Wednesday, May 30, 2012

ပါလစ္စတိုင်း - အစ္စရေး : အစ္စရေးတို့ သင်္ချိုင်းဂူအတုအမြောက်အမြား အလ်အက္ကဆာဗလီ ဝတ်ကျောင်း တော်တဝိုက်တွင် ဆောက်လုပ်နေကြ

မေလ ၂၉ ရက်နေ့ ၂၀၁၂
သတင်းအရင်းအမြစ် - www.middleeastmonitor.org.uk



သတင်းသုံးသပ်ချက်။ ။ ၁၉၆၇ ကမ္ဘာ့ကုလသမ္မဂမှ တရားဝင်ဆုံးဖြတ်ခဲ့သည့် ပါလစ္စတိုင်း နိုင်ငံတော်ပိုင်နယ်မြေဖြစ်သော ဂျေရုစလင်မြို့ဟောင်းနှင့် အလ်အက္ကဆာဗလီဝတ်ကျောင်းတော်ကြီး ပတ်ဝန်းကျင်တွင် မွတ်စလင်မ်တို့၏ သမိုင်းတန်ဖိုးမဖြတ်နိုင်သော အုတ်ဂူရာအမြောက်အမြား တည်ရှိနေပေသည်။ ထိုအုတ်ဂူရာများထဲတွင် အစ္စရေးတို့က ဂျူးအုတ်ဂူအမြောက်အမြားကို တရားမဝင် ဗြောင်ကျကျူးကျော်ဆောက်လုပ်လာနေကြသည်။ အစ္စရေးဆောက်လုပ်ထားသော အုတ်ဂူအတုများထဲတွင် သေဆုံးသူတစ်ဦးတစ်ယောက်မှမပါဝင်ပေ။ သို့ကြောင့်လည်း အလ်အက္က ဆာအဖွဲ့ အစည်းမှ အစ္စရေးတို့၏ ထိုသို့လုပ်ဆောင်နေမှုများမှာ မွတ်စလင်မ်သမိုင်း ဝင်သင်္ချိုင်းရာများအတွင်း မိမိတို့၏ သမိုင်းဝင်သင်္ချိုင်းများလည်းရှိပါသည်၊ မိမိတို့ကို ယခင်က ဤ နေရာများ၌ မြှပ်နှံသင်္ဂြိုလ်ခွင့် ပေးခဲ့ပါသည်ဟု သမိုင်းကြောင်းလိမ်လည်ကာ ထိုနယ်ပယ်မြေနေရာ များအား ထိန်းချုပ်ပြီး ဇီယွန်ဝါဒကို ဖြန့်ချိရန်ရည်ရွယ်နေခြင်းဖြစ်ကြောင်း၊ သို့အားဖြင့် မဆ်ဂျီဒ် အလ် အက္ကာဆာဗလီဝတ်ကျောင်းတော်ကြီးကို ဂျူးဘုရားကျောင်းအဖြစ်ပြောင်းလဲရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မှတ်ချက် - သတင်းသဘောအရ မူရင်းတွင် accuse ၊ allege စသဖြင့် သုံးနှုံးထားမှုကြောင့် စွပ်စွဲ ပြောကြားသည်ဟုသာ မြန်မာပြန်ဆိုရန် တာဝန်တင်သဖြင့် ထိုအတိုင်းပြန်ဆိုတင်ဆက်အပ်ပါသည်။

အလ်အက္ကဆာဗလီ၊ ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေးနှင့် သာသနာရေးဆိုင်ရာ လှူဒါန်းမှုများ (၀ကဖ်) အဖွဲ့အစည်းက အစ္စရေးအာဏာပိုင်အဖွဲ့က အက္ကဆာဗလီပတ်ဝန်းကျင်နှင့် ဂျေရုစလင်မြို့ ဟောင်းတွင် သင်္ချိုင်းအုတ်ဂူအတုအမြောက်အမြားကို လာရောက်ပြုလုပ် ထားကြကြောင်း စွပ်စွဲ ပြောကြားလိုက်သည်။ ထိုဂူအတုများက အက္ကဆာဗလီဝတ်ကျောင်းတော် အရှေ့ဘက်ရှိ သံလွင် တောင်ပေါ်တွင်လည်းကောင်း၊ တောင်ဘက်ရှိ ဝါဒီဆဲလ်ဝါးန်နှင့် ဝါဒီအလ်ရ ဘာဘာတို့တွင် လည်း ကောင်း ပျံ့နှံ့တည်ရှိနေကြောင်း ထိုအဖွဲ့အစည်းက ပြောကြားသည်။

အလ်အက္ကဆာဗလီပတ်ဝန်းကျင်မှ အစ္စရေးတို့၏ သင်္ချိုင်းဂူအတုများ

ထိုအဖွဲ့အစည်း၏ ကြေငြာချက်တစ်စောင်အရ အစ္စရေးအစိုးရက အီလက်ဒ်အဖွဲ့အစည်းနှင့် သဘာ၀နှင့် အမျိုးသားဥယျဉ်များ အာဏာပိုင်အဖွဲ့တို့ကို အသုံးချကာ ထိုသင်္ချိုင်းဂူအတု ဆောက်လုပ် ရေးလုပ်ငန်းအား လုပ်ကိုင်နေ​စေခြင်းဖြစ်ကြောင်း သိရသည်။ အစ္စရေးတို့၏ ထိုအဖွဲ့ အစည်းများက ပြန်လည်တည်ဆောက်ရေး၊ ထိန်းသိမ်းရေး၊ ပုံစံသစ်ချမှတ်ရေး၊ ဖွံ့ဖြိုးရေး၊ အင်ဂျင်နီ ယာစာရင်း ဇယားနှင့် သဘောထားကောက်ခံရေးတို့ကို လုပ်ကိုင်နေစဉ် (ထိုသည်များကို အကြောင်းပြပြီး) သင်္ချိုင်းအုတ်ဂူများ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလ်အက္ကဆာ အဖွဲ့အစည်းက အစ္စရေးတို့၏ အက္ကဆာဗလီဝတ်ကျောင်းတော်တဝိုက်နှင့် ဂျေရုစလင်မြို့ဟောင်းတို့ ၌ ယဟူဒီပေါလ စီပျံ့နှံ့ရေးဆောင်ရွက်နေမှုများကို အသားပေးဖော်ပြခဲ့ကြသည်။ အလ်အက္ကဆာ အဖွဲ့အစည်းက အစ္စရေးတို့အနေဖြင့် မိမိတို့အဖွဲ့အစည်း(အလ်အက္ကဆာအဖွဲ့အစည်း)ကို လုံး၀ချုပ်ကိုင်ပြီး ပါလစ္စတိုင်းမြေများ အား သုဿာန်များ၊ အခြေချနေထိုင်ရာ လူနေနေရာများ၊ ဘိုင်ဘလ်နှင့် အမျိုးသားဥယျဉ်များသာမက ဂျူး ဧရိယာများအဖြစ်ပါ အသွင်ပြောင်းဖို့ အလိုရှိနေကြောင်း စွပ်စွဲ ပြောကြားသည်။

သမိုင်းအရမူ၊ အော်တိုမန်အင်ပါယာလက်ထက်၌ ဂျူးများအနေဖြင့် ဝကဖ်မြေပေါ်တွင် လူသေများ မြှပ်နှံခွင့်ရရှိခဲ့ဖူးသည်။ သို့သော် ထိုမြှပ်နှံခွင့်ရရှိခဲ့သော မြေဧရိယာပမာဏမှ ယခုလက်ရှိ အစ္စရေး တို့ ပြောဆိုတင်ပြနေသည့် ပမာဏထက် လွန်စွာလျော့နည်းလှသည်။ အစ္စရေးတို့၏ ပိုင်ဆိုင်မှုများ ကြောင့် ထိုမြှပ်နှံခွင့်ရှိသည့် မြေနေရာ သဘောတူညီထားမှုကိုပင် ဆက်လက်သက်တမ်း တိုးမြင့် ခဲ့ခြင်းမရှိပေ။ ထို့ပြင် ၁၉၆၇ ၌ အစ္စရေးတို့က ၀ကဖ်မြေအစိတ်အပိုင်း စတုရန်းပုံသဏ္ဌာန်မြေကွက် ဒါဇင်ပေါင်းမြောက်မြားစွာကိုသာမက ပါလစ္စတိုင်းပိုင်မြေများကိုပါ ထိန်းချုပ်ခဲ့ပြီး ထိုမြေနေ ရာများ၌ လူသေအလောင်း လုံး၀မပါသော အုတ်ဂူသင်္ချိုင်းရာများကို ဆောက်လုပ်ထားလာခဲ့ကြ သည်။

အလ်အက္ကဆာအဖွဲ့အစည်းက အစ္စရေးတို့သည် ပထဝီအနေအထားနှင့် သမိုင်းကြောင်းတို့ကို ကမောက်ကမဖြစ်အောင် ဖန်တီးနေသူများဖြစ်ကြောင်း၊ သို့အားဖြင့် သူတို့၏ သင်္ချိုင်းဂူအတုများ တရားဝင်ဖြစ်စေရေး ကြိုးပမ်းနေကြကြောင်း၊ ထိုမှနောက်တဆင့်တက်ကာ ဤမြေများသည် ဂျူးတို့၏ မြင့်မြတ်နယ်မြေများဖြစ်သည်ဟု သက်သေပြလာမည်ဖြစ်ကြောင်း ဆိုသည်။ အလ်အက္ကာ ဆာအဖွဲ့အစည်းက မိမိတို့၏ တင်ပြချက်များကို အက္ကာဗလီဝတ်ကျောင်းတော်တဝိုက်ရှိ နယ်မြေထိန်း များ၊ စဉ်ဆက်မပြတ် အကဲဖြတ်နေသူများ၊ သမိုင်းသုတေသနများနှင့် မျက်မြင်သက်သေများအပေါ် အခြေခံခဲ့ခြင်းဖြစ်သည်။ အဖွဲ့အစည်း၏ အစီရင်ခံစာ အဆုံး၌ အစ္စရေးတို့က မွတ်စလင်များ၏ သမိုင်းဝင်ဂူသင်္ချိုင်းရာများအား ပြန်လည်တည်ဆောက်မွမ်းမံခြင်းအား တားမြစ်ပြီး ဂျူးသင်္ချိုင်းတု ထောင်ပေါင်းများစွာကို တည်ဆောက်ပြုလုပ်နေကြကြောင်းဖော်ပြထားသည်။

အချက်အလက်များအရ အစ္စရေးတို့က သမိုင်းဝင် မမန်းအလ်လာဟ်သုဿာန်ရှိ မွတ်စလင်မ်သင်္ချိုင်း ဂူမြောက်မြားစွာကိုလည်း ဖျက်ဆီးပြီးဖြစ်သည်။

ဂျူးတို့၏ မြို့ဟောင်းအပေါ်ဖန်တီးနေသည့် ထိုလုပ်ဇတ်များက အစ္စလာမ်ဘာသာဝင်တို့၏ သည်းခံ နိုင်စွမ်းကို စိန်ခေါ်သည့်နှယ်ဖြစ်နေပေသည်။ ဂျူးအလောင်းများ ဝကဖ်မြေပေါ်တွင် မြှပ်နှံခွင့်ပေးခဲ့ ကြောင်းပြန်လည်တူးဆွတင်ပြရင်း သမိုင်းတုကို ဖန်တီးနေခြင်းလည်းဖြစ်သည်။ အစ္စရေးတို့က အစ္စလာမ်သာသနာဝင်များ၏ သည်းခံမှုကို အခွင့်ကောင်းယူကာ ဇီယွန်ဝါဒကို ပျံ့နှံ့စေဖို့ရည်ရွယ် နေကြောင်း၊ သို့အားဖြင့် အလ်အက္ကာဆာဗလီဝတ်ကျောင်းတော်ကြီးကိုလည်း ဂျူးဘုရားကျောင်း အဖြစ် ပြောင်းလဲပြစ်ဖို့ လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

သတင်းဖော်ပြချက်တွင် အလ်အက္ကဆာပတ်ဝန်းကျင်လှည့်လှည်မှုရလဒ်များနှင့် မျက်မြင်သက်သေ များနှင့် အင်တာဗျူးထားမှုများကိုလည်း ဖော်ပြထားသည်။

မူရင်းသတင်းအကျယ်ဖတ်ရှုရန် - http://goo.gl/uxs2Z

အဟ်မဒီမွတ်စလင်မ်များအတွက် နောက်ထပ်အောက်မေ့ဖွယ်နေ့တစ်နေ့

မေလ ၂၉ ရက်၊ ၂၀၁၂
ဝါရှင်တန်ပို့စ်သတင်းစာ
ရေးသားသူ - ဟဲရစ် ဇဖဲရ်၊ အမေရိကန်နိုင့် အဟ်မဒီမွတ်စလင်မ်အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်

မေလ ၂၈ ရက်နေ့ကတော့ အမေရိကန်နိုင်ငံရဲ့ အောက်မေ့ဖွယ်နေ့ပါ။ နိုင်ငံတော်အတွက် တာဝန် ထမ်းဆောင်ရင်း အသက်ပေးသွားကြသူများအတွက် ဂုဏ်ပြုပြီး အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ် ထားတာပါ။ ဒါပေမယ့် ဒီနှစ် အောက်မေ့ဖွယ်နေ့မှာတော့ ကျွန်တော့်အနေနဲ့ အခြားသော တာဝန် ၀တ္တရားတစ်ခုဖြစ်တဲ့ မိမိတို့ရဲ့ သက်ဝင်ယုံကြည်မှုအတွက် အသက်ပေးခဲ့ကြရတဲ့ ဝိညာဉ်တွေ ကိုလည်း ပြန်လည်အောက်မေ့ခဲ့မိပါတယ်။ မေလ ၂၈ ရက်နေ့ကတော့၊ ကျွန်တော်တစ်ယောက် တည်းမှမဟုတ်ဘဲ၊ ကမ္ဘာပေါ်ရှိ မီလီယံပေါင်းမြောက်မြားစွာသော အဟ်မဒီမွတ်စလင်မ်များအတွက် လည်း ထူးခြားတဲ့အမှတ်အသားတွေရှိနေပါတယ်။ ငြိမ်းချမ်းရေးကို မြတ်နိုးပြီး လူ့အခွင့်အရေးစိုးမိုး ကာ သာသနာရေးနဲ့ အခြားကိစ္စတွေအတွက် ညှဉ်းပမ်းနှိပ်စက်မှုကင်းစင်တဲ့ ကမ္ဘာကို လိုးလားသော မျှတမှုရှိကြတဲ့ သူများအတွက်လည်း ဒီနေ့ဟာ ထူးခြားတဲ့အမှတ်အသားတွေ ပေးနေပါတယ်။

လာဟိုရ်အကြမ်းဖက်မှုတွင် သေဆုံးခဲ့ရသည့် အသက် ၁၇ နှစ်အရွယ် ဆေးကျောင်းသား ၀လီဒ် အတွက် အုတ်ဂူ၌ဆုတောင်းပေးနေသည့် ဖခင်ဖြစ်သူ မုဟမ္မဒ် မူနဝဲရ်။ ၂၀၁၀ ခုနှစ် ဂျူလိုင်လ ၁၄။ (Daniel Berehulak - GETTY IMAGES)

မေလ ၂၈ ရက်နေ့ ၂၀၁၂ ခုနှစ်မှာတော့ ပါကစ္စတန်နိုင်ငံ၌ မိမိတို့ရဲ့ဖန်ဆင်းရှင်ကို ငြိမ်းချမ်းစွာ ဝတ်ပြုဦးချနေစဉ် အပြစ်မဲ့ဝိညာဉ်များ ရက်စက်ကြမ်းကြုတ်စွာ အသတ်ခံခဲ့ရတာဟာဆိုရင် ၂ နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ အပတ်စဉ် သောကြာနေ့ ဝတ်ပြုဆုတောင်းနေစဉ် လာဟိုရ်မြို့ အဟ်မဒီ မွတ်စလင်မ်များရဲ့ ဗလီဝတ်ကျောင်းတော် နှစ်ခုကို အသေခံဗုံးများတပ်ဆင်ထားတဲ့ အဝတ်အစား တွေဝတ်ဆင်ပြီး၊ အလိုအလျောက်ပစ်ခတ်နိုင်တဲ့ လက်နက်များတပ်ဆင်ထားတဲ့ လက်နက်ကိုင်အဖွဲ့ ဝင်များ ဝင်ရောက်လာခဲ့ပြီး ဝတ်ပြုဆုတောင်းနေကြ သူများကို အကွပ်အထိန်းမဲ့ ပစ်ခတ်သတ်ဖြတ် သွားခဲ့ပါတယ်။ 

အကြမ်းဖက်သမားတွေက လူတွေဆီကို တိုက်ရိုက်ပစ်ခတ်ခဲ့တာကြောင့် လူကြီးလူရွယ် ကလေး သူငယ်များပါမကျန် အသက်အရွယ်မျိုးစုံဟာ လဲကျသေဆုံးခဲ့ရပြီး စုစုပေါင်း ၈၆ ဦးသေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ ကျွန်တော့်မိသားစုကိုလည်း အဲဒီနေ့က ဆုံးရှုံးခဲ့ရပါတယ်။ တာရိကေ တာလီဘန်ဆိုတဲ့ တီတီပီအဖွဲ့က သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဒီလိုမျိုးကြမ်းကြုတ်မှုတွေ ဆက်လက်ပြုလုပ်ဦးမယ်လို့လည်း ဖော်ပြခဲ့ကြပါတယ်။

အပြစ်မဲ့သူများ အသက်ဆုံးရှုံးခဲ့ရတာကို ဘယ်သူမှ ကိုယ်ချင်းစာနာစိတ် မထားခဲ့ကြဘူး။ ဒီလို ကြမ်းကြုတ်ရက်စက်စွာ သတ်ဖြတ်မှုခံခဲ့ရတဲ့ လူအသိုက်အဝန်းအတွက် စဉ်းစားပေးခြင်း မရှိခဲ့ပါ။ မှတ်သားလောက်စရာကောင်းတဲ့ မုန်းတီးစိတ်က သူတို့လုံး၀မသိတဲ့သူများရဲ့ အသက်ကို ဆောင်ယူဖို့ လှုံဆော်ပေးခဲ့တယ်။ လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အကြမ်းဖက်သမားနှစ်ဦးကို ဖမ်းဆီးမိခဲ့ တယ်လို့ မကြာသေးမီက ဖော်ပြပါတယ်။ အဲဒီအကြမ်းဖက်သမားနှစ်ဦးကို တရားရုံးမှာ စစ်ဆေးတော့ အစိုးရနဲ့ သူတို့ကို အကာအကွယ်ပေးနေသူတွေက အပြီးသတ်အမှုဆုံးဖြတ်စီရင်မှုကို အကြိမ်ကြိမ်ရွှေ့ ဆိုင်းသွားရအောင် ကြိုးပမ်းအောင်မြင်နေကြပါတယ်။

အာရှရဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ဒါရိုက်တာ ဘရက်အာဒမ်စ်ကတော့ ဒီတပတ်ထဲမှာ ပါကစ္စတန်ရဲ့ ဒီကိစ္စကိုကိုင်တွယ်နေပုံနဲ့ပတ်သတ်ပြီး ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပါတယ်။ (သတင်းရှု စားရန်)

နယူးယောက်တိုင်းမ်စ်သတင်းစာက ပါကစ္စတန်နိုင်ငံရေးကို အကြမ်းဖက်နိုင်ငံရေးအဖြစ် ဖော်ပြလိုက် တဲ့အတွက် လူ့အခွင့်အရေးနှင့် သာသနာရေးလွတ်လပ်ခွင့်လှုပ်ရှားဆောင်ရွက်နေသူ များအဖို့ ခြောက်ခြားဖွယ်ဖြစ်ခဲ့ပါတယ်။

၂ နှစ်အကြာမှာတော့၊ နိုင်ငံတော်ရဲ့ ညှဉ်းပမ်းနှိပ်စက်မှုအခံရဆုံး အဖွဲ့ကို ပိုမိုလုံခြုံမှုပေးရမယ့်အစား အစိုးရက တခြားတဘက်ကိုပဲ အာရုံများနေပါတယ်။ Amnesty International လို့အမည်ရတဲ့ နိုင်ငံ တကာ လူ့အခွင့်အရေးဆောင်ရွက်မှုအသင်းက ပါကစ္စတန်နိုင်ငံ၊ ရာဝင်ပန်ဒီ ခရိုင်က တာဝန်ရှိ သူများဟာ အစွန်းရောက်သာသနာပိုင်များရဲ့ တောင်းဆိုမှုကိုလိုက်လျောပြီး အဟ်မဒီမွတ်စလင်မ် များကို မိမိတို့ဗလီများမှာ ဝတ်ပြုဆုတောင်းခွင့်ပိတ်ပင်ခဲ့တယ်လို့ မကြားသေးမီက ဖော်ပြထား ပါတယ်။ 

လော့အိန်ဂျလိစ်တိုင်းမ်စ်သတင်းစာကလည်း လာဟိုရ်မြို့မှာ ပါကစ္စတန်ရဲတွေက တူများ၊ ဖောက် ထွင်းရေးကိရိယာများကိုင်ဆောင်ပြီး အဟ်မဒီများရဲ့ဗလီဝတ်ကျောင်းတော်များကို အစိတ်အပိုင်း အလိုက် ဖျက်ဆီးနေကြကြောင်း၊ သူတို့အဲဒီလိုပြုလုပ်နေခြင်းဟာကတော့ အဲဒီအဆောက်အဦ တွေပေါ်က မီနာပုံစက်ဝန်းများနဲ့ ကုရ်အာန်စာသားဖော်ပြချက်များကြောင့် အဆောက်အဦသည် ဗလီပုံသဏ္ဌာန်ဖြစ်နေခြင်းကြောင့် ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

မေလ ၂၈ ရက်နေ့ကတော့ ပါကစ္စတန်သည် တရားမမျှတမှု၊ ဘာသာသာသနာများအချင်းချင်း လိုက်လျော ညီထွေသည်းမခံတတ်မှု၊ သဟာဇာတမရှိမှုစတဲ့အရာတွေပိတ်ဆို့နေကြောင်း ဖော်ပြ လိုက်တဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။ အစိုးရအနေနဲ့ လူတိုင်းကို သူတို့ယုံကြည်ရာ လွတ်လပ်စွာ ကိုးကွယ်ဖို့ အခွင့်ပေးပြီး အဆင့်အဆင့်ပုံစံပြောင်းရပါမယ်။ အကြမ်းဖက်သာသနာပိုင်တွေ၊ အထူး သဖြင့် ကျွန်တော်တို့ ယုံကြည်ချက်ကို အလွန်လွဲမှားစွာနားလည်နေတဲ့သာသနာပိုင်တွေ ရဲများအပေါ် အာဏာသုံးခြယ်လှယ်နေခြင်းကနေ တားမြစ်သင့်ပါတယ်။ 

ပါကစ္စတန်မှာ အဲဒီလိုခေါင်းဆောင်တွေက အကြမ်းဖက်စိတ်ဓာတ်ကို ပေါက်ဖွားစေရုံတင်မက သူတို့ ကိုယ်သူတို့ အစ္စလာမ့်အကျိုးသယ်ပိုးနေသူတွေပါလို့ ကြွေးကြော်ခြင်းဖြင့် အစ္စလာမ်သာသနာတော် ကို ကျိုးယုတ်ရှက်နေစေသူတွေပါ။ သူတို့ကိုယ်သူတို့ သာသနာ့အရေးအကာ အကွယ်ပေးနေသူတွေ လို့ ကြွေးကြော်နေပြီး အကြမ်းဖက်မှုအတွက် ကဏ္ဍတစ်ရပ်ပြုလုပ်နေသူ တွေကို အစ္စလာမ်က အလိုမရှိပါ။ အစ္စလာမ်က အကြမ်းဖက်မှု၊ အပြစ်မဲ့များကို သတ်ဖြတ်မှု စတာတွေကို ရှုံ့ချပါတယ်။ အစ္စလာမ့်နည်းနာတွေကို လိုက်နာနေသူတွေပါလို့ ကြွေးကြော်နေတဲ့ အကြမ်းဖက်သမားအားလုံးကို အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကို ငြင်းပယ်ပါတယ်။

အဟ်မဒီများရဲ့ ဝိညာဉ်ရေးရာခေါင်းဆောင်ခလီဖာက မိမိတို့အသင်းအဖွဲ့ဝင်များအနေနဲ့ ငြိမ်းချမ်း ရေးကို ဘ၀တသက်တာကျင့်သုံးသွားဖို့ ဆော်ဩခဲ့ပါတယ်။ အသက်ဆုံးရှုံးခဲ့ရတဲ့ သူများကို အကောင်းဆုံးဂုဏ်ပြုဖို့ကတော့ သူတို့အသက်တွေ အလဟဿဆုံးရှုံးသွားခဲ့ရတာ မဟုတ်ဘူးဆိုတာ သက်သေပြဖို့ပါ။ သူတို့ရဲ့ ဝိညာဉ်တွေကို အရင်းတည်ပြီး ကမ္ဘာပေါ်က အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ၊ သွေးထွက်သံယိုမှု၊ တရားမမျှတမှုစတဲ့အရာတွေကို အမြစ်ကနေသုတ်သင်ပြစ်ရပါမယ်။ မိမိတို့ အသက်များကို ယုံကြည်ချက်အတွက် ဒါမှမဟုတ် တိုင်းပြည်အတွက် စွန်ခဲ့ကြတဲ့သူများ၊ မိမိတို့ရဲ့ အသိဉာဏ်တွေကို အခြားသူများအသက်ရှင်ရေးအတွက် ရည်စူးထားတဲ့သူများ၊ ဒီလိုလူတွေကို သတိ ရဖို့၊ ဂုဏ်ပြုထောမနာဖို့ တခြားကောင်းတဲ့နည်းလမ်း ရှိပါသေးရဲ့လား?


တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-