Wednesday, February 19, 2014

ရဲနှင့် အကြမ်းဖက်တိုက်ဖျက်ရေးများအား အဟ်မဒီယာမွတ်စလင်အကြီးအကဲမှ အရေးဆိုတင်ပြ


 ဆီးရီးယားအရေးအခင်းတွင် အသေခံဗုံးခွဲမှုများသည် ငြိမ်းချမ်းရေး
တည်ဆောက်ရန်ဖြစ်သည်ဟူသော ယုံကြည်ချက်ကိုဆန့်ကျင်ကြောင်း
ငြိမ်းချမ်းရေးမြတ်နိုးသူ (အဟ်မဒီ)မွတ်စလင်အကြီးအကဲက ဖော်ပြခဲ့သည်။
Langley Green အခြေစိုက် အဟ်မဒီယာမွတ်စလင်အဖွဲ့ဥက္ကဋ္ဌ Ahsan
Ahmedi က ဖေဖဝါရီလ ၁၂ ရက်နေ့တွင် ရဲအရာရှိနှင့် အကြမ်းဖက်
တိုက်ဖျက်ရေးမှူးတို့က Martyrs Avenue ရှိ အိမ်တစ်လုံးကို ဝင်ရောက်
ရှာဖွေမှုများပြုလုပ်သွားကြောင်း ပြောဆိုခဲ့သည်။
Mr Ahmedi ပြောကြားရာမှာ -
““ကျွန်တော် သူနဲ့တော့ ပုဂ္ဂိုလ်ရေးခင်မင်မှုမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် သူနဲ့
မကြာခဏဆိုသလို ဆုံဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့
ယုံကြည်ချက်ကိုဖြန့်ချိပို့ဆောင်မှုလုပ်ငန်းတွေမှာ သူက သူ့မိတ်ဆွေတွေနဲ့အတူ
လာရောက်တတ်ပြီး ကျွန်တော်တို့ကို အဟန့်အတားလုပ်လေ့ ရှိတတ်တာ
ကြောင့်ပါ။ အဲဒါကလည်း ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ကျွန်တော်တို့ဟာ
သူ့(လုပ်ရပ်တိုင်း)ကို အင်မတန် သဘောထားကြီးပေးခဲ့တာကြောင့်ပါ။””

““ပြီးတော့ ကျွန်တော်တို့ဟာ (အများယူဆထားတဲ့) ဂျေဟာဒ်ကို ဆန့်ကျင်ပြီး
ငြိမ်းချမ်းရေးတည်ဆောက်နေကြသူတွေပါ။””
““ကျွန်တော်တို့ဟာ မဆီဟာကို ယုံကြည်သူများဖြစ်ပြီး ၎င်းတို့က
ထိုယုံကြည်မှု ကို ဆန့်ကျင်ကြပါတယ်။””
““ဒီယုံကြည်ချက်နဲ့ပတ်သက်လို့လည်း သူတို့နဲ့ ကျွန်တော်တို့ကြားမှာ
အထောက်အထားတွေနဲ့ ဆွေးနွေးမှုများလည်းပြုခဲ့ပြီးပါပြီ။””
ထို့ပြင် Mr Ahmedi က “ဤမျှ ငြိမ်းချမ်းရေးကိုသာ သီးသီးသန့်သန့်
လုပ်ဆောင်နေကြသော မိမိတို့ကိုမှ အလ်ကိုင်ဒါအကြမ်းဖက်အုပ်စုနှင့်
အဆက်အသွယ်ရှိသည့် ပုန်ကန်ထကြွသည့် Abu Suleiman al-Britani
နှင့် ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲလာသည်ကြောင့် အလွန်စိတ်ပျက်
ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။
Mr Ahmedi ကဆက်လက်ပြောကြားသည်မှာ ““Crawley ဆိုတဲ့နာမည်ကို
ပြစ်တင်ဝေဖန်ခြင်းနဲ့အတူ အစ္စလာမ်ဆိုတဲ့အမည်နာမလည်း ပြစ်တင်ဝေဖန်
ခံလိုက်ရပြီ ဆိုတာပါပဲ။””
““Crawley ဆိုတဲ့ အသင်းအဖွဲ့ဟာ အတော်လည်း တောင့်ခံနိုင်ကြတဲ့
အသင်းအဖွဲ့ပဲဖြစ်တယ်လို့ ကျွန်တော်ခံစားရတယ်။ ကျွန်တော်တို့ဟာ
အားလုံးနဲ့ ငြိမ်းချမ်းစွာနေထိုင်တဲ့သူတွေဖြစ်ပြီး ခုလိုပြက်ရယ်ပြုစရာ
အတွေးအခေါ်တွေနဲ့ ပြုလုပ်နေကြတဲ့ လုပ်ရပ်အသီးသီးဟာ မှားယွင်းပြီး
အစ္စလာမ်နဲ့လားလားမှ မအပ်စပ်ပါဘူး။””
Mr Ahmedi ကဆက်လက်ပြောကြားသည်မှာ- ““အစ္စလာမ်နဲ့ပတ်သက်တဲ့
အရိုးရှင်းဆုံးသတင်းစကားကတော့ အစ္စလာမ်ဟာ ငြိမ်းချမ်းတဲ့သာသနာပဲ
ဖြစ်တယ်ဆိုတာပါပဲ။””
“(မွတ်စလင်ဖြစ်လျက်နဲ့) ငြိမ်းချမ်းစွာနေထိုင်ပြုမူခြင်းမရှိတဲ့သူကို သူဟာ
အစ္စလာမ်ကို အမှန်တကယ် ကိုယ်စားပြုသူဖြစ်ပါသလားဆိုတဲ့ မေးခွန်း

အမေးခံရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်သိတဲ့ အစ္စလာမ်
ဆိုတာ ငြိမ်းချမ်းရေးတည်ဆောက်နေသူကို ခေါ်ဆိုတာကြောင့်ပါ။””
““မွတ်စလင်အဖြစ်ရပ်တည်ဖို့ အရေးအကြီးဆုံးကတော့ အိမ်နီးချင်းနဲ့
ငြိမ်းချမ်း စွာနေထိုင်ရမယ်။ ကိုယ့်မြို့ကိုယ့်ရွာကို ငြိမ်းချမ်းစေရမယ်။
ကိုယ်လုပ်တဲ့ အလုပ်တိုင်းဟာလည်း ငြိမ်းချမ်းရေးကို တိုးမြှင့်ဖော်ဆောင်
ခြင်းဆိုတာသာ ဖြစ်နေရမယ်””ဟု Mr Ahmedi ကပြောကြားသွားခဲ့သည်။
(www.themuslimtimes.org)

မဆီဟ်မော်အူးဒ် မှန်ကန်ခြင်းအတွက် နိမိတ်လက္ခဏာများ

 ဖေဖော်ဝါရီ ၁၄ ရက် ၂၀၁၄ ခုနှစ် သောကြာနေ့တွင်
အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှ ဟောကြားတင်ပြခဲ့သည့် မိန့်ခွန်း

- “အီလ်ဟာမ်”ဗျာဒိတ်များနှင့် “ကရှ်ဖ်”ရူပါယုံမြင်ကွင်းများကို ရေးသားရခြင်းနှင့်
ဘာသာခြားများ၏သက်သေခံချက်များကို ရေးသားရခြင်း၏ရည်ရွယ်ချက်များ။
- “လက်တွေ့အားဖြင့် ဖြောင့်မှန်သောလမ်းကိုအလိုရှိကြပြီး ယင်းအတွက် ကြိုးပမ်း
အားထုတ်နေသူများအဖို့ အလုံးစုံသော ကောင်းချီးမင်္ဂလာများနှင့် အလင်းရောင်
များသည် အစ္စလာမ်သာသနာတော်အတွင်း၌သာ ကန့်သတ်ထားရှိခဲ့ပြီဖြစ်
ကြောင်းကို ပွင့်လင်းထင်ရှားစွာ သိရှိသွားကြစေရန်ဖြစ်၏။”
- “စွမ်းအားကြီးမားသော သက်သေပြုချက်သည် အမြဲတမ်းအဖို့ မွတ်စလင်မ်တို့
လက်ဝယ်၌ ရှိနေစေရန်ဖြစ်သည်။”
- “အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်အားအသိပေးတော်မူသည့် အကွယ်မှ အကြောင်း
ကိစ္စများနှင့် အချိန်ကိုက်ပြည့်စုံခဲ့သည့် နိမိတ်လက္ခဏာများမှာ အရေအတွက်
အားဖြင့် တစ်သောင်းထက်မလျော့ချေ။ ... ကျွန်ုပ်၏ ကြိုတင်ဗျာဒိတ်များ
အနက် မပြည့်စုံခဲ့သည့်ဗျာဒိတ်ဟူ၍မရှိ၊ သို့တည်းမဟုတ် ကြိုတင်ဗျာဒိတ်များ၏
အစိတ်အပိုင်းနှစ်ခုအနက်တစ်ခုသည် မုချပြည့်စုံခဲ့ပြီးဖြစ်ပေသည်။ တစ်စုံ
တစ်ယောက်သည် မွှေနှောက်ရှာဖွေရင်းနှင့် သေသာသွားလိမ့်မည်။ သို့သော်
ကျွန်ုပ်၏နှုတ်မှထွက်သော ကြိုတင်ဗျာဒိတ်များအနက်မှ မပြည့်စုံဘဲကျန်ရစ်ခဲ့
သည်ဆိုသည့် ကြိုတင်ဗျာဒိတ်တစ်ခုတစ်လေကိုမျှ သူသည် ထောက်ပြပြောဆို
သွားနိုင်မည်မဟုတ်ချေ။
- မဆီဟ်မော်အူးဒ်(အ)အား အလ္လာဟ်အရှင်မြတ်ပေးသနားတော်မူသည့် အလင်္ကာ
မြောက်သော စာပေစွမ်းအင်နှင့် ထိုစာပေများကို ဖတ်ရှုရသူတို့၏ ခံစားချက်
ဖြစ်ရပ်များ။ 

 တရှာဟွဒ်၊ တအာဝိုဇ်နှင့် စူရာဟ် ဖာတီဟာတို့ကို ဖတ်ရွတ်ပြီးနောက် ...
ယနေ့ ဟာဇရတ်မဆီဟ်မော်အူးဒ်(အ)ရဲ့ နိမိတ်လက္ခဏာများနဲ့စပ်လျဉ်းလို့
သခင်ကြီး၏ ရေးသားချက်များမှ အကြောင်းအရာများကို တင်ပြမှာဖြစ်ပါတယ်။
ဒီနိမိတ်လက္ခဏာတွေကိုတင်ပြရခြင်းရဲ့ အဓိကအခြေခံအကျဆုံး ရည်ရွယ်ချက်
အဖြစ် မဆီဟ်မော်အူးဒ်(အ)သခင်ကြီး မိန့်ကြားတော်မူသည်မှာ- ပေါ်ထွန်းခဲ့ပြီး
ဖြစ်သော နိမိတ်လက္ခဏာများ၊ ပေါ်ထွန်းလျက်ရှိသော နိမိတ်လက္ခဏာများနှင့်
နောင်မှာပေါ်ထွန်းလာဦးမည့် နိမိတ်လက္ခဏာများအားလုံး၏ အဓိကရည်ရွယ်
ချက်က ဤခေတ်ကာလမှာ အလ္လာဟ်အရှင်မြတ်က သခင်ကြီးကို အကြောင်းပြု
လျက် အစ္စလာမ်သာသနာ၏မှန်ကန်မှုကို ကမ္ဘာလောက၌ ထင်ရှားစေဖို့ဖြစ်
တယ်။ ဒါ့အပြင် တမန်တော်မြတ်(ဆွ)ရဲ့ ဂုဏ်ဒြပ်အဆင့်အတန်းကို ကမ္ဘာ
လောက၌ ဖော်ထုတ်ဖို့ဖြစ်တယ်။ ဒီနိမိတ်လက္ခဏာတွေက ပြင်ပမှပုဂ္ဂိုလ်တွေ၊
အစ္စလာမ်ကို ဝေဖန်ပြစ်တင်သူတွေကို နှုတ်ပိတ်သွားစေခဲ့သလို အခြားတစ်ဖက်
မှာ မွတ်စလင်မ်တွေအတွက်လည်း မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့ မှန်ကန်မှု
အတွက် သက်သေအဖြစ်ရှိခဲ့ပါတယ်။ သခင်ကြီးသာလျှင် အစ္စလာမ်သာသနာ
တော် ဒုတိယတစ်ဖန်ဖြန့်ချိရေးအတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ စေလွှတ်
ခြင်းခံရတဲ့ “ဂျရီယွလ္လာဟ်” (အလ္လာဟ်၏သူရဲကောင်း)ဖြစ်ကြောင်း သိစေဖို့ပါပဲ။
ယခု “ဘရာဟီနေအဟ်မဒီယာ”ကျမ်းမှ စာပိုဒ်တစ်ခုကို တင်ပြပါ့မယ်။ ယင်းအား
ဖြင့် သခင်ကြီးရဲ့ မိန့်ကြားချက်များနှင့် ထိုမိန့်ကြားချက်ရဲ့ အနှစ်သာရကို
နားလည်သိရှိနိုင်မှာ ဖြစ်ပါတယ်။ သခင်ကြီး မိန့်ကြားတော်မူသည်မှာ-
“လက်တွေ့အားဖြင့် ဖြောင့်မှန်သောလမ်းကို အလိုရှိကြပြီး ယင်းအတွက် ကြိုးပမ်း
အားထုတ်နေသူများအဖို့ အလုံးစုံသော ကောင်းချီးမင်္ဂလာများနှင့် အလင်းရောင်
များသည် အစ္စလာမ်သာသနာတော်အတွင်း၌သာ ကန့်သတ်ထားရှိခဲ့ပြီဖြစ်
ကြောင်းကို ပွင့်လင်းထင်ရှားစွာ သိရှိသွားကြစေရန်ဖြစ်၏။ ဤသို့ဖြင့် ဤခေတ်
ကာလရှိ ဘုရားမဲ့ဝါဒီမျိုးဆက်တို့အတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ
ပြတ်သားသော သက်သေသာဓကသည် ပြည့်စုံလာစေရန်ဖြစ်သည်။ ထို့ပြင်
ဤသည်ကိုအကြောင်းပြု၍ ၎င်းတို့၏သဘာဝ၌ မိစ္ဆာစရိုက်များရှိနေကြောင်းကို
 တရားမျှတစွာရှုမြင်တတ်သူအားလုံးအပေါ် ထင်ရှားစေရန်ဖြစ်သည်။ အကြင်သူ
တို့သည် အမိုက်အမှောင်ကို မိတ်ဖွဲ့ကြပြီး အလင်းရောင်ကို ရန်ဘက်ပြုကြ
လျက် ဟာဇရတ် ခါတမွလ်အန်ဗီယာ(ဆွ)၏ မြင့်မားသောဂုဏ်အဆင့်အတန်းကို
ငြင်းပယ်ကန့်ကွက်ကြ၏။ ထိုသည့် မြင့်မြတ်လှစွာသောတမန်တော်၏
ဂုဏ်တော်ကိုထိပါးလျက် ရုန့်ရင်းကြမ်းတမ်းစွာပြောဆိုကြ၏။ ထို့ပြင် လူသား
အားလုံးတွင် အထွဋ်မြတ်ဆုံးဖြစ်သည့် ဤတမန်တော်အား မတရားသဖြင့်
ပုတ်ခတ်စွပ်စွဲကြ၏။ စင်စစ် ကမ္ဘာလောသို့ ထိုသည့် ပြီးပြည့်စုံသော လူသား
တစ်ဦးတည်းသာလျှင် ကြွမြန်းရောက်ရှိလာခဲ့၏။ သူ၏ အလင်းရောင်သည်
ကမ္ဘာလောကအပေါ်သို့ နေမင်းအလား ရောင်ခြည်တော်များကို ဖြန့်ကျက်ပေး
လျက်ရှိ၏။ ထိုမျှမက အမြဲတမ်းအဖို့ ဖြန့်ကျက်ပေးလျက် ရှိပေဦးမည်။
၎င်းတို့မှာကား မွေးရာပါကောက်ကျစ်စဉ်းလဲမှု၊ လွန်စွာယုံကြည်ချက်ကင်းမဲ့မှုတို့
ကြောင့် ဤအကြောင်းကို မသိနိုင်ဘဲရှိကြ၏။ သို့ဖြစ်ပေရာ ဤသည့် မှန်ကန်
သော ရေးသားချက်များအားဖြင့် အစ္စလာမ်သာသနာ၏ ဂုဏ်အရှိန်အဝါသည်
ဆန့်ကျင်သူတို့၏ ဝန်ခံပြောဆိုမှုများဖြင့် ထင်ရှားလာစေရန်ဖြစ်သည်။ ဤသို့ဖြင့်
အမှန်တကယ်ရှာဖွေသူအဖို့ သက်သေလက္ခဏာဆိုင်ရာ လမ်းကြောင်းတစ်ခု
ပွင့်သွားစေရန်ဖြစ်သည်။ ထို့ပြင် မိမိတို့အတွင်းမှ အသိဉာဏ်ရှိသူများအတွက်
မူကား သူတို့၏ အသိဉာဏ်သည် ထက်မြက်လာစေရန်ဖြစ်သည်။ 
ထို့ပြင် ဤသို့ “အီလ်ဟာမ်”(ဗျာဒိတ်)များနှင့် “ကရှ်ဖ်”(ရူပါယုံမြင်ကွင်း)များကို
ရေးသားရခြင်း၏ အခြားသော အကြောင်းတစ်ရပ်မှာ “မို့အ်မင်န်”ယုံကြည်သူ
တို့၏ ယုံကြည်မှုဆိုင်ရာ စွမ်းအားများ မြင့်တက်လာစေရန်ဖြစ်သည်။ ထို့ပြင်
သူတို့၏ နှလုံးသားများကို ခွန်အားဖြစ်စေရန်နှင့် ကျေနပ်မှုရစေရန်ဖြစ်၏။
ထို့ပြင်(ဖြောင့်မတ်မှန်ကန်သောလမ်း)သည် အစ္စလာမ်သာသနာတော်
တစ်ခုတည်းသာလျှင်ဖြစ်သည်ဆိုသည့် အမှန်တရားကို သူတို့သည်
ပြည့်ဝခိုင်မာသော ယုံကြည်ချက်ရှိလာစေရန် ဖြစ်သည်။ ထို့ပြင် ယခုအခါတွင်
မိုးအောက်မြေပြင်၌ တစ်ပါးတည်းသောတမန်တော်၊ တစ်ဆူတည်းသော
ကျမ်းတော်တို့သာလျှင်ရှိတော့၏။ ယင်းကား တမန်တော်အပေါင်းတွင်
အမြင့်မြတ်ဆုံး၊ စေလွှတ်ခြင်းခံရသူအပေါင်းတွင် ပြီးပြည့်စုံသည့် ဘုန်းတော်ကို
 ပိုင်သသူ၊ တမန်တော်အပေါင်း၏တံဆိပ်တော်၊ လူသားအားလုံးတွင်
အမြတ်ဆုံးဖြစ်သည့် တမန်တော်မြတ် မူဟမ္မဒ် မူစ်တဖာ(ဆွ) ဖြစ်သည်။
သခင့်အား နောက်လိုက်နာခံခြင်းဖြင့် အလ္လာဟ်အရှင်မြတ်ကို တွေ့နိုင်၏။
ထို့ပြင် အမိုက်တိုက်ကန့်လန့်ကာဟူသမျှ လွင့်ပါးသွားရ၏။ ဤလောက၌ပင်
စစ်မှန်သော ကယ်တင်ခြင်း၏ အရိပ်လက္ခဏာများသည် ပေါ်လွင်ထင်ရှား
လာ၏။ ထို့ပြင် စစ်မှန်ပြီး ပြည့်စုံသည့် လမ်းညွှန်မှုများ၊ ကုစားနိုင်စွမ်းများဖြင့်
ပြည့်လျက်ရှိသော ကျမ်းတော်မြတ်ကုရ်အာန်၊ ယင်းအားအကြောင်းပြုလျက်
ဘုရားရှင်ထံတော်မှ အသိပညာများနှင့် နက်နဲသော ဉာဏ်စဉ်များကို ရရှိ၏။
နှလုံးသားကို လူ့သဘာဝ အားနည်းချက်များမှ စင်ကြယ်သွားစေ၏။ ထို့ပြင်
လူသားသည် ပညာမဲ့မှု၊ ပေါ့ဆမှုနှင့် သံသယများ၏ အဖုံးအကာများမှ
လွတ်မြောက်လျက် “ဟက်ကွလ်ယကီးန်”(အတွေ့အကြုံအားဖြင့် ဒိဋ္ဌအမှန်ကိုသိ
ခြင်း) အဆင့်သို့တိုင်ရောက်ရှိသွားတော့၏။ 

ထို့ပြင် ဤ“အီလ်ဟာမ်”ဗျာဒိတ်များနှင့် “ကရှ်ဖ်”ရူပါယုံမြင်ကွင်းများကို ရေးသား
ရခြင်းနှင့် ဘာသာခြားများ၏သက်သေခံမှုများကို ရေးသားရခြင်း၏ အကြောင်း
တစ်ရပ်မှာ အမြဲတမ်းအဖို့ စွမ်းအားကြီးမားသော သက်သေပြုချက်သည်
မွတ်စလင်မ်တို့ လက်ဝယ်၌ရှိနေစေရန်ဖြစ်သည်။ ထို့ပြင် မစင်ကြယ်သော၊
ဘုရားတရားကင်းမဲ့သော၊ နှလုံးသားမည်းနက်သောလူတို့သည် မွတ်စလင်မ်တို့
နှင့် မတရားသဖြင့်ယှဉ်ပြိုင်ခြင်း၊ ရင်ဘောင်တန်းခြင်းတို့ပြုသည့်အခါ ၎င်းတို့၏
မရှုမလှရှုံးနိမ့်ခဲ့မှုနှင့် အဖြေကင်းမဲ့မှုတို့သည် လူသားအားလုံးအပေါ် သက်သေ
အဖြစ် ထင်ရှားသွားစေရန်ဖြစ်သည်။ လမ်းလွဲလမ်းမှားခြင်း၊ လမ်းပျောက်ခြင်း
တို့၏ အဆိပ်သင့်နေသော လေသည် ယခုအချိန်တွင် တိုက်ခတ်လျက်ရှိပြီး
ယင်း၏ အဆိပ်သင့်မှုမှ ယနေ့ခေတ်၏ အမှန်တရားရှာဖွေသူများနှင့် နောင်
မွေးဖွားလာကြမည့်မျိုးဆက်သစ်များ လုံခြုံမှုရစေရန်ဖြစ်သည်။ အကြောင်းမူ
ဤသည့် “အီလ်ဟာမ်”ဗျာဒိတ်များ၌ နောင်ခေတ်ကာလများတွင်ထင်ရှားရန်
သတ်မှတ်ထားသော အကြောင်းရပ်များလည်း ပါရှိမည်ဖြစ်သည်။ သို့ဖြစ်ရာ
အကြင်အခါ ဤခေတ်ကာလ ကုန်လွန်သွားပြီး လောကသစ်တစ်ခုသည်
ကွယ်ဝှက်ထားသော အဖုံးအကာ နောက်မှ မျက်နှာကို ပြသလိမ့်မည်။ ထို့ပြင်
 ဤကျမ်းစာအုပ်၌ ရေးသားထားသည့် အကြောင်းအရာများ၏ မှန်ကန်မှုကို
မျက်မြင်ဒိဋ္ဌတွေ့ကြရမည်။ ထိုအခါတွင် ၎င်းတို့၏ “အီမာန်”ယုံကြည်မှုဆိုင်ရာ
ခိုင်မာထက်သန်မှုအတွက် ဤကြိုတင်ဗျာဒိတ်များသည် များစွာအကျိုးရှိစေမည်
ဖြစ်သည်။ အင်ရှာအလ္လာဟ်။”    (ဘရာဟီနေအဟ်မဒီယာ)

အထက်မှာတင်ပြခဲ့တဲ့ သခင်ကြီးရဲ့ရေးသားချက်ဟာ “ဘရာဟီနေအဟ်မဒီယာ”
ကျမ်း ပထမ(၄)တွဲထဲမှ ဖြစ်ပါတယ်။ ပြီးတော့ သခင်ကြီး တင်ပြခဲ့တဲ့
“အီလ်ဟာမ်”ဗျာဒိတ်တွေနဲ့ “ကရှ်ဖ်”ရူပါယုံမြင်ကွင်းတွေဟာ သခင်ကြီးရဲ့
ခေတ်ကာလတစ်ခုတည်းအတွက်သာ မဟုတ်ပါဘူး။ အနာဂတ်မှာ
မွေးဖွားလာကြမယ့် မျိုးဆက်သစ်တွေကလည်း ထိုကြိုတင်ဗျာဒိတ်တွေအားဖြင့်
လုံခြုံမှုရနေကြမှာဖြစ်ပါတယ်။ ဒါ့အပြင် ကြိုတင်ဗျာဒိတ်တွေထဲက များစွာသော
အကြောင်းရပ်တွေကလည်း အနာဂတ်ကာလမှာ ပြည့်စုံလာပါလိမ့်မယ်။
ဒါကြောင့် ယခုလိုကြိုတင်ဗျာဒိတ်တွေကို သခင်ကြီးတင်ပြခဲ့ရခြင်းက သခင်ကြီး
ရဲ့ သာလွန်မှုကို ပြသဖို့အတွက်မဟုတ်ဘဲ အစ္စလာမ်ရဲ့မှန်ကန်မှုကို သက်သေ
ပြဖို့၊ တမန်တော်မြတ်ကြီး(ဆွ)ရဲ့ ဂုဏ်ဒြပ်အဆင့်အတန်းကို ကမ္ဘာလောကက
သိရှိသွားစေဖို့အတွက်သာ ဖြစ်ပါတယ်။ 

ယခုလို ရည်ရွယ်ချက်ကိုနားမလည်ဘဲ သခင်ကြီးရဲ့ဗျာဒိတ်တွေဟာ အူရ်ဒူ၊
အင်္ဂလိပ်၊ အာရဗီ စသဖြင့်ရောစပ်ပြီး ကျရောက်တာပါလားလို့ ဝေဖန်စောဒက
ပြုတဲ့သူတွေအတွက်လည်း အံ့ဩမိပါတယ်။ သိထားရမှာက- အလ္လာဟ်အရှင်
မြတ်ကို ဘယ်ဘာသာစကားနဲ့ပဲ ပြောဆိုပါဆိုပြီး ကန့်သတ်လို့မရနိုင်ပါဘူး။
အရှင်မြတ်အလိုတော်ရှိသလို တစ်ချိန်တည်းမှာတင် အကြောင်းအရာ
တစ်ခုတည်းကို ဘာသာစကား ၃ မျိုး၊ ၄ မျိုးလောက်နဲ့ မိန့်ကြားတော်မူ
နိုင်ပါတယ်။ မည်သို့ဆိုစေ သခင်ကြီးထံကျရောက်ခဲ့တဲ့ ဗျာဒိတ်တော်ဟာ
ပြီးပြည့်စုံခဲ့ပြီး ဒါရဲ့ မှန်ကန်မှုအတွက် ပြင်ပပုဂ္ဂိုလ်တွေလည်း သက်သေရှိခဲ့
ပါတယ်။ ဒါ့အပြင် တမန်တော်မြတ်(ဆွ)ရဲ့ မှန်ကန်မှုဟာ သူတို့အပေါ်မှာ
ထင်ရှားခဲ့ပါတယ်။ ဝိညာဏမျက်စိရှိသူတွေအတွက်တော့ “ဘရာဟီနေ
အဟ်မဒီယာ”ကျမ်းဟာ ယနေ့လည်းပဲ သက်သေလက္ခဏာတစ်ရပ် ဖြစ်ပါတယ်။
ထိုကျမ်းထဲမှာဖော်ပြထားတဲ့ အကြောင်းအရာတွေနဲ့ နိမိတ်လက္ခဏာတွေဟာ
 အီမာန်ပိုင်းဆိုင်ရာကို တိုးတက်ခိုင်မာစေပါတယ်။ ထိုအကြောင်းအရာတွေရဲ့
မှန်ကန်မှုအတွက် အနာဂတ်မျိုးဆက်သစ်တွေ မြင်တွေ့ကြရလိမ့်မယ်ဆိုပြီး
သခင်ကြီးရဲ့ မိန့်ကြားချက်အတိုင်းပဲ ဗျာဒိတ်တွေရဲ့မှန်ကန်ပြည့်စုံမှုကို မြင်တွေ့ရ
လျက် အီမာန်ယုံကြည်မှုမှာ စွမ်းအားတွေဖြစ်လာစေပါတယ်။
မဆီဟ်မော်အူးဒ်(အ)သခင်ကြီး ရေးသားခဲ့တဲ့ “ဘရာဟီနေအဟ်မဒီယာ”ကျမ်းနဲ့
အခြားကျမ်းစာအုပ်တွေဟာ တရားလမ်းမှန်ရရှိစေတဲ့ အကြောင်းခံတွေ
ဖြစ်ပါတယ်။ သခင်ကြီး မိန့်ကြားတော်မူခဲ့သလိုပဲ ထိုကျမ်းစာအုပ်တွေရဲ့
မှန်ကန်မှုကို အနာဂတ်မျိုးဆက်သစ်တွေက မြင်ကြရပါလိမ့်မယ်။ နှလုံးသား
မျက်စိကန်းနေသူတွေကတော့ သခင်ကြီးပေးခဲ့တဲ့ အသိပညာတွေ၊ ဉာဏ်စဉ်
တွေနဲ့ နိမိတ်လက္ခဏာတွေအကြောင်းကို အနည်းငယ်မျှ သိနားလည်နိုင်မှာ
မဟုတ်ပါဘူး။ 

အလ္လာဟ်အရှင်မြတ်ထံတော်မှ အသိပေးခံရမှုဖြင့် ကြိုတင်ဗျာဒိတ်များ
ထုတ်ပြန်ခဲ့ခြင်းအကြောင်းနှင့်စပ်လျဉ်းလို့ “ကိရှ်တီနူးဟ်”ကျမ်းမှာ သခင်ကြီးက
အခုလို မိန့်ကြားတော်မူပါတယ်။
“အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်အားအသိပေးတော်မူသည့် အကွယ်မှ
အကြောင်းကိစ္စများနှင့် အချိန်ကိုက်ပြည့်စုံခဲ့သည့် နိမိတ်လက္ခဏာများမှာ
အရေအတွက်အားဖြင့် တစ်သောင်းထက်မလျော့ချေ။ သို့သော် ယခု ပုံနှိပ်လျက်
ရှိသော “နုဇူလွလ်မဆီဟ်”ကျမ်းတွင် နမူနာသဘောဖြင့် ယင်းနိမိတ်လက္ခဏာများ
အနက်မှ အရေအတွက်(၁၅၀)ကိုသာ အထောက်အထားများ၊ မျက်မြင်
သက်သေများဖြင့် ရေးသားတင်ပြထားသည်။ ကျွန်ုပ်၏ ကြိုတင်ဗျာဒိတ်များ
အနက် မပြည့်စုံခဲ့သည့်ဗျာဒိတ်ဟူ၍မရှိ၊ သို့တည်းမဟုတ် ကြိုတင်ဗျာဒိတ်များ၏
အစိတ်အပိုင်းနှစ်ခုအနက် တစ်ခုသည်မုချပြည့်စုံခဲ့ပြီး ဖြစ်ပေသည်။ တစ်စုံ
တစ်ယောက်သည် မွှေနှောက်ရှာဖွေရင်းနှင့် သေသာသွားလိမ့်မည်။ သို့သော်
ကျွန်ုပ်၏နှုတ်မှထွက်သော ကြိုတင်ဗျာဒိတ်များအနက်မှ မပြည့်စုံဘဲ ကျန်ရစ်ခဲ့
သည်ဆိုသည့် ကြိုတင်ဗျာဒိတ်တစ်ခုတစ်လေကိုမျှ သူသည် ထောက်ပြပြောဆို
သွားနိုင်မည် မဟုတ်ချေ။ သို့သော် အကြင်သူသည် အရှက်ကင်းမဲ့စွာ၊
မသိနားမလည်ဘဲလျက် သဘောရှိသလို ပြောလိုက ပြောပါစေ။ ကျွန်ုပ်
 အတိအလင်း ပြောနိုင်၏။ ကျွန်ုပ်၏ ထောင်ပေါင်းများစွာသော ထင်ရှားသည့်
ကြိုတင်ဗျာဒိတ်များသည် အလွန်ရှင်းလင်းပြတ်သားစွာ ပြည့်စုံခဲ့ပြီးဖြစ်သည်။
ဤသည်နှင့်စပ်လျဉ်း၍ သိန်းပေါင်းများစွာသော လူသားတို့ သက်သေရှိ၏။
ဤသည်နှင့်အလားတူ ဥပမာကို ရှေးယခင်တမန်တော်များထံ၌ ရှာကြည့်ပါမူ
တမန်တော်မြတ်ကြီး(ဆွ)မှတစ်ပါး အခြားမည်သည့်တမန်တော်ထံတွင်မျှ ဤကဲ့သို့
များပြားသော နိမိတ်လက္ခဏာများကို တွေ့ရမည်မဟုတ်ချေ။ အကယ်၍
ကျွန်ုပ်အား ဆန့်ကျင်သူတို့သည် ဤနည်းလမ်းဖြင့်ဆုံးဖြတ်ကြပါမူ သူတို့၏
မျက်လုံးများပွင့်ခဲ့သည်မှာ ကြာပေပြီ။ အကယ်၍ ဤကြိုတင်ဗျာဒိတ်များနှင့်
အလားတူ ဥပမာကို ကမ္ဘာလောကမှ ယူဆောင်ပြနိုင်ပါလျှင် ကျွန်ုပ်သည်
သူတို့အား မြောက်မြားစွာသော ဆုလာဘ်များကိုပေးရန် အသင့်ရှိ၏။
ထိုသို့မဟုတ်ဘဲ အကျိုးဖျက်ဆီးမှု၊ မိုက်မဲမှုတို့ဖြင့် မည်သည့် ကြိုတင်
ဗျာဒိတ်ကဖြင့် မပြည့်စုံခဲ့ဘူးဟူသော ပြောစကားအတွက် ကျွန်ုပ်သည်
ယင်းအား ကောက်ကျစ်စဉ်းလဲမှုနှင့် အထင်အမြင်လွဲမှားမှုဟူ၍ သတ်မှတ်ရန်
မှတစ်ပါး အခြားမည်သို့ပြုရအံ့နည်း။ အကယ်၍ လူစုလူဝေး တစ်ခုခုတွင်
ထိုသည်ကို စူးစမ်းရှာဖွေမှုပြုရန်အတွက် ပြောဆိုပါမူ ယင်းတို့သည် မိမိတို့၏
ပြောစကားမှ နောက်ဆုတ်ကြရပေမည်။ သို့တည်းမဟုတ် အရှက်ကင်းမဲ့သူများ
ဟု ပြောရပေလိမ့်မည်။ ထောင်ပေါင်းများစွာသော ကြိုတင်ဗျာဒိတ်များသည်
တိတိကျကျပြည့်စုံခဲ့ခြင်း၊ ထိုမျှမက ယင်းတို့ ပြည့်စုံခဲ့ခြင်းအတွက် ထောင်ပေါင်း
များစွာသော မျက်မြင်သက်သေများရှိနေခြင်းတို့မှာ အသေးအဖွဲကိစ္စ မဟုတ်
ချေ။ တစ်နည်းအားဖြင့် ဘုန်းတော်အနန္တအရှင်ကို ပြသတော်မူလိုက်ခြင်းပင်
ဖြစ်သည်။ အသို့နည်း၊ တမန်တော်မြတ်ကြီး(ဆွ)၏ နောက်ပိုင်းခေတ်ကာလ
တစ်ခုခုတွင် ဤကဲ့သို့ ထောင်ပေါင်းများစွာသော ကြိုတင်ဗျာဒိတ်များကို
ထုတ်ပြန်ခဲ့ပြီး ယင်းတို့အားလုံးသည် နေမင်းပမာ အထင်အရှားပြည့်စုံခဲ့သည်၊
ထောင်ပေါင်းများစွာသော လူသားတို့ကလည်း ယင်းအတွက် မျက်မြင်သက်သေ
ရှိပါသည်ဟူ၍ မည်သူမဆိုကြည့်ရှုခဲ့ရဖူးပါသလော။ မုချဧကန် ကျွန်ုပ်သိပါ၏။
ဤခေတ်ကာလတွင် အလ္လာဟ်အရှင်မြတ်သည် နီးကပ်လာတော်မူလျက်
အထင်အရှားပြသနေပေ၏။ ထို့ပြင် အရှင်မြတ်သည် မိမိ၏အစေတော်အား
 မြောက်မြားစွာသော အကွယ်မှကိစ္စများကို ဖွင့်လှစ်ပြသလျက်ရှိသော ဤခေတ်
ကာလ၏ ဥပမာမျိုးကို ရှေးယခင် ခေတ်များတွင်ရှာကြည့်ပါမူ အလွန်နည်းပါး
စွာတွေ့ရှိရပေမည်။”    (ကိရှ်တီနူးဟ်၊ စာ- ၆-၇)
ယခုဆက်လက်ပြီး သခင်ကြီးမိန့်ကြားတော်မူခဲ့တဲ့ ကြိုတင်ဗျာဒိတ်တစ်ချို့ကို
“နုဇူလွလ်မဆီဟ်” ကျမ်းမှ တင်ပြပါ့မယ်။

““(ကြည့်- ဘရာဟီနေအဟ်မဒီယာ၊ စာ-၅၁၇) ဘာသာပြန်- “အို-အဟ်မဒ်၊
အသင်၏နှုတ်ခမ်းထက်တွင် ကရုဏာတော်ကိုစီးဆင်းစေတော်မူပြီ။ စာပေ
အလင်္ကာမြောက်ခြင်းနှင့် အသိပညာဉာဏ်စဉ်များကို အသင့်အားပေးသနားခြင်း
ခံရမည်။” သို့ဖြစ်ရာ ဤသည်အားဖြင့် ကျွန်ုပ်၏နှုတ်ထွက်စကားများသည်
မည်သူမျှမယှဉ်နိုင်လောက်အောင် အံ့ဖွယ်တန်ခိုးနိမိတ်ကို ပြသခဲ့၏။
ထို“အီလ်ဟာမ်”ဗျာဒိတ်ကိုရရှိပြီးနောက် ကျွန်ုပ်သည် အာရဗီဘာသာစကားဖြင့်
စာအုပ်နှင့် စာစောင်ပေါင်း ၂ဝ ကျော်ကို စာပေအလင်္ကာမြောက်စွာ ရေးသားခဲ့
ပေသည်။ သို့သော် ယင်းကို မည်သူမျှယှဉ်ပြိုင်နိုင်စွမ်းမရှိခဲ့ချေ။ အလ္လာဟ်အရှင်
မြတ်သည် ၎င်းတို့ထံမှ ပြောဆိုနိုင်စွမ်းနှင့် စိတ်ဓာတ်စွမ်းအင်တို့ကို သိမ်းယူ
တော်မူလျက် ကျွန်ုပ်အား ပေးသနားတော်မူခဲ့၏။”” (နုဇူလွလ်မဆီဟ် စာ-၅၁၀)
တစ်ဖန် သခင်ကြီးက အခြားကြိုတင်ဗျာဒိတ်တစ်ခုနှင့်စပ်လျဉ်း၍
မိန့်ကြားတော်မူသည်မှာ-

““(ကြည့်-ဘရာဟီနေအဟ်မဒီယာ၊ စာ- ၅၁၈-၅၁၉) ဘာသာပြန်- “၎င်းတို့က
ပြောကြ၏။ ဤအဆင့်ကို အသင်သည် အဘယ်မှရရှိခဲ့သနည်း၊ အသင်သည်
လှည့်ဖြားသူတစ်ဦးသာဖြစ်၏။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို မမြင်ကြရသမျှ
 ကာလထိ အသင့်အား လက်ခံယုံကြည်ကြမည်မဟုတ်။ ယင်းတို့သည်ကား
သေခြင်းတရား၏ နိမိတ်လက္ခဏာဖြင့်မှတစ်ပါး မည်သည့်အခါမျှ လက်ခံကြမည်
မဟုတ်ချေ။ ၎င်းတို့အားပြောလော့။ သေခြင်းတရား၊ ဆိုလိုသည်မှာ
ပလိပ်ရောဂါသည် ရောက်လာချေပြီ။ သို့ဖြစ်ရာ အသင်တို့သည် ကျွန်ုပ်အား
အလျင်စလိုမပြုကြလင့်။” ဤကြိုတင်ဗျာဒိတ်သည် ပလိပ်ရောဂါနှင့်စပ်လျဉ်း၍
နှစ် ၂ဝ အလျင်ကတည်းက ပြောကြားခဲ့ခြင်းဖြစ်သည်။”” 
(နုဇူလွလ်မဆီဟ် စာ-၅၁၀)
ထိုပလိပ်ရောဂါဟာ နှစ်ရှည်လများဆိုက်ကပ်ခဲ့ပြီး သိန်းပေါင်းများစွာသော
လူတွေ သေကျေပျက်စီးခဲ့ပါတယ်။ 
တစ်ဖန် မဆီဟ်မော်အူးဒ်(အ)သခင်ကြီးက ကြိုတင်ဗျာဒိတ်တစ်ခုနဲ့စပ်လျဉ်းလို့
မိန့်ကြားတော်မူသည်မှာ- 

““(ကြည့်- ဘရာဟီနေအဟ်မဒီယာ၊ စာ-၂၄၂) ဘာသာပြန်- “အာဂန္တုများ၊
အဘယ်အရာသည် အာဂန္တုများဖြစ်သည်ကို အသင့်အား မည်သို့သိစေအံ့နည်း။
သူတို့၏ မျက်ဝန်းများမှ မျက်ရည်များ စီးတွေလျက်ရှိသည်ကို အသင် မြင်ရပေ
အံ့။ သူတို့သည် အသင့်အပေါ်“ဒရူးဒ်”(မေတ္တာ)ပို့သကြလိမ့်မည်။ အို-
ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ မုချဧကန် ကျွန်တော်
မျိုးတို့သည် ကြွေးကြော်သူတစ်ဦး၏အသံကို ကြားကြရပါ၏။ ထိုသူက ဤသို့
ကြွေးကြော်လျက်ရှိ၏။ အသင်တို့၏ “အီမာန်”(ယုံကြည်မှု)ကို တည့်မတ်ကြကုန်။
စွမ်းအားရှိအောင်ပြုကြကုန်။ ထို့ပြင် သူသည် အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်၏။
ထို့ပြင် အရှင်မြတ်နှင့်ယှဉ်တွဲကိုးကွယ်ခြင်းမှ ဖယ်ရှားပေး၏။ ထိုသူသည်
ကမ္ဘာမြေ၌ အလင်းရောင်ကို ဖြန့်ကျက်သည့် ဆီးမီးခွက်တစ်ခုဖြစ်၏။”

 (ရေးမှတ်ထားကြကုန်။) ဤကြိုတင်ဗျာဒိတ်ကို “ဘရာဟီနေအဟ်မဒီယာ”ကျမ်း၌
ရေးသားဖော်ပြခဲ့သည့်အချိန်က ကျွန်ုပ်ထံတွင် အာဂန္တု(ဧည့်သည်)နားနေ
ဆောင်လည်းမရှိခဲ့သလို အာဂန္တု(ဧည့်သည်)လည်းမရှိသေးချေ။ ထိုသည့်နောက်
တွင် ဖြူစင်သဒ္ဓါတရားရှိသူတို့သည် ကာဒီယာန်သို့ ရွှေ့ပြောင်းလာကြသည့်အခါ
၎င်းတို့အတွက် နားနေဆောင်များကို တည်ဆောက်ခဲ့ရ၏။ ကြည့်ကြကုန်။
ဤသည် အဘယ်မျှအံ့ချီးဖွယ်ဖြစ်သည့် ကြိုတင်ဗျာဒိတ်ဖြစ်ပါသနည်း။
အချိန်တစ်ချိန်ရောက်ရှိလာပြီး ကာဒီယာန်တွင် ဖြူစင်သဒ္ဓါတရားရှိသူများ စုရုံး
ရောက်ရှိလာသောကြောင့် ၎င်းတို့အတွက် နားနေဆောင်များ တည်ဆောက်ပေး
ရမည်ဆိုသည်ကို မည်သူကမျှ မခန့်မှန်းနိုင်သေးသော အချိန်ကတည်းက
ကြိုတင်ဗျာဒိတ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။”” (နုဇူလွလ်မဆီဟ်၊ စာ-၅၀၁-၅၀၂)
တစ်ဖန် သခင်ကြီး မိန့်ကြားတော်မူသည်မှာ-

““(ကြည့်-ဘရာဟီနေအဟ်မဒီယာ၊ စာ-၂၄၀) ဘာသာပြန်- “ဆန့်ကျင်သူများက
အလ္လာဟ်၏“နူရ်”အလင်းကို မိမိတို့၏နှုတ်ပါးစပ်ဖြင့် ငြိမ်းသတ်လိုကြ၏။
ဆိုလိုသည်မှာ- များစွာသော လှည့်ဖြားမှုများကို အသုံးချကြလိမ့်မည်။ သို့သော်
မယုံကြည်ငြင်းပယ်သူတို့ မည်မျှပင် မနှစ်မြို့စေကာမူ အရှင်မြတ်သည် မိမိ၏
“နူရ်”အလင်းကို ပြည့်ဝစုံလင်စေတော်မူမည်။” ဤကြိုတင်ဗျာဒိတ်မှာ
ဆန့်ကျင်သူတို့ထံတွင် အသင်းတော်နှင့်စပ်လျဉ်း၍ မည်သို့သော ရန်လိုဆန့်ကျင်
မှုမျှ မရှိသေးသည့် ခေတ်ကာလက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ (ဆိုလိုတာက
ဂျမာအတ်နဲ့ပတ်သက်လို့ ဆန့်ကျင်မှုအရေးလက္ခဏာမျှပင်မရှိသေးတဲ့ အချိန်က
ပင် တစ်ချိန်မှာ ဆန့်ကျင်မှုများပေါ်ပေါက်လာမှာဖြစ်ကြောင်း၊ ထိုသို့
ဆန့်ကျင်ဘက်ပြုသူအားလုံး ချုပ်ငြိမ်းသွားမှာဖြစ်ကြောင်း ကြိုတင်ဗျာဒိတ်
ပေးခဲ့ခြင်းဖြစ်ပါတယ်။) တစ်ဖန် ဤကြိုတင်ဗျာဒိတ် ထုတ်ပြန်ပြီးနောက် ၁ဝ နှစ်
အကြာတွင် ထိုသည့် ပြင်းထန်သော ဆန့်ကျင်ရန်လိုမှုကိုပြသခဲ့ပြီး ယင်းသည်
အဆုံးအစွန်သို့တိုင်ရောက်ရှိခဲ့၏။ ဆိုလိုသည်မှာ- (ကျွန်ုပ်အား) “ကာဖဲရ်”
 (သွေဖည်သူ)အဖြစ် ဓမ္မသတ်ဆုံးဖြတ်ချက်ပေးခဲ့ကြ၏။ ထို့ပြင် သေဒဏ်ပေးရန်
ပြန်တမ်းထုတ်ခဲ့၏။ ထို့ပြင် မြောက်မြားစွာသော စာအုပ်များနှင့် စာစောင်များ
ကို ရိုက်နှိပ်ဖြန့်ချိခဲ့ကြ၏။ မော်လဝီအားလုံးနီးပါး ကျွန်ုပ်အား ဆန့်ကျင်သူများ
ဖြစ်သွားခဲ့ကြ၏။ ကျွန်ုပ်ပျက်စီးသွားစေရန်အတွက် အယုတ်တကာ့
အယုတ်ညံ့ဆုံး စီမံချက်ကိုပင် မည်သူကမျှ လက်မလွှတ်ခဲ့ကြချေ။ သို့သော်
ရလဒ်က ပြောင်းပြန်ဖြစ်ခဲ့၏။ ထိုမျှမက ဤအသင်းတော်မှာ ထူးခြားဆန်းကျယ်
စွာဖြင့် အောင်မြင်တိုးတက်ခဲ့ပေသည်။””  (နုဇူလွလ်မဆီဟ်၊ စာ-၅၂၆-၅၂၇)
တစ်ဖန် သခင်ကြီး မိန့်ကြားတော်မူသည်မှာ-

““(ကြည့်- ဘရာဟီနေအဟ်မဒီယာ၊ စာ- ၅၁၀) ဘာသာပြန်- “လူတို့သည်
အသင့်အား အလွတ်မပေးပါလျှင်လည်း ဆိုလိုသည်မှာ အသင့်အား
ပျက်စီးစေရန် ကြိုးစားကြပါလျှင်လည်း အရှင်မြတ်သည် မိမိ၏အထံတော်မှ
အကြောင်းခံများကို ဖန်တီးလျက် အသင့်အား ကာကွယ်တော်မူမည်။ လူတို့
သည် အသင့်အား မကာကွယ်ပါလျှင်လည်း အရှင်မြတ်သည် အသင့်အား မုချ
ကာကွယ်တော်မူမည်။” ကြည့်ကြကုန်။ ဤသည် အဘယ်မျှ စွမ်းအားကြီးပြီး
ထင်ရှားသော ကြိုတင်ဗျာဒိတ်ဖြစ်သနည်း။ (ကျွန်ုပ်အား) ကာကွယ်မည့်
အကြောင်းကို အရှင်မြတ်က အထပ်ထပ် ကတိပေးထားတော်မူ၏။ ထို့ပြင်
ယင်းဗျာဒိတ်၌ ထင်ရှားရှင်းလင်းစွာ ကတိပြုထားသည်မှာ လူတို့သည်
အသင့်အား ပျက်စီးချုပ်ငြိမ်းသွားစေရန်အတွက် ကြိုးစားကြလိမ့်မည်။
အမျိုးမျိုးသော စီမံမှုများကို ပြုကြလိမ့်မည်။ သို့ရာတွင် အရှင်မြတ်သည်
အသင်နှင့်အတူရှိတော်မူမည်။ ထို့ပြင် အရှင်မြတ်သည် ထိုသည့် စီမံဆောင်ရွက်
မှုအားလုံးကို ချိုးဖျက်ပစ်တော်မူမည်။ အသင့်အား ကယ်တင်တော်မူမည်။ ယခု
စဉ်းစားကြည့်ကြကုန်။ ၎င်းတို့ မပြုလုပ်ခဲ့သည့် မည်သို့သောစီမံဆောင်ရွက်မှု
ကျန်ရှိပါသနည်း။ ကျွန်ုပ်အား ပျက်စီးချုပ်ငြိမ်းသွားစေရန်အတွက် အမျိုးစုံသော
ကြံစည်မှုများကို ပြုခဲ့ကြ၏။ လူသတ်မှုဖြင့်တရားစွဲခဲ့ကြ၏။ ကျွန်ုပ်အား
 မျိုးဆက်ပြတ်တောက်သွားစေရန်အတွက် အင်အားကုန်သုံး၍ ကြိုးပမ်းခဲ့ကြ၏။
အခွန်စည်းကြပ်ခြင်းခံရရန်အတွက် ကြံစည်ခဲ့ကြ၏။ “ကာဖဲရ်”ဖတ္တဝါထုတ်ပြန်
ခဲ့၏။ သေဒဏ်ပေးရန် ပြန်တမ်းထုတ်ခဲ့၏။ သို့ရာတွင် အရှင်မြတ်သည်
သူတို့အားလုံးကို ရှုံးနိမ့်စေခဲ့ပြီး သူတို့သည် မည်သည့် ကြံစည်လှည့်ဖြားမှုတွင်မျှ
အောင်မြင်မှုမရခဲ့ချေ။ ထို့ကြောင့် နောက်ပိုင်းတွင်ရင်ဆိုင်ခဲ့ရသည့် ပြင်းထန်
သော ဆန့်ကျင်မှုလှိုင်းများအကြောင်းကို အရှင်မြတ်သည် နှစ်အတန်ကြာ
အလျင်ကတည်းက သတင်းပေးထားပြီး ဖြစ်ပေသည်။ အရှင်မြတ်အား
ကြောက်ကြကုန်။ ထို့ပြင် ဟုတ်မှန်ရာကိုပြောကြကုန်။ အသို့နည်း ဤကိစ္စ၌
အကွယ်မှအရာကို အသိပေးခံရခြင်းနှင့် အရှင်မြတ်၏ ထောက်ခံအားပေးမှု
တို့သည် မရှိပေဘူးလော။ အကယ်၍ “အိဆ်မတ်”(ကာကွယ်တော်မူမည်)ဆိုသည့်
ကတိတော်၌ “လူတို့သည် မည်ကဲ့သို့သော အခက်အခဲဒုက္ခကိုမျှ သက်ရောက်စေ
နိုင်မည်မဟုတ်”ဆိုသည့်သဘောဖြစ်ပြီး ယခုမူကား ၎င်းတို့သည် လိမ်လည်အမှု
ဆွဲဆိုလျက် တရားရုံးသို့သွားရောက်ရအောင် အခက်တွေ့စေခဲ့၏။ ထို့ပြင်
များစွာဆဲရေးတိုင်းထွာမှုများ ပြုခဲ့ကြ၏။ တရားရုံး၌ရင်ဆိုင်ရာတွင် ငွေကြေး
ကုန်ကျစေလျက် ဆုံးရှုံးအောင်ပြုခဲ့ကြပေ၏ဟုဆိုပါက ယင်းအတွက်အဖြေမှာ
ဤသို့ဖြစ်၏။ “အိဆ်မတ်”(ကာကွယ်တော်မူမည်)ဆိုသည့်အဓိပ္ပာယ်မှာ ရန်သူတို့
၏ အဓိကရည်ရွယ်သော ကြီးမားသည့်ဘေးအန္တရာယ်မှ ကယ်တင်ခြင်းကို
ဆိုလို၏။ ကြည့်ကြကုန်။ တမန်တော်မြတ်ကြီး(ဆွ)အားလည်း “ကယ်တင်တော်မူ
မည်” ဆိုသည့် ကတိတော်ကိုပင် ပေးခြင်းခံခဲ့ရ၏။ ဤသို့ရှိပါသော်လည်း
“အုဟွဒ်”စစ်ပွဲ၌ တမန်တော်မြတ်ကြီး(ဆွ)သည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့၏။
ဤဖြစ်ရပ်မှာ “ကယ်တင်တော်မူမည်”ဆိုသည့် ကတိတော်ထုတ်ပြန်ပြီးသည့်
နောက်တွင်မှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ထိုနည်းတူစွာပင် အလ္လာဟ်အရှင်မြတ်
သည် တမန်တော် အီဆာ(အ)အား မိန့်ကြားတော်မူသည်မှာ- 
 အဓိပ္ပာယ်- သတိရလော့၊ အကြင်အခါဝယ်
အစ္စရာအီလ်မျိုးနွယ်တို့သည် အသင့်အားသတ်ဖြတ်ရန် ကြံရွယ်သည့်အခါ
ငါသည် (ယင်းတို့အား) အသင့်ထံမှ တားဆီးတော်မူခဲ့၏။ (၅း၁၁၁)
 အမှန်တကယ်၌မူ လူမျိုးစု အစဉ်အဆက် ထိန်းသိမ်းလာသော စကားများအရ
မဆီဟ်အီဆာ(အ)ကို ရဟူဒီတို့က ဖမ်းဆီးလိုက်ကြပြီး ကားစင်ပေါ်သို့
တင်ခဲ့ကြ၏။ သို့ရာတွင် နောက်ဆုံးတွင် အရှင်မြတ်သည် သူ၏အသက်ကို
ကယ်တင်တော်မူခဲ့ပေသည်။ ဤသည်သာလျှင်  (အသင်မှ တားဆီး
တော်မူမည်)ဆိုသည့်စကားလုံး၏အဓိပ္ပာယ်ဖြစ်ပြီး 
(စင်စစ် အလ္လာဟ်သည် အသင့်အား လူသားများမှ ကာကွယ်စောင့်ရှောက်
တော်မူမည်။ ၅း၆၈)၏ အဓိပ္ပာယ်မှာလည်း ထိုသည့်အတိုင်းပင် ဖြစ်ပေသည်။””
(နုဇူလွလ်မဆီဟ်၊ စာ- ၄၂၇-၄၂၈)
အထက်၌ သခင်ကြီး၏ဗျာဒိတ်တော်များအနက်မှ ၃ ခု၊ ၄ ခုမျှကို နမူနာအဖြစ်
တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ ထိုနည်းတူ သခင်ကြီးရဲ့ကျမ်းစာအုပ်တွေကလည်း
သက်သေလက္ခဏာတစ်ခုဖြစ်ပါတယ်။ ထိုကျမ်းစာအုပ်တွေနဲ့ပတ်သက်လို့
သခင်ကြီး မိန့်ကြားတော်မူသည်မှာ-
“ကျွန်ုပ်သည် အထူးသဖြင့် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးပြာဋိဟာပြသမှုကို
စာပေရေးသားချိန်များ၌လည်း တွေ့ရှိရပေသည်။ အကြောင်းမူ မည်သည့်အခါ
တွင်မဆို ကျွန်ုပ်သည် အာရဗီဘာသာစကားဖြင့်ဖြစ်စေ၊ အုရ်ဒူဘာသာစကား
ဖြင့်ဖြစ်စေ တစ်စုံတစ်ရာကို ရေးသားသည့်အခါ ကျွန်ုပ်၏ အတွင်းမှ တစ်ခုခုက
ကျွန်ုပ်အား အသိပေးနေသည်ဟု ခံစားမိ၏။ ထို့ပြင် အာရဗီဖြစ်စေ၊
အုရ်ဒူဖြစ်စေ၊ ဖာရစီဖြစ်စေ ကျွန်ုပ်၏ ရေးသားချက်တိုင်းတွင် အစိတ်အပိုင်း
နှစ်ခုရှိ၏။ (၁)တစ်ခုမှာ- စကားလုံးများနှင့် အစီအစဉ်တကျ သုံးနှုန်းမှုများသည်
ကျွန်ုပ်ရှေ့တွင် အလွန်လွယ်ကူစွာဖြင့်ပေါ်လွင်လာပြီး ကျွန်ုပ်သည်
ယင်းစကားလုံးများကိုရေးသား၏။ ထိုသို့ရေးသားခြင်း၌ ကျွန်ုပ်အဖို့
တစ်စုံတစ်ရာ အခက်အခဲမရှိချေ။ အမှန်တကယ်အားဖြင့်လည်း ယင်းသည်
ကျွန်ုပ်၏ ဦးနှောက်စွမ်းအင်ထက် ပိုမိုသည်တော့မဟုတ်ချေ။ ဆိုလိုသည်မှာ
စကားလုံးများနှင့် သုံးနှုန်းမှုများမှာ အကယ်၍ အလ္လာဟ်အရှင်မြတ်၏
ထူးခြားသောကူညီမှိုင်းမမှုမရှိပါလျှင်လည်း အရှင်မြတ်၏ကျေးဇူးတော်ဖြင့်
အရှင်မြတ်၏အနည်းငယ်မျှသော ထောက်ပံ့ကူညီမှုဖြစ်သည့် လူသား၌ အထူးပြု
 ထည့်သွင်းထားသော အရည်အချင်းကိုအသုံးချပြီး အတိုင်းအတာတစ်ခုထိ
လုံ့လစိုက်လျက် အချိန်အနည်းငယ်ယူလိုက်ခြင်းဖြင့် ကျွန်ုပ်ရေးသားလိုက်နိုင်
မည် ဖြစ်သည်။ 
(၂)ကျွန်ုပ်ရေးသားမှုများ၏ ဒုတိယအစိတ်အပိုင်းသည်ကား သာမန်ထက်
ထူးကဲသောဖြစ်စဉ် သီးသန့်ဖြစ်၏။ ဥပမာ- ကျွန်ုပ်သည် အာရဗီစာသားတစ်ခု
ကို ရေးသားနေပြီး ရေးသားမှု၌ အချို့သော စကားလုံးများ လိုအပ်လာခဲ့ပြီး
ယင်းတို့ကို မူလကကျွန်ုပ်မသိချေ။ ထိုသည့်အချိန်တွင် ယင်းနှင့်စပ်လျဉ်း၍
အလ္လာဟ်အရှင်မြတ်က “ဝဟီ”(ဗျာဒိတ်)ပေးလျက် လမ်းညွှန်တော်မူ၏။
ထိုစကားလုံးကို “ဝဟီမသ်လူ”ပုံစံဖြင့် “ရူဟွလ်ကူဒူးစ်”က ကျွန်ုပ်၏ နှလုံးသားတွင်
ထည့်သွင်းတော်မူပြီး နှုတ်၌ရွတ်ဆိုစေ၏။ ထိုအချိန်တွင် ကျွန်ုပ်သည် သတိမရှိ
တော့ချေ။ ဥပမာ- အာရဗီစကားလုံးများဖြင့် တည်ဆောက်ရေးသားနေချိန်
ဆိုသည့်စကားလုံးအတွက် တိကျသော အာရဗီစကားလုံးကို
လိုအပ်လာပြီး ယင်းကို ကျွန်ုပ်မသိချေ။ ရေးသားမှု အစဉ်အဆက်အရ
ထိုစကားလုံးကို မဖြစ်မနေ လိုအပ်လျက်ရှိ၏။ ထိုအခါ နှလုံးသား၌ “ဝဟီ
မသ်လူ”ပုံစံဖြင့်  ဆိုသည့် အာရဗီစကားလုံးကို ထည့်သွင်းခြင်းခံရပြီး
ယင်းမှာ  ၏ အဓိပ္ပာယ်အတိအကျပင်ဖြစ်သည်။ ထို့ပြင် ရေးသားမှု
အစီအစဉ်၌ “မခံမရပ်နိုင်ဖြစ်လျက်နှုတ်ဆိတ်သွားခြင်း”ဆိုသည့် အနက်အဓိပ္ပာယ်
အတွက် စကားလုံးလိုအပ်နေပြီး ယင်းကို ကျွန်ုပ်မသိသည့်အခါ နှလုံးသား၌
၊၊၊၊ ဆိုသည့် အာရဗီစကားလုံးကို ရုတ်ချည်းပင် “ဝဟီ”ပေးခြင်းခံရ၏။
ထိုနည်းတူစွာပင် အခြားသော အာရဗီစကားလုံးများအတွက်လည်း အသိပေး
ခြင်းခံရ၏။ အာရဗီဘာသာစကားဖြင့် ရေးသားချိန်၌ တည်ဆောက်ပြီးသား
မြောက်မြားစွာသော အာရဗီစကားစုများကို “ဝဟီမသ်လူ”ပုံစံဖြင့် နှလုံးသား၌
ထည့်သွင်းခြင်းကိုခံရ၏။ သို့တည်းမဟုတ် ကောင်းကင်တမန်တစ်ပါးပါးက
စာရွက်တစ်ခုပေါ်တွင်ရေးသားလျက် ထိုစကားစုများကို ပြသနေသကဲ့သို့ဖြစ်၏။
အချို့သော စကားစုများမှာ ကျမ်းမြတ်ကုရ်အာန်မှ အာယတ်တော်များဖြစ်၏။
သို့တည်းမဟုတ် အနည်းငယ်မျှပြင်ဆင်ထားသော ယင်းနှင့်အလားတူ
 စကားလုံးများဖြစ်၏။ ထို့ပြင် အချို့အခါများတွင် အလ္လာဟ်အရှင်မြတ်ထံတော်မှ
“ဝဟီမသ်လူ”ပုံစံဖြင့် ကျွန်ုပ်ရရှိလိုက်သော အာရဗီစာသားမှာ မည်သည့်စာအုပ်၌
ရှိနေကြောင်း အချိန်အတန်ကြာမှ သိရှိရပေသည်။ အကြောင်းမူ အရာရာတိုင်း
ကို အရှင်မြတ်သာလျှင် စိုးပိုင်တော်မူသောကြောင့် စာအုပ်တစ်ခုခုတွင်ပါရှိသော
အလွန်ကောင်းမွန်သည့် စာသား သို့တည်းမဟုတ် ကဗျာကျမ်းတစ်ခုခုတွင်
ပါရှိသော အလင်္ကာမြောက်သည့် ကဗျာပိုဒ်တစ်ခုခုကို ကျွန်ုပ်၏ နှလုံးသား၌
အရှင်မြတ်သည် “ဝဟီ”သဘောဖြင့် ပို့ချပေးနိုင်၏။ ဤသည် အာရဗီစာပေနှင့်
စပ်လျဉ်း၍ တင်ပြချက်သာဖြစ်၏။ သို့ရာတွင် ယင်းထက်ပိုမို၍ အံ့ဩဖွယ်
ကောင်းသည်ကား အချို့သော “အီလ်ဟာမ်”ဗျာဒိတ်များသည် ကျွန်ုပ်
လုံးဝတတ်ကျွမ်းခြင်းမရှိသော ဘာသာစကားများဖြင့်လည်း ကျရောက်၏။
ပမာအားဖြင့် အင်္ဂလိပ်၊ သင်္သကရိုက်နှင့် ဟီဘရူး စသည့် ဘာသာစကားများဖြင့်
ဖြစ်သည်။ ယင်းတို့နှင့်စပ်လျဉ်း၍ “ဘရာဟီနေအဟ်မဒီယာ”ကျမ်းတွင်
နမူနာအဖြစ် အနည်းငယ် တင်ပြထားပေသည်။ ကျွန်ုပ်၏ အသက်ကို
စိုးပိုင်တော်မူသော အရှင်မြတ်ကို သက်သေထားကျိန်ဆိုပါ၏။ အရှင်မြတ်သည်
ကျွန်ုပ်နှင့် ဤသို့ဆက်ဆံတော်မူ၏။ ဤသည် ကျွန်ုပ်အား ပေးသနားခြင်း
ခံရသော သက်သေလက္ခဏာများအနက်မှ တစ်ခုဖြစ်၏။ အကွယ်မှအကြောင်း
ကိစ္စများသည် အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် ကျွန်ုပ်အား ဖွင့်လှစ်ပြသခြင်း
ခံရ၏။ ကျွန်ုပ်အပေါ်သို့ “ဝဟီ”အဖြစ်ပို့ချခြင်းခံရသော စကားရပ်တစ်ခုခုသည်
အာရဗီ၊ အင်္ဂလိပ် သို့မဟုတ် သင်္သကရိုက်တို့ဖြင့် ရေးသားထားသော
စာအုပ်တစ်ခုခု၌ ရေးထားပြီးဖြစ်သည်ကို ကျွန်ုပ်၏အရှင်မြတ်သည် အနည်းငယ်
မျှ အရေးစိုက်တော်မမူချေ။ အကြောင်းမူ ယင်းတို့သည် ကျွန်ုပ်အတွက်
“အကွယ်”အဖြစ် ရှိနေသောကြောင့်ဖြစ်သည်။ ပမာအားဖြင့် အလ္လာဟ်အရှင်
မြတ်သည် ကျမ်းတော်မြတ်ကုရ်အာန်တွင် “တောင်ရတ်”ကျမ်းမှ မြောက်မြားစွာ
သော ဖြစ်ရပ်များကို မိန့်ကြားတော်မူလျက် ယင်းတို့အား အကွယ်မှအသိပညာ
များအဖြစ် သတ်မှတ်တော်မူခဲ့သည့်အလားဖြစ်၏။ ယင်းသည် ရဟူဒီတို့အတွက်
အကွယ်မှဖြစ်ရပ်များမဟုတ်သော်လည်း တမန်တော်မြတ်ကြီး(ဆွ)အတွက်မူ
အကွယ်မှအသိပညာများ ဖြစ်ပေသည်။ ထို့ကြောင့် ဤသည့် လျှို့ဝှက်ချက်
 အားဖြင့်သာလျှင် ကျွန်ုပ်သည် ကမ္ဘာလောကတစ်ခုလုံးကို အာရဗီဘာသာ
စကားဖြင့် စာပေအလင်္ကာမြောက်စွာ ယှဉ်ပြိုင်ရေးသားရန် ဖိတ်ခေါ်ခဲ့ခြင်း
ဖြစ်၏။ ထိုသို့မဟုတ်ပါက လူသား၌ မည်သို့သော အဆင့်ရှိ၍ သူသည်
ဂုဏ်ယူဝင့်ကြွားလျက် မာန်မာနဖြင့် ကမ္ဘာလောကတစ်ခုလုံးကို မိမိနှင့်ယှဉ်ပြိုင်
ရန် ဖိတ်ခေါ်ရပါမည်နည်း။””   (နုဇူလွလ်မဆီဟ်၊ စာ- ၄၃၄-၄၃၆)
ယခု အဲဒါရဲ့ လက်တွေ့သက်သေအဖြစ် သခင်ကြီးရဲ့ အာရဗီကျမ်းစာအုပ်တွေ
ဟာ အာရဗ်တိုင်းသားတွေအပေါ် များစွာသက်ရောက်မှုရှိခဲ့ကြောင်းကို
အဖြစ်အပျက်အချို့ဖြင့် တင်ပြပါ့မယ်။
ပါလက်စတိုင်းအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။ “ကျွန်မ အခိုင်အမာ
ယုံကြည်နေခဲ့တာက- တမန်တော်အီဆာ(အ) မိုးကောင်းကင်မှာ အသက်ထင်ရှား
ရှိနေတယ်၊ နောက်ဆုံးခေတ်ကာလမှာ မိုးကောင်းကင်မှ ဆင်းသက်လာမယ်၊
မွတ်စလင်မ်“အွမ္မတ်”ကို အခြားလူမျိုးစုများရဲ့ကျေးကျွန်ဘဝမှ ဓားလက်နက်
အင်အားသုံးလျက် လွတ်မြောက်စေမှာဖြစ်တယ်။ ဒါတင်မက ဓားလက်နက်ဖြင့်
သာ လူတို့ကို အစ္စလာမ်အတွင်းသို့ အတင်းဝင်ရောက်စေလိမ့်မယ်။ ဒီလိုကြောင့်
ကျွန်မဟာ ထိုနေ့ရက်တွေကို အလွန် ပြင်းပြစွာဖြင့် စောင့်မျှော်နေခဲ့ပါတယ်။
နောက်ပိုင်းမှာ ကျွန်မဟာ ကျွန်မရဲ့မတ်တော်သူအားဖြင့် အဟ်မဒီယာ
ဂျမာအတ်နဲ့ သိကျွမ်းခဲ့ရပါတယ်။ သူဟာ ကျွန်မနဲ့ များသောအားဖြင့်
ဂျမာအတ်အကြောင်းကို ပြောလေ့ရှိရုံမျှမက ဟာဇရတ် မဆီဟ်မော်အူးဒ်(အ)ရဲ့
အာရဗီကျမ်းစာအုပ်တွေကို ပေးဖတ်ပါတယ်။ ထိုစာအုပ်တွေမှာ ကျွန်မဟာ
အနှိုင်းမဲ့ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ပုလဲရတနာတွေကို ရရှိခဲ့ပါတယ်။ ဒီလို
အသိဉာဏ်စဉ်မျိုးကို ကျွန်မတစ်သက်မှာ ဘယ်တုန်းကမှ မဖတ်ရှုခဲ့ရဖူးပါဘူး။
စာပေအလင်္ကာမြောက်ပြီး အံ့ဖွယ်ရာများဖြင့်ပြည့်လျက်ရှိတဲ့ အာရဗီစာသား
တွေမှာ အသိပညာနှင့် ဉာဏ်စဉ်တို့ရဲ့ စိန်ပွင့်တွေနဲ့ စီခြယ်ထားတာဟာ
ကျွန်မအတွက် လုံးဝအသစ်အဆန်းသာ ဖြစ်ပါတယ်။ ယခုလို အဖိုးထိုက်တန်တဲ့
စာအုပ်များကို ဖတ်ရှုရင်းကပဲ ဖတ်ရှုသူအဖို့ အလ္လာဟ်အရှင်မြတ်နှင့်
ဆက်နွယ်ပေါင်းစည်းမှုတစ်ခု ဖြစ်သွားစေပါတယ်။ ဒီလိုနဲ့ လုံးဝ စိတ်ကျေနပ်မှု
ရရှိသွားတဲ့အခါ ကျွန်မ ဘိုင်အတ် သစ္စာခံယူခဲ့ပါတယ်။”
 တစ်ဖန် အလ်ဂျီရီးယားမှ အဂျားဇ်ဆာဟိဘ်က ရေးသားပါတယ်။
“ပယ်ဖျက်လိုက်ပြီဖြစ်သော အစ္စလာမ့်သွန်သင်ချက်များနှင့် ကျမ်းမြတ်ကုရ်အာန်
အား လွဲမှားစွာဖွင့်ဆိုမှုများကြောင့် ကျွန်တော် လုံးဝစိတ်ပျက်နေခဲ့ပါတယ်။
“အိုလမာ”တွေရဲ့ ရှင်းလင်းချက်တွေကို နားထောင်ရင်းက ဒါဟာ ဘုရားသခင်ရဲ့
မုက္ခပါဌ်တော်မှ ဟုတ်ပါရဲ့လားလို့ တွေးခဲ့မိပါတယ်။ နောက်ဆုံး ဂျော်ဒန်မှ
အဟ်မဒီမိတ်ဆွေတစ်ဦးကြောင့် အဟ်မဒီယတ်နှင့် အသင်းတော်ကို
တည်ထောင်သူ သခင်ကြီးရဲ့ ရေးသားချက်များကို ဖတ်ရှုခဲ့ရပါတယ်။ ဟာဇရတ်
မဆီဟ်မော်အူးဒ်(အ)ရဲ့ “တဖ်စီးရ်”ရှင်းလင်းဖွင့်ဆိုချက်ကို မဖတ်ခင်မှာ “နဖိလ်”
နမာဇ်ဝတ်ပြုလျက် “အလ္လာဟ်အရှင်မြတ်သည် ကျွန်တော်မျိုးအား လမ်းမှန်
ဘက်သို့ညွှန်ပြပါရန်” ဒိုအာဆုတောင်းခဲ့ပါတယ်။ အဲဒီနောက် စာအုပ်ကို
ဖတ်ရှုသွားသည်နှင့်အမျှ နှလုံးသားကလည်း ဖွင့်လှစ်ပေးခြင်းခံရပါတယ်။
ဒါ့အပြင် စာသားတွေရဲ့ စွမ်းအားက နှလုံးသားကို လှုပ်ခါသွားစေပါတယ်။
ထို့နောက် ဒါဟာ သာမန် လူသားတစ်ဦးရဲ့ ရေးသားချက်တွေ မဟုတ်ဘူး၊
ဒါဟာ အရှင်မြတ်ထံတော်မှ “ဝဟီ”ဗျာဒိတ်ပို့ချမှုဖြစ်တယ်ဆိုတာ လုံးဝယုံကြည်
သွားခဲ့ပါတယ်။”
အဘူဒါဘီမှ ဖရာဇ်ဆာဟိဘ်က ရေးသားပါတယ်။ “ဟာဇရတ် မဆီဟ်
မော်အူးဒ်(အ) သခင်ကြီး၏ ရေးသားချက်ကျမ်းများကိုလေ့လာခြင်းအားဖြင့်၊
တစ်ဖန် အမ်တီအေရုပ်သံလိုင်းမှ “အလ်ဟီဝါရွလ်မုဘာရှရ်” အစီအစဉ်ကို
မပြတ်တမ်းကြည့်ရှုမှုများကြောင့် ကျွန်တော်ဟာ အဟ်မဒီယာဂျမာအတ်ရဲ့
အယူအဆတွေကို သိရှိခဲ့ရပါတယ်။ အစပိုင်းမှာတော့ မသိမိုက်မဲမှု၊
ယခင်အဆက်ဆက်က လက်ခံလာခဲ့တဲ့ အယူအဆတွေကြောင့် ငြင်းပယ်ခဲ့ပါ
တယ်။ ဒါပေမဲ့ ကျမ်းမြတ်ကုရ်အာန်မှ အာယတ်တွေနဲ့ ဟဒီးစ်တွေ၊
အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းထားတဲ့ နိယာမအစဉ်အလာတွေကို သေသေချာချာ
လေ့လာလိုက်တဲ့အခါ ကျွန်တော့်ရဲ့ စိတ်ဟာ ကျေနပ်ပျော်ရွှင်စပြုလာပါတယ်။
ယခု ကျွန်တော့်ရှေ့မှာ လမ်းနှစ်လမ်း ရှိနေပါပြီ။ တစ်ခုက ကျွန်တော်ဟာ
တမန်တော်အီဆာ(အ) ကောင်းကင်မှ ဆင်းသက်လာတာကိုပဲ စဉ်ဆက်မပြတ်
စောင့်ရမယ်၊ ဒါတင်မက ဒီမတိုင်ခင်မှာ အလ္လာဟ်အရှင်မြတ်အတွက်သာ
 အထူးကန့်သတ်ထားတဲ့ သေသူကိုရှင်စေခြင်းအစရှိတဲ့ ဂုဏ်ပုဒ်တွေနဲ့
ရည်ညွှန်းခြင်းခံရတဲ့ “ဒဂျာလ်”ပေါ်ထွန်းတာကိုလည်း စောင့်ရဦးမယ်၊ “ဂျင်န်”တို့
မကောင်းဆိုးဝါးတို့နဲ့ပတ်သက်တဲ့ ပုံပြင်တွေ၊ ဒါတင်မက ကျမ်းမြတ်ကုရ်အာန်မှ
အာယတ်တွေ ပယ်ဖျက်ခြင်းခံရတယ်ဆိုတဲ့ “နာဆိခ်-မန်ဆူးခ်”အယူအဆနဲ့ပဲ
လုံးထွေးနေရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် ဒုတိယလမ်းက ဟာဇရတ်
အဟ်မဒ်(အ)ကို မဆီဟ်မော်အူးဒ်နှင့် အေမာမ်မဟ်ဒီအဖြစ် လက်ခံလိုက်ရမယ်။
သခင်ဟာ အစ္စလာမ်သာသနာကို အစွန်းအထင်းများမှ သန့်ရှင်းစင်ကြယ်
စေခဲ့တယ်။ အစ္စလာမ်ရဲ့ လှပတဲ့မျက်နှာတော်ကို ထုတ်ဖော်ပြသခဲ့သူဖြစ်တယ်။
ဒါ့အပြင် တမန်တော်မြတ်ကြီး(ဆွ)ဘက်မှ ခုခံကာကွယ်ခဲ့သူဖြစ်တယ်။ ဒီလိုနဲ့
ကျွန်တော်ဟာ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကူညီဆောင်မမှုကိုတောင်းခံ
လျက် အရှင်မြတ်သည်ကျွန်တော့်အားလမ်းညွှန်ရန်၊ အမှန်တရားနှင့် အရှင်မြတ်
နှစ်သက်သောလမ်းပေါ်၌ လျှောက်လှမ်းစေတော်မူရန် များစွာ ဒိုအာဆုတောင်း
ခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ အဟ်မဒီယာဂျမာအတ်နဲ့ ဟာဇရတ်
အဟ်မဒ်(အ)ဘက်သို့ စိတ်နှလုံးအတွင်းမှ နှစ်နှစ်ကာကာ မြတ်နိုးတွယ်တာမှု
တစ်ခုဖြစ်လာခဲ့ပါတယ်။ တမန်တော်မြတ်ကြီး(ဆွ)အား ချီးမွမ်းထောမနာခြင်း
ပြုလျက် မဆီဟ်မော်အူးဒ်(အ)သခင်ကြီး ရေးစပ်ထားတဲ့ အာရဗီကဆီဒါကို
ကျွန်တော်ဖတ်ရှုတဲ့အခါ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ဟာ တုန်ခါလျက်ရှိပြီး
မျက်ဝန်းမှ မျက်ရည်များ စီးကျလျက်ရှိပါတယ်။ ဒီအချိန်မှာပဲ ကျွန်တော့်နှုတ်မှ
ပြင်းထန်တဲ့အင်အားတစ်ရပ်နဲ့ “ဒီလို ကဗျာမျိုးကို လိမ်ညာသူတစ်ယောက်ဟာ
ဘယ်နည်းနဲ့မှ ရေးနိုင်မှာမဟုတ်ဘူး။ လိမ်ညာသူတစ်ယောက်ရဲ့ ရင်ထဲမှာ
တမန်တော်မြတ်ကြီး(ဆွ)အပေါ် ဒီလောက်ချစ်မြတ်နိုးမှု ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ၊
ပြီးတော့ အာရဗ်မဟုတ်သူ တစ်ယောက်က ယခုလို စာပေအလင်္ကာမြောက်ပြီး
အင်အားကြီးမားတဲ့ အာရဗီစာသားတွေကို ရေးသားခြင်းဟာ အလ္လာဟ်
အရှင်မြတ်ရဲ့ ထောက်ပံ့ကူညီမှုမရှိဘဲ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။”
တစ်ဖန် အီတလီနိုင်ငံမှ အာရဗ်တစ်ဦးဖြစ်သူ အဘားစ်ဆာဟိဘ်က
ရေးသားပါတယ်။ “မော်လဝီတွေက မလိုလားပေမဲ့ ကျွန်တော်ဟာ “အမ်တီအေ-
အလ်အရ်ဗီယာ”ရုပ်သံလိုင်းကို ဖမ်းယူကြည့်ရှုခဲ့ပါတယ်။ တစ်ရက်မှာ ကျွန်တော်
 ဟာ “အလ်ဟီဝါရွလ်မုဘာရှရ်”အစီအစဉ်ကြည့်ရှုနေစဉ် ခေတ္တရပ်နားချိန်မှာ
ပြသသွားတဲ့ မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့ “အာရဗီကဆီဒါ” တစ်ပုဒ်ကို
နားဆင်လိုက်ရပါတယ်။

“ကျွန်ုပ်၏ အသိပညာသည် ကောင်းခြင်းအဖြာဖြာနှင့် ပြည့်ဖြိုးတော်မူသော
မဟာကရုဏာတော်အရှင်ထံတော်မှဖြစ်၏။ 
ကျွန်ုပ်သည် အသိဉာဏ်ကြောင့်မဟုတ်ဘဲ အရှင်မြတ်အားဖြင့်သာ အရှင်မြတ်၏
ကျေးဇူးတော်များကို ရရှိခဲ့ခြင်းဖြစ်သည်။” (အန်ဂျာမေအာထမ်)
ကျွန်တော်ဟာ ဒီကဆီဒါကို နားထောင်ရင်းက မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့
ဓာတ်ပုံကိုလည်း ကြည့်ရှုနေခဲ့ပါတယ်။ ဘယ်လောက်ထိအောင်လဲဆိုရင်
ကျွန်တော်ရဲ့နှုတ်မှ တားဆီးထိန်းချုပ်မရတော့ဘဲ- “အလ္လာဟ့်ကိုကျိန်ဆိုပြီးပြော
မယ်၊ ဒီစာသားမျိုးကို ဘယ်လိုလိမ်ညာသူတစ်ယောက်ကမှ ပြောဆိုနိုင်မှာ
မဟုတ်ဘူး၊ ဒီပုဂ္ဂိုလ်ဟာ အလ္လာဟ်အရှင်မြတ်ထံမှ စေလွှတ်ခြင်းခံရသူ မုချ
ဖြစ်တယ်၊ ဒီလိုစာသားမျိုးကိုရေးသားသူဟာ အလ္လာဟ်အရှင်မြတ်နဲ့ အရှင့်
တမန်တော်ကို ထိပါးစော်ကားသူဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး”ဆိုပြီး
ပြောဆိုခဲ့ပါတယ်။”
တစ်ဖန် မော်ရိုကိုမှ ခါလစ်ဒ်ဆာဟိဘ်က ရေးသားပါတယ်။ “အဟ်မဒီယတ်ကို
လေ့လာတဲ့အခါ ကျွန်တော့်အတွက် အံ့ဩစရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။
အေမာမ်မဟ်ဒီကဖြင့် ပွင့်ပေါ်ပြီးလို့ ပြန်သွားခဲ့ပြီ၊ ကျွန်တော်တို့က အခုမှ
နားစွင့်နေတုန်းရှိသေးပါလား။ ကျွန်တော်ဟာ အလွန်အတွေးနက်လျက်
အလ္လာဟ်အရှင်မြတ်ထံတော်မှ လမ်းညွှန်ပြသဖို့ ဆုတောင်းခဲ့ပါတယ်။ အဟ်မဒီ
ယာဂျမာအတ်ရဲ့ အာရဗီ တနဘျငအန မှ အာရဗီစာပေများကို လေ့လာဖတ်ရှုခဲ့
ပါတယ်။ ကျွန်တော် ပထမဆုံး ဖတ်ရှုခဲ့တဲ့စာအုပ်က “အစ္စလာမီ အူဆူလ်ကီ
ဖီလိုဆိုဖီ”(အစ္စလာမ့်ဒဿနကျမ်း) အာရဗီဘာသာပြန် ဖြစ်ပါတယ်။ ဒီစာအုပ်ကို
ကျွန်တော်အကြိမ်ကြိမ် ဖတ်ရှုခဲ့ပါတယ်။ ထိုစာအုပ်ထဲက “အဒလ်၊ အဲဟ်ဆာန်၊
 အီသာအိဇိလ်ကုရ်ဘာ” (တရားမျှတမှု၊ စေတနာ၊ ကရုဏာ)အခန်းကိုဖတ်ရှုပြီး
နောက် ထိုအကြောင်းအရာတွေဟာ ကျွန်တော့်ဝိညာဉ်သို့တိုင် သက်ရောက်ခဲ့ပါ
တယ်။ အဲဒီနောက် ကျွန်တော်ဟာ “အလ်-တဗ်လီဂ်”စာအုပ်ကို ဖတ်ခဲ့ပါတယ်။
ပြီးနောက် အခြားစာအုပ်တွေကို လည်း လေ့လာခဲ့ပါတယ်။ ထိုစာအုပ်တွေထဲမှာ
ဝိညာဉ်ရေးဆိုင်ရာ အတိမ်အနက်များနှင့် သာသနာရေးဆိုင်ရာ အသိဉာဏ်စဉ်
များကို မြစ်ရေအလား စီးစေခဲ့တာကြောင့် ကျွန်တော့်နှုတ်မှ များသောအားဖြင့်
“ငါဟာ ရတနာသိုက်ကြီးကိုတွေ့သွားခဲ့ပြီ”ဆိုတဲ့စကားကို ပြောနေလေ့ရှိပါတယ်။ 
တစ်ဖန် မဒါဟ်ဆာဟိဘ်နဲ့ပတ်သက်ပြီး ဟာနီဆာဟိဘ်က အခုလို
ရေးသားပါတယ်။ “သူဟာ မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့ မရ်ယမ်ဖြစ်ခြင်းနှင့်
မရ်ယမ်ထံ၌ “ရူဟ်”(ဝိညာဉ်)ကို မှုတ်သွင်းခြင်းအကြောင်းကို ကျွန်တော်တို့ရဲ့
အာရဗီ တနဘျငအန မှတစ်ဆင့် မေးမြန်းခဲ့ပါတယ်။ ဒီလိုကြောင့် သူနှင့်
ဆက်သွယ်ခဲ့ပြီး အချို့သောဆောင်းပါးများနှင့် မဆီဟ်မော်အူးဒ်(အ) သခင်ကြီးရဲ့
ရေးသားချက်များကို ပို့ပေးခဲ့ပါတယ်။ သူဟာ အလွန်နှစ်သက်သွားခဲ့ပြီး
အဖြစ်မှန်ကို သိရှိသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူက အခုလို ရေးသားခဲ့ပါတယ်။
“မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရေးသားတဲ့ “အလ်-တဗ်လီဂ်”ကျမ်းက ကျွန်တော့်
ရင်ကို ဖွင့်ပေးခဲ့ပါတယ်။ အလွန်အံ့ဩဖွယ်ကောင်းလောက်အောင် ကျွန်တော်
ပျော်ရွှင်ဝမ်းမြောက်မှုဖြစ်ခဲ့ပါတယ်။ ဒီခေတ်ကာလမှာပင်လျှင် တမန်တော်
တစ်ပါးရဲ့ အလင်းရောင်များဖြင့် ပြည့်ဖြိုးလျက်ရှိတဲ့ ရေးသားချက်တွေကို
ကျွန်တော်ဖတ်ရှုခွင့်ရတာကြောင့်ပါပဲ။ ပြီးတော့ ယခင်က သံသယတွေရှိခဲ့တဲ့
အတွက်လည်း ဝမ်းနည်းခဲ့ရပါတယ်။”
တစ်ဖန် ယီမန်နိုင်ငံမှ အတာမီဆာဟိဘ်က ရေးသားပါတယ်။ “ကျွန်တော်ဟာ
ဂျာနယ်လစ်တစ်ယောက်၊ သုတေသီတစ်ယောက်ဖြစ်တာကြောင့် အဖြစ်မှန်ကို
သိလိုတဲ့ဆန္ဒက ပြင်းပြစွာရှိပါတယ်။ ဒီလိုကြောင့် အဟ်မဒီယတ်ကို ဆန့်ကျင်သူ
တွေရဲ့ ရေးသားချက်တွေကိုလည်း ဖတ်ရှုခဲ့ပါတယ်။ အဲဒီမှာ ပုတ်ခတ်စွပ်စွဲမှု
တွေနဲ့ နောက်ဆုံး “ကာဖဲရ်”(သွေဖည်သူ)ဆိုပြီး ဖတ္တဝါပေးတဲ့အထိပါပဲ။ ထပ်တိုး
လေ့လာမှုပြုပြီးနောက် သူတို့ထံမှာ အိုဟောင်းနေတဲ့ ပုတ်ခတ်စွပ်စွဲမှုတွေက
လွဲလို့ တစ်ခြားဘာမှမရှိဘူးဆိုတာ သိခဲ့ရပါတယ်။ အခြားတစ်ဖက်မှာ ဟာဇရတ်
 မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့ စာပေအလင်္ကာမြောက်တဲ့ အာရဗီတတ်ကျွမ်း
မှုနှင့် အခြားသော တန်ခိုးနိမိတ်တွေက ရှိနေပါတယ်။ တစ်ဖန် အေမာမ်မဟ်ဒီ
ကို ဖာရစီမျိုးနွယ်ထဲမှ မွေးဖွားစေခဲ့တာဟာလည်း အလ္လာဟ်အရှင်မြတ်
ထံတော်မှ တန်ခိုးနိမိတ်တစ်ခုဖြစ်ပါတယ်။ အာရဗ်တွေထဲကပဲ မဟ်ဒီလာရမယ်
ဆိုတာမျိုး မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် လမ်းညွှန်မှုနဲ့ တမန်တော်စနစ်
ဟာ အာရဗ်တွေအတွက်ပဲ ကန့်သတ်ထားတာ မဟုတ်လို့ပါပဲ။ အခြား
ကမ္ဘာ့လူသားတွေထံမှာ ဘာများချို့တဲ့ချက်ရှိလို့ပါလဲ။ နောက်ဆုံးခေတ်ကာလမှာ
အစ္စလာမ်သာသနာဟာ “ဃရီးဘ်”ဖြစ်သွားမယ်ဆိုတာရဲ့ အဓိပ္ပာယ်က အစ္စလာမ်
သာသနာတော် ဒုတိယမ္ပိဖြန့်ချိရေးဟာ အာရဗ်မဟုတ်သူတို့အားဖြင့်
ဖြစ်ပေါ်လာမယ်ဆိုခြင်းသာဖြစ်ကြောင်း ကျွန်တော်သဘောပေါက်မိပါတယ်။
မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့ ကျမ်းစာအုပ်များကို ဖတ်ရှုခြင်းအားဖြင့် လူတွေ
မေ့ပျောက်လိုက်ပြီဖြစ်တဲ့၊ ပြောင်းလဲပြင်ဆင်လိုက်ပြီဖြစ်တဲ့ အစ္စလာမ်သာသနာ
တော်ရဲ့ မှန်ကန်တဲ့ပုံရိပ်ကို သခင်ကြီးဟာ ပြန်လည် ဖော်ကျူးတင်ပြခဲ့သူ
ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ တကယ်တော့ အစ္စလာမ်ဟာ “ငြိမ်းချမ်းခြင်း”ရဲ့
အမည်သာဖြစ်ပါတယ်။ ဒါပေမဲ့ မွတ်စလင်မ်တွေကတော့ အချင်းချင်း
သတ်ဖြတ်နေကြပါတယ်။ အချို့က “သွေးထွက်သံယိုပြုမည့်မဟ်ဒီ”ကို စောင့်မျှော်
လျက်ရှိပြီး အချို့ကလည်း လှိုဏ်ဂူထဲမှ မဟ်ဒီထွက်ပေါ်လာမယ့်အချိန်ကို
စောင့်စားလျက်ရှိပါတယ်။ ဒါပေမဲ့ အဟ်မဒီယာဂျမာအတ်တစ်ခုတည်းသာလျှင်
စစ်မှန်တဲ့မဟ်ဒီကို လက်ခံယုံကြည်ကြလျက် သူ့အား နောက်လိုက်နာခံလျက်
ရှိကြပါတယ်။”
တစ်ဖန် အီရန်မှ ဟယားတ်ဆာဟိဘ်က ရေးသားလိုက်ပါတယ်။ “ကျွန်တော်ဟာ
ရှီအာမိသားစုထဲမှာ မွေးဖွားကြီးပြင်းလာတာဖြစ်ပါတယ်။ ဒီမိသားစုက မူလ
ကတည်းက ဘာသာရေးစိတ်ထက်သန်သူတွေ ဖြစ်ပါတယ်။ ရုပ်သံလိုင်းအစုံနဲ့
စာအုပ်အမျိုးမျိုးကို ကျွန်တော်လေ့လာခဲ့ပါတယ်။ ဒါပေမဲ့ အစ္စလာမ်နဲ့
ပတ်သက်လို့ သူတို့ရဲ့ တင်ပြချက်တွေကြောင့် ကျွန်တော်စိတ်ကျေနပ်မှု
မရခဲ့ပါဘူး။ အစ္စလာမ်နဲ့ပတ်သက်လို့ သူတို့ရဲ့တင်ပြချက်တွေမှာ အားနည်းချက်
တွေတော့ မုချရှိနေရမယ်လို့ တွေးခဲ့မိပါတယ်။ မြောက်မြားစွာသော လူသားတွေ
 ဟာ ဒီသာသနာအတွင်းသို့ ဝင်ရောက်ကြမယ်လို့ ကျမ်းမြတ်ကုရ်အာန်က
ဆိုနေပေမဲ့ ယနေ့မွတ်စလင်မ်ထဲက အများစုမှာတော့ အစ္စလာမ်ရဲ့အနှစ်သာရ
မရှိဘဲဖြစ်နေပါတယ်။ ဒါကြောင့် ယနေ့ခေတ်မှာ စွဲထင်နေတဲ့အယူအဆတွေကို
ပြုပြင်ဖို့လိုအပ်နေပြီလို့ ကျွန်တော်တွေးခဲ့မိပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ
ကျွန်တော့်မိတ်ဆွေတစ်ဦးက ကျွန်တော့်ကို သူ့အိမ်သို့ ဖိတ်ကြားလိုက်ပါတယ်။
ပြီးတော့ အမ်တီအေရုပ်သံအစီအစဉ်ကို ဖွင့်ပြပါတယ်။ အဲဒီနောက်
“အလ်ဟီဝါရွလ်မုဘာရှရ်”အစီအစဉ်နဲ့ အခြားအစီအစဉ်တွေကိုပါ ကြည့်ရှုခဲ့ရပါ
တယ်။ အဲဒီမှာ မဆီဟ်မော်အူးဒ်(အ) သခင်ကြီးရဲ့ ကုရ်အာန်ဖွင့်ဆိုချက်တွေနဲ့
အခြားသော အကြောင်းရပ်များနဲ့ စပ်လျဉ်းလို့ ပညာပိုင်းဆိုင်ရာ နက်နက်နဲနဲ
ဆွေးနွေးတင်ပြချက်တွေကို များစွာနှစ်သက်ခဲ့ပါတယ်။ Tဠ ဃ့ညေညနူ တစ်ခုမှာ
အစ္စလာမ်နဲ့ ပတ်သက်လို့ ပညာပိုင်းအရ နက်နဲစွာ ဆွေးနွေးတင်ပြမှု၊
ဆက်သွယ်မေးမြန်းသူတွေကို ခိုင်မာတဲ့ကျိုးကြောင်းပြချက်တွေနဲ့ ပြန်လည်
ဖြေကြားမှုတွေကိုလည်း ကြားခဲ့ရပါတယ်။ ဒါတင်မက အံ့ဩစရာကောင်းတာက
ပြင်ပကအိုလမာတွေဟာ ရှီအာတွေကိုတော့ စားပွဲဝိုင်းဆွေးနွေးမှုအတွက်
ဖိတ်ခေါ်ကြပေမဲ့ အဟ်မဒီယာ ဂျမာအတ်နဲ့ ရင်ဆိုင်ရာမှာတော့ “ကာဖဲရ်”ဆိုပြီး
တစ်ဖက်သတ် စွပ်စွဲခြင်း၊ ဆဲရေးတိုင်းထွာခြင်းတွေကိုသာ ပြုကြပါတယ်။
အကြောင်းကတော့ သူတို့ဟာ အဟ်မဒီယာဂျမာအတ်ရဲ့
ခိုင်မာတဲ့ကျိုးကြောင်းပြချက်တွေကို မယှဉ်နိုင်တာ ကြောင့်ပါပဲ။ ဒါတင်မက
အဟ်မဒီတွေကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတွေ ရှိနေတာကြောင့်
အဟ်ဒီယာဂျမာအတ်ကို ဆန့်ကျင်နေသူတွေထံမှာ အစ္စလာမ် ကို
နာမည်ပျက်စေတဲ့ လုပ်ရပ်တွေကလွဲလို့ တစ်ခြားဘာမှမရှိဘူးဆိုတာကို
သိခဲ့ရပါတယ်။ ကျွန်တော်ဟာ အမ်တီအေကို ကြည့်ရှုတာနဲ့အမျှ ကျွန်တော့်ရဲ့
အီမာန်ဟာ ခိုင်မာထက်သန်လာခဲ့ပါတယ်။ ကျမ်းမြတ်ကုရ်အာန်၌ မည်သို့သော
အတိုးအလျှော့မျှမရှိကြောင်း သခင်ကြီးရဲ့တင်ပြချက်ကို ကြားသိရလျက်
အစ္စလာမ်အပေါ် သခင်ကြီးရဲ့ ချစ်စိတ်ကို ယုံကြည်သွားခဲ့ပါတယ်။ ပြီးတော့
မဆီဟ်မော်အူးဒ်ပွင့်ပေါ်လာတဲ့အခါ အစ္စလာမ်သာသနာကို အခြား
သာသနာများအားလုံးထက် သာလွန်ကြောင်းကို သက်သေပြဖို့၊ ပြီးတော့
 အစ္စလာမ်ကို ပြစ်တင်စွပ်စွဲထားတဲ့ စွပ်စွဲချက်အားလုံးကို တုံ့ပြန်လျက်
“ဘရာဟီနေအဟ်မဒီယာ”ကျမ်းကို ရေးသားထားတယ်ဆိုတာကို သိရတဲ့အခါ
ကျွန်တော်ဟာ သခင်ကြီးရဲ့ သာသနာပြုခြင်းစိတ်အားတွေကို စွဲစွဲမြဲမြဲ
ယုံကြည်သွားခဲ့ပါတော့တယ်။ ဟာဇရတ်မဆီဟ်မော်အူးဒ်(အ)နှင့် ခလီဖာကြီးများ
၏ စာအုပ်များကို ဖတ်ရှုလျက် ၎င်းတို့ဟာ သာမန်လူသားများ မဟုတ်ကြောင်း
ယုံကြည်ခဲ့ပါတယ်။ ၎င်းတို့ဟာ အစ္စလာမ်သာသနာရဲ့ ဦးစီးဦးဆောင်တွေ
ဖြစ်တယ်။ သူတို့ရဲ့ အတွေးအမြင်တွေဟာ ကမ္ဘာလောကအတွက် အလွန်
လိုအပ်နေတယ်။ မဆီဟ်မော်အူးဒ်(အ) သခင်ကြီး၏ အာရဗီဘာသာစကား၌
တတ်ကျွမ်းမှုနှင့် အာရဗ်များနှင့် အာရဗ်မဟုတ်သူများအားလုံးကို အာရဗီစာပေ
အရာ၌ မိမိနှင့်ယှဉ်ပြိုင်ကြရန် ဖိတ်ခေါ်ခဲ့ခြင်းတို့ဟာ သခင်ကြီးကိုဆန့်ကျင်သူ
တွေအတွက် သူတို့ရဲ့ သာလွန်မှုကို သက်သေပြနိုင်ဖို့ရာ ရွှေအခွင့်အရေးကြီးကို
ဖန်တီးပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အဲဒီလို မလုပ်နိုင်ခဲ့ကြ
ပါဘူး။ ဒီသက်သေပြုချက်အားလုံးကပဲ ကျွန်တော့်အတွက် သခင်ကြီးအား
သက်ဝင်ယုံကြည်ရုံမှတစ်ပါး အခြား ထွက်ပေါက်မရှိဘဲ ဖြစ်စေခဲ့ပါတယ်။ ယခု
အဟ်မဒီယာဂျမာအတ်အကြောင်းကို ကောင်းစွာသိရှိပြီးနောက်မှာ ဒီအသင်း
တော်ရဲ့သွန်သင်ချက်တွေကိုဖြန့်ချိမှုပြုဖို့ ကျွန်တော့်မှာ မဖြစ်မနေ တာဝန်ရှိနေပြီ
လို့ ခံယူပါတယ်။”
ဒါနဲ့အလားတူ များစွာသော ဖြစ်ရပ်တွေရှိပါသေးတယ်။ အထက်မှာ
အကြောင်းအရာအနည်းငယ်ကိုသာ တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။
ယခုလို သက်သေလက္ခဏာများနဲ့စပ်လျဉ်းလို့ပဲ တစ်နေရာမှာ
မဆီဟ်မော်အူးဒ်(အ) သခင်ကြီး မိန့်ကြားတော်မူသည်မှာ-
“ကျွန်ုပ်၏လက်ဖြင့် မြောက်မြားစွာသော နိမိတ်လက္ခဏာများသည် ထင်ရှားခဲ့၏။
အသို့နည်း၊ နိမိတ်လက္ခဏာပြသခြင်းအရာ၌ ကျွန်ုပ်နှင့်ယှဉ်ပြိုင်လျက်
ကျွန်ုပ်အား အနိုင်ယူမည့်သူ တစ်စုံတစ်ဦးမျှ ကမ္ဘာမြေ၌ အသက်ထင်ရှားရှိပါ
သလော။ ကျွန်ုပ်၏အသက်ကို စိုးပိုင်တော်မူသောအရှင်မြတ်ကို
တိုင်တည်ကျိန်ဆို၍ ကျွန်ုပ်ပြောမည်။ ယခုအချိန်ထိ ကျွန်ုပ်၏လက်ဖြင့်
 နိမိတ်လက္ခဏာပေါင်း နှစ်သိန်းကျော်သည် ပေါ်လွင်ထင်ရှားခဲ့ပြီး ဖြစ်ပေသည်။
လူဦးရေ တစ်သောင်းနီးပါး သို့တည်းမဟုတ် တစ်သောင်းကျော်တို့သည်
တမန်တော်မြတ်ကြီး(ဆွ)အား အိပ်မက်၌တွေ့ခဲ့ကြရပြီး ကိုယ်တော်က (သူတို့ထံ၌)
ကျွန်ုပ်သည်မှန်ကန်သူဖြစ်ကြောင်း ထောက်ခံခဲ့၏။ ထို့ပြင် ဤနိုင်ငံအတွင်း၌
အချို့နာမည်ကျော်ကြားသော ရူပါယုံဗျာဒိတ်ရ ပုဂ္ဂိုလ်များရှိကြပြီး ၎င်းတို့ထံတွင်
တပည့်ပေါင်း သုံးသိန်း၊ လေးသိန်းမျှရှိခဲ့၏။ ၎င်းပုဂ္ဂိုလ်များအား ဤလူသား
သည် အလ္လာဟ်အရှင်မြတ်ထံတော်မှဖြစ်ကြောင်း အိပ်မက်အားဖြင့် ပြသခဲ့၏။
၎င်းတို့အနက်မှ အချို့သည် ကျွန်ုပ်မပွင့်ပေါ်မီ နှစ်ပေါင်း ၃ဝ အလျင်က
ကွယ်လွန်သွားခဲ့ကြ၏။ ဥပမာ- လူဒီယာနာမှ ဂူလာဘ်ရှားဟ်ဆိုသူဖြစ်၏။
သူသည် မီယာန် ကရီးမ်ဘခ်ရှ်(ကွယ်လွန်)အား အီဆာသည် ကာဒီယာန်တွင်
မွေးဖွားသန့်စင်ခဲ့ပြီဖြစ်ကြောင်း၊ သူသည် လူဒီယာနာသို့ ကြွမြန်းလာမှာဖြစ်
ကြောင်း သတင်းပေးခဲ့၏။ မီယာန်ကရီးမ်ဘခ်ရှ်သည် ကျွန်ုပ်နှင့် လူဒီယာနာမြို့
တွင် ဆုံတွေ့ခဲ့၏။ ထိုစဉ်က သူသည် အသက်အရွယ်ကြီးရင့်ခဲ့ပြီဖြစ်ပြီး သူသည်
ဖြောင့်မတ်တည်ကြည်သူ ဖြစ်၏။ သူသည် ကျွန်ုပ်အား ထိုပုဂ္ဂိုလ်၏
ကြိုတင်ဗျာဒိတ်ပေးချက်အားလုံးကို ပြောပြခဲ့၏။ ထို့အတွက်ကြောင့်လည်း
မော်လဝီများက သူ့အား များစွာ ဒုက္ခပေးခဲ့ကြ၏။ သို့ရာတွင် သူသည်
အနည်းငယ်မျှ အရေးမစိုက်ခဲ့ချေ။ သူက ကျွန်ုပ်အား ပြောပြသည်မှာ-
“ဂူလာဘ်ရှားဟ်က ကျွန်ုပ်ကို မှာကြားသွားပါတယ်။ “မရ်ယမ်၏သားတော်
အီဆာဟာ အသက်ထင်ရှားမရှိဘူး၊ ကွယ်လွန်သွားခဲ့ပြီ၊ သူဟာ ကမ္ဘာလောက
ကို တစ်ဖန် ပြန်လာဖို့ မရှိတော့ဘူး၊ ဒီအွမ္မတ်(အုပ်စု)အတွက် မီရ်ဇာဂိုလာမ်
အဟ်မဒ်သာလျှင် အီဆာဖြစ်တယ်၊ သူ့ကိုပဲ အလ္လာဟ်အရှင်မြတ်ရဲ့ တန်ခိုးတော်
နှင့် ရွှေဉာဏ်တော်တို့က ပထမ အီဆာနှင့်ပမာတူသူအဖြစ် ပြုလုပ်ခဲ့တာ
ဖြစ်တယ်၊ ကောင်းကင်ထက်မှာ သူ့နာမည်ကို အီဆာလို့ပဲ ရေးမှတ်ထားတော်မူ
တယ်၊ ဒါကြောင့် ကရီးမ်ဘခ်ရှ်၊ အကြင်အခါ ထိုသည့် အီဆာ ပွင့်ပေါ်ပြီဆိုရင်
မော်လဝီတွေဟာ သူ့ကို ဘယ်လောက်တောင် ဆန့်ကျင်ကြမလဲဆိုတာ
အသင်တွေ့ရလိမ့်မယ်။ သူတို့ဟာ အလွန်ပြင်းထန်စွာ ဆန့်ကျင်ကြလိမ့်မယ်၊
ဒါပေမဲ့ သူတို့ပဲ အကျိုးယုတ်ကြလိမ့်မယ်။ သူ(အီဆာ) ပွင့်ပေါ်လာရခြင်းက
 ကျမ်းမြတ်ကုရ်အာန်၌ သွတ်သွင်းခြင်းခံရတဲ့ မှားယွင်းသောရှင်းလင်းဖွင့်ဆိုမှုတွေ
ကိုဖယ်ရှားပြီး ကျမ်းမြတ်ကုရ်အာန်ရဲ့ စစ်မှန်တဲ့ပုံရိပ်ကို ကမ္ဘာလောကရှေ့မှာ
ပြသဖို့ဖြစ်တယ်။” ထိုပုဂ္ဂိုလ်က ကျွန်ုပ်(ကရီးမ်ဘခ်ရှ်)ကို အသင်ဟာ အီဆာကို
တွေ့ရတဲ့အထိ အသက်ရှည်လိမ့်မယ်ဆိုတဲ့အကြောင်း ဒီကြိုတင်ဗျာဒိတ်ထဲမှာ
အလွန်ထင်ရှားစွာ မိန့်ကြားသွားခဲ့ပါတယ်။”
အထက်မှာ မဆီဟ်မော်အူးဒ်(အ)သခင်ကြီးက လူပုဂ္ဂိုလ်တော်တော်များကို
အိပ်မက်မှာ တမန်တော်မြတ်(ဆွ)က လမ်းညွှန်တော်မူခဲ့ကြောင်း မိန့်ကြားခဲ့ပါ
တယ်။ ဒါနဲ့ပတ်သက်လို့ သခင်ကြီးရဲ့ ခေတ်ကာလမှ ဘိုင်အတ်သစ္စာခံယူသူ
တစ်ချို့နဲ့ နောက်ပိုင်းမှ ဖြစ်ရပ်တစ်ချို့ကို ယခု တင်ပြပါ့မယ်။ 
ဟာဇရတ် မီယာန် အဗ်ဒွရ်ရရှီးဒ်ဆာဟိဘ်(ရဒီ)က ဆင့်ပြန်ပြောပြပါတယ်။
“ဖခင်ရဲ့တိုက်တွန်းမှုနှင့် အိပ်မက်တစ်ခုတို့ကြောင့် ကျွန်တော် ဘိုင်အတ်ယူခဲ့ပါ
တယ်။ ကျွန်တော်ဟာ တမန်တော်မြတ်ကြီး(ဆွ)ကို အိပ်မက်မှာ မြင်ခဲ့ရပါတယ်။
ကိုယ်တော်ဟာ ခုတင်တစ်ခုပေါ်မှာ လဲလျောင်းလျက်ရှိပြီး အလွန် မကျန်းမမာ
ဖြစ်လျက်ရှိပါတယ်။ မဆီဟ်မော်အူးဒ်(အ)သခင်ကြီးက ကိုယ်တော့်အနီးမှာ
ရပ်နေပြီး ကိုယ်တော့်အား ပြုစုနေပါတယ်။ ကိုယ်တော်မြတ်(ဆွ)ဟာ သခင်ကြီးရဲ့
ပုခုံးကိုမှီလျက် ထရပ်လိုက်ပါတယ်။ ဒီအခြေအနေနဲ့ပဲ ကိုယ်တော်ဟာ
မိန့်ခွန်းတစ်ခုပြောကြားခဲ့ပါတယ်။ ထိုမိန့်ခွန်းထဲမှာ မဆီဟ်မော်အူးဒ်(အ)သခင်ရဲ့
မှန်ကန်မှုနဲ့စပ်လျဉ်းလို့ ရှင်းလင်းမိန့်ကြားချက် ဖြစ်ပါတယ်။ အဲဒီနောက်
အိပ်မက်ထဲမှာပဲ တမန်တော်မြတ်ကြီး(ဆွ)ဟာ ပြန်လည်ကျန်းမာလာခဲ့ပြီး
ကိုယ်တော့်ရဲ့မျက်နှာတော်ဟာ လုံးဝလင်းဝင်းတောက်ပလျက်ရှိပါတယ်။
ဒီအိပ်မက်အရ အစ္စလာမ်ဟာ မဆီဟ်မော်အူးဒ်(အ)သခင်ကြီးအားဖြင့် တစ်ဖန်
ရှင်သန်လာမှာဖြစ်ကြောင်း ကျွန်တော်နားလည်လိုက်ပါတယ်။ ဒီလိုနဲ့
ထိုအိပ်မက်ကို မြင်မက်ပြီးနောက်မှာ ကျွန်တော် ဘိုင်အတ်သစ္စာခံယူခဲ့ပါတယ်။”
ထိုနည်းတူ အဗ်ဒွလ္လာဟ်ဆာဟိဘ်ရဲ့ သားဖြစ်သူ၊ အဗ်ဒွလ်ဆတ္တားရ်ဆာဟိဘ်က
ဆင့်ပြန်ပြောကြားခဲ့သည်မှာ- “ကျွန်တော်ဟာ ဖခင်ကို မေးမြန်းခဲ့ပါတယ်။
နာဇရက်မြို့သားမဆီဟ် ကွယ်လွန်ခြင်းနဲ့ပတ်သက်လို့ ကျွန်တော် နားမလည်
 ဘူး။ အသက်ထင်ရှားရှိနေတယ်ဆိုတာကိုပဲ သိပါတယ်။ ဒါနဲ့ပတ်သက်လို့
ကျွန်တော့်ကို ရှင်းပြပါ။ ကျွန်တော့်ဖခင်က ဘိုင်အတ်ယူပြီးနောက် ၁ဝ လခန့်
အကြာမှာ သူမြင်မက်ခဲ့တဲ့ အိပ်မက်တစ်ခုအကြောင်း ကျွန်တော့်ကို
ပြောပြပါတယ်။ “အဖေဟာ ရာဝီမြစ်ကမ်းတစ်ဖက်မှာ ရွက်ဖျင်တဲနှစ်ခု
ထိုးထားတာ မြင်လိုက်ရတယ်။ တစ်ခုက မဆီဟ်မော်အူးဒ်(အ)သခင်ရဲ့ တဲဖြစ်ပြီး
နောက်တစ်ခုက တမန်တော်မြတ်ကြီး(ဆွ)ရဲ့ တဲဖြစ်တယ်။ တမန်တော်မြတ်(ဆွ)ရဲ့
ရွက်ဖျင်တဲအတွင်းသို့ဝင်ရောက်လျက် မဆီဟ်မော်အူးဒ်အဖြစ် ကြွေးကြော်သူရဲ့
အခြေအနေက ဘယ်လိုရှိပါသလဲ ကိုယ်တော်လို့ မေးလျှောက်ခဲ့တယ်။
ကိုယ်တော်က သူဟာ အလွန်ထိုက်တန်သူ၊ အလွန်ထိုက်တန်သူ၊ အလွန်
ထိုက်တန်သူဖြစ်တယ်ဆိုပြီး လက်ညှိုးညွှန်လျက် သုံးကြိမ်သုံးခါ မိန့်ကြားတော်မူ
တယ်။ ဒီလို အပြည့်အဝထောက်ခံမှုကိုကြည့်ရှုလျက် မဆီဟ်မော်အူးဒ်(အ)ဟာ
ဖြောင့်မတ်မှန်ကန်သူဖြစ်ကြောင်း၊ ကျွန်ုပ်အဖို့ ရှင်ခြင်းသေခြင်းကိစ္စတွေက
မလိုအပ်ဘူးဆိုပြီး လုံးဝဥဿုံ ယုံကြည်သွားခဲ့တယ်။ ဒီလိုနဲ့ သခင်ကြီးကို
အီမာန် သက်ဝင်ယုံကြည်ခဲ့ပြီး ဘိုင်အတ်သစ္စာခံယူလျက် ဂျမာအတ်အတွင်းသို့
ဝင်ရောက်ခဲ့ပါတယ်။”
တစ်ဖန် ဆရ်ဒါရ်ကရမ်ဒါးတ်ဆာဟိဘ်က ဆင့်ပြန်ပြောပြပါတယ်။
“ကျွန်တော်ဟာ ဘိုင်အတ်မယူခင်ကပဲ မဆီဟ်မော်အူးဒ်(အ)သခင်ကြီးကို
အိပ်မက်မှာ မြင်ခဲ့ပါတယ်။ ထိုအိပ်မက်က- လမ်းမတစ်ခုပေါ်မှာ
တမန်တော်မြတ်ကြီး(ဆွ)နဲ့ မဆီဟ်မော်အူးဒ်(အ)သခင်တို့နှစ်ဦး လျှောက်လှမ်း
လာနေပါတယ်။ ကျွန်တော်ကလည်း ရှေ့တူရူမှ လျှောက်လာနေပါတယ်။
တမန်တော်မြတ်ကြီး(ဆွ)က မဆီဟ်မော်အူးဒ်(အ)သခင်ကြီးကို လက်ညှိုးညွှန်
လျက် သူဟာ အလ္လာဟ့်ထံတော်မှဖြစ်တယ်၊ သူဟာ အလ္လာဟ့်ထံတော်မှ
ဖြစ်တယ်ဆိုပြီး သုံးကြိမ်သုံးခါ ကျွန်ုပ်အား မိန့်ကြားတော်မူပါတယ်။ ဒီလိုနဲ့
ကျွန်တော်ဟာ ၁၉၀၂ ခုနှစ်၊ ကာဒီယာန်၌ ဘိုင်အတ်သစ္စာခံယူခဲ့ပါတယ်။
ထိုစဉ်က ကျွန်ုပ်အိပ်မက်မှာမြင်မက်ခဲ့တဲ့အတိုင်းပဲ မဆီဟ်မော်အူးဒ်(အ)
သခင်ကြီးကို တွေ့ခဲ့ရပါတယ်။”

 ဒီခေတ်ကာလမှာလည်း ကျွန်တော်တို့ဟာ တမန်တော်မြတ်ကြီး(ဆွ)ရဲ့
လမ်းညွှန်ပြသမှုများဆိုင်ရာ မြင်ကွင်းတွေကို တွေ့ကြရပါတယ်။
ဂျာမနီမှ မို့အ်မင်န်ဘင်န်အဟ်မဒ် ဆာဟိဘ်က ရေးသားလိုက်ပါတယ်။
“အချိန်ကာလတစ်ခုကြာအရင်ကတည်းက ကျွန်တော်ဟာ ဒီစာကို ရေးသားဖို့
ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မရေးဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင်
ကျွန်တော်ဟာ ထူးခြားတဲ့ ဝိညာဏအခြေအနေနဲ့ အလ္လာဟ်အရှင်မြတ်ရဲ့
ကျေနပ်နှစ်သက်မှုကို မခံစားမိသေးသရွေ့ ရေးသားဖို့ မရည်ရွယ်ပါဘူး။ ယခု
အချိန်မှာ ကျွန်တော်ဟာ ဂျာမနီ၌ အင်ဂျင်နီယာတန်းမှာ တက်ရောက်ပညာ
သင်နေပါတယ်။ ကလေးဘဝနဲ့ လူငယ်ဘဝကို ကျွန်တော့်မိသားစုနဲ့အတူ
ဆော်ဒီအာရေဗျမှာ ကုန်လွန်ခဲ့ပါတယ်။ ထိုစဉ်က အဟ်မဒီယတ်ဆိုတဲ့
နာမည်ကိုတောင် မကြားဖူးခဲ့ပါဘူး။ ၂၀၀၄ ဒါမှမဟုတ် ၂၀၀၅ ခုနှစ်က
အိပ်မက်တစ်ခုမှာ တမန်တော်မြတ်ကြီး(ဆွ)ကို ဖူးတွေ့ခဲ့ရပါတယ်။ ထိုစဉ်က
ကျွန်တော်ဟာ အလွန်လှပတဲ့ မျှော်စင်တစ်ခုပေါ်မှာ ဖြစ်ပါတယ်။
တမန်တော်မြတ်ကြီး(ဆွ)က လဘက်သို့ လက်ညှိုးညွှန်လျက်ရှိပါတယ်။
လပြည့်ဝန်းဖြစ်ပြီး အလင်းရောင်က အရပ်လေးမျက်နှာအဝေးသို့တိုင် ပျံ့နှံ့လျက်
ရှိပါတယ်။ အဲဒီကြားမှာ မျှော်စင်တစ်ခုရှိပါတယ်။ တမန်တော်မြတ်ကြီး(ဆွ)က
တစ်စုံတစ်ရာကို ရည်ညွှန်းလျက် ကျွန်တော့်ကို မိန့်ကြားနေခြင်းဖြစ်ပြီး 
အဲဒီအကြောင်းကို ယခင်ကကျွန်တော်မသိခဲ့ပါဘူး။ ကိုယ်တော်ဟာ
ကျွန်တော့်ကို အလွန်ချစ်ခင်ယုယလျက်ရှိပြီး ဒါကို ဖွင့်ဟပြောပြဖို့ မလွယ်ပါဘူး။
အဲဒီနောက် တမန်တော်မြတ်ကြီး(ဆွ) ပြန်လည်ကြွမြန်းသွားခဲ့ပါတယ်။
ကိုယ်တော့်ရဲ့မျက်နှာတော်မှာ ကမ္ဘာလောကသားတွေအတွက် သောကဗျာပါရ
က အထင်အရှားပေါ်လွင်လျက်ရှိနေပါတယ်။ အဲဒီနောက် ကျွန်တော်ဟာ
အိပ်မက်မှနိုးသွားပါတယ်။ ထိုအချိန်မှာ ကျွန်တော်ဟာ မြေကြီးမှခွာလျက်
အမြင့်တစ်နေရာသို့ ရောက်နေတယ်လို့ ခံစားမိပါတယ်။ အဲဒီနောက်မှာ
ကျွန်တော်ဟာ လူတွေနဲ့နှုတ်ခွန်းဆက်ခြင်း၊ စကားပြောခြင်း အလွန်နည်းပါး
သွားခဲ့ပါတယ်။ ကျွန်တော်ဟာ ဒီအိပ်မက်ကို လုံးဝနားမလည်ခဲ့ပါဘူး။
ကျွန်တော့်ဖခင်က နောင်မှာ သူ့ရဲ့အိပ်မက်တစ်ခုကိုပြောပြတဲ့အခါ ကျွန်တော်
 အလွန်ပဲ အံ့ဩသွားခဲ့ပါတယ်။ ဖခင်က သူလည်းပဲ တမန်တော်မြတ်ကြီး(ဆွ)ကို
အိပ်မက်မှာ ဖူးမြင်ခဲ့ရကြောင်း ပြောပါတယ်။ ပြီးတော့ ကိုယ်တော်မြတ်(ဆွ)က
သူ့ကို ၁၉၇၉ ခုနှစ်မှာတုန်းက ကျွန်တော်မွေးဖွားလာမယ့်အကြောင်း
သတင်းကောင်းပေးခဲ့ပါတယ်။ “အသင်ဟာ သားယောကျား ဖွားမြင်မယ်၊
သူ့နာမည်ကို မိုဟမ္မဒ်လို့ထားပါ။” ဒီအကြောင်းကို ကျွန်တော့်ဖခင်က ၂၀၀ရ
ခုနှစ်မှာ ပြောပြခဲ့တာဖြစ်ပါတယ်။ ထိုအချိန်ထိ ကျွန်တော်ဟာ အဟ်မဒီယတ်နဲ့
ပတ်သက်လို့ ဘာတစ်ခုမှ မသိသေးပါဘူး။ အဲဒီနောက် ဆီးရီးယားမှ ကျွန်တော့်
ညီငယ်က အဟ်မဒီယာဂျမာအတ်ရဲ့ Website အကြောင်းကို အသိပေးတာ
ကြောင့် အဲဒီကတစ်ဆင့် ကျွန်တော်ဟာ ဂျမာအတ်ရဲ့အယူအဆတွေနဲ့ ရှင်းလင်း
ဖွင့်ဆိုချက်တွေကို လေ့လာခဲ့ပါတယ်။ ဒီအယူအဆတွေက ကျွန်တော်တို့
ငယ်စဉ်က သူငယ်ချင်းတွေနဲ့အတူ ဆွေးနွေးလေ့ရှိတဲ့ အတွေးအခေါ်တွေနဲ့
ထပ်တူဆင်ပါတယ်။ ဥပမာ- “ဒဂျာလ်”ဆိုတာက ယနေ့ခေတ်
အနောက်နိုင်ငံများရဲ့ စက်မှုတော်လှန်ရေး၊ ရုပ်ဝါဒကြီးစိုးမှုနဲ့ ခရစ်ယာန်ဝါဒကို
ဖြန့်ချိခြင်းဆိုင်ရာ စွမ်းအင်များ အစရှိသည်တို့ ဖြစ်ပါတယ်။”
သူက ကျွန်တော်(ခလီဖာသခင်)ထံသို့လည်း စာရေးလိုက်ပါတယ်။ “သခင်ကြီး
စိတ်ချယုံကြည်ပါ။ ကျွန်တော်ဟာ မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့ စာအုပ်များ
ကိုဖတ်ရှုလျက် အသိပညာဉာဏ်စဉ်များနှင့် သခင်ကြီးရဲ့ နေမင်းအလား
ထွန်းလင်းတောက်ပနေတဲ့သက်သေလက္ခဏာတွေကို ဖတ်ရှုလျက် ငိုကျွေးနေ
တတ်ပါတယ်။ စကားလုံးတိုင်းဟာ ကျွန်တော့်အသက်ဝိညာဉ်သို့တိုင် သက်ဆင်း
သွားခဲ့ပါတယ်။ ဒီယုံကြည်မှုဆိုင်ရာ ပုလဲရတနာဟာ အလွန် အဖိုးထိုက်တန်ပြီး
ဒါကို ဖွင့်ဟပြောပြဖို့ ကျွန်တော်မစွမ်းသာပါဘူး။ အဟ်မဒီယာဂျမာအတ်ရဲ့
ယုံကြည်ချက်တွေဟာ အခြားသူတွေအပေါ် လွှမ်းမိုးမှုရှိနေတာကလည်း
အထင်အရှားပါပဲ။ စင်စစ် အဟ်မဒီယာဂျမာအတ်ဟာ အစ္စလာမ်သာသနာရဲ့
စစ်မှန်တဲ့ယုံကြည်ချက်တွေကို တင်ဆက်လျက်ရှိပါတယ်။ ဥပမာ- ကျမ်းမြတ်
ကုရ်အာန်သည် “နာဆိခ်မန်ဆူးခ်”ပြဿနာများမှကင်းရှင်းကြောင်း ယုတ္တိဗေဒ
နည်းကျကျ ဆွေးနွေးရှင်းပြချက်၊ တမန်တော်များ၏ အပြစ်ကင်းသန့်စင်ပုံ၊
“ခါတမေနဗူဝသ်”ရှင်းလင်းဖွင့်ဆိုချက်၊ အစ္စရာအ်-မေ့အ်ရာဂ်ျတို့၏ အစစ်အမှန်
 သဘော အစရှိတာတွေကို မဆီဟ်မော်အူးဒ်ရဲ့ ဂျမာအတ်တစ်ခုတည်းကသာ
ရှင်းလင်းတင်ပြနိုင်ပါတယ်။ ယနေ့မှာတော့ ဂျမာအတ်ဟာ အစိတ်အပိုင်းတစ်ခု
လောက်သာ အောင်မြင်နေသော်လည်း မဝေးတော့သည့်အနာဂတ်မှာ
ဂျမာအတ်ဟာ အပြည့်အဝအောင်မြင်တော့မှာဖြစ်ပါတယ်။ (အင်ရှာအလ္လာဟ်)” 
တစ်ဖန် ဒမတ်စကပ်မှ မိတ်ဆွေ၊ ရီဇ်ဝါးန်ဆာဟိဘ်က ရေးသားလိုက်ပါတယ်။
“ကျွန်တော်ဟာ ဒမတ်စကပ်တက္ကသိုလ်မှ သချင်္ာပညာရပ်ဖြင့်အောင်မြင်ပြီး
ကွန်ပြူတာပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်ပါတယ်။ ဒါနဲ့အတူ ဒမတ်စကပ်ရဲ့
ဗလီတွေမှာ လူငယ်တွေကို ကျမ်းမြတ်ကုရ်အာန် သင်ကြားပို့ချပေးခဲ့ပါတယ်။
ကျွန်တော်ဟာ သာသနာ့ပညာကို ကျောင်းတစ်ခုခုမှာ သင်ကြားခဲ့တာမဟုတ်ဘဲ
ကိုယ်တိုင်ကြိုးစားမှု၊ ဝါသနာအလျောက် လေ့လာမှုတို့အားဖြင့် သိကျွမ်းခဲ့တာ
ဖြစ်ပါတယ်။ ဖြစ်ရပ်တစ်ခုရဲ့နောက်မှာ ကျွန်တော်ဟာ အလ္လာဟ်အရှင်မြတ်ထံ
တော်မှ “မာအ်ရီဖတ်”ဉာဏ်စဉ်ကိုရရှိရေးအတွက် ကြိုးစားခဲ့ပါတယ်။ အဲဒီနောက်
မှာ ပထမဆုံး ကျွန်တော်မြင်မက်ခဲ့တဲ့အိပ်မက်က ကျွန်တော့်အတွက်
သတင်းစကားတစ်ခုလို ဖြစ်နေပါတယ်။ အဲဒါက ကျမ်းမြတ်ကုရ်အာန်သာလျှင်
အသိပညာဉာဏ်စဉ်အပေါင်းရဲ့ ရတနာသိုက်ဖြစ်တယ်။ မိမိဘဝရဲ့ အခက်အခဲ
အလုံးစုံအတွက် အဖြေကို ဒီကျမ်းထဲမှာရှာပါဆိုတဲ့ အသိပါပဲ။ ကျွန်တော်ဟာ
ကျမ်းမြတ်ကုရ်အာန်ကို သေသေချာချာ ဖတ်ရှုဆင်ခြင်ကြည့်တဲ့အခါ
ကုရ်အာန်ရဲ့ကောင်းချီးမင်္ဂလာတွေ၊ အသိပညာတွေကိုရရှိခဲ့ပါတယ်။
တစ်ရက်ညမှာ အလ္လာဟ်အရှင်မြတ်ရဲ့ မိန့်ကြားချက်ဖြစ်တဲ့- 

(ထိုသူတို့၏ ကြိုးပမ်းအားထုတ်မှုအားလုံးသည် လောကီဘဝ၏ လိုလား
တောင့်တမှု၌ ပျောက်ဆုံးသွားခဲ့ပေသည်။ သို့ပါလျက် ၎င်းတို့က မိမိတို့မှာ
စက်မှု၊ လက်မှုပညာရပ်များ၌ အထွတ်အထိပ်သို့ရောက်ရှိနေသည်ဟု
ထင်မှတ်ကြပေသည်။ ၁၈း၁၀၅)ဆိုတဲ့ အာယတ်တော်ကို ဖတ်ရွတ်လျက်
 အလွန်ပဲ ကြောက်ရွံ့စိတ်ဖြစ်ခဲ့ပါတယ်။ အရှင်မြတ်ထံတော်မှ လမ်းညွှန်မှုကို
တောင်းခံခဲ့ပါတယ်။ ဒီအချိန်မှာပဲ လူငယ်နှစ်ယောက်က ကျွန်တော့်အိမ်တံခါးကို
လာခေါက်ပါတယ်။ ပြီးတော့ သူတို့က “ကာဒီယာနီဝါဒ”နဲ့ပတ်သက်လို့
မေးကြပါတယ်။ ကျွန်တော်က “ကာဒီယာနီ ကာဖဲရ်”ဆိုတဲ့စာအုပ်ကိုယူလျက်
သူတို့ကို ဖတ်ပြခဲ့ပါတယ်။ ရုတ်တရက် ကျွန်တော့်အတွင်းမှာ အလွန်ထူးဆန်းတဲ့
အတွေးတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကျွန်တော်ဟာ စာအုပ်ကို
ပိတ်လိုက်ပြီး တစ်ခုခုတော့ အကြီးအကျယ်မှားနေပြီလို့ ပြောလိုက်ပါတယ်။
ဘာကြောင့်လဲဆိုရင် ကျွန်တော် တစ်ခါမှ ထိတွေ့ဆက်ဆံဖူးခြင်းမရှိတဲ့
ဂျမာအတ်တစ်ခုရဲ့အကြောင်းကို ကျွန်တော် ယခု ပြောနေတာပဲ။ ပြီးတော့
ကြားဖူးနားဝစကားတွေကို ကျွန်တော်ပြောနေတာပဲလို့ ပြောလိုက်ပါတယ်။
ဒီလိုနဲ့ ကျွန်တော်ဟာ အဟ်မဒီညီနောင်တစ်ဦးဖြစ်တဲ့ ဘဒရ်ဆာဟိဘ်နဲ့
သိကျွမ်းခဲ့ရပါတယ်။ သူက မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့ “အစ္စလာမ့်
ဒဿနကျမ်း”ကို ပေးဖတ်ပါတယ်။ ကျွန်တော်ဟာ ဒီစာအုပ်ကို မပြီးမချင်း
လက်ကမချခဲ့ပါဘူး။ ကျွန်တော်တွေးမိပါတယ်။ ဒီပုဂ္ဂိုလ်ဟာ အစ္စလာမ်ကို
တိတိကျကျ ရှင်းလင်းပြသနေတာပဲ။ သူဟာ ကြားဖူးနားဝတွေကို ပြောနေတာ
မဟုတ်ဘဲ အစ္စလာမ်နဲ့ပတ်သက်လို့ သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံနဲ့ ပြောနေ
တာပဲ။ သူဟာ အလ္လာဟ်အရှင်မြတ်နဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်အမှန်ပဲ ဖြစ်ရမယ်။
ဒီစာအုပ်ထဲမှာ ကျွန်တော့်ကို အစွဲမက်ဆုံးဖြစ်စေခဲ့တဲ့ ခေါင်းစဉ်ကတော့
အလ္လာဟ်အရှင်မြတ်ထံမှ “ဝဟီ”ဗျာဒိတ်နှင့် ဗျာဒိတ်တော်ပြတ်တောက်မသွားခြင်း
အကြောင်းအရာပဲ ဖြစ်ပါတယ်။ အဲဒီနောက် ၆ လခန့်အကြာမှာ ကျွန်တော်ဟာ
အိပ်မက်တစ်ခုမြင်မက်ခဲ့ပါတယ်။ ကျွန်တော်ဟာ အလ္လာဟ်အရှင်မြတ်
ရှေ့တော်၌ခစားလျက်ရှိပြီး အရှင်မြတ်ရဲ့“နူရ်”အလင်းဟာ အရပ်မျက်နှာ
အဘက်ဘက်သို့ ဖြန့်ကျက်လျက်ရှိပါတယ်။ ထိုအချိန်မှာပဲ အလ္လာဟ်အရှင်မြတ်
က ကျွန်တော့်ကို “ငါဟာ အသင့်ကို လုံခြုံမှုရှိစေမယ့် ရဲတိုက်ကို ပေးသနားခဲ့ပြီ”
လို့ မိန့်ကြားတော်မူပါတယ်။ ကျွန်တော်ဟာ ဒါကိုနားမလည်ခဲ့ပါဘူး။ အလ္လာဟ်
အရှင်မြတ်ရှေ့တော်မှာ ကျွန်တော်ဟာ ရှက်ရွံ့တာကြောင့် ဒါရဲ့အဓိပ္ပာယ်ကို
မမေးခဲ့ဘဲ “ကျွန်တော်မျိုးကြားပါပြီ၊ နာခံပါပြီ”လို့သာ လျှောက်ထားခဲ့ပါတယ်။
 ဒီအခါမှာ ကောင်းကင်တမန်တစ်ပါးကိုမြင်ခဲ့ရပြီး သူ့ပုံစံက တိုက်ခိုက်ရေး
သမားလို ဖြစ်နေပါတယ်။ လက်နက်တွေကိုလည်း ကိုင်ဆောင်ထားပါတယ်။ ထို
ကောင်းကင်တမန်က ကျွန်တော့်ကိုပြောပါတယ်။ “လာအီလာဟအိလ်လလ္လာဟ်”
(အလ္လာဟ်မှတစ်ပါး ကိုးကွယ်ခြင်းခံထိုက်ရာအရှင်မရှိ)နှင့်အတူ ပေါင်းဖက်ထား
ဖို့ အသင့်ရဲ့သူငယ်ချင်း “ဘာစိသ်”ကိုပြောလိုက်ပါ။ အဲဒီနောက် ကျွန်တော်ဟာ
မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့ အာရဗီကျမ်းစာအုပ်အားလုံးကို ဖတ်ရှုခဲ့ပါ
တယ်။ များစွာအကျိုးခံစားခဲ့ရပါတယ်။ သခင်ကြီးရဲ့ရေးသားချက်က ကျွန်တော့်
ကို မှော်အတတ်လို ပြုစားခဲ့ပါတယ်။ အဲဒီနောက် ကျွန်တော် “အီစ်သိခါရာ”
ဝတ်ပြုခဲ့ပါတယ်။ ထိုအချိန်မှာ အောက်ပါအာယတ်တော်ကို ကြားခဲ့ရပါတယ်။ 

(သို့ဖြင့် ၎င်းတို့သည် ငါတို့၏အစေတော်များအနက် ကြီးမြတ်သော အစေတော်
တစ်ဦးကို တွေ့ရှိကြ၏။ ငါတို့သည် ထိုသူအား မိမိ၏အထံတော်မှ ကြီးမားသော
ကရုဏာတော်ကို ပေးသနားတော်မူခဲ့ပြီး သူ့အား ငါအရှင်မြတ်ကိုယ်တော်တိုင်
မိမိအထံတော်မှပညာဉာဏ်ကို ချီးမြှင့်တော်မူခဲ့ပေသည်။ ၁၈း၆၆)
ဒိနောက်မှာ ကျွန်တော်ဟာ ဒုတိယတစ်ကြိမ်ထပ်ပြီး တမန်တော်မြတ်ကြီး(ဆွ)ကို
ဖူးတွေ့ခွင့်ရရှိခဲ့ပါတယ်။ ကျွန်တော်က မေးလျှောက်တာကြောင့် ကိုယ်တော်မြတ်
ကြီး(ဆွ)မိန့်ကြားတော်မူတာက- ဒီခေတ်ကာလပြဿနာများအတွက် မီရ်ဇာ
ဂိုလာမ်အဟ်မဒ်တစ်ဦးတည်းသာလျှင် လွတ်မြောက်ရာလမ်းကြောင်း ဖြစ်တယ်။”
ယခုဆက်လက်ပြီး အချို့သော နိမိတ်လက္ခဏာများကို မြင်တွေ့ရလျက်
အဟ်မဒီယတ်ကို လက်ခံလာခဲ့ကြတဲ့ အာဖရိကမှ ပုဂ္ဂိုလ်အချို့ရဲ့ အကြောင်းကို
တင်ပြပါ့မယ်။
ကျွန်တော်တို့ရဲ့ သာသနာပြုက ရေးသားပါတယ်။ “သာသနာပြုတာဝန်ခံဖြစ်တဲ့
အဗ်ဒွလ်မာလိက်ဆာဘ်ဟာ အဖော်နှစ်ယောက်နဲ့အတူ “မွန်ဆီ”အမည်ရှိတဲ့
ကျေးရွာမှာ တဗ်လီဂ်ပြုလုပ်ဖို့ ထွက်သွားခဲ့ပါတယ်။ ကျေးရွာမှလူငယ်တွေက
 တဗ်လီဂ်ပြုလုပ်တဲ့နေရာမှာ ဆူဆူပူပူပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုကြောင့်
တဗ်လီဂ်စကားဝိုင်းကို ရပ်နားလိုက်ရပါတယ်။ နောက်တစ်ရက်မှာ ရွာသားတွေ
ဟာ အစီအစဉ်တစ်ခုကြောင့် နေရာတစ်ခုမှာ စုရုံးနေတုန်း ရုတ်တရက်
လေပြင်းတွေတိုက်လာပါတယ်။ မိုးရွာမယ့်လက္ခဏာ ဘာတစ်ခုမှမရှိခဲ့ပေမဲ့
ရုတ်ချည်းပဲ မည်းမှောင်နေတဲ့ တိမ်တိုက်တွေတက်လာခဲ့ပါတယ်။ အလွန်
ပြင်းထန်တဲ့ လေပြင်းတိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာခဲ့ပါတယ်။ သူတို့ရဲ့
အစီအစဉ်တစ်ခုလုံး ပျက်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုကြည့်ပြီး ရွာသားတွေက
ဒါဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အမျက်ဒေါသအရိပ်ပဲ၊ အဟ်မဒီတွေရဲ့
တဗ်လီဂ်လုပ်ငန်းကို တားမြစ်မှုကြောင့် ဖြစ်လာတာပဲဆိုပြီး တွေးမိကြပါတယ်။
ဒီလိုနဲ့ ရွာသား ၄၁ ယောက်ဟာ အဟ်မဒီယတ်ကို လက်ခံခဲ့ကြပါတယ်။” 
တစ်ဖန် နိုင်ဂျီးရီးယားမှ အစီရင်ခံစာတစ်ခု ရေးသားပေးပို့လိုက်ပါတယ်။
“အဲဒီက ကျေးရွာတစ်ခုနဲ့အနီးတစ်ဝိုက်မှာ တဗ်လီဂ်ပြုလုပ်နေစဉ်
ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုဖြစ်ခဲ့ပါတယ်။ ရက်အတန်ကြာပြီးနောက်
ထိုကျေးရွာမှ “ဘရှီးရ်”အမည်ရှိတဲ့ လူငယ်တစ်ဦးရောက်လာပြီး သူက ပြောပြပါ
တယ်။ “ကျွန်တော်ဟာ အလ္လာဟ်အရှင်မြတ်ထံမှာ အကယ်၍ အဟ်မဒီတွေဟာ
မှန်ကန်သူတွေမဟုတ်ဘူးဆိုရင် အရှင်မြတ် သူတို့ကို ဒုက္ခအတွင်းမှာ
ထည့်သွင်းတော်မူပါ။ အကယ်၍ အဟ်မဒီတွေဟာ မှန်ကန်သူတွေဖြစ်တယ်
ဆိုရင် ဆန့်ကျင်သူတွေကို ဒုက္ခတွေ့စေတော်မူပါ၊ ဒီလိုအားဖြင့် နိမိတ်လက္ခဏာ
တစ်ခုဖြစ်စေတော်မူပါဆိုပြီး ဒိုအာပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ငါးရက်အကြာမှာပဲ
ကျွန်တော်တွေ့ခဲ့ရပါတယ်။ ဆန့်ကျင်သူတွေထဲက လူနှစ်ယောက်ဟာ
ဖျားနာလျက် ဝေဒနာကို အလူးအလဲခံစားရပြီး သေဆုံးသွားခဲ့ပါတယ်။
ဒီလိုကြောင့် အဟ်မဒီယာဂျမာအတ်ဟာ အလ္လာဟ်အရှင်မြတ်ထံတော်မှ မုချ
အမှန်ဖြစ်ကြောင်း ကျွန်တော် ယုံကြည်သွားခဲ့ပါပြီ။ ဒါကြောင့် ကျွန်တော်ဟာ
နှလုံးသားထဲက နှစ်နှစ်ကာကာယုံကြည်မှုဖြင့် အဟ်မဒီယတ်ကို လက်ခံယုံကြည်
ပါပြီ။”
တစ်ဖန် ဘိုကီနာဖာဆိုမှ ရေးသားလိုက်ပါတယ်။ “တဗ်လီဂ်ပြုလုပ်ဖို့အတွက်
ကျေးရွာအနှံ့ခရီးဆန့်ခဲ့ပါတယ်။ ကျေးရွာတစ်ခုသို့ ရောက်ရှိခဲ့ပြီး ထိုကျေးရွာမှာ
 အဟ်မဒီ ၁၀ဝ နီးပါးရှိပါတယ်။ သူတို့က ပြောကြပါတယ်။ “မိုရဗ္ဗီဆာဟိဘ်၊
မိုးမရွာတာ တော်တော်ကြာသွားပြီ၊ ကျွန်တော်တို့ လယ်တွေလည်း မစိုက်ပျိုးနိုင်
တော့ဘူး။” ဒီအခါမှာ မိုရဗ္ဗီဆာဟိဘ်က “ကောင်းပြီ၊ အခု အလ္လာဟ့်ထံမှာ
ဒိုအာပြုလုပ်ကြမယ်၊ ကျွန်တော်တို့ “အိစ်သိစ်ကာ”နမာဇ် ဝတ်ပြုကြမယ်၊ နံနက်
၁ဝ နာရီမှာ နမာဇ်ကို ဝတ်ပြုမယ်၊ ဒါကြောင့် ကျေးရွာတစ်ခုလုံးမှာရှိတဲ့
ကလေး၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီးအားလုံးကို သတင်းပေးလိုက်ပါ”လို့
ပြောခဲ့ပါတယ်။ ဒီလို သတင်းပေးလိုက်တဲ့အခါ အဟ်မဒီမဟုတ်တဲ့
မွတ်စလင်မ်တွေနဲ့ သူတို့ရဲ့အေမာမ်ဟာ ဒီနမာဇ်မှာ မပါဝင်ခဲ့ကြပါဘူး။
မိုရဗ္ဗီဆာဟိဘ်က ပြောပြပါတယ်။ “ကျွန်တော်ဟာ ထိုနမာဇ်အတွင်းမှာ
တမန်တော်မြတ် မူဟမ္မဒ် မူစ်တဖာ(ဆွ)နှင့် မဆီဟ်မော်အူးဒ်(အ)သခင်ကြီးတို့ကို
အကြောင်းပြုလျက် အရှင်မြတ်ထံတော်မှာ တောင်းခံခဲ့ပါတယ်။ အို-
ကျွန်တော်မျိုး၏အရှင်၊ ဒီလူတွေရဲ့မြေကြီးကို ရေငတ်ဆာလောင်မှုမှ
ပြေစေတော်မူပါ။ ကျွန်တော်မျိုးတို့ရဲ့ ဒိုအာ တောင်းဆုကို ကြားနာတော်မူပါ။
...” အရှင်မြတ်ဟာ အဟ်မဒီကလေးငယ်တွေ၊ အမျိုးသမီးတွေ၊
သက်ကြီးရွယ်အိုတွေရဲ့ ဒိုအာဆုတောင်းကို ကြားနာလက်ခံတော်မူခဲ့ပါတယ်။
ထိုနေ့ညမှာပဲ မိုးသည်းထန်စွာ ရွာခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ယခုလို
နမာဇ်ဝတ်ပြုပေးလျက် အခြားကျေးရွာတစ်ခုသို့ တဗ်လီဂ်ပြုလုပ်ဖို့အတွက်
ထွက်သွားခဲ့ပါတယ်။ နံနက်မိုးလင်းတဲ့အခါ ပထမကျေးရွာက အဖွဲ့တစ်ဖွဲ့
ရောက်လာပြီး သတင်းပေးပါတယ်။ “ကျေးရွာမှာ ဘယ်တုန်းကမှမရွာဖူးခဲ့တဲ့
အလွန်ကြီးကျယ်တဲ့မိုး ရွာသွန်းခဲ့တာဖြစ်ကြောင်း၊ ဒီဖြစ်ရပ်ကြောင့် အဟ်မဒီ
မဟုတ်သူတွေနဲ့ ခရစ်ယာန်တွေကပါ များစွာစိတ်ဝင်စားလျက်ရှိကြောင်း၊
ဒီလိုအားဖြင့် လူ ၉ဝ ဘိုင်အတ်သစ္စာခံယူခဲ့ကြောင်း သတင်းပေးပါတယ်။”
ဟာဇရတ် မဆီဟ်မော်အူးဒ်(အ)မိန့်ကြားတော်မူသည်မှာ- “ကျွန်ုပ်၏
ဂျမာအတ်သားများအနေဖြင့် အလ္လာဟ်အရှင်မြတ်နှင့် စစ်မှန်သောဆက်နွယ်မှု
ရှိသင့်သည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အချည်းနှီး ပစ်မထားခဲ့သည့်
အတွက် သူတို့သည် ကျေးဇူးသိတတ်ကြသင့်၏။ ထိုမျှမက သူတို့၏ “အီမာန်”
ယုံကြည်မှုဆိုင်ရာစွမ်းအားများကို “ယကီးန်”ဆိုသည့်အဆင့်အတန်းသို့တိုင်
 မြှင့်တင်ပေးရန်အတွက် အရှင်မြတ်၏ တန်ခိုးတော်ဆိုင်ရာ မြောက်မြားစွာသော
နိမိတ်လက္ခဏာများကို ပြသခဲ့၏။”
အလ္လာဟ်အရှင်မြတ်သည် ကျွန်တော်တို့အားလုံးကို အရှင်မြတ်နှင့် စစ်မှန်သော
ဆက်နွယ်မှုကို တည်ဆောက်သူများအဖြစ် ပြုပေးတော်မူပါစေ။ ကျွန်တော်တို့
အတွင်းမှ တစ်ဦးချင်းစီဟာ အရှင်မြတ်၏နိမိတ်လက္ခဏာကို ထင်ရှားစေသူများ
ဖြစ်တဲ့အထိ အရှင်မြတ်နှင့်ဆက်နွယ်မှု တည်ဆောက်နိုင်ပါစေ။ ဒါ့အပြင်
ကျွန်တော်တို့ရဲ့အီမာန်ယုံကြည်မှုကို တိုးတက်မြင့်မားလာစေသည့် ဆက်နွယ်မှု
မျိုးကို တည်ဆောက်နိုင်ရန် စွမ်းအားပေးတော်မူပါစေ။ အနာဂတ်မျိုးဆက်များ
အတွင်း၌လည်း သူတို့တစ်တွေ အလ္လာဟ်အရှင်မြတ်နှင့် စစ်မှန်သော ဆက်နွယ်
မှုကို တည်ဆောက်နိုင်စေရန်၊ ဂျမာအတ်နှင့်သစ္စာရှိစွာ ပေါင်းစည်းနေနိုင်ရန်နှင့်
ဟာဇရတ် မဆီဟ်မော်အူးဒ်(အ)သခင်ကြီးထံ၌ ပြုထားသော ဘိုင်အတ်သစ္စာကို
တန်ဖိုးထားတတ်ကြစေရန် ကျွန်တော်တို့ဟာ လက်ဆင့်ကမ်းပေးသွားနိုင်သူတွေ
ဖြစ်ပါစေ။ အလ္လာဟ်အရှင်မြတ်သည် ကျွန်တော်တို့ရဲ့မျိုးဆက်သစ်များအတွင်း၌
လည်း အီမာန်ကို တည်တံ့စေပြီး သူတို့ရဲ့အီမာန်ကို တိုးတက်မြင့်မားအောင်
ပြုပေးသနားတော်မူပါစေ။ - အာမီးန် –
ဂျွမ္မာနမာဇ်အပြီးမှာ ပုဂ္ဂိုလ်နှစ်ဦးအတွက် ဂျနာဇာ“ဃာအိဗ်”နမာဇ် ဝတ်ပြုမှာ
ဖြစ်ပါတယ်။ ပထမ ဂျနာဇာက ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှ Raziud Din Sahib
ရှဟီဒီ ဖြစ်ပါတယ်။ သူဟာ ဖေဖော်ဝါရီလ ၈ ရက်မှာ အလုပ်ကိစ္စတစ်ခုနဲ့
အိမ်မှထွက်တဲ့အချိန်မှာပဲ ရှဟီးဒ်ပြု လုပ်ကြံခြင်းခံခဲ့ရပါတယ်။ 
ဇနီးက သူ့အား အလုပ်ကို မသွားဖို့တားပါသေးတယ်။ ဒါပေမဲ့ သူဟာ
အလုပ်သွားဖို့ အိမ်ကထွက်သွားပြီး သိပ်ဝေးဝေးမရောက်ခင်မှာပဲ ဆိုက်ကယ်
သမားနှစ်ဦးက နောက်မှလိုက်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။ ကျည်ဆံ
တစ်ချက်က လည်ပင်းကို ထိမှန်သွားခဲ့ပါတယ်။ သူ့ရဲ့ တူတော်မောင်ကလည်း
သူနဲ့အတူရှိနေပါတယ်။ အခင်းဖြစ်ပွားတဲ့အခါ သူက အိမ်ကို အပြေးသွားခဲ့ပြီး
သတင်းပေးခဲ့ပါတယ်။ ဇနီးက သူ့ကို ဆေးရုံသို့ အလျင်အမြန် ခေါ်သွားခဲ့ပြီး
ဆရာဝန်တွေကလည်း တတ်နိုင်သမျှ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ Raziud Din Sahib
 ဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် အသက်ဆုံးပါးလျက်
ရှဟီးဒ်ဖြစ်သွားခဲ့ပါတယ်။  

ရှဟီဒီရဲ့ ဘိုးဘွားတွေဟာ ကရှ်မီးရ်အရပ်မှ ဖြစ်ပါတယ်။ ထိုဒေသမှ
ပုဂ္ဂိုလ်ကြီးနှစ်ဦးဟာ ကာဒီယာန်သို့ သွားရောက်လျက် မဆီဟ်မော်အူးဒ်(အ)
သခင်ကြီးထံမှာ ဘိုင်အတ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် မိမိတို့နေရပ်သို့
ပြန်လာလျက် တဗ်လီဂ်ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုကြောင့် ရှဟီဒီရဲ့ အဘိုးဖြစ်သူ
မိုကရမ်ဖတေ့ဟ်မူဟမ္မဒ်ဆာဟိဘ်က ဘိုင်အတ်သစ္စာခံယူလျက် အဟ်မဒီယတ်
အတွင်း ဝင်ရောက်ခဲ့ပါတယ်။ ရှဟီဒီရဲ့အဖိုးနာမည်က မိုကရမ်
မွခ်တာရ်အဟ်မဒ် ဆာဟိဘ် ဖြစ်ပါတယ်။ ဖခင်က မိုကရမ် မူဟမ္မဒ်ဟူစိန်
မွခ်တာရ် ဆာဟိဘ် ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံ တည်ထောင်ပြီးနောက်မှာ
ဒီမိသားစုဟာ “ကုတ်လီ”ခရိုင်မှာ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး အဲဒီနောက် ၁၉၉၂
ခုနှစ်မှစ၍ ကရာချိသို့ ပြောင်းရွှေ့ခဲ့ကြပါတယ်။ ရှဟီဒီဟာ F.ဗ တန်းအထိ
တက်ရောက်ခဲ့ပါတယ်။ စက်ရုံတစ်ခုမှာ ၆ နှစ်အရင်ကပင် အလုပ်ဝင်ခဲ့တာ
ဖြစ်ပါတယ်။ ရှဟီးဒ်ဖြစ်ချိန်မှာ အသက် ၂၆ နှစ်ဖြစ်ပါတယ်။ အလွန်
စာနာထောက်ထားတတ်သူ၊ ဖြူစင်သူဖြစ်ပါတယ်။ လူတိုင်းနဲ့ ပြုံးရွှင်စွာ၊
သဘောထားကြီးစွာဖြင့် ဆက်ဆံသူဖြစ်ပါတယ်။ ခေလာဖတ်အပေါ်
ချစ်မြတ်နိုးသူ၊ တာဝန်ခံပုဂ္ဂိုလ်များနဲ့ နေဇာမေဂျမာအတ်ကို အလွန်
လေးစားသူဖြစ်ပါတယ်။ မည်သည့်အခါမျှ ပြဿနာ ဖြစ်ပွားမှုမဖြစ်ခဲ့ပါဘူး။
ရှဟီးဒ်ဖြစ်ပြီးနောက် အဟ်မဒီယတ်ပြင်ပမှ ပုဂ္ဂိုလ်များကလည်း သူဟာ
ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ အခက်အခဲတွေ့အောင် မလုပ်ခဲ့ဘူး။ ဘယ်သူကမှ
သူ့ကို ပြစ်တင်ပြောဆိုဖို့ရာ အခွင့်အရေးမရစေခဲ့ဘူးလို့ ဖွင့်ဟပြောဆိုကြ
ပါတယ်။ 
သူဟာ ရှဟီးဒ်ဖြစ်လိုတဲ့ ဆန္ဒရှိကြောင်း အကြိမ်ကြိမ် ဖွင့်ဟပြောဆိုလေ့
ရှိပါတယ်။ ရှဟီးဒ်မဖြစ်မီ ရက်အနည်းငယ် အလျင်ကပဲ အိပ်မက်ထဲမှာ
လူငယ်တစ်ဦးက လက်နက်ကိုင်ဆောင်လျက် သူ့နောက်မှ လိုက်လာပြီး
ရုတ်တရက် ခုတ်ပိုင်းလိုက်ကြောင်း မြင်မက်ခဲ့ပါတယ်။ ရှဟီးဒ်မဖြစ်မီ
 နှစ်ရက်အရင် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဇနီးကလည်း အိပ်မက်မြင်မက်
ခဲ့ပါတယ်။ “ကျွန်မခင်ပွန်းရဲ့ လက်ထပ်ပွဲပြုလုပ်နေပါတယ်။ ထို့နောက်
ရုတ်တရက် အိမ်ထဲမှာ ဂျနာဇာတစ်ခု ရောက်နေပါတယ်။ ကျွန်မဟာ
အနီးအနားမှာရှိတဲ့ မိဘအိမ်ကို ပြေးသွားတဲ့အခါ အဲဒီမှာလည်း ဂျနာဇာတစ်ခု
ရှိနေပြန်ပါတယ်။”
ရှဟီဒီရဲ့ဖခင်ကလည်း အိပ်မက်မြင်မက်ခဲ့ပါတယ်။ “သားကြီး မူဟမ္မဒ်
အဟ်မဒ်က ကျွန်တော့်ထံကိုရောက်လာပြီး အဖေ့အတွက် ၁ရ ရက်ပဲ
ကျန်တော့တယ်လို့ ပြောသွားပါတယ်။”
အလ္လာဟ်အရှင်မြတ်ရဲ့ဖဇလ်ကျေးဇူးတော်နဲ့ ရှဟီဒီဟာ ဝဆီယတ်ပြုလုပ်ထားသူ
ဖြစ်ပါတယ်။ ဗလီဝတ်ကျောင်းအတွက် ခွဒ္ဒါမ်တွေ လုံခြုံရေးတာဝန်ယူတဲ့အခါ
သူဟာ အလွန်တက်ကြွစွာ ပါဝင်သူဖြစ်ပါတယ်။ သူ့ဖခင်ဟာ အသက် ၈ဝ
အရွယ်ရောက်နေပြီး လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက မကျန်းမမာဖြစ်နေ
ခဲ့ပါတယ်။ မိသားစုအတွက် သားဖြစ်သူကပဲ ရှာဖွေကျွေးမွေးနေတာ ဖြစ်ပါ
တယ်။ ကျန်ရစ်သူတွေကတော့ မိဘနှစ်ပါးနဲ့ ဇနီးဖြစ်သူ နူစရတ်ဂျဘီးန်
ဆာဟေဘာ၊ ရ လအရွယ် သမီးငယ်လေး အသီယသွန်နူးရ် တို့ဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ်သည် ရှဟီဒီရဲ့အဆင့်အတန်းကို မြှင့်တင်ပေးတော်မူပါစေ။
မိဘနှစ်ပါးနှင့် ဇနီး၊ သမီးငယ်တို့ကို အရှင်မြတ် ကာကွယ်စောင့်ရှောက်
တော်မူပါစေ။ သူတို့ကို သည်းခံနိုင်စွမ်းနှင့် ကြံ့ခိုင်သောစိတ်ဓာတ်တို့ကို
ပေးသနားတော်မူပါစေ။ - အာမီးန်-
ဒုတိယဂျနာဇာက ဒေါက်တာ ခါလစ်ဒ်ယူစွဖ်ဆာဟိဘ် ဖြစ်ပါတယ်။ သူဟာ
ဖေဖော်ဝါရီလ ရ ရက်မှာ ရဗ်ဝါရှိ “ဖဇ်လေအုမရ်”ဆေးရုံး၌ အသက် ၄၆ နှစ်
အရွယ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။  သူဟာ ဝဆီယတ်
ပြုလုပ်ထားသူဖြစ်ပါတယ်။ သူ့ကို “ဘဟိရှ်တီမက္ကဘာရာ”မှာ မြှုပ်နှံခဲ့ပါတယ်။
သူ့ရဲ့ဖခင် မိုကရမ် ဆေ့ထ် မူဟမ္မဒ်ယူစွဖ်ဆာဟိဘ် နဝါးဘ်ရှာဟ်ခရိုင်
ဂျမာအတ်ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး သူ့ကို စက်တင်ဘာလ ၉ ရက် ၂၀၀၈ ခုနှစ်မှာ
ရှဟီးဒ်ပြုခြင်း ခံခဲ့ရပါတယ်။ မိခင်ကတော့ နဝါးဘ်ရှာဟ်မှာပဲ နေထိုင်ပါတယ်။
 သမီး ၃ ယောက်၊ သား ၁ ယောက်ရှိပါတယ်။ အလ္လာဟ်အရှင်မြတ်သည်
ကွယ်လွန်သူရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးတော်မူပါစေ။ ကျန်ရစ်သူ
သားသမီးတွေကို သည်းခံနိုင်စွမ်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု ပေးသနားတော်မူပါစေ။
အရှင်မြတ် သူတို့ကို စောင့်ရှောက်တော်မူပါစေ။ 

သူဟာ ဖခင်ရှဟီးဒ်ဖြစ်ပြီး နောက်မှာ နဝါးဘ်ရှာဟ်မှ ဒီ(လန်ဒန်)ကို
လာခဲ့ပါသေးတယ်။ သူဟာ အလွန် ထက်မြက်တဲ့ ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။
နဝါးဘ်ရှာဟ်ခရိုင်မှာလည်း ဆင်းရဲနွမ်းပါးသူတွေကို များစွာ ပြုစုစောင့်ရှောက်
ခဲ့ပါတယ်။ ဒါပေမဲ့ ခရိုင်ရဲ့အခြေအနေ ပျက်ယွင်းမှုကြောင့် ရဗ်ဝါက
“ဖဇ်လေအုမရ်”ဆေးရုံသို့ သူ့ကိုခေါ်လိုက်ရပါတယ်။ လူနာတွေကို ကောင်းမွန်စွာ
ပြုစုဆက်ဆံသူဖြစ်ပါတယ်။ ကွယ်လွန်မယ့်နေ့ ဆေးရုံတက်နေချိန်မှာပင် သူဟာ
လူနာ ၈ဝ လောက်ကို ကြည့်ရှုပေးခဲ့ပါသေးတယ်။ တာဝန်ထမ်းဆောင်လိုစိတ်
ထက်သန်သူ တစ်ယောက်ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်သည် သူ့ရဲ့
အဆင့်အတန်းကို မြှင့်တင်ပေးတော်မူပါစေ။ -အာမီးန်-

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-