Wednesday, June 20, 2012

ဝက်စ်ဘန့်ခ်ဗလီဝတ်ကျောင်းတော် မီးရှို့ဖျက်ဆီးခံရ





ဂျေရုစလင်
ဇွန်လ ၁၉ ရက်၊ ၂၀၁၂
source: http://goo.gl/QCuxJ


ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းခြေ ဝက်စ်ဘန့်ခ်၌ တည်ရှိသော ဝက်စ်ဘန့်ခ်ဗလီဝတ်ကျောင်းတော် မှာ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း နယူးယောက်တိုင်းမ်စ်သတင်းစာက တင်ပြသည်။ 


ဝက်စ်ဘန့်ခ်မှ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဗလီကျောင်းနံရံတွင် ဟီဗရူးဘာသာစကားဖြင့် စစ်ကြေငြာခြင်း မီးရှို့ဖျက်ဆီးသူများက ရေးသားထားခဲ့သည်။

ဝက်စ်ဘန့်နယ်နိမိတ်အနီး အုလ်ပါနာအရပ်တွင် ဂျူးမိသားစုများက အငြင်းပွားဖွယ်ဖြစ်နေသည့် မိမိတို့နေအိမ်များကို ဖယ်ရှားပေးခြင်းမပြုမီ ယင်းဖြစ်ရပ် ဖြစ်ပျက်ခဲ့သည်။ ထို့ပြင် ဗလီဝတ်ကျောင်း တော်၏နံရံတွင် အုလ်ပါနာအတွက်စစ်ကြေငြာခြင်းဟု အဓိပ္ပါယ်ဆောင်သည့် သတိပေးစာကို မီးရှို့ဖျက်ဆီးသူများက ရေးခြစ်သွားခဲ့သည်။

တာဝန်ရှိရဲများ၏ ပြောဆိုမှုအရ ဤသည် ၁၈ လအတွင်း ဗလီဝတ်ကျောင်းတော်များကို စတုတ္ထအကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အုလ်ပါနာတွင် အခြေချနေထိုင်လာသည့် အစွန်းရောက်များ၏ price tag လှုပ်ရှားမှုအစိတ်အပိုင်းတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

အုလ်ပါနာမှ ဂျူးတို့ရွှေ့ပြောင်းပေးရေးမှာ အစ္စရေးဝန်ကြီးချုပ်နာတန်ယာဟုလက်ထက်တွင် သော့ချက် ကျသည့် စမ်းသပ်မှုတစ်ခု ဖြစ်လာခဲ့သည်။ နာတန်ယာဟုကမူ ဗလီကျောင်းအားတိုက်ခိုက်မှုကို ရည်ညွှန်း ပြီး ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်မှုမပြုနိုင်သည့် လုပ်ရပ်နှင့် တာဝန်သိတတ်မှုကင်းသော ဥပဒေ မဲ့လုပ်ရပ်ဖြစ်ကြောင်း ရှုံ့ချပြောဆိုခဲ့သည်။ ထို့ပြင် ၎င်းအစိုးရအနေဖြင့် ထိုအမှုအား တရားမျှတစွာ စီရင်ဖို့ အလျင်အမြန်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

အစ္စရေးရဲတပ်ဖွဲ့မှ မစ်ကီရိုဆန်ဖဲလ်ဆိုသည့် ပြောခွင့်ရပုဂ္ဂိုလ်ကမူ ဂျေရုစလင်နှင့် ရာမာလာတို့မှ ငါးမိုင်စီကွာဝေးသော လူပေါင်း ၄၂၀၀ ခန့်နေထိုင်သည့် ပါလစ္စတိုင်းရွာတစ်ရွာဖြစ်သည့် ဂျဗားမှ သံသယဖြစ်ဖွယ် လူအများအပြားဝင်ရောက်လာခဲ့ကြောင်း၊ အင်္ဂါနေ့ စောစောပိုင်းက ဗလီတံခါးမကြီးကို ချိုးဖျက်ခဲ့ပြီး ဗလီကို မီးရှို့သဖြင့် ကောဇောများနှင့် ဗလီနံရံများ မီးလောင်ကျွမ်းခဲ့ကြောင်း ပြောကြားသည်။ ဗလီအပြင်ဘက်တွင်မူ ပြတင်းပေါက်လက်ယာဘက်၌ အုလ်ပါနာစစ်ပွဲဟု ရေးသားထားပြီး ဝဲဘက်တွင်မူ price tag ဟုရေးသားထား ကြောင်း၊ သို့ရေးသားခြင်းမှာ ဗလီကိုတိုက်ခိုက်ခြင်းသည် ဂျူးများရွှေ့ ပြောင်းပေးရခြင်းအတွက် ကလဲ့စားချေခြင်းဖြစ်သည်ဟု ဆိုလိုရာရောက်ကြောင်း သိရသည်။

ဂျဗားရွာ၏ အကြီးဆုံးဗလီဝတ်ကျောင်းအဖြစ် ဗလီအသေးတစ်လုံးအစား အသုံးပြုရန် လွန်ခဲ့သည့် သုံးနှစ်ကမှ ဆောက်လုပ်ထားသော ယင်းဗလီဝတ်ကျောင်းတော်ရှိ အဝါရောင် မီနာရာစက်ဝန်းမှာ ပတ်ဝန်းကျင်နေထိုင်သူများအတွက် အလွယ်တကူမှတ်မိနိုင်သည့် အမှတ်သင်္ကေတဖြစ်ကြောင်း၊ ထိုဗလီမှာ အုလ်ပါနာတွင်နေထိုင်သော ဂျူးများနှင့် ၈ မိုင်ခန့်ဝေးကြောင်း၊ မနက်စောစောပိုင်း ၁.၃၀ ခန့်တွင် ဗလီထဲမှ မီးတောက်များမြင်တွေ့ခဲ့ရပြီး တံခါးမကြီးလည်း ကျိုးပျက်နေကြောင်း ဂျဗားမြို့ခံ များက ပြောကြားသည်။ အစ္စရေးရဲများ ထိုနေရာသို့ မနက် ၆ နာရီတွင် ရောက်ရှိလာကြောင်း ရိုဆန်ဖဲလ်က ပြောကြားသည်။

ဂျဗားမြို့တော်ဝန် အဗ္ဗဒွလ် ကရီမ်ဘရှာရတ်ကမူ သူအုပ်ချုပ်နေရသည့် နယ်ပယ်မှာ ငြိမ်းချမ်းသော ဒေသဖြစ်ကြောင်းနှင့် ဗလီကိုဖျက်ဆီးသူများအား ပြစ်တင်ပြောဆိုခဲ့သည်။ "ဒီတစ်ကြိမ်တော့ မီးကိုနိုင်ကို ထိန်းလိုက်နိုင်တယ်။ ဒီကိစ္စအဆုံးသတ်သွားပြီလို့ ကျွန်တော်မထင်ဘူး။ သူတို့ ဒီထက်ဆိုး တာတွေလုပ်နိုင်သေးတယ်။ ကျွန်တော်တို့တိုင်းသူပြည်သားတွေနဲ့ သူတို့ရဲ့ ပစ္စည်းတွေက အန္တရာယ် ထဲမှာပါ။" ဟု ဘရှာရတ်က ပြောကြားသည်။

အခြေချနေထိုင်သူများ၏ ရီရှကောင်စီအကြီးအကဲ ဒါနီ ဒရန်ကမူ အစွန်းရောက်နေထိုင်သူများ များပြား လာခြင်းကို မည်သူမျှထိန်းချုပ်နိုင်ခြင်းမရှိကြောင်း အသိအမှတ်ပြုပြောဆိုခဲ့သည်။ ထိုအစွန်း ရောက် နေထိုင်သူများကပင် ယခုမီးရှို့ဖျက်ဆီးသည့်ကိစ္စ၏ သံသယဖြစ်ဖွယ် အရင်းအမြစ်ဖြစ် ကြောင်း၊ ဝတ်ပြု ရာနေရာကို မီးရှို့ခြင်းမှာ စိတ်ဓာတ်အောက်တန်းကျမှုဖြစ် ကြောင်းလည်း သူက အစ္စရေးရေဒီယိုသို့ ပြောကြားခဲ့သည်။



တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-