Saturday, May 19, 2012

ဆော်ဒီအာရေဗျတွင် ဂရီဂိုးရီးယန်းပြက္ခဒိန်အသုံးပြုခြင်းအား ပိတ်ပင်



ပင်လယ်ကွေ့သတင်း 
၁၈:၂၇ ၊ ၁၇ ရက် မေလ ၂၀၁၂

ဒူဘိုင်း : ဆော်ဒီအာရေဗျနိုင်ငံအတွင်း အစိုးရဌာနများနှင့် ပုဂ္ဂလိက အေဂျင်စီများ၌ ဂရီဂိုးရီးယန်း ပြက္ခဒိန်ကို တရားဝင်ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အသုံးမပြုရန် တားမြစ်ပိတ်ပင်လိုက်ကြောင်း ပင်လယ်ကွေ့သတင်းက ဖော်ပြထားသည်။ 

ဒေသတွင်းသတင်းတစ်ခုအရ ကုမ္ပဏီနှင့် ဟော်တယ်များတွင် ဖုန်းဖြေကြားရာတွင်လည်းကောင်း၊ စကားပြောဆက်သွယ်မှုများတွင်လည်းကောင်း အင်္ဂလိပ်ဘာသာစကားအသုံးပြုခြင်းကို ပိတ်ပင် လိုက်ကြောင်း သိရသည်။

ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနကမူ ဝန်ကြီးဌာနများနှင့် အေဂျင်စီများတွင် ဟစ်ဂျရီပြက္ခဒိန်နှင့် အာရဗီဘာသာစကားကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း ပြောကြားသည်။ အာရဗီနေ့စဉ်သတင်းစာ အလ်ဝတန်က ထိုဆုံးဖြတ်ချက်သည် အစ္စလာမ့်ပြက္ခဒိန်နှင့် အာရဗီဘာသာစကားကို ထိန်းသိမ်းရာ ရောက်ကြောင်း တင်ပြသည်။ 

ဝန်ကြီးဌာနများနှင့် ပြည်သူ့ရေးရာဌာများတွင် ဂရီဂိုးရီးယန်းပြက္ခဒိန်ကို မလိုအပ်ဘဲအသုံးပြုနေခြင်း များရှိနေကြောင်းကို အစိုးရကသတိထားမိကြောင်း၊ ထိုသည် အမိန့်အာဏာကို ချိုးဖောက်ရာရောက် ကြောင်း ဖော်ပြသည်။ ကုမ္ပဏီဧည့်ကြိုဌာများနှင့် ဟော်တယ်များတွင်လည်း အင်္ဂလိပ်ဘာသာစကား ကို သုံးနေကြဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။

သို့သော် ဝန်ကြီးဌာများနှင့် အေဂျင်စီများတွင် ဟစ်ဂျရီသက္ကရာဇ်ကို ဂရီဂိုးရီးယန်းပြက္ခဒိန်နှင့်ဆက် စပ် အသုံးပြုဖို့ လိုအပ်သည့်အခါများတွင် အသုံးပြုနိုင်ကြောင်း သိရသည်။

Source: Gulf News

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-