Friday, May 4, 2012

ဖိနှိပ်မှု၏ ရလဒ်များ ။ GCE O Level ကို ကမ္ဘာ့စံချိန်ဖြင့် အောင်မြင်ခဲ့သူ ပါကစ္စတန်နိုင်ငံမှ အဟ်မဒီကလေးငယ်တစ်ဦး


အသက် ၉ နှစ်ကနေ ၁၁ အရွယ်အကြား GCE O Level မှာ ကမ္ဘာ့စံချိန်တင်အောင်မြင်မှုရရှိခဲ့တဲ့ ကလေး ငယ်ကတော့ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့မှ ပါကစ္စတန်နိုင်ငံသူ၊ ဆီတာရာ ဘရုဂ်ျ အက္ကဘရ်ဖြစ်ပါတယ်။ 

မွေးချင်း ၅ ယောက်ထဲက အကြီးဆုံးဖြစ်တဲ့ ဆီတာရာကတော့ အဟ်မဒီတွေကို နှိပ်ကွပ်ရာမှာနာမည် ကြီးတဲ့ ပါကစ္စတန်နိုင်ငံ ၊ ပန်ဂျပ်ပြည်နယ်၊ ရဗ္ဗဝါမြို့မှဖြစ်ပါတယ်။

O Level စာမေးပွဲမှာ ဓာတုဗေဒ၊ ဇီ၀ဗေဒ၊ အင်္ဂလိပ်နဲ့ သင်္ချာဘာသာရပ်တွေမှာ အသက်အငယ် ဆုံး စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သူဖြစ်ပါတယ်။ 

ဗြိတိသျှကောင်စီက ကျင်းပတဲ့ IELTS စာမေးပွဲကျင်းပရေးကော်မတီက သူမကို စာမေးပွဲဖြေဆိုခွင့် ပေးခဲ့တာကြောင့် ၂၀၁၁ မှာ ဝင်ရောက်ဖြေဆိုခဲ့ရာ သတ်မှတ်ချက်စံချိန်အမြင့်ဆုံး နံပါတ် ၉ တွင် နံပါတ် ၇ ရရှိကာ ပါကစ္စတန်မှ အသက်အငယ်ဆုံး IELTS စာမေးပွဲဖြေဆိုအောင်မြင်သူဖြစ်ခဲ့ပြန် ပါတယ်။

ဆီတာရာအက္ကဘရ်ကတော့ GCE O Level နဲ့ IELTS တွေမှာ ကမ္ဘာစံချိန်၊ နိုင်ငံတော်အဆင့်စံချိန် တွေကို တင်နိုင်ခဲ့တာကြောင့် နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြားသူလေးဖြစ်တယ်လို့ Wikipedia ကမှတ်တမ်း တင်ထားပါတယ်။ စာမေးပွဲအမျိုးအစားနှစ်ခုလုံးမှာ ပါကစ္စတန်နိုင်ငံသားတွေထဲက အသက်အငယ်ဆုံး စာမေးပွဲဖြေဆိုသူဖြစ်ကြောင်း Wikipedia ကဆက်လက်ဖော်ပြပါတယ်။

သူမဟာ GCE O Level အဆင့် ဓာတုဗေဒစာမေးပွဲကို အသက် ၉ နှစ်အရွယ်မှာအောင်မြင်ခဲ့ပြီး ၁၁ နှစ်အရွယ်မှာတော့ ဇီ၀ဗေဒ၊ ရူပဗေဒနဲ့ သင်္ချာတို့ကို ကမ္ဘာ့အသက်အငယ်ဆုံးစာမေးပွဲဖြေဆိုသူအနေ နဲ့ အောင်မြင်ခဲ့တာကြောင့် ယခုအခါမှာ GCE A Level အတွက် ပြင်ဆင်လေ့ကျင့်လျက်ရှိနေပါပြီ။

အဖေဖြစ်သူဘရုဂ်ျအက္ကဘရ်ကတော့ သူမကို အရာရာ၌အမေးထူလွန်းသူလေးဖြစ်ပြီး ရရှိလာတဲ့ အဖြေကို ရောင့်ရဲတင်းတိမ်မနေတတ်သူလို့ မှတ်ချက်ပေးပါတယ်။

သူမအနေနဲ့ တတိယတန်းအထိပညာဆည်းပူးခဲ့ပြီးတဲ့နောက် ကျောင်းမှထွက်ကာ သူမဖခင်၊ သူမအတွက် ရည်စူးပြီးအရန်သင့် ဖွင့်လှစ်ပေးခဲ့တဲ့ ပုဂ္ဂလိကကျောင်းကို တက်ရောက်ခဲ့ပါတယ်။ 

သူမအနေနဲ့ စာမေးပွဲတွေကို ဘာကြောင့်ဝင်ရောက်ဖြေဆိုခဲ့ရသလဲဆိုတာနဲ့စပ်လျဉ်းပြီး သူမက အင်္ဂလိပ်ဘာသာရပ်နဲ့ပတ်သတ်ပြီး နိုင်ငံတကာအဆင့်မှာ ရပ်တည်နိုင်ဖို့အတွက်ရည်စူးပြီး ဝင်ရောက် ဖြေဆိုခဲ့ရခြင်းဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ သူမအနေနဲ့ ရူပနဲ့ဓာတုဗေဒဆိုင်ရာ သိပ္ပံပညာရှင်ကြီးဖြစ် လိုကြောင်း၊ နိုင်ငံတော်၏ တစ်ဦးတည်းသောနိုဗယ်ဆုရသိပ္ပံပညာရှင်ကြီး အဗ္ဗဒွတ်ဆလာမ်မှာ သူ၏စံပြ သရုပ်ဖြစ်ကြောင်း The Express Tribune ကိုပြောပြခဲ့ပါတယ်။

GCE O Level အောင်မြင်ခဲ့ပေမယ့် တက္ကသိုလ်ကောလိပ်တွေက သူမရဲ့အသက်အရွယ်ငယ် လွန်းတာကြောင့် ဝင်ခွင့်စာမေးပွဲပေးဖြေဖို့ ငြင်းဆိုခဲ့ကြပါတယ်။ ဗြိတိသျှကောင်စီရဲ့ IELTS ကိုတော့ အထူးအခွင့်အရေးတစ်ရပ်အနေနဲ့ ဖြေဆိုခွင့်ရရှိခဲ့သလို သူမရရှိခဲ့တဲ့ အမှတ်ကလည်း နိုင်ငံတကာ တက္ကသိုလ်များမှာ ဘွဲ့လွန်ဝင်ခွင့်အတွက် တင်ပြရတဲ့အမှတ်နဲ့ တန်းတူရှိခဲ့ပါတယ်။

သူမရဲ့ စံပြသရုပ်ဖြစ်တဲ့ ပရောဖက်ဆာအဗ္ဗဒွတ်စ်ဆလာမ်က အစ္စလာမ်နိုင်ငံများအကြား ပါကစ္စတန် ကို တစ်နိုင်ငံတည်းသော နူးလက်နက်ပိုင်နိုင်ငံအဖြစ်ရပ်တည်ဖို့ အခွင့်အလမ်းဖန်တီးပေးခဲ့ပါတယ်။  

GCE A Level အတွက်ပြင်ဆင်နေတဲ့ ဆီတာရာတစ်ယောက် တစ်ချိန်ချိန်မှာ ပရောဖက်ဆာအဗ္ဗဒွတ် ဆလာမ်လို ဖြစ်လာ၊ မလာဆိုတာကို စောင့်ကြည့်ရပါတော့မယ်။ 

source: 

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ Marietta မြို့ ၊ ဗဟိုစာကြည့်တိုက်မှ သမိုင်းဝင် ကျမ်းမြတ်ကုရ်အာန်ပြပွဲ


အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်ကိုယ်စားပြု မစ္စတာ Newt Gingrich ရဲ့ သမ္မတရွေးကောက် ပွဲဝင်ဖို့ အကြိုသတင်းတွေထွက်နေချိန်ဖြစ်ပါတယ်။ ဂျော်ဂျီယာက Marietta မြို့ရဲ့ ဗဟိုစာကြည့် တိုက်မှာ လူထူပရိသတ်ကို ဘာသာစကား ၃၀ နဲ့ ပြန်ဆိုထားတဲ့ ကုရ်အာန်ကျမ်းပြပွဲတစ်ခု ပထမဆုံး အကြိမ်တင်ဆက်လာပါတယ်။

ဂျော်ဂျီယာပြည်နယ်၊ Cobb County ဒေသက မိမိရဲ့စာသင်ခန်းထဲမှာ အစ္စလာမ်မစ်ဆွေးနွေးခန်းလေး တွေကို စိတ်အားထက်ထက်သန်သန်ပြုလုပ်လေ့ရှိတဲ့ ဆရာမတစ်ဦးအား ပြပွဲတာဝန်ခံ မစ္စတာ ရာဟ်မာန်းက စကားပြောလျက်ရှိနေခဲ့ပါတယ်။ 

ကြည့်ရတာတော့ ပညာရပ်ဆိုင်ရာ ပြပွဲအမျိုးအစားပါ။ ဂျော်ဂျီယာရဲ့ Clark County School District ဟာ အစ္စလာမ်မိုင်ဇေးရှင်းခေါ် အမေရိကန်မှာ မွတ်စလင်မ်တွေရဲ့ အစ္စလာမ်မှုပြုခြင်းကို ခွင့်ပြုပေးထားတယ်တဲ့ ဆိုတဲ့ စွပ်စွဲမှုထွက်ပေါ်လာပါတယ်။ စွပ်စွဲမှုကတော့ မွတ်စလင်မ်နဲ့ ခရစ်ယာန် ကို ဘုံအမျိုးအစားတစ်ခုမှာ ထည့်သွင်းဖော်ပြမိခဲ့တဲ့ စာတစ်စောင်ကြောင့်ပါ။ အဲဒီစွပ်စွဲမှုကို စက်တင်ဘာက ကျင်းပခဲ့တဲ့ “Ahlima debate” မှာ မစ္စတာ ဂယ်လ်လာဆိုတဲ့သူက စပြီးဖော်ပြခဲ့တာပါ။  ဒီပြပွဲကတော့ အလှည့်အပြောင်းလေးတစ်ခုပါပဲ။
ပြပွဲတာဝန်ခံ မစ္စတာရာဟ်မာန်းက “အဟ်မဒီယာမွတ်စလင်မ်အဖွဲ့အစည်းက ကျမ်းမြတ်ကုရ်အာန်ကို ဘာသာပေါင်း ၇၇ မျိုးနဲ့ထုတ်ဝေထားပါတယ်။ ဒီပြပွဲက ပထမဆုံးပွဲဖြစ်တာကြောင့် ဘာသာစကား ပေါင်း ၃၃ မျိုးလောက်ကိုပဲ တင်ဆက်ပြသထားပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

ပညာရေးရှုထောင့်တစ်ခုအနေနဲ့ ပြပွဲမှာ ယူတျူဗွီဒီယိုများ ဖွင့်ပြထားပါတယ်။ ကနေဒါက မစ္စတာလား ဟေးရီဆိုတဲ့သူက ဒီလိုအစီအစဉ်လေးတွေကို ၅ နှစ်လောက် သေချာလေ့လာ လိုက်စားရင်းကနေ မွတ်စလင်မ်အဖြစ် ပြောင်းလဲခံယူခဲ့သူလို့ ကျွန်တော်(သတင်းတင်ဆက်သူ) သိခဲ့ရပါတယ်။
လာရောက်ကြည့်ရှုသူတွေကတော့ အစ္စလာမ်နဲ့ ခရစ်ယာန်ဘာသာတွေ နှိုင်းယှဉ်ပြထားတဲ့ ပိုစတာ ကား ချပ်ကြီးတွေကို သေသေချာချာလေ့လာနေကြပါတယ်။ တချို့ပိုစတာများကတော့ အံ့အားသင့် စရာလေး တွေကို ချပြ ပေးပါတယ်။ ဥပမာ - အမျိုးသမီးတွေ မိမိတို့ဦးခေါင်း ကိုဖုံးအုပ်ထားရမယ် ဆိုတာမျိုး အစ္စလာမ်သာမက ခရစ်ယာန်ကျမ်းစာမှာပါ ရှင်းရှင်းလင်းလင်းကို တူညီစွာဖော်ပြထား တာတွေ့ရပါ တယ်။

တီလဂူ၊ ရုရှ၊ စပိန်နဲ့ ကျွန်တော်တစ်ခါမှမကြားဖူးတဲ့ဘာသာစကားတွေနဲ့ ပြန်ဆိုထားတဲ့ကုရ်အာန် စာအုပ် တွေကို ကျွန်တော့်ကလေးတွေ ပြေးပြေးလွှားလွှားကြည့်ရှုနေကြပါတယ်။ ကျွန်တော်တွေး နေမိခဲ့တာက ကုရ်အာန်ကို ဒီလိုဘာသာစကားမျိုးတွေနဲ့ ဘယ်သူတွေကများသေသေချာချာပြန်ဆိုခဲ့ တာလဲဆိုတာပါပဲ။ ကုရ်အာန်ရဲ့ အဓိပ္ပာယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းက မြင့်မြတ်တဲ့ယုံကြည်မှု လို့ မွတ်စလင်မ်တွေက ခံယူထားကြပါတယ်။ ကုရ်အာန်ကို အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့တဲ့ မော်လာနာ ရှေးရ်အလီဆိုတဲ့ပုဂ္ဂိုလ်က တစ်လိုင်းချင်းဆီမှာ အကောင်းဆုံးစကားလုံးတွေရဖို့ ဆုတောင်းပတ္ထနာ ပြုခဲ့သူပါပဲ။ ရလဒ်ကတော့ ခုသူ့ရဲ့အင်္ဂလိပ်ဘာသာပြန်ကုရ်အာန်က စံထားရတဲ့အဆင့်ရောက် နေပါပြီ။

ခင်ဗျားအနေနဲ့ ပြပွဲကိုမလာဖြစ်လိုက်ဘူးဆိုရင်တော့ www.alislam.org မှာ ခင်ဗျားရဲ့မိခင်ဘာသာ စကားနဲ့ ကုရ်အာန်ဘာသာပြန်ရှိမရှိရှာကြည့်နိုင်ပါတယ်။ 

မစ္စတာရာဟ်မာန်းကို မေးခွန်းတစ်ခုလောက်မေးကြည့်ခဲ့ပါတယ်။ တစ်ယောက်ယောက်ကများ သူ့ကို စိန်ခေါ်ခဲ့သလားဆိုတာပါ။ သူက “အမျိုးသမီးတစ်ဦးကတော့ ကျွန်တော့်မေးပါတယ်။ အမျိုးသမီး အခွင့်အရေးနဲ့ ကုရ်အာန်ပါလမ်းညွှန်ချက်များ ကျွန်မတို့ဘယ်လိုညှိယူနိုင်ပါသလဲဆိုပြီးတော့ပါ။ ကျွန်တော့် အဖြေကတော့ အစ္စလာမ်မတိုင်မီ ဘယ်သာသနာမှာမှ အခွင့်အရေးကိုသတ်သတ်မှတ်မှတ် ပြဌာန်း ပေးမထားဘူး၊ ဥပမာ အမျိုးသမီးများအတွက် အမွေခန်းဆိုင်ရာအခွင့်အရေးမျိုးပေါ့။”

ပထမအကြိမ်ကုရ်အာန်ပြပွဲကတော့ ဖော်ပြခဲ့သလိုပါပဲ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ သမိုင်းဝင်ပြပွဲလေးပါပဲ။ မစ္စတာရာဟ်မားန်အနေနဲ့ မကြာမြင့်မီမှာ ကုရ်အာန်ဘာသာပြန်အသစ် များကို လူထုပရိသတ်ဆီသယ်ဆောင်ပေးလာဦးမယ်လို့ မြှော်လင့်ပါတယ်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-