Wednesday, June 11, 2014

အဟ်မဒီယာမွတ်စလင်အဖွဲ့ ဦးစီးခေါင်းဆောင်မှ ဂျာမနီနိုင်ငံတွင် ဗလီ ဝတ်ကျောင်းတော်သစ် အုတ်မြစ်ချ


"အို-အာဒမ်၏သားမြေးအပေါင်းတို့၊ ဗလီဝတ်ကျောင်းတိုင်းသို့ မိမိတို့၏လှပတင့်
တယ်မှု(ကိုဖြစ်စေသည့် "တက္ကဝါ"တည်းဟူသောဝတ်ရုံ)ကို အတူဆောင်ယူသွား
ကြကုန်။ ထို့ပြင် စားကြကုန်၊ သောက်ကြကုန်၊ သို့ရာတွင် အတိုင်းထက်
လွန်ကျူးခြင်းကိုမပြုကြကုန်လင့်။ ဧကန်မုချ အရှင်မြတ်သည် အတိုင်းထက်
လွန်ကျူးသူတို့ကို ချစ်ခင်နှစ်သက်တော်မမူချေ။"  (၇း၃၂) 
 
ဇွန်လ ၄ ရက် ၂၀၁၄ ခုနှစ်တွင် အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်း၏
ကမ္ဘာလုံးဆိုင်ရာဦးစီးခေါင်းဆောင် ဟာဇရတ် မီရ်ဇာမတ်စ်ရူရ်အဟ်မဒ်မှ
ဂျာမနီနိုင်ငံ၏ သမိုင်းဝင်မြို့ဖြစ်သော Wiesbaden မြို့တွင် အဖွဲ့အစည်း၏ 
ပထမဦးဆုံး ဗလီဝတ်ကျောင်းတော်တည်ဆောက်ရန် အုတ်မြစ်ချမည်ဖြစ်
ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး သခင်ကြီးက ထိုဗလီဝတ်ကျောင်း
တော်၏အမည်ကို "မူဘာရက်"ဗလီဝတ်ကျောင်းတော်ဟု အမည်မှည့်တွင်
စေခဲ့သည်။ ("မူဘာရက်"၏အဓိပ္ပာယ်မှာ "ကောင်းချီးမင်္ဂလာ"ဖြစ်သည်။)

ဗလီအုတ်မြစ်ချအခမ်းအနားသို့ ဂုဏ်သရေရှိဧည့်သည်တော်များဖြစ်သည့် 
ထိုမြို့၏ ပါလီမန်ဒုဥက္ကဋ္ဌဖြစ်သော Hans Peter Schickel နိုင်ငံတကာ
ဆက်ဆံရေးဝန်ကြီး JoSeph Dreiseitel နှင့် ဒေသဆိုင်ရာ ပါလီမန်
အမတ်များအပြင် အထူးဖိတ်ကြားထားသော ဧည့်သည်တော် ၄၀၀ ကျော်မျှ
တက်ရောက်လာခဲ့ကြသည်။
အဟ်မဒီယာမွတ်စလင်အဖွဲ့ ဦးစီးခေါင်းဆောင် ဗလီ ဝတ်ကျောင်းတော်သစ်အတွက် အုတ်မြစ်ချနေစဉ်
အခမ်းအနားဖွင့်ပွဲကို ဂျာမနီနိုင်ငံ အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်း
ဥက္ကဋ္ဌ Abdullah Wagishauser က အဖွင့်အမှာစကားဖြင့် အခမ်းအနား
ကို ဖွင့်လှစ်ကြိုဆိုသည်။ ၎င်းက Wiesbaden မြို့တွင် အဟ်မဒီယာ
မွတ်စလင်အဖွဲ့အစည်းသည် ၁၉၉၀ ခုနှစ်ကတည်းက စတင်အခြေချခဲ့ခြင်း
ဖြစ်ပြီး ထိုဆယ်စုနှစ် နှစ်စုကြာကပင် ဗလီဆောက်လုပ်ရန် သင့်တော်မည့်
မြေနေရာကို ရှာဖွေနေခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
  
ထို့နောက် ကြွရောက်လာကြသော ဂုဏ်သရေရှိဧည့်သည်တော်များမှ
အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်းနှင့်စပ်လျဉ်း၍ ဂုဏ်ပြုစကားများ
အသီးသီး ပြောကြားသွားခဲ့ကြသည်။ 
ပါလီမန်ဒုဥက္ကဋ္ဌဖြစ်သော Hans Peter-Schickel  က "အဟ်မဒီယာ
မွတ်စလင်အဖွဲ့အစည်းဟာ ဒေသဆိုင်ရာအဖွဲ့အစည်းအတွက် အမြင့်ဆုံး
ပုံစံအနေအထားဖြင့် အဆက်မပြတ် စွမ်းဆောင်နေတဲ့ အဖွဲ့အစည်းတစ်ရပ်
ဖြစ်ပါတယ်"ဟု ပြောကြားသည်။ 
နိုင်ငံတကာဆက်ဆံရေးဝန်ကြီး Joseph Dreiseitel က "အင်မတန်
ခမ်းနားထည်ဝါတဲ့ ဒီအခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက်
ကျွန်တော့်အနေနဲ့ အလွန်ဝမ်းမြောက်မိပါတယ်။ နောက်ပြီး ခင်ဗျားတို့
အားလုံးကိုလည်း ကျွန်တော်ဂုဏ်ပြုစကားလက်ဆောင်ပို့သလိုပါတယ်။
ငြိမ်းချမ်းရေးဟာ ဒီဗလီဝတ်ကျောင်းတော်ကနေ ကမ္ဘာအနှံ့သို့ ဖြန့်ကျက်
သွားလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်" ဟုပြောကြားသည်။

ထို့နောက် ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်း၏ ဦးစီး
ခေါင်းဆောင် ဟာဇရတ် မီရ်ဇာမတ်စ်ရူရ်အဟ်မဒ်သခင်က ငြိမ်းချမ်းရေး
သော့ချက်မိန့်ခွန်းကိုမြွက်ကြားခဲ့သည်။ သခင်က "ဘာသာသာသနာ
အားလုံးမှ လူသားများနှင့် မတူညီသောလူမျိုးစုများဟာ အတူတကွ
ငြိမ်းချမ်းစွာ၊ သဟဇာတဖြစ်စွာနဲ့ ယှဉ်တွဲနေထိုင်သွားနိုင်ရေးဟာ လွန်စွာ
အရေးကြီးပြီး ဒါကသာလျှင် အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်းရဲ့ အစဉ်
လက်ကိုင်ပြုထားတဲ့ သတင်းစကားနဲ့ ယုံကြည်ချက်ဖြစ်ကြောင်း" ပြောကြား
ခဲ့သည်။

ထို့ပြင် သခင်က ဆက်လက်မိန့်ကြားသည်မှာ "အစ္စလာမ်နဲ့ပတ်သက်သမျှ
နားလည်မှုလွဲခြင်းတွေပဲဖြစ်ဖြစ်၊ ကြောက်ရွံ့စိုးရိမ်စရာအခြေအနေတွေပဲ
ဖြစ်ဖြစ် အစ္စလာမ့်အစစ်အမှန်သွန်သင်ချက်များနှင့် ငြိမ်းချမ်းရေးသင်ကြား
ချက်များဖြင့်  ပြန်လည်တုံ့ပြန်နေရမှာက ဒီမြို့ခံ အဟ်မဒီတွေရဲ့ တာဝန်
သာဖြစ်ကြောင်း" ဖြည့်စွက်မိန့်ကြားခဲ့သည်။

သခင်က "လူသားတို့ရဲ့နှလုံးသားကိုအောင်နိုင်ရေးမှာ မေတ္တာတရား၊
စာနာထောက်ထားမှုများဖြင့်သာ ဖြစ်နိုင်ကြောင်း" မိန့်ကြားပြီး ဆက်လက်၍
မိန့်ကြားသည်မှာ-"ယခု လူကြီးမင်းများအနေနဲ့ ကျွန်ုပ်တို့ရဲ့သတင်းစကားကို
မြင်တွေ့ကြားသိရပြီးတဲ့နောက် ယခုတိုင်အောင် အစ္စလာမ်နှင့်ပတ်သက်လို့
မကျေလည်သေးသူများကို စိတ်ချလက်ချဖြစ်သွားစေဖို့ ဧည့်သည်တော်များ
အနေနှင့်ကူညီကြဖို့ ကျွန်ုပ်တောင်းဆိုလိုပါတယ်။ ဒါ့ပြင် ကျွန်ုပ်တို့သတင်း
စကားမှာ လူသားထုတစ်ရပ်လုံးအပေါ် ငြိမ်းချမ်းရေးနဲ့ စာနာထောက်ထား
ခြင်းသာဖြစ်ကြောင်း လူကြီးမင်းတို့ကိုယ်တိုင်မြင်တွေ့ကြားသိရပြီး ဖြစ်ပါ
တယ်" ဟု မိန့်ကြားခဲ့သည်။



ဤဗလီဝတ်ကျောင်းတော်အသစ်နှင့်စပ်လျဉ်း၍ ဟာဇရတ် မီရ်ဇာ မတ်စ်ရူရ်
အဟ်မဒ်သခင် မိန့်ကြားသည်မှာ-
"ဒီဗလီဝတ်ကျောင်းတော်တည်ဆောက်လိုက်တဲ့အခါ ဗလီကျောင်းဆိုတာ
မကောင်းမှုနှင့်ဆိုးသွမ်းရက်စက်မှုတွေကို ဖြန့်ချိရာနေရာမဟုတ်ဘဲ ကမ္ဘာ
တစ်ခုလုံးသို့ ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာ၊ စည်းလုံးညီညွတ်မှု စတာတွေ
ဖြန့်ချိရာနေရာဖြစ်ကြောင်း လူကြီးမင်းတို့ သက်သေခံပြီးဖြစ်ပါတယ်။"
Weisbaden မြို့သည် ရေပူစမ်းထွက်ပေါ်စီးဆင်းရာ နေရာဖြစ်သည့်
အားလျှော်စွာ အထင်ကရရှိလှပြီး တက်ရောက်လာသော ဧည့်သည်တော်
များထဲမှတစ်ဦးကပင်လျှင် သခင်ကြီးအား ရေပူစမ်းမှ ရေတစ်ခွက်ကမ်း
ခဲ့သည်။ ထိုရေတစ်ခွက်လက်ဆောင်နှင့်စပ်လျဉ်း၍ သခင်ကြီးမိန်ကြား
သည်မှာ-

"ရေဆိုတာ ဘဝအသက်ကိုကိုယ်စားပြုတဲ့ နိမိတ်ပုံသင်္ကေတဖြစ်ပြီး
ကောင်းကင်မှရေ (နာမ်တရား ရေ)ကို ကတိတော်ရမဆီဟ်သခင်ကြီးက
ကျွန်ုပ်တို့ကို တိုက်ကျွေးခဲ့တဲ့အတွက်ကြောင့် ကျွန်ုပ်တို့အဟ်မဒီတွေဟာ
ကမ္ဘာလောကတစ်ခုလုံးကို ငြိမ်းချမ်းရေး၊ မေတ္တာတရားနဲ့ ဝိညာဉ်ရေး
အလင်းရောင်တွေကို ဖြန့်ချိပေးနေကြခြင်းပဲဖြစ်ပါတယ်။"

သခင်မိန့်ခွန်းခြွေပြီးနောက် "မူဘာရက်"ဗလီဝတ်ကျောင်းတော် ဆောက်လုပ်
ခြင်း အုတ်မြစ်ကိုချခဲ့သည်။ သခင့်ဇနီးဖြစ်သူ ဟာဇရတ် အမတွလ်ဆဘူးဟ်
ဘေဂမ်ကလည်း အုတ်မြစ်ချခဲ့သည်။ ထို့နောက်မှ နိုင်ငံလုံးဆိုင်ရာ၊
ပြည်နယ်ဆိုင်ရာ၊ ဒေသဆိုင်ရာအဟ်မဒီအဖွဲ့ဝင် အကြီးအကဲများက
အသီးသီး အုတ်မြစ်ချကြသည်။ ထို့ပြင် ဂုဏ်သရေရှိဧည့်သည်တော်များထဲမှ
အဟ်မဒီမဟုတ်သူ သုံးဦးတို့ကလည်း အသီးသီးအုတ်မြစ်ချခဲ့ကြသည်။ 
အခမ်းအနားကို ဟာဇရတ် မီရ်ဇာ မတ်စ်ရူရ်အဟ်မဒ်သခင်ကြီးက ဒိုအာ
တောင်းဆုဖြင့် နိဂုံးချုပ်ခဲ့ပြီး မထွက်ခွာမီသခင်ကြီးက ထိုမြို့ခံ အဟ်မဒီ
ကလေးငယ်များအား ချော့ကလက် လက်ဆောင်များဝေငှပေးခဲ့သည်။

Source : www.themuslimtimes.org

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-