Wednesday, June 13, 2012

အာရေဗျဈေးကွက်အတွက် Facebook ပေါ်မှာ အင်ရှာအလ္လာဟ်ခလုတ်ကလေးများ တပ်ဆင်



Facebook က သူတို့ရဲ့ဆိုရှယ်မီဒီယာဆိုဒ်ကို ပြောင်းလဲမှုအများအပြားပြုလုပ်သွားမယ်လို့ ဆိုထားတဲ့ အတိုင်း ဒူဘိုင်းမှာ ရုံးခွဲဖွင့်ပြီးတဲ့နောက် အာရပ်ဈေးကွက်နဲ့သင့်တော်မယ့် ပထမဆုံးအပြောင်းအလဲကို ဆောင်ရွက်ခဲ့ပါတယ်။ နောက်တစ်ပတ်ကနေစပြီးတော့ အရှေ့အလယ်ပိုင်း နဲ့ မြောက်အာဖရိကမှာ ဖေ့စ်ဘွတ်သုံးစွဲနေကြသူများအတွက် အခမ်းအနားဖိတ်ကြားချက်ကလေးတွေ ကို တုန့်ပြန်ရာမှာ "အင်ရှာအလ္လာဟ်" ဆိုတဲ့ တုန့်ပြန်မှုမျိုးကို "Join, Maybe, Decline" တို့နဲ့အတူ ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။


ဖေ့စ်ဘွတ်ရဲ့ အာရေဗျဒေသဆိုင်ရာ မန်နေဂျာတစ်ဦးဖြစ်တဲ့ မာဂျစ်ဂျော်ဆင်က "ဒါကတော့ ဒေသတ ဝှမ်းမှာ ရှိနေတဲ့ စူးစမ်းလေ့လာရေးအုပ်စုများကြောင့် ဖြစ်ပေါ်လာတဲ့ရလဒ်ကလေးပါ။ အင်ရှာအလ္လာဟ် ခလုတ်ကလေးကို တော်တော်ကြာကြာကပဲ ထင်ထင်ပေါ်ပေါ်တောင်းဆိုခဲ့ကြတာပါ။" ဟု ပြောကြားခဲ့ သည်။

ပင်လယ်ကွေ့ဒေသအတွက် ပလက်တီနမ်အပြောင်းအလဲအစီအစဉ်ကိုလည်း ဖေ့စ်ဘွတ်အာရေဗီးယား က ကြေငြာခဲ့ပါတယ်။

"ကျနော်တို့ရဲ့ အထူးလေ့လာမှုအုပ်စုထဲမှာ ဒါကကြီးမားတဲ့အောင်မြင်မှုပါ။ ဖေ့စ်ဘွတ်ပလက်တီနမ် မှာတော့ ဆိုရှယ်မီဒီယာကို တစိုက်မတ်မတ်သုံးစွဲသူများအတွက် ပရီမီယံရွေးချယ်မှုတွေပါရှိပါလိမ့်မယ်။ အဲဒီမှာ မှတ်ပုံတင်ကြေး၊ အကောင်းဆုံးပြောဆိုသူ၏ဝေါလ်၊ ၂၄ နာရီ စောင့်ကြည့်ပြီး status message တင်နိုင်သူစတဲ့ ကြယ်ငါးပွင့်ဝန်ဆောင်မှုမျိုးတွေ ပါဝင်ပါလိမ့်မယ်။ တစ်ကြိမ်မှာ အသုံးပြုသူအယောက် ၅၀ အတွက် နေရာလပ်တွေကို ဖန်တီးထားပါသေးတယ်။" ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။

ဖေ့စ်ဘွတ်ပလက်တီနမ်ကို လာမည့်နိုဝင်ဘာတွင် လွှင့်တင်မည်ဖြစ်သည်။

ဒီပေ့ခ်ျမှာ လေ့လာနိုင်ကြပါတယ်။

အင်္ဂလန်နိုင်ငံ၊ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၊ သာသနာရေးတက္ကသိုလ်၏ ပထမဦးဆုံးသော ဘွဲ့နှင်းသဘင်


ဇွန်လ ၉ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၊ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၊ သာသနာရေးတက္ကသိုလ်၏ ပထမဦးဆုံးသော ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပခဲ့သည်။ ယင်းကို အင်္ဂလန် အရှေ့ တောင်ဘက် ဆာရေးဒေသရှိ ဟိုင်ဇလ်မီးယားမြို့တွင်တည်ရှိသော အဆောက်အဦသစ်တွင် ကျင်းပခဲ့ ခြင်းဖြစ်သည်။ အခမ်းအနားကို အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ ဝိညာဉ်ရေးရာ ခေါင်းဆောင် ပဉ္စမမြောက် ခလီဖတွလ်မဆီဟ်က ဦးဆောင်ခဲ့သည်။

ဘွဲ့နှင်းသဘင်တွင် အောင်မြင်သူ ၂၃ ဦးအား ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်၊ ပဉ္စမမြောက် ခလီဖတွလ်မဆီဟ်သခင်က ရှာဟီဒ်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထိုဘွဲ့ရသူများမှာ အဟ်မဒီယာ မွတ်စလင်မ်အဖွဲ့၏ တရားဝင်သာသနာပြုများအဖြစ် စာရင်းပေးသွင်းကာ သာသနာ့တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် ခလီဖာသခင်ကြီးက အမြော်အမြင်နှင့်ပြည့်စုံလှသည့် မိန့်ခွန်းကို မိန့်ချွေတော်မူကာ ဘွဲ့ရ သာသနာပြုများကို ၎င်းတို့၏များပြားလှသောတာဝန်၀တ္တရားများအကြောင်း သတိပေးပြောကြားခဲ့ သည်။ သခင်ကြီးက ဘွဲ့ရများအား သူတို့အနေဖြင့် ဥရောပတွင်တည်သော ဂျာမေအာ(သာသနာ့တ က္ကသိုလ်)မှ ပထမဆုံးဘွဲ့ရကျောင်းသားများဖြစ်သည့်အားလျော်စွာ နောင်မျိုးဆက်ကျောင်းသားများ၊ ဘွဲ့ရသာသနာပြုများအတွက် စံပြသရုပ်များဖြစ်နေရန်လိုကြောင်း ပြောကြားတော်မူခဲ့သည်။

သခင်ကြီးက "အသင်တို့အနေနဲ့ အမြဲမှတ်သားထားရမှာက အဟ်မဒီသာသနာပြုတစ်ဦးရဲ့ အပြုအမူနဲ့ လုပ်ကိုင်ဆောင်ရွက်မှုများဆီကနေ အခြားသူများကို အကူအညီဖြစ်စေရမယ်၊ အကျိုးကျေးဇူးရယူနိုင်စေရမယ် ဆိုတာပါပဲ။" ဟု မိန့်ကြားတော်မူခဲ့သည်။

သခင်ကြီးက ဘွဲ့ရကျောင်းသားများအနေဖြင့် ယခုဘွဲ့ရမှုမှာ သာသနာ့ပညာရေး၌ ပြီးပြည့်စုံမှုတစ်ခုမ ဟုတ်သေးကြောင်း၊ အမှန်တကယ်တွင်မူ ၎င်းတို့၏ပညာရေးမှာယခုအချိန်မှ စတင်မည်ဖြစ်ကြောင်း သတိပေးပြောကြားတော်မူခဲ့သည်။

သခင်ကြီးက ဘွဲ့ရများအနေဖြင့် အမှန်တကယ်အောင်မြင်ရန်နည်းလမ်းမှာ အလ္လာဟ်အရှင်မြတ်ထံ တော်ပါး၌ မိမိတို့ကိုယ်ကိုတွယ်ကပ်နေခြင်းဖြင့်သာ ဖြစ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့စိတ်အတွင်း အဇ္ဈတ္တကို ကျိုးနွံခြင်းအတိပြီးစေဖို့ လိုအပ်ကြောင်း မိန့်ကြားတော်မူသည်။

သခင်ကြီးမိန့်တော်မူသည်မှာ - " ဘယ်ကိစ္စမှာမဆို အသင်တို့အနေနဲ့ အပြီးပြည့်စုံဆုံးသော သူများ အဖြစ်မထင်မှတ်ကြပါနဲ့။ မိမိတို့ကိုယ်ကို အဆင့်မြင့်ပညာတတ်ကျွမ်းတယ်ဆိုပြီးလည်း မသုံးသပ်ကြ ပါနဲ့။ ကမ္ဘာ့သမိုင်းမှာတော့ အပြီးပြည့်စုံဆုံးသော လူသားဆိုတာ တစ်ဦးတစ်ယောက်တည်းသာရှိပြီး ထိုသူကတော့ တမန်တော်မြတ်မဟာ မုဟမ္မဒ်(ဆွ)ပဲဖြစ်ပါတယ်။ သခင်ကြီး(ဆွ)၏ ဥပမာကိုသာ အသင်တို့အနေနဲ့ စံထားအတုယူလိုက်နာရပါမယ်။ "


သခင်ကြီးက ဘွဲ့ရကျောင်းသားများ၏ အနာဂတ်တာဝန်ဝတ္တရားများအကြောင်းကို ဆွေးနွေးရာ၌ ၎င်းတို့၏မှန်ကန်သောရည်ရွယ်ချက်မှာ ဘ၀တစ်လျောက်လုံး အစ္စလာမ်သာသနာကို အလုပ်အကျွေး ပြုရန်ဖြစ်ကြောင်း၊ ထိုသည်ကို အမြဲသတိရနေဖို့လိုအပ်ကြောင်း မှာကြားတော်မူ သည်။

ဥရောပတွင် ဘွဲ့ရခဲ့၍လည်း ဘွဲ့ရများအနေဖြင့် အနောက်နိုင်ငံရှိ လူသားများနှင့် လွတ်လပ်ပွင့် လင်းစွာ ဆက်သွယ်ဆောင်ရွက်နိုင်သလို ဒေသဆိုင်ရာဘာသာစကားများနှင့် ယဉ်ကျေးမှုများကို လည်း နားလည်သဘောပေါက်ခွင့်ရခဲ့ကြောင်း ပြောကြားတော်မူသည်။

သခင်ကြီးက အဟ်မဒီသာသနာပြုတိုင်းမှာ ခေတ်အခါ၏ ခေလာဖသ်ကိုယ်စားလှယ်များ ဖြစ်ခြင်း ကြောင့် မိမိတို့၏စိတ်ပိုင်းဆိုင်ရာတွင် စံပြသရုပ်များဖြစ်နေရမည့်အကြောင်းလည်း သတိပေး ဆုံးမ တော်မူခဲ့သည်။

သခင်ကြီးက

"ကျွန်တော်တို့ အဖွဲ့ရဲ့ သာသနာပြုများကို အဖွဲ့ဝင်များအားလုံးက လေးစားလိုက်နာမှုရှိကြကြောင်း၊ ထိုသည်ကို ယခုဘွဲ့ရကျောင်းသားများ သိရှိလာလိမ့်မည်ဖြစ်ကြောင်း၊ သို့သော် အသင်တို့အနေဖြင့် မှတ်သားရမည်မှာ ထိုလေးစားလိုက်နာမှုများမှာ ပုဂ္ဂလအောင်မြင်မှုများကြောင့်မဟုတ် ဆိုသည် ပင်ဖြစ်ကြောင်း၊ ထိုသည်မှာ အဟ်မဒီများက မဆီဟ်သခင်ကြီး (အ) နှင့် သခင်ကြီး၏အသင်း အဖွဲ့အပေါ် ထားရှိသည့် ချစ်ကြည်မြတ်နိုးစိတ်ကြောင့်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အသင်တို့ရရှိသော လေးစားမှုများနှင့် အသိအမှတ်ပြုမှုများမှာ မဆီဟ်သခင်ကြီး(အ)၏ ကောင်းချီးမင်္ဂလာတော်ကြောင့် ပင်ဖြစ်ကြောင်း" မိန့်ကြားတော်မူခဲ့သည်။

source:http://goo.gl/3LvhM

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-