အစ္စလာမ့်ခလီဖာ၊ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်သည် ဇွန်လ ၁၆ ရက် နေ့က အမေရိကန်နိုင်ငံသို့ ရောက်ရှိကြောင်း သတင်းရရှိသည်။ သခင်ကြီးကို အမေရိကန် အဟ်မဒီယာ မွတ်စလင်မ်အဖွဲ့ဝင်များက ကြွေးကြော်သံများဖြင့် ကြိုဆိုခဲ့ကြသည်။
အဟ်မဒီယာမွတ်စလင်မ်အဖွဲ့အား တည်ထောင်သူအရှင်သူမြတ်၊ မဆီဟ်နှင့်မဟ်ဒီဘွဲ့ခံ၊ ဟာဇရသ်မီရ် ဇာဂူလာမ်အဟ်မဒ်(အ) အား ပဉ္စမမြောက်ဆက်ခံသည့် ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ် (အဟ်မဒီယာ မွတ်စလင်မ်အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်) သည် အမေရိကန်နိုင်ငံ၊ ချီကာဂို၊ အီလီနွိုက်စ်သို့ ၁၆ ရက်နေ့ ညနေပိုင်းက ကြွရောက်လာခဲ့ခြင်းဖြစ်သည်။ သခင်ကြီးသည် အမေရိကန်နိုင်ငံတွင် ရက်သတ္တနှစ်ပတ် နေထိုင်မည်ဖြစ်သည်။
ချီကာဂိုမြို့ အဟ်မဒီယာမွတ်စလင်မ်ဗလီဝတ်ကျောင်းတွင် ကလေးသူငယ်များက ပန်းစည်းများဖြင့် လည်းကောင်း၊ ကဗျာလင်္ကာများဖြင့်လည်းကောင်း ကြိုဆိုခဲ့သည်။
သခင်ကြီးသည် အမေရိကန်နိုင်ငံတွင်ရှိနေစဉ် ထောင်ပေါင်းများစွာသော မွတ်စလင်မ်များအား တွေ့ဆုံ သွားမည်ဖြစ်သည်။ သခင်ကြီးမှာ ကပ္ပီတလ်တောင်ကုန်း၊ Rayburn House Office Building ၌ ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပမည့် ပါတီပေါင်းစုံမှ ကိုယ်စားလှယ်များ၏ အထူးဧည့်ခံပွဲ အခမ်းအနား၌ "ငြိမ်း ချမ်းရေးခြင်း အတွက် နည်းလမ်း-နိုင်ငံများအကြား အဆက်အဆံ" ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်း မြွက်ကြားမည်ဖြစ်ကြောင်း သိရသည်။
ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၁ ရက်နေ့ထိကျင်းပမည့် အမေရိကန်နိုင်ငံလုံးဆိုင်ရာ အဟ်မဒီယာ မွတ်စလင်မ်အဖွဲ့၏ နှစ်ပတ်လည်ညီလာခံကိုလည်း သခင်ကြီး၏ခေါင်းဆောင်မှုဖြင့် ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
June 19, 2012
admin