Thursday, April 24, 2014

Love for All and Hatred for None (အားလုံးအပေါ်မေတ္တာထား မည်သူ့ကိုမျှ အမုန်းမပွား) ဆောင်ပုဒ်အား အသီးသီး ဖော်ကျူးဖွင့်ဆိုချက်များ


- ကျွန်ုပ်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ချစ်မြတ်နိုး၏။ မိမိအိမ်နီးချင်း
တစ်ဦး ဆာလောင်မွတ်သိပ်နေချိန်တွင် မိမိဝမ်းကိုသာဖြည့်တင်းနေသည့်
ထိုသူသည်သက်ဝင်ယုံကြည်သူမဖြစ်နိုင်။ (တမန်တော်မြတ် မိုဟမ္မဒံ်)

-မိမိကိုယ်ကို ချစ်သကဲ့သို့ အိမ်နီးချင်းကိုချစ်လော့။ (သခင်ယေရှု)

- ကျဉ်းမြောင်းသော တသီးပုဂ္ဂလ(အတ္တ)အတွေးအမြင် အချုပ်အနှောင်မှ
ရုန်းထွက်ပြီး ကျယ်ပြန့်သော လူသားထုတစ်ရပ်လုံးဆိုင်ရာ(အနတ္တ) အတွေး
အမြင်ဘက်သို့ မဝင်ရောက်သေးသရွေ့ လူတစ်ဦးအဖို့ ဘဝရပ်တည်မှုကို
အစပြုနိုင်ဦးမည်မဟုတ်။ (မာတင်လူသာကင်း)

- အသင်တို့ လူသားဝါဒအပေါ်ထားသောယုံကြည်မှုကို စိုးစဉ်မှ မလျော့နည်း
စေကြနှင့်။ လူသားဝါဒဟူသည် နက်ရှိုင်းသောသမုဒ္ဒရာဖြစ်ပြီး ထိုသမုဒ္ဒရာ
ထဲမှ ရေတစ်စက် ညစ်ညမ်းနေသည့်တိုင် သမုဒ္ဒရာတစ်ခုလုံး ညစ်နွမ်းသွား
မည် မဟုတ်။   (မဟတ္တမဂန္ဒီ)

-မေတ္တာတရားနှင့် ကိုယ်ချင်းစာနာမှုတို့သည်မရှိမဖြစ် လိုအပ်သောအရာများ
ဖြစ်သည်။ ထိုတရားများမရှိဘဲ လူသားဝါဒရှင်သန်ရပ်တည်နိုင်မည် မဟုတ်။}
(ဒလိုင်းလားမား)

-လူ့အခွင့်အရေးကိုချိုးနှိမ်ခံရလေလေ လူသားဆန်မှုကြီးအုံကြွလာအောင်
ပို၍ပို၍စိန်ခေါ်လေလေပဲ။(နယ်လ်ဆင်မန်ဒဲလာ)

Source (www.themuslimtimes.org)

Monday, April 21, 2014

အဟ်မဒီယာမွတ်စလင်အဖွဲ့မှကြီးမှူးကာ အင်္ဂလန်နိုင်ငံ Burton မြို့တွင် ဘာသာတရား တည်ထောင်သူ အရှင်သူမြတ်များနေ့ ကျင်းပမည်


အဟ်မဒီယာမွတ်စလင်အဖွဲ့မှ (ဘာသာသာသနာများအကြား) ညီရင်းအစ်ကိုဖွဲ့မှု ချစ်ကြည်မှုအဝန်းအဝိုင်း တည်ဆောက်ရန်ရည်ရွယ်ကာ အင်္ဂလန်နိုင်ငံ Burton မြို့တွင် ညီလာခံတစ်ခု ကျင်းပ သွားမည်ဖြစ်သည်။

အဆိုပါ Burton မြို့အခြေစိုက် အဟ်မဒီယာမွတ်စလင်အဖွဲ့ခွဲမှကြီးမှူးကာ မေလ  ( ၄ ) ရက်နေ့ နံနက် ၁၁း၃၀ နာရီအချိန်တွင် ကမ္ဘာ့ဘာသာသာနာ တည်ထောင်သူ အရှင်သူမြတ်များနေ့ကို အမေးအဖြေအစီအစဉ်ဖြင့် ကျင်းပမည် ဖြစ်သည်။
ထိုညီလာခံတွင် ဘာသာတရားအသီးသီးမှပုဂ္ဂိုလ်များက မိန့်ခွန်းများမြွက် ကြားကြမည်ဖြစ်ပြီး Burton  Uxbridge လမ်းရှိ  Caribbean Centre  တွင် ကျင်းပ မည် ဖြစ်သည်။

အဟ်မဒီယာအဖွဲ့၏ဥက္ကဋ္ဌ ဆရက်ဒ် ဇကီယာ က " (အဟ်မဒီယာ)အဖွဲ့အစည်းဟာ သက်ဝင်လှုပ်ရှားလျက်ရှိပြီး အရှိန်အဟုန်ဖြင့် တိုးတက်နေတဲ့၊ ငြိမ်းချမ်း ရေးကိုမြတ်နိုးတဲ့ အစ္စလာမ်သာသနာထဲက အဖွဲ့အစည်းတစ်ခုပါပဲ " ဟု ပြောကြားသည်။

ထို့ပြင် ၎င်းက " ကျွန်တော်တို့ဟာ မူရင်းအစစ်အမှန်ဖြစ်တဲ့ အစ္စလာမ့် သွန်သင်ချက်ကိုဖြန့်ချိနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး ကျွန်တော်တို့အဖွဲ့အစည်းရဲ့ သွန်သင်ချက်သည်ပင် "Love for all, Hatred for none" (အားလုံးအပေါ် မေတ္တာထား၊ မည်သူ့ကိုမျှ အမုန်းမပွား) ပဲ ဖြစ်ပါတယ်။

ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ယနေ့ခေတ် မီဒီယာတွေက အစ္စလာမ် သာသနာကိုတည်ထောင်သူနဲ့ သခင့်ရဲ့နောက်လိုက်တွေအပေါ် မလျော်ကန်တဲ့ ရှုတ်ချပြောဆိုမှုတွေပြုနေပါတယ်။ ဒီလိုဖြစ်ရခြင်းအကြောင်းက ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ယုံကြည်ချက်ကို လွဲမှားတဲ့ ပုံစံနဲ့ဖြန့်ချိနေတဲ့  အစွန်းရောက်တွေ၊ အကြမ်းဖက်သမားတွေရဲ့ မမှန်ကန်တဲ့ လုပ်ရပ်တွေကြောင့်ပါပဲ။ အစ္စလာမ်၊ ခရစ်ယာန်၊ ဆစ်ခ်၊ ဟိန္ဒူ၊ ၊ ဂျူး၊ ဗုဒ္ဓ စတဲ့ သာသနာ အသီးသီးကို တည်ထောင်သူအရှင်သူမြတ်တွေက ယခုလို အစွန်းရောက် တရားတွေကို သွန်သင်သွားခဲ့တာဟုတ်ပါ့မလား " ဟု ပြောကြားခဲ့သည်။

Source (www.themuslimtimes.org)

Thursday, April 17, 2014

မလေးရှားတွင် အဟ်မဒီမွတ်စလင်မ်များ သောကြာနေ့ဝတ်ပြုမှုပုဒ်မဖြင့် အဖမ်းခံရ




မလေးရှားနိုင်ငံတွင် အစ္စလာမ်မစ် ဘာသာရေးဆိုင်ရာ ဌာနမှ ဦးဆောင်ပြီး အဟ်မဒီမွတ်စလင်မ်များကို "သောကြာနေ့ဝတ်ပြုမှု" အတွက် ဖမ်းဆီး ခဲ့ကြောင်း မလေးရှားနိုင်ငံ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

သောကြာနေ့တွင် အစ္စလာမ်ဘာသာဝင်များ ဘုရားဝတ်ပြုခြင်းမှာ တာဝန်တစ်ရပ်ဖြစ်ပြီး ကမ္ဘာတလွှားမွတ်စလင်မ်များကလည်း ထိုနေ့တွင် အထူး အလေးထားကာ ဘုရားဝတ်ပြုကြသည်။ သို့သော ်အဟ်မဒီမွတ်စလင်မ်များက လူစုလူဝေးဖြင့် ဘုရားဝတ်ပြုခြင်းကို ယခုကဲ့သို့ ဖမ်းဆီးခြင်းကြောင့် မလေးရှားနိုင်ငံရှိ အဟ်မဒီများသာမက ကမ္ဘာတလွှားရှိ အဟ်မဒီမွတ်စလင်မ်များပါ တုန်လှုပ်ခြောက်ခြားခဲ့ကြရသည်။

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါရှိ အဟ်မဒီမွတ်စလင်မ်များ၏ ၀တ်ပြုကျောင်းဆောင်တွင် ပြီးခဲ့သည့် သောကြာနေ့ (ဧပြီလ ၁၁) ၌ ယင်းကဲ့သို့သော အမှုအခင်းဖြစ်ပွားခဲ့ပြီး သောကြာ(ဂျွမ္မာ)၀တ်ပြုမှုကို ဆောင်ရွက်ခဲ့ကြသည့် အဟ်မဒီမွတ်စလင်မ် ၄၁ ဦးကို ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။ ဖမ်းဆီးမှုကို Selangor Islamic Religious Department (JAIS) က ဦးစီးဦးဆောင် ပြုခဲ့ခြင်းဖြစ်သည်။

Selangor Islamic Religious Department (JAIS) မှ တာဝန််ခံများက အဟ်မဒီမွတ်စလင်မ်ဝတ်ပြုဆောင်သို့ ဖမ်းဝရမ်းများဖြင့် ၀င်ရောက်စီးနင်း ခဲ့သလို ၀တ်ပြုဆောင်အတွင်း၌လည်း ကြမ်းကြမ်းတမ်းတမ်းဖြင့် မွှေနှောက်ရှာဖွေခဲ့ကြောင်း၊ ၄င်းတို့၏ ဖမ်းဝရမ်းပါ ဖော်ပြချက်အရ Islamic Religious Department မှ အသိအမှတ်ပြုထားခြင်းမရှိသော ဘာသာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တရားမဝင် ဆောင်ရွက်နေသဖြင့် ဖမ်းဆီး ခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားအဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ထုတ်ပြန်ချက်အရ ဖမ်းဆီးထိန်းသိမ်းခံရ သူများကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း၊ သာသနာပြုမှူးသာမက အခြားသော အဖမ်းဆီးခံရသူများအားလုံးကို တရားရုံး တွင် လာရောက်ဖြေရှင်းရန် ရက်ချိန်းများပေးလိုက်ကြောင်း၊ အဟ်မဒီခေါင်းဆောင်များကမူ အောက်တိုဘာ ၂၃၊ ၂၀၁၄ တွင် တရားရုံး၌ ရင်ဆိုင်ဖြေရှင်းရန် ဆင့်ခေါ်ခြင်း ခံထားရကြောင်း၊ ဖမ်းဆီးရန် လာရောက်ကြသည့် သူများအထဲ၌ ဒေသဆိုင်ရာ မီဒီယာတစ်ခုမှ မီဒီယာသမားများ ပါ၀င်ခဲ့ကြောင်း၊ ယင်းမီဒီယာသမားများမှာလည်း Islamic Religious Department ၏ ၀န်ထမ်းများအသွင် ဟန်ဆောင် ထားကြကြောင်း သိရှိရသည်။

မလေးရှားအဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ထုတ်ပြန်ချက်၌ ဆီလန်ဂေါမှာ မလေးရှားနိုင်ငံတွင် အဖွံ့ဖြိုးဆုံးဒေသတစ်ခုဖြစ်ကြောင်း၊ မလေးရှားနိုင်ငံမှာ ၄င်းတို့ကိုယ်ကို ခေတ်မီတိုးတက်ပြီး စံပြအစ္စလာမ်မစ်နိုင်ငံ တစ်ခုအနေဖြင့် ကြေညာရပ်တည်နေသော်လည်း ဤသို့သော အမှုအခင်းဖြစ်ပွားခြင်းမှာ ရှက်ဖွယ်ပင်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

မလေးရှားအဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ထုတ်ပြန်ချက်ကို အဖွဲ့၏ သာသနာပြုမှူးချုပ်နှင့် ပြန်ကြားရေးတာဝန်ခံ အိုင်နွလ်ယာကီးန် အမ်.ဇိန်၏ လက်မှတ်ထိုးဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

Wednesday, April 16, 2014

အစ္စလာမ့် ဒဿနကျမ်း (The Philosophy of the Teachings of Islam)



ဤစာအုပ်၏ မူရင်းကို အဟ်မဒီယာ မွတ်စလင်အဖွဲ့ကြီးအား တည်ထောင်သူ " ဟာဇရတ် မီရ်ဇာ ဂူလာမ် အဟ်မဒ် " သခင်က (၁၈၉၆) ခုနှစ်တွင် အူရဒူဘာသာဖြင့် ရေးသားပြုစုခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်ဘာသာအပါအဝင် အခြားဘာသာအမျိုးမျိုးဖြင့် ပြန်ဆိုထုတ်ဝေခဲ့ရာ မြန်မာဘာသာပြန်ကို မြန်မာနိုင်ငံ အဟ်မဒီယာ အဖွဲ့မှ (၁၉၃၃) ခုနှစ်တွင် ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့ပါသည်။

ဤစာအုပ်တွင် လူသား၏ ရုပ်တရား၊ ကိုယ်ကျင့်တရားနှင့် နာမ်တရား အခြေအနေများအပြင် စစ်မှန်သော ကိုယ်ကျင့်တရားများ၊ လူ့ဘဝ၏ ရည်ရွယ်ချက်နှင့် ယင်းရည်ရွယ်ချက်ကို ရရှိမည့် နည်းလမ်းများအပြင် ပြဌာန်းထားသော တရားတော်များကို လက်တွေ့လိုက်နာ ကျင့်ကြံခြင်းဖြင့် ဤဘဝနှင့် နောင်တမန်လွန်ဘဝတို့တွင် ရအပ်သော အကျိုးကျေးဇူးများကို ဖော်ပြထားသည်။

ထို့ပြင် ထာဝရဘုရားရှင် တည်ရှိကြောင်း ခိုင်လုံသော အကြောင်းပြချက် သာဓကများ၊ သေလွန်ပြီးနောက် ဝိညာဉ်၏ အခြေအနေစသည်တို့ကို ကျမ်းမြတ်ကိုရ်အာန်အား အခြေပြုကိုးကား၍ ပီပြင်ရှင်းလင်းစွာ တင်ပြထားပေရာ ပထမ အကြိမ်ထုတ် စာအုပ်နှင့် စပ်လျှဉ်း၍ ဒီးဒုတ်မဂ္ဂဇင်းထုတ်ဝေသူနှင့် အယ်ဒီတာဖြစ်သူ ဒီးဒုတ် ဦးဘချိုက ဤသို့ မှတ်ချက်ပြုထားပါသည်။ " ဘာသာရေး ဗဟုသုတ စုဆောင်းသူများနှင့် မိုဟမ္မဒ်ဘာသာဝင် မြန်မာတို့တွင် ၎င်းစာအုပ်သည် များစွာ အရေးပါ၍ အရာရောက်လိမ့်မည် ဖြစ်ပေကြောင်း ထိုစာအုပ်၌ လူများသေပြီးနောက် တည်ရှိနိုင်သည် မရှိနိုင်သည်၊ ရုပ်နှင့် နာမ်သည် မည်ကဲ့သို့ဖြစ်လာသည်၊ မည်ကဲ့သို့ ဆက်သွယ်သည် စသော ပြဿနာများကို ကိုရ်အာန်ကျမ်းအရ ဖြေကြားထားသည်ကို တွေ့ရှိရသဖြင့် မိမိတို့ဘာသာနှင့် တူညီချက် ကွဲလွဲချက်များကို နှိုင်းယှဉ်ကြည့်ရန် ကောင်းသော စာအုပ်ကလေးဖြစ်သည်။ " (ဒီးဒုတ် ဦးဘချို)

နိုင်ငံကျော် စာရေးဆရာ ဆရာကြီး ပီမိုးနင်းကလည်း ဤသို့ ထောမနာပြုထားပါသည်။ " ဤကျမ်းသည် အစ္စလာမ်ဘာသာဝင်များသာ ဖတ်ရန်မဟုတ်။ လူကောင်းလူမြတ်ဖြစ်လိုသူမှန်က အထပ်ထပ်ဖတ်အပ်သော ကျမ်းဖြစ်လေရာ ဘာသာကျမ်းစာဖြစ်ခြင်းသာမက လူဟူသမျှနှင့်ဆိုင်သော ကျမ်းစာဖြစ်ပေသည်။ " (ဆရာကြီး ပီမိုးနင်း )

နိုင်ငံရပ်ခြားတွင်လည်း မဂ္ဂဇင်းအစုံစုံ၊ သတင်းစာ အသီးသီးမှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသောကျမ်းကို ထောမနာပြုခဲ့ကြပေသည်။ အချို့ကို ကောက်နှုတ်တင်ပြရသော် ....

- ကိုရ်အာန်ကျမ်း၏ တင်ပြချက်များကို အထူးဖော်ပြထားသောကျမ်း ၊ အငြင်းအခုန် အတိုက်အခံကင်း၍ ကိုရ်အာန်ကျမ်းထွက် စကားများမှတပါး အခြားမပါရှိသော ကျမ်းဖြစ်၏။ ( Indian Spectator)
- အစ္စလာမ်ဘာသာ အယူသဘောတို့၏ အဆီအနှစ်ကို ချုပ်စုတင်ပြသောကျမ်းဖြစ်၏ ။ ( English Mail)
- ကျွန်ုပ်တို့တွေ့ရှိသမျှတွင် ဤကျမ်းသည် အစ္စလာမ်ဘာသာ၏ အကောင်းဆုံးသော ဖော်ပြခြင်းဖြစ်သည်။ ( Theosophy Book Review)

(Bristol Time & Mirror) ကလည်း " အနောက်တိုင်းသားတို့အား ဤကဲ့သို့ဖြေနိုင်သော( ကျမ်းပြုဆရာ) ဤ ပုဂ္ဂိုလ်သည် ဧကန်စင်စစ် သာမန်ပုဂ္ဂိုလ်မဟုတ် "  ဟု ချီးကျူးထားပေသည်။

မှန်ပေသည်။ ကိုရ်အာန်၏ အဆီအနှစ်များကို ဘက်ပေါင်းစုံအတွက် ထုတ်နှုတ်၍ သက်ဆိုင်ရာ အကြောင်းရပ်အလိုက် ရှင်းလင်းတင်ပြနိုင်ရန်မှာ သာမန်လူသားတစ်ဦးအဖို့ တတ်နိုင်ရန်မဖြစ်နိုင်ချေ။ အရှင်မြတ်၏ အထူးအစောင်အမဖြင့် အရှင်မြတ်ထံတော်မှ လာသောပုဂ္ဂိုလ်သာလျှင် ပြုလုပ်နိုင်ပေသည်။ " အစ္စလာမ့် ဒဿနကျမ်း" ကို ရေးသားသူ ကျမ်းပြုပုဂ္ဂိုလ် " ဟာဇရတ်အဟ်မဒ် " သခင်က မိမိမှာ ကမ္ဘာ့ဘာသာအသီးသီးက စောင့်မျှော်နေကြသော နှောင်းခေတ်တွင် ပွင့်ပေါ်မည့် " မဆီဟ်၊ မဟ်ဒီ " သခင်အဖြစ် အရှင်မြတ် စေလွှတ်တော်မူကြောင်း ကြေငြာ၍ အဟ်မဒီယာ မွတ်စလင်အဖွဲ့ကြီးကို တည်ထောင်ကာ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပေသည်။ ယခုအခါ ဆက်ခံသူ (၅ ) ဦးမြောက် ပဥ္စမခလီဖာ လက်ထက်သို့ ရောက်ရှိနေပြီး နိုင်ငံပေါင်း (၂၀၀ ) ကျော်တွင် အဟ်မဒီယာ အဖွဲ့များတည်ထောင်ကာ စစ်မှန်သော အစ္စလာမ်သာသာနာအတွက် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။

PDF File ဘာသာပြန် ဖတ်ရှုရန် Media Fire Download Link =>
http://www.mediafire.com/view/xpp2drcx6ts7al5/Teachings_Of_Islam_%28Myanmar-version%29.pdf

Thursday, April 10, 2014

ဘော်စတန်မာရသွန်ဗုံးပေါက်ကွဲမှုမှ သေကျေထိခိုက်ခဲ့ရသူများအတွက် ရည်စူး၍ Muslims for life မှ သွေးလှူဒါန်းပွဲ ကျင်းပမည်



ေဘော်စတန် ၊ အမေရိကန်။



Muslims For Life လှုပ်ရှားမှုက ဦးဆောင်၍ ဧပြီလ ၁၁ ရက်၊ သောကြာနေ့တွင် သွေးလှူဒါန်းပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ လှူဒါန်းရခြင်းမှာ ယမန်နှစ်က ဖြစ်ပွားခဲ့သော ဘော်စတန်မာရသွန်ဗုံးပေါက်ကွဲမှု၌ ထိခိုက်သေကျေခဲ့ရသူများကို အောက်မေ့ဂုဏ်ပြုသည့် အထိမ်းအမှတ်ဖြစ်ကြောင်း metrowestdailynews.com မှ တင်ပြထားသည်။

Muslims For Life ၏ သွေးလှူဒါန်းပွဲကြီးကို ဘော်စတန်မြို့တော်ကောင်စီနှင့် ဘော်စတန်မြို့ အားကစားအဖွဲ့တို့ ပူးပေါင်းပါ၀င်ကြကြောင်း၊ အလှူခံရရှိသည့် သွေးများကို ဘော်စတန်ကလေးဆေးရုံနှင့် အခြားနေရာနှစ်ခုသို့ ပေးပို့သွားမည်ဖြစ်သည်။

Muslims For Life လှုပ်ရှားမှုကို အမေရိကန်နိုင်ငံ၏ သက်တမ်းအရင့်ဆုံး အစ္စလာမ့်အဖွဲ့အစည်းဖြစ်သည့် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့မှ ကမကထ ပြုထားသည်။ နှစ်စဉ် စက်တင်ဘာ ၁၁ အောက်မေ့ဖွယ် သွေးလှူဒါန်းပွဲများကို ကျင်းပပြီး လူ့အသက်ပေါင်း ၁ သိန်းခန့်ကို ကယ်တင် နိုင်လျက်ရှိသည်။ Muslims For Life လှုပ်ရှားမှုကို ၂၀၁၁ တွင် စတင်ခဲ့ကြောင်း သိရသည်။

အလ္လာဟ်အရှင်မြတ်အား ချစ်မြတ်နိုးခြင်း (သောကြာ မိန့်ခွန်း - ဧပြီလ ၄ ရက်၊ ၂၀၁၄)



ဧပြီလ ၄ ရက် ၂၀၁၄ ခုနှစ် သောကြာနေ့တွင် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှ ဟောကြားတင်ပြခဲ့သည့် မိန့်ခွန်း



မဆီဟ်မော်အူးဒ် မှန်ကန်ခြင်းအတွက် နိမိတ်လက္ခဏာများ (သောကြာ မိန့်ခွန်း - မတ်လ ၂၈ ရက်၊ ၂၀၁၄)




မတ်လ ၂၈ ရက် ၂၀၁၄ ခုနှစ် သောကြာနေ့တွင် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှ ဟောကြားတင်ပြခဲ့သည့် မိန့်ခွန်း

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-