒီ ၅ ရာစုခန့်တွင် တိဘက်တောင်ပိုင်း၌မင်းပြုနေတဲ့ Lha Thothori Nyantsen ၊ လားတိုတိုရီ နယန်စင် ရဲ့ အချိန်ဖြစ် ပါတယ်။

Lha Thothori Nyantsen အကြောင်း wiki ဖော်ပြချက်ကို ဆက်လက်လေ့လာရင်တော့ သူဟာ တိဘက်ဒေသရဲ့ ၂၈ ဆက်မြောက်ဘုရင်ဖြစ်ကြောင်း၊ သူမင်းပြုအုပ်ချုပ်မှုမှာ အေဒီ ၅ရာစုတွင်ဖြစ် ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၃၃ ဆက်မြောက်ဘုရင် Songtsan Gampo ၊ ဆောင်းဆန်ဂမ်ပို မှာ အေဒီ ၆၅၀ တွင် ကွယ်လွန်ခဲ့၍ဖြစ်ကြောင်း၊ အခြားသော တွက်ချက်မှုများအရ သူ(Thothori) ၏ မွေးသက္ကရာဇ်မှာ အေဒီ ၁၇၃ သို့မဟုတ် ၂၅၄ ဖြစ်သည်ဟု ဖော်ပြကြပေမယ့် ယနေ့တွင်မှု ယင်း တွက်ချက်မှုမှာ ငြင်းပယ်ခံရကြောင်း၊ အစဉ်အလာဖော်ပြချက်များအရ တိဘက် တွင် ဗုဒ္ဓအယူဝါဒ မှာ သူ့လက်ထက်တွင် စတင်ရောက်ရှိခဲ့ကြောင်းတင်ပြထားပါတယ်။ (en.wikipedia.org/wiki/Thothori_Nyantsen)

en.wikipedia.org/wiki/Tibetan_Buddhism#History_of_Tibetan_Buddhism အရဆက်လက် သိရှိရတာက တိဘက်မှာ ဗုဒ္ဓဝါဒကို State religion အဖြစ် ဘုရင် Trisong Detsen ၊ ထရိဆောင်း ဒတ်စင် (၇၅၅ - ရ၉၇) လက်ထက်ကြမှပြဌာန်းခဲ့ခြင်းဖြစ်ပါတယ်။

ဒါဆို စာရှုသူအနေနဲ့ တွေ့မြင်နိုင်တာက အေဒီ ၃၀ မှာ ခရစ်ယာန်အယူအရ ကွယ်လွန်ပြီးဖြစ်တဲ့ ယေရှုဟာ အသက် ၁၂ ခန့်(အေဒီ ၇ ခန့်)မှာ တိဘက်ကိုရောက်ပြီး ဗုဒ္ဓဓမ္မတွေကို ကျင့်သုံးဆောက် တည်ခဲ့ကြောင်း ဆိုတာက ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားစွာတွေ့မြင်နိုင်ပါ တယ်။

ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဝါဒမှာ တိဘက်ဒေသသို့ အေဒီ ၅ရာစု (အေဒီ ၄၀၀ကျော်)တွင်မှ ရောက်ရှိသည်ဟု သမိုင်းကဖော်ပြနေတာကြောင့်ဖြစ်ပါတယ်။

ဒီကိစ္စရပ်က အငြင်းပွားဖွယ်ရာဖြစ်လာနိုင်တာကြောင့် အခြား သမိုင်းရှုထောင့်တစ်ရပ်အရ ဆန်းစစ် ကြည့်ကြဖို့ရန် လိုအပ်လာပါတယ်။ ဒါ့ကြောင့် အမျိုးသားပညာဝန်ဦးဖိုးကျားရေး - မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယနဂိုဏ်းစာအုပ်မှ တိဘက်သို့ ဗုဒ္ဓဘာသာရောက်ပုံ အခန်းကဏ္ဍကို လေ့လာပါ့မယ်။

"" တိဗက်သို့ရောက်လာသော ဗုဒ္ဓဘာသာ မဟာယနဂိုဏ်းမှာ တရုတ်ပြည်ကတစ်ဆင့်လာသည် မဟုတ်။ အိန္ဒိယကပင် တိုက်ရိုက်ရောက်လာသည်။ ရောက်လာသည်မှာ သာသနာသက္ကရာဇ် ၁၁၉၄ ၊ မြန်မာ ၁၂ ၊ (အေဒီ ၆၅၀) လောက်တွင်ဖြစ်သည်။ "" (မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယနဂိုဏ်း၊ ရေး - ဦးဖိုးကျား၊ ဒုကြိမ်၊ ၂၀၀၇ ဇန်နဝါရီလ၊ ပါရမီစာပေ၊ စာမျက်နှာ ၁၂၁)

ယင်းစာအုပ်တွင်ပင် စာမျက်နှာ ၁၂၂ ၌ ဦးဖိုးကျား ဆက်လက်တင်ပြထားတာက - "" သာသနာ ၁၂၀၀ လောက် (၇ရာစု) တွင်း မတိုင်မီ တိဗက်သည် စာပေမရှိ။ အတန်ရိုင်းသေးသော ဒေသဖြစ်၍ စုန်း နတ် တစ္ဆေ ပယောဂ စသည်တို့ဖြင့် ရောပြွမ်း၍ လူကိုပင် ယဇ်ပူဇော်သော အခြေအထိရိုင်းကြ လေသည်"" ဟု ဖော်ပြထားပါတယ်။

ဦးဖိုးကျားစာအုပ်မှာ တိဗက်ဗုဒ္ဓဘာသာက ဘုရင် Songtsan Gampo  လက်ထက်တွင်မှ ဤဒေသ သို့ရောက်ရှိသည်ဟု ဖော်ပြထားပါတယ်။ (စာမျက်နှာ ၁၂၂) ဒါ့ကြောင့် အဲဒီထက်စော၍ ရောက်ရှိ သည်ဟုဖော်ပြထားတဲ့ wiki ဖော်ပြချက်ထက်ပင် နောက်ကျနေပါသေးတယ်။ ဘယ်လိုဘယ်ပုံဆို ကြပါစေ၊  ဦးဖိုးကျားတင်ပြချက်အရလည်း တိဘက်သို့ရောက်တဲ့ ဗုဒ္ဓဘာသာက မဟာယနဖြစ်ပြီး ယေရှု ကွယ်လွန် အပြီး နှစ်ပေါင်းမြောက်မြားစွာကြာအပြီးမှ ရောက်ရှိခဲ့သည်ဖြစ်ကြောင်း အထောက် အပံ့ပဲ ဖြစ်တဲ့အကြောင်း လေ့လာတွေ့ရှိရပါတယ်။

ဤသို့ဆိုလျှင်တော့ ဗုဒ္ဓဒေသနာများ၊ ယေရှု၏တရားများနှင့်ဆင်တူနေမှု သာမက ယေရှု၏ သမိုင်း ဖြစ်စဉ်အချို့နှင့် ဗုဒ္ဓသမိုင်းဖြစ်စဉ်အချို့တူညီနေမှုများ အဘယ်ကြောင့်နည်းဟူမူကို ဆန်းစစ်ရပါဦး မယ်။ ဘာတွေတူညီနေသလဲဆိုတာ အသေးစိတ်ကိုတော့ Buddhism and Christianity - Wikipedia, the free encyclopedia.htm  မှာ လေ့လာနိုင်ပါတယ်။

E.J. Eitel ရေးသားတဲ့ Three Lecture On Buddhism ၊ စာမျက်နှာ ၁၃ ၊ ၁၄ ပါဖော်ပြချက်အရ - ဓမ္မသစ်ကျမ်းဖော်ပြချက်ပါယေရှုဘဝဖြစ်စဉ်မှာ ဂေါတမဗုဒ္ဓ၏ ဘဝဖြစ်စဉ်အကြမ်းဖျဉ်းဖော်ပြချက် များနှင့် တပြိုင်တနက်တည်းဖြစ်ပျက်ခဲ့သလို နေရာများစွာ၌ တူညီနေကြောင်း၊ စကြမုနိဟု ကျွန်ုပ်တို့ခေါ်ဆိုသော ဗုဒ္ဓသည် ကောင်းကင်မှလာကြောင်း၊ အပျိုစင်မှမွေးဖွားကြောင်း၊ နတ်ဒေဝတာ များ၏ကြိုဆိုခြင်းကိုခံရကြောင်း၊ ရှေးသူတော်စင်များ၏ ပရောဖက်ပြုချက်အရလည်း ကိုက်ညီမှု ရှိကြောင်း၊ ဘုရားကျောင်းထဲတွင် ရှိနေကြောင်း၊ ရေဖြင့် ဗတ္တိဇံမင်္ဂလာခံယူအပြီး မီးဖြင့်လည်း ဗတ္တိဇံ ခံယူခဲ့ကြောင်း၊ သူ၏နားလည်သဘောပေါက်မှုအဖြေများဖြင့် အလွန်လျှင်သင်ကြား လေ့လာတတ် မြောက်ထားသော သမားတော်များကို မိန်းမောတွေဝေကာ ပါးစပ်အဟောင်း သားဖြစ်စေခဲ့ကြောင်း၊ သူသည် တောထဲသို့ ဝိညာဉ်အားဖြင့် ခေါ်ဆောင်သွားခြင်းခံရကြောင်း၊ မာရ်နတ်၏ လှည့်ဖျားမှုကို ခံခဲ့ရကြောင်း၊ သူသည် တရားဒေသနာလှည့်လည်ဟောကြားခြင်းနှင့် တန်ခိုးဣဒိပါတ်ပြသခြင်းများပြု လုပ်ခဲ့ကြောင်း စသဖြင့်ဗုဒ္ဓနှင့် ယေရှုတူညီမှုများကိုတွေ့ရပါတယ်။ အဲဒီစာအုပ်မှာပဲ ဆက်လက်တွေ့ရ တာက - ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တင်ခံရခြင်းကိစ္စရပ်မှအပ ကျန် ဖြစ်စဉ်အားလုံးလိုလိုသည် ဂေါတမဗုဒ္ဓဟုတွင်သည့် စကြမုနိ၏ ဘဝဖြစ်စဉ်အစဉ်အလာပြန်ပြောင်းပြောဆိုမှုများဖြင့် တထေရာ တည်းဖြစ်နေကြောင်း။ စသဖြင့်ပါ။

E.J. Eitel   ၏  Three Lecture On Buddhism စာအုပ်ကို မူရင်းအင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေး ပါမယ်။

" Attentive readers will have noticed in the rough sketch of Buddha's life many detils coinciding with the incidents of the life of our Saviour as reported by the Gospels. Sakya Muni, we are told, came from heaven, was born of a virgin, welcomed by angels, received by an old saint who was endowed with prophetic vision, presented in a temple, baptized with water and afterwards baptized with fire. He astonised the most learned doctors by his understanding and his answers. He was led by the spirit into wilderness, and having been tempted by the devil, he went about preaching and doing wonders. The friend of publicans and sinners, he is transfigured on a mount, descends to hell and ascends to heaven. In short, with the single exception of Christ's crucifixion, almost every characteristic incident in Christ's life is to be found narrated in the Buddhistic tarditions of the life of Sakya Muni, Gautama Buddha. " (E.J Eitel, Three Lecture on Buddhism, page 13,14)

ဆက်လက်ဖော်ပြပါမည်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-