Wednesday, September 17, 2014

လန်ဒန်တွင် ကျင်းပခဲ့သော အဟ်မဒီယာ မွတ်စလင် ရုပ်သံအစီစဉ်၏ နိုင်ငံတကာ ညီလာခံအကြောင်း


 အဟ်မဒီယာ မွတ်စလင် ရုပ်သံအစီစဉ်၏ တတိယအကြိမ်မြောက် နိုင်ငံတကာ ညီလာခံ ပိတ်ပွဲအခမ်းအနားကို ကမ္ဘာ့အဟ်မဒီယာ မွတ်စလင်အဖွဲ့၏ ခေါင်းဆောင် ခလီဖာ ဟဇရသ် မိရ်ဇာ မတ်စ်ရူရ် အဟ်မဒ် မိန့်ခွန်းဖြင့် ပိတ်သိမ်းခဲ့ပါတယ်။

နိုင်ငံပေါင်း (၂ဝ) ကျော်မှ ကိုယ်စားလှယ် (၃၉) ဦးတက်ရောက်ခဲ့ပြီး လန်ဒန်မြို့ အနောက်တောင်ဘက် (Baitul Futuh) ဗလီတွင် သုံးရက်ကြာကျင်းပခဲ့ပါတယ်။



နိုင်ငံတကာ အဟ်မဒီယာ မွတ်စလင်ရုပ်သံအဖွဲ့ရဲ့ အစီအစဉ်နဲ့ ကိုယ်စားလှယ်တွေဟာ ဆွေးနွေးပွဲတွေ၊ ပြခန်းတွေအမြောက်အများကို တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတကာက ကိုယ်စားလှယ်တွေဟာ နိုင်ငံတကာရုပ်သံအစီအစဉ်တွေက သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တစ်ယောက်ချင်း ဆွေးနွေးမေးမြန်းမှုတွေမှာလည်း ပါဝင်နိုင်ခဲ့ကြပါတယ်။

ညီလာခံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ဟာဇရသ် မိရ်ဇာ မတ်စ်ရူရ် အဟ်မဒ်က ကမ္ဘာအနှံ့က  အဟ်မဒီယာ မွတ်စလင် ရုပ်သံ အဖွဲ့သားတွေအနေနဲ့ ထုတ်လုပ်မှုအရည်အသွေးကို စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်အောင် ကြိုးစားကြဖို့နဲ့ တက်ရောက်လာကြတဲ့ နိုင်ငံတကာက ဆိုင်ရာတာဝန်ရှိသူတွေကလည်း အစ္စလာမ့်ရဲ့ စစ်မှန်ပြီး ငြိမ်းချမ်းတဲ့ တရားဒေသနာကို ကမ္ဘာအနှံ့မှာ ဖြန့်ချီကြဖို့ အသိပေးမိန့်ကြားခဲ့ပါတယ်။

အဟ်မဒီယာ မွတ်စလင်ရုပ်သံရဲ့ အစီအစဉ်အမျိုးအစားတွေနဲ့ ပတ်သတ်ပြီး ဟဇရသ် မိရ်ဇာ မတ်စ်ရူရ် အဟ်မဒ် ပြောကြားရာမှာ ....

" မှတ်သားကြပါ ... အသင်တို့ ထုတ်လွှင့်တဲ့ အစီအစဉ်တိုင်းဟာ အရည်အသွေးအမြင့်အမားဆုံးဖြစ်ပြီး ခေတ်ကာလရဲ့ လိုအပ်ချက်ကို ဖြည့်စည်းနိုင်တဲ့အစီအစဉ်မျိုးတွေဖြစ်ကြပါစေ။ ဆိုလိုတာက အသင်တို့ ထုတ်လွှင်တဲ့အစီအစဉ်တွေဟာ လူကြီး၊လူငယ်၊လူရွယ် လူလတ်မရွေး လူသားအားလုံးအတွက်  (ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ) ပဲ့ပြင်ထိမ်းသိမ်းစေမယ့် အစီအစဉ်မျိုးတွေဖြစ်ပါစေ။ "



" ဒါ့အပြင် စစ်မှန်တဲ့ အစ္စလာမ်သာသနာကို သင်ကြားပေးတဲ့ အစီအစဉ်မျိုးတွေပြုလုပ်သင့်ပါတယ်။ ဒီလိုနဲ့ အထူးသဖြင့် လူငယ်တွေရဲ့ စိတ်ထဲမှာ ပေါ်ပေါက်နိုင်တဲ့ သံသယနဲ့ ထင်မှားမှုတွေကို ဖယ်ရှားပစ်နိုင်မှာဖြစ်တယ်။ ဒါ့ကြောင့် လက်ရှိခေတ်ကာလလူ့အဖွဲ့အစည်းနဲ့ ဆိုင်တဲ့ အမေးအဖြေတွေ၊ ယနေ့ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို သက်ဆိုင်ရာ အလိုက် အချိန်မှန် ထုတ်လွှင့်သွားဖို့ လိုအပ်ပါတယ်။ "


ခလီဖာသခင်က ကျမ်းတော်မြတ်ကိုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က အမှန်တရားကို ဖြန့်ချီတဲ့သူတွေကို အရှင်ကောင်းချီးပေးတဲ့အကြောင်းပါရှိကြောင်းနဲ့ ယနေ့အချိန်အခါမှာ MTA ဟာ အမှန်တရားကိုဖြန့်ချီတဲ့နေရာနဲ့ စစ်မှန်တဲ့အစ္စလာမ်သွန်သင်ချက်ကို ကမ္ဘာအနှံ့ ပျံ့နှံ့အောင်ပြုလုပ်တဲ့ အဓိကအခန်းကဏ္ဍမှာပါဝင်နေတယ်လို့ မိန့်ကြားပါတယ်။

 ဟဇရသ် မိရ်ဇာ မတ်စ်ရူရ် အဟ်မဒ် က ...
" ယခုအချိန်ကာလမှာ တမန်တော်မိုဟမ္မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) နဲ့ ကျမ်းမြတ်ကိုရ်အာန်ရဲ့ မှန်ကန်တဲ့ သွန်သင်ချက်တွေကို ပြန်လည် လန်းဆန်းအောင် ပြုလုပ်ဖို့ ကတိတော်ရ မဆီဟ်သခင်ကို စေလွှတ်ခဲ့ပါတယ်။ ဒီအတွက် အစွမ်းကုန်ကြိုးစားအားထုတ်မှုနဲ့ ရည်ရွယ်ချက်ဖြည့်စည်းခြင်းမှာ အသင်တို့(MTA အဖွဲ့သားတွေ)ဟာ ကူညီဖို့ အခွင့်အရေးရရှိနေကြတာပဲဖြစ်ပါတယ်။ "

" တကယ်လို့ သင်ဟာ ကင်မရာနောက်မှာ ငြိမ်ငြိမ်လေးရပ်ပြီး ကူညီတဲ့သူဖြစ်တယ် ဆိုရင် သင်ဟာ ကံကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်။ ဒါမှ သင်ဟာ MTA ဌာန တစ်ခုခုရဲ့ ဝန်းထမ်းအဖြစ်လုပ်ကိုင်နေတယ်ဆိုရင် ကံထူးသူဖြစ်တယ်။ MTA ပရိုဂရမ်တ်စခုမှာ အစီစဉ် တင်ဆက်သူ ဒါမှမဟုတ် ဆွေးနွေးမေးမြန်းသူ တစ်ယောက်ဖြစ်မယ်ဆိုရင် အလားတူ ကံထူးသူဖြစ်ပါတယ်။"

" သင်ဟာ အစီအစဉ် ထုတ်လုပ်ရေးနဲ့ နည်းစနစ်သစ်တွေဖန်တီးရှာဖွေတဲ့သူဖြစ်မယ်ဆိုရင်လည်း ကံထူးသူပါပဲ။ ဒါမှမဟုတ် တည်းဖြတ်သူဖြစ်ဖြစ်၊ အစီအစဉ်တွေ လေလှိုင်းကို ထုတ်လွှင့်တဲ့ ဌာနမှာဖြစ်ဖြစ် လုပ်ကိုင်ဆောင်ရွက်နေမယ်ဆိုရင်လည်း အလွန်ကံထူးသူတွေဖြစ်ပါတယ်။ "

"တကယ်တော့ MTA နဲ့ ဆက်စပ်ပြီး ဘယ်အပိုင်းကဖြစ်ဖြစ် စွမ်းနိုင်သမျှဆောင်ရွက်ကြတဲ့ သင်တို့ဟာ အရှင်မြတ်ရဲ့ ကောင်းချီးမင်္ဂလာပေးခံရသူတွေဖြစ်တယ်။ အကြောင်းကတော့ သင်တို့ဟာ စစ်မှန်တဲ့ အမှန်တရားကို ဖြန့်ချီတဲ့သူတွေဖြစ်ကြလို့ပါပဲ။ သင်တို့ဟာ အိမ်တိုင်ရာရောက် ဝိညာဉ်ရေးရာ သို့ နာမ်ပိုင်းဆိုင်ရာ အသိတရားတွေကို ဖြန့်ဖြူးပို့ဆောင်ကြတဲ့သူတွေဖြစ်လို့ပါပဲ။"

MTA ရုပ်သံထုတ်လွှင့်မှုရဲ့ ဒါရိုက်တာဖြစ်သူ မူနီးရူဒင် ရှမ် ( Munir-ud-Shams) က နှစ်စဉ်အစီရင်ခံစာကို ပြောပြရာမှာ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ရုပ်သံအစီအစဉ်ပေါင်း (၅၀၀၀) ကို ထုတ်လုပ်နိုင်ခဲ့တယ်လို့ တင်ပြထားပါတယ်။ ဒါဟာ နာရီပေါင်း ၂၅၀၀ ကျော် ရုပ်သံထုတ်လွှင့်မှုနဲ့ညီမျှပါတယ်။

ကိုယ်စားလှယ်တွေကိုလည်း လွန်ခဲ့တဲ့ နှစ် (၂၀) အတွင်း MTA ရုပ်သံအစီအစဉ်ရဲ့ စဉ်ဆက်မပြတ်တိုးတက်မှုမှတ်တမ်းကို ၁၅ မိနစ်ကြာမျှပြသခဲ့ပါတယ်။



http://www.alislam.org

Monday, September 15, 2014

အစ္စလာမ်ကိုဖြန့်ချိရာတွင် အကြမ်းဖက်လုပ်ရပ်တွေနဲ့ 'ဂျီဟာဒ်'ပြုဖို့ တမန်တော်မြတ် သွန်သင်ခဲ့သလား


'အစ္စလာမ်က ကမ္ဘာတစ်ခုလုံး စစ်ပွဲကြီးဆင်နွှဲရန်နှင့် တမန်တော်မြတ်သည် ထိုစစ်ပွဲကြီးဖြစ်ပွားစေရန် အကြမ်းဖက်မှု ဂျီဟာဒ်ကို သွန်သင်ခဲ့သည်'ဟု ဝေဖန်သူများက တစ်ဖက်စောင်းနင်းဆိုကြသည်။ ကျမ်းမြတ်ကုရ်အာန်တွင် 'ဂျီဟာဒ်'ဆိုသည့်အသုံးအနှုန်းကို ၂၄ နေရာတွင် ဖော်ပြထားပြီး ထိုနေရာတိုင်းတွင်လည်း မိမိတစ်ကိုယ်စာရုန်းကန်ကြိုးစားမှု၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်းမှု၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုရရှိရေးအတွက် တုံ့ပြန်ကာကွယ်မှုဟူသော အဓိပ္ပာယ်များဖြင့် သာ သုံးနှုန်းထားသည်။ ထို့ပြင် တစ်ဆက်တည်းမှာပင် တမန်တော်မြတ် (H)ကလည်း မိဘကိုလုပ်ကျွေးပြုစုခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန် အောင်ပြုပြင်မွမ်းမံခြင်း၊  'ဟာဂ်ျ'ပြုခြင်းနှင့် လူ့အဖွဲ့အစည်း လွတ်မြောက် ရေးအတွက် ခုခံကာကွယ်ခြင်း စသည်တို့ကို 'ဂျီဟာဒ်'ဟု သုံးနှုန်းထား ကြောင်း တွေ့ရသည်။

'ငါတို့သည် သေးငယ်သောဂျီဟာဒ်မှ ကြီးမားသော ဂျီဟာဒ်ဆီသို့ ပြန်လာ ကြပြီ'ဟု တမန်တော်မြတ်(H)က စစ်ပွဲတစ်ခုမှအပြန်တွင် မိန့်ကြားတော်မူခြင်းဖြင့် လူ့အဖွဲ့အစည်းကောင်းစားရေးအတွက် စစ်ပွဲဆင်နွှဲခြင်းထက် မိမိ၏ကိုယ်ကျင့်သိက္ခာအရာတွင် တိုးတက်ကောင်းမွန်အောင် ပြုပြင်နေထိုင်ခြင်းက ပို၍မြင့်မြတ်ကြောင်း သွန်သင်ပြသခဲ့သည်။

ထို့ပြင် ကျမ်းမြတ်ကုရ်အာန်က 'ငြိမ်းချမ်းစွာနေထိုင်သည့် မည်သည့် လူ့အဖွဲ့အစည်းကိုမဆို မတိုက်ခိုက်ရ'ဟု တားမြစ်ထားတော်မူသည့်အပြင် လူ့အဖွဲ့အစည်းကောင်းစားရေးနှင့် လူ့အခွင့်အရေးရရှိဖို့အတွက် ကြိုးပမ်းနေကြရန်၊ ထို့ပြင် လူ့အခွင့်အရေး ကာကွယ်မှုအတွက်သာ စစ်ပွဲဆင်နွှဲခွင့်ပြုထားပြီး မိမိအတွင်း၌ရှိသော စိတ်ယုတ်များကို ချေမှုန်းရန်အတွက်သာ ဖြစ်သည်။ 'မည်သည့်သာသနာမျှ စုပေါင်းမှုမရှိဘဲ မိမိတို့ချည်းသီးသန့်ကယ်တင်လွတ်မြောက်မှုကို ရနိုင်မည်မဟုတ်ကြောင်း' ကျမ်းမြတ်ကုရ်အာန်က ကနဦးကပင် ဖော်ကျူးထားသည်။ မွတ်စလင်တို့သည် ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးစ်တွင်ဖော်ပြထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည့်အစား ပါကစ္စတန်နိုင်ငံ၏နိုင်ငံရေးသာသနာပိုင်ပါတီဖြစ်သည့် 'ဂျမာအတ်အစ္စလာမီ' အဖွဲ့အစည်းကို တည်ထောင်သူ 'အဘူလ်အာလာမောင်ဒူဒီ'၏ မွတ်စလင်မဟုတ်သူများ ပါ် အကြမ်းဖက်တိုက်ခိုက်ရေးမူဝါဒနောက်သို့ လိုက်နေကြခြင်းသာ ဖြစ် သည်။ ဘာသာရေးဆရာများ၏ လွှမ်းမိုးခြင်းကိုခံခဲ့ရသည့် မောင်ဒူဒီက ကမ္ဘာကြီးကို အပိုင်းနှစ်ပိုင်းခွဲလျက် အစ္စလာမ်ပြင်ပအုပ်စုနှင့် သူ့အယူ အဆကို လက်မခံသည့် မွတ်စလင်အုပ်စုဟူ၍သတ်မှတ်ပြီး ထိုအုပ်စုနှစ်ခု လုံးကို သုတ်သင်ရှင်းလင်းလိုသည့်ဆန္ဒရှိခဲ့သည်။ 'မောင်ဒူဒီ'၏အတွေး အခေါ်သည် ကျမ်းမြတ်ကုရ်အာန်နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည့် အပြင် တမန်တော်မြတ်(H)၏မိန့်မှာချက်များကလည်း ထိုသို့သော အမည်ခံ သာသနာ့ပညာရှင်များကို ရှုတ်ချထားသည်မှာ ...
'၎င်းတို့၏သာသနာ့ပညာရှင်များသည် မိုးအောက်မြေပြင်တွင် အဆိုးဝါးဆုံး သော ဖန်ဆင်းခံများဖြစ်လိမ့်မည်၊ ပြဿနာများသည် သူတို့ထဲကပင်ပေါက်ဖွားလာမည်ဖြစ်ကာ သူတို့ထံသို့သာ ပြန်လှည့်သွားလိမ့်မည်။  ငါ၏နောက်လိုက်အုပ်စုအတွင်း ကြောက်မက်ဖွယ် အခြေအနေတစ်ရပ် ပေါက်ဖွားလာပြီး လူတို့က ထိုအကြောက်တရားမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လမ်းညွှန်မှုတောင်းခံရန် သာသနာ့ ပညာရှင်များထံ သွားရောက်သည့်အခါ ထိုနေရာတွင် မျောက်များနှင့် ဝက်များကိုသာ တွေ့ကြရလိမ့်မည်။ 

အသိဉာဏ်ပညာ လုံးဝကင်းမဲ့သွားသောအချိန်ကာလသည် ဆိုက်ရောက် လာလတ္တံ့။ လူတို့သည် သူတို့၏ခေါင်းဆောင်များကို လျစ်လျူပြုလာကြ မည်ဖြစ်ပြီး သူတို့၏သာသနာ့ပညာရှင်များထံတွင် ဘာသာရေးရာ လမ်းညွှန်မှုကို တောင်းခံကြလိမ့်မည်။ ထိုအခါ သာသနာ့ပညာရှင်များသည် မည်သည့်အသိတစ်စုံတစ်ရာမျှမရှိဘဲ 'ဖတ္တဝါ'ဓမ္မသတ်များ ထုတ်ပြန်လိမ့် မည်။ စင်စစ် ထိုသာသာနာ့ပညာရှင်များကိုယ်တိုင် လမ်းညွှန်မှုမဲ့နေကြပြီး ၎င်းတို့သည် မည်သူ့ကိုမျှလည်း လမ်းညွှန်နိုင်လိမ့်မည်မဟုတ်ချေ။'

အဟ်မဒီယာမွတ်စလင်အဖွဲ့ကြီး၏ စတုတ္ထ'ခလီဖတွလ်မဆီဟ်' ဟာဇရတ် မီရ်ဇာတာဟီရ်အဟ်မဒ် ရေးသားပြုစုသော Murder In The Name Of Allah အမည်ရစာအုပ်တွင် သခင်က 'မောင်ဒူဒီ'အကြောင်းနှင့် သူ၏ ကမ္ဘာအပေါ်ထားရှိသော စိတ်သဘောထားအမြင်ကိုချိန်ထိုးကာ ဝေဖန်သုံး သပ်ပြထားသည်။  ထို့ကြောင့်ပင် အဟ်မဒီယာမွတ်စလင်ဂျမာအတ်ကို တည်ထောင်သူ ဟာဇရတ် မီရ်ဇာဂိုလာမ်အဟ်မဒ်သခင်က မောင်ဒူဒီ မမွေးဖွားမီ  လွန်ခဲ့သောရာစုနှစ်တစ်စုကျော်ကာလကပင် သာသာနာ့ပညာရှင် အမည်ခံ တို့၏အခြေအနေကို သုံးသပ်ပြထားခဲ့သည်။

၎င်းတို့၏ သာသနာ့ပညာရှင်များသည် ယနေ့ခေတ်အာဏာပိုင်များနှင့် တွေ့ဆုံကြုံကြိုက်ရသည့်အခါ ချက်ချင်းပင် နာခံလိုက်နာလိုက်ကြမည့် အသွင်မျိုး ပေါ်လွင်နေကြသော်လည်း တကယ်တွင် ၎င်းတို့သည် မိမိတို့ နေထိုင်ကျက်စားရာနိုင်ငံ(နေရာဒေသ)ကို စစ်တလင်းဖြစ်အောင်ပြုလုပ်ရန် တိုးတိတ်စွာကြံစည်နေသူများပင်ဖြစ်သည်။ ၎င်းတို့သည် ကျမ်းမြတ် ကုရ်အာန်နှင့် ဟဒီးစ်တော်များက မသွန်သင်သော မိမိတို့ဘာသာ တီထွင်ဖန်တီးထားသည့် အကြမ်းဖက်ဝါဒကို 'ဂျီဟာဒ်'အမည်တပ်ကာ ဖြန့်ချိလျက် ရှိပြီး ခရစ်ယာန်များနှင့် ၎င်းတို့နှင့်အတွေးအခေါ်မတူသူ မည်သူ့ကိုမဆို ပစ်မှတ်ထားကာ သုတ်သင်ရှင်းလင်းနေကြသည်။

၎င်းတို့အနေဖြင့် မိမိတို့နားလည်ဖွင့်ဆိုသော 'ဂျီဟာဒ်'သည် လုံးဝမှန်ကန်မှု မရှိသည့်အပြင် 'ဂျီဟာဒ်'၏ပထမဦးစားပေးနေရာတွင် 'လူသားချင်းစာနာမှု' သည် အဓိကနေရာမှပါဝင်နေသည်ဆိုခြင်းကို သိထားအပ်ပေသည်။ တွင် အစ္စလာမ့်ခေတ်ဦးပိုင်းက လက်နက်ကိုင်တိုက်ပွဲဝင်မှု 'ဂျီဟာဒ်'ကို ယနေ့ ပြန်လည်ဆင်နွှဲရန် အချိန်ကျရောက်ပြီ၊ ပြုပိုင်ခွင့်ရှိသည်ဟုလည်း လွဲမှားစွာ နားလည်ထားကြသည်မှာ လုံးလုံးလျားလျားမှားယွင်းပေသည်။ ထို့ပြင် ၎င်းတို့၏ အကြောင်းပြချက်ကလည်း အခြေအမြစ်မရှိပေ။ တမန်တော်မြတ်က အခြေအနေနှင့် အချိန်အခါမဟုတ်ဘဲ မည်သည့်အခါ ကမှ ဓားလက်နက်ကိုင်စွဲခဲ့ခြင်းမျိုးမရှိခဲ့သည့်အပြင် ရန်သူဘက်မှ ဦးစွာ လက်နက်စွဲကိုင်ခြင်းမပြုသေးသရွေ့ တမန်တော်မြတ်သည်လည်း လက်နက် စွဲကိုင်ခဲ့ခြင်းမရှိချေ။ အပြစ်မဲ့သူများ၊ ရိုးသားဖြောင့်မတ်သူများ၊ မိန်းမသားများ၊ ကလေးများကို အကြင်နာတရားကင်းမဲ့စွာသတ်ဖြတ်ခြင်းများ အကြောင်းကို ယနေ့ ကြားနေ၊ မြင်နေရသည့်အခါ ကျွန်ုပ်တို့မှာ မျက်ရည်မဆည်နိုင်ဖြစ်ရသည်။

ပရော်ဖက်ဆာဘားနက်လူးဝစ်က 'အသေခံဗုံးခွဲမှုသည် ၂၀ ရာစုကာလတွင် မှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး အစ္စလာမ်သာသနာက ထိုသို့သွန်သင်ထားခဲ့ သည်မဟုတ်သလို သာသာနာ၏အခြေခံလည်းမဟုတ်ချေ'ဟု ဆိုထားသည်။

ထို့ပြင် 'မောင်ဒူဒီ'ကဲ့သို့သော အကြမ်းဖက်ဝါဒီများမှာ မိမိတို့ ခံယူကျင့်သုံး နေသည့် သာသနာကိုပင် ကောင်းစွာသဘောပေါက်နားလည်ခြင်းမရှိသူများ ဖြစ်သည်။

အချုပ်ဆိုရလျှင် တမန်တော်မြတ် မိုဟမ္မဒ်(H)သခင်သည် 'မည်သည့် အကြမ်းဖက်မှုမျိုးကိုမဆို တားမြစ်ပိတ်ပင်ခဲ့ပြီး နောက်လိုက်များအား မိမိတို့ ကိုယ်ကို တိုးတက်ကောင်းမွန်လာအောင် ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ် နေကြရန်နှင့် ဤသည်သာလျှင် အကြီးမြတ်ဆုံး ဂျီဟာဒ်ဖြစ်ကြောင်း'ကိုသာ သွန်သင်မိန့်မှာတော်မူခဲ့ပေသည်။

(ဆောင်းပါးရှင် - Ziah Shah)
http://www.themuslimtimes.org/

ဝက်သားကိုအဘယ်ကြောင့်တားမြစ်ပါသနည်း

ဤအကြောင်းနှင့်စပ်လျဉ်း၍ မှတ်သားသင့်သည့်အချက်တစ်ခုကား ဤတိရစ္ဆာန်၏ အမည်ပင်လျှင် ၎င်း၏အသားကိုမစားရန် တားမြစ်ရခြင်းအကြောင်းရင်းကို ဘုရားရှင်က ညွှန်ပြထားပေသည်။ ဝက်အတွက် အာရဗီဘာသာစကားမှာ ''ခင်ဇီးရ်''ဖြစ်၍ ''ခန့်ဇ်''နှင့်''အာရ်''စကားလုံးနှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာ ကျွန်ုပ်သည် ၎င်းအရာကို အလွန်မကောင်းဟု မြင်သည်ဟု ရရှိလေသည်။

သို့ဖြစ်ရာ ကြီးမြတ်တော်မူသောဘုရားရှင်က ဤတိရစ္ဆာန်အား ပေးထားသောအမည်ကပင်လျှင် ယင်းတိရစ္ဆာန်၏ မသန့်ရှင်းမစင်ကြယ်မှုကို အစကနဦးကပင်လျှင် ညွှန်ပြလျက်ရှိပေသည်။ အရေးကြီးသော တိုင်ဆိုင်မှုတစ်ရပ်ကား ဟိန္ဒီဘာသာစကားဖြင့် ဤတိရစ္ဆာန်ကို ''ဆူဝါရ်''ဟုခေါ်လေရာ ''ဆူး''နှင့် ''အာရ်''စကားလုံးနှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ဤစကားလုံး၏အ ိပ္ပါယ်မှာလည်း ကျွန်ုပ်သည် ၎င်းအရာကို အလွန်မကောင်းမြင်သည်ဟုရရှိပေသည်။ အာရဗီဘာသာစကား ''ဆူး''မှာ ဟိန္ဒီဘာသာစကားသို့ ရောက်ရှိသွားသည်ကိုအံ့ဩစရာအကြောင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် အာရဗီဘာသာစကားမှာ ဘာသာစကားအားလုံး၏ အရင်းအမြစ်မိခင်ဖြစ်ကြောင်းနှင့် ဘာသာစကားအားလုံးတို့တွင် အာရဗီဘာသာစကားများစွာကို တွေနိုင်ပေသည်။ သို့ဖြစ်ရာ ''ဆူး''သည် အာရဗီဘာသာစကားဖြစ်ပြီး ဟိန္ဒီဘာသာတွင် ''ဘက်ဒ်''ဟူသော စကားလုံးနှင့် အဓိပ္ပါယ်တူလေသည်။ ဟိန္ဒီဘာသာဖြင့်လည်း ဤတိရစ္ဆာန်ကို ''ဘက်ဒ်''ဟုခေါ်ဝေါ်လေသည်။  သင်္သကရိုက်ဘာ
သာစကားတွင် ဤစကားလုံးမှာ အနည်းငယ်အပြောင်းအလဲရှိကောင်း ရှိခဲ့နိုင်သည်။ သို့သော်စကားလုံးအမှန်မှာ ''ခင်ဇီးရ်''ဖြစ်ပြီး မူရင်းအဓိပ္ပါယ်ကို ဖော်ပြလျှက်ရှိပေသည်။

ဤတိရစ္ဆာန်၏ မကောင်းမှုကို အသေးစိတ်ရှင်းပြန်ရန်မလိုပါ။ ဤတိရစ္ဆာန်သည်ညစ်ပတ်သော အရာများကိုစားသုံး၍၊ လုံးဝအရှက်ကင်းမဲ့ကြောင်း လူတိုင်းအသိဖြစ်ပေသည်။သို့ဖြစ်ရာ ၎င်းး၏အသားကို တားမြစ်ရခြင်းအကြောင်းကား ပေါ်လွင်ထင်ရှားနေ၏။အကြောင်းမူကား သဘာဝအရ ၎င်း၏အသားသည် စားသုံးသူအား ကိုယ်ခန္ဓာပေါ်၌လည်းကောင်း၊ စိတ်ဝိညာဉ်အပေါ်၌လည်းကောင်း၊ ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေလိမ့်မည်။ အစားအစာသည် လူတစ်ဦး၏ စိတ်ဝိညာဉ်အပေါ် အကို်းသက်ရောက်မှုရှိခြင်းကြောင့်ဖြစ်ပေသည်။ ဤကဲ့သို့မကောင်းသော အရာများသာစားသုံးသော တိရစ္ဆာန်၏အသားသည်လည်းမကောင်းပင်ဖြစ်ရမည်မှာ ယုံမှားသံသယရှိရန် အကြောင်းမရှိချေ။

အစ္စလာမ်မတိုင်မီခေတ်ကာလပင်လျှင် ဂရိဆေးပညာရှင်တို့က ဤတိရစ္ဆာန်၏အသားသည် အထူးသဖြင့် ဣန္ဒြေသိက္ခာကို ပျက်စီးစေပြီး အရှက်ကင်းမဲ့မှုကိုဖြစ်စေကြောင်း အယူအဆရှိခဲ့ကြလေသည်။ အသေသားစားခြင်းကိုလည်း အစ္စလာမ်က တားမြစ်ထားခြင်းမှာထိုအကြောင်းကြောင့်ပင်ဖြစ်၏။ ၎င်းအရာသည် ကိုယ်ကျင့်တရားကိုထိခိုက်စေပြီး ကျန်းမာရေးကိုလည်း ဥပါဒ်ဖြစ်စေလေသည်။ လည်မျိုကိုညှစ်သတ်၍ဖြစ်စေ၊ ရိုက်သတ်၍ဖြစ်စေ၊ သေသောတိရစ္ဆာန်၏သွေးသည် သေသောတိရစ္ဆာန်၏ ကိုယ်ခန္ဓာထဲတွင်ပင် ရှိနေပေရာ၎င်းသည် သားပုပ်ပင်ဖြစ်လေသည်။ ထိုသို့သေသောတိရစ္ဆာန်၏သွေးသည် မကြာမီပုပ်၍ အသားများကိုလည်း ပုပ်စေသည်။ ခေတ်မီ သုတေသနပြုချက်များအရ ထိုကဲ့သို့သောတိရစ္ဆာန်၏သွေးမှ ရောဂါပိုးတို့သည် တိရစ္ဆာန်၏အသားများကို အဆိပ်ဖြစ်စေကြောင်းအခိုင်အမာတွေ့ရှိရပေသည်။

အစ္စလာမ့်ဒဿနကျမ်းမှ ကောက်နှုတ်ဖော်ပြသည်။

Sunday, September 14, 2014

ဗြိတိန်နိုင်ငံ၏ ၄၈ ကြိမ်မြောက် နှစ်ပတ်လည် ဂျလ်ဆာအခမ်းအနား

- ဗြိတိန်နိုင်ငံ အဟ်မဒီယာမွတ်စလင်ဂျမာအတ်၏ ၄၈ ကြိမ်မြောက် နှစ်ပတ်
လည် ဂျလ်ဆာအခမ်းအနားကို ဗြိတိန်နိုင်ငံတောင်ပိုင်း Hampshire ရှိ
'ဟဒီကတွလ်မဟ်ဒီ' ကွင်းပြင်တွင် ၂၀၁၄ ခုနှစ် ဩဂုတ်လ ၂၉ ရက်မှ ၃၁
ရက်ထိ သုံးရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၉၇ နိုင်ငံမှ လူဦးရေ
၃၃၀၀၀ ကျော်မျှ တက်ရောက်ခဲ့ကြသည်။


- 'ဂျလ်ဆာ' ပထမနေ့- ၂၉.၈.၂၀၁၄- 'သောကြာ'မိန့်ခွန်းတွင် အဟ်မဒီယာ
မွတ်စလင်ဂျမာအတ်၏ဦးစီးခေါင်းဆောင် ဟာဇရတ် မီရ်ဇာ မာစ်ရူရ်
အဟ်မဒ်သခင်က 'ဂျလ်ဆာ'အခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်
ချက်များနှင့်စပ်လျဉ်း၍ မိန့်ကြားခဲ့သည်။
- 'ဂျလ်ဆာ'ဖွင့်ပွဲနေ့တွင်  ခလီဖတွလ်မဆီဟ်သခင်မှ အဟ်မဒီယတ်အလံကို
လွှင့်ထူခဲ့ပြီး၊ တစ်ပြိုင်တည်းမှာပင် ဗြိတိန်နိုင်ငံ အဟ်မဒီယာမွတ်စလင်
ဂျမာအတ်၏ ဥက္ကဋ္ဌ 'ရဖီးက်ဟယားတ်'က ဗြိတိန်နိုင်ငံအလံကို လွှင့်ထူခဲ့
သည်။ ထို့နောက် ခလီဖတွလ်မဆီဟ်သခင်မှ 'ဒိုအာ' ဆုတောင်းလျက်
အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

- အဖွင့်မိန့်ခွန်းတွင် သခင်ကြီးက တမန်တော်မြတ် မိုဟမ္မဒ်(sa)သခင်၏
မွန်မြတ်သန့်စင်လှသောကိုယ်ကျင့်သိက္ခာတော်များအကြောင်းကို ဟောကြား
တော်မူခဲ့သည်။ သခင်ကြီး မိန့်ကြားသည်မှာ- 'တမန်တော်မြတ်(sa)ဟာ
လောကလူသားအားလုံးအတွက် ကရုဏာတော်ဖြစ်ကြောင်း ကျမ်းမြတ်
ကုရ်အာန်မှာ မိန့်ဆိုထားပါတယ်။ ကိုယ်တော်မြတ်ရဲ့ ကရုဏာတော်နှင့်
မေတ္တာတရားတို့ဟာ ယုံကြည်သူမွတ်စလင်တွေအတွက်သာ ကန့်သတ်ထား
တာမဟုတ်ဘဲ လူသားတိုင်း၊ နေရာဒေသတိုင်း၊ ခေတ်ကာလတိုင်းအတွက်
ဖြန့်ကြက်လွှမ်းမိုးထားလျက်ရှိပါတယ်။'
'ဒါကြောင့် အဟ်မဒီယာမွတ်စလင်အသင်းတော်က တမန်တော်မြတ်(sa)ရဲ့
ကရုဏာတော်နှင့် မေတ္တာတရားကို ကမ္ဘာလောက အစွန်အဖျားများသို့တိုင်
ပို့ဆောင်မှာဖြစ်ပါတယ်။'
- 'ဂျလ်ဆာ' ဒုတိယနေ့- ခလီဖတွလ်မဆီဟ်သခင်မှ အဟ်မဒီယာ မွတ်စလင်
ဂျမာအတ်၏ (၂၀၁၃-၂၀၁၄)တစ်နှစ်တာ အောင်မြင်တိုးတက်မှု၊ အလ္လာဟ်
အရှင်မြတ်ထံတော်မှ ပေးသနားတော်မူသော ကောင်းချီးမင်္ဂလာတော်များ
နှင့်စပ်လျဉ်း၍ အစီရင်ခံစာကို ဖတ်ကြားပြခဲ့သည်။
- ယခင်နှစ်ကအထိ 'အဟ်မဒီယာမွတ်စလင်'အဖွဲ့ဝင်နိုင်ငံ အရေအတွက်မှာ
၂၀၄ နိုင်ငံဖြစ်ပြီး ယခုနှစ်တွင် 'ဘီလစ်ဇ်'နှင့် 'ဥရုဂွေး'နှစ်နိုင်ငံတွင်
အဟ်မဒီယာ ဂျမာအတ်ကို တည်ထောင်နိုင်ခဲ့ပြီဖြစ်၍ အဖွဲ့ဝင် နိုင်ငံပေါင်း
၂၀၆ နိုင်ငံရှိလာပြီဖြစ်ကြောင်း၊ ထို့ပြင် ယခင်တစ်နှစ်တာအတွင်း လူဦးရေ



 ၅၅၅၂၃၅ ဦးမျှသည် အဟ်မဒီယာဂျမာအတ်အတွင်းသို့ ဝင်ရောက်လာခဲ့
ကြောင်း သခင်ကြီးက ကြေညာခဲ့သည်။
- ထို့ပြင် အဟ်မဒီယာမွတ်စလင်ဂျမာအတ်မှ ကျမ်းမြတ်ကုရ်အာန်ကို ဘာသာ
စကားပေါင်းစုံဖြင့် ပြန်ဆိုလျက် လူမျိုးအုပ်စုအသီးသီးထံသို့ ကုရ်အာန်၏
သတင်းစကားကို ပို့ဆောင်ရေးစီမံကိန်းအရ ယခင်နှစ်ကအထိ ကျမ်းမြတ်
ကုရ်အာန်ကို ဘာသာစကား ၇၁ ခုဖြင့် ပြန်ဆိုခဲ့ပြီးဖြစ်၍ ယခုနှစ်တွင်
နယူးဇီလန်နိုင်ငံ 'မာအိုရီ'လူမျိုးအုပ်စုများ၏ ဘာသာစကားဖြင့် ပြန်ဆိုထား
သည့် 'မာအိုရီ'ဘသာပြန်လည်း ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့်
ယခု အဟ်မဒီယာဂျမာအတ်မှ ကျမ်းမြတ်ကုရ်အာန်ကို ဘာသာစကားပေါင်း
၇၂ ခုဖြင့် ဘာသာပြန်ဆိုထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် ခလီဖတွလ်
မဆီဟ်သခင်၏ နယူးဇီလန်ခရီးစဉ်တွင် 'မာအိုရီ'မျိုးနွယ်စု၏ဘုရင်ထံ
ကျမ်းမြတ်ကုရ်အာန် 'မာအိုရီ'ဘာသာပြန်ကို လက်ဆောင်ပေးအပ်ခဲ့ပြီး
ဖြစ်ကြောင်း သခင်ကြီးက ကြေညာခဲ့သည်။

- ၂၀၁၃-၂၀၁၄ တစ်နှစ်တာ အစီရင်ခံစာအရ-

- ကမ္ဘာတစ်ဝှန်းတွင် ဂျမာအတ် ရုံးခွဲအသစ် ၇၃၀ စိုက်ထူနိုင်ခဲ့သည်။
- ကမ္ဘာတစ်ဝှန်းတွင် အဟ်မဒီယာဂျမာအတ်မှ ဗလီဝတ်ကျောင်းတော်ပေါင်း
၂၀၄ ခုကို အသစ်ဆောက်လုပ်နိုင်ခဲ့ပြီး အသင့်ဆောက်လုပ်ပြီး ဗလီဝတ်
ကျောင်းတော် ၃၈၂ ခုကို အဟ်မဒီယာဂျမာအတ်မှ လွှဲပြောင်းရရှိခဲ့သည်။
- ကမ္ဘာတစ်ဝှန်းတွင် မစ်ရှင်'သာသနာပြု အဆောက်အဦးပေါင်း ၂၈၀၈ လုံး
တည်ဆောက်နိုင်ခဲ့သည်။
- နိုင်ငံပေါင်း ၂၈ ခုတွင် သတင်းစာပေါင်း ၁၄၃ ခုကို စဉ်ဆက်မပြတ်
ပုံနှိပ်ထုတ်ဝေလျက်ပြီး၊
- နိုင်ငံပေါင်း ၄၃ ခုတွင် စာအုပ်သစ်ပေါင်း ၃၅၂၅၆၁ မျှ ဖြန့်ဝေနိုင်ခဲ့သည်။
- ကမ္ဘာတစ်ဝှန်းတွင် တစ်နှစ်တာအတွင်း ကျမ်းမြတ်ကုရ်အာန် ပြခန်းနှင့်
အဟ်မဒီယာဂျမာအတ် မိတ်ဆက်ပြပွဲ စုစုပေါင်း ၂၂၃၅ ကြိမ်

 ဖွင့်လှစ်ပြသနိုင်ခဲ့ပြီး လူဦးရေ ၈၀၀၀၀၀၀ မျှအထိ အဆက်အသွယ် ရရှိခဲ့
သည်။
- ကမ္ဘာတစ်ဝှန်းရှိ စာနယ်ဇင်းပေါင်း ၁၅၀၀ တွင် သတင်းဆောင်းပါးပေါင်း
၃၈၂၆ ခုမျှ ဖော်ပြနိုင်ခဲ့ပြီး စာဖတ်ပရိသတ် ၃ ကုဋေမျှအထိ သတင်းစကား
ပို့ဆောင်နိုင်ခဲ့သည်။
- ယခုတစ်နှစ်တာအတွင်း 'ဝါကဖေနောင်း' (သာသနာ့အကျိုးသယ်ပိုးရန်
မမွေးဖွားမီကပင် စွန့်လှူထားသည့်ကလေးငယ်) ဦးရေ ၃၄၄၂ ဦးမျှ
တိုးပွားလာပြီး စုစုပေါင်း 'ဝါကဖေနောင်း'ဦးရေ ၅၄၁၃၅ ရှိပြီဖြစ်သည်။
ထိုအထဲတွင် ပျမ်းမျှ ယောက်ျm;လေး ၃၃၀၀၀ နှင့် မိန်းကလေး ၂၁၀၀၀
ဖြစ်သည်။
- e-Books ၁၈ ခု အသစ်တိုးမြှင့်ခဲ့သည်။
- MTA International ရုပ်သံထုတ်လွှင့်မှုအစီအစဉ်တွင် ဝန်ထမ်းပေါင်း
၃၈၄ ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး ယခုနှစ်တွင် အာဖရိက နိုင်ငံများ၌
ရေဒီယိုအသံထုတ်လွှင့်ဌာနပေါင်း ၁၆ ခု တည်ဆောက်နိုင်ခဲ့သည်။
- ရုပ်သံအစီအစဉ်ပေါင်း ၁၃၅၆ ခုတွင် အဟ်မဒီယာဂျမာအတ်နှင့်စပ်လျဉ်း၍
ထုတ်လွှင့်ခဲ့ပြီး လူဦးရေ ၂၀ ကုဋေမျှအထိ သတင်းစကားရောက်ရှိခဲ့သည်။ 
- နိုင်ငံအသီးသီးတွင် အဟ်မဒီယာဂျမာအတ်မှ စာသင်ကျောင်းပေါင်း ၆၈၁
ခု ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။ 
- Humanity First (လူသားအကျိုးပြု အဖွဲ့အစည်း) ကို နိုင်ငံပေါင်း ၄၃ ခုတွင် မှတ်ပုံတင်နိုင်ခဲ့ပြီဖြစ်သည်။ 
- လူသားအကျိုးပြုအစီအစဉ်အရ အာဖရိကတွင် ရေသန့်စက်ပေါင်း ၁၂၀၀
မျှအထိ တပ်ဆင်ပေးနိုင်ခဲ့ပြီး ၁၆၃၂ ဦးကို အခမဲ့ မျက်စိခွဲစိတ်ကုသပေး
နိုင်ခဲ့သည်။
- ဥရောပနိုင်ငံများတွင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉၆၈၀၀၀ ထိ စုစည်း
ကောက်ခံပေးနိုင်ခဲ့သည်။

 
- ထို့နောက်တွင် အဟ်မဒီယာဂျမာအတ်အတွင်း ဝင်ရောက်လာသူများအနက်
အလ္လာဟ်အရှင်မြတ်ထံတော်မှ လမ်းညွှန်တော်မူခြင်းခံရလျက် အရှင်မြတ်ထံ
တော်မှပြသသည့် အိပ်မက်မြင်ကွင်းများအားဖြင့် အမှန်တရားကို သိမြင်ခဲ့
ကြရသော လူပုဂ္ဂိုလ်များ၏ဖြစ်ရပ်အတွေ့အကြုံများကိုလည်း တင်ပြခဲ့သည်။
- 'ဂျလ်ဆာ' တတိယနေ့- တနင်္ဂနွေနေ့တွင် အပြည်ပြည်ဆိုင်ရာ 'ဘိုင်အတ်'
ကတိသစ္စာခံယူရန် 'ဂျလ်ဆာ'ခန်းမအတွင်း လူစုလူဝေးကြီးမှာ သူတို့၏
ချစ်လှစွာသော ခေါင်းဆောင် 'အစ္စလာမ့်ခလီဖာဟ်' ရောက်လာမည့်အချိန်
ကို  တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းလျက်ရှိကြသည်။ ထို့နောက်တွင်
ခလီဖတွလ်မဆီဟ်သခင်ရောက်ရှိလာပြီး 'ဘိုင်အတ်'ကတိသစ္စာပြုချက်များ
ကို ဖတ်ရွတ်လျက် 'ဘိုင်အတ်'ပေးခဲ့သည်။

- 'ဟဒီကတွလ်မဟ်ဒီ'ကွင်းပြင်မှ လူပေါင်း ၃ သောင်းကျော်မျှသာမက ကမ္ဘာ
အရပ်ရပ်မှ အဟ်မဒီများကလည်း အမ်တီအေရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်မှု
အစီအစဉ်ဖြင့် ထို'ဘိုင်အတ်'သစ္စာပြုပွဲတွင် ပါဝင်ခဲ့ကြသည်။ 
- သခင်ကြီး၏လက်တွင် ကတိသစ္စာဆိုရင်း မျက်ရည်များဖြိုင်ဖြိုင်ကျလျက်
အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဆုတောင်းနေကြသည့် မြင်ကွင်းမှာ
ငြိမ်းချမ်းမှုအတိရှိပြီး အလွန်စိတ်လှုပ်ရှား ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခု
ဖြစ်တော့သည်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-