Thursday, May 31, 2012

စိတ်ကူးပုံဖော်မှုများထဲတွင် အဆင့်အမြင့်ဆုံး နူးကလီးယားပါဝါ ဆောင်ရွက်အောင်မြင်ရန် အီရန်ကို အမေရိကန်ကုမ္ပဏီတစ်ခု ကူညီမည်

မေလ ၃၀ ရက်၊ ၂၀၁၂
အီလွိုက်စ် လဲး နှင့် ရော်ဘတ် ဂျွန်ဆင်တို့ တင်ပြသည်။
သတင်းအရင်းအမြစ် - www.businessinsider.com

အမေရိကန်က အီရန်အပေါ်မှာ ပိတ်ဆို့မှုတွေ ဆထက်တပိုးဆောင်ရွက်နေပါတယ်။ ဒီ(အခုဖော်ပြ မယ့်) အကြောင်းကတော့ ကျွန်တော်တို့အားလုံးမျှော်လင့်မထားတဲ့ ကိစ္စရပ်ပါပဲ။

နယူးဂျာစီအခြေစိုက် အမေရိကန်ထိပ်သီးနူးကလီးယား သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ အီရန်နဲ့ပူး ပေါင်းဆောင်ရွက်မှု ရှိနေပါတယ်။

နယူးဂျာစီအခြေစိုက် လောရင့်စီဗီလီး ပလတ်စမာ ဖိစစ် Lawrenceville Plasma Physics (LLP) ဆိုတဲ့ သုတေသနကုမ္ပဏီတစ်ခုက အီရန်နိုင်ငံ၊ တီဟီရန်တက္ကသိုလ်၊ အိုင်.အဇတ်ဒ်မှာရှိတဲ့ ပလတ်စ မာ ဖိစစ် ရိဆာခ်ျစင်တာ  Plasma Physics Research Center (PPRC) ခေါ် ရူပဗေဒ သုတေသန ဌာနနဲ့ မေလ ၂၀ ရက်နေ့က သဘောတူစာချုပ် လက်မှတ်ထိုးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

တီဟီရန်မှာရှိတဲ့ အဲဒီတက္ကသိုလ်ရဲ့ အမည်အပြည့်အစုံကတော့ "အစ္စလာမ်မစ် အဇတ်ဒ် ယူနီဗာစီတီ" ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီးတော့ အသေးစိတ်ကတော့ အနည်းအကျဉ်းလောက် ပါပဲ။ အနည်းငယ်ထူးခြားနေတာကတော့ လောရင့်စီဗီလီး ပလတ်စမာ ဖိစစ် (LLP) ကုမ္ပဏီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကုမ္ပဏီက သူတို့ရဲ့အီရန်ပူးပေါင်းဆောင်ရွက်သူ အမည်ကို အနည်း အကျဉ်းသာဖော်ပြမှုပါ။ တစ်ဦးဦးကတော့ ကြမ်းခင်းကောဇောအောက်က ဖုံမှုန့်တွေကို ကြမ်းခင်း အောက်မှာပါ ရှင်းလင်းပြစ်ချင်ခဲ့ပုံပါပဲ။

ဤသို့သော အီရန်-အမေရိကန်အဆက်အဆံကို ဘယ်လိုအကြောင်းများက ဖန်တီးခဲ့တာပါလဲ? အဖြေ ကတော့ ရှုပ်ထွေးနေပါတယ်။

အမေရိကန်ရဲ့ အီရန်အပေါ်ပိတ်ဆို့ထားတဲ့ အရေးယူမှုဥပဒေတွေထဲကနေ ဒီသဘောတူညီချက်က ကင်းလွတ်ခွင့်ရထားပါတယ်။ အမေရိကန် ပြည်သူ့ဘဏ္ဍာရေးဌာန (US Department of Treasury) မှာ ပိတ်ဆို့အရေးယူခံထားရတဲ့ နိုင်ငံတွေက တက္ကသိုလ်ပညာရေးနဲ့သုတေသနဌာန များနဲ့ ပူးပေါင်းလက်တွဲနိုင်ဖို့ အထွေထွေလိုင်စင်ထုတ်ပေးခွင့်ရှိတဲ့ ဥပဒေပါဝင်နေပါတယ်။ စာရေး သားဆက်သွယ်ပြီးအကူအညီပေးမှုကို ပိုမိုဆောင်ရွက်မယ်၊ ဒါမှမဟုတ် အဲဒီလိုအဆက်အသွယ် မျိုးလုံး၀မရှိသေးရင် ရှိလာအောင်ဖန်တီးနိုင်မယ်ဆိုတဲ့ နည်းလမ်းနှစ်သွယ်ပေါ်မှာ အခြေခံပြီး အပိတ် ဆို့ခံနိုင်ငံများရဲ့ သုတေသနဌာများနဲ့ ပူးပေါင်းနိုင်ခွင့်ပေးထားပါတယ်။

Aneutronic Fusion လို့ခေါ်တဲ့ နူးကလီးယားသိပ္ပံထဲက ပညာရပ်တစ်ခုကို ပူးပေါင်းရှာဖွေရာမှာ အမေရိကန်နဲ့ အီရန်တို့ အတူတကွဆောင်ရွက်မှာ ဖြစ်ပါတယ်။ နည်းလမ်းကတော့ အထက်မှာ တင်ပြထားသလို သိပ္ပံနဲ့ပတ်သတ်တဲ့ စာရေးသားဆက်သွယ်မှုကို အခြေခံမှာပါ။

လောရင့်စီဗီလီး ပလတ်စမာ ဖိစစ် (LLP) ကုမ္ပဏီ ကတော့ အောက်ပါအတိုင်း ရှင်းလင်းပြောကြားပါ တယ်။ 

"လွန်ခဲ့တဲ့ ၃နှစ်လောက်ကစပြီး အီရန်ဟာ သေးငယ်ပေမယ့်၊ ကမ္ဘာ့အဆင့် Aneutronic Fusion ပါဝါ ရှာဖွေလေ့လာရေးမှာ အဓိကဇတ်ကောင်အနေနဲ့ ပါဝင်လာပါတယ်။ Aneutronic Fusion ပါဝါ ဆိုတာကတော့ ထိန်းချုပ်ခြင်းခံထားရပြီး နယူထရွန်လုံး၀ထုတ်လွှတ်ခြင်းမရှိတဲ့ နူးကလီးယား ဓာတ်ပေါင်း(nuclear fusion) တွေပါပဲ။ အဲဒီထိန်းချုပ်ခံ နူးကလီးယားဓာတ်ပေါင်း ကတော့ လောင်စာကို အသုံးပြုပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ရည်ရွယ်ပြီး ထိန်းချုပ်ခံ ဓာတ်ပေါင်းတွေဟာ နေကို အပူဓာတ်တွေ ထုတ်ပေးနေတဲ့ နူးကလီးယားဖျူးရှင်းခေါ် ဟိုက်ဒရိုဂျင် ကနေ ဟီလီယမ်ဓာတ်ပြုမှုများမှ အပူထုတ်လွှတ်တဲ့ပုံစံမျိုးရှိတဲ့ စွမ်းအင်ကို (လောင်စာ အဖြစ်) သုံးတာပါ။ နူထရွန်မထုတ်လွှတ်တဲ့ လောင်စာကတော့ တော်တော်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင် နေတာပါ။ ဘာကြောင့်လဲဆိုရင် နူထရွန်က အဖျက်စွမ်းအား တော်တော်ကြီးမားပါတယ်။ ဓာတ်ပြု နေတဲ့ ပုံစံကို ဖျက်ဆီးပြစ်နိုင်သလို ရေဒီယိုသတ္တိကြွမှုလည်း ဖြစ်စေပါတယ်။"

အီရန်-အမေရိကန် ပူးပေါင်းမှုအပေါ်မှာတော့ LLP ဥက္ကဌနဲ့ သိပ္ပံပညာရှင်ခေါင်းဆောင် အဲရစ်ဂျေ လန်းနာက "ဒီပူးပေါင်းမှုက Aneutronic Fusion ဖွံဖြိုးရေးကို တော်တော်ကြီး ထောက်ကူနိုင် ပါတယ်။ Aneutronic Fusion ကတော့ ဈေးပေါတယ်၊ လုံခြုံတယ်၊ သန့်ရှင်းပြီး ကန့်သတ်ချက်ကင်း တဲ့ အမြဲရနေမယ့် စွမ်းအင်တမျိုးပါပဲ။" ဟု ကုမ္ပဏီကြေညာချက်တွင် ထည့်သွင်းပြောကြားထား သည်။

"သိပ္ပံဂျာနယ်တွေမှာ ကျွန်တော်တို့ရဲ့ရလဒ်တွေကို ထည့်သွင်းဖော်ပြခြင်းအားဖြင့် ဒီလို အချက် အလက်ဖလှယ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းနဲ့ လက်တွေ့နည်းလမ်းတွေ ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်တွေကလည်း သိပ္ပံတွေ့ရှိချက်များကို ဖန်တီးဖြန့်ချိခြင်းအတွက် တော်တော်များများ အရှိန်မြှင့် ပေးလိုက်တာပါ။ (အီရန်ရဲ့) PPRC မှာ လေ့ကျင့်မှုကောင်းကောင်းရှိထားတဲ့ ပညာရှင်တွေရှိနေပါ တယ်။ LLP ကလည်း Aneutronic Fusion နဲ့ပတ်သတ်ပြီး ထိပ်သီးသုတေသနစင်တာအဖြစ်နဲ့ နှစ်ပေါင်းများစွာစုစည်းလာတဲ့ အတွေ့အကြုံတွေ ကို ဖလှယ်ပေးနိုင်ပါတယ်။" ဟု ဆက်လက်ပြော ကြားထားသည်။

Fars News Agency က သတင်းထုတ်ပြန်ရာ၌ "LLP ရဲ့ ဒီဆောင်ရွက်မှုကတော့ ဂိမ်းကစားမှုရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်နိုင်ကြောင်း၊ ကုမ္ပဏီအသေးစားတွေထဲက တစ်ခုဖြစ်တဲ့သူတို့ (LLP) အနေနဲ့ ကာလီးဖိုးနီးယား၊ လီဗာမိုးအခြေစိုက် ITER နဲ့ National Ignition Facility (NIF) တို့လို ကြီးမားတဲ့သိပ္ပံစင်တာတွေထက် ပိုပြီးလျင်မြန်စွာ Aneutronic Fusion ကို ဖော်ထုတ်ဆောင်ရွက် နိုင်မယ်လို့ ယုံကြည်ထားပါတယ်။" ဟု ဖော်ပြထားသည်။

LLP ရဲ့ ဝက်ဘ်ဆိုဒ်ကို ဒီကနေ့ဝင်ကြည့်တဲ့အခါ ဂူးဂဲလ်က "This site may be compromised" လို့ အသိပေးပါတယ်။ ဆိုလိုတာက အင်တာနက်ရှာဖွေရေးအင်ဂျင် (ဂူးဂဲလ်) က LLP ဆိုဒ်၊ ဟက်ကာ များရဲ့တိုက်ခိုက်မှုခံထားရတယ်လို့ မှတ်ယူထားလို့ပါ။ ကျွန်တော်တို့ကတော့ သတင်းရှာဖွေရေးကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့တာကြောင့် LLP နဲ့ အီရန် PPRC တို့ရဲ့ ကန်ထရိုက်စာချုပ်ကို စာရှုသူများကိုယ်တိုင် အကဲဖြတ်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။



ဒီလို နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့ ကနဦးအကြံပြုခဲ့တာက တီဟီရန်ဘက်ကဖြစ်တယ်လို့ LLP ဆိုပါတယ်။ 

ဧပြီလ ၁၇ ရက်နေ့က PPRC ရဲ့ ပါမောက္ခချုပ် ဒေါက်တာမာမွတ် ဂိုရန်နီဗစ်က ပူးပေါင်းဆောင်ရွက် ဖို့ LLP ကို ကမ်းလှမ်းခဲ့တာပါ။ ပါရှန်းဘာသာနဲ့ထုတ်လွှင့်တဲ့ ပါရှန်းသတင်းကွန်ယက်၊ အမေရိကန် အသံ Voice of America (Persian News Network) ရဲ့ အဆိုပြုချက်တစ်ခုကို ဒေါက်တာမာမွတ် က အဲဒီရုပ်မြင်သံကြားကစီစဉ်တဲ့ April 10 broadcast of a report on the “Fusion for Peace”  မှာ တုန့်ပြန်ပြောကြားသွားတာဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာပဲ ဖျူးရှင်းစွမ်းအင်အဖွဲ့ Fusion Energy League ရဲ့ အကြီးအကဲနဲ့ Focus Fusion Society ရဲ့ တွဲဖက်ဒါရိုက်တာများဖြစ်ကြတဲ့ လန်းနာနဲ့ ရာဇ်ဝန်း ရာဇာနီတို့က ကနဦးခြေလှမ်းများကို တင်ပြခဲ့ပါတယ်။ ဟာမစ် ရီဇာ ယူစွဖ္ဖီလို့ အမည်ရတဲ့ အီရန်-အမေရိကန်သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့သူတစ်ဦးဖြစ်တဲ့ PPRC ပရောဖက်ဆာက ဒေါက်တာမာမွတ်ကို ဒီလိုကမ်းလှမ်းဆောင်ရွက်မယ့်အကြောင်း သတင်းပေးခဲ့တာ ပါ။ နောက်တစ်လအကြာမှာပဲ LLP နဲ့ PPRC တို့အကြား သဘောတူညီချက်တစ်ခုကို လက်မှတ်ရေး ထိုး နိုင်ခဲ့ပါပြီ။

သောကြာနေ့ညနေမှာတော့ ဝါရှင်တန်ဒီစီက အိုဘာမားနဲ့သူ့ရဲ့ သိပ္ပံနှင့်နည်းပညာအကြံပေးတွေထံ ဒီသ​ဘောတူညီချက်ကို တရားဝင်အကြောင်းသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်း Fars News Agency ကဖော်ပြပါတယ်။

စာချုပ်ချုပ်ဆိုပြီး တစ်ပတ်ကျော်လောက်ကြာမှပဲ အသိအမှတ်ပြုကြေညာချက် ထွက်ပေါ်လာပါလိမ့် မယ်။

မူရင်း သတင်း - http://goo.gl/gYDMc

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-